ခေါင်းစဉ်မဲ့
Vol. 118 Ch. 1651
အဘိုးကြီးသည် လုရာပါစာအုပ်ကိုယူပြီး မှင်တက်နေသည်။
“ဒီစာအုပ်က ဘာလို့မင်းနဲ့အတူရှိနေတာလဲ” အဘိုးကြီးမေးလေသည်။
“ကျွန်မငယ်ငယ်တုန်းက ဒီစာအုပ်ကိုရခဲ့တာပါ” ရှီမာယူယူသည် အားနာ သည့်လေသံနှင့်ပြောလေသည်။ ထိုစဉ်က ဝူလင်းယူသည် သူ၏ဘိုးဘေးကြီး၏ စစ်မေးခြင်းကိုခံခဲ့ရသည်။ သူမ ထိုအရာကို မပြောနိုင်ပေ “ဝေကြီးနဲ့ဝေလေးတို့ က အဘိုးကို ပြန်ပေးခိုင်းတာ အခုအဲဒါကြောင့် ကျွန်မက ပြန်ပေးတာပါ”
“မင်းက ဝေကြီးနဲ့ဝေလေးတို့ကို သိတယ်လား” အဘိုးကြီးသည် နှစ်ပေါင်း ကြာရှည်စွာ အကျဉ်းချခံထားရခြင်းဖြစ်သည်။ သူသည် အပြင်ကကိစ္စများကို မသိ၍လား သို့မဟုတ် သူမနှင့် တံခါးလဲလှယ်ခြင်းတစ်ရာ၏ ဆက်နွယ်မှုကို နားလည်သလားပင်။
“သူတို့က ကောင်းကင်ဂိုဏ်းမှာ ခဏတော့နေသွားတယ်လေ ကျွန်မက အဲဒီက ကျောင်းသားပါ” ရှီမာယူယူသည် ထို့ထက်ပို၍မပြောပေ။
အဘိုးကြီးသည် ပစ္စည်းကို သိမ်းသွးသည်။ တံခါးတစ်ရာလဲလှယ်ခြင်း၏ တည်ဆောက်မှုများသည် အရင်ကလိုမကောင်းတော့ပေ။ ထိုစာအုပ်နှင့်ဆိုလျှင် ပို၍ပြည့်စုံသွားနိုင်သည်။ တံခါးတစ်ရာလဲလှယ်ခြင်းအတွက် အမှီလိုက်ရာတွင် အထောက်အကူဖြစ်နိုင်သည်။
ရှီမာယူယူသည် သူ့ကိုဆွဲကာ ပြုံးပြလိုက်သည် “ကျွန်မ အကူအညီလိုရင် အားမနာတော့ဘူးနော်”
သူမ စကားများကြောင့် အဘိုးကြီးသည် စိုးရိမ်မှုမရှိဘဲ ထွက်သွားလေ တော့သည်။ ခြံဝန်းထဲတွင် ဆရာနှင့် တပည့်များသာကျန်ခဲ့လေသည်။
“ဆရာ ကျွန်မတို့လည်း သွားဖို့ပြင်ရတော့မယ်လေ” ရှီမာယူယူ အကြံပြု လိုက်သည်။ “ဆရာက ပျောက်နေတာ ကြာပြီ ဒါရိုက်တာမုံ့နဲ့ ကျောင်းအုပ်ဖန် တို့ စိတ်ပူနေကြပြီ”
“ဟုတ်ပြီ ငါလည်း ဒီကျွန်းပေါ်မှာ မနေချင်တော့ဘူး” ရှုဂျင်းသည် ထို စိတ်မချမ်းသာစရာများကို တွေးမိလျှင် စိတ်ညစ်ညူးရသည်။
“ကျောင်းအုပ်ယွမ်ရော ဂိုဏ်းကိုပြန်ရောက်ပြီလား” ဟော်လန် မေးလိုက် သည်။
ယွမ်ရှောင်ကျဲမှာလည်း ဂိုဏ်းတွင်မရှိသည်ကို ရှီမာယူယူ သတိရသွား သည်။
“ကျောင်းအုပ်ယွမ်က ဆရာနဲ့အတူရှိနေတာမဟုတ်ဘူးလား” စူးရှောင် ရှောင် မေးလိုက်သည်။
