မင်္ဂလာပွဲ အခမ်းအနား
Vol. 119 Ch. 1658
အခမ်းအနားမှာ ရိုးရှင်းသည်။ ရှီမာယူယူကြောင့်ပင် သတို့သားနှင့် သတို့သမီးတို့ ဒူးထောက်ဂါရဝပြုသည့် ထုံးတမ်းအစဉ်အလာကို ခေတ်ပုံစံ အတိုင်းပြုလုပ်သည်။ ဂါရဝပြုပြီးနောက် ကုန်ရှန်ယိသည် ပျော်ရွှင်စွာဖြင့် ငိုလေ သည်။
ထုံးတမ်းအစဉ်အလာများ လုပ်နေစဉ်တွင် ဟင်းလျာများထွက်လာသည်။ အားလုံးသည် အမှတ်တရစားသောက်ဆိုင်မှ မျိုးစုံသော အထူးဟင်းလျာများ ကြောင့် အံ့အားသင့်ရသည်။ ဝိုင်များလာတည်ခင်းသည်နှင့် မွှေးပျံ့သော ဝိုင် အနံ့သည် နေရာတစ်ခုလုံးကို လွှမ်းမိုးသွားလေတော့သည်။ ထုံးတမ်း အစဉ်အလာများ ပြီးသွားသည်နှင့် ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့သည် အင်္ကျီများလဲ ကာ ဧည့်သည်များကို ဂုဏ်ပြုပေးရန် ပြင်ဆင်ကြလေသည်။
ရှီမာယူယူနှင့် အဒေါ် ၃ တို့သည် ရှီမန်ဖန်၏ ဆွေမျိုးများအနေနှင့် အတူ လိုက်ပါပေးရသည်။ ဝိညာဉ်စေတီတွင် တရားထိုင်လေ့ရှိသသည့် ရှီမန်လီသည် မင်္ဂလာပွဲအမှီ ထွက်လာသော်လည်း လူကြီးတစ်ယောက်အနေနှင့် စင်ပေါ်တွင် နေခွင့်မရပေ။ ရှီမန်လီသည် ညီမတော်စပ်သည်ကို အားလုံးသိကြသည်နှင့် သွား ဂုဏ်ပြုပေးကြသည်။
မိုးမှောင်လာသည်နှင့် သူတို့သည် ဧည့်သည်များကို ဧည့်ခံပေးကြသည်။
ရှီမာယူယူ သောက်ပြီးနောက်တွင် ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့ကို မင်္ဂလာ မြောက်ရန် မင်္ဂလာဦးအခန်းဆီသို့ သွားခိုင်းလိုက်သည်။ သူမ စကားများအရ ရှီမန်မျိုးနွယ်၏ လူဦးရေတိုးပွားရန် လိုသေးကာ လူဦးရေတိုးလာရန် သူတို့ ကြိုးစားရမည်ဟု ပြောလေသည်။
ထို့နောက် သူမသည် တိုင်းပြည်တွင် လမ်းကြောင်းဖြောင့်ဖြူးစေရန်နှင့် တခြားသူများနှင့် ရင်းနှီးစေရန် အားလုံးနှင့်အတူ သောက်ရန် ရှီမန်လီကိုခေါ် သွားလိုက်သည်။
သူမနှင့် ရှီမန်ဖန်တို့မှ ဤညီမငယ်အား လုံခြုံသည့် ပတ်ဝန်းကျင်မပေး နိုင်သည့်အတွက် ရှီမာယူယူ အားနာမိသည်။ သူမ လျင်မြန်စွာ အားကြီးလာစေ ရန်အတွက် တရားထိုင်ကျင့်ကြံပြီး ဝိညာဉ်စေတီအတွင်းတွင် တိုက်ပွဲများတိုက် ကာ လေ့ကျင့်ရသည်။ မင်္ဂလာပွဲမတိုင်ခင် အတွေ့အကြုံရရန် အပြင်သို့ထွက်ခဲ့ ရန် ရှီမန်လီအား ပြောခဲ့သည်။ ထို့အပြင် ဝိညာဉ်စေတီအတွင်းတွင် မသင်ယူနိုင် သည့် ကိစ္စများစွာရှိသေးသည်။
