အကြွင်းအကျန် စစ်သည်များ
Vol. 28 Ch. 418
'ချီးတဲ့မှပဲ '
ပထမဆုံး တစ္ဆေ အပြည့်အဝပုံမပေါ်သေးခင်မှာပဲ သူတော်စင်က သူ့ရဲ့အပေါ်မှာ ရောက်နေခဲ့ပါပြီ။သန်းခေါင်ယံအမြုတေ ရဲ့ ဓားသွားက လေထဲမှာလွင့်ပျံသွားခဲ့ပြီး သစ်ပင်ကို ပုဆိန်နဲ့ ခုတ်လိုက်သလိုပဲ သတ္တဝါရဲ့ ခန္တာကိုယ်ကို ထိမှန်သွားခဲ့တယ်။
ရလာဒ်ကတော့ အတူတူပါပဲ။သူမက သားရဲကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပေမယ့် တစ္ဆေက သူ့မှာဖြစ်ပေါ်လာခဲ့တဲ့ ဒဏ်ရာကို လျစ်လျူရူပြီး ရှေ့ကိုတက်လာခဲ့တယ်။ခနအကြာမှာတော့ သူက ဖျက်ဆီးလိုတဲ့ စိတ်ဆန္ဒတွေနဲ့ သူတော်စင်ရဲ့ အပေါ်မှာ ရောက်နေခဲ့ပါပြီ။သူ့ရဲ့လက်တွေက ဖိနိပ်တဲ့အားနဲ့ ကျဆင််းလာခဲ့ပြီး သစ်သားဓားတွေက သူတော်စင်ရဲ့ ခန္တာကိုယ်ကို ဥ◌ီးတည်လာခဲ့ပါတယ်။
...သစ်သားတွေကတော့ ကျောက်တုံးကို မခုတ်နိုင်လောက်ပါဘူးနော်..။ဟုတ်တယ်မလား..
အရိပ်ကတော့ ဒါကို စစ်ဆေးနိုင်ပုံမပေါ်တော့ပါဘူး။သူမက သတ္တဝါရဲ့တိုက်ခိုက်မူကို အလွယ်တကူပဲ ဘေးဘက်ကို ရှောင်တိမ်းလိုက်ပြီး..ရှေ့ကို အနည်းငယ် တိုးကာ..သန်းခေါင်ယံအမြုတေနဲ့ ရန်သူရဲ့ လည်ပင်းထဲကို ထိုးသွင်းလိုက်တယ်။ဆန်နီရဲ့ အရိပ်တစ်ခုက အားဖြည့်ပေးထားခဲ့တာကြောင့်..ဓားက သစ်သား..ထဲကို အပြည့်အဝ တိုးဝင်သွားခဲ့ပါတယ်။
ခနအကြာမှာတော့ ဒုတိယအရိပ်က သူတော်စင်ရဲ့ ခန္တာကိုယ်ပေါ်မှာ ရစ်ပတ်လိုင်တာကြောင့်..သူမရဲ့ အရည်ပြားက ပိုမိုတောက်ပလာပြီး အနက်ရောင်အလင်းရောင်တွေ ဖြန့်ကျတ်နေခဲ့တယ်။သူမရဲ့ အနက်ရောင်ရင်အုတ်မှာတော့ ကျိုးပျက်ကျိန်စာရဲ့ သန္တာကျောက်မျက်လေးက..တောက်ပနေခဲ့ပါတယ်။
သူတော်စင်ဟာ ဓားကိုထိုးလှည့်ပြီး..ဘေးဘက်ကို တွန်းလိုက်ကာ..သစ်သားတစ္ဆေရဲ့ လည်ပင်းကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင်လုပ်လိုက်တယ်။သတ္တဝါက တုန်လှုပ်သွားပြီး နောက်ထပ် တိုက်ခိုက်မူတစ်ခု ဖန်တီးဖို့လုပ်လိုက်ပေမယ့် ဒါက အရမ်းကို နောက်ကျသွားခဲ့ပါပြီ။အရိပ်က ခန္တာကိုယ်ရဲ့အလေးချိန်ကို ခြေထောက်တစ်ဖက်ကနေ တစ်ခြားတစ်ဖက်ဆီ အားပြုပြီး..ရန်သူကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တယ်။
တစ္ဆေက လဲကျသွားပြီး အမှိုက်ပုံအဖြစ် ပြန်ပြောင်းသွားတဲ့ အချိန်မှာတော့..သူမက အလေးမထားစွာကြည့်နေခဲ့ကာ..သူမရဲ့ ရင်ဘတ်ကို ဓားဦးနဲ့ နှစ်ကြိမ်ခန့်ကြည့်နေခဲ့ပါတယ်။
အခိုက်အတန့်ရဲ့ အသံက တီးတိုးမြည်လာခဲ့တယ်။
[ သင်က ကျရှုံးမူအဆင့်သားရဲ : အရုပ် ရွက်လွင့်သူ ]
[သင့်ရဲ့အရိပ် ပိုသန်မာလာပါပြီ ]
ဆန်နီ အံကိုကြိတ်ထားခဲ့တယ်။
'ခရက် '
အရိပ်တွေရဲ့အားဖြည့်မူကြောင့်..ဒီအရုပ်တွေထဲကဟတစ်ကောင်ကို သတ်ဖို့ဆိူတာ သူတော်စင်အတွက်တော့ ပြသနာမရှိပါဘူး။
...သိူ့ပေမယ့်...မရေမတွက်နိုင်တဲ့ ပမာဏ အများကြီးက မြေကြီးပေါ်ကနေ မြင့်တက်လာခဲ့ကြတယ်။ဆန်နီရေတွက်လို့ မပြီးနိုင်သေးခင်မှာပဲဒါက ဒါဇင်အနည်းငယ်လောက် ရှိနေခဲ့ပါပြီ။
'ငါ ဘာလုပ်သင့်လဲ..'
