← Chapters

ခေါင်းစဉ်မဲ့

Vol. 118 Ch. 1650

ခေါင်းစဉ်မဲ့

Vol. 118 Ch. 1650

ရှီမာယူယူသည် ခေါင်းဆောင်ဝူကို သွားရှာပြီး ကျေးဇူးတင်ကြောင်း ပြော သည်။

မည်သို့ပင်ဖြစ်စေကာမူ နောက်ဆုံးတွင် သူသည် သူမကို ကူညီခဲ့သည်။ သူသည် ဝူမျိုးနွယ်ဝင်များကို ဦးဆောင်ပြီး ကူညီခြင်းကြောင့်သာမဟုတ်လျှင် သူမသည် တပ်ကူရောက်လာသည့်အချိန်ထိ တောင့်ခံနိုင်မည်မဟုတ်ပေ။

“ဟားဟား ရပါတယ် ရပါတယ် ဒါပေမဲ့ မင်းက ငါတို့ဝင်မပါရင်‌တောင် ကောင်းကောင်းလုပ်နိုင်မယ်လို့ ယုံပါတယ်” အကြီးအကဲဝူသည် လက်ကိုဝေ့ ယမ်းလိုက်သည်။ သူသည် ရှီမာယူယူကို မတူညီသောရှုထောင့်မှ မြင်ရ သော်လည်း သူမကို မြှောက်ပင့်ခြင်းမရှိဘဲ အရင်လိုသာဖြစ်သည်။

ရှီမာယူယူသည် သူ၏ စိတ်သဘောထားကို သဘောကျသဖြင့် စကား ထပ်ပြောနေသေးသည်။ ပြီးမှပင် တခြားကိစ္စများကို ဖြေရှင်းရန်ရှိသေးသည်ဟု ဆိုကာ ထွက်လာရသည်။

တုလေးသည် အမြဲတစေ အနားတွင်ရှိနေသည်။ သူမ ခေါင်းဆောင်ဝူနှင့် စကားပြောပြီးသည်ကို မြင်သည်နှင့် အမြန်ပြေးလာလေသည်။

“စကားပြောလို့ ပြီးပြီလား”

“အင်း ဒီကကိစ္စတွေကို သူတို့ကိုပဲ အပ်ထားရအောင် ငါတို့စကားပြောဖို့ နေရာသွားရှာကြမယ်” ရှီမာယူယူသည် တုလေးကိုဆွဲကာ စကားပြောရန် တိတ်ဆိတ်သည့်နေရာတစ်ခုကို ရှာလေသည်။ သူမတို့ထွက်သွားပြီးနောက် သူမဆီသို့ ပျော်ရွှင်စွာ ပျံလာသော လူတစ်စုကို မြင်လိုက်ရသည်။

တုလေးသည် သူမရှေ့တွင်ရပ်နေကာ လာနေသောလူများကို အလိုလို ကြည့်မိလိုက်သည်။ သူသည် ထိုလူများကို ရှီမာယူယူအနားကပ်ခွင့်မပေးပေ။

ရှီမာယူယူသည် သူ၏ကျောပြင်ကျယ်ကြီးကိုကြည့်ပြီး သူငယ်စဉ်က သန်မာအောင် လုပ်ပြီး သူတို့ကိုကာကွယ်ပေးမည်ဆိုသည့် စကားကို အမှတ်ရမိ လိုက်သည်။ သူမ၏ နှုတ်ခမ်းမှာ ပြုံးယောင်သမ်းသွားပြီး မျက်လုံးများမှာ အရောင်လက်သွားသည်။

“မင်းတို့က ဘယ်သူတွေလဲ” တုလေးသည် အေးစက်စွာ မေးလေသည်။

“ငါတို့က…” သူသာ ယခုလိုအပြောခံရပါက အရင်လိုဆိုလျှင် ဒေါသ ထွက်မိမည်ဖြစ်သည်။ သို့သော် သူမသည် အခုသူတို့ထဲမှတစ်ယောက်ဖြစ်နေ သဖြင့် သူမကို ဒေါသမထွက်နိုင်ကြပေ။

