← Chapters

ရှုပ်ထွေးခဲ့သော နှစ်များ

Vol. 119 Ch. 1655

ရှုပ်ထွေးခဲ့သော နှစ်များ

Vol. 119 Ch. 1655

ထိုနေ့က သူမ ပြန်လာသဖြင့် နားရန်လိုသည်ဟု လျန်ဝူမင် စကားဖြတ် မပြောမချင်း သူတို့အဖွဲ့သည် သူမ၏ခြံဝန်းတွင် နောက်ကျသည်အထိနေကြ သည်။ မည်သို့ပင်ဖြစ်စေကာမူ အချိန်တစ်ခုအတွင်းတော့ သူမ ထွက်မသွား သေးပေ။ စဉ်းစားကြည့်ရာ ဤနေရာသည် သူမအတွက် ထွက်ခွာရန် တွန့်ဆုတ် နေတတ်သည့် နေရာဖြစ်ကြောင်းကို အားလုံးသည် သဘောတူကြသည်။

ရှီမာယူယူသည် ရှီမန်ဖန်၊ ဘေဂုံထန်တို့ကိုနေခိုင်းခဲ့သည်။

“ဖန်အာ နင်နဲ့ရှန်ယိတို့က သဘောတူပြီးကြပြီမလား ဘယ်တော့ လက်ထပ်ကြမှာလဲ၊ မင်္ဂလာပွဲပြင်တာရော ဘယ်လိုနေလဲ” လူနည်းသွားသဖြင့် သူမသည် ဧည့်ခန်းသို့ခေါ်လာလိုက်သည်။

“မင်္ဂလာလက်ဆောင်တွေကို ပြင်ထားတာကြာပါပြီ နင်ပြန်လာတာကို စောင့်ပြီး နေ့ရက်သတ်မှတ်ဖို့ပဲကျန်တာ၊ သူမက မနက်ဖြန်လာလိမ့်မယ်၊ ငါတို့ နေ့ရက်ကိုအတူသတ်မှတ်ကြတာပေါ့” ရှီမန်ဖန်သည် ကုန်ရှန်ယိအား ပြောရာ တွင် နူးညံ့စွာပြောဆိုလေသည်။

“ကောင်းတယ် နင်တို့တွေ နှစ်တွေအများကြီးစောင့်လာတာ၊ အခု တလော တိုင်းပြည်က အရမ်းရှုပ်ထွေးနေတာ နနင်တို့တွေ မြန်မြန်လက်ထပ် တာကောင်းမယ်” ရှီမာယူယူ တိုက်တွန်းလေသည် “မနက်ဖြန်ကို နေ့ကောင်း နေ့ရက်သွားမေးခိုင်းမယ် ရှန်ယိပြန်လာရင် ငါတို့နေ့ရွေးကြတာပေါ့”

“ဟုတ်ပြီ” ရှီမန်ဖန်သည်လည်း ဖြစ်နိုင်သလောက် မြန်မြန်လက်ထပ်ချင် သည်။ သူသည် သူမ၏ အကြံပေးချက်ကို ငြင်းစရာမရှိပေ။

“ဖိတ်ဖို့ကျတော့ နေ့ရက်ရွေးပြီးရင် ဖိတ်စာပို့လိုက်ပေါ့၊ အချိန်ကိုတော့ အရမ်းမကြပ်စေနဲ့ လူတွေကိုလာဖို့အချိန်ပေးလိုက်ဦး” ရှီမာယူယူ ဆက်ပြော လေသည် “ဒီကိစ္စကိုအသုံးချပြီး တခြားဂိုဏ်းတွေနဲ့ ရင်းနှီးထားတာကောင်းမယ် နောက်ဆိုရင် ငါတို့အတွက် အကာအကွယ်တစ်ခုဖြစ်လာလိမ့်မယ်”

“ယူယူ တိုင်းပြည်မှာ ဂယက်ထအောင်လုပ်တာက အနက်ဝတ်နဲလူတွေ လို့ပြောလိုက်တာလား” ဝေကျိရွှီ‌ မေးလေသည်။

“အဲဒါထက်တောင် ပိုသေးတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “အနက် ဝတ်လူတွေက တစ်ကဏ္ဍပဲ သူတို့ရဲ့ပင်မလှုပ်ရှားမှုက အတွင်းဒေသမှာပဲ ပြဿနာအကြီးဆုံးအပိုင်းက မသေလူတွေနဲ့ ချီဝိညာဉ်တွေပဲ”

“မသေလူတွေနဲ့ ချီဝိညာဉ်တွေဟုတ်လား”

