← Chapters

ခေါင်းစဉ်မဲ့

Vol. 119 Ch. 1653

ခေါင်းစဉ်မဲ့

Vol. 119 Ch. 1653

မုံ့ဆန်းချွယ်၏ ရုံးခန်းကိုရောက်မှပင် သူမသည် ဟိန်းသံထောင်ချီနှင့် ခွဲလိုက်ပြီး မူလပုံစံအသွင်ပြောင်းလိုက်သည်။

သူမ မျက်ရည်ဝဲစွာဖြင့် ရင်ဘတ်သူမ ပုတ်သည်ကိုမြင်သောအခါ အခန်း ထဲရှိလူအားလုံး ရယ်မောကြလေသည်။

“အခုခေတ်ကျောင်းသားတွေက ဘာလို့ ဒီလောက်တောင် အယူသည်းရ တာလဲ” သူမ သက်ပြင်းရှည်ချလိုက်သည်။

သူမ ဂိုဏ်းထဲမှာရှိတုန်းက အဲလိုမလုပ်ခဲ့ဘူးမလား။ သူမ ထွက်သွားတော့ သူတို့က ဘာလို့ရူးသွပ်သွားကြတာလဲ။

“ဟားဟား အခု မင်းက တစ်ဂိုဏ်းလုံးရဲ့ စံပြပုဂ္ဂိုလ်ကြီးဖြစ်နေတာလေ တော်တော်များများက မင်းကိုမမြင်ဖူးကြပေမဲ့ ရင်းနှီးနေကြပြီလေ” ဖန်လေ ပြုံးလေသည်။

“ဒီလိုတော့ မဖြစ်သင့်ပါဘူး ကြောက်ဖို့ကောင်းလိုက်တာ” ရှီမာယူယူ သည် အကူအညီမဲ့နေသည်။ သူတို့ ဒီလိုဖြစ်နေရင် ဂိုဏ်းထဲမှာ ဘယ်လိုလုပ် လွတ်လွတ်လပ်လပ်လျှောက်သွားလို့ရတော့မှာလဲ။

“ဘာလို့လဲ မင်းအပြင်မှာလုပ်တဲ့ ကိစ္စတွေကို အကုန်လုံးသိကြတယ်၊ ဂိုဏ်းတစ်ခုလုံးကလည်း သိကြတာပဲ အထူထးသဖြင့် အရှေ့မျှတမှုမြို့တော်မှာ တုန်းက တစ္ဆေမျိုးနွယ်ကို တစ်ယောက်တည်း နှင်ထုတ်တာရယ် မိုးကြို ဘေးဒုက္ခကြီးက ကျောင်းသားတွေရဲ့ ပုံပြင်တွေမှာ အသက်ဝင်နေတာ၊ ငါတို့လို လူအိုကြီးတွေတောင် မမြင်လိုက်ရလို့ နောင်တရနေကြတာ” ဖန်လေ စနောက် လေသည်။

“….”

သူမက ဘယ်မှာ မြင့်မြတ်ထူးကဲနေလို့လဲ။ မိုးကြိုးအပစ်ခံပြီး သေတော့ မလိုဖြစ်နေတာကိုပဲ။

သူမသည် မကစားသင့်တော့ဟု ခံစားမိသည်။

“အဲဒါက ပြဿနာမရှိပါဘူး အစ်မကြီး အပြင်သွားရင် ရုပ်ပြောင်းရုပ်လွှဲ လုပ်သွားလိုက်လို့ရတာပဲ” တုလေးသည် သူမ၏ ဆွံ့အနေမှုကို မြင်နေရသည်။

“အဲလိုပဲ လုပ်ရတော့မှာပဲ ဟူး…” သူမသည် ခုံကို အားလျော့စွာဖြင့် မှီ လိုက်သည် “ဆရာ ကြည့်ရတာ ကျွန်မ စောစောသွားရတော့မယ်ထင်တယ်”

“ထိပ်တန်း တောင်ကြားကိုလား” ရှုဂျင်း မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ကျွန်မက ဂိုဏ်းကိုကြည့်ချင်တာ အခု ဒီလိုအခြေအနေနဲ့ မကြည့်ရမှတော့ စောစောပဲထွက်သွားလိုက်ရမှာပဲ”

“မင်းမောင်လေးကလည်း လက်ထပ်တော့မှာဆိုတော့ ဂုဏ်ပြုပေးရမှာ‌ ပေါ့ အတူသွားကြတာပေါ့” ရှုဂျင်း ပြောလိုက်သည်။