“ငါတို့က မိန်းကလေးယူယူကို လာရှာတာပါ” အကြီးအကဲတစ်ယောက်မှ ပြောလိုက်သည်။

ရှီမာယူယူသည် ပုတ်ပြီး တုလေး၏ အင်္ကျီကိုဆွဲလိုက်ရာ သူဘေးသို့ ထွက် နေလိုက်သည်။ သူမသည် ထောင်ယိရွှမ်ကို ကြည့်ပြီးပြောလိုက်သည် “ယိရွှမ် ဒီကိုဘာလာလုပ်တာလဲ”

အကြီးအကဲသည် မှင်တက်သွားသည်။ သူမက ထောင်ယိရွှမ်ကို သိတာ လား။

ထောင်ယိရွှမ်သည် ရှေ့တိုးကာ ရှီမာယူယူအား အရိုအသေပြုပြီးပြော လိုက်သည် “သူတို့က ဟင်္သပဒါးငှက်မြို့တော်က မိသားစုခေါင်းဆောင်တွေပါ၊ ဟင်္သပဒါးငှက်ပေါ်လာတယ်လို့ကြားလို့ နှုတ်ဆက်ဖို့လာကြတာပါ၊ ဟင်္သပဒါး ငှက်က အမြဲတမ်း ငါတို့ရဲ့ အံ့ဖွယ်စောင့်ရှောက်သူဖြစ်ခဲ့တာလေ”

သူတို့၏ မြို့နာမည်ကြောင့် ဟင်္သပဒါးငှက်နှင့် ဆက်စပ်မှုရှိလိမ့်မည်ဟု ရှီမာယူယူ သိထားသည်။ သို့သော် သူမသည် ထိုအရာအား စိတ်ဝင်စားခဲ့သည်။ ကြက်သွေးရောင်မီးတောက်အား မေးလိုက်ရာ ခိုင်မာသောအဖြေရပြီးနောက် သူတို့ကို ပြောလိုက်သည် “ကြက်သွေးရောင် မီးတောက်က ရှင်တို့ကို တွေ့ဖို့ သဘောတူလိုက်တယ်၊ ရှင်တို့ပြောချင်တာကို သူ့ကိုပြောလို့ရပါတယ်” ထိုသို့ ပြောပြီးနောက် သူမသည် ကြက်သွေးရောင်မီးတောက်ကို ခေါ်ထုတ်ပြီး တုလေးကို ဆွဲလိုက်သည်။

သူမသည် ကြက်သွေးရောင်မီးတောက် ပြောမည့်စကားကို စိတ်မဝင်စား ပေ။ သူမသည် တုလေးနှင့် စကားကောင်းကောင်း ပြောလိုသည်ကလွဲပြီး မရှိပေ။

သူတို့သည် လိပ်နက်မြို့တော်နှင့် အတော်အတန် လှမ်းသော ပင်လယ် ကမ်းစပ်ဆီသို့ သွားလိုက်ကြသည်။ ကမ်းခြေသည် ရွှေရောင်တောက်နေပြီး နေရောင်အောက်တွင် ရေစီးကြောင်းများ ရိုက်ခတ်နေသည်။

သူတို့သည် ကမ်းခြေတွင်ရပ်လိုက်ကြရာ အနောက်တွင် ခြေရာများ ကျန် ခဲ့လေသည်။

“မင်း ဘယ်လိုတွေနေခဲ့လဲ” ရှီမာယူယူသည် ထိုအချိန် ဟွာဘင်းက သူ့ကို ခေါ်သွားပုံကို မမေ့နိုင်ပေ။

“အဆင်ပြေပါတယ် အထူးသဖြင့် ဟိုတလောက ကြီးမြတ်သောဝူလင်းက ကျွန်တော်တို့ဆီကိုလာရှာတယ် ပြီးတော့ ပိုသန်မာလာခဲ့ကြတယ်”

ရှီမာယူယူ အံ့အားသင့်သွားသည် “ကြီးမြတ်သောဝူလင်းဟုတ်လား”

