အနက်ရောင်မှန် ရဲ့ ဆန်းကျယ်မူ
Vol. 28 Ch. 414
ဆန်နီ မြေပြင်ပေါ်ကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်လိုက်တယ်။
'ဘာဖြစ်သွားတာလဲ..'
အခိုက်အတန့်က ဘာလို့ဒီအရာကို တက်ရောက်မူအဆင့် ပုံရိပ်ထင်ဟပ်ခြင်းလို့ ပြောသွားတာလဲ။ပြီးတော့ ကျရှုံးမးအဆင့် ဖြစ်ရမယ့်အစား တက်ရောက်မူ အဆင့်ဖြစ်နေတာလဲ..။
အိပ်မက်ဆိုးသားရဲတစ်ကောင်..ဘယ်လိုလုပ် တက်ရောက်မူအဆင့် ဖြစ်နိုင်မှာလဲ။
သူ မျက်မှောင်ကျုတ်လိုက်ပြီး..
'...ဒါက အိပ်မက်ဆိုးသားရဲ မဟုတ်ဘူးလား..။ဘယ်လိုဖြစ်နိုင်မှာလဲ...'
ပုံရိပ်က ကျိန်းသေပေါက် လူတော့မဟုတ်ပါဘူး..။ဒီတော့ အိပ်မက်ကမ္ဘာရဲ့သက်ရှိတွေထဲက တစ်ခုမဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ..။
ပြီးတော့ နောက်တစ်ခု ရှိနေပါသေးတယ်။
အခိုက်အတန့်က သူ့ရဲ့အရိပ်သန်မာလာခဲ့ပါပြီလို့ မပြောခဲ့ပေ။
ဟူတ်တယ်မလား..
သေချာစေဖို့အတွက် ဆန်နီက သူ့ရဲ့ အရိပ်အပိုင်းအစ အရေအတွက်ကိူ စစ်ဆေးကြည့်လိုက်တယ်။သူထင်ထားသလိုပဲ ဒါက မပြောင်းလဲခဲ့ပါဘူး။သူ ဝိဥာဥ်ပင်လယ်ထဲအထိပါ ဝင်ရောက်ပြီး ကြည့်ရူခဲ့ပေမယ့်..အရိပ်တွေကြားထဲမှာ အရိပ်အသစ်ရောက်နေတာမျိုး မရှိခဲ့ပေ။
'ဒါက အတော်..အတော်လေး ထူးဆန်းတယ်..'
သူ ဘယ်လို အကောင်မျိုးကို သတ်လိုက်မိတာလဲ။
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..ပုံရိပ်ချန်ထားရစ်ခဲ့တဲ့ မှန် အပိုင်းအစလေးကို ကောက်ယူလိုက်ပါတယ်။သူ ဘယ်လိုပဲကြည့်ကြည့် ဒီအရာလေးက သာမန် ဖန်အပိုင်းအစလေးပါပဲ။သူ့ရဲ့တစ်ခြားတစ်ဖက်မှာတောါ ငွေရောင်ဆေးအလွှာကို သုတ်ထားခဲ့ပါတယ်။ဒီအရာရဲ့ထူးဆန်းတဲ့တစ်ခုတည်းသောအရာက ဆန်နီ ဘယ်လောက်ပဲ လှည့်ကြည့်ပါစေ..ဒါက..မထိုးဖောက်နိုင်တဲ့အမှောင်ထုကလွဲပြီး တစ်ခြားဘာကိုမှ အလင်းမပြန်ပေးနိုင်ပါဘူး။
သူ့ရဲ့တစ်ဖက်မှာတော့ ထွင်းထုထားတဲ့ စာသားတွေ ရှိနေခဲ့တယ်။
ဒီထွင်းထုထားတဲ့ စာသားတွေက..ရူးနစ် ဘာသာစကားနဲ့ ရေးသားထားတာမဟူတ်ပဲ ရင်းနှီးတဲ့လူသား ဘာသာစကားနဲ့ ရေးသားထားတာကို မြင်တဲ့အချိန်မှာ ဆန်နီ မျက်မှောင်ကျူတ်လိုက်တယ်။ဒီအရာက ကလေးတစ်ယောက်က ရေးသားထားသလို ရှုပ်ယှက်ခတ်နေခဲ့ပါတယ်။
မှန် အပိုင်းအစရဲ့ အပေါ်မှာတော့ စကားလုံးတစ်ခုတည်းကိုသာ ရေးသားထားခဲ့တယ်။
"အချစ်ဆုံး သူငယ်ချင်း "
'..သောက်ကျိုးနဲ ဒါကဘာကို ပြောချင်တာလဲ '
မှန်သားရဲရဲ့ဆန်းကျယ်မူက အရမ်းထူးဆန်းတာကြောင့်..ဆန်နီဟာ သူ့ကိုယ်ထဲကနေလာတဲ့ နာကျင်မူကိုတောင် မေ့ပျောက်သွားခဲ့ပါတယ်။
နောက်ဆုံးတော့ သူ တီးတိုးရေရွတ်လိုက်တယိ။
"ထပ်တူညီမူတစ်ခုလား.."
