← Chapters

ပြန်လာခြင်း

Vol. 118 Ch. 1652

ပြန်လာခြင်း

Vol. 118 Ch. 1652

တစ္ဆေလောကသို့ သွားရန်မှာ စောလွန်းနေသေးသည်။ အခုချိန် သူမတွင် အပြင်ပိုင်း နောက်ခံများရှိသော်လည်း တစ္ဆေလောကသို့ စွန့်စားထွက်ရန်မှာ အလွန်အလှမ်းဝေးနေသေးသည်။

စိတ်ပူနေ၍လည်း အသုံးမဝင်ပေ။

သို့သော် သူမတင်မဟုတ် တခြားသူများလည်း ထိုသို့တွေးမည်ဖြစ်သည်။

“ယူယူ ငါ ကံကောင်းလေးနဲ့ ကစားနေတုန်းကို မင်းရဲ့ဆရာနဲ့အဖေတို့က တစ္ဆေလောကအကြောင်း ပြောနေတာကိုကြားခဲ့တယ်၊ ကြည့်ရတာ သူတို့ နှစ် ယောက်က မင်းကိုမပြောဘဲ တိတ်တိတ်လေးသွားကြမယ့်ပုံပဲ” ဟိန်းသံလေး သည် သူသစ္စာရှိကြောင်း ပြသလေသည်။

ရှီမာယူယူ ထိတ်လန့်သွားသည်။ သူမသည် ရှီမာလျူရွှမ်၏ ခြံဝန်းဆီသို့ အမြန်သွားလိုက်သည်။ သူမ ဝင်လာသည်နှင့် စကားပြောနေကြသောလူနှစ် ယောက်သည် ရပ်လိုက်ကြသည်ကို မြင်လိုက်ရ၏။

“အဖေ ဆရာ တစ္ဆေလောကကို မပြောဘဲသွားတော့မလို့လား” သူမ လျှောက်သွားပြီး တည့်တိုးပင်မေးလိုက်သည်။

ဖန်ကျိရှင်းသည် မျက်တောင်ခတ်လိုက်ကာ ငြင်းဆန်မည်ပြုသော်လည်း စကားဖြတ်ပြောခံလိုက်ရသည်။

“ဟိန်းသံလေးနဲ့ ကံကောင်းလေးတို့ ကြားလိုက်တယ်”

ဖန်ကျိရှင်း၏ စကားလုံးများသည် စကားတစ်ခွန်းနှင့်တင် ကြားဖြတ်ခံ လိုက်ရသည်။

“ငါတို့သွားမယ်လို့ မပြောပါဘူး ဆွေးနွေးနေရုံတင်ပါ” ရှီမာလျူရွှမ်သည် သမီးဖြစ်သူကို နားလည်သည်။ သူမသည် ထိုသို့ပြောလိုက်လျှင် သဘောပေါက် သည်။

“အဖေ ဆရာ ရင်လင်းအရင်က ဘာပြောခဲ့လဲသိလား” သူမသည် သူတို့ ဘေးတွင်ဝင်ထိုင်ကာ စိုက်ကြည့်လိုက်သည်။

“သူက ဘာပြောတာလဲ”

“အမေ့ကို သမီးတစ်ယောက်ပဲ ကယ်နိုင်မယ်လို့ သူပြောခဲ့တာ”

“သူက ဘယ်လိုလုပ် အဲလိုစကားမျိုးပြောရတာလဲ” သူ၏ သရုပ်မှန်သည် မှော်ဆန်ဆန်ဖြစ်သည်။ သူ့လိုလူသည် ပြောသမျှစကားကို ပေါက်ကြား၍မဖြစ် ပေ။ အဲဒါက သေချာပါ့မလား။

ရှီမာယူယဓသည် တစ္ဆေတစ်ရာအလံတော်ကိုထုတ်ပြီး ကျောက်စားပွဲ ပေါ်သို့တင်လိုက်သည်။

“ဒါကဘာလဲ” ဖန်ကျိရှင်း မေးလိုက်သည်။

“တစ္ဆေတစ်ရာအလံတော်”

