သင်္ဘောပျက်
Vol. 28 Ch. 417
သင်္ဘောပျက်ကျွန်းကို ဦးတည်ထားတဲ့ ချိန်းကြိက လေး ကီလိုမီတာလောက်ရှည်ပါတယ်။ဒါက ချိန်းကျွန်းစု ရဲ့ စံနှုန်းတွေနဲ့ နှိုင်းယှဥ်ရင်တော့ တိုတောင်းနေခဲ့တယ်။အရိပ်အဖြစ်ပြောင်းလိုက်မယ်ဆိုရင် ဆန်နီ အနေနဲ့ သွားချင်တဲ့နေရာကို မိနစ်အနည်းငယ်နဲ့တင်ရောက်သွားနိုင်လောက်ပါတယ်။စိတ်မကောင်းစရာက..လတ်တလောမှာ ကောင်းကင်ချိန်းကြိုးတွေက တင်းနေခဲ့ပြီး..အောက်ဘက်ကောင်းကင်နဲ့ နီးကပ်မူ ရှိမနေတာကြောင့်..သူ့ရဲ့ဆက်သွယ်မူတွေမှာ အရိပ်တွေ ထူထပ်စွာရှိမနေခဲ့ပေ။
သူ ဒီအရာကို ခြေလျှင်ပဲ ဖြတ်သန်းရတော့မှာပါ။
သူ့ရဲ့အနောက်မှာလည်း..အစားကြီးတဲ့ သတ္တဝါတွေအုပ်ထက် ပ်ို ဆာလောင် ၊ ပိုကြောက်ဖို့ကောင်းတဲ့ သတ္တဝါတစ်ကောင်..ချည်းကပ်လာနေပြီဆိုတာကို မြေကြီးတုန်လှုပ်ပြီး အသိပေးနေခဲ့တယ်။ဆန်နီ သူ ပုန်းနေတဲ့နေရာကနေ ထွက်လိုက်ပြီး..ကျွန်းရဲ့ အစွန်းဆီကို လျောက်သွားကာ ခုန်ချလိုက်တယ်။
ကျယ်ပြန့်တဲ့ အပြာရောင်ကောင်းကင်အောက်မှာ..သူက သံလက်ဝါးကျွန်း ရဲ့ မျကိနှာပြင်ကို ရောက်သွားကာ..မီတာအနည်းငယ်လောက် လိမ်သွားးပြီး နောက်ဆုံးမှာ ဟန်ချက်ပြန်ထိန်းနိုင်ခဲ့တယ်။
ချိန်းကြိုးက အတော်အဝေးအထိ ဆန့်တန်းထားခဲ့ပြီး..အပေါ်ကို ပိုပိုပြီး မြင့်တက်သွားကာ..ကျဆင်းလာနေတဲ့ သင်္ဘောပျက်ကျွန်းကို ချိတ်ဆက်ထားခဲ့တယ်။ဒီနယ်မြေက တစ်ခြားကျွန်းတွေနဲ့ မတူညီတဲ့အချက်က ဒီမှာရှိနေတဲ့ သံကြိုးက..မြေဆီလွှာထဲကို တိုးဝင်ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။အဲဒီအစား ရဲတိုက်ဝင်ပေါက်နဲ့ဆင်တူတဲ့ ကြီးမားတဲ့ ကျောက်တိုင်ကြီးတွေဆီကို ဦးတည်ထားခဲ့ပါတယ်။အရမ်းကြီးမားတဲ့ တိုင်ကြီးတွေက ကောင်းကင်ပေါ်ကို ထိုးတက်နေပြီး..နွယ်ပင်တွေ မှိုတွေနဲ့ ဖုံးအုပ်နေခဲ့ကြတယ်။
ဝင်ပေါက်ကတော့ အချိန်အတော်ကြာကတည်းက ပျက်ဆီးနေပုံရပြီး..အခုဆိုရင် တိုင်နှစ်ခုကြားက နေရာလွတ်က ဘာမှမရှိတော့ပေ။သူ့ရဲ့ ကျယ်ပြန့်တဲ့လေဟာနယ်ထဲကို လေထုက လွတ်လပ်စွာတိုက်ခတ်နေခဲ့ပါတယ်။
..အဝေးမှာတော့ သံလူကြီးရဲ့ အလောင်းက လေထဲမှာ ဆက်လက် လှုပ်ယမ်းနေတုန်းပါပဲ။သူ့ရဲ့ ကျန်ရှိနေသေးတဲ့ လက်တစ်ဖက်က အောက်ဘက်ကောင်းကင်ကို ညွှန်ပြထားခဲ့ပါတယ်။
ဆန်နီ က ရက်စက်တဲ့ မြင်ကွင်းကိုထုတ်ဖော်လိုက်ပြီး လှံရှည်အဖြစ်ပြောင်းကာ ရှေ့ကို သတိနဲ့ရွေ့လျားနေခဲ့တယ်။