“မဟုတ်ဘူး ငါတို့က ဂိုဏ်းကနေအတူထွက်ခဲ့ပေမဲ့ နောက်ကျ လမ်းခွဲ လိုက်ကြတယ်၊ ငါတို့ဒီကိုရောက်တော့ သူက လုပ်စရာရှိတယ်လို့ ပြောတယ်” ဟော်လန်နှင့် ရှုဂျင်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ သည်။ သူတို့ တစ်စုံတစ်ခုကို တွေးမိသွားသည်မှာ သေချာသည်။
“ဆရာ ကျောင်းအုပ်ယွမ်က ဘာဖြစ်တာလဲ” ဟန့်မြောင်ရွှမ် မေးမြန်း လိုက်သည်။
“ရှင်းပြဖို့တော့ မလွယ်ဘူး” ရှုဂျင်း ပြန်ဖြေလိုက်သည်။ “အဲဒီအဘိုးကြီးရဲ့ အကျင့်နဲ့ဆိုရင် ပြဿနာမရှိတာတော့ မဟုတ်ဘူး”
“အမှန်ပဲ မဟုတ်ရင် ဆရာတို့ကိုလာရှာမယ်လို့ ပြောလိုက်ကတည်းက ဒါရိုက်တာမုံ့တို့က ကျွန်တော်တို့ကို ပြောမှာပဲ၊ သူတို့ ဘာမှမပြောဘူးဆိုတော့ ကျောင်းအုပ်ယွမ်က သတင်းပြန်ပို့တာဖြစ်မယ်” ကျန်းကျူးရှန့် သုံးသပ်လိုက် သည်။
ရှီမာယူယူလည်း ထိုသို့ တွေးမိသည်။ ထို့ကြောင့် ယွမ်ရှောင်ကျဲကို သိပ် တွေးမနေတော့ပေ။
သူတို့ ထွက်သွားရန် ဆုံးဖြတ်ထားသဖြင့် အချိန်ဆွဲမနေကြတော့ပေ။ မည်သူမှ နှုတ်ဆက်ရန် မနေလိုပေ။ သူတို့သည် ကူးတို့လှေကုန်းပတ်ပေါ်သို့ တိုက်ရိုက်သွားလိုက်ကြသည်။ မထင်မှတ်စွာပင် ထွတ်ရှောင်ကုန်းနှင့် သူတော်စင်မိန်းမပျိုတို့ ကုန်းပတ်ပေါ်တွင် လိုက်ပါလာသော ကြီးမားသောလှေ တစ်စီး ပေါ်လာသည်။
ရှီမာယူယူသည် ထွတ်ရှောင်ကုန်းကိုကြည့်ပြီး နှုတ်ခမ်းတွန့်လိုက်သည်။ “ထပ်ပြီးတော့ လှေသမားလုပ်မလို့လား”
“ဘာလဲ ငါ့အစွမ်းအစကို မယုံဘူးလား” ထွတ်ရှောင်ကုန်းသည် ဆူပုတ် သောမျက်နှာဖြင့် ပြောလေသည်။
ရှီမာယူယူ မျက်လုံးလှိမ့်လိုက်သည်။ “ကျွန်းသခင်ရဲ့ အစွမ်းအစကို မယုံ တာမဟုတ်ဘူး လိမ်တဲ့စွမ်းရည်ကို မယုံနိုင်တော့တာ၊ ကျွန်းသခင်ကို ပေးစရာ ကျောက်တွေမရှိတော့ဘူး”
“ဟားဟားဟား….” ထွတ်ရှောင်ကုန်းသည် ရယ်မောလိုက်သည် “ဒီတစ် ခါကို ကျောက်မတောင်းပါဘူးကွ”
“တကယ်ကြီးလား”
“ဒါပေါ့” ထွတ်ရှောင်ကုန်း ပြုံးပြလေသည် “တက်လာလေ ဟိုတစ် ယောက်က လူတွေကိုလိုက်ပို့နေတာ အခုငါ့လှေပဲအားတယ်”