ရှီမန်လီသည် ဝိညာဉ်စေတီအတွင်းနေရသည့်အပေါ် ငြင်းဆိုမှုမရှိသော် လည်း အပြင်ထွက်ရသည်ကို ပျော်ရွှင်မိသည်။ ထိုအရာကြောင့်ပင် ရှီမာယူယူ အပြစ်မကင်းသလို ခံစားရသည်။
ကံကောင်းစွာပင် ထိုနှစ်များတွင် သူမသည် အားကြီးလာခဲ့သည်။ အလုံးလေး အသွင်ပြောင်းပြီးနောက် စွမ်းအားအများစုကို သူမကို ပေးခဲ့ရာ ပို၍ အားကောင်းလာခဲ့သည်။ သူမကို ကာကွယ်ပေးမည့် အစောင့်များကိုပို့ပေးလိုက် ပါက ဘေးကင်းသောခရီးဖြစ်နိုင်သည်။
ထိုအချက်တွင် သူမသည် အစောင့်များကို တစ်ခါမှမထုတ်ယူခဲ့သည့် အကြောင်းကို မေ့သွားသည့်ပုံပင်။ သို့သော် သူမသည် ရှီမန်လီ အပြင်ထွက်လျှင် တစ်စုံတရာဖြစ်မည်ကို အမြဲတစေစိုးရိမ်နေတုန်းပင်ဖြစ်သည်။ သူမသည် အမေ တစ်ယောက်ကဲ့သို့ ပြုမူနေသည်ကို ရှီမန်ဖန်မြင်သောအခါ ရယ်မောပြီး ရှီမာယူယူနှင့် မျက်လုံးချင်းဆုံသောအခါ မျက်လုံးလှိမ့်ပြလိုက်သည်။
ဤအခွင့်အရေးတွင် ရှီမန်လီကို ခေါ်ထုတ်ပြီး နောက်အနာဂတ်တွင် အခက်အခဲများတွေ့ရပါက ထိပ်တန်းတောင်ကြားကို ကူညီရန် အားလုံးကို စကားခံထားရမည်။
ရှီမာယူယူနှင့် ရှီမန်လီတို့အပြင် ထိပ်တန်းတောင်ကြား၏ ရာထူးမြင့် အုပ်ချုပ်သူများပါ ထွက်လာပြီး ဧည့်ခံကြသည်။ ထိုအရာကြောင့်ပင် ဧည့်သည် များ သဘောတွေ့ကြသည်။
အခမ်းအနားသည် နောက်တစ်နေ့တွင် ပြီးဆုံးသွားလေသည်။ တချို့ သောဧည့်သည်များသည် အခမ်းအနားပြီးသည်နှင့် ပြန်သွားကြကာ တချို့ ဧည့်သည်များသည် မြို့ငယ်ဆီသို့ပြန်ကာ နှစ်ရက်နေမှ ပြန်ကြလေသည်။
လျန်ဝူမင်သည် လောင်ဘိုင်ကိုခေါ်ကာ ဧည့်သည်များကို လိုက်ပို့ပြီး နောက် ရှီမာယူယူသည် သောက်ပြီးလေသည်။
သူမကိုယ်သူမ ထိန်းမနိုင်လောက်အောင် သောက်သည်မှာ ပထမဆုံး အကြိမ်ဖြစ်သည်။
ရှီမန်လီနှင့် ဘေဂုံထန်တို့သည် သူမအား သန့်ရှင်းပေးပြီးသည်နှင့် ရှီမာလျူရွှမ်နှင့် ဖန်ကျိရှင်းတို့ သူမအိမ်သို့ရောက်လာကြသည်။
မင်္ဂလာပွဲမတိုင်ခင်တွင် ရှီမန်လီနှင့် ရှီမာလျူရွှမ်တို့ တွေ့ဖူးကြသည်။ သူ သည် ရှီမာယူယူ၏ ဖခင်ဖြစ်ကြောင်း သိပြီးနောက်တွင် ဘာမှမပြောဘဲ နှုတ်ဆက်ရုံသာ နှုတ်ဆက်ခဲ့သည်။
“သူမ ဘယ်လိုနေလဲ” ရှီမာလျူရွှမ် မေးလိုက်သည်။
“သူမ အများကြီးသောက်ပြီး သတိလွတ်နေပြီ” ရှီမန်လီ ပြောလိုက်သည်။
“သူမက ဒီနှစ်တွေမှာ အများကြီးလုပ်ခဲ့ပြီး အကုန်ဖြေရှင်းပြီးတော့မယ် သူမ သတိလွှတ်ချဖို့ အချိန်တန်ပါပြီ” ဘေဂုံထန်သည် ရှီမာယူယူအား ကြည့်ပြီး နောက် စိတ်မကောင်းဖြစ်မိသည် “ပြီးတော့ သူမကို မတွေ့ရတဲ့ နှစ်တွေအတွင်း မှာ မိတ်ဆွေတွေအများကြီးတိုးလာတော့လည်း သောက်တာကိုလျော့မရဘူး ဖြစ်နေတာ”