ကျရှုံးမူအဆင့် သားရဲအုပ်ကြီးကို ပြန်ပြီးတိုက်ခိုက်တာက ကိုယ့်ကိုကို သတ်သေတာပါပဲ။သူက နောက်ပြန်ဆုတ်မလား..ဒါမှမဟုတ် သူတော်စင်ကို အာရုံလွှဲခိုင်းထားပြီး သင်္ဘောထဲကို ခိုးဝင်ရမလား ရွေးချယ်ရပါမယ်။
သူက အရိပ်တစ်ခုကို ရှေ့ကိုကြိုပို့ပြီး..အရိပ်ခြေလှမ်းနဲ့ သွားချင်တဲ့နေရာကို လျှပ်တပြတ်အတွင်းလည်း သွားလို့ရပါသေးတယ်။သို့ပေမယ့် ဒီဟာက သူတော်စင်ကို အားနည်းသွားစေမှာပါ။
ဆုံးဖြတ်ချက်တွေ..ဆုံးဖြတ်ချက်တွေ...
'သူမက မိနစ်နည်းနည်းလောက်တော့ အဆင်ပြေလောက်ပါတယ်..ဟုတ်တယ်မလား..'
တိတ်ဆိတ်နေတဲ့ နတ်မိစ္ဆာကို တစ်ချက်ကြည့်လိုက်ပြီး..ဆန်နီ သက်ပြင်းချကာ..စင်္ဘောဆီကို ဦးတည်သွားလိုက်တယ်။
"မင်းတို့ သုံးယောက် ပျော်ခဲ့ကြဦး.."
သူတော်စင်က သူ့ကိုကြည့်လိုက်ပြီးနောက်မှာ..တိတ်တဆိတ်လှည့်ပြီး သန်းခေါင်ယံအမြုတေကို မြှောက်လိုက်တယ်။
ဆန်နီ အရိပ်တွေကြားထဲကနေ သွားနေတုန်းမှာတော့ သူ့ရဲ့နောက်ဘက်က ဆူညံတဲ့အသံတွေကို ကြားနေခဲ့ရပါတယ်။
[ သင်က ကျရှုံးမူအဆင့် သားရဲကို သတ်လိုက်ပါပြီ ]
'ဒါပေမဲ့ သိပ်တော့ ပျော်စရာမကောင်းဘူး..'
သူ့ရဲ့ အရိပ်က ဘယ်လောက်ပဲ သန်မာပါစေ ၊ အရိပ်တွေနဲ့ တိုးမြှင့်ထားပါစေ ၊ အားကောင်းတဲ့ မှတ်သားမူကို ကိုင်စွဲထားပါစေ..သူမက နိုးထသူ တစ်ယောက်အဆင့်ပဲ ရှိနေပါသေးတယ်။
သူ အမြန်လုပ်မှ ရမယ်..