ရှီမာယူယူသည် တစ္ဆေတစ်ရာအလံတော်၏ လုပ်ဆောင်ချက်ကို ရှင်းပြ လိုက်သည် “ဝမ်းကွဲအစ်ကိုက ဒါကိုသုံးပြီး အမေ့ကိုကယ်ဖို့လုပ်နေတာ၊ အဲဒါကို ရင်လင်းက ဒီပစ္စည်းကို ဘာလို့ သမီးကိုပဲ ယူခိုင်းခဲ့တာလဲ၊ လူသားလောကမှာ က ဒါကိုယူထားလည်း ဘာအသုံးဝင်မှာလဲ၊ တခြားသူတွေလုပ်နိုင်ရင် ဒီပစ္စည်း ကို ဘာလို့ သမီးကိုမှ ယူထားစေချင်တာလဲ”

သူတို့နှစ်ယောက်သည် သူမကြောင့် ဆွံ့အသွားလေသည်။ ရင်လင်းသည် ထိုသို့ ပြောခဲ့လိမ့်မည်ဟ သူတို့တကယ်ပင် ထင်မထားကြပေ။

“အဲဒါကြောင့် အဖေ၊ ဆရာ တစ္ဆေလောကကို ခိုးသွားလို့မရဘူး အချိန် တန်ရင် သမီးက အမေ့ကိုကယ်ဖို့ တစ္ဆေလောကကို သွားမှာ” ရှီမာယူယူ ပြော ဆိုလိုက်သည် “အဖေတို့ သဘောမတူဘူးဆိုရင် အထူးတလည် ကင်းထောက် ထားရတော့မယ်”

ရှီမာလျူရွှမ် ပြုံးလိုက်သည်။ “အိုး ဘယ်လို အထူးတလည် ကင်းထောက် ထားမှာလဲ”

“နီရဲပျားတွေကို အဖေတို့ ရေချိုးတာ သန့်စင်ခန်းသွားတာအထိ လိုက်ခိုင်း မယ်၊ အဖေတို့ အန္တရာယ်ဖြစ်ရင် သမီးသိမှာပဲ၊ နီရဲပျားတွေကို ပ,ထုတ်ရင်တော မကောင်းတာလုပ်မယ်လို့ ဆိုလိုတာပဲ” ရှီမာယူယူသည် ကောက်ကျစ်စွာ ပြုံး လိုက်သည်။

“….”

သူတို့သည် အခက်တွေ့နိုင်မည့် အခြေအနေ ရောက်မသွားစေရန် အလောတကြီးမလုပ်ပါဟု ကတိပေးလိုက်ရသည်။  ထိုမှသာ သူမသည် မကောင်းမှုလုပ်ရန်အတွက် နီရဲပျားများကို မထုတ်တော့ပေ။

သို့သော် သူမတွင် အစီအစဉ်ရှိပါက သူတို့ကိုခေါ်သွားမည်ဟု ကတိပေး လိုက်ရသည်။ နှစ်ဦးနှစ်ဖက် သဘောတူညီချက်လုပ်ထားမျှသာ ကွယ်ရာတွင် ခိုးမလုပ်တော့မည်ဖြစ်သည်။

ရှီမာယူယူသည် ကျေနပ်လောက်သော အဖြေရသည်နှင့် ထွက်သွားကာ ရှုဂျင်းနှင့် ဟော်လန်တို့နှင့်အတူ ဂိုဏ်းသို့သွားရန် စီစဉ်တော့သည်။ ထို့ကြောင့် ရှီမာမိသားစုတွင် ဆယ်ရက်ကျော်နေထိုင်ပြီးနောက် ပြန်ထွက်ခွာကြသည်။ သူတို့သည် အတွင်းပိုင်းဒေသတွင် လည်ပတ်ပြီးမှသာ ဂိုဏ်းသို့ပြန်ကြလေ သည်။

သူမသည် ဂိုဏ်းဂိတ်တံခါးပေါက်ရှေ့တွင် ရပ်နေရင်း ရင်းနှီးသော မြင်ကွင်းတစ်ခုကို ကြည့်နေရသည်မှာ ထူးဆန်းသလိုခံစားရသည်။

သူမ ဤနေရာမှ ထွက်လာသည်မှာ အလွန့်အလွန်ပင် ကြာခဲ့ပုံပေါ်သည်။ ဂိုဏ်းတွင်ရှိခဲ့သော နေ့ရက်များမှာ အလှမ်းဝေးနေသလိုပင်။

“ယူယူလား” ရင်းနှီးသော အသံတစ်သံသည် အနောက်မှ ထွက်လာသည်။ ရှီမာယူယူ ခေါင်းလှည့်ကြည့်ရာ ရှဲရုန်နှင့် မာပိုတို့သည် ဝင်ပေါက်ဆီသို့ လျှောက်လာကြသည်ကို မြင်လိုက်ရသည်။