ခရမ်းရောင်ရေနဂါးမျိုးနွယ်မှ ချင်းမိုနှင့်တခြားသူများလည်း ဤတစ်ကြိမ် တွင် ရောက်လာကြရာ သူမသည် သူတို့ကိုအဖော်ပြုပေးကာ သောက်ပေးရ သည်။
“အဖေ” ရှီမာယူယူသည် မျက်မှောင်ကြုတ်ကာ နာကျင်စွာဖြင့် အော် လိုက်သည်။ အားလုံးသည် သူမ နိုးလာပြီဟုထင်ထားကြသည်။ သို့သော် သူမ သည် မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားတုန်းပင်ဖြစ်သည်။ “အဖေ သမီး သေချာပေါက် အမေ့ကိုခေါ်ထုတ်မယ် သမီးခေါ်ထုတ်မယ်”
“ဒီကောင်မလေးတော့ ဘယ်တော့မှ သူမဘာသာနေနိုင်မှာလဲ” ဖန်ကျိရှင်းသည် သူမအတွက် စိတ်မကောင်းဖြစ်မိသည်။
“အသုံးမကျတဲ့ ငါ့အပြစ်ပါကွာ ဒီဝန်ထုတ်ဝန်ပိုးတွေကို သူမကိုပဲ ပေးမိ နေတယ်” ရှီမာလျူရွှမ်သည် သူ့ကိုယ်သူ အပြစ်တင်လေသည်။
ဖခင်ဖြစ်သူသာ သန်မာရင် ဒီနာကျင်မှုတွေကို သူမက ဘယ်လိုလုပ် ခံစား ရတော့မလဲ။
ဖန်ကျိရှင်း သက်ပြင်းချလိုက်သည်။ သူ့ကိုယ်သူ အပြစ်တင်နေတာကို ဘယ်တော့မှ တားနိုင်မှာလဲ။ သို့သော် တချို့ကိစ္စများမှာ သူကိုယ်တိုင်လုပ်မှဖြစ် ရာ သူတို့လုပ်ချင်သော်လည်း ကူညီရန်နည်းလမ်းမရှိပေ။
တစ်ရက်တာကုန်ဆုံးပြီးနောက် ရှီမာယူယူ နိုးလာပြီး အရက်နာကျနေရာ သူမ၏ ခေါင်းမှာ နှစ်ခြမ်းကွဲမတတ်ခံစားရလေသည်။ သူမသည် အရက်၏ သက်ရောက်မှုကိုရှင်းသည့် ဆေးတစ်လုံးသောက်ပြီး သက်သာသည်နှင့် အပြင် သို့ထွက်လိုက်သည်။
“နောက်ဆုံးတော့ နိုးလာပြီပဲ” ဘေဂုံထန်သည် အပြင်ထွက်လာရာ သူမ နှင့်တံခါးနားတွင် တွေ့ကြလေသည်။
“ဘေဂုံ အဲဒီကအခြေအနေက ဘယ်လိုလဲ” သူမသည် နားထင်ကို ပွတ် လိုက်သည်။
“ဧည့်သည်တွေ အားလုံးနီးပါးပြန်ကုန်ကြပြီ” ဘေဂုံထန် ဆက်ပြောလေ သည် “တောင်ကြားဒုသခင်က ဧည့်သည်ကို အလည်အပတ်သွားပို့မလို့တဲ့၊ ရှီမန်လီလည်း အတူလိုက်သွားမလို့စဉ်းစားနေတာ အဲဒါကြောင့် နင်နိုးလာပြီ လားလို့ ငါ့ကို ကြည့်ခိုင်းတာ နိုးရင် အကြံလေးပေးပါဦး”
“သူတို့ရော” ရှီမာယူယူ မေးလိုက်သည်။
“တောင်ကြားဒုသခင်ရဲ့ ခြံဝန်းမှာ”
“ငါသွားကြည့်လိုက်ဦးမယ်” ရှီမာယူယူသည် လျှပ်တပြက်ပျောက်သွား ကာ ရှီမန်လီ၏ ခြံဝန်းတွင်ပေါ်လာသည်။
