← Chapters

တွဲလောင်းကျနေတဲ့ လူ

Vol. 28 Ch. 416

တွဲလောင်းကျနေတဲ့ လူ

Vol. 28 Ch. 416

ဆန်နီဟာ ဘာမှမရှိတဲ့နေရာကို အချိန်ကြာအောင်ကြည့်ပြီးတွေးတောနေခဲ့တယ်။

သူရဲ့လက်နက်အသစ်က တက်ရောက်မှူ အဆင့်လေး ဖြစ်တာကြောင့် သူရဲ့လက်နက်

တိုက်မှာ ရှိတဲ့ တစ်ခြားလက်နက်တွေထက် ပိုပြီးအဖိုးတန်ပါတယ်။

ဒါက သတ္တုအပြည့်အ၀နဲ့ ထက်ရှတဲ့ဓားတစ်လက်ဖြစ်တာကြောင့် ကျရှုံးမှု အဆင့်သားရဲတွေကို ဖြတ်တောက်ဖို့ဆိုတာ သူ့အတွက်တော့ ထောပတ်တစ်ခုကို လှီးဖြတ်ရသလို လွယ်ကူစေပါတယ်။

ကောင်းပြီလေ အဲ့လောက်ထိ အတိအကျတော့ မဟုတ်နိုင်ဘူးပေါ့။ ဒါပေမဲ့ အာ့လောက်နီးပါးပါပဲ။ ဒါ့အပြင် လှံတစ်ချောင်းပုံစံအဖြစ် ပြောင်းလဲနိုင်တဲ့အချက်နဲ့ ဓားတစ်ချောင်းပုံစံရဲ့ မယုံနိုင်စရာ လျှင်မြန်မှုတွေ ပါ၀◌င်ပါတယ်။

သိူ့ပေမယ့် ထပ်ပြီးရှိနေပါသေးတယ်။

.

ရက်စက်တဲ့အမြင်က သူ့ရဲ့ထိခိုက်မူတွေကနေတဆင့် စွမ်းရည်တိုးမြင့်မူကိုပါ လုပ်ဆောင်နိုင်ပါသေးတယ်။ဒါက ဆန်နီ ရန်သူကိုတိုက်ခိုက်တဲ့ တိုက်ခိုက်မူတစ်ခုစီတိုင်းက ပိုပြီး ကြောက်မက်ဖို့ကောင်းလာတော့ မယ်လို့ဆိုလိုတာပါ။ဒါတင်မကသေပါဘူး..တိုးမြင့်မူရဲ့ သဘောသဘာဝကိုလည်း ပြောင်းလဲနိုင်ပါသေးတယ်။တကယ်လို့ သူ့မှာသာ ပြင်ဆင်ချိန်ရှိမယ်ဆို ရင် သူက ရန်သူရဲ့အားနက်ချက်ကို သူ ထိခိုက်ခံရတဲ့ အရာကို မူတည်ပြီး ကြည်နိုင်ပါတယ်။

သူက တူညီတဲ့ ထိခိုက်မူကိုပဲ ခံယူထာဖို့ လိုအပ်တာပါ။

“အိုး “

ထိုက်တန်မူရှိတဲ့ အရာတိုင်းက ပေးဆပ်မူဆိုတာ ရှိစမြဲပဲ။

ဒါကို ပြောမှပဲ။

သူသက်ပြင်းချလိုက်ပြီး ရက်စက်တဲ့မြင်ကွင်းကို ထုတ်ဖော်လိုက်ကာ လက်ထဲမှာကိုင်ထားလိုက်တယ်။ယင်းနောက် သူက မတ်တတ်ထရပ်လိုက်ပြီး ဂူရဲ့ထွက်ပေါက်ဆီကို လျောက်သွားလိုက်ပါတယ်။

ရေတံခွန်က ကျဆင်းလာတဲ့ အသံတွေကျယ်လောင်လာတာနဲ့ အမျှ သူက ကိုယ်ကိုကို ပြင်ဆင်ထားလိုက်တယ်။

..စက္ကန့်ပိုင်းလောက် ကြာပြီးနောက်မှာတော့ ဆန်နီ ဟာ သူတော်စင် ရဲ့ အကာအကွယ်ထဲက စိတ်ဝိဥာဥ◌် တိုက်စားမူထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲ သူက အားနည်းပြီး နာကျင်နေခဲ့တယ်။သူ့ရဲ့ ဝိဥာဥ◌်အဆီအနှစ်တွေကို ဆိုးဝါးတဲ့ အားတစ်ခုက ဖျက်ဆီးပစ်နေသလိုပါပဲ။