သူက သူတို့နဲ့ ဘာလုပ်တာလဲ။

“သူနဲ့ ရှေးဟောင်းအံ့ဖွယ်လူဝံတွေက သွေးသားဆက်စပ်မှုရှိတယ် အဲဒါ ကြောင့်…”

ရှီမာယူယူ အခုနားလည်သွားလေပြီ။ ရှေးဟောင်း အံ့ဖွယ်လူဝံမျိုးနွယ်နှင့် ကြီးမြတ်သောဝူလင်းတို့သည် မျိုးနွယ်တစ်ခုတည်းကဖြစ်ရာ သူတို့ ဆက်စပ် နေမည်မှာ သဘာဝပင်ဖြစ်သည်။ သူမ ထင်မထားသည်မှာ ကြီးမြတ်သော ဝူလင်းသည် အံ့ဖွယ်လူဝံများကို သွားရှာခြင်းကိုဖြစ်သည်။

“ကြီးမြတ်သောဝူလင်းက ထူးခြားတဲ့သရုပ်ရှိတယ်၊ မင်း ပိုပြီးဂရုစိုက်ရ မယ်၊ သူတို့ကို အားနည်းချက်မရစေနဲ့” သူမ ညွှန်ကြားလိုက်သည်။

“ကျွန်တော် သိပါတယ်၊ အစ်မကြီးပြောလို့ ယုံပါတယ်” တုလေးသည် ပြုံး ပြီးပြောလိုက်သည်။ ထိုအပြုံးသည် အရင်ကလိုပင် တောက်ပနေတုန်းပင်။

သူနားလည်သွားသည်ကို မြင်သဖြင့် သူမ ထပ်မပြောတော့ဘဲ စကား လမ်းကြောင်းလွှဲလိုက်သည် “မင်းသွေးသားက လုံးဝနိုးထလာပြီလား”

“အင်း ကျွန်တော်တို့ မျိုးနွယ်ကိုပြန်တော့ သူတို့က သွေးသားလွှတ်ဖို့ အတွက် ကူညီပေးကြတယ် ကျွန်တော့်မှာ လူသားသွေးသားမရှိတော့ဘူး” သူ ထိုအကြောင်းအားပြောချိန်တွင် တုလေးသည် အနည်းငယ် ထိုင်းမှိုင်းနေသည်။ သူသည် လူသားသွေးသားကို လက်မလွှတ်ချင်ပေ။ သို့သော် မျိုးနွယ်၏ အကြီး အကဲများသည် ကန့်ကွက်ခဲ့ကြသည်။ သူ ငယ်စဉ်ကတည်းကပင် သူ့ကိုယ်သူ လူသားတစ်ယောက်ဟု သတ်မှတ်ခဲ့သည်။ အခုချိန်တွင် သူသည် ဝိညာဉ်သားရဲ တစ်ကောင်လုံးလုံးဖြစ်နေကာ ထိုအချက်ကို မကြေညက်နိုင်သေးပေ။

“လူသားနေနေ ဝိညာဉ်သားရဲနေနေ ဘာဖြစ်လဲ မင်းကမင်းပဲလေ” ရှီမာယူယူသည် သူ့ပခုံးကိုပုတ်လိုက်ကာ အတွေးမလွန်ရန် ပြောလိုက်သည်။

“အင်း အစ်မကြီးသာ ကျွန်တော့်ကို ထူးဆန်းတယ်လို့ မမြင်ရင် တခြား ကိစ္စတွေကို ဂရုမစိုက်ပါဘူး” တုလေး ပြန်ဖြေလေသည်။ “ဒါပေမဲ့ အစ်မကြီးတို့ က ကျွန်တော့်ကို ဘယ်တော့မှပစ်မသွားဖူးဘူး တခြားသူတွေ ကျွန်တော့်ကို ပစ်သွားရင်တောင် အစ်မတို့က ကျွန်တော့်ကိုထူးဆန်းတယ်ဆိုပြီး တစ်ခါမှ မဆက်ဆံဖူးဘူး”

