← Chapters

ခေါင်းစဉ်မဲ့

Vol. 118 Ch. 1649

ခေါင်းစဉ်မဲ့

Vol. 118 Ch. 1649

သူမသာ ဖန်မျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းဆိုရင်…

ထိုဖြစ်နိုင်ချေကို စဉ်းစားလိုက်သည်နှင့် ဟောကျိသည် မသိစိတ်မှ တုန်ယင်သွားတော့သည်။

“မဖြစ်နိုင်ဘူး သူမက ဘယ်လိုလုပ် ဖန်မျိုးနွယ်ကဖြစ်ရမှာလဲ” ဟောကျိ ၏ စိတ်သည် ထိုကြောက်မက်ဖွယ်ရာ ဖြစ်နိုင်ချေကို ငြင်းဆန်လိုက်သည်။

“ကြက်သွေးရောင်မီးတောက်” ရှီမာယူယူသည် ငါးခူရောင်ကျောက်ကို ကြက်သွေးရောင်မီးတောက်ဆီသို့ ပစ်ပေးလိုက်သည်။ ကြက်သွေးရောင်မီး တောက်သည် ထိုကျောက်ကို လက်နှင့်ချေလိုက်ရာ ငါးခူကျောက်သည် သက်တန့်ရောင် အမှုန့်ဖြစ်သွားလေတော့သည်။

သူတို့သည် ခန္ဓာကိုယ်အား ချုပ်ထားသည့် ဖိအားမှာ ချက်ချင်း ပျောက် သွားသည်ကို ခံစားမိလိုက်သည်။

“ဘယ်… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူတို့က သူမလိုလူကို ဘယ်လိုလုပ် ရန်စမိတာလဲ။

“ဟောကျိ ငါတို့ရွေးစရာ လမ်းမရှိတော့ဘူး၊ မင်း ဘာတွေလုပ်နေတာလဲ ဖန်မျိုးနွယ်သာ ဒီအကြောင်းသိသွားရင် ငါတို့တော့သွားပြီ” ဟောမျိုးနွယ်အား ကူညီရန်လာသူများသည် သူ့ကို အော်ကြလေသည်။

ဟောကျိသည် သတိပြန်ဝင်လာသည်။ ဟုတ်သည်… မြှားမှာ လေးပေါ်သို့ တင်ပြီးလေရာ နောက်ပြန်ဆုတ်မရတော့ပေ။ အကယ်၍ သူတို့သာ ရှီမာယူယူ ကို ယနေ့လွှတ်လိုက်ပါက သူမက ဒီအတိုင်းကျော်သွားပေးပါ့မလား။

သေချာပေါက် ထိုသို့ဖြစ်မည်မဟုတ်ပေ။

ထို့ကြောင့်ပင် သူသည် သူမကို ဤနေရာတွင် တစ်သက်လုံးထားရန်မှ တစ်ပါး ရွေးချယ်စရာမရှိတော့ပေ။

“သတ်လိုက်ကြ တစ်ယောက်မှ အသက်ရှင်လျက်ထွက်မသွားစေနဲ့” သူ အမိန့်ပေးလိုက်သည်။

“ငါတို့သခင်မလေးကို ဘယ်သူထိရဲလဲ” လေထဲမှ လှုပ်ရှားမှုများဖြစ်လာ ပြီး လေဟာပြင်ဝင်ပေါက် ပွင့်သွားလေသည်။ ထို့နောက်တွင် ထောင်ချီသော ဖန်မျိုးနွယ်ဝင်များသည် အထဲမှထွက်လာကြသည်။

ထိုတိုက်ပွဲအင်အားသည် နေရာတွင်ရှိနေသောလူတစ်ယောက်ချင်းစီကို ကြောက်လန့်သွားစေသည်။

“သခင်မလေး” ထိုလူများသည် ရှီမာယူယူကို ဦးညွှတ်ကြလေသည်။

ရှီမာယူယူသည် ဖန်ဖန်နှင့်ယွမ်ယွမ်တို့ ဦးဆောင်လာသည်ကိုမြင်သော အခါ အနည်းငယ် အံ့ဩသွားသည် “နင်တို့နှစ်ယောက်လုံး ဘာလာလုပ်ကြတာ လဲ”

