← Chapters

ကောင်းတဲ့ကိစ္စတွေက အစုံလိုက်လာတယ်

Vol. 119 Ch. 1659

ကောင်းတဲ့ကိစ္စတွေက အစုံလိုက်လာတယ်

Vol. 119 Ch. 1659

ရှီမန်လီသည် ဟိန်းသံလေးအား ပျော်ရွှင်စွာချီပြီး ထွက်သွားရာ ရှီမန်ဖန် သည် မတတ်သာစွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

“သူမက သူမဘာသာကြီးထွားလာဖို့ လိုတယ်” ရှီမာယူယူ ရှင်းပြလိုက် သည် “သူမဘာသာ လမ်းဖောက်ဖို့ပဲ ငါတို့ကလုပ်ပေးနိုင်မှာ”

“ငါနားလည်ပါတယ် ဒီလောက်မြန်မယ်လို့ထင်မထားရုံတင်ပါ” ရှီမန်ဖန် ပြောလိုက်သည်။

“ငါလည်း အနှေးနဲ့အမြန် သွားရတော့မယ်” ရှီမာယူယူ ဆက်ပြောလေ သည် “သူမရဲ့ လုံခြုံရေးအတွက် ဆက်တိုက်စောင့်ကြည့်ဖို့ ငှက်မျိုးနွယ်ကို သတိရှိရှိနေဖို့ ကြက်သွေးရောင်မီးတောက်ကို အမိန့်ချခိုင်းထားလိုက်မယ်၊ ဒါပေမဲ့ သူတို့က အသက်အန္တရာယ်ရှိမှပဲ လှုပ်ရှားလို့ရလိမ့်မယ် အဲဒါအပြင် သူမ ကို နောက်ကွယ်ကနေ ကာကွယ်ဖို့လူလွှတ်ပေးရမယ်၊ မင်္ဂလာပွဲပြီးတော့ ထိပ်တန်းတောင်ကြားကို ဘယ်သူမှ မပြစ်မှားရဲတော့ဘူးလို့တော့ ထင်တာပဲ”

“ကျွန်မ ကုန်တောင်ကြားကိုလည်း သတိပေးထားလိုက်ပါမယ်” ကုန်ရှန်ယိ ပြောလေသည်။

“ဟုတ်ပြီ မင်းက လီအာရဲ့ယောင်းမဖြစ်သွားပြီဆိုတော့ ယဉ်ကျေးနေဖို့ မလိုတော့ဘူးပဲ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဆရာဦးလေးနဲ့ ဖန်အာတို့ က နောက်သုံးလေးရက်လောက် တောင်ကြားကပြဿနာတွေကို ကိုင်တွယ်ဖို့ မလိုသေးဘူး၊ ရှန်ယိကိုခေါ်ပြီး လွတ်လွတ်လပ်လပ်ခရီးသွားလိုက်ကြဦး ဟန်းနီးမွန်းလိုပေါ့”

သူမ ပြောပြီးနောက်တွင် ကုန်ရှန်ယိ၏ ဝမ်းဗိုက်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ကြည့်လိုက်သည်။

ကုန်ရှန်ယိ၏ မျက်နှာမှာ နီမြန်းသွားသည်။

“အခုတော့ သွားနားလိုက်ဦးမယ် မင်းတို့လုပ်စရာရှိတာ သွားလုပ်ကြ” ရှီမာယူယူသည် ပြောပြီးသည်နှင့် ခြံဝန်းမှလှည့်ထွက်သွားရာ ကျန်နှစ်ယောက် သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်ပြီး ကျန်ခဲ့လေသည်။

ရှီမာယူယူသည် ခြံဝန်းဆီသို့ မပြန်ပေ။ သူမသည် ရှုဂျင်းတို့ မပြန်သေး သည်ကို သိသဖြင့်သူတို့ဆီသို့ သွားလိုက်သည်။

သူမသည် လမ်းတွင် သခင်ကြီးဂျီနှင့် ကလေးငယ်ကိုတွေ့လေသည်။ သူတို့သည် စမ်းသပ်ရန်အတွက် အဆိပ်မြွေကိုဖမ်းနေရာမှ သူမကိုတွေ့ သောအခါ ပြုံးပြီးနှုတ်ဆက်လေသည်။

ရှီမာယူယူသည် သခင်ကြီး ဤနေရာသို့ရောက်ပြီးမှ မမြင်ရသေးပေ။ သူမ သည် သူ့အကြောင်း အားလုံးကိုလိုက်မေးရာ သူသည် ရောက်လာကတည်းက တောင်ကြားကို ပတ်သွားနေသဖြင့် အဆိပ်သတ္တဝါများသည် သူ့ကိုမြင်သည်နှင့် ပုန်းကြသည်ဟု ဆိုလေသည်။