သူ ဆက်ပြီးလျောက်သွားလေလေ..သင်္ဘောပျက်ကျွန်းက အောက်ကို နိမ့်ဆင်းလာလေလေ ဖြစ်ပြီး..နောက်ဆုံးမှာတော့ ကောင်းကင်သံကြိုးတွေနဲ့ တစ်တန်းတည်း ဖြစ်လုနီးပါးအထိ ဖြစ်လာခဲ့ပါတယ်။တစ်နာရီ လောက်အကြာမှာတော့..ဆန်နီဟာ..ကျွန်းနှစ်ခုကြားက ချောက်နက်ကြီးကို ဖြတ်သန်းပြီး အဝေးကတည်းက သတိထားမိနေခဲ့တဲ့ ကျောက်တိုင်ကြီးတွေဆီကို ရောက်လာခဲ့တယ်။
အနီးကပ်ကြည့်တဲ့အချိန်ကျမှ ဒီအရာက ပိုပြီးကြီးနေတာကို သတိထားမိလိုက်ပါတယ်။သူ မှားသွားပြီ ဆိုတာကိုလည်း သိလိုက်ရတယ်။တိုင်ကြီးတွေက တစ်ခုခု ရဲ့ ဝင်ပေါက်အဖြစ် တည်ရှိနေပုံမရတော့ပါဘူး။အဲဲဒီအစား သူတို့က ကောင်းကင်အထိရောက်လောက်အောင် မြင့်မားပြီး..မသိနိုင်တဲ့ အကြောင်းပြချက်တွေကြောင့် တည်ဆောက်ထားခဲ့တာပါ။တိုင်တစ်ခု ချင်းစီတိုင်းမှာ လှေကားတွေရှိနေခဲ့ပြီး အပေါ်ကို ဦးတည်ထားခဲ့ပါတယ်။
ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်။
'အဲလောက်အမြင့်ကို တက်ရလောက်အောင် ဘယ်သူကမှ ရူးနေတာ မို့လို့လဲ..'
အခု ကျွန်းက နိမ့်ဆင်းနေတဲ့ အချိန်မှာတောင်..ကြီးမားတဲ့တိုင်ကြီးတွေရဲ့ ထိပ်ကို တက်သွားရင် ဖိအားက သေးငယ်မှာ မဟုတ်ပါဘူး။သူ ပုခုံးတွန့်လိုက်ပြီး အနက်ရောင်တောင်ပံကို ထုတ်ဖော်လိုက်ကာ..တိုင်နှစ်ခုကြားထဲက ကျောက်တုံးနေရာလွတ်တစ်ခုပေါ်ကို တက်လိုက်တယ်။
ဒီနေရာကနေဆိုရင်..ရှေးဟောင်းလမ်းရဲ့ အကြွင်းအကျန်တွေက..ကျွန်းထဲကို ဦးတည်နေခဲ့ပါတယ်။ဆန်နီဟာ တောင်အနိမ့်လေးတစ်ခုပေါ်အထိ ရောက်အောင် လမ်းအတိုင်းတက်သွားရင်း အောကါကို ပြန်ငုံ့ကြည့်လိုက်တယ်။မြင်ကွင်းထဲမှာတော့ ဒီနယ်မြေကို ကိုယ်စားပြုပြီးပေးထားတဲ့ ကုန်းမြေအမှတ်အသားကို မြင်တွေ့နေရပါပြီ။
ပျက်ဆီးနေတဲ့ကျွန်းရဲ့ နှလုံးသားနေရာမှာတော့..ပျက်ဆီးနေပြီဖြစ်တဲ့ ကြီးမားတဲ့ သစ်သား သင်္ဘောကြီးက မြေကြီးပေါ်မှာရှိနေခဲ့တယ်။တစ်ချိန်တုန်းကတော့ ဒီသင်္ဘောက လှပပြီး ခန့်ညားထည်ဝါလောက်မှာပါ။သို့ပေမယ့် အခုချိန်မှာတော့ သူ့ရဲ့ ခမ်းနားမူတွေက..ပြေပြစ်တဲ့ မျဥ်းကြောင်းတွေနဲ့ ကိုယ်ထည်အဖြစ်သာ ကျန်ရှိနေတော့တယ်။ရှေးဟောင်းသစ်သားက အချိန်ရဲ့တိုက်စားမူကို တစ်နည်းနည်းနဲ့ ခံနိုင်ရည်ရှိခဲ့ပေမယ့်..သင်္ဘောရဲ့ ဦးပိုင်းကတော့ လုံးဝကို ပျက်ဆီးနေခဲ့ပါပြီ။ကြီးမားတဲ့ အကိုင်းအခက်ကြီးတွေက ဟိုနား ဒီနားတွေမှာရှိနေကြပြီး..အစိမ်းရောင်နွယ်ပင်တွေက အစိတ်အပိုင်းအများစုကို ဖုံးအုပ်ထားခဲ့တယ်။
မြစ်တွေ ၊ ပင်လယ်တွေမရှိတဲ့ ကျွန်းတစ်ကျွန်းရဲ့ အလယ်မှာ သင်္ဘောတစ်စီးရောက်နေတာက ဆန်းကျယ်မူတစ်ခု ဆိုပေမယ့်..ဆန်နီကို ဆွဲဆောင်နေတဲ့အရာကတော့ တစ်ခြားအချက်တစ်ခုကြောင့်ပါ။
သူ့မျက်လုံးတွေမှာ အလင်းရောင်လေးတွေ ပေါ်ထွက်လာခဲ့တယ်။
'ငါ ဒီနေ့တော့ ကံကောင်းပြီထင်တယ်..'
