← Chapters

ခေါင်းစဉ်မဲ့

Vol. 119 Ch. 1656

ခေါင်းစဉ်မဲ့

Vol. 119 Ch. 1656

ထို့နောက်တွင် ရှီမာယူယူသည် ထိပ်တန်းတောင်ကြားတွင်နေပြီး အပြင် မထွက်ပေ။ အားလုံးသည် အပြင်မှအဖြစ်များကို သူမကို တမင်မပြောကြပေ။ ပြီးခဲ့သည့်နှစ်များတွင် သူမ ပင်ပန်းခံပုံကို သူတို့မြင်ထားကြသဖြင့် ထိုကိစ္စများ နှင့်ပတ်သက်ပြီး မနှောင့်ယှက်လိုပေ။

ထို့ကြောင့် လတ်တလောနှစ်များထဲတွင် ထိုလအနည်းငယ်သည် အအေး ချမ်းဆုံးဖြစ်ခဲ့သည်။ သူမသည် သူတို့နှင့် အဂ္ဂိရတ်ပညာများ၊ သားရဲ ထိန်းကျောင်းမှုများ ဝင်္ကပါများအကြောင်းနှင့် ကျင့်စဉ်များအကြောင်းကို နေ့စဉ် ဆွေးနွေးသည်။ သူမ၏ ဘဝမှာ လွတ်လပ်အေးဆေးနေသည်။

တခြားကိစ္စများကိုတော့ သူမသည် ဝင်မပါပေ။ ထို့အပြင် တစ်မိုးအောက် တွင် ကိစ္စများစွာ ဖြစ်ပျက်နေရာ သူမ တစ်ယောက်တည်း အရာတိုင်းကို မလုပ် နိုင်ပေ။ အခုလောလောဆယ်တွင်တော့ သူမ လုပ်စရာရှိသည်မှာ ရှီမန်ဖန် လက်ထပ်သည်ကို စောင့်ကြည့်ရန်ဖြစ်သည်။

ကိုးလသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။ ရှီမာယူယူသည် လွတ်လပ်နေသော ဘဝဖြင့် အကျင့်ပျက်နေပြီဟု သူမကိုယ် သူမ ခံစားရချိန်တွင် ဧည့်ကြိုအဖြစ်တာဝန်ယူထားသော ဖန်ခိုင် ရောက်လာ သည်။

“ဆရာ” နှစ်ပေါင်းများစွာ ကြာသွားသော်လည်း ဖန်ခိုင်၏ အခေါ်အဝေါ် မှာပြောင်းမသွားပေ။

“အင်း”

“ဆရာ ကိုင်တယ်ရမယ့် တချို့ကိစ္စလေးတွေရှိလို့ပါ”

“ဘာဖြစ်တာလဲ ဧည့်ကြိုနေရာမှာ တစ်ခုခုဖြစ်လို့လား”

“အင်း အပြင်ကမြို့လေးက ဘယ်သူမှ နေလို့မရတော့ဘူး” ဖန်ခိုင် ပြန် ဖြေလေသည်။

“ဘယ်သူမှ နေလို့မရတော့ဘူးဟုတ်လား၊ ဘာလို့လဲ အိမ်တွေကို ပြင်ပြီး ပြီမဟုတ်ဘူးလား” ရှီမာယူယူသည် လူများလာနိုင်သည်ကို ခန့်မှန်းမိသဖြင့် အိမ်များပိုဆောက်ရန် အမိန့်ပေးပြီးသားဖြစ်သည်။

“မလောက်ပါဘူး” ဖန်ခိုင် ဆက်ပြောလေသည် “ပြီးတော့ ပြီးခဲ့တဲ့ နှစ်ရက် မှာ ဖိတ်မထားတဲ့လူတွေလည်း ရောက်လာကြတယ်”

“သူတို့က ဖိတ်စာမပါဘဲ ဘာလို့ရောက်လာကြတာလဲ” အားလုံးသည် သိချင်နေကြသည်။

“သူတို့က ဆရာဆီက အကူအညီရဖူးတယ် အဲဒါကြောင့် သူတို့က လူလွှတ်လိုက်တာတဲ့၊ တချို့က သူတို့ကိုယ်တိုင်လာကြတယ်” ဖန်ခိုင် ဆက် ပြောလေသည် “အများစုက အတွင်းဒေသကလာကြပြီး ဂိုဏ်းကြီးတွေကလာ တဲ့ပုံပဲ ဆရာ ဘယ်တုန်းက သူများကို ကျေးဇူးပြုလိုက်တာလဲ”

