တောင်ကြားသို့ပြန်ခြင်း
Vol. 119 Ch. 1654
ဝမ်စစ်မြောင်သည် အမိန့်ကို လက်ခံလိုက်သည်။ ရှီမာယူယူသည် သူ ထွက်သွားသည်အထိ စောင့်ပြီး မုံ့ဆန်းချွယ်ကို မေးလိုက်သည် “ဝမ်စစ်မြောင် က ကျောင်းပြီးသွားပြီလား”
အစောပိုင်းက သူ့လုပ်ဆောင်ချက်မှာ သာမာန်ကျောင်းသား၏ လှုပ်ရှားမှု မဟုတ်ပေ။
“အဲဒီအဖွဲ့က အကုန်လုံးက ကျောင်းပြီးသွားကြပြီ အများစုကတော့ ထွက် သွားကြတယ်၊ သူက နေခဲ့ပြီး ငါ့တာဝန်တွေကို လုပ်ပေးနေတာ” မုံ့ဆန်းချွယ် ပြန်ဖြေလေသည် “သူက စီမံတဲ့နေရာမှာတော်တယ် သူဂိုဏ်းမှာနေခဲ့တာက တော်တော်လေး တိုးတက်တယ်”
“သူတို့အကုန်လုံး ကျောင်းပြီးသွားကြလိမ့်မယ်လို့ ထင်မထားဘူး” ရှီမာယူယူသည် အတိတ်ကိုလွမ်းဆွတ်နေမိသည် “ကျွန်မတို့ နောက်ဆုံးတွေ့ခဲ့ တာတောင် မကြာသေးဘူးလို့ထင်နေတာ”
“မင်း ဂိုဏ်းကိုလာတော့ကို သူတို့က ကျောင်းပြီးတော့မှာလေ၊ အရင်က တော့ သူတို့က ဂိုဏ်းမှာခဏနေဖို့ စဉ်းစားကြသေးတယ်၊ ဒါပေမဲ့ နောက်ပိုင်းကျ တော့ သူတို့လည်း မင်းရဲ့စွမ်းဆောင်မှုကြောင့် စိတ်တက်ကြွသွားကြတော့ ကျောင်းပြီးတာနဲ့ ထွက်သွားကြတာပဲ” မုံ့ဆန်းချွယ်သည် စိတ်ခံစားချက်ပြင်းပြ နေသည်။
ရှီမာယူယူသည် ဂိုဏ်းတွင် ကြာရှည်စွာမနေပေ။ သို့သော် သူမ၏ သက်ရောက်မှုသည် ကြီးမားသည်။ အထူးသဖြင့် ကျောင်းသားများအတွက် ဖြစ် သည်။ သူတို့သည် တက်တက်ကြွကြွပင် ကျင့်ကြံကြသည်။ အကြောင်းအရင်း ကို မေးကြည့်လျှင် ယောက်ျားလေးများသည် သူတို့၏ နတ်ဘုရားမနှင့် ယှဉ် လျှင် အရည်အချင်း မပြည့်ဝသေးဟု ပြောကြပြီး မိန်းကလေးများသည် မိန်းကလေးအချင်းချင်း အရှုံးမပေးနိုင်ဟု ပြောကြသည်။ အကြောင်းအရင်း မျိုးစုံရှိကြသော်လည်း တစ်ခုတူညီကြသည်မှာ သူတို့သည် သူမကို အဆုံးမရှိ ယုံကြည်ကြခြင်းဖြစ်သည်။
ရှီမာယူယူ ရယ်မောလိုက်သည်။ သူမသည် ထိုသို့တည်ရှိချက်မျိုးဖြစ်နေ လိမ့်မည်ဟု သူမ ထင်မထားဖူးပေ။ သူမသည် ဂိုဏ်းအတွက် မလုပ်ပေးဖူးသည် မှာ သိသာလွန်းသည်။ သို့သော် သူမသည် တခြားသူများ၏ စံပြပုဂ္ဂိုလ်ဖြစ်ခဲ့ သည်။
သူမ ထင်မထားမိသော တစ်ခုမှာ သူမ၏ တည်ရှိမှုသည် သူတို့အတွက် လှုံ့ဆော်အားပေးမှုဖြစ်နေသည်။
“အခု တခြားအကြောင်းပြောရအောင် ယူယူ ဘယ်သူ့ကိုခေါ်သွားမှာလဲ” ရှုဂျင်း မေးလိုက်သည်။
