တွေ့ရှိမူ
Vol. 28 Ch. 419
ဆန်နီဟာ သူ့လက်ထဲက ဒင်္ဂါးပြားကိုဆုပ်ကိုင်ထားရင်း ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်တယ်။ယင်းနောက် ကြမ်းပြင်ပေါ်မှာ ထူထဲတဲ့နွယ်ပင်တွေရှိနေတဲ့ကြားက သိချင်စွာ လျောက်သွားကြည့်လိုက်ပါတယ်။
ဒါက ကြမ်းခင်းလား..နံရံလား..။
ရှေးဟောင်းသင်္ဘောကြီးရဲ့ ဘေးဖက်က တစောင်းအနေအထားနဲ့ လဲလျောင်းနေခဲ့တာကြောင့်..မျက်နှာကျတ်နဲ့ ကြမ်းပြင်ကို ခွဲခြားရခက်ခဲနေခဲ့ပါတယ်။ဆန်နီရဲ့ ခြေထောက်အောက်က မျက်နှာပြင်က မညီမညာဖြစ်နေတာကြောင့်..သူ့ရဲ့ ကိုယ်ကို ကိုင်းပြီး ဟန်ချက်ကို မနည်းညီအောင် ထိန်းထားခဲ့ရတယ်။အပျက်အစီးပုံတွေနဲ့..နွယ်ပင်တွေက..သူ့အတွက်တော့ မလွယ်ကူစေပါဘူး။
အခုတော့ နွယ်ပင်တွေက..ပိုကြီးမားတဲ့ သတ္တဝါကြီးရဲ့ အစိတ်အပိုင်းတွေဖြစ်တယ်ဆိုတာကို သူ ပိုပြီးသေချာလာခဲ့ပါပြီ။ကျဥ်းမြောင်းတဲ့ တံခါးပေါက်လေးကို ဖြတ်သန်းပြီး..အခန်းငယ်လေးထဲကနေ ထွက်လိုက်တဲ့အချိန်မှာတော့ သူ့ရဲ့ သံသယတွေက ပိုပြီး ကြီးမားလာခဲ့တယ်..။ကျယ်ပြန့်တဲ့ လူသွားလမ်းကို ရောက်လာတဲ့အချိန်မှာတော့..လေထဲမှာဝင်ရောက်နေတဲ့ ချိုမြတဲ့ အနံ့က ပိုပြီး သန်မာလာတာကို ဆန်နီ ခံစားလိုက်ရပါတယ်။
ဒီနေရာမှာတော့ အရာရာတိုင်းကို အနီရောင်မှော်ပင်တွေနဲ့ ဖုံးအုပ်ထားပြီး..နွယ်တွေကလည်း..နေရာအနှံ့ကို တွယ်တက်ပျံ့နှံ့နေခဲ့တယ်။ဆန်နီဟာ အကူအညီမဲ့စွာပဲ သူက ကြီးမားတဲ့ သတ္တဝါကြီးရဲ့အထဲမှာ ရောက်နေသလို ခံစားနေခဲ့ရတယ်။ရှေးဟောင်းသင်္ဘောကြီးရဲ့ သစ်သားအပျက်အစီးတွေကတော့ သတ္တဝါကြီးရဲ့ အရိုးတွေဖြစ်ပြီး..မှောင်ပင်တွေက သူ့ရဲ့ အသွေးအသားကို ကိုယ်စားပြုသလို ၊ နွယ်တွေက သူ့ရဲ့ သွေးကြောတွေလိုပါပဲ။
အက်ကွဲကြောင်းတွေထဲကနေ ဝင်ရောက်လာတဲ့ နွေးထွေးတဲ့ လေတိုက်ခတ်မူက..သတ္တဝါကြီးက အသက်ရူနေတယ် ဆိုတာ သူ့ကို သတိပေးနေခဲ့ပါတယ်။ဒီအရာက သင်္ဘောရဲ့နက်ရှိုင်းတဲ့ အပိုင်းကနေ ရောက်လာခဲ့တာဖြစ်ပြီး..ချိုမြတဲ့ရနံ့ကို သယ်ဆောင်ထားခဲ့တယ်။ဒီရနံ့က စက္ကန့်တစ်ဒါဇင်လောက် ပေါ်ထွက်လာလိုက်..ပြီးရင် ပျောက်ကွယ်သွားလိုက် ဖြစ်နေခဲ့တာပါ။
'အာ..ဒါဆိုရင် ဒီအကောင်ကြီး နိုးထလာမယ့် အရာတွေကို မလုပ်ပဲ နေကြရအောင်..'