သူ ပြုံးလိုက်ပြီး ..အကြည့်ကိုလွှဲကာ သင်္ဘောရဲ့တိုင်ကိုကြည့်လိုက်တယ်။
သေဆုံးနေတဲ့ အပင်တစ်ပင်က သူ့ကို ရစ်ပတ်နေခဲ့ပြီး..အရွက်တွေမရှိတော့တဲ့ အကိုင်းအခက်တွေက..ကောင်းကင်ပေါ်ကို အရိုးတွေလိုထောင်ထွက်နေခဲ့ပါတယ်။ဆန်နီ ဒီသစ်ပင်ကို ကောင်းကောင်းကြီးမှတ်မိပါတယ်။ဒါက ဆန်းကျယ်တဲ့ ဒင်္ဂါးပြားရဲ့တစ်ဖက်မှာရှိနေတဲ့..အသက်ဓာတ်ပြည့်ဝနေတဲ့ သစ်ပင်နဲ့ ကွာခြားမူရှိနေတယ် ဆိုရင်တောင်မှပါ။
ဒါက သူ မြင်ဖူးထားတဲ့ သင်္ဘောပါပဲ။
...ဆိုလိုတာကတော့..ဒင်္ဂါးပြားတွေက ဒီအထဲကနေလာခဲ့တာ..ဒါမှမဟုတ် အနည်းဆုံးတော့ တစ်နည်းနည်းနဲ့ ဆက်နွယ်နေတာဖြစ်နိုင်ပါတယ်။
အစကတော့ ဆန်နီက ကျွန်းကိုရှာဖွေပြီး ..သေဆုံးသွားတဲ့ ချိန်းပိုးကောင်ရဲ့ သဲလွန်စတွေကို စစ်ဆေးဖို့ အစီစဥ်ချခဲ့ပါတယ်။သို့ပေမယ့် အခုတော့..ဒီစူးစမ်းရှာဖွေမူကနေ ရတနာတွေဆီကို တည့်တည့်ရောက်သွားတော့မလို ခံစားနေခဲ့ရတယ်။သင်္ဘောပုံစံထွင်းထုထားတဲ့ ဒင်္ဂါးတွေက တစ်ခြားနေရာကနေ လာတာရော ဖြစ်နိုင်ချေရှိဦးမလား..။
အဖြေက သုည နီးပါးပါပဲ။
အခုတော့ သူက သင်္ဘောပျက်ထဲကို တိတ်တဆိတ်ဝင်ရောက်ပြီး ၊ စူးစမ်းလေ့လာကာ..အသက်ရှင်လျကိပြန်ထွက်လာဖို့ပဲ ရှိပါတော့တယ်။
ကျွန်းရဲ့တည်နေရာက အပေါက်ကြီးနဲ့ နီးကပ်နေတာကို စဥ်းစားကြည့်ရင် ဒါက လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။မျက်နှာပြင်ထက်မှာတော့ အိပ်မက်ဆိုးသားရဲတွေ သွားလာလှုပ်ရှားနေတာကို ဆန်နီ မတွေ့ရပေ။သို့ပေမယ့် တစ်ချို့တစ်လေ ရှိနေနိုင်တာကို သူသိထားပါတယိ။ဒီအကောင်တွေကတော့ တကယ်ကို ကြောက်ဖို့ ကောင်းကြမှာပါ။
ဒါတောင်မှ သူက အခုချိန်မှာ နောက်ပြန်ဆုတ်ဖို့ စိတ်ကူးမရှိပါဘူး။
'ဒါက ထိုက်တန်တယ်..'
