ရက်စက်တဲ့ မြင်ကွင်း
Vol. 28 Ch. 415
ဆန်နီ တောက်ပနေတဲ့ အချက်အလက်တွေကို စိုက်ကြည့်လိုက်ပြီး..စိတ်လှုပ်ရှားမူကြောင့် နှလုံးခုန်သံတွေ မြန်ဆန်လာခဲ့တယ်။
ဒါက သူစောင့်ဆိုင်းနေတဲ့ အရာပါပဲ။
မှတ်သားမူ : [ ရက်စက်တဲ့မြင်ကွင်း ]
မှတ်သားမူ အဆင့် : [ တက်ရောက်မူ ]
မှတ်သားမူ သတ်မှတ်ချက် : lV
မှတ်သားမူ အမျိုးအစား : လက်နက်
'လက်နက်တစ်ခု...'
ဆန်နီ အနေနဲ့ လက်နက်အသစ်ကိုရှာဖွေနေတာ အတော်လေးကို ကြာနေပါပြီ။မေ့ပျောက်ကုန်းမြေကနေ ထွက်လာခဲ့တဲ့အချိန်အထိ အတူတူတိုက်ခိုက်ပြီး ၊ သူ့ဘဝအမှောင်ဆုံးအချိန်တွေမှာ အတူရှိနေပေးခဲ့တဲ့ သန်းခေါင်ယံအမြုတေကိုလည်း သူ နှစ်သက်ပါတယ်။ဒါက အရမ်းကိုအားကောင်းတဲ့ မှတ်သားမူတစ်ခုဖြစ်ပြီး..သူ့ရဲ့ တိုးမြှင့်မူတွေကလည်း..သူ့ဘဝရဲ့ အခြေအနေတွေ အများကြီးကို ကယ်တင်ပေးထားပါသေးတယ်။
သို့ပေမယ့်..ဆန်နီက..သူက ဒီဓားထက် သာလွန်သွားပြီလို့ ခံစားနေရပါတယ်။ဒါမှမဟုတ်..ဒီနေ့သူတွေ့နေတဲ့ သားရဲတွေက ပိုပြီး သန်မာနေခဲ့ကြတာပါ။
ချိန်းကျွန်းစုပေါ်မှာရှိတဲ့ အိပ်မက်ဆိုးသားရဲ အများစုက နိုးထမူအဆင့်တွေဖြစ်ပြီး သူတိူ့ရဲ့ အကာအကွယ်တွေက..နိုးထမူအဆင့် ဓားတွေရဲ့ထက်ရှမူကိူတောင် ခံနိုင်ရည်ရှိကြပါတယ်။ဆန်နီ ကြိုးစားပြီး ရှောင်တိမ်းနေရတဲ့ ပျက်ပြားခြင်းအဆင့် သားရဲတွေဆိုရင် ပြောနေစရာတောင် မလိုအပ်တော့ပါဘူး။သို့ပေမယ့် တစ်နေ့ကျရင်တော့ သူတို့ကျိန်းသေရင်ဆိုင်ကြုံတွေ့ရမှာပါ။
သူ ဒီလက်နက်ကို တစ်ခြားလက်နက်တစ်ခုနဲ့ အစားထိုးချင်တဲ့ ရည်ရွယ်ချက်တစ်ခုကတော့..သူ့ရဲ့ [မကျိုးပျက်နိုင်မူ ] ဆိုတဲ့ တိုးမြှင့်မူကြောင့်ပါ။ဒါက အရမ်းကို ကောင်းမွန်ပြီးအသုံးဝင်တယ်ဆိုပေမယ့်..ဒီအရာက ရှားပါးလှတဲ့ အခြေအနေတွေဖြစ်တဲ့ သူ သေခါနီးအခြေအနေမှာပဲ အသက်ဝင်နိုင်မှာပါ။ဒါက ဒီလက်နက်က ဆန်နီ ဆိုးဝါးတဲ့အမှားကြီးတွေကို ပြုလုပ်တဲ့ အချိန်မှာပဲအသုံးဝင်တယ်လို့ ဆိုလိုတာပါပဲ။