“ဒီကောင်တော့ အခုလေးတင်မှ ပြန်လာတာ ထပ်ထွက်သွားချင်နေပြီ လား၊ ဂိုဏ်းကိစ္စတွေကို ငါနဲ့လောင်ဖန်ကိုပဲ အပ်ထားတော့မှာလား၊ မင်း မသွား ရဘူး တစ်ယောက်ယောက်သွားရမယ်ဆိုရင် ငါသွားမယ်၊ မင်း ဂိုဏ်းမှာနေပြီး ကိစ္စတွေကို ကိုင်တွယ်ထားလိုက်” မုံ့ဆန်းချွယ်သည် အေးဆေးတည်ငြိမ်စွာပင် ပြောလေသည်။

“ကျုပ်က ပြန်မလာတာ နှစ်ဆယ်ချီနေပြီ ဘယ်လိုလုပ် ကိုင်တယ်တတ် တော့မှာလဲ” ရှုဂျင်း သဘောမတူပေ “ဟေး ဒီမှာ လောင်ဖန်ရှိတယ်မဟုတ်ဘူး လား သူ့ကို ကြည့်လုပ်ခိုင်းလိုက်ပေါ့”

“အဲဒါကို စဉ်းတောင်မစဉ်းစားနဲ့ လောင်မုံ့နဲ့ ကျုပ်သွားမှာ မင်းနဲ့ ဟော်လန်တို့က အကြာကြီးပျောက်သွားတာ အဲဒါကြောင့် မင်းတို့ကိုင်တယ် သင့်တာ” ဖန်လေ ပြန်ချေပလေသည်။

“မဟုတ်ဘူး လောင်ရှုပြောတာမှန်တယ် ကျုပ်တို့က ဒီကိစ္စတွေနဲ့ ကင်းကွာနေတာ ကြာပြီ ကျုပ်တို့ လုပ်လိုက်မှ ပြဿနာတွေတက်သွားမှဖြင့် ခင်ဗျားတို့ပဲ လုပ်လိုက်ကြပါ” ဟော်လန်သည်း သဘောမတူပေ “ပြီးတော့ လောင်ရှုက ယူယူရဲ့ဆရာလေ ကျုပ်က ယူယူရဲ့ဆေးပညာဆရာပဲ၊ သူ့ မောင်လေး လက်ထပ်တာဆိုတော့ ကျုပ်တို့ သွားရမှာပေါ့”

“ဟုတ်တယ် ခင်ဗျားတို့က ဒီမှာပဲနေလိုက်တာ ကောင်းမယ် ဟုတ်တယ် မလား ယူယူ” ရှုဂျင်းသည် ရှီမာယူယူအား ဆွဲသွင်းလေသည်။

ရှီမာယူယူသည် ထိုအငြင်းပွားမှုတွင် သူမကိုပါ ဆွဲထည့်လိမ့်မည်ဟု ထင် မထားပေ။ သူမသည် ဝင်ပါရန် စိတ်ကူးမရှိပေ။ သူမသည် မုံ့ဆန်းချွယ်အား ကြည့်ပြီး “ဒါရိုက်တာမုံ့ ကျောင်းအုပ်ယွမ် အဆင်ပြေရဲ့လား”

မုံ့ဆန်းချွယ်သည် အနည်းငယ် အံ့အားသင့်သွားသည်။ သူ့မျက်နှာမှာ အနည်းငယ် သဘာဝမကျသလိုဖြစ်သွားသည်။ ထို့နောက် ပြုံးလိုက်သည် “သူ အဆင်ပြေပါတယ် တစ်ခါတစ်ခါ သတင်းပို့ပါတယ်”

ပြောရန် မသင့်တော်သည့် တစ်စုံတစ်ရာ ရှိသည်ဟု ရှီမာယူယူ နားလည် လိုက်သည်။ သူသည် တည်ငြိမ်နေသဖြင့် ပြဿနာကြီးမဟုတ်သည့်ပုံပင်။

“ဒေါက် ဒေါက်…” တံခါးခေါက်သံ ထွက်ပေါ်လာသည်။ မုံ့ဆန်းချွယ်သည် ဝင်ခွင့်ပြုလိုက်သည်။ အမျိုးသားတစ်ယောက်သည် တံခါးတွန်းဖွင့်လိုက်သည်။ သူပထမဆုံးမြင်လိုက်ရသည်မှာ ရှီမာယူယူပင် ဖြစ်သည်။

