နေ့ကောင်းနေ့မြတ်
Vol. 119 Ch. 1657
နေ့ကြီးနေ့မြတ်တွင်….
ဧည့်သည်များသည် တောင်ကြားတစ်ခုလုံးတွင် ပြည့်လုနီးပါးပင်ဖြစ် သည်။ ထိပ်တန်းတောင်ကြား၏ အဂ္ဂိရတ်ပညာရှင်များနှင့် အဆိပ်သခင်များ သည် အဆိပ်ဖြေဆေးများ သန့်စင်ရခြင်းကြောင့် မေ့လုမတတ်ပင်ဖြစ်သည်။ သူတို့အတွက် ကံကောင်းသည်မှာ ယခုလိုပွဲသည် ပုံမှန်ဖြစ်နေကျတော့မဟုတ် ပေ။ မဟုတ်လျှင် တူညီသောဆေးများကို ထပ်ခါထပ်ခါဖော်ရခြင်းကြောင့် မေ့ လဲသွားနိုင်သည်။
အခမ်းအနားသည် နေ့လည်ခင်းတွင် စတင်သည်။ ဧည့်သည်များ နေရာ ဘူပြီးသောအခါ ဇာမဏီငှက်အော်သံသည် တောင်ကြားဝင်ပေါက်မှ ထွက်လာ သည်။
“အဲဒါက… ဇာမဏီငှက်လား” ဤတစ်ကြိမ် အခမ်းအနားတွင် ဇာမဏီ မျိုးနွယ်လာရောက်သည်ဟု အားလုံး ထင်လိုက်ကြသည်။ သူတို့ ခေါင်းမော့ ကြည့်လိုက်သောအခါ သက်တန့်ရောင်ဇာမဏီငှက်သည် ခေါင်းပေါ်တွင် ပျံဝဲ နေကာ ထူးခြားသည့်အရောင်ရှိသော ဇာမဏီငှက်ရှစ်ကောင်သည် ‘မြင့်မြတ် သော ကောင်းချီး’ ဆိုသည့် စာတမ်းအလှဆင်ထားသည့် ရထားလုံးကို ပျံသန်း ရင်း ဆွဲလာသည်။
“ဘုရားရေ ဇာမဏီတွေက ရထားလုံးဆွဲလာတယ် ဒါကချဲ့ကားလွန်းတာ ပဲ”
“ဒါက အရမ်းကို အသက်ရှုမှားလောက်တယ်”
“ကျွတ် ကျွတ် သူမ တစ်ယောက်ပဲ ဒါမျိုးလုပ်နိုင်တာ”
ဇာမဏီငှက်များမှာ သူတို့တွင် အံ့ဖွယ်ငှက်၏ သွေးသားရှိသည့်အတွက် အမြဲတစေ မောက်မာခဲ့သည်။ တစ်ယောက်ယောက်သာ အကူအညီတောင်းပါ က နှုတ်သီးနှင့်ဆိတ်နိုင်သည်။ သို့သော် ယခုမှာ သူတို့သည် ရထားလုံးကို ဆွဲ လာကြသည်။ သူတို့ကို ဖိအားပေးလိုက်ပါက မည်သည့်ဘက်မှ မနိုင်ဘဲ နှစ်ဖက် လုံး သေသွားနိုင်သည်။
ယနေ့တွင်တော ရှီမန်ဖန်သည် ရထားလုံးကို ဇာမဏီငှက်များကို ဆွဲရန် သုံးခဲ့သည်။ ထိုမြင်ကွင်းသည် မြင်ရခဲသည်။
ရှေ့မှ သက်တန့်ရောင်ဇာမဏီငှက်သည် လှပပြီး တောက်ပစွာဖြင့် အရှိန် ပြင်းပြင်း ပျံသန်းလာသည်။ သက်တန့်ရောင်ဇာမဏီငှက်တွင် ရထားလုံးမရှိ သော်လည်း တခြားရထားလုံးမှာ သူ့လမ်းအတိုင်းလိုက်လာသည်။ တခြားသော ဇာမဏီများသည် သူမပျံသန်းသည့် အတိုင်းပျံသန်းလာသည်။ သူမသည် ဇာမဏီများကို ဦးဆောင်လာပြီး စင်မြင့်အထက်သို့ ဆင်းသက်လိုက်သည်။