ဆန်နီ အရိပ်ထဲက ပေါ်လာတဲ့အချိနိမှာပဲ..ကြီးမားတဲ့အရာတစ်ခုခုက ရုတ်တရက် သူ့ဆီကို တိုးဝင်လာခဲ့တယ်။သူက နှေးကွေးသွားခြင်းမရှိပဲ..နောက်ထပ်သစ်သား တစ္ဆေရဲ့ ဓားအောက်ကနေ ရှောင်ကာ..ရက်စက်တဲ့မြင်ကွင်း ကိုလွှဲခုတ်လိူက်ပါတယ်။ငွေရောင်ဓားသွားက..သတ္တဝါရဲ့ ခန္တာကိုယ်ကိုဖြတ်တောက်သွားခဲ့ပြီး သူ့ရဲ့ဘေးဖက်မှာ ကြီးမားတဲ့ ဒဏ်ရာကြီးကို ဖြစ်ပေါ်လာစေခဲ့တယ်။
ဆန်နီ က မှောင်ပင်တွေပေါ်ကနေ လျောတိုက်စီးသွားပြီး ကြီးမားတဲ့ သတ္တဝါကြီးရဲ့ တိုက်ခိုက်နိုင်တဲ့ အတိုင်းအတာ ကနေ လွတ်မြောက်သွားခဲ့ပါတယ်။သူက ခန္တာကိုယ်ကို ပြန်လှည့်လိုက်ပြီး ဘာမှမရှိတဲ့ လေထဲကို ဓားနဲ့ထိုးချလိုက်တယ်။သို့ပေမယ့် စက္ကန့်ဝက်လောက် ကြာပြီးနောက်မှာတော့..ဓားရဲ့ လက်ကိုင်ရိုးက ရှည်ထွက်လာခဲ့ပြီး..ရှည်လျားတဲ့ လှံတစ်ချောင်း အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ငွေရောင် လှံသွားက..သစ်သာတစ္ဆေရဲ့ ရင်ဘတ်ကို အံ့ဩသင့်စွာပဲ ထိုးဖောက်သွားခဲ့တယ်။
သင်္ဘောသားအရုပ်က အသက်ရှင်လျက်ရှိနေသေးပေမယ့်..သူ့ရဲ့ ဝိဥာဥ်ကတော့ ထိခိုက်သွားခဲ့ပါပြီ။သူက တုန်လှုပ်သွားပြီး..ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တဲ့အချိန်မှာ လှံသွားက..သူ့ရဲ့အသားထဲကို ပိုပြီးနစ်ဝင်သွားခဲ့တယိ။ဆန်နီ ခနလောက်စဥ်းစားပြီး အရိပ်တွေထဲတိုးဝင်သွားကာ..သတ္တဝါရဲ့နောက်မှာ ပြန်ပေါ်လာခဲ့ပါတယ်။ခနအကြာမှာတော့..လအမြုတေ က သူ့ရဲ့ခေါင်းကို ထိုးဖောက်သွားခဲ့တယ်။
[ သင်က ကျရှုံးမူအဆင့် သားရဲ , သင်္ဘောသားအရုပ်ကို သတ်လိုက်ပါပြီ ]
[သင့်ရဲ့အရိပ် ပိုသန်မာလာခဲ့သည် ]
သူ လက်နက်တွေကို ပြန်သိမ်းလိုက်တယ်။
[ သင်က...]
သူတော်စင်လည်း အတော်လေး အလုပ်များနေခဲ့ပါတယ်။
နောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့..သူမကိုများပြားလှတဲ့ သစ်သား သတ္တဝါတွေက ဝန်းရံလုနီးပါးဖြစ်နေပြီဆိုတာကို..သူတွေ့လိုက်ရတယ်။
'မကောင်းတော့ဘူး..'
ဆန်နီ အချိန်ကို ထပ်ပြီးဖြုန်းမနေတော့ပဲ..နောက်ကိုလှည့်ကာ သင်္ဘောပျက်ထဲကို ဆက်ပြီးသွားလိုက်တယ်။
***
မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ဆန်နီဟာ..ပျက်ဆီးနေတဲ့ သင်္ဘောဆီကို ရောက်လာခဲ့ပါပြီ။သူ့ရဲ့ကိုယ်ထည်မှာရှိနေတဲ့ အက်ကွဲကြောင်းတွေထဲက အရိပ်တစ်ခုမှာ ပုန်းအောင်းလိုက်ရင်း..သူတော်စင်ကို ချက်ချင်းပြန်သိမ်းလိုက်တယ်။
လတ်တလောသူ့ကို ခြိမ်းခြောက်နိုင်တဲ့အရာ မရှိတာကို သေချာအောင်အတည်ပြုလိုက်ပြီး..သူ အလျင်အမြန်ပဲ ဝိဥာဥ်ပင်လယ်ထဲက သူတော်စင်ကို စစ်ဆေးလိုက်တယ်။အရိပ်က တစ္ဆေအုပ်ကြီးနဲ့တိုက်ခိုက်တဲ့ အချိန်မှာ ဒဏ်ရာတွေရရှိခဲ့ပါတယ်။သို့ပေမယ့် ဒဏ်ရာတွေအားလုံးက သိပ်ပြီး မလေးနက်ပေ..။သူမက အရိပ် အမြုတေထဲက အနက်ရောင်မီးတောက်ရဲ့ အားဖြည့်ပေးမူကြောင့် အချိန်တစ်ချို့အနားယူလိုက်ရင် ပြန်ကောင်းသွားမှာပါ။
'ကောင်းကောင်းအနားယူပါ..သူတော်စင်။မင်းက ထိုက်တန်ပါတယ်..'