ရှီမာယူယူသည် မတ်တတ်ထလိုက်ကာ အားလုံးကို အရိုအသေပြုလိုက် သည် “အဲဒါကိုတော့ ဆရာတို့အချင်းချင်းပဲ ဆုံးဖြတ်ကြပါ ကျွန်မကတော့ သွား နားလိုက်ဦးမယ် အသည်းကွဲတောင်ကြားကို သွားဖို့ ရက်တွေအများကြီးလိုပါ သေးတယ် ဆွေးနွေးဖို့အချိန်အများကြီးရှိသေးတယ်”
သူတို့ ဘာမှမပြောရသေးခင်မှာပင် သူမ ထွက်သွားလေသည်။ ဘယ်သူ့ ကိုလာနောက်နေတာလဲ သူမက ဒီအရှုပ်ထုပ်ကြီးကိုမယူချင်ပါဘူး။
တကယ်တော့ ရလဒ်မှာ ခန့်မှန်း၍ရနေသည်။ မုံ့ဆန်းချယ်တို့သည် ရှုဂျင်း တို့ကို စိတ်မတိုပေ။ ဟော်လန်သည် ကျွန်းတွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ရာ ဂိုဏ်းကိစ္စများကို မည်သို့ လုပ်ချင်စိတ်ရှိမည်နည်း။
သို့သော် သူမ ဘာမှမပြောလိုက်ပေ။ မဟုတ်လျှင် ဒါရိုက်တာမုံ့တို့ စိတ်တို သွားနိုင်သည်။
သူမသည် တုလေးနှင့်အတူ ခွဲခွာခြင်းဥယျာဉ်သို့ ပြန်လာလိုက်သည်။ မကြာမီတွင် ဟန့်မြောင်ရွှမ်တို့ အဖွဲ့လည်း ပြန်ရောက်လာကြသည်။ စူးရှောင်ရှောင်သည် သူ၏ ချက်ချင်းပင် အလုပ်ဝင်ကာ ဥယျာဉ်ကို စတင် ရှင်းလင်းလေသည်။ ကျန်းကျူးရှန့်သည် သူ့အခန်းသူပြန်ကာ အိပ်လေသည်။ ဟန့်မြောင်ရွှမ်သည် သူမကိုဆွဲကာ အစားအစာများ ချက်ပြုတ်ခိုင်းသည်။ ရှောင်ချီသည် ချင်ယိကိုခေါ်ကာ ဂိုဏ်းသို့ပတ်သွားသည်။ သူမသည် ဤနေရာ တွင် နှစ်ပေါင်းများစွာ နေခဲ့သဖြင့် သူမနေခဲ့သောနေရာကို ချင်ယိအား ပြချင် နေသည်။
ရှီမာယူယူ၊ တုလေးနှင့် ဟန့်မြောင်ရွှမ်တို့သည် ဝိုင်းဖွဲ့ကာ စားသောက်ကြ သည်။ အထူးသဖြင့် သူမသည် ဟိန်းသံလေးနှင့် ကံကောင်းလေးတို့ကို သူတော်စင်မိန်းမပျိုအား အဖော်ပြုပေးသည့်အတွက် ဆုချသည့်အနေနှင့် သူတို့ ကြိုက်တတ်သည့် အသားကင်လုပ်ပေးသည်။
စူးရှောင်ရှောင်သည် ခြံဝန်းတစ်ခုလုံးကို ရှင်းပြီးသည်နှင့် သူတို့နှင့်လာ စားသည်။ သူသည် အသားကင်ကို ကောက်ယူပြီးစားတော့သည်။
ဟွာပင်းသည် အစားအသောက်မက်သူမဟုတ်ပေ။ သို့သော် ဤတစ်ကြိမ် တွင် သူသည် ပိုစားပြီး ချီးကျူးလေသည်။
“ယူယူ့ ဟင်းတွေက တကယ်အရသာရှိတယ်” ကံကောင်းလေးသည် သေးငယ်သော်လည်း စားသောက်ရာတွင် မြန်ဆန်သည်။
“တုလေး ငါတို့ဘယ်အချိန်ပြန်ကြမှာလဲ” ဟွာပင်း မေးလိုက်သည်။
“ထိပ်တန်းတောင်ကြားကိုတော့ သွားရမှာပေါ့၊ မျိုးနွယ်ခေါင်းဆောင်က ပြန်လာဖို့ အချိန်မှ မသတ်မှတ်ထားတာ လောဖို့မလိုပါဘူး” တုလေး ပြန်ဖြေ လိုက်သည် “ပြီးတော့ မျိုးနွယ်ခေါင်းဆောက် စိတ်တိုရင် ကံကောင်းလေးကို ဖော်ပြုပေးနေတယ်လို့ ပြောလို့ရတယ်၊ မဟုတ်ဘူးလား ကံကောင်းလေး”