“အင်း” ရှီမာယူယူသည် မသေလူများနှင့် ချီဝိညာဉ်များအကြောင်းကို အသေးစိတ်ရှင်းပြလိုက်သည်။ “ချီဝိညာဉ်ကိစ္စဖြစ်တာ အကြိမ်ရေမများပေမဲ့ စလာတာနဲ့ အတွင်းဒေသကို ပျံ့သွားမှာစိုးရတယ် တစ်ဖက်မှာ မသေလူတွေက အတွင်းဒေသမှာ ပျံ့နေပြီ”

အားလုံး မျက်မှောင်ကြုတ်သွားကြသည်။

“ပြီးတော့ ကောင်းကင်ခွဲဓားက ဘယ်ရောက်နေလဲမသိရသေးဘူး၊ ဂိုဏ်း အများစုက မသင်္ကာမှုတွေနဲ့ ရှုပ်ယှက်ခတ်နေကြတာ၊ ပြီးတော့ ရှေးဟောင်း အံ့ဖွယ်သားရဲတွေ ပေါ်လာတာလည်း စိတ်မချစရာပဲ” ရှီမာယူယူ ထပ်ပေါင်း ပြောလိုက်သည် “ဒီကိစ္စတွေကြောင့် ဖြစ်လာတဲ့ သက်ရောက်မှုနဲ့အားကိုတော့ ပြောဖို့တောင်မလိုတော့ဘူး”

“ဒီလောက်ကိစ္စတွေဖြစ်နေတာကို မကြားမိဘူး ကြည့်ရတာ ကမ္ဘာကြီးက တကယ်ပဲ ဂယက်ရိုက်နေတာပဲ” ရှီမန်ဖန် သက်ပြင်းချလေသည်။

“ဘာလဲ” သူသည် တစ်ခုခုသိထားသည်ကို ရှီမာယူယူ ခံစားမိသည်။

ရှီမန်ဖန်သည် ခေတ္တမျှစဉ်းစားပြီးနောက် သူမကို ပြောရန် ဆုံးဖြတ်လိုက် သည်။

“ဝူလင်းယူကြောင့် နတ်ဆိုးလောကကို ပိုပြီးစိုးရိမ်တယ်” သူသည် ရှီမာယူယူကို စိုက်ကြည့်ပြီး သူမ ဒေါသထွက်မည်ကို ကြောက်နေမိသည်။ သူမ၏ မျက်နှာထား မပြောင်းသည်ကို မြင်ပြီးနောက် ဆက်ပြောလေသည် “အဲဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါမသိပေမဲ့ လတ်တလောကပဲ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်သွားပြီး အသေအပျောက်တွေလည်း အရမ်းများလို့ တုန်လှုပ် ချောက်ချားစရာတွေဖြစ်နေတယ်”

ရှီမာယူယူသည် အတန်ကြာ တိတ်ဆိတ်ပြီးနောက် စပြောလေသည် “လင်းယူ နတ်ဆိုးလောကကိုသွားတာက သူနဲ့ နတ်ဆိုးဧကရာဇ်အကြားက ကိစ္စကို ရှင်းဖို့ပဲ”

“အဲလိုလား” ရှီမန်ဖန်သည် ဝူလင်းယူနှင့် နတ်ဆိုးဧကရာဇ်အကြားတွင် တစ်စုံတစ်ခုရှိသည်ကို သိထားသည်။ အခု ခန့်မှန်းချက်များ အတည်ပြုပြီး နောက် သူစိတ်အေးသွားသလိုခံစားမိသည် “ပြီးတော့ တစ္ဆေလောကက တိုက်ခိုက်မှုတွေကြောင့်ပဲ ပြဿနာတွေတက်နေတယ်”

“လူသား၊ နတ်ဆိုးနဲ့ တစ္ဆေ လောကသုံးခုကတော့ အကုန်ရှုပ်နေပြီ၊ ဒီကမ္ဘာကြီးကတော့ ရှင်းလင်းမှုလုပ်ရတော့မယ်ထင်တယ်” ဝူရန်ဖေ မျက်မှောင်ကြုတ်လေသည် “အခုက အစပဲရှိသေးတာ နောက်ဆိုရင် ဘယ်လို တွေဖြစ်လာမလဲမသိသေးဘူး”

“ဒီလိုအခြေအနေနဲ့ဆိုရင် တစ်ယောက်တည်း လုပ်ဖို့က မဖြစ်နိုင်ဘူး” ဘေဂုံထန်သည် စိုးရိမ်လျက်ရှိသည်။