“ပျောက်ဆုံးနယ်မြေက ငါကယ်ခဲ့တဲ့ လူတွေဖြစ်လောက်တယ်” ရှီမာယူယူ ဆက်ပြောလေသည် “အဲလိုဆိုမှတော့ သူတို့မှာ ဖိတ်စာမရှိရင် တောင် ဧည့်ခံလိုက်ပါ”

“နေထိုင်ဖို့ကျ….”

တောင်ကြားသခင်၏ မင်္ဂလာအခမ်းအနား ကျင်းပရန် သုံးရက်သာလို တော့သည်။ အိမ်များကို ပြင်ရန် အချိန်မလောက်ငှပေ။

“သူတို့ကို သတင်းပို့ပြီးတော့ တစ်ခုခုကြံဖန်ခိုင်းလိုက်” ရှီမာယူယူ ဆက် ပြောလေသည် “သူတို့က စိတ်ရင်းနဲ့ ဂုဏ်ပြုချင်လို့ ဒီနေရာကို အလေးထားပြီး လာကြတာပဲ၊ သူတို့ကို အဲလိုဧည့်ခံလည်း အဆင်ပြေမှာပါ”

စဉ်းစားကြည့်ပြီးနောက် မလုံလောက်နိုင်ဟု တွေးပြီး ပြောလိုက်သည် “ထားလိုက်တော့ ငါ့ဘာသာပဲ ရှင်းလိုက်တော့မယ်”

ထိုလူများသည် သူမအတွက်ကြောင့် ရောက်လာခြင်းဖြစ်သည်။ အခု အခြေအနေမှာ ပြောင်းလဲသွားရာ သူမကိုယ်တိုင် ကိုင်တွယ်သည်က ပိုကောင်း မည်။

ဖန်ခိုင်နှင့် သူမသည် တောင်ကြားအပြင်သို့ သွားလိုက်ကြသည်။ ဧည့်သည်များကို နေရာချပေးထားသော မြို့ငယ်သည် အသက်ဝင်လှုပ်ရှားနေ ပြီဖြစ်သည်။

သူတို့သည် အစက ထိုမြို့ကို ထိပ်တန်းတောင်ကြားအတွက် ရည်ရွယ် ထားခဲ့ခြင်းဖြစ်သည်။ အစပိုင်း လွတ်နေရာမှ အခုရှီမန်ဖန်၏ မင်္ဂလာပွဲနှင့် တိုက်ဆိုင်သွားရာ အသုံးပြုခဲ့သည်။ သို့သော် မြို့ကိုချဲ့ထားသော်လည်း နေရာ မလုံလောက်သေးပေ။

ရှီမာယူယူသည် မြို့ငယ်ထဲဝင်သွားပြီး ဧည့်သည်များကို ကြိုဆိုရာ မရင်းနှီးသော မျက်နှာများသည် ခြံဝန်းထဲတွင် စောင့်နေသည်ကို တွေ့လိုက်ရ သည်။ ဘဏ္ဍာထိန်းတစ်ယောက်မှာ နေရာချထားရေးအတွက် ပြဿနာတက် နေသည်။ သူသည် ရှီမာယူယူနှင့် ဖန်ခိုင်ကိုမြင်သည်နှင့် လုပ်လက်စများကို ချထားကာ လာပြီး နှုတ်ဆက်လေသည်။

ရှီမာယူယူသည် သူ့ကိုခေါင်းညိတ်ပြပြီး သူတို့ဆီသို့ လျှောက်သွားကာ လက်အုပ်ချီ နှုတ်ဆက်လေသည်။

“မိန်းကလေးက မိန်းကလေးယူယူလား… မဖိတ်ဘဲနဲ့ လာဒုက္ခပေးမိတဲ့ အတွက် တောင်းပန်ပါတယ်” အဖြူရောင်ဝတ်ထားသည့် လူတစ်ယောက်သည် ရှီမာယူယူကို ပြန်နှုတ်ဆက်လေသည်။