အသံမှာ အနည်းငယ် တုံ့ဆိုင်းနေသည်။ သို့သော် သူမ လှည့်ကြည့်လိုက် သည်နှင့် ရှဲရုန်သည် ပျော်ရွှင်စွာ ပြေးလာသည် “တကယ်ပဲ မင်းလား ခုနက မင်း ရဲ့ကျောပြင်ကို မြင်လိုက်တာ ဟုတ်ပါ့မလားလို့ မသေချာနေတာ”

“တကယ်ပဲ မင်းတို့ပဲ” ရှီမာယူယူသည် သူတို့နှစ်ယောက်ကို ကြည့်လိုက် သည် “မင်းတို့က ငါအတွင်းဂိုဏ်းကို ဝင်လာတုန်းက ပထမဆုံးတွေ့ခဲ့တဲ့လူတွေ ပဲ၊ ငါ ပြန်လာတော့လည်း ပထမဆုံးပြန်တွေ့တဲ့ သူငယ်ချင်းဖြစ်နေတယ်”

“အိုး ငါတို့က ရေစက်ပါတာပဲ” ရှဲရုန် ပြုံးလိုက်သည် “အခုမှ ပြန်လာတာ လား”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဆရာနဲ့ ငါက အတူပြန်လာတာ သူတို့ အရင်သွားနှင့်လိုက်ပြီ ငါပြန်လာတော့ မင်းတို့နဲ့ တွေ့တာပဲ မင်းတို့က ဘာလို့ ဂိုဏ်းမှာပဲရှိသေးတာလဲ”

သူတို့၏ အသက်အရွယ်နှင့် အားကိုတွက်ကြည့်လျှင် ဂိုဏ်းမှထွက်သွား သင့်နေပြီမဟုတ်လား။

“ငါတို့က အပြင်ဂိုဏ်းမှာ ဆရာဖြစ်နေကြပြီ” ရှဲရုန် ပြန်ဖြေလိုက်သည် “ဆရာဖြစ်တာ နှစ်နှစ်တော့ရှိပြီ”

“အာ… ဂုဏ်ပြုပါတယ် နောက်ဆိုရင်ဆရာမရှဲနဲ့ ဆရာမာလို့ခေါ်ရတော့ မှာပေါ့” ရှီမာယူယူ ရယ်မောလိုက်သည်။

တချို့ကျောင်းသားများမှာ ကျောင်းပြီးလျှင် ကျောင်းတွင်သာနေရန် ရွေးချယ်တတ်သည်ကို သူမသိသည်။ သို့သော် ထိုအရာမှာ ခက်ခဲသည်။ သူတို့ နှစ်ယောက်မှာ အောင်မြင်လိမ့်မည်ဟု သူမ ထင်မထားပေ။

“ငါတို့ကို နောက်မနေပါနဲ့တော့ ငါတို့နှစ်ယောက်က သွားစရာရှိနေတာ” ရှဲရှန် ပြောလိုက်သည် “အခု မင်းပြန်လာတာကို ကျောင်းကလူတွေ သိရင် ပွက်လောရိုက်သွားကြမှာပဲ”

“မဖြစ်နိုင်တာ ငါ သွားလိုက်တာြဖင့် ကြာလှပြီ” ရှီမာယူယူသည် မယုံပေ။

“ဒါပေမဲ့ မင်းနာမည်က ဂိုဏ်းမှာနာမည်ကြီးတုန်းပဲ” ရှဲရုန် ရှင်းပြလေ သည် “ယုံယုံ မယုံယုံ ငါ နင့်နာမည်အော်လိုက်ရင် ကျောင်းထဲကိုဝင်ချင်မှာ တောင် မဟုတ်တော့ဘူး”

သူမ လုပ်ခဲ့သမျှသည် ကျောင်းထဲတွင် အကြာကြီး သတင်းပျံ့နေခဲ့သည်။ အမှောင်တောမှကိစ္စ သို့မဟုတ် အရှေ့မျှတမှုမြို့တော်မှ ဘေးဒုက္ခများ အကြောင်းကို သူတို့ပြောနေကြတုန်းပင်ဖြစ်သည်။ ထိုကဲ့သို့လူတစ်ဦးသည် ဂိုဏ်းမှလာခြင်းဖြစ်ကြောင်း ဂုဏ်သတင်းကတော့ လူအများသိရန်လိုအပ်သေး သည်။ သူမသည် သက်ရှိစံပြအမှတ်အသားသာဖြစ်သည်။