“အား ချီးပဲ”

သူက ကျိုးပျက်ကျိန်စာရဲ့ သက်ရောက်မူကို ဘယ်လောက်ပဲ တိုက်ဖျက်ဖို့ကြိုးစားပါစေ..ဒါက အကြိမ်တိုင်းမှာ အတော်လေးကို ခံစားချက်မကောင်းစေတဲ့ အရာပါ။ကောင်းမွန်တဲ့ အချက်ကတော့ ဝိဥာဥ◌်တွေကလည်း ခန္တာကိုယ်တွေလို ပြန်ပြီးကုသနိုင်တာပါပဲ။သူက နတ်ဆိုး မှတ်သားမူကြောင့်အ များကြီး မထိခိုက်ထားသ၍ တစ်ရက် နှစ်ရက်အတွင်းမှာ ပြန်ပြီးကောင်းနိုင်ပါတယ်။

ဆန်နီ အံကိုကြိတ်ထားရင်း ရက်စက်တဲ့မြင်ကွင်း ရဲ့ အချက်အလက်တွေကို ဖော်ထုတ်လိုက်ကာ..အဆီအနှစ်တွေကို ဓားထဲကို ထည့်သွင်းပြီး ( အမှောင် မှန် ) တိုးမြှင့်မူ ကို အသက်သွင်းလိုက်တယ်။

သူ့ရဲ့မျက်နှာက ငွေရောင်ဓားပေါ်မှာ အလင်းပြန်လာခဲ့ပေမယ့် ဘာမှ ဖြစ်မလာခဲ့ပါဘူး။သိူ့ပေမယ့် ရက်စက်တဲ့မြင်ကွင်းကတော့ ပြောင်းလဲသွားပုံရပါတယ်။ဒါက မမြင်ရ ၊ အေးစက်ပြီး ၊ ထက်ရှတဲ့ အော်ရာတွေ ဝန်းရံထားသလိုပါပဲ။

ဆန်နီ ( အနက်ရောင် မှန် ) ရဲ့ ဖော်ပြချက်တွေကို ကြည့်လိုက်တယ်။

“လက်ရှိ ထည့်သွင်းမူ - စိတ်ဝိဥာဥ◌် “

သူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး နောက်ကိုဆုတ်ကာ ကျိုးပျက်ကျိန်စာ ဆီကနေ လွတ်မြောက်တဲ့နေရာကို ပြန်သွားလိုက်တယ်။သူ့ရဲ့ ဝိဥာဥ◌်ကို ဖြည်းဖြည်းချင်း တိုက်စားနေတဲ့ အားကလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။

သိူ့ပေမယ့် စာသားတွေကတော့ မပြောင်းလဲခဲ့ပေ။

ဆန်နီက တိုးမြင့်မူကို အသက်သွင်းဖို့အတွက် မှတ်သားမူကို အရိပ်အဆီအနှစ် အနည်းငယ်ထည့်သွင်းပြီး အသက်သွင်းဖို့ လိုအပ်ပေမယ့် သူရွေးချယ် ထားတဲ့ စွမ်းအားအမျိုးအစား ကတော့ မပြောင်းလဲပဲ ရှိနေပါလိမ့်မယ်။

သူ့ နှုတ်ခမ်းမှာ ရက်စက်တဲ့ အပြုံးတစ်ခုပေါ်လာခဲ့တယ်။

ဒီလိုနဲ့ပဲ ဆန်နီက အခုဆိုရင် စိတ်ဝိဥာဥ◌်ကို တိုက်ခိုက်နိုင်တဲ့ လက်နက်ကို ပိုင်ဆိုင်ထားခဲ့ပါပြီ။သူသိသမျှထဲမှာ ဒါက အရှားပါးဆုံးနဲ့ အရက်စက်ဆုံး တိုက်ခိုက်ရေး အမျိုးအစားပါပဲ။အရမ်းကို နည်းပါးလှတဲ့ လူတွေကပဲ ဒီအရာကို တောင့်ခံနိုင်ပါလိမ့်မယ်။