ထပ်တူညီမူတွေက ဝိဥာဥ်တွေမပိူင်ဆိုင်ထားကြတာကြောင့်..ဒီလိုတစ်ကောင်ကို သတ်တာက..မှန်သားရဲကို သတ်လိုက်သလိူမျိုး အရိပ်အပိူင်းအစကို မရနိုင်ပေ။
သို့ပေမယ့် ပုံရိပ်က သိသာစွာပဲ ထပ်တူညီမူတစ်ခု မဟုတ်ပါဘူး။ဒီအရာက အရမ်းကို လွတ်လပ်ပြီး ခံစားနိုင်စွမ်းတွေရှိကာ..အိပ်မက်ဆိုးသားရဲကို ရိုးရှင်းစွာပုံတူကူးထားတာထက်ပိုတဲ့ ခြားနားမူတွေ ရှိနေပါတယ်။ဒီအရာက သခင်တစ်ယောက်အနားမှာမရှိပဲ မျှော်လင့်ခြင်းကျွန်းကို နှစ်တွေအများကြီး စိုးမိုးနေတာကိုတော့ ပြောနေစရာတောင် မလိုအပ်တော့ပါဘူး။
သို့ပေမယ့် ဒီကောငိနဲ့ ဆင်တူတဲ့အရာတစ်ခုတော့ ရှိပါတယ်။
ဆန်နီဟာ သူတော်စင်ရဲ့ ခန္တာကိုယ်ကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ သစ်ပင်အပိုင်းအစတွေကို နက်မှောင်စွာကြည့်လိုက်တယ်။.
မှန် သားရဲက တစ်စုံတစ်ယောက်ရဲ့ ကဏ္ဍစွမ်းရည်ကနေ ဖန်တီးထားတဲ့ ထပ်တူညီမူတစ်ခုလား..။ဒါဆိုရင် ဒီသတ္တဝါက အတော်လေးကို သန်မာတဲ့သူ ဖြစ်မှာပါ။ဒါဆိုရင် သူတို့ကဘယ်မှာလဲ..။သူတို့က ဘာဖြစ်သွားကြတာလဲ..ပြီးတော့..သူတို့ရဲ့ ဖန်တီးမူက ဘာလိူ့ ချိန်းကျွန်းစူပေါ်မှာ အထိမ်းအကွပ်မရှိပဲ လှည့်ပတ်သွားလာနေရတာလဲ..။
ဘာအဖြေမှ မရှိပေ။
ဘာပဲဖြစ်ဖြစ် ဒါက သီအိုရီတစ်ခုသာပါ။ဒီအချက်ကို သက်သေပြနိုင်တဲ့အထောက်အထား ဆန်နီဆီမှာ မရှိပါဘူး။
ဖြစ်နိုင်တာက..သူ့ရဲ့မှတ်သားမူအသစ်က သူ့ကို အဖြေပေးနိုင်လောက်ပါတယ်။
သူက ထုတ်ဖော်လိုက်ဖို့ လုပ်လိုက်ပေမယ့် ရုတ်တရက် ဖြစ်ပေါ်လာတဲ့ နာကျင်မူက သူ ဒဏ်ရာရနေတုန်းပဲ ဆိုတာကို သတိပေးလာခဲ့ပါတယ်။ညဥ်းညူမူ တစ်ခုနဲ့အတူပဲ..ဆန်နီ ပတ်ဝန်းကျင်ကိုကြည့်ပြီး အကာအကွယ်တစ်ခုကို ရှာဖွေလိုက်တယ်။