“သခင်ကြီးက ဒီနေရာမှာ တစ်ခုခုဖြစ်တယ်ဆိုတာကို သိနေတာ အစတုန်းကတော့ သူကိုယ်တိုင်လာမလို့ပဲ၊ ဒါပေမဲ့ သူက အရေးကြီးတဲ့ဆေး တွေသန့်စင်နေလို့ သူတို့ကိုပဲလွှတ်လိုက်တာ” ဖန်ဖန်သည် ထိုလူများကိုကြည့် ပြီးပြောလေသည် “သူတို့က မင်းကိုဘာမှမလုပ်ဘူးမလား”

“ငါ့ကို သတ်ဖို့ကြိုးစားတာကလွဲပြီး ဘာမှမလုပ်ပါဘူး” ရှီမာယူယူသည် ဖန်ဖန်၏ ခေါင်းကို လက်ဆန့်ကာပုတ်လိုက်သည်။

“ဟင်း ပျောက်ဆုံးနေတဲ့နယ်မြေမှာ မင်းရဲ့ဘဝက တော်တော်ချောမွေ့ပြီး မင်းလုပ်ရမှာတောင် မေ့နေလောက်ပြီလို့ သခင်ကြီးကပြောနေတာ၊ မင်းက ငါတို့ဖန်မျိုးနွယ်က သခင်မလေးလိုတောင် လုပ်လိုက်သေးတယ်၊ နေရတာ ငြီးငွေ့နေပြီထင်တယ်” ယွမ်ယွမ် ပြောလေသည် “ဖန်မျိုးနွယ် ငါ့အမိန့်ကို နာခံ ကြ၊ သခင်မလေးကို ထိခိုက်အောင်လုပ်တဲ့သူတွေကို သက်ညှာခြင်းမရှိ သတ် မယ်”

“နားလည်ပါပြီ”

ဖန်မျိုးနွယ်ဝင်များသည် ဟောမျိုးနွယ်နှင့် သူတို့ကို လာကူသည့်လူများ ကိုပါ ဝိုင်းလိုက်ကြသည်။ သူတို့ တိုက်ခိုက်တော့မည့်ဆဲဆဲတွင် လူတစ်ယောက် ပြေးလာလေသည်။

“ဟေးဟေး အကျယ်အကျယ်မဖြစ်စေနဲ့ ကလေး မင်းက ငါ့ကျွန်းကို နစ် အောင်မလုပ်ဘူးလို့ မပြောဘူးလား”

ရှီမာယူယူ ထိုအသံကြားလိုက်သောအခါ နှုတ်ခမ်းတွန့်မိလေသည်။ သူမ သည် လှေသမားထွတ်နှင့် သူတော်စင်မိန်းမပျိုတို့ကိုတွေ့သောအခါ မတတ် သာစွာဖြင့် ပခုံးတွန့်လိုက်သည်။

လှေသမားထွတ်သည် ရှီမာယူယူဘေးရောက်မှပင် ရပ်သွားလေသည်။ သူ ပြောလိုက်သည် “ကလေး မင်းကဟင်္သပဒါးငှက်မြို့တော်မှာ ရှုပ်ခဲ့တာ အားမရ လို့ လိပ်မည်းမြို့တော်ထိပါ ပြန်လာရှုပ်တာလား”

“ကျွန်မက ဘယ်တုန်းကလဲ” ရှီမာယူယူသည် သူ့ကို မျက်လုံးလှိမ့်ပြလိုက် သည် “သူတို့သာ ကျွန်မကို ရန်လာမစရင် ဘာမှလုပ်စရာတောင်မလိုဘူး၊ ဒါကို စည်းကမ်းနဲ့မကြပ်မတ်ဘဲ ကြားဝင်ဖျန်ဖြေချင်တယ်ဆိုရင် ဟောမျိုးနွယ်လုပ်ခဲ့ သမျှအကုန်လုံးအတွက် ဒီလူတွေကို သေချာဖြေရှင်းချက်ပေးသင့်တယ်လို့ မထင်ဘူးလား”