“မင်းက ငယ်ငယ်တုန်းက အဲလောက်ချစ်စရာကော်ငးတာ ဘယ်လိုလုပ် ထူးဆန်းတယ်လို့ ထင်မှာလဲ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက်သည် “အင်း မင်းအခု ကြီးလာပြီ အရင်ကလို ချစ်စရာမကောင်းတော့ဘူး”

“…. ကျွန်တော်က ဘာလို့အရင်လို ပြန်နေလို့မရတော့တာလဲ”

“ထားလိုက်ပါတော့ မင်းကို အခုကြည့်နေကျဖြစ်သွားတော့ အသားကျ သွားပါပြီ” ရှီမာယူယူ ပြောလိုက်သည် “ဟုတ်သားပဲ မင်း ဘေဂုံတို့ဆီ သွား လိုက်သေးတယ်မလား သူတို့အဆင်ပြေရဲ့လား”

“အဆင်ပြေကြပါတယ်၊ သူတို့တွေလည်း အရင်းအမြစ်တချို့ရှာတွေ့ပြီး အရင်ကထက်တောင် အများကြီးသန်မာလာကြပြီ၊ အထူးသဖြင့် အစ်ကိုကြီး ဖက်တီးလေ၊ အထိုးခံရပြီးတော့ အများကြီးအားကောင်းလာတယ်၊ သူတို့ရဲ့ အားတည်ငြိမ်လာရင် အစ်မကြီးကိုလာရှာကြမယ်လို့ ပြောနေကြတာ” တုလေး ပြောလေသည် “ဒါပေမဲ့ အစ်မကြီးကပဲ သူတို့ကိုသွားရှာသင့်တယ်လို့ ထင်တာပဲ”

“အင်း ငါပြန်ရောက်ရင် သွားကြည့်ရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ငါ သွားပြန်ကြည့်ဖို့ အချိန်လည်းရောက်ပြိလေ”

မသိလိုက်ခင်မှာပင် သူမ အသည်းကွဲတောင်ကြားမှထွက်လာသည်မှာ ဆယ်နှစ်နီးပါးရှိပြီဖြစ်သည်။ အားလုံး မည်သို့ရှိနေကြသည်ကို သူမ သိချင်မိ သည်။

ကျင့်ကြံသူတစ်ယောက်အတွက် အချိန်သည် လျင်မြန်စွာပင် ကုန်ဆုံးခဲ့ သည်။

သူမသည် တုလေးနှင့် ပြောစရာများစွာရှိနေသည်ကို ဟန့်မြောင်ရွှမ်တို့ သိကြသဖြင့် ထူးခြားမှုမရှိလျှင် သူမကို မခေါ်ပေ။ ခဏအကြာမှ သူမကိုလာရှာ သူမှာ ကြက်သွေးရောင်မီးတောက်ဖြစ်သည်။ သူသည် ထွေထွေထူးထူး မပြော ဘဲ ဝိညာဉ်စေတီအတွင်းသို့ ပြန်သွားလေသည်။

သူမနှင့် တုလေးတို့ ပြန်ရောက်ချိန်တွင် လိပ်မည်းမြို့တော်သည် ပုံမှန် အခြေအနေသို့ ပြန်ရောက်နေပြီဖြစ်သည်။ ဟောမျိုးနွယ်အကြောင်းနှင့် အရင်တုန်းကအဖြစ်များသည် ပြောစရာဖြစ်နေသည်။

ဟင်္သပဒါးမြို့တော်မှလူများကို ကြက်သွေးရောင်မီးတောက်မှ လူစုခွဲခိုင်း လိုက်သဖြင့် သူမကို လာမရှာကြတော့ပေ။

သူမ ပြန်ရောက်ပြီးခဏအကြာတွင် ရှုဂျင်းနှင့် တခြားသူများ သူမကို လာ ရှာကြသည်။ အားလုံးသည် သူမကိုတွေ့ချင်နေကြပြီး ဤနေရာမှ ထွက်ခွာရန် ဟန်ပြင်နေကြကြောင်းကို ပြောကြလေသည်။