မှန်သားရဲနဲ့ တိုက်ခိုက်ပြီးတဲ့ နောက်မှာ သူက ဒဏ်ရာတွေကို ဂရုစိုက်ပြီး..အနားယူမှကိုဖြစ်တော့မှာပါ။မှတ်သားမူ အတွက်ကတော့..သူ သွေးတွေအရမ်းမထွက်တော့တဲ့ အချိန်အထိ စောင့်ခိုင်းထားလို့ ရပါတယ်။
ထူးဆန်းတဲ့ မှန်အပိုင်းအစကို ပိုးချည်သားနဲ့ သုတ်ပြီး သူ့ရဲ့ အိတ်ထဲကိုထည့်လိုက်တယ်။ဆန်နီဟာ သူ့ရဲ့ နောက်ဆုံးကျန်ရှိနေသေးတဲ့ အရိပ်အဆီအနှစ်တွေကို အသုံးပြုပြီး..အရိပ်ခြေလှမ်းကို သုံးလိုက်ကာ..ကျွန်းရဲ့ အလယ်ဗဟိုမှာ ရှိနေတဲ့ တောင်ကုန်းတစ်ခုမှာ ပေါ်လာခဲ့တယ်။သူ့ရဲ့အရိပ်က..တောင်ကုန်းပေါ်က ရေတံခွန်ရဲ့ နောက်ဖက်မှာရှိနေတဲ့ ဂူတစ်ခုကို သတိထားမိခဲ့တာပါ။
ရေတံခွန်ရဲ့ အနောက်ဘက်က ကျဥ်းမြောင်းတဲ့ကျောက်တုံးလမ်းတွေပေါ်မှာ လျောက်ရင်း..ဆန်နီဟာ ဂူထဲမှာ ဘာမှရှိမနေတာသေချာအောင် စစ်ဆေးပြီးကာမှ ..သူ့ရဲ့အထဲကို ဝင်သွားခဲ့ပါတယ်။
***
သူ့ရဲ့ တည်နေရာနဲ့ ပုန်းကွယ်နေတဲ့ သဘောသဘာဝကြောင့် ဂူက အရမ်းကြီးတော့ မကြီးပါဘူး။ကျွန်းပေါ်မှာ တစ်ခြာပိုကောင်းတဲ့နေရာကလည်း ရှိမနေခဲ့ပေ။သူ့ရဲ့တွေ့ရှိမူကို ဝမ်းသာစွာပဲ ဆန်နီ ညဥ်းညူပြီး ..မြေကြီးပေါ်ကို ထိုင်ချလိုက်တယ်။
သူတော်စင်ကို အပြင်မှာ စောင့်ကြည့်ခိုင်းထားပြီး ရုပ်သေးဆရာရဲ့ ဝတ်ရုံတော်ကို ချွတ်ကာ သူ့ရဲ့ အိတ်ထဲက သေတ္တာလေးတစ်ခုကို ထုတ်ယူလိုက်ပါတယ်။ပြီးတာနဲ့ သေးငယ်တဲ့အပ်တစ်ချို့နဲ့ ပိုးချည်တွေကို ထုတ်ယူလိုက်တယ်။
အပ်တွေကို ခံစားချက်မဲ့စွာရပ်နေရင်း..ဆန်နီ သက်ပြင်းချလိုက်တယ်။
'ဒီအပိုင်းကိုတော့ ငါ မုန်းတယ်..'