“ငါက ကြားဝင်ဖျန်ဖြေတယ်လို့ ဘယ်သူပြောလဲ” လှေသမားထွတ် ပြုံး လိုက်သည် “မင်းကို နည်းနည်းလောက် သည်းခံခိုင်းတာ”

“ကျွန်မတို့ ဖန်မျိုးနွယ်က သခင်မလေးက သည်းခံဖို့မလိုဘူး” ဘေးတွင် ရပ်နေသော ဖန်ဖန်သည် အေးစက်စွာနှာမှုတ်လိုက်သည်။

“ဒီအတိုင်း မျိုးနွယ်သေးသေးလေးက ကျွန်မတို့သခင်မလေးကို သတ်ရဲ သေးတယ် လှေသမားထွတ် ရှင်တို့ကျွန်းကို နှစ်ပစ်ဖို့ သခင်ကြီးက အမိန့်မပေး လိုက်တာကိုပဲ ရှင့်ရဲ့ကံကောင်းမှုကို ကျေးဇူးတင်ရမယ်” ယွမ်ယွမ် ထပ်ပေါင်း ပြောလိုက်သည်။

“ကံကောင်းတယ် ငါအရမ်းကံကောင်းတာပဲ” လှေသမားထွတ်သည် ပြုံး ပြီးပြောလိုက်သည်။

“ကျွန်းသခင်ထွတ် စကားတွေ အပိုမပြောတော့ဘူး ဒီကိုဘာလို့ လာတာ လဲ၊ ကျွန်းသခင်က ဟောမျိုးနွယ်ရဲ့ ပြစ်မှုတွေကို ဖြေရှင်းချင်လို့လာတာဆိုရင် မေ့လိုက်ပါတော့၊ ကျွန်မက သူတို့ကိုလွှတ်‌ပေးချင်ရင်တောင် နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရတဲ့လူတွေက လိုချင်မှာမဟုတ်ဘူး၊ ကျွန်မတို့က အပြင်လူ တွေဆိုပေမဲ့ ကိုယ်တင်နေတဲ့ အကြွေးကို လက်စားမချေရရင် မတရားရာမကျ ဘူးလား” ရှီမာယူယူသည် တည်တံ့စွာပြောလိုက်သည်။

“ငါ ဟောမျိုးနွယ်ကို မသိချင်ယောင်ဆောင်လို့ရပါတယ် ဒါပေမဲ့ ကျန်တာ ကိုတော့ ငါအပြစ်ပေးဖို့ ချန်ထားပေးပါ၊ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က တိုက်ရိုက် ပတ်သက်နေတာမှမဟုတ်တာ” လှေသမားထွတ် ပြောလေသည်။

ရှီမာယူယူသည် ရှုဂျင်းကို ကြည့်ပြီးနောက် တခြားသူများကို ကြည့်လိုက် သည်။ သူမသည် အနည်းငယ် အကျပ်ရိုက်နေသည်။

တကယ်တော့ သူမသည် ထိုကိစ္စကို ဂရုမစိုက်လှပေ။ ထို့အပြင် သူမကို ပြစ်မှားသူမှာ ဟောမျိုးနွယ်သာဖြစ်သည်။ သို့သော် တခြားသူများ မည်သို့ခံစား ရသည်ကို သူမမသိပေ။

လှေသမားထွတ်သည် ကျွန်းသခင်ဖြစ်ကာ သူမကိုလည်း ကူညီပေးဖူး သည်။ သူမသည် သူ့ကို များပြားလှသော ပိုက်ဆံပေးခဲ့ရသော်လည်း အမှန်တရားကိုတော့ သူမ လျစ်လျူမရှုနိုင်ပေ။