ဤကျွန်းသည် သူတို့အတွက် မကောင်းသော အမှတ်တရများသာ ရှိခဲ့ သည်။

အစတွင် ရှီမာယူယူသည် သူတို့ကို မတွေ့ချင်ခဲ့ပေ။ သို့သော် ဤအရာမှာ လည်း ကံကြမ္မာဟု တွေးမိလိုက်သည်။ မိတ်ဆွေများများရည့်အပေါ် မည်သူမှ စောဒကတက်မည်မဟုတ်ပေ။ သည်လိုနှင့် သူမသည် သူတို့နှင့်တွေ့ပြီး စကား ပြောရန် ဆုံးဖြတ်လိုက်သည်။ သူမသည် သူတို့၏ သရုပ်မှန်နှင့် မည်သို့လာရှာ နိုင်ကြောင်းကို သိလိုက်ရသည်။

အများစုမှာ ဂိုဏ်းကြီးများမှဖြစ်ကြပြီး ရာထူးမြင့်သူများဖြစ်ကြသည်။ ထိပ်တန်းတောင်ကြားသည် သူတို့အတွင်းဒေသတွင် တည်ထောင်မည်ဟု ကြား ကြသည်နှင့် သူတို့သည် အခက်အခဲရှိလာလျှင် ကူညီမည်ဖြစ်ကြောင်း ပြောကြ လေသည်။ ထိုသို့ဆိုလျှင် ထိပ်တန်းတောင်ကြား၏ လုပ်ငန်းများမှာ ပိုအဆင် ချောနိုင်သည်။

စကားပြောပြီးနောက် အားလုံးပြန်သွားချိန်တွင် နေ့တစ်ဝက်ကုန်သွားပြီ ဖြစ်သည်။

တခြားသူများမှာ ထွက်သွားကြကာ အဘိုးကြီးတစ်ယောက်သာ ခြံဝန်းထဲ တွင် ကျန်ခဲ့လေသည်။ ရှီမာယူယူသည် သူနေခဲ့သည်ကို မြင်သောအခါ မေး လိုက်သည် “အဘိုး ဘာလို့ ဒီမှာရှိနေသေးတာလဲ”

“ငါ ဒီနေရာက ထွက်တာနဲ့ ထိပ်တန်းတောင်ကြားကို သွားဖို့ သဘောတူ ထားကြတာမဟုတ်ဘူးလား” အဘိုးကြီး ပြောလိုက်သည်။

ရှီမာယူယူ ရယ်မောကာ ပြောလိုက်သည် “အဘိုး မနောက်ပါနဲ့ အဲဒါက အရင်က အဘိုးရဲ့သရုပ်မှန်ကို မသိသေးလို့လေ၊ အဘိုးက တံခါးတစ်ရာ လဲလှယ်ခြင်းဂိုဏ်းက ဒုသခင်ဖြစ်နေတာကို အဲဒီကိုဝင်ဖို့ ဘယ်လိုလုပ် ဖိတ်‌ တော့မလဲ”

ထိုအဘိုးအို၏ သရုပ်မှန်ကို ပြောပြသူမှာ ရှုဂျင်းဖြစ်သည်။ သူမ သိပြီး နောက်တွင် အံ့ဩသွားကာ သူတို့သည် ရေစက်ပါသည်ဟုပင် တွေးလိုက်သေး သည်။

“ဒီပစ္စည်းက အဘိုးကိုပေးတာပါ သူတို့က ကျွန်မကို မူရင်းပေးတယ် အဲဒါကိုတော့ အဘိုးကိုမပေးတော့ဘူး ဒါပေမဲ့ မိတ္တူကူးထားတာကို အဘိုးကို ပေးမယ် စိတ်မရှိဖို့ မျှော်လင့်ပါတယ်” ရှီမာယူယူသည် အဘိုးအိုကို ပျဉ်ချပ် အထပ်လိုက်ပေးလိုက်သည်။

***

All Chapters