နိုးထသူတစ်ယောက်ရဲ့ခန္တာကိုယ် နဲ့ ဝီဗာသွေးရဲ့ သဘာဝကြောင့်..သူက သာမန်လူတွေထက်ပိုပြီး ဒဏ်ရာတွေကနေ ပိုမြန်မြန် ပြန်ကောင်းလာနိုင်စွမ်းရှိပါတယ်။သို့ပေမယ့် သူ မနက်ဖြန်ဆက်ပြီး ခရီးထွက်ချင်တယ် ဆိုရင်တော့..ဂရုစိုက်မူတွေ ပြုလုပ်ဖို့ လိုမပ်ပါသေးတယ်။
နောက်တစ်ကြိမ်သက်ပြင်းချလိုက်ပြီး..သူ အပ်တွေထဲက တစ်ခုကိုကောက်ကိုင်လိုက်ကာ..အံကိုကြိတ်ထားပြီး..ကြီးမားစွာပြတ်တောက်နေတဲ့ အစွန်းတွေကို စတင်ချုပ်လိုက်ပါတယ်။ဒီဖြစ်စဥ်က သိပ်တော့ ကောင်းမွန် မနေခဲ့ပါဘူး။ဂူ အတွင်းမှာလည်း..လေးလံတဲ့ အသက်ရူသံတွေ..နဲ့ ကျိန်ဆဲတဲ့အသံတွေ အချိန်တစ်ချို့အထိ ကြားနေခဲ့ရတယ်။
နောက်ဆုံးတော့ ဆန်နီ ပြီးဆုံးသွားခဲ့တယ်။သူ့ရဲ့ ခြောက်ကပ်နေတဲ့ သွေးတွေကို အဆုံးမရှိတဲ့ စမ်းချောင်း အကူအညီနဲ့ ဆေးကြောပြီး ..ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။
အခုပဲ သူက ဂူရဲ့အနေအထားကို သေချာကြည့်ခွင့်ရလိုက်တာကြောင့်..ဒီနေရာကို အရင်တုန်းက တစ်ခြားလူသားတစ်ယောက်က လာရောက်နေထိုင်ခဲ့ဖူးတယ်ဆိုတာ သိလိုက်ရတယ်။ဒီနေရာမှာ မီးမွှေးဖို့အတွက်ကျောက်တုံးဝိုင်းတစ်ခုရှိနေခဲ့ပြီး..သူ့ရဲ့ဘေးနားမှာ သစ်သားတွေကို တန်းစီထားခဲ့တယ်။အခုချိန်မှာတော့ သစ်သားတွေက ဆွေးမြေ့နေကြပြီး..ဒီဂူထဲကို ဘယ်သူမှ မလာကြတာ နှစ်ပေါင်းများစွာရှိပြီဆိုတာကို ဆန်နီကို သတိပေးနေခဲ့ပါတယ်။
မီးဖိုရဲ့အနီးနားမှာတော့ သူ့ရဲ့ ကျောပိုးအိတ်နဲ့ဆင်တူတဲ့ အိတ်တစ်လုံးကို တွေ့လိုက်ရတယ်။သူ ရှေ့ကို ထော့နင့်ထော့နင့် နဲ့ လျောက်သွားပြီး အတွင်းထဲကို ကြည့်လိုက်တယ်။
အထဲမှာတော့ ဘာမှစိတ်ဝင်စားစရာ ရှိမနေခဲ့ပဲ..နိူးထသူတွေ စွန့်စားခန်းဖွင့်တဲ့အချိန်မှာ ယူဆောင်တတ်တဲ့အရာတွေချည်းပါပဲ။ဒီထဲက ပစ္စည်းအများစုက ဂူရဲ့အတွင်းထဲက စိုထိုင်းမူနဲ့ အချိန်ရဲ့တိုက်စားမူကြောင့် ပျက်ဆီးနေကြပါပြီ။သို့ပေမယ့် သူက မြေပုံလိပ်တစ်ခုကို တွေ့ပြီး အတော်ကြာအောင် လေ့လာကြည့်လိုက်တယ်။