ရှီမာယူယူ အကျပ်ရိုက်နေသည်ကို ထိုလူများမြင်သောအခါ ပြောလိုက် သည် “မိန်းကလေးယူယူ ကျုပ်တို့က ဟောမျိုးနွယ်ကိုတော့ လွှတ်မပေးနိုင်ဘူး ဒါပေမဲ့ ကျန်တဲ့လူတွေကိုတော့ ဂရုမစိုက်ဘူး၊ ကျွန်းသခင်က သင့်တော်တဲ့ မျှတမှု ပြန်ယူပေးလိမ့်ယ်လို့ ယုံပါတယ်”

“ဟုတ်တယ် ကျုပ်တို့ မင်းကိုယုံတယ်”

ဟောမျိုးနွယ်ဝင်များသည် သူတို့ပြောစကားများကို ကြားသောအခါ တုန်လှုပ်သွားကြပြီး တခြားမျိုးနွယ်ဝင်များသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

အနည်းဆုံးတော့ သူတို့အသက်များ ချမ်းသာရာရသွားပြီဖြစ်သည်။

“တိုက်ခိုက်တော့” ဖန်ဖန် အမိန့်ပေးလိုက်ရာ ဖန်မျိုးနွယ်ဝင်များသည် ဝိုင်းထားသည့်လူတစ်ယောက်ချင်းစီကို တိုက်ခိုက်တော့သည်။ ဟောမျိုးနွယ် သည် အားလုံးရှေ့တွင် တစ်ယောက်မကျန် ချေမှုန်းခံလိုက်ရတော့လေသည်။

ထိုအချိန်မှပင် ထိုလူများသည် ဤကမ္ဘာပေါ်တွင် သူတို့မပြစ်မှားသင့် သည့်လူများရှိနေသည်ကို နားလည်သွားကြတော့သည်။ သူတို့သာ သူမကို ပြစ်မှားမိရင် ဒီနေရာမှာ သေသွားတာက သူတို့ဖြစ်မှာမဟုတ်ဘူးလား။

ထိုအကျပ်အတည်း ဖြစ်နေချိန်တွင် လှေသမားထွတ်နှင့် သူတော်စင် မိန်းမပျိုတို့သည် တစ်ချက်မှ မလှုပ်ခဲ့ကြပေ။

ပြီးသွားသည့်အခါတွင် ရှီမာယူယူသည် အားလုံးကို ဟောမျိုးနွယ်အပေါ် ဒေါသဖြေခွင့်ပေးမည်ကိုလည်း မမေ့လျော့ပေ။ သည်လိုနှင့် အားလုံးပြီးချိန်တွင် ဟောမျိုးနွယ်သည် ဘာမှမကျန်တော့လောက်အောင် ပြောင်သလင်းခါသွား တော့သည်။

ခဏအကြာတွင် ဖန်ရှင်းနှင့် တခြားသူများ မိုးပေါ်မှ ပြန်ဆင်းလာကြ သည်။ ဟောမျိုးနွယ်ဝင်များအားလုံး အသတ်ခံလိုက်ရသည်။ သို့သော် သူတို့ သည်လည်း ဒဏ်ရာအပြင်းအထန်ရထားကြသည်။

“သခင်မလေး ကိစ္စတွေဖြေရှင်းပြီးမှတော့ ငါတို့လည်း ပြန်သင့်ပြီ” ဖန်ဖန် ပြောလိုက်သည် “ဖန်ရှင်းတို့လည်း ဒဏ်ရာရထားကြတော့ သခင်မလေး အတွက် အစောင့်တချို့ကိုပဲထားခဲ့ပေးမယ်”

မလိုအပ်ပါဟု ရှီမာယူယူ ပြောလိုက်ချင်သော်လည်း သူတို့သည် စိတ်ပိုင်း ဖြတ်ထားသည်ကို မြင်သဖြင့် ဘာမှမပြောလိုက်တော့ပေ။ မည်သို့ပင်ဖြစ်စေ ကာမူ ဖန်ရှင်းနှင့် တခြားသူများလည်း နေခဲ့ချင်ရာ လူအနည်းငယ်ပိုရုံသာရှိလေ သည်။