သို့ပေမယ့် ဆန်နီက ကျွမ်းကျင်မူတွေ အသာစီးရမူတွေနဲ့ တိုက်ခိုက်မယ်ဆိုရင်တော့..တိုးမြှင့်မူက အသက်မဝင်ပဲ ဖြစ်နေတော့မှာပါ။ဒါက ပြီးခဲ့တဲ့ လတွေ အတွင်းဆန်နီ ဖြစ်နေခဲ့တဲ့အရာပါပဲ။အံ့ဩစရာကောင်းတာက..ဆန်နီ ပိုပြီးကောင်းကောင်းမွန်မွန် တိုက်ခိုက်လေလေ..သန်းခေါင်ယံ အမြုတေက အသုံးမဝင်ဖြစ်လာလေလေပါ။
နောက်ဆုံးအားထုတ်မူအဖြစ်ရှိထားတာက ကောင်းမွန်တဲ့အရာဆိုပေမယ့်..ဆန်နီကတော့ သူ ကျရှုံးမှ သက်ရောက်မူရှိလာတဲ့..လက်နက်မျိုးကိူ သဘောမကျပေ။သူက အောင်မြင်မူတွေရယူနိုင်အောင် ကူညီပေးနိုင်တဲ့ ရယူပိုင်ဆိုင်ချင်စိတ်ရှိတာပါ။
ဒီတစ်ခုက ဒီလို လက်နက်မျိုးဖြစ်မယ်လို့ မျှော်လင့်ရတာပဲ။ဒါက ဆန်နီကျရှုံးမူအဆင့် သားရဲတွေကိုသတ်ပြီး ရတဲ့အထဲမှာ..ဒီတစ်ခုက တက်ရောက်မူအဆင့် သတ်မှတ်ချက် ၄ မှတ်သားမူတစ်ခုပါပဲ။ဒါက ကောင်းမွန်တဲ့ အစပျိုးမူဖြစ်နေပါပြီ။
သူ့ရဲ့ လက်ရှိမှာ အင်အားကောင်းတဲ့ လက်နက်ကတော့..သန်းခေါင်းယံအမြုတေ ဖြစ်ပြီး ဒါကို ကျရှုံးမူအဆင့် သားရဲ ဆီကနေ ရရှိခဲ့တာပါ။
ဆန်နီ သူ့ရဲ့မျှော်လင့်ချက်တွေကို ထိန်းထားပြီး တည်ငြိမ်စွာ..ဆက်ဖတ်လိုက်တယ်။
မှတ်သားမူ ဖော်ပြချက် : [ ဂုဏ်ယူစရာတွေအပြည့်နဲ့ ခမ်းနားတဲ့ စစ်သည်တစ်ယောက်က အိပ်မက်မွေးဖွားမူ နဲ့ အပေးအယူတစ်ခုလုပ်ခဲ့သည်။နှစ်တွေကြာပြီးနောက်မှာတော့ စစ်သည်တော်က ရန်သူအားလုံးကို အောင်နိုင်ပြီး..ဘုရင်တစ်ပါးဖြစ်လာခဲ့သည်။သူက ကလေးတွေနဲ့အတူဘုရင့်နိုင်ငံကနေ ထွက်ခွားသွားခဲ့ပြီး ဘယ်တော့မှ ထပ်မတွေ့ရတော့ပေ။အတော်ကြာပြီးနောက်တွင်တော့..ငယ်ရွယ်တဲ့မင်းသားလေးက ပြန်ရောက်လာခဲ့ပြီး ဖခင်၏ထီးနန်းအောက်တွင် ရပ်နေခဲ့၏။သူက ပျော်ရွှင်မူ ၊ နွေးထွေးမူတွေနဲ့ တွေ့နိုင်မည်ဟု မျှော်လင့်ထားခဲ့ပေမယ့်..အဲဒီအစား သံသယတွေ ၊ ကြောက်လန့်မူတွေနဲ့သာ တွေ့ခဲ့ရသည် ]
ဆန်နီ မျက်မှောင်ကျုတ်လိုက်တာ်။
'အာ..ဒါကရော ဘယ်လိုသောက်ကျိုးနဲကို ဆိုလိုတာလဲ...'