သူမ တကယ်ပြန်လာပြီပဲ။ သတင်းတွေက အမှန်ပဲထင်တယ်။

“စစ်မြောင် မင်းပြန်လာပြီလား အကုန်အဆင်ပြေရဲ့လား” မုံ့ဆန်းချွယ်၏ အသံသည် ဝမ်စစ်မြောင်၏ အတွေးများကို အနှောင့်အယှက်ပြုလိုက်သည်။ သူ သည် ရှီမာယူယူအား ခေါင်းညိတ်ပြလိုက်သည်။ သူသည် မုံ့ဆန်းချွယ်၏ စားပွဲ ဆီသို့ လျှောက်သွားပြီး သူ့ကို သတင်းများကို လက်လွှဲပေးလိုက်သည် “နေရာ နှစ်ခုလုံးကို လူလွှတ်ပြီး စုံစမ်းလိုက်ပါပြီ ဒါပေမဲ့ သူတို့ကို မတွေ့ရဘူး ပြီးတော့ အဲနားက နှစ်မြို့လုံးက သုတ်သင်ခံလိုက်ရတယ်”

သူ့အသံမှာ အေးစက်နေသော်လည်း ဒေါသကို ချုပ်တည်းထားသံပေါက် သည်။

“အဲလူတွေက ပိုပိုပြီး အတင့်ရဲလာကြတယ်” ဖန်လေနှင့် မုံ့ဆန်းချွယ်တို့ နှစ်ယောက်လုံးသည် ဒေါသထွက်ကြလေသည်။

“ဘာဖြစ်ကြတာလဲ” ဟော်လန် မေးလိုက်သည်။

“မသေလူကိစ္စပဲလေ” မုံ့ဆန်းချွယ်သည် စိတ်တိုတိုနှင့် ပြောလေသည် “အရင်က သူတို့က အတွင်းပိုင်းဒေသမှာဆိုတော့ ဂရုမစိုက်ခဲ့ဘူး အခု သူတို့က အပြင်ဒေသမှာပါရောက်နေကြပြီ နေရာတော်တော်များများမှာ ဖြစ်နေပြီ”

“မသေလူ ဟုတ်လား” ရှုဂျင်းနှင့် ဟော်လန်တို့သည် ထိုကိစ္စကိုမသိကြ ပေ။

“ပြောရင်းနဲ့ ငါတို့ကို လူလွှတ်ပြီး သတိပေးတာက ယူယူပဲ” မုံ့ဆန်းချွယ် ရှင်းပြလေသည် “ငါမသိခဲ့ဘူး ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းမှာ သခင်တွေ ပိုပိုပြီး ပျောက်လာတယ်၊ ပြည်သူတွေ ပိုပိုပြီးအသတ်ခံလာရတယ်၊ ကြည့်ရတာ သူတို့ က အကြံကြီးရှိတဲ့ပုံပဲ”

ရှီမာယူယူသည် ဝိညာဉ်စေတီထဲမှ မသေလူအပုံလိုက်ကို တွေးမိလိုက် သည်။ မသေလူ အများကြီးဆုံးရှုံးလိုက်ရလို့ သူတို့က ပိုပြီးစုဆောင်းနေတာ လား။

“ဒါရိုက်တာမုံ့ အဲဒီသတင်းကို ကျွန်မကို ပြပေးလို့ရမလား” သူမ မေး လိုက်သည်။

မုံ့ဆန်းချွယ်သည် သူမဆီသို့ သတင်းပြရန် ဝမ်စစ်မြောင်ကို ပြောလိုက် သည်။ သူမသည် လျင်မြန်စွာပင် ဖတ်ကြည့်ရာ ပျောက်သွားသည့်လူများ၏ အားမှာ မနိမ့်ဘဲ သူမဝိညာဉ်စေတီအတွင်းမှလူများနှင့် ခပ်ဆင်ဆင်ဖြစ်သည်ကို တွေ့လိုက်ရသည်။ နေရာများမှာ အားနည်းသူ ပြည်သူအများစုနေသည့် နေရာ တွင်ဖြ်စသည်။

ထိုနေရာများသည် ဂိုဏ်းမှဝေးကွာလှသည်။ ဂိုဏ်းမှ အလျင်စလိုသွား လျှင်လည်း ထိုလူများ ပျောက်သွားနိုင်သည်။

“ဒီကိစ္စကို အမြစ်ကနေရှင်းမှ သက်ရောက်မှုရှိမှာ” ဖန်လေ ပြောလိုက် သည် “မဟုတ်ရင် သူတို့က တစ်နေရာကိုသွားသတ် ကျုပ်တို့က နောက်က လိုက်နေရင်လည်း အသုံးဝင်မှာမဟုတ်ဘူး”