ဆန်နီ ခနလောက်တွေးတောလိုက်ပြီးနောက်မှာ..သူ့ရဲ့အရိပ်နှစ်ခုစလုံးကို စူးစမ်းရှာဖွေခိုင်းမယ့်အစား ခန္တာကိုယ်မှာ ရစ်ပတ်ထားဖို့ ဆုံးဖြတ်လိုက်တယ်။ဘယ်ကမှန်းမသိနိုင်တဲ့ ရန်သူက အချိန်မရွေးတိုက်ခိုက်လာနိုင်တဲ့ အချိန်မှာ..သူတို့ကို အနားမှာထားထားတာက..အရေးကြီးပါတယ်။အနည်းဆုံးတော့ ဒီနည်းလမ်းနဲ့ အတိတ်မှာ သူ့ရဲ့ အသက်ကို အများကြီး ကယ်တင်ထားခဲ့တာပါ။
ရှေ့ကို တစ်လှမ်းတိုးလိုက်တဲ့အချိန်မှာတော့..သူ့ရဲ့ခြေထောက်အောက်က မှော်ပင်တွေ လှုပ်သွားသလို ခံစားလိုက်ရတယ်။သူ့ရဲ့အမြင်အာရုံက အနည်းငယ် ဝေဝါးသွားခဲ့ပါတယ်။
'အာ...'
သူ့ရဲ့အဆိုးဆုံး မျှော်လင့်ချက်တွေက မှန်ကန်မလာခဲ့ပါဘူး။သွေးပန်းပွင့်နဲ့မတူညီတာက..သေးငယ်တဲ့ ဝတ်မှုန်တွေ ၊ စပိုးတွေ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်...အဲဒီအရာတွေက..သူအသက်ရူတဲ့အချိန်မှာ ဝင်ရောက်လာပေမယ့်..သူ့ရဲ့ အဆုပ်မှာအမြစ်တွယ်ပြီး ခန္တာကိုယ်ကို သိမ်းယူဖို့ကြိုးစားကြတာ မဟုတ်ပါဘူး။အဲဒီအစား..သူတို့က ရိုးရှင်းစွာပဲ..သူ့အတွက် အဆိပ်ဖြစ်စေခဲ့တာပါ။
အဆိပ်တွေက..သူ့ရဲ့အဆုပ်ထဲကို ဝင်ရောက်သွားပြီး သွေးကြောတွေထဲကို ပျံ့နှံ့ကာ အခုဆိုရင် သူ့တစ်ကိုယ်လုံးကို ပျံ့နှံ့နေခဲ့ပါပြီ။ဆန်နီကတော့ သူ ကြမ်းပြင်ပေါ်ကို မေ့လဲကျသွားပြီး..သူ့ခန္တာကိုယ်ကို အနီရောင်နွယ်ပင်တွေက ဖုံးအုပ်ကာ..ရှေးဟောင်းသင်္ဘောပျက်ကို သိမ်းပိုက်ထားတဲ့ သတ္တဝါကြီးရဲ့ အစားအသောက်အဖြစ် ပြောင်းလဲခံရမှာကိုတောင် မြင်ယောင်နေခဲ့ပါတယ်။
သို့ပေမယ့် သူ ဒီလိုမဖြစ်နိုင်ပေ..။
အဆိပ်တွေက..သူ့ရဲ့သွေးစီးကြောင်းထဲကို ဝင်ရောက်လာတာနဲ့ တပြိုင်နက်..ဝီဗာသွေးက အရူးအမူးဖြစ်လာခဲ့တယ်။သူ့ကြည့်ရတာတော့ သူ့ရဲ့နယ်မြေထဲကို တစိမ်းတစ်ယောက် ဝင်ရောက်လာတာကို လုံးဝမကြိုက်တဲ့ ပုံပါပဲ။ဖြည်းညှင်းစွာပဲ ဆိုပေမယ့် သေချာတာက..သူက ဒီအဆိပ်တွေအားလုံးကို ရှင်းထုတ်ပစ်မှာပါ..။