ထိုလှေသည် အရင်တစ်ခေါက်ကထက် သေးသည်ကို ရှီမာယူယူ သတိ ထားမိလိုက်သည်။ သို့သော် ပို၍ကောင်းမွန်ပုံပေါ်သည်။ သူတို့ ကုန်းပတ်ပေါ် သို့ရောက်သောအခါ ထွတ်ရှောင်ကုန်းသည် လှေစထွက်ရန် အမိန့်ပေးလိုက် လေသည်။
“ကျွန်းသခင် ကိုယ်တိုင်လှော်တော့မယ်လို့ ထင်လိုက်တာ” ရှီမာယူယူ နှုတ်ခမ်းဆူလေသည်။
“အရင်တစ်ခေါက်က အပျော်လုပ်တာ ဒီတစ်ခါ်တော့ ငါ့ဘာသာသွားချင် တာလေ” ထွတ်ရှောင်ကုန်း မသဲမကွဲပြောလေသည် “မင်းက အခွင့်သင့်သွား တာပေါ့”
သူသည် ကျောက်ခုံပေါ်လှဲပြီး ခေါင်းအောက်တွင် လက်ကိုထောက်ထား သည်။ သူသည် အေးအေးလူလူရှိလှသည်။
“အဲဒါကြောင့် ပိုက်ဆံမတောင်းတာကိုး” ရှီမာယူယူသည် သူ့ဆီသို့ လျှောက်သွားပြီး စားပွဲပေါ်တွင် ထိုင်လိုက်သည်။
“ငါတောင်းတာ အကျိုးအကြောင်းသင့်ပါတယ်” ထွတ်ရှောင်ကုန်း ပြုံး လိုက်သည်။
“ဘယ်လိလုုပ် အကျိုးအကြောင်းသင့်မျာလဲ အဲဒါတွေကို သုံးတောင် မသုံးရသေးဘူး”
“အခုမသုံးတာက နောက်ကို မသုံးဘူးလို့မှ မဆိုလိုတာ”
“ဘာအဓိပ္ပာယ်လဲ” ရှီမာယူယူ မေးလိုက်သည်။
“တချို့ကိစ္စတွေရဲ့ တန်ဖိုးက အပြင်ပန်းတင်မဟုတ်ဘူး ငါမင်းကိုပေးတဲ့ ပစ္စည်းက ဘယ်လောက်အရေးကြီးလဲဆိုတာ နောက်ကျရင်သိလာလိမ့်မယ်” ထွတ်ရှောင်ကုန်းသည် ပြောပြီးသည်နှင့် နေပူစာလှုံရန် မျက်လုံးမှိတ်လိုက် သည်။
ရှီမာယူယူသည် ထိုစကား၏အဓိပ္ပာယ်နှင့် အရိပ်အမြွက်ကို မေးချင်မိ သည်။ သို့သော် သူသည် နေရောင်အောက်တွင် သက်တောင့်သက်သာဖြစ်နေ သည်ကို မြင်သောအခါ သူမ ထပ်မေးလည်း ပြန်မဖြေမည်ကို သူမသိသည်။
ထွတ်ရှောင်ကုန်းသည် ကမ်းစပ်ရောက်သည်အထိ ဘာမှမပြောပေ။ ထွတ်ရှောင်ကုန်းသည် ဘာမှမပြောဘဲ သူတို့ကို ပို့ပေးပြီးနောက် တင်ပါးကို ဖုန်ခါပြီး ထွက်သွားလေသည်။
ရှီမာယူယူသည် သူ့ကို ကန်ချင်မိသည်။ သူတို့က တစ်ယောက်နဲ့ တစ် ယောက်သိနေကြပြီပဲ၊ ဒီလိုမျိုး မောက်မာနေဖို့ လိုလို့လား။ ပြီးတော့ သူက အပြင်ကို ခရီးသွားမယ်လို့ ပြောတာမလား။ သူက ဘာလို့မဆင်းတာလဲ။
“ဒီနေရာက ဘယ်လိုလုပ် လာတိုင်းပြောင်းလဲသွားရတာလဲ၊ တခြားနေရာ ကို ငါသွားဦးမယ် ရေစက်ပါရင်တော့ ငါတို့ပြန်တွေ့မှာပေါ့….”