ရှီမန်ဖန်၊ ကုန်ရှန်ယိနှင့် ရှီမန်လီတို့သည် ခြံဝန်းထဲတွင် စကားပြောနေကြ သည်။ သူမကို မြင်သောအခါ ရှီမန်လီ၏ မျက်လုံးများ တောက်ပလာပြီး သူမ ဆီသို့ပြေးလာကာ လက်ကိုတွဲလိုက်သည် “အစ်မကြီး ရောက်လာတာအချိန် ကိုက်ပဲ အစ်ကို ၂ က ညီမကိုမသွားစေချင်ဘူး”
“အစ်မကြီး အဆင်ပြေရဲ့လား” ရှီမန်ဖန်သည် သူမ မျက်နှာအရောင် မကောင်းသည်ကို မြင်သည်နှင့် စိုးရိမ်တကြီးမေးလေသည်။
ရှီမာယူယူသည် သူ၏ မင်္ဂလာပွဲကို အားထုတ်ထားပြီး ဧည့်သည်များ ပြန် သွားသည်အထိ သောက်ကာ မူးလဲသွားခဲ့သည်ကို သူသိသည်။
“အဆင်ပြေပါတယ်” ရှီမာယူယူ ဆက်ပြောလေသည် “လီအာ ခရီးသွားဖို့ ကိုတော့ အကြံပေးတာငါပါ သူမက ဝိညာဉ်စေတီထဲမှာပဲ အကြာကြီးနေခဲ့တာ ဆိုတော့ အပြင်က အတွေ့အကြုံယူဖို့အချိန်ရောက်ပြီလေ”
“ဒါပေမဲ့ အပြင်မှာကရှုပ်ထွေးနေတာ…” ရှီမန်ဖန် စိုးရိမ်နေသည်။
“အခုအဆင်ပြေသွားပါပြီ” ရှီမာယူယူ ဆက်ပြောလေသည် “သူမက အခု မဟုတ်လည်း နောက်ကိုထွက်ရမှာပဲ၊ ပြီးတော့ သူမကိုယ်သူမလည်း ကာကွယ် နိုင်နေပြီလေ ဝိညာဉ်စေတီကလည်း ထွက်လာပြီပဲ”
“ကြည့်လေ အစ်ကို ၂ အဆင်ပြေပါတယ်လို့ ညီမပြောသားပဲ” ရှီမန်လီ သည် ဂုဏ်ယူစွာဖြင့် မေးငေါ့လိုက်သည်။
သူမသည် ဝိညာဉ်စေတီအတွင်းတွင် ဆယ်စုနှစ်တစ်စုစာလောက်နေခဲ့ရာ ဝိညာဉ်စေတီအတွင်းတွင် နှစ်ရာချီကြာခဲ့သည်။ ရှီမာယူယူ၏ အားဖြည့်ပေးမှု နှင့်အတူ သူမသည် အဘက်ဘက်မှ ကောင်းလာခဲ့သည်။ သူမအတွက် လိုနေ သောတစ်ခုမှာ လက်တွေ့ အတွေ့အကြုံဖြစ်ပြီး လောကကြီးကို ဝေဖန်ပိုင်းခြား တတ်ရန်ပင်ဖြစ်သည်။
ရှီမန်ဖန်သည် ရှီမန်လီ၏ လုပ်နိုင်စွမ်းကိုမသိသဖြင့် သူမကို စိုးရိမ်နေ သည်။ သို့သော် သူမအပြင်ထွက်ရန် ရှီမာယူယူ သဘောတူသဖြင့် သူဘာမှပြော ရန်မရှိတော့ပေ။
ရှီမာယူယူသည် ရှီ ရှီမန်ဖန် သူမကိုကာကွယ်သကဲ့သို့ မန်လီကို သူမ၏ အံ့ဖွယ်စိတ်အာရုံကို ထည့်ပေးလိုက်သည်။ ရှီမန်လီ ဒုက္ခတစ်စုံတရာတွေ့ပါက သူမ၏ အံ့ဖွယ်အာရုံသည် ထွက်လာပြီး ကာကွယ်မည်ဖြစ်သည်။ တစ်ချိန် တည်းမှာပင် သူမသည် ထိုမှတစ်ဆင့်သိနိုင်မည်ဖြစ်သည်။
သူမသည် အတူသွားရန် ဟိန်းသံလေးကို ခေါ်ထုတ်လိုက်သည်။ ဟိန်းသံလေးသည် အနည်းငယ် ယုံကြည်စရာမကောင်းသော်လည်း သူ၏ ဖြူစင်မှုသည် ရှီမန်လီကို အမြန်တိုးတက်စေနိုင်သည်။
ဟိန်းသံလေးသည် ရှီမာယူယူမှ အရေးကြီးသည့်တာဝန်ကို ပေးလာသည့် အတွက် ပျော်ရွှင်စွာလက်ခံကာ ရှီမန်လီအား ကာကွယ်မည်ဟု ကတိပြုလေ သည်။ ထို့အပြင် ထိုကောင်လေးသည် အပြင်ထွက်ပြီး လည်ချင်သည်ကို ရှီမာယူယူသိသည်။
***