တစ်ရက်အတောအတွင်းမှာပဲ သူ့ရဲ့ စွမ်းရည်က အများကြီးတိုတက်လာခဲ့ပါပြီ။

ဆန်နီ ဓားကို သိမ်းလိုက်ပြီး ဂူထဲကို ပြန်ဝင်သွားခဲံတယ်။

“အခုတော့ ငါက တကယ်ပဲ မျှော်လင့်ခြင်း ပြယုဒ်ဖြစ်လာတဲ့ ပုံပဲ”

သူ့ရဲ့ သုန်မှုန်နေတဲ့ အရိပ်က ခနလောက်တွေဝေပြီး ခေါင်းကို ကုတ်လိုက်ပါတယ်။

တစ်ကြိမ်လောက်ဖြစ်ဖြစ် သူက ဘာမှ ပြောစရာမရှိတဲ့ပုံပါပဲ။

***

နှစ်ရက်ကြာပြီးနောက်မှာတော့ ဆန်နီက သင်္ဘောပျက်ကျွန်း နားကို နီးကပ်လာခဲ့တယ်။လတ်တလောမှာတော့ သူက အနီးအနားကကျွန်းတစ်ခုပေါ်မှာ ၊ ပြိုလဲကျနေတဲ့ ကျောက်တုံးတာဝါကြီးရဲ့ အရိပ်ထဲမှာ ရှိနေခဲ့တယ်။သူ့ရဲ့နောက်ဘက်မှာတော့ ပိုးကောင်ပုံစံ သားရဲတစ်ကောင်က မြေကြီးပေါ်မှာ လဲလျောင်းနေပြီး သူ့ရဲ့ခန္တာကိုယ်ကနေန အနက်ရောင်သွေးတွေ ထွက်နေခဲ့ပါတယ်။

ဒီအကောင်ရဲ့စားသုံးမူကို ခံရမှာကြောင့် ဆန်နီက အဆီအနှစ်အများကြီးကို အသုံးပြုပြီး အရိပ်ထဲမှာ ခုန်ကူးခဲ့ရတယ်။သူ့ရဲ့လှံနဲ့ ဘယ်လောက်ပဲတိုက်ခိုက်ပါစေ ဒီပိုးကောင်သားရဲကအဆုံးမရှိတဲ့ ဖြတ်လတ်မူတွေ ပါဝင်နေသလိုပါပဲ။ဒီသတ္တဝါရဲ့ အားနည်းချက်တွေက ဘယ်နားမှာ ရှိနေသလဲဆိုတာကို မသိတဲ့အချက်ကလည်း ဆန်နီအတွက်ပိုပြီး ဆိုးဝါးစေခဲ့ပါတယ်။

အဆုံမှာတော့ ဒီသားရဲက သူ့ရဲ့စိတ်ဝိဥာဥ◌်ကို အဆက်မပြတ်တိုက်ခိုက်ခံနေရတာ ကြောင့်သာ မခံနိုင်တော့ပဲ အရှုံးပေးသွားခဲ့ရတာပါ။အခုတော့ ဒီကောင်က သေသွားခဲ့ပါပြီ။

တစ်ချို့ရွံ့စရာ သားရဲတွေက ဒီသတ္တဝါရဲ့ အလောင်းကို မြေကြီးထဲကနေ ထွကိလာပြီး စားသုံးနေခဲ့တယ်။ဆန်နီကတော့ ဒါကို ဂရုမစိုက်ပါဘူး။သူက သတ္တဝါရဲ့ ခန္တာကိုယ်ထဲကနေ ဝိဥာဥ◌်အမြုတေကို ထုတ်ယူပြီးတဲ့ အပြင် သူ့ရဲ့ အသားကိုလည်း စားသုံးဖို့ စိတ်ကူးမရှိပေ။

ပြီးတော့ လက်ရှိအချိန်မှာ သူ့ရဲ့ အာရုံစိုက်မူက တစ်ခြားတစ်ခုခုမှာ ရှိနေပါတယ်။

သောက်ကျိုးနဲ.