ဖော်ပြချက်မှာ ရေးထားတာက အိပ်မက်မွေးဖွားမူ တစ်ခု သို့မဟုတ် တစ်ယောက်လို့ ဖော်ပြထားပါတယ်။ဒါက နစ်ဖီ ပိုင်ဆိုင်ထားတဲ့ စွမ်းရည်တစ်ခူရဲ့နာမည်ဖြစ်ပြီး သူမက ဟောလိုးမိခင်တစ်ယောက်က မွေးဖွားခဲ့တာကြောင့် ဒီလိုအရာကို ရရှိထားခဲ့တာပါ။လူသားမျိုးနွယ်စုထဲမှာ ဒီလိုတူညီတဲ့ စွမ်းရည်နဲ့လူတွေ ရှိနေသေးတာလား..။ထူးဆန်းတဲ့ ဒဏ္ဍာရီ အရဆိုရင် သူတို့ကို အိပ်မက်ကမ္ဘာထဲမှာတောင် ကြောက်ရွံ့ခဲ့ကြတာလား..။
မဟုတ်ဘူး ဒါက အဓိပ္ပါယ်မရှိပေ။နစ်ဖီက ကမ္ဘာနှစ်ခုထဲမှာ မွေးဖွားတယ်လို့ ဖော်ပြခံထားရတာပါ။အိပ်မက်ကမ္ဘာထဲမှာ မူလနေထိုင်တဲ့လူတွေကရော
ဒီလို စွမ်းရည်တွေရှိခဲ့ကြတာပဲလား..။
'အရမ်း ထူးဆန်းတယ်..။နာမည်ကလည်း တိုက်ဆိုင်မူတစ်ခု ဖြစ်နေနိုင်တာပဲ..'
ဆန်နီ ပုခုံးတွန့်လိုက်ပြီး မှတ်သားမူတွေကို အာရုံစိုက်ထားလိုက်တယ်။
'မင်း ဘာလုပ်နိုင်လဲဆိုတာကို ပြောပါဦး..'
မှတ်သားမူ တိုးမြှင့်ချက် : [ ပုံသဏ္ဍာန်ပြောင်းလဲသူ ] [ အလင်းစားသုံးသူ ] [ သရဲဓား ] [ အနက်ရောင်မှန် ]
'လေးခုတောင်..'
သူ့မျက်လုံးတွေ တောက်ပသွားခဲ့တယ်။
[ ပုံသဏ္ဍာန်ပြောင်းလဲသူ ] တိုးမြှင့်မူ ဖော်ပြချက် :" ဒီလက်နက်က ဓားနှင့်လှံအတွင်း ကြိုက်နှစ်သစ်ရာကို ပြောင်းလဲနိုင်သည် "
ဆန်နီ ခနလောက်တွေဝေသွားပြီး အချက်အလက်တွေကနေ အကြည့်လွှဲကာ ရက်စက်တဲ့မြင်ကွင်းကို ထူတ်ဖော်လိုက်တယ်။ငါ သူ့ကို မြင်ရမှဖြစ်မယ်..
သူ့ လက်ထဲမှာ အလင်းအပျောက်အစက်လေးတွေ ပေါ်လာခဲ့ပြီး ခန့်ညားထည်ဝါတဲ့ ဓားတစ်ချောင်းပေါ်လာခဲ့တယ်။ဒီဓားက သန်းခေါင်းယံအမြုတေထက် ပိုတိုပြီး..ဓားသွားက ဆန်နီရဲ့ တံတောငိကနေ လက်ထိပ်အထိလောက်အောင် ရှည်ပါတယ်။ဓားကို ပေါ်လစ် ငွေထည်နဲ့သုပ်ထားကြပါတယိ။ပြီးတော့ ပြီးပြည့်စုံတဲ့ မှန်တစ်ချပ်လိုဖြစ်နေခဲ့တယိ။
ရက်စက်တဲ့မြင်ကွင်းက ပေါ့ပါးပြီး..လျင်မြန်လှပါတယ်။ဆန်နီ လေထဲကို အကြိမ်အနည်းငယ် ခုတ်လိုက်ပြီး..ပြုံးလိုကိတယ်။ဒီဓားက လက်တစ်ဖက်တည်း အသုံးပြုဖို့အတွက် အချိန်အများကြီး ကြာနိုင်သေးပေမယ့်..သူ သဘောကျပါတယ်။ဒါက သူ့လက်တွေ ဆန့်တန်းသလို ခံစားရစေပါတယ်။ဒါက လျိုဝှက်တိုက်ခိုက်မူတွေအတွက် သင့်တော်နေတာပါပဲ။
ဓားက နှစ်ဖက်သွားဓားဖြစ်ပြီး..သူ့ကို ပိုမိုလွတ်လပ်စ အသုံးပြရနိုင်စေပါတယ်။
ဒါပေမဲ့ ဒါတင် မဟုတ်သေးပါဘူး..။