ရှီမာယူယူနှင့်အဖွဲ့သည် ကမ်းစပ်တွင် ရပ်နေကြသည်။ သူ ဦးတည်သွား သောဘက်မှာ ကျွန်းဆီသို့ပြန်သည့်လမ်း မဟုတ်သည်ကို သူမ သိလိုက်သည်။
“သူက ဘာအဓိပ္ပာယ်နဲ့ပြောသွားတာလဲ” ဟန့်မြောင်ရွှမ် မေးလိုက်သည်။
ရှီမာယူယူလည်း ရှုပ်ထွေးသွားကာ ခေါင်းခါယမ်းလိုက်သည်။ သူတို့သည် အတူထွက်လာခဲ့လိုက်ကြသည်။
အရေးအကြီးဆုံး ကိစ္စမှာ ဖြေရှင်းပြီးသွားသဖြင့် သူမ စိတ်အေးသွား သည်။ သူမသည် အလောတကြီး ခရီးမနှင်ပေ။ အရင်ဆုံး ဒါရိုက်တာမုံ့ဆီသို့ လူလွှတ်ပြီး သတင်းပို့သည်။ သူတို့အဖွဲ့အပြန် လမ်းတစ်လျှောက်တွင် ရှုခင်း များကိုရှုစားပြီး စကားတပြောပြောနှင့် အေးဆေးပြန်လာကြသည်။
သူတို့ ရှီမာအိမ်တော်သို့ ပြန်ရောက်ချိန်တွင် နှစ်တစ်ဝက်ကုန်လွန်သွားပြီ ဖြစ်သည်။ ရှီမာမိသားစုမှ လူအားလုံးသည် သူတို့ပြန်လာသည်ကိုမြင်သည်နှင့် စိတ်လှုပ်ရှားကြသည်။ ရှီမာချင်းသည် ရှီမာယူယူအားကြည့်ပြီး ခေါင်းညိတ် လိုက်သည် “တကယ်ပဲ သမီးကိုတားနိုင်တာမရှိဘူးပဲ”
ရှီမာယူယူသည် နှာခေါင်းကိုပွတ်လိုက်သည်။ သူမရဲ့ ဘိုးဘေးကြီးက သူမကို လျော့တွက်ခဲ့တာလား။
“ဒီတစ်ခေါက်ရော ဘယ်လောက်နေမှာလဲ” ရှီမာကျိယွမ် မေးလိုက်သည်။
“ခဏတော့နားဦးမယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “သမီးဆရာတို့ကို ဂိုဏ်းအထိ အဖော်ပြုပြီးလိုက်ပို့လိုက်ဦးမယ် ပြီးတော့ ထိပ်တန်းတောင်ကြား ကို သွားမယ်၊ ဖန်အာနဲ့ ရှန်ယိတို့ မင်္ဂလာပွဲက နှောင့်နှေးနေတာ ကြာပြီ… သူတို့ က သမီးပြန်လာမှ လက်ထပ်မယ်ပြောနေတာ”
“ဒီနှစ်တွေမှာ ဒီကိစ္စတွေကို အများကြီးလုပ်လာခဲ့ပြီးပြီ စိတ်ပြေလက် ပျောက် လည်လို့ရပါတယ်” ရှီမာဟော်ရွှမ်း ပြောလိုက်သည်။ “ဒါပေမဲ့ ဂရုစိုက် ရမယ်”
“သမီး သိပါတယ်”
မိသားစုသို့ ပြန်လာပြီးနောက်တွင် သူမသည် မိသားစုကို ပြန်ပြီးအသက် ဝင်စေသည်။ သူမသည် ဖန်ရူယန်၏ ရောဂါဟောင်းကို ကုသပေးခြင်း၊ ရှီမာလျူရွှမ်အတွက် အံ့ဖွယ်ဆေးရှာရန် လျှို့ဝှက်မျိုးနွယ်ဆီသို့သွားခြင်းနှင့် ဆရာတို့ကိုရှာရန် ပျောက်ဆုံးနေသော နယ်မြေသို့သွားခဲ့သည်။ သူမသည် စိတ်ထဲမှ ကိစ္စများကို ဖိအားအပေးဆုံးဖြစ်သည်။ သူမ အခုချိန် စိုးရိမ်မိသည်မှာ မိခင်ဖြစ်သူကို မရှာရသေးကာ မိသားစုပြန်ဆုံရန်လိုနေခြင်းဖြစ်သည်။
အင်း… သူမသည် ဝူလင်းယူဘက်မှ ကိစ္စများကို စိုးရိမ်မိသော်လည်း သူ သည် ဖြေရှင်းရန် အရည်အချင်းရှိသည်ဟု သူမ ယုံသည်။
မိခင်ဖြစ်သူကို ရှာရန် သူမသည် တစ္ဆေလောကသို့ သွားရမည်။ သူမ၏ လက်ရှိအားနှင့်ဆိုလျှင် သွားရန်ခက်ခဲသည်။ တကယ်ပဲ သူမအဆင့်တက်တဲ့ အချိန်ထိ စောင့်ဖို့လိုလား။
သူမသည် မိုယွိ၏ နည်းလမ်းကိုသုံးချင်သည်။ သို့သော် သုံးရမည်ကို တုံ့ဆိုင်းနေသေးသည်။ သူမ အဲဒီကိုသွားရင် ဘယ်လိုအခြေအနေမျိုးတွေ့မှာ လဲ။ ဒိကျဲ့ကရော အဲဒီမှာအသင့်ဖြစ်ပြီလား။
***