သင်္ဘောပျက်ကျွန်းက လက်ရှိအချိန်မှာ တက်ရောက်တဲ့ အခြေအနေမှာ ရှိနေတာကြောင့် ကောင်းကင်အထက်မှာ အတော်လေး မြင့်နေခဲ့ပါပြီ။ရလာဒ်အနေနဲ့ ဆန်နီက သူ့ရဲ့ အောက်ဘက်ကို မြင်နေခဲ့ရတယ်။

သူ့ရဲံ့ အောက်ဘက်မှာတော့ အဆုံးမရှိတဲ့ အမှောင်ထုက ဖုံးလွှမ်းနေပြီး တစ်ခုခု ကြီးမား ကြောက်စရာကောင်းတဲ့ အရာက ရွေ့လျားနေခဲ့တယ်။အနက်ရောင်ဘက်ခြမ်းမှာ ရှိကြတဲ့ သတ္တဝါတွေက အားကောင်းပြီး အမြင်အာရုံထဲမှာ မရှိပေမယ့် အထူးသဖြင့် သူ့ရဲ့ အောက်ဘက်မှာ အသိုက်လုပ်ထားတဲ့ သတ္တဝါက အတော်လေးကို ကြောက်ဖို့ကောင်းနေခဲ့တယ်။

သိူ့ပေမယ့် ဒါကလည်း ဆန်နီ ကြည့်နေတဲ့အရာမဟုတ်ပါဘူး။

‘ငါကတော့ အဖြေရပြီလို့ ထင်တာပဲ’

အချိန်တွေကြာညောင်း လာခဲ့တဲ့ နောက်မှာ သင်္ဘောပျက်ကျွန်းကို ဆက်သွယ်ထားတဲ့ ချိန်းကြိုးတွေဟာ တစ်ချိန်က ကျိုးပျက်သွားခဲ့တယ်။အခုတော့ ဒါက အောက်ကို တွဲလောင်းကျနေခဲ့ပါတယ်။အဲဒီရဲ့အပေါ်မှာတော့ ကြီးမားတဲ့ အလောင်းကြီးတစ်ခု လေထဲမှာ လှုပ်ယမ်းနေခဲ့တယ်။

သတ္တ္ဝါကြီးက သတ္တုတွေနဲ့ ပြုလုပ်ထားတဲ့လူတစ်ယောက် နဲ့ ဆင်တူနေခဲ့ပါတယ်။ကောင်းကင်ချိန်းကြိုးက သူ့ရဲ့ခြေထောက်မှာ ရစ်ပတ်နေပြီး အကောင်ကြီးက တွဲလောင်းကျကာ မျက်နှာတွေပျက်ဆီးနေခဲ့တယ်။သူ့ရဲ့ကြီးမားတဲ့ ရင်ဘတ်ကြီးက ပြင်းထန်တဲ့အားတစ်ခုကြောင့် ပျက်ဆီးနေပြီး သူ့ရဲ့လက်တစ်ဖက်က ခန္တာကိုယ်ကနေ ပျောက်ဆုံးနေခဲ့တယ်။

သံသယဖြစ်စရာမလိုအပ်စွာပဲ ဒါက သံလက်ဝါးကျွန်းမှာရှိနေတဲ့ လက်ကြီး ရဲ့ပိုင်ရှင်ပါ။

ဒီကြောက်စရာမြင်ကွင်းကို ကြည့်ပြီး ဆန်နီ ကြက်သီးထသွားခဲ့တယ်။

‘ဒီလိုအရာကြီးကို ဘယ်သူသတ်နိုင်ခဲ့တာလဲ’

ဒါပေါ့ ဒါကို သိနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ခါတိုင်းလိုပဲ အဖြေတစ်ခုကို ရဖို့အတွက် ဆန်နီဆီမှာ ဒီအရာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ အများကြီးရောက်လာဦးမှာပါ။

ကြောက်ရွံ့စွာနဲ့ပဲ ဆန်နီက သူ့ရဲ့အကြည့်တွေကို တွဲလောင်းကျနေတဲ့ အလောင်းကြီး နဲ့ သူတို့ရဲ့ခေါင်းဆောင်ကို စားသုံးနေကြတဲ့ ပိုးကောင်အုပ်ရဲ့ ကြားထဲကို လွဲလိုက်ကာ အရိပ်တွေထဲမှာ ပုန်းအောင်းပြီး စောင့်ဆိုင်းနေခဲ့ပါတယ်။

မကြာခင်မှာပဲ ချိန်းကြိုးတွေရဲ့ အသံက သင်္ဘောပျက်ကျွန်း အောက်ကို ပြန်လည်ဆင်းသက်လာတော့ မယ်ဆိုတာကို အချက်ပြလာခဲ့တယ်။

ဆန်နီ အသိစိတ် ပြန်ဝင်လာခဲ့ပါတယ်။

‘အချိန်ရောက်ပြီ’

All Chapters