မြေပုံကို မွန်းစတားရဲ့အရည်ပြားနဲ့ပြုလုပ်ထားတာကြောင့်..စိုထိုင်းတဲ့လေထုက တိုက်စားထားခဲ့ပါတယ်။အများစုက ဖတ်လို့တောင်မရနိုင်ပဲ..အစိတ်အပိုင်းအနည်းငယ်ကိုသာ တွေ့နေခဲ့ရတယ်။ဒီအရာကို ချန်ထားခဲ့တဲ့လူက ချိန်းကျွန်းစုအကြောင်းကို သူ့ထက်ပိုပြီး သိလိမ့်မယ်လို့ ဆန်နီ ကောက်ချက်ချလိုက်တယ်။ဝမ်းနည်းဖို့ကောင်းတာက ဒိီအသိပညာတွေကို ချန်ထားခဲ့နိုင်မှာ မဟုတ်တော့ပါဘူး။
ဖတ်လို့ရတဲ့တစ်ခုတည်းသော လွယ်ကူတဲ့စကားလုံးက စုတ်ပြဲနေတဲ့ အစွန်းရဲ့အနားမှာ ရေးထားတဲ့ အရာပါ။
"..မျှော်လင့်ချက်လား.."
ဆန်နီ သပ်ပြင်းချလိုက်တယ်။
သူကြည့်နေတဲ့ မြေပုံရဲ့ပိုင်ရှင်ကလည်း မှန်သားရဲ ရဲ့သတ်ဖြတ်တာကို ခံလိုက်ရတဲ့ပုံပါပဲ။ခနလောက်ဖြစ်ဖြစ် ဒီမြေပုံက မှန်သားရဲကို ဖန်တီးခဲ့တဲ့လူချန်ထားခဲ့တဲ့ အရာဖြစ်နိုင်မလားလို့ တွေ့ကြည့်လိုက်မိပေမယ့်..ဒါက အဓိပ္ပါယ်သိပ်မရှိလှပါဘူး။ဒီလောက်သန်မာတဲ့ အရာက ဘာလို့ သူ့ပစ္စည်းတွေရော ၊ သူ့ရဲ့ဖန်တီးမူကိုရော ချန်ထားခဲ့မှာလဲ။
ဆန်နီဟာ မြေပုံကို ဆွေးမြေ့နေတဲ့ အိတ်ထဲကို ပြန်ထည့်ထားလိုက်ပြီး..မီးဖိုကို အချိန်အတော်ကြာအောင်စိုက်ကြည့်နေပြီးကာမှ ပြောလိုက်တယ်။
"မင်းဘယ်သူပဲဖြစ်ဖြစ်..မင်းရဲ့မျှော်လင့်ချက်တွေ အလဟသ ဖြစ်သွားတဲ့အတွက် စိတ်မကောင်းပါဘူး..။အခုတော့ မင်းရဲ့အိပ်မက်ဆိုးက အဆုံးသတ်သွားပါပြီ..."
ဒီလိုပြောပြီးတာနဲ့ သူက ခနလောက်တွေဝေနေခဲ့ပြီး နောက်ဆုံးမှာ..အချက်အလက်ဇယားကို ထုတ်ဖော်လိုက်တယ်။
အခုတော့ အခိုက်အတန့်က မှန် သားရဲလို့ ခေါ်တဲ့ ၊ ကြောက်မက်ဖွယ်သားရဲကို သတ်ပြီး ရရှိထားခဲ့တဲ့ မှတ်သားမူကို ကြည့်ဖို့အချိန်ပါပဲ။
စက္ကန့်အနည်းငယ် အကြာမှာတော့ ဆန်နီ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပါပြီ။
'လက်နက်...ဒါက လက်နက်တစ်ခုပဲ..'