ဇာမဏီများသည်လည်း မင်္ဂလာရထားလုံးနှင့်အတူ သူမနောက်တွင် ဆင်းသက်လိုက်သည်။
သက်တန့်ရောင်ဇာမဏီငှက်သည် ဆင်းသက်ပြီးနောက် လူသားအသွင် ပြောင်းလိုက်သည်။ အမှန်တကယ်ပင် အရွယ်ရောက်ပြီးသော သက်တန့်ရောင် ငှက်ပင်ဖြစ်သည်။ သူမ တာဝန်ပြီးသွားပြီးနောက် လူသားအသွင်ပြောင်းကာ ရှီမာယူယူဆီသို့ပျံသန်းသွားကာ… ဟာစွန်ဘေးတွင် ဝင်ရပ်လိုက်သည်။
အားပြင်းသောလေသည် အနီရောင်ဝတ်ရုံကို ပင့်တိုက်ခတ်လိုက်သည်။ ရှည်လျားသော မင်္ဂလာဝတ်ရုံဝတ်ဆင်ထားသော ရှီမန်ဖန်သည် ရထားလုံးမှ ထွက်လာပြီး နောက်လှည့်ကာ ရှန်ယိကို ရထားလုံးမှ ထွက်ရန် လက်ကမ်း ကူညီပေးလိုက်သည်။
ကုန်ရှန်ယိသည် ခေါင်းအုပ်မပါသော အနီရောင်မင်္ဂလာဝတ်ရုံကို ဝတ်ဆင်ားသည်။ ရှက်ရွံ့သော အပြုံးသည် သူမ မျက်နှာတွင် အလှဆင်နေပြီး ရှီမန်ဖန်ကို ပြုံးပြလိုက်ရာ ထိုအပြုံးသည် အားလုံးကို စွဲလမ်းစေသည်။
“အစ်မကြီးရှန်ယိက ဒီနေ့အရမ်းလှတာပဲ” ရှောင်ချီသည် ရှီမာယူယူဘေး တွင်ရပ်ပြီး လက်ကို ဆုပ်ကိုင်လိုက်သည် “ယူယူ နောက်တစ်ခေါ် ယူယူ လက်ထပ်ရင် ဒီ့ထက်ပိုလှမှာ”
ရှီမာယူယူသည် ရှောင်ချီ၏ ခေါင်းကိုပုတ်ပေးပြီး တိတ်တဆိတ် မျှော်လင့် မိသည်။ သူ သူမကို မည်သို့လက်ထပ်ပွဲမျိုး ပေးမည်ကို သိချင်မိသည်။
သူတို့နှစ်ယောက်လုံး မင်္ဂလာရထားလုံးမှ ထါက်လာသောအခါ ဇာမဏီ ငှက်များသည် အတောင်ပံဖြန့်ကာ မင်္ဂလာရထားလုံးနှင့်အတူ စင်မြင့်ပေါ်မှ ထွက်သွားကြလေသည်။ ရှန်ယိသည် စင်ပေါ်တွင် လျှောက်ရင်းနှင့် လက် ဝှေ့ယမ်းလိုက်ရာ အသွင်အပြင်ပြောင်းသွားလေသည်။
လစ်ဟာနေသော စင်မြင့်ပေါ်တွင် အနီရောင် မီးပုံး မီးတိုင်များစွာ ချိတ်ဆွဲ ထားသည်။ သတို့သား သတို့သမီးတို့၏ အသက်ဝင်လှသော ပန်းချီသည် မြောက်ဘက်ကို ဦးတည်ချိတ်ဆွဲထားသည်။ ထိုပန်းချီရှေ့တွင်တော့ ခုံနှစ်ခုံနှင့် စားပွဲတစ်လုံးချထားသည်။
“နောက် သတို့သားရဲ့ ဆွေမျိုးကို ကြိုဆိုလိုက်ရအောင်ပါ” အခမ်းအနား ကွပ်ကဲသူသည် ရှီမာယူယူရှိရာဘက်သို့ ကြည့်လိုက်သည်။