ဆန်နီ ခနလောက်တွေဝေပြီးနောက်မှာတော့..သူမကို ပေးထားတဲ့ မှတ်သားမူကို ပြန်ယူလိုက်တယ်။ရှေးဟောင်းသင်္ဘောကျက်ထဲမှာ ဘာတွေနဲ့ကြုံတွေ့ရမယ်ဆိုတာ ဘယ်သူသိမှာလဲ..။စိတ်မကောင်းဖြစ်ရတာထက်..လုံခြုံမူရှိတာက ပိုကောင်းပါတယ်။
သူ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး သူရောက်နေတဲ့ အခန်းကျဥ်းလေးကို လေ့လာလိုက်တယ်။
ဆန်နီက သင်္ဘောတစ်စင်းရဲ့အတွင်းပိုင်းက ဘယ်လိုပုံစံလည်း ဆိုတာကို ဘယ်တုန်းကမှ သိခဲ့တာမဟုတ်ပါဘူး။ဒီလို ရှေးဟောင်း သစ်သားသင်္ဘောဆိုရင် ပြောစရာတောင်မလိုတော့ပေ။ဒါကြောင့်ပဲ ဒီအခန်းကျဥ်းလေးက ဘာအတွက်လဲ ဆိုတာကို ခန့်မှန်းလို့မရဖြစ်နေခဲ့ပါတယ်။သူမြင်နေရတာက..အပျက်အစီးပုံတွေ ဖြစ်ပြီး ဒါတွေက လုံးဝကို သာမန်ပါပဲ..။ပြောင်းလဲမူအနေနဲ့...ရှညိလျားတဲ့ နွယ်ပင်ကြီးတွေက နံရံတွေကို ဖုံးအုပ်ထားကြပါတယ်။
လေထုက အောက်သိုးသိုး အနံ့နဲ့ ညစ်ပတ်နေခဲ့တယ်။သူ့ရဲ့ အနံ့က အနည်းငယ်တော့ ချို နေခဲ့ပါသေးတယ်။
'အိုး..ဒီအခြေအနေ ရောက်လာပြန်ပြီ '
ဆန်နီ ပုခုံးတွန့်လိုက်ပြီး..ထူးဆန်းတဲ့ နီညိုရောင် နွယ်ပင်တွေကို ကြည့်လိုက်တယ်။
ဒီအရာတွေက သံသယဖြစ်စရာမလိုအောင်ပဲ အသက်ရှငိနေကြတာပါ။
ဒီအရာက လတ်တလောမှာ ဆန်နီ ရူသွင်းနေတဲ့ လေထုထဲက ချိုမြမြ အနံ့အသက်ရဲ့ အရင်းအမြစ်ပါပဲ။
ပိုပြီးဆိုးဝါးတာက..ဒီအရာလေးတွေက..အရမ်း၊ အရမ်းကို ကြီးမားတဲ့ သက်ရှိကြီးရဲ့ အစိတ်အပိုင်းလေးတွေပဲ ရှိနေပါသေးတယ်။
သူ့ အဆုပ်ထဲကို ထူးဆန်းတဲ့ ခံစားချက်ဝင်ရောက်လာတဲ့ အချိန်မှာတော့ ဆန်နီ သက်ပြင်းချလိုက်ပြီး..အဝတ်စတစ်ခုကို ထုတ်ယူကာ မျက်နှာအောက်ပိုင်းကို စည်းထားလိုက်တယ်။
'ဝီဗာသွေး ကယ်တင်ရမယ့်အလှည့်ပဲ။အထဲမှာ ဘာရှိနေလဲ ကြည့်လိုက်ကြရအောင်..'
သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးတဲ့ အချိန်မှာတော့ သူ့ရှေ့က ကြမ်းပြင်ပေါ်မှာတစ်ခုခု တောက်ပနေခဲ့တယ်။
ဆန်နီ ခါးကို ကိုင်းကာ ဒီသေးငယ်တဲ့အရာလေးကို ကောက်ယူပြီး ရှုပ်ထွေးတဲ့အမူအရာနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။
သူ့လက်ဖဝါးထဲမှာတော့..လေးလံတဲ့ရွှေရောင်ဒင်္ဂါးပြား တစ်ခု ရှိနေခဲ့ပါပြီ။