ဆန်နီက ဒီနာကျင်မူကို တောင့်ခံဖို့ပဲ လိုအပ်ပါတယ်။
သူက ရက်စက်တဲ့မြင်ကွင်းကို ထုတ်ဖော်လိုက်ပြီး လှံရှည်အဖြစ်ပြောင်းလဲကာ..ကိုယ့်ကိုကို ဟန်ချက်ထိန်းထားဖို့ ကြိုးစားလိုက်တယ်။ယင်းနောက် သူ့ရဲ့ အမြင်အာရုံတွေ ပြန်လည်ကြည်လင်လာအောင် စောင့်နေလိုက်ပါတယ်။
မိနစ်အနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့..နာကျင်မူနဲ့ အားနည်းမူကို ခံစားနေရတုန်းဆိုပေမယ့်..သူ ဒုတိယ ဒင်္ဂါးပြားကို မှောင်ပင်ပေါ်ကနေ ကောက်ယူပြီး တစ်စက္ကန့်လောက် စိုက်ကြည့်နေလိုက်ပါတယ်။
ထိပ်ပိုင်းမှာ လှပတဲ့လပုံစံနဲ့ ဆွဲထားတဲ့လူတစ်ဦးက လွတ်လပ်တဲ့အမူအရာနဲ့ သူ့ကို ပြုံးပြနေခဲ့တယ်။ဆန်နီ မျက်မှောင်ကျုတ်ပြီး တုန့်ပြန်လိုက်ပါတယ်။
'မင်းက ဘာတွေပျော်နေတာလဲ ..အရူး..'
သူ အဝေးကိုကြည့်လိုက်တဲ့အချိန်မှာ..လူသွားလမ်းရဲ့ ရှေ့ဖက် မီတာအနည်းငယ်ရဲ့ မှော်ပင်ပေါ်မှာ နောက်ထပ် ဒင်္ဂါးတစ်ပြားကို တွေ့လိုက်ရတယ်။
..ဒါက တစ်စုံတစ်ယောက်က..ရတနာရှာဖွေသူကို
သူတို့ရဲ့ နောက်ဆုံးဆုလာဒ်ကို ရယူနိုင်ဖို့အတွက် သဲလွန်စလေးတွေကို တမင်တကာ ချပေးထားသလိုပါပဲ။
'....သိပ်အဆင်ပြေတာပေါ့..'
မသက်မသာဖြစ်တဲ့ ခံစားချက်နဲ့ပဲ..ဆန်နီဟာ တတိယမြောက် ဒင်္ဂါးရှိတဲ့နေရာကို လျောက်သွားပြီး ကောက်ယူလိုက်ကာ သူ့ရဲ့ အိတ်ထဲမှာ ထည့်ထားလိုက်တယ်။ယင်းနောက် သိချင်စွာပဲ အထဲကိုဆက်ဝင်သွားခဲ့ပါတယ်။
မကြာခင်မှာပဲ သူက ကြီးမားတဲ့ ဂိတ်အတားအဆီးနဲ့ နံရံကြီးတစ်ခုဆီကို ရောက်လာခဲ့တယ်။နံရံရဲ့သစ်သားမျက်နှာပြင်က ပျက်ဆီးပြီး အပြင်ဘက်ကို ထိုးထွက်နေခဲ့ပါတယ်။ဒါက သူ့ကို တစ်ခြားတစ်ဖက် ကြီးမားတဲ့အရာတစ်ခုခုနဲ့ ဖိခံထားရသလိုပါပဲ။အထူးသဖြင့် ဒီနေရာမှာ ရှိနေတဲ့နွယ်ပင်တွေက အတော်လေးကို ထူထဲပြီး..အပေါ်မှာရှိနေတဲ့ သင်္ဘောရဲ့ အပေါက်ကနေ နေရောင်ကျဆင်းနေခဲ့ပါတယ်။