ရှီမာယူယူသည် ပုံမှန်ဝတ်စုံနှင့် မျက်နှာကို ပေါ့ပေါ့ပါးပါးပင် လိမ်းခြယ် ထားကာ ခါတိုင်းထက်ပင် ပို၍တောက်ပပြီး လှပနေသည်။ သူမသည် အဒေါ်၃ ၏ လက်ကိုကိုင်ထားပြီး နှစ်ယောက်လုံးသည် ရှိနေသည့်နေရာမှ ပျောက်သွား ပြီး စင်မြင့်ပေါ်တွင် တိတ်တဆိတ် ပေါ်လာသည်။
စင်မြင့်ကိုသာ ကြည့်နေသော ဧည့်သည်များအားလုံးသည် ရှီမာယူယူ တိတ်တဆိတ် ရုတ်တရက် ပေါ်လာခြင်းကြောင့် အံ့ဩသွားကြသည်။
ထိုကဲ့သို့ လေဟာပြင်သိုင်းနှင့်ဆိုလျှင် သူမသည် သူတို့ကို ၁၀ လမ်းကျော် အောင် ပစ်လိုက်နိုင်သည်။
“ထိုင်ကြပါ” အခမ်းအနားကွပ်ကဲသူသည် နှစ်ယောက်လုံးကို ပြောလိုက် သည်။
ရှီမာယူယူနှင့် အဒေါ် ၃ တို့ထိုင်လိုက်ရာ ရှီမာယူယူသည် ဘယ်ဘက် ပင်မခုံတွင်ထိုင်ပြီး အဒေါ် ၃ သည် ညာဘက် ဒုတိယခုံတွင် ထိုင်လိုက်ကြသည် ကို အားလုံးသတိထားမိလိုက်ကြသည်။
သူတို့၏ စာချုပ်သားရဲများသည် သူတို့ဘေးသို့ပျံလာပြီး တန်းစီရပ်လိုက် ကြသည်။ အားလုံးသည် သူတို့၏ အဆင့်အတန်းကို သိပြီးဖြစ်သဖြင့် ရောင်ဝါ ကို ဖုံးမထားတော့ပေ။
အံ့ဖွယ်ပဒါးငှက်၊ ဂဠုန်ငှက်ဘုရင် ငှက်လေး၊ ဟိန်းသံထောင်ချီနှင့် အစရှိ သဖြင့်ပင်… သူတို့၏ ဝိညာဉ်သားရဲများကို မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း မြင်တိုင်းပင် အသက်ရှုမှားလောက်သည်။
အခမ်းအနားကွပ်ကဲသူ အခမ်းအနားစမည်အပြုတွင် ရုတ်တရက် လေထဲ မှ လှုပ်ရှားမှုဖြစ်ပေါ်လာကာ အားလုံးရှေ့တွင် အရိပ်နှစ်ခုပေါ်လာသည်။
ရှီမာယူယူသည် သူတို့နှစ်ယောက်လုံးကို မြင်သောအခါ မတ်တတ်ထပြီး ပြုံးလိုက်သည် “ဖန်ဖန် ယွမ်ယွမ် ဒီကိုဘယ်လိုရောက်လာတာလဲ”
“သခင့်ရဲ့အမိန့်နဲ့ လာတာလေ” ဖန်ဖန် ဆက်ပြောလေသည် “မင်းရဲ့ မောင်လေး မင်္ဂလာပွဲဆိုတာကို သခင်သိတာနဲ့ ငါတို့ကို လက်ဆောင်ပေးဖို့ အမိန့်ပေးခဲ့တာ”
ယွမ်ယွမ်ပြောပြီးသည်နှင့် လက်ကိုဝှေ့ယမ်းလိုက်ရာ လက်ထဲတွင် သေတ္တာတချို့ပေါ်လာသည်။ သူတို့နှစ်ယောက်လုံးသည် သတို့သားနှင့် သတို့သမီးတို့ဆီသို့ လျှောက်သွားပြီး လက်ထဲမှ သေတ္တာများကို ပေးကာ ဝမ်းပန်းတသာပြောကြလေသည် “ဒီလင်ဒီမယား အိုအောင်မင်းအောင်ပေါင်းရ ပြီး တစ်သက်လုံး ပျော်ရွှင်ပါစေလို့ ဖန်မျိုးနွယ်က ဆုတောင်းပေးပါတယ်”