ကံကောင်းလေးသည် မျက်လုံးလှိမ့်လိုက်သည်။ သူ ခေါင်းညိတ်လိုက် သည် “မင်းပြောတာ မှန်ပါတယ် မင်းက ငါ့ကိုကာကွယ်ဖို့လာခဲ့တာ အဲဒါ ကြောင့် ထွက်သွားလို့မရဘူး”
တုလေး ပြုံးလိုက်သည်။ ဟွာပင်းသည် စိတ်ဓာတ်ကျသွားသည်။
ဒါက ပြောင်ပြောင်တင်းတင်း လိမ်နေတာပဲမဟုတ်ဘူးလား။
သို့သော် ကံကောင်းလေးမှာ ထူးခြားသည်။ သူ ပြောလာသဖြင့် ငြင်းဆန် ရန် ခက်သည်။
ရှီမာယူယူသည် ပြုံးပြီး ကံကောင်းလေး၏ ခေါင်းကိုပုတ်လိုက်သည်။ ကံကောင်းလေးသည် သူမကို ပြုံးပြလေသည်။
သူမ သဘောကျသဖြင့် တုလေးကို ကူညီပြီး နေခိုင်းသည်။
ဆယ်ရက်တာကို အေးအေးချမ်းချမ်း ဖြတ်သန်ပြီး သူမထွက်သွားတော့ မည့်ဆဲဆဲတွင် ရှုဂျင်းနှင့် မုံ့ဆန်းချွယ်တို့သည် မလိုက်ရန် ဆုံးဖြတ်လိုက်ကြ တော့သည်။ ရှီမာယူယူသည် ဘာမှမပြောတော့ဘဲ အဆိပ်ဖြေဆေးတစ်သုပ်ကို ထားခဲ့လိုက်သည်။ သူမသည် တုလေးနှင့် ရှောင်ချီတို့ကို ခေါ်လာလိုက်သည်။
သူမ ပြန်လာသော သတင်းမှာ ရောက်သွားပြီး ရှီမန်ဖန်သည် မင်္ဂလာနေ့ ရက်ကို ရှေ့တိုးပြီး တင်တောင်းလက်ဆောင်များ ပြင်ဆင်ထားလေသည်။ မထင်မှတ်စွာပင် ရှီမန်ဖန်သည် သူမကို မြန်မြန်ပြန်လာပြီး အတူဆွေးနွေးရန် သတင်းပို့လာလေသည်။ သူမသည် အချိန်မဆွဲတော့ဘဲ ဖြတ်လမ်း တည်ဆောက်မှုသုံးရန် ရွေးချယ်လိုက်သည်။ မကြာမီတွင် သူမသည် ထိပ်တန်း တောင်ကြားသို့ရောက်သွားလေသည်။
တောင်ကြားမှ တပည့်များသည် သူမပြန်လာသည့်အပေါ်တွင် အလွန် ပျော်ရွှင်ကြသည်။ အားလုံးသည် တက်ကြွစွာအလုပ်လုပ်ကြသည်။
ရှီမာယူယူသည် ဂိုဏ်းထဲတွင် ဝေ့မနေတော့ပေ။ သူမ ဖြတ်လမ်း တည်ဆောက်မှုမှထွက်သည်နှင့် ချက်ချင်းပင် ပျော်ရွှင်နေသော တပည့်များမှာ ဝိုင်းလာသည်။ သူတို့သည် သူမ၊ တုလေးနှင့် ရှောင်ချီတို့ကိုပါ ဝန်းရံထားကြ သည်။
ရှီမာယူယူသည် ပြုံးပြီး အားလုံးကို နှုတ်ဆက်လိုက်သည်။ သူမသည် လူ အများကြားတွင်ညှပ်မိနေကာ လှုပ်မရပေ။ နောက်ဆုံးတွင် ရှီမန်ဖန်က သူမကို လာခေါ်ရတော့သည်။
တောင်ကြားသခင် ပြောလာသဖြင့် သူမကို မဝိုင်းရဲကြတော့ပေ။ သူတို့ သည် စိတ်မပါစွာဖြင့် နောက်ဆုတ်ကာ သူမနောက်သို့ မလှမ်းမကမ်းမှ လိုက် လာကြသည်။