ဆန်ိီဟာ ရစ်ပတ်နေတဲ့နံရံကို စိူက်ကြည့်ရင်း..သူ့မျက်နှာပေါ်မှာ မနှစ်မြို့တဲ့အမူအရာ ပေါ်လာခဲ့တယ်။သူ ဒီအရာကို ဖောက်မမြင်ရပေမယ့်..တစ်ဖက်မှာရှိနေတဲ့ အရိပ်တွေရဲ့ ပုံရိပ်တွေကို သူ ခံစားနေရပါတယ်။
သူ့ကို ကာရံထားတဲ့ နံရံက ပိုကြီးမား ၊ ကျယ်ပြန့်ပြီး နေရာလွတ်အတော်ရှိပါတယ်။ဒီအရာက..ရှေးဟောင်းသင်္ဘောကြီးရဲ့ အဓိက ကုန်လှောင်ခန်း ဖြစ်မယ်လို့ သူ ခန့်မှန်းလိုက်တယ်။သူ့အထဲမှာတော့ တစ်ခုခုကြီးမားတာက လှုပ်ရှားနေပြီး ဖြည်းညှင်းစွာ ပြန့်ကားလိုက် ကျုံ့ဝင်သွားလိုက်
ဖြစ်နေခဲ့တယ်။အက်ကွဲကြောင်းတွေအားလုံးမှာ ဝင်ရောက်နေကြတဲ့ နွယ်ပင်တွေအားလုံးက..ဒီနေရာကနေ ရောက်လာကြတာပါ။
ရှေးဟောင်းသင်္ဘောထဲမှာ အချိန်နဲ့အမျှတိုက်ခတ်နေတဲ့ လေထုက..ကြီးမားတဲ့အရိပ်ကြီး လှုပ်ရှားမူနဲ့ တစ်ထပ်တည်းကျနေခဲ့တယ်။
ဆန်နီ ခနလောက်တွေဝေနေပြီးကာမှ ဒီအကောင်ကြီးအိပ်နေတာကို မနှောက်ယှက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။တံခါးကို ဖွင့်မယ့်အစား..သူအပေါ်ကို ခုန်လိုက်ကာ..သူ့အပေါ်မှာ ရှိနေတဲ့ အပေါ်ရဲ့ အစွန်းကို ကိုင်လိုက်ပြီး..သေင်္ဘာကိုယ်ထည်ရဲ့အပြင်ဘက်ကို တက်သွားခဲ့တယ်။
ဆန်းကျယ်တဲ့ ဒင်္ဂါးလိုမျိုး ရတနာတွေက သာမန်ကုန်လှောင်ခန်းတစ်ခုမှာ ထားမှာမဟုတ်ဘူးဆိုတာကိုဆန်နီ သေချာသလောက်နီးပါးရှိပါတယ်။သူ့မှာ တစ်ခြားရွေးချယ်စရာ ရှိနေသ၍တော့ ဒီအခန်းထဲကို ဝင်မှာမဟုတ်ပါဘူး။
ဆန်နီက သူ့ရဲ့ စွမ်းရည်တွေအပေါ်မှာ ယုံကြည်မူရှိပေမယ့်..ကြောက်ရွံ့မူကို ဖုံးကွယ်လောက်တဲ့ အထိတော့ မဟုတ်သေးပေ။အထဲမှာ ရှိနေတဲ့ သတ္တဝါက သူတိုက်ခိုက်လို့ ရနိုင်တဲ့အဆင့်မှာမဟုတ်ပေ။အနည်းဆုံးတော့ အခုချိန်မှာပါ။ကြီးမားတဲ့ မှော်ပင်နဲ့နွယ်ပင်တွေ အစုအဝေးကြီးကို သူဘယ်လို သွားသတ်ရမှာလဲ။
ဒါကိုကြိုးစားမယ့်အစား သူက ရှေးဟောင်းသင်္ဘောရဲ့ ကိုယ်ထည်ထဲမှာသွားနေခဲ့တယ်။အပြင်ဘက်ကနေ ထွက်လာတဲ့ နွယ်ပင်အထူတွေကိုတော့ ရှောင်ရှားနေခဲ့ရပါတယ်။မကြာခင်မှာပဲ သူက သင်္ဘောရဲ့ သိုလှောင်ခန်းကို ဖြတ်သန်းသွားနိုင်ခဲ့တယ်။