သူ့ရဲ့ စိတ်ညွှန်ကြားမူနဲ့ ဓားရိုးက ရုတ်တရက် ရှည်ထွက်လာခဲ့တယ်။ခနကြာပြီးနောကိမှာတော့ ဆန်နီက ရှည်ပြီး ခမ်းနားတဲ့ လှံရှည်တစ်ချောင်းကို ကိုင်ထားခဲ့ပါပြီ။အနက်ရောင် လက်ကိုင်က ငွေရောင်ဓားသွားနဲ့လှပတဲ့ ပုံရိပ်ပေါ်ပေါက်နေခဲ့ပါတယ်။ဓားသွားရဲ့ အရှည်က ပုံမှန်အတိုင်းပဲ ရှိနေတာကြောင့် ဆန်နီက ထိုးသွင်းတိုက်ခိုက်တာတွေတင် မကပဲ..ပိုင်းဖြတ် ခုတ်ထစ်တာတွေပါ လုပ်နိုင်ပါတယ်။
သူက ထည်ဝါလှတဲ့ လှံရှည်ကိုကြည့်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ အမိန့်ပေးလိုက်တယ်။
ဒါက စိန်ခေါ်မူတစ်ခု ဖြစ်လာတော့မယ်။ဆန်နီက လက်ကိုင်ရှည်ပြီး ဓားသွားရှိတဲ့ ပိုးအန်း လက်နက်တွေကို တကယ်ကျွမ်းကျင်မူ မရှိပေမယ့်..စစ်မှန်တဲ့ မာစတာတစ်ယောက်ရဲ့လက်ထဲမှာ ဒီလက်နက်က ဘယ်လောက်တောင် အန္တရာယ်များ ၊ မခန့်မှန်းနိုင်ပဲ ၊ သေစေနိုင်လဲဆိုတာကို သိနေခဲ့ပါတယ်။သူက အိပ်မက်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာ အကွာအဝေးတစ်ခု ထိန်းထားနိုင်ဖို့အမြဲတမ်း ဆန္ဒရှိခဲ့တာပါ။ဒီလက်နက်က ပေါ့ပါးတဲ့ ဓား နဲ့ ဖျက်ဆီးအားပြင်းတဲ့ လှံရှည်တွေကို အလွယ်တကူပြောင်းလဲနိုင်တဲ့ လှုပ်ရှားမူ နဲ့အကွာအဝေး ရဲ့ အကောင်းဆုံး ပေါင်းစပ်မူ တစ်ခုပါပဲ။
ဒါက သူ့ကို ကမ္ဘာနှစ်ခုလုံးရဲ့ အကောင်းဆုံးအရာကိုပေးလိုက်တာပါ။
သူ့ အပြုံးက ကြီးမားလာခဲ့တယ်။
"ပြီးပြည့်စုံတယ်..ဒါက ပြီးပြည့်စုံတယ်.."
ဒါက ဘာထပ်လုပ်နိုင်သေးလဲ..။
ဒီမှာနောက်ထပ် တိုးမြှင့်မူသုံးခုကျန်နေပါသေးတယ်။
[အလင်း စားသုံးသူ ] တိုးမြင့်မူ ဖော်ပြချက် : " လက်နက်ရဲ့ ဓားသွားက..အလင်းကို စုပ်ယူ ၊ တန်ပြန်ပြီး ဖယ်ထုတ်နိုင်သည် "
ဒါက အရိပ်တွေကို ထိန်းချုပ်ဖို့အသုံးဝင်သလို..အလားတူစွာပဲ..ပြိုင်ဘက်တွေကို မျက်စိကျိန်းအောင် လုပ်နိုင်ပါတယ်။
[ သရဲဓား ] တိုးမြင့်မူ ဖော်ပြချက် : " ဒီလက်နက်က ဝိဥာဥ် နှင့်ဆိုင်သည့် ပစ်မှတ်များကို ထိနိုင်သည် "
ဒါက အိပ်မက်ကမ္ဘာထဲက အန္တရာယ်များတဲ့ သတ္တဝါတွေကို တိုက်ခိုက်ဖို့အတွက် မယုံနိုင်စရာ စွမ်းရည်တစ်ခုပါပဲ။အဲဒီအရာတွေက ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မူတွေကို ခုခံကာကွယ်နိုင်ပါတယ်။
[ အနက်ရောင် မှန် ] တိုးမြှင့်မူ ဖော်ပြချက် : " ဒီလက်နက်ဖြင့် တိုက်ခိုက်မူတိုင်းကို ပြင်ထန်တဲ့ ထိခိုက်မူများဖြင့် တိုးမြင့်ပေးနိုင်သည်။ဒီလက်နက်ကို ကိုင်ဆောင်သူက ထိခိုက်ဒဏ်ရာရသည့် လက္ခဏာများဖြင့် အားဖြည့်နိုင်သည် ]
"လတ်တလော အားဖြည့်မူ : မရှိ "
'အမြဲတမ်း တိုးမြှင့်ပေးနိုင်တဲ့အရာတစ်ခု...ဒါက..'