“ငါ့ကိုတော့ လှည့်ကွက်မဆင်ဘူးမလား” ရှီမာယူယူသည် စိုးရိမ်မှုမရှိ ပေ။ ရှဲရုန်နှင့် မာပိုတို့သည် သူတို့သူငယ်ချင်းများကို ထိခိုက်အောင် လုပ်မည် မဟုတ်ပေ။

“ဟားဟား မင်း မှန်းမိနေပြီပဲ” ရှဲရုန် ပြောလိုက်သည် “ဝင်ရအောင် မင်း ပြန်မလာတာ အရမ်းကြာနေပြီ ကျောင်းကိုပတ်ကြည့်သင့်တယ်”

“ဟုတ်ပြီလေ”

ရှီမာယူယူနှင့် တုလေးတို့သည် ဂိုဏ်း၏ ဂိတ်ပေါက်မှ လိုက်ဝင်သွားလိုက် ကြသည်။ သူတို့ ရှေ့မှ မြင်ကွင်းသည် အရင်အတိုင်းပင်။ သို့သော် ဖြတ်သွား သောကျောင်းသားများမှာတော့ မတူတော့ပေ။ အရာတိုင်းမှာ တူညီသော်လည်း လူများမှာ ပြောင်းလဲသွားပြီဖြစ်သည်။

သူမသည် ရှဲရုန်တို့နှင့် အချိန်ယူပြီး စကားမပြောတော့ပေ။ သူမနှင့် တုလေးတို့သည် ဖြတ်လမ်းဝင်္ကပါအတွင်းဝင်ကာ အတွင်းဂိုဏ်းသို့ သွားလိုက် ကြသည်။

ဖြတ်လမ်းဝင်္ကပါစောင့်နေသူများသည် သူမကို မြင်သောအခါ မျက်လုံး ပြူးသွားကြသည်။ သူတို့သည် ကျောက်ရုပ်ဖြစ်သွားကြလေသည်။ သူမနှင့် တုလေးတို့ တည်ဆောက်မှုထဲသို့ ဝင်မှပင် တုံ့ပြန်နိုင်ကြလေသည် “ခုနက လူက ရှီမာယူယူလား”

“ဟုတ်တယ် သူမပဲ သူမက ရုတ်တရက်ကြီး ဘာလို့ပြန်လာတာလဲ၊ ငါတို့ တုံ့ပြန်ဖို့အချိန်တောင် မရလိုက်ဘူး”

တချို့ကျောင်းသားများသည် အပြင်မှဝင်လာပြီး မေးကြလေသည် “ဘယ်သူ့ အကြောင်းပြောနေကြတာလဲ ဘယ်သူပြန်လာတာလဲ”

“ရှီမာယူယူ”

“ရှီမာယူယူ…. ဘာ ရှီမာယူယူဟုတ်လား” ကျောင်းသားများသည် အော်ကြလေသည် “ရှီမာယူယူ ပြန်လာပြီလို့ ပြောလိုက်တာလား”

“ဘာလို့ အဲလောက် အံ့ဩနေတာလဲ”

“မိုးနတ်မင်းရေ ငါတို့ စံပြပုဂ္ဂိုလ်ကြီး ပြန်လာပြီ ငါ အကုန်လုံးကို သတင်း သွားပို့လိုက်ဦးမယ်” ကျောင်းသားများသည် ပြေးထွက်ကာ ရှီမာယူယူ ပြန်လာ ကြောင်းကို သတင်းပေးလိုက်သည်။

မကြာမီတွင် အပြင်ဂိုဏ်းမှလူအားလုံးသည် သူမ ပြန်လာကြောင်းကို သိသွားကြသည်။ သတင်းမှာ လျင်မြန်စွာပင် အတွင်းဂိုဏ်းသို့ ပျံ့သွားသည်။ စိတ်ဝင်တစားရှိလှသော ကျောင်းသားများကိုကြည့်ပြီး သူမ လန့်သွားကာ ဟိန်းသံထောင်ချီကို အမြန်ပင်ခေါ်ထုတ်ကာ ထိုလူများကိုရှောင်ရန် ရုပ်ပြောင်း လိုက်ရတော့သည်။

***

All Chapters