“ဖန်အာရဲ့ မင်္ဂလာပွဲတက်ဖို့ လာရတာ ပင်ပန်းသွားပြီ၊ ကြိုဆိုဖို့တောင် မစောင့်နိုင်တော့ဘူး” ရှီမာယူယူ ဆက်ပြောလေသည် “ရှင်တို့က…”

“ကျုပ်တို့က ပြည်နယ် ၂၀ ကဝမ်မျိုးနွယ်ပါ ကျုပ်တို့မျိုးနွယ်အကြီးအကဲ တစ်ယောက်က မိန်းကလေးယူယူကြောင့် ပြန်လာနိုင်တာပါ၊ ကျုပ်တို့က အရမ်းကျေးဇူးတင်မိလို့ လက်ထပ်မယ့်သူက မိန်းကလေးနဲ့ အရမ်းရင်းနှီးတဲ့သူ လို့ကြားမိလို့ လာပြီးဂုဏ်ပြုတာပါ” ထိုလူ ရှင်းပြလေသည်။

“အဲတော့ ဦးလေးဝမ်ရဲ့ မျိုးနွယ်ဝင်တွေဖြစ်နေကြတာကိုး ကြိုဆိုပါတယ် ကြိုဆိုပါတယ်” ရှီမာယူယူသည် သူတို့ပြောသည့်သူကို မှတ်မိသည် “ဒီလောက် အဝေးကြီးလာရတာကို ဂရုမစိုက်မိလို့ခွင့်လွှတ်ပါ”

“မိန်းကလေးယူယူ ယဉ်ကျေးနေပါပြီ”

“ကျွန်မတို့ ထည့်မတွက်လိုက်မိလို့ ခြံဝန်းတွေကလည်း မလောက်ဘူးဖြစ် နေတယ် အဲဒါကြောင့် အကုန်လုံးအတူနေကြဖို့ မျက်နှာပူပူနဲ့ပြောရတော့မှာပဲ” ရှီမာယူယူသည် အားနာစွာဖြင့် ပြောလေသည်။

“ကျုပ်တို့အမှားပါ ကျုပ်တို့ကသာ မိန်းကလေးကို ဒုက္ခပေးမိတာ၊ ကျုပ်တို့က ကျင့်ကြံသူတွေပဲ စိတ်ထဲမထားတတ်ပါဘူး ကျုပ်တို့အတူနေရင် မိတ်ဆွေတိုးတာပေါ့ဗျာ”

“နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် ကျေးဇူး တင်စွာဖြင့် ပြောလေသည် “ပွဲရောက်ရင်တော့ ဖန်အာ့ကို ဂုဏ်ပြုခိုင်းပါမယ်”

“ဟုတ်ပါပြီ ဒါဆို ကျုပ်တို့စောင့်နေပါမယ် ဟားဟား”

“ဟုတ်ကဲ့ ဟုတ်ကဲ့ပါ”

ပြီးနောက် ဘဏ္ဍာထိန်းသည် ထိုမျိုးနွယ်များအတွက် နေရာထိုင်ခင်းပေး ကာ သင့်တော်မည့် အဖွဲ့လိုက်ခွဲပေးလေသည်။

ပြီးနောက်တွင် ရှီမာယူယူသည် နေရာကျပြီးသား သူများဆီသို့သွားကာ တခြားသူများနှင့် အတူနေလျှင်အဆင်ပြေနိုင်မလားဟု မေးသည်။

ဖိတ်ကြားထားသူများမှာ ထိပ်တန်းတောင်ကြား သို့မဟုတ် ကုန်တောင် ကြားတို့နှင့် ရင်းနှီးသော အပတ်အသက်ရှိရာ ပြဿနာဖြစ်လာလျှင် အိမ်ရှင်ကို အခက်တွေ့အောင် လုပ်မည်မဟုတ်ပေ။ သူတို့သည် လိုလိုလားလားပင် နေခွင့် ပြုကြသည်။