“သူတို့တွေကတော့ ရိုက်ဖို့လိုနေပြီ ပြီးတော့ သူတို့ကို လေ့ကျင့်ခန်းမဆီ သွားပြီး ခဏလောက်နေခိုင်းလိုက်” ရှီမန်ဖန်၏ အသံမှာမကျယ်သော်လည်း တပည့်များ၏ ပျော်ရွှင်နေသော မျက်နှာများမှာ ခါးသီးသွားကြလေသည်။
“တပည့်တွေက ပိုပြီးတက်ကြွလာကြတယ်” ရှီမာယူယူသည် ဒေါသ မထွက်ပေ “တချို့က သွေးမိစ္ဆာမြို့ကလာတယ်ဆိုတာ တွေ့ရတယ် အရင်တုန်း က သူတို့က ဒီလိုမဟုတ်ပါဘူး”
“အံ့ဖွယ်နတ်ဆိုးတောင်ကြားနဲ့ ပေါင်းပြီးတော့ ပိုကောင်းလာကြတယ် အနည်းဆုံးတော့ သူတို့တွေ မကြမ်းတမ်းတော့ဘူး” ရှီမန်ဖန် မှတ်ချက်ပေးလေ သည်။
အသည်းကွဲတောင်ကြား တည်ထောင်စဉ်က တောင်ကြားမှတပည့်များ သည် သွေးမိစ္ဆာမြို့တော်မှလူများအပြင် ရှီမန်မိသားစုမှ ကျန်လူများဖြစ်ကြ သည်။ တောင်ကြားတစ်ခုလုံးမှာ ဒေါသများဖြင့်ဖုံးလွှမ်းနေခဲ့သည်။ သူသည် သူတို့ အရင်လိုဖြစ်အောင် အချိန်ယူခဲ့ရသည်။
အံ့ဖွယ်နတ်ဆိုးတောင်ကြားမှ တပည့်များသည် ပို၍ပျော်တတ်ကြသည်။ ပေါင်းစည်းပြီးနောင် သွေးမိစ္ဆာမြို့တော်မှ တပည့်များသည် ပြောင်းလဲသွားခဲ့ ကြသည်။
ရှီမာယူယူသည် ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်လိုက်သည် “ကောင်းတာပေါ့”
ရှီမန်ဖန်သည် သူမ၏ ခြံဝန်းဆီသို့ ခေါ်သွားပေးသည်။ သူမ အဝတ်လဲ လိုက်သည်။ “ငါတို့ ဆရာနဲ့ ဆရာဦးလေးတို့ကို သွားနှုတ်ဆက်ကြမလား”
“သူတို့က အခုခြံဝန်းထဲမှာစောင့်နေကြတယ် အဲဒီကိုပဲ တည့်တည့်သွား ကြတာပေါ့” ရှီမန်ဖန် ပြောလိုက်သည်။
ရှီမာယူယူသည် ပါးစပ်အဟောင်းသားဖြင့် အံ့ဩနေသည် “ဘယ်လောက် ရှက်ဖို့ကောင်းလိုက်လဲ ငါပြန်လာရင်နှုတ်ဆက်တဲ့သူက ငါဖြစ်သင့်တာလေ”
“ဒီလောက်နှစ်တွေ အများကြီး သွားလိုက်ဖို့ ဘယ်သူပြောလို့လဲ သူတို့က နင့်ကို စောစောတွေ့ချင်နေတာ သူတို့ကို အကြာကြီးမစောင့်ခိုင်းနဲ့တော့” ရှီမန်ဖန်သည် ထိုအရာကိုတော့ မတတ်နိုင်ပေ။ သူမကို အလိုလိုက်ဖို့ သူတို့ကို ဘယ်သူကပြောထားလို့လဲ။
သူမ အပြင်သို့ရောက်သောအခါ လူတစ်စုသည် ခြံဝန်းထဲတွင် စောင့်နေ သည်ကို တွေ့လိုက်ရသည်။ လျန်ဝူမင်၊ အဘိုးနတ်ဆိုးတို့အပြင် ဖန်ခိုင် နီအန်းယိနှင့် တခြားသူများပါရှိနေသည်။ ဘေဂုံထန်နှင့် ဖက်တီးကျူတို့အဖွဲ့မှာ လည်းမရှိမဖြစ်ပင်ဖြစ်သည်။
နှစ်ပေါင်းများစွာကြာပြီးမှ တစ်ယောက်နှင့်တစ်ယောက် ပြန်တွေ့ရသဖြင့် ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရချိန်တွင် သူမ မျက်လုံးများနီရဲလာခဲ့သည်။
***