“ဒီကိစ္စတွေ ဖြစ်လာတာကို ငါတို့မတားနိုင်ဘူး အဲဒါကြောင့် ငါတို့လုပ်ဖို့ က အားတိုးအောင်လုပ်ပြီး ဒီပြဿနာတွေဖြစ်လာဖို့ကို ကာကွယ်ဖို့ပဲ” ရှီမာယူယူ နိဂုံးချုပ်လေသည် “အရင်တစ်ခေါက်က ငါပေးထားတဲ့ အံ့ဖွယ်သားရဲ တွေနဲ့ စာချုပ်တည်ထောင်ပြီးပြီလား”

“အင်း မင်းပြောသလိုပဲ ငါ စာချုပ်တည်ထောင်လိုက်တာနဲ့ အားတွေ တိုး လာတယ်” ဖက်တီးကျူး ပြုံးလေသည် “နောက်ကို အဲလိုသားရဲတွေရှိရင် ဘာကိုမှ မကြောက်ဘူး”

“နင်က ကောက်စားလိုက်ရုံတင်ပဲလေ” ဘေဂုံထန် သူ့ကို စိုက်ကြည့်လေ သည်။

“ဟီးဟီး ဒါကစိုးရိမ်ဖို့မလိုပါဘူး၊ ငါ့အားက အရမ်းနည်းနေသေးတယ် ငါက နင်တို့ကိုဆွဲချမိရင် ဘယ်လိုလုပ်မလဲ” ဖက်တီးကျူ ပြောလိုက်သည်။

“အဲလိုပြောနဲ့ မင့်အရည်အချင်းက ငါတို့ထက်နိမ့်တာက မင်းပျင်းနေလို့ပဲ” ဝေကျိရွှီသည် သူ့ကို တိုက်ရိုက်ပင် ဖော်ကောင်လုပ်လေသည် “အခုမှ တစ်ဝက် လောက် နှစ်မြှုပ်ထားတာပဲရှိတယ်”

“မဟုတ်ဘူး” ဖက်တီးကျူသည် အသံနှိမ့်ပြီး ချေပလေသည်။

“ပြောင်းလဲဖို့ နောက်မကျသေးဘူး” ရှီမာယူယူသည် ဖက်တီးကျူ၏ နာကျင်သော အကြည့်ကိုကြည့်ပြီး ရယ်မောလိုက်သည် “နင်က လက်နက် ဖန်တီးရတာကို ကြိုက်တာလေ နောက်ဆိုရင် အပြင်းအထန်ကာကွယ်နိုင်တာ ကိုသန့်စင်လို့ရတာပဲ အဲဒါက နင့်ရဲ့အားကို တိုးတက်တယ်လို့ ပြောလို့ရတယ်၊ တခြားသူတွေကတော့ ဘေးကိုခဏဖယ်ထားလိုက်ပေါ့”

“အင်း ငါလည်း အဲလိုထင်တယ်၊ ကျန်တဲ့အချိန်ကိုတော့ ကျင့်ကြံဖို့သုံး မယ်၊ အရင်တစ်ခေါက်က ငါပေးတဲ့ မိုးကြိုးသွားကျည်တွေကို သုံးခဲ့လား”

“သုံးခဲ့တယ် ငါ တစ်ယောက်တည်း သုံးတာမဟုတ်ဘူး” ကျွန်းပေါ်မှ အကျဉ်းထောင်နှင့် ဟောမျိုးနွယ်တို့ကို ဖောက်ကွဲခဲ့ရန် မိုးကြိုးသွားကျည်များ သုံးခဲ့ကြောင်း ရှီမာယူယူ ရှင်းပြလိုက်သည်။ သူမကို သူတို့စိုက်ကြည့်နေသည် ကို မြင်သောအခါ သူမ မေးလိုက်သည် “ဘာဖြစ်လို့လဲ”

“မင်းရဲ့ စီနီယာအစ်ကိုတွေ ပြောတာမှန်တယ်” ဝေကျိရွှီ ပြောလိုက်သည် “နင်ဘယ်သွားသွား ကိစ္စတွေကတော့ ဖြစ်နေတာပဲ နင့်ဘေးမှာဆိုရင် ကြောက် စရာကိစ္စတွေဖြစ်နေတာ”

“ကံမကောင်းတော့ ငါတို့လက်ရှိအားတွေက နိမ့်နေသေးတယ်၊ ရှေးဟောင်းဝိညာဉ်သားရဲနဲ့ စာချုပ်တည်ထောင်လိုက်တာက ဘုရင်အဆင့်ကို တက်သွားစေပေမဲ့ နင်နဲ့အတူလိုက်လို့မရသေးဘူး” ဘေဂုံထန်သည်‌ နောင်တရ စွာဖြင့် ပြောလိုက်သည်။