နေထိုင်မှုကိစ္စမှာ ထိုအတိုင်းပင် ဖြေရှင်းပြီးလေသည်။

ထိုကဲ့သို့ အားလုံး ပူးပေါင်းကြသဖြင့် ဖိတ်စာမပါဘဲလာသည့်သူ ပိုများ လာသည်။ အများစုမှာ ရှီမာယူယူကြောင့်ဖြစ်ကာ တချို့မှာ ထိပ်တန်းတောင် ကြား၏ ဂုဏ်သတင်းကြောင့်ဖြစ်သည်။ သို့သော် ရောက်လာသူများသည် မည်သူမှ ထိပ်တန်းတောင်ကြားကို ဆန့်ကျင်၍မရနိုင်ကြောင်း သိသွားကြ သည်။ မဟာမိတ်များပြားလှကာ ရန်စမိပါက သေရန်တောင်းဆိုလိုက်သလို ဖြစ်မည်။

အားလုံးကို အထိတ်လန့်စေသော ကိစ္စမှာ ရှေးဟောင်းဝိညာဉ်သားရဲများ ရောက်လာကာ လူများသည် ရှေးဟောင်းသတ္တုများကို လက်ဆောင်ပေးခြင်း ပင် ဖြစ်သည်။ ထို့အပြင် ရှေးဟောင်းဝိညာဉ်ဆေးတချို့ပါ ပါလေသည်။ ထိုဆေး များသည် အံ့ဖွယ်ဆေးနှင့် သူတော်စင်ဆေးပင်များလောက် မကျော်ကြား သော်လည်း ရှေးပစ္စည်းများဖြစ်ကာ အဖိုးတန်ဆဲပင်ဖြစ်သည်။

ထိုအရာများမှာ အရေးကြီးလှသည်မဟုတ်ပေ။ အရေးအကြီးဆုံးမှာ ရှေး ဟောင်းဝိညာဉ်သားရဲများသည် ထိပ်တန်းတောင့်ကြားအား အဘယ့်ကြောင့် လက်ဆောင်များပေးကြသနည်း။ ရှေးဟောင်းဝိညာဉ်သားရဲများသည် လူသား များကို မုန်းတီးကြသည်။ ဘာကြောင့်များ ထိပ်တန်းတောင်ကြားကို လာ ကြသနည်း။ ထိုကိစ္စမှာ လျှို့ဝှက်မိသားစုများမှ ဂုဏ်ပြု ပေးသည်ထက်ပင် ပို၍ အံ့ဩဖွယ်ကောင်းသည်။

ထိပ်တန်းတောင်ကြား၏ စွမ်းအားမှ မသန်မာလှပေ။ သို့သော် တခြားသူ များ အားကျလောက်အောင် အားလုံးနှင့်ဆက်နွယ်နေသည်။

ရှီမန်ဖန်၏ မင်္ဂလာပွဲအခမ်းအနားသည် တိုင်းပြည်တစ်ခုလုံးတွင် တစ်ခု တည်းသော ပွဲဖြစ်မည်မှာ သေချာသည်။

ထိပ်တန်းတောင်ကြားသည် ထိုမျှများပြားလှသော ဧည်သည့်များကို ဧည့်ခံရသဖြင့် အငြိမ်မနေနိုင်ကြပေ။ အခမ်းအနားမှာ မလှလျှင် သူတို့ ဂုဏ် သတင်းပျက်မည်ဖြစ်သည်။ ကံကောင်းစွာပင် ရှီမာယူယူသည် ထိုအရာကို ခန့်မှန်းမိထားကာ အနီးအနားမြို့ရှိ အမှတ်တရစားသောက်ဆိုင်မျ စားဖိုမှူးများ ကို ပြောင်းရွှေ့ထားကာ ဝိညာဉ်စေတီအတွင်းသို့ အသီးဝိုင်၊ အပြင်းစားသေရည် များနှင့် ဝိညာဉ်အသီးများကိုထည့်ထားသည်။ ကျင့်ကြံသူများသည် အစား အသောကို စိတ်မဝင်စားသော်ငြား ဝိုင်နှင့် ဝိညာဉ်အသီးများကို ကြိုက်နှစ်သက် ကြသည်။ ထို့ကြောင့် သူမသည် ထိုအရာများကို ပြင်ဆင်ထားရာ အခမ်းအနား အရည်အသွေးမှာ အဆပေါင်းများစွာ ခုန်တက်သွားလေသည်။

***

All Chapters