“ဘုရားရေ ငါတို့ ဖန်မျိုးနွယ်ကလူကို မြင်ဖူးသွားပြီ”
“ကြည့်ရတာ ထိပ်တန်းတောင်ကြားက နောက်ခံတောင့်တယ်ထင်တယ်”
အောက်မှလူများသည် ရေခဲကိုခွဲလိုက်သကဲ့သို့ ဖန်ဖန်နှင့် ယွမ်ယွမ်တို့ကို လေးစားသမှုဖြင့် ကြည့်ကြလေသည်။
ပျောက်ဆုံးနယ်မြေတွင် ဖြစ်ခဲ့သည့် ဖန်မျိုးနွယ်နှင့်ပတ်သက်သည့် အဖြစ်အပျက်မှာ တိုင်းပြည်တလွှား ပျံ့နေပြီးဖြစ်သည်။ လျှို့ဝှက်မိသားစုများ ထက် ပို၍သန်မာသော မျိုးနွယ်ဖြစ်ကြောင်း အားလုံးသိလိုက်ရသည်။ သူတို့ သည် အရင်ကဖန်မျိုးနွယ်နှင့် အဆက်အနွယ်မရှိကြသဖြင့် သူတို့အတွက် ပို၍ လျှို့ဝှက်ဆန်းကြယ်နေသည်။ သူတို့သည် ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့ မင်္ဂလာပွဲ သို့ တက်ရောက်လိမ့်မည်ဟု မည်သူမှထင်မထားပေ။
ပျောက်ဆုံးနယ်မြေသို့ ရောက်ခဲ့သည့်သူများသည် ဖန်မျိုးနွယ်အတွင်း ရှီမာယူယူ၏ ရာထူးမြင့်မားသည်ကို သိကြသဖြင့် ရှီမာယူယူကြောင့် မင်္ဂလာပွဲ ကို တက်ရောက်ခြင်းဖြစ်သည်။
သို့သော် သူတို့ တက်ရောက်သည်မှာ ကောင်းသွားသည်။ ထိပ်တန်း တောင်ကြား၏ နောက်ခံကို မသိသည့်သူမရှိတော့ပေ။ အကယ်၍ တစ်ယောက် ယောက်သာ ထိပ်တန်းတောင်ကြားကို တိုက်ခိုက်လိုပါက ဖန်မျိုးနွယ်ကြောင့် ပင် နှစ်ကြိမ်မျှစဉ်းစားမိစေမည်။
ထိုအရာမှာ ထိပ်တန်းတောင်ကြားအပေါ်တွင် မမြင်ရသော ထီး အကာအကွယ်ဆင်လိုက်သည်နှင့် တူသည်။
ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့သည် လက်ဆောင်များကို သိမ်းပြီး ပြောလိုက် သည် “ရှီမန်ဖန်က ကျေးဇူးတင်ကြောင်းကို ခင်ဗျားတို့သခင်ကို ကူညီပြီးပြော ပေးပါဦး နှစ်ယောက်လုံး အထူးဧည့်သည်နေရာမှာထိုင်ပြီး ဝိုင်သောက်ကြပါဦး”
ဖန်ဖန်နှင့် ယွမ်ယွမ်တို့သည် ရှီမာယူယူအား တစ်ချက်ကြည့်လိုက်သည်။ သူတို့သည် သူမအား တစ်စုံတစ်ရာပြောရန်ရှိသည့်အား သူမအား ခေါင်းညိတ် ပြပြီး အစေခံနောက်လိုက်ကာ ဆင်းသွားလေသည်။