***
ဆန်နီ ကျွန်းကို အချိန်အတော်ကြာအောင်လေ့လာ နေခဲ့တယ်။သူ ဘယ်လောက်ပဲကြည့်ပါစေ..သူ့ရဲ့ အရိပ်တွေ ဘယ်လောက်ပဲရှာဖွေနေပါစေ..ရှေးဟောင်း သင်္ဘောရဲ့အနားမှာ သတ္တဝါတစ်ကောင်မှ မတွေ့ရပေ။
...သို့ပေမယ့် ဒါက လုံးဝ မရှိတော့ဘူးလို့ မဆိုလိုပါဘူး။အဲဒီအစား သူတို့က ပုန်းအောင်းတဲ့နေရာမှာ အတော်လေး တော်ကြတယ်လို့ ဆိုလိုတာပါ။
အတော်ကြာပြီးနောက်မှာတော့..ဆန်နီ မျက်မှောငိကျုတ်ပြီး..သူတော်စင်ကို ခေါ်ထုတ်လိုက်တယ်။သူတော်စင်က တောင်ကုန်းအောက်ဘက် မီတာတစ်ရာကျော်မှာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို ကြည့်နေခဲ့တယ်။ယင်းနောက် သူမက သူမရဲ့ လေးကို သိမ်းလိုက်ပြီး တစ်ခြားလက်နက်ကို ထုတ်လိုက်ပါတယ်။
သန်းခေါင်ယံအမြုတေက သူမရဲ့ လက်ထဲမှာ ပေါ်လာခဲ့တယ်..။ဓားသွားရဲ့ အလင်းပြန်မူက..သူတော်စင်ရဲ့ အကာအကွယ် အင်္ကျီရဲ့ မဟူရာရောင် ချပ်ဝတ်မှာ ထင်ဟပ်နေခဲ့တယ်။
...သူတို့နှစ်ခုက တစ်ခုကိုတစ်ခု ကောင်းကောင်း လိုက်ဖက်နေခဲ့ပါတယ်။
သူတော်စင်က ဆန်နီဘက်ကို လှည့်ကာ ဓားကို မြှောက်ပြလိုက်တယ်။ပြီးတာနဲ့ တည်ငြိမ်စွာပဲ သင်္ဘောပျက်ဆီကို ဦးတည်သွားခဲ့ပါတယ်။စက္ကန့်သုံးဆယ်လောက် ကြာပြီးနောက်မှာတော့ ဆန်နီလည်း နောက်ကနေ လိုက်သွားခဲ့တယ်။
တစ်မိနစ်ပြီး တစ်မိနစ် တိတ်ဆိဆ်မူတွေသာ ကြီးစိုးနေခဲ့တယ်။သူမျှော်လင့်ထားသလိုမျိုး..အင်အားကြီးတဲ့ သားရဲတွေကို မတွေ့ခဲ့ကြရပါဘူး။ဒီကျွန်းက အတော်လေးကို တိတ်ဆိတ်ပြီး..အပျက်အစီးတွေ ၊ နွယ်ပင်တွေ ၊ သစ်သားပုံကြီးတွေနဲ့သာ ဖုံးအုပ်ထားခဲ့တယ်။
သို့ပေမယ့်..သင်္ဘောကိုရောက်ဖို့ တစ်ဝက်လောက်အလိုမှာတော့ တစ်ခုခုက ပြောင်းလဲမူဖြစ်ပေါ်လာခဲ့တယ်။
သူတော်စင်က အပျက်အစီးတွေထဲက တစ်ခုအနားကို ကပ်သွားတဲ့အချိန်မှာ ဒါက ရုတ်တရက် လှုပ်လာခဲ့ပါတယ်။
..ယင်းနောက် အရပ်ရှည်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ လူသားပုံစံ သတ္တဝါတစ်ကောင် အဖြစ်ပြောင်းလဲသွားခဲ့တယ်။သူ့ရဲ့ လက်တွေကတော့ ရှည်လျားချွန်ထက်တဲ့ ဓားတွေအဖြစ် ရှိနေခဲ့ပါတယ်။
သူ့ပတ်ဝန်းကျင်က အပျက်အစီးပုံတွေကလည်း ဒီပုံစံအတိုင်း လှုပ်ရှားလာကြတဲ့အချိန်မှာတော့ ဆန်နီ ကျိန်ဆဲလိုက်မိပါတယ်။
အစကတော့ ကောင်းသွားပြီ။