“ဒါပေမဲ့ သူတို့က အရိပ်လိုလှုပ်ရှားနေတာ ကျွန်တော်တို့ ဘာမှလုပ်မရ ဘူး” ဝမ်စစ်မြောင်သည် စိတ်ဓာတ်ကျနေသည်။

“ဒါက… အာ…” မုံ့ဆန်းချွယ်နှင့် ဖန်လေတို့ နှစ်ယောက်လုံး သက်ပြင်းချ လိုက်ကြသည်။ သူပြောသည်မှာ မှန်သည်။ သူတို့သည် အခုချိန်တွင် ရှေ့မတိုး သာ နောက်မဆုတ်သာဖြစ်နေသည်။

“ကျောင်းအုပ်ဖန် ဒါရိုက်တာမုံ့ ကျွန်မမှာ သက်သေတချို့ရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဘယ်လိုသိတာလဲ”

ရှီမာယူယူသည် ယန်းမျိုးနွယ်နှင့် တုနန်မျိုးနွယ်အိမ်တော်တွင် တွေ့ခဲ့ သော မသေလူများအကြောင်းကို ပြောပြလိုက်သည်။

“ကျွန်မမမှားဘူးဆိုရင် ဒါကို ယန်းမျိုးနွယ်နဲ့ တုနန်မျိုးနွယ်တို့က လုပ်နေ တာပဲ” သူမ နိဂုံးချုပ်လေသည် “ကျွန်မတို့ ယန်းမျိုးနွယ်နဲ့တွေ့တော့ သူတို့ မိသားစုကလုပ်နိုင်တဲ့ ကိစ္စမဖြစ်နိုင်ဘူးလို့ ခံစားရတယ်၊ သူတို့အနောက်မှာ တုနန်မျိုးနွယ်ရှိတာက အဓိပ္ပာယ်ရှိနိုင်တယ်”

“တုနန်မျိုးနွယ်က လျှို့ဝှက်မိသားစုပဲ သူတို့အားက တိုင်းပြည်မှာ လွှမ်းမိုး နိုင်တယ်၊ သူတို့က ဘာလို့ဒီလိုလုပ်ရမှာလဲ” အားလုံးသည် မယုံနိုင်ဖြစ်နေကြ သည်။

“တုနန်မျိုးနွယ်က လျှို့ဝှက်မိသားစုဖြစ်ပေမဲ့ သူတို့က အစကတည်းက ယုတ်ညံ့တဲ့အကြံတွေရှိနေတာပဲ၊ ဒုတိယအချက်အနေနဲ့ လျှို့ဝှက်မိသားစုတွေ ကြားမှာ သဘောထားကွဲလွဲမှုတွေရှိမယ်ထင်တယ် အနည်းဆုံးတော့ တုနန် မျိုးနွယ်က မိသားစုတော်တော်များများနဲ့ အဆင်မပြောတာကို သိတယ်၊ တတိယအချက်အနေနဲ့ အားကောင်းတာကို မကြိုက်တဲ့သူမရှိဘူးလေ၊ အခု သူတို့က ဒီနည်းလမ်းကိုသိသွားတော့ သူတို့ရဲ့ မိသားစုစရိုက်နဲ့ဆိုရင် အားစိုက် ပြီး သူများအသက်ရှင်ရေး သေရေးကို ဂရုစိုက်ကြမှာမဟုတ်ဘူး” ရှီမာယူယူ သည် ထိုနှစ်ယောက် ဆက်စပ်နိုင်မည်ဟု ခန့်မှန်းမသည်။

“အဲလိုဆိရင် တုနန်မျိုးနွယ်နဲ့ ယန်းမျိုးနွယ်က တိုင်းပြည်တစ်ခုလုံးရဲ့ ရန်သူဖြစ်နိုင်တယ်”

“အရင်ဆုံး သက်သေရှာရမယ် မဟုတ်ရင် သူတို့ငြင်းနိုင်တယ်”

“ငါတို့မှာ သက်သေရှိနေသရွေ့ ရှာတွေ့နိုင်မှာပါ စစ်မြောင် မင်း ဒီကိစ္စကို သွားစီစဉ်လိုက် ပြီးတော့ ယူယူရဲ့နည်းလမ်းအတိုင်း စစ်ဆေးခိုင်းလိုက် မင်း သေချာပေါက် သက်သေကိုရှာတွေ့ရမယ်” မုံ့ဆန်းချွယ် အမိန့်ပေးလေသည်။

***

All Chapters