အခုတော့ သူက ပျက်ဆီးနေတဲ့ သင်္ဘောရဲ့ ဦးပိုင်းကို ချည်းကပ်လာခဲ့ပါပြီ။ဒီနေရာမှာတော့ ကိုယ်ထည်က ပြင်းပြင်းထန်ထန် ထိခိုက်မိထားပြီး အများစုက ပျက်ဆီးမူတွေ.၊ကြီးမားတဲ့အက်ကွဲကြောင်းတွေ ၊ အပေါက်တွေ ၊ သစ်သားအပိုင်းအစတွေ ဖြစ်နေခဲ့တယ်။
ဒီမြင်ကွင်းကိုကြည့်ရင်း..ဒင်္ဂါးပြားပေါ်က ကျတ်သရေ ရှိတဲ့ သင်္ဘောက ဘာဖြစ်သွားခဲ့တာလဲ ဆိုတာကို ဆန်နီ သိချင်သွားခဲ့ပါတယ်။သိသာစွာပဲ ဒီသင်္ဘောက သာမန်မဟုတ်ပါဘူး။ဒီအရာက ကျွန်းပေါ်ကို ဘယ်လိုရောက်လာတာလဲ..။သူ့ရဲ့ ဦးပိုင်းက ဘာလိူ့ ဒီလောက်အထိ ပျက်ဆီးနေတာလဲ..။သူက ကောင်းကင်ပေါ်မှာ ပျံသန်းနေခဲ့တာလား..။
ဒီလိုဆိုရင်တော့ ဖိနိပ်မူက သက်ရောက်သွားတာ ဖြစ်နိုင်ပါတယ်။
ဒီမြက်နှာပြင်က အရိပ်ထဲမှာ အကြာကြီးပုန်းအောင်းနေလို့ မရတာကို ခဲစားရတာကြောင့်..ဆန်နီ အထဲကထွက်လိုက်ပြီး မှော်ပင်တွေပေါ်ကိုညှင်သာစွာဆင်းသက်လိုက်တယ်။
..သူရပ်နေတဲ့နေရာနဲ့ ခြေလှမ်းအနည်းငယ်အကွာမှာ ဒင်္ဂါးပြားတစ်ချို့က..တောက်ပနေခဲ့တယ်။အနက်ရောင် လူသွားလမ်းတစ်နေရာမှာလည်း နောက်ထပ်တစ်ပြားရှိနေခဲ့ပြန်ပါတယ်။
ဆန်နီ သူတို့အားလုံးကို စုဆောင်းလိုက်ပြီး..အက်ကွဲကြောင်းထဲကို ထပ်ဝင်သွားခဲ့တယ်။
သိပ်မကြာခင်မှာပဲ..သူက သင်္ဘောရဲ့ရတနာတွေကို ထားတဲ့ အခန်းဆီကို ရောက်လာခဲ့ပါတယ်။
ဒီနေရာမှာတစ်ခုခုက ထူးခြားနေတာကို သူ ချက်ချင်း သိလိုက်တယ်။ရိုးရှင်းစွာပဲ..ဒီနေရာမှာရှိနေတဲ့ တံခါးရဲ့ ပတ်ဝန်းကျင်ကြမ်းပြင်က ..ရှေးဟောင်းသင်္ဘောကြီးတစ်ခုလုံးမှာ..အနီရောင်မှော်ပင်တွေ ၊စိမ်းစိုနေတဲ့ နွယ်ပင်တွေ နဲ့ အဆိပ်ပိုးမွှားတွေ ပါဝင်တဲ့ ချိုမြတဲ့လေထု ရှိမနေတဲ့ တစ်ခုတည်းသောနေရာပါ။
ဆန်နီဟာ တံခါးရဲ့ရှေ့မှာ ရပ်နေရင်း ပြုံးလိုက်တယ်။
'..ရှာတွေ့ပြီ..'