ဖန်ဖန်သည် သန်မာသူများကို ချန်ထားပေးခဲ့သည်။ ထို့နောက် ယွမ်ယွမ် သည် အားလုံးကို ပြန်ခေါ်သွားလိုက်သည်။ ဖန်မျိုးနွယ်သည် ဤကဲ့သို့ကိစ္စမျိုး တွင် ဝင်မပါသည်မှာ အရင်ကတည်းက အကျင့်တစ်ခုသာဖြစ်သည်။

အခုချိန်တွင် ဖန်မျိုးနွယ်၏အရှိန်အဝါကြောင့် ဤကျွန်းတွင် သူမကို ထိရဲ သည့်သူမရှိတော့ပေ။ သူတို့ဦးနှောက် မကြောင်သရွေ့တော့ ဟောမျိုးနွယ် ကဲ့သို့ အဆုံးသတ်ချင်မည်မဟုတ်ပေ။

“ကျွန်းသခင်ထွတ် အပြင်ကိုသွားလည်တာမဟုတ်ဘူးလား ဘာလို့ပြန် လာတာလဲ” တခြားသူများသည် ဟောမျိုးနွယ်ကို ဝင်မွှေနေစဉ်တွင် ရှီမာယူယူ သည် လှေသမားထွတ်နှင့် စကားလာပြောလေသည်။

“ငါတို့လှေက အပြင်ကိုရောက်တော့ မင်းပျောက်နေတယ်ဆိုတာကို ကြားလိုက်ရတယ်၊ အဲဒါကြောင့် အမြန်ပြန်လာရတာလေ၊ ငါတို့ပြန်လာတဲ့ အချိန်မှာ ဒီလိုမြင်ကွင်းမျိုးမြင်ရမယ်လို့ ဘယ်သူထင်ထားမှာလဲ” လှေသမား ထွတ်သည် ဆွံ့အသလိုခံစားရလေသည် “မင်းမှာ ဒီလိုနောက်ခံရှိနေလိမ့်မယ် လို့ ထင်မထားဘူး ကြည့်ရတာ ငါအမြင်မကျယ်သေးဘူးပဲ”

သူမ ပျောက်သွားသောကြောင့် သူပြန်လာသည်ဟု အစက သူမ ထင် မထားပေ။ သူမနဲ့သူက အဲလောက်လည်း မရင်းနှီးပါဘူး ဟုတ်တယ်မလား။ သူက အစကတည်းက ဘာလို့သူမကို အဲလောက်ကာကွယ်ပေးနေတာလဲ။

“ငါ့ကို အဲလိုမကြည့်နဲ့ မင်းငါ့ကိုကြွေသွားပြီလို့တောင် ထင်မိတော့မယ်” လှေသမားထွတ်သည် သူ့မျက်နှာသူကိုင်ပြီး အထင်ကြီးစွာဖြင့် ပြောလေသည်။

“….” သူမသည် သူ့ကိုရိုက်ပြီး ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသည်က လည်း ကုမရသည့်ရောဂါဟုပြောချင်မိသည်။ စဉ်းစားကြည့်ပြီးနောက် သည်းခံ လိုက်ကာ သူ၏အတွေးကိုသာ မေးလိုက်သည်။

“ငါကဘာလို့ မင်းကိုဂရုစိုက်ရမှာလဲ” လှေသမားထွတ်သည် ရယ်မော လေသည် “မင်းရှက်တယ်လို့ ခံစားရရင် ငါ့ကိုကျောက်နည်းနည်းလောက် ပေး ပေါ့”

ရှီမာယူယူ - …..

လှေသမားထွတ်သည် ရယ်မောကာ ကျန်ကိစ္စများကို ရှင်းရန် ထွက်သွား လေသည်။

သူ ပြောမရသည့်ကိစ္စများနှင့် ပြော၍မဖြစ်သည့် ကိစ္စများလည်းရှိသေးသည်….

***

All Chapters