သူတို့ထွက်သွားပြီးနောက် လေဟာပြင်တွင် လှုပ်ရှားမှုထပ်ဖြစ်လာကာ တည်တံ့သော မျက်နှာနှင့် အမျိုးသားတချို့သည် စင်မြင့်ပေါ်တွင် ပေါ်လာ သည်။
ရှီမာယူယူ ခုံသို့ပြန်မထိုင်ခင်တွင် သူတို့ကိုကြည့်ပြီး မှင်တက်သွားကာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။
ဒီလူတွေက သူမကို လှေသမားထွတ်နဲ့တွေ့ဖို့ ခေါ်သွားခဲ့တဲ့ ကျားဖြူ မြို့တော်ကလူတွေမလား။
“ပျောက်ဆုံးနယ်မြေရဲ့ ကျွန်းသခင်ရဲ့အမိန့်အရ မင်္ဂလာမောင်နှံနှစ်ဦး အတွက် မင်္ဂလာလက်ဖွဲ့ယူလာပေးတာပါ” သူတို့သည် ရှီမာယူယူအား ပြောပြီး နောက် လက်ဆောင်များထုတ်ကာ ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့ကို ပေးလိုက် သည်။
“ကျွန်းသခင်ဆုတောင်းပေးလို့ ကျေးဇူးတင်ပါတယ်” ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့သည် လက်ဆောင်များလက်ခံလိုက်သည်။ ထိုလက်ဆောင်များ သည် အရည်အသွေးမြင့်သော ပစ္စည်းများဖြစ်ကြောင်းကို ခံစားမိလိုက်သည်။
“သူက ခရီးသွားနေတာမဟုတ်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်ပါတယ် ဒါပေမဲ့ သူက ခရီးသွားရင်း အဖြစ်အပျက်တွေကို မျက်ခြေ မပျက်ဘူးလေ၊ အထူးသဖြင့် သခင်မလေးယူယူနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင် ပေါ့” အစောင့်မှ ပြန်ဖြေလေသည် “ကျွန်တော့် သခင်က သခင်မလေးယူယူကို စကားပါးလိုက်ပါတယ် သခင်မလေးကို အဲဒီမှာစောင့်မယ်တဲ့”
“ကျွန်မကို စောင့်မယ်ဟုတ်လား ဘယ်မှာလဲ” ရှီမာယူယူ မျက်မှောင် ကြုတ်လိုက်သည်။ လှေသမားထွတ်က ဘာအဓိပ္ပာယ်လဲ။ အစောကပြောတာ ကဘယ်မှာ စောင့်မှာလဲ။ အဲဒါဘာအဓိပ္ပာယ်လဲ။ သူမက ဘယ်ကိုသွားရမှာလ။
“ဟုတ်ပါတယ် သခင်မလေး အချိန်တန်ရင်သိမှာပါလို့ ကျွန်းသခင်မှာ လိုက်ပါတယ်” အစောင့်ပြန်ဖြေလေသည် “လက်ဆောင်တွေပေးပြီးပြီဆိုတော့ အခုသွားခွင့်ပြုပါဦး”
ရှီမာယူယူသည် သူတို့ကိုလိုက်ပို့ပြီး စိတ်ထဲမှသိချင်စိတ်ကို နောက်ပို့ထား ကာ အခမ်းအနားစတင်ရန် အခမ်းအနားကွပ်ကဲသူကို ခေါင်းညိတ်ပြလိုက်၏။
***