“နင်က ဘုရင်အဆင့်ရောက်ပြီလား” ရှီမာယူယူသည် သူတို့အားကို အာရုံမစိုက်မိပေ။ သူမ အနီးကပ်ကြည့်ပြီး ပျော်ရွှင်စွာ ခေါင်းညိတ်လေသည် “နင်တို့ အားကတက်တာ အရမ်းမြန်တယ်၊ ဖက်တီးကျူက အမြီးလောက်ပဲရှိ တယ်ဆိုပေမဲ့ ဘုရင်အဆင့်ကိုဝင်နေပြီ ဒီလောက်မြန်မယ်လို့ ငါဖြင့်ထင်မထား ဘူး”

“နင်နဲ့ယှဉ်ရင်တော့ မမြန်ပါဘူး” ဝေကျိရွှီ ပြောလိုက်သည် “ငါတို့ ငယ်ငယ်တုန်းက အဆင့် အတူတူလောက်ပဲ အခု နင်ကငါတို့ထက် အများကြီး မြင့်နေပြီ”

“ငါလည်း ဘုရင်အဆင့်ပဲဝင်သေးတာပါ” ရှီမာယူယူ ပြောလိုက်သည်။ သူတို့ထက် အဆင့်အနည်းငယ် မြင့်ရုံသာဖြစ်သည် “ငါတို့အသက်အရွယ် အများစုက ငါတို့လောက် မသန်မာကြဘူး အဲဒါကြောင့် စိတ်ညစ်ဖို့မလိုဘူး”

“အမှန်ပဲ” အနိမ့်တိုင်းပြည်တွင် မဆိုထားနှင့် ကမ္ဘာဦးနယ်မြေတွင်ပင် အများစုမှာ အသက်တစ်ရာဝန်းကျင်မှပင် ဘုရင်အဆင့်သို့ ဝင်ခြင်းဖြစ်သည်။ အသက် ၆၀ ၇၀ လောက်နှင့် ဘုရင်အဆင့်ဝင်သူမှာ မရှိလှပေ။

ထို့ကြောင့် သူတို့ အရည်အချင်းမှ ကောင်းလှသည်။ သို့သော် ရှီမာယူယူ ၏ရှေ့တွင်တော့ သူတို့မှာ နောက်ကောက်ကျကျန်ခဲ့သည်ဟု ခံစားရသည်။

“နင်ပြောသလိုပဲ ငါတို့က အားတိုးအောင်လုပ်ရမယ် မဟုတ်ရင် ပြဿနာ တွေတန်းစီလာတဲ့အခါ ငါတို့အသက်ကိုတောင် မကယ်နိုင်ဘဲနေလိမ့်မယ်” ဝူရန်ဖေ ပြောလိုက်သည်။

“အင်း နင်တို့အကုန်လုံးက ကျွမ်းကျင်သူပဲ ငါ့အသက်ကိုယ် ကာကွယ်ရ မှာပေါ့” ရှီမာယူယူသည် ခေတ္တမျှစဉ်းစားလိုက်သည်။ သူမသည် ပစ္စည်းတစ် သုတ်ထုတ်ကာ သူတို့လက်ထဲသို့ထည့်လိုက်သည်။ ထိုပစ္စည်းအားလုံးကို ဟော မျိုးနွယ်မှရခဲ့ခြင်းဖြစ်သည်။

နောက်တစ်နေ့တွင် ရှီမန်ဖန်သည် ရက်အနည်းငယ်ရွေးထားသည်။ ရက် အနည်းငယ်ကြာပြီးသောအခါ ကုန်ရှန်ယိသည် အသည်းကွဲတောင်ကြားသို့ ရောက်လာသည်။ သူတို့သုံးယောက် စုပြီး ကြာရှည်စွာဆွေးနွေးပြီးနောက် နေ့ရက်သတ်မှတ်လိုက်ကြသည်။ ဧည့်သည်များ အချိန်ရရန်အတွက် မင်္ဂလာ နေ့ရက်ကို ကိုးလခွာသတ်မှတ်လိုက်သည်။

မင်္ဂလာနေ့ရက် သတ်မှတ်ပြီးသည်နှင့် ရှီမာယူယူနှင့် တခြားသူတို့သည် ဖိတ်စာများလုပ်ကာ ပို့လိုက်ကြသည်။ မကြာမီတွင် ရှီမန်ဖန်လက်ထပ်တော့ မည့် သတင်းမှာ အပြင်ဒေသတွင် ပျံ့သွားပြီး အတွင်းဒေသအထိ ရောက်သွား သည်။ ဖိတ်စာရသူများသည် သွားမည်ဟုပြောကြကာ မရသူတချို့သည် လှုပ်ရှားရန် ပြင်ဆင်ကြလေသည်။

***

All Chapters