“သခင်ကြီးဂျီ ဒီနေရာရဲ့ ပတ်ဝန်းကျင်က ပျောက်ဆုံးနယ်မြေလောက် မကောင်းဘူး အသားကျရဲ့လား” သူမသည် ပြုံးပြီးမေးလိုက်သည်။

“ဘယ်လိုလုပ် ပျောက်ဆုံးနယ်မြေလောက် မကောင်းရမှာလဲ၊ ဒီနေရာက ပျောက်ဆုံးနယ်မြေထက်တောင် ကောင်းသေးတယ် ဒီမှာမှ ငါမမြင်ဖူးတဲ့ အဆိပ်သတ္တဝါတွေ အများကြီးပဲ” သခင်ကြီးဂျီသည် စိတ်ခံစားချက် ကောင်း‌နေ သည်။ “ဟားဟား ငါက ဒီနေရာနဲ့ ပိုလိုက်မယ်လို့ပြောတဲ့ မင်းစကားက မလိမ် ဘူးပဲ”

“သခင်ကြီးပျော်ရင်ပြီးတာပါပဲ” ထိပ်တန်းတောင်ကြားသည် သူ အဆိပ် များရရန်နှင့် လေ့လာရန်အတွက် အကျိုးအမြတ်ရှိသည်။ “အဆိပ်သတ္တဝါတွေ ကိုလိုက်ရှာဖို့ကျ ကလေးကိုခေါ်သွားတာ မသင့်ဘူး တောင်ကြားမှာ အန္တရာယ် များတယ်”

“အမှန်ပဲ သူ့ကိုပြန်ခေါ်သွားပေးပါဦး” သခင်ကြီးဂျီသည် ကလေး၏ခေါင်း ကိုပုတ်လိုက်ရာ ကလေးသည် ရှီမာယူယူဘက်သို့ လိမ်လိမ်မာမာရောက်သွား သည်။ သူသည် တောင်ကြားအနက်ထဲသို့ တစ်ယောက်တည်း ဝင်သွားလေ သည်။

“သွားကြမယ်” ရှီမာယူယူသည် ကလေးကိုခေါ်ကာ ရှုဂျင်းအား သွားရှာ လိုက်သည်။

ဧည့်သည်ခြံဝန်းတွင် ရှုဂျင်း၊ မုံ့ဆန်းချွယ်၊ ဟော်လန်နှင့် ဖန်လေတို့ ရောက်လာကြသည်။ သူမသည် ယခုလိုဖြစ်မည်ဟု ခန့်မှန်းမိသဖြင့် သူတို့ကို အဆိပ်ဖြေဆေး နှစ်လုံး သုံးလုံးတင်မပေးပေ။

ခြံဝန်းထဲတွင် သူတို့သည် ဝူရန်ဖေနှင့် စကားမပြောနေရာမှ သူမ ဝင်လာ သည်နှင့် ရပ်လိုက်ကြသည်။

“ဆရာ ဆရာဟော်လန် ကျောင်းအုပ်ဖန် ဒါရိုက်တာမုံ့” သူမသည် ဦးညွှတ်ပြီး နှုတ်ဆက်လေသည်။

“နောက်ဆုံးတော့ နိုးလာပြီလား မင်းအရင်က အဲလောက်သောက်တာကို မမြင်ဖူးပါဘူး” ကျန်းကျူးရှန့်သည် စိုးရိမ်မှုစွက်ကာ ပြောလေသည်။

“ညီမအရမ်းပျော်လို့လေ” ရှီမာယူယူ ပြုံးလိုက်သည် “စီနီယာနဲ့ စီနီယာ အစ်မတို့ မင်္ဂလာပွဲကျရင်တော့ ဒီလောက်မသောက်တော့ဘူး မင်္ဂလာဦးအခန်း ကို ဖျက်နိုင်လောက်အောင်တော့ မမူးမှဖြစ်မယ်”

“ဂျူနီယာညီမလေး ဘာတွေပြောနေတာလဲ” ဟန့်မြောင်ရွှမ်သည် ရှက်ရွံ့ သောမျက်နှာဖြင့် သူမကို စိုက်ကြည့်လေသည်။

“စီနီယာတို့ကိုယ်တိုင်ပဲ ပြောတာမဟုတ်ဘူးလား ဆရာ့ကိုရှာတွေ့တာနဲ့ လက်ထပ်မယ်ဆို” ရှီမာယူယူသည် မျက်စိမှိတ်ပြုလိုက်သည် “ညီမပဲ မှားမှတ်မိ နေတာလား ရှောင်ရှောင် စီနီယာလည်းကြားတယ်မလား”

“အင်း သူတို့ အဲလိုပဲပြောခဲ့တာပဲ” ရှောင်ရှောင်သည် ရိုးသားစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“နင်တို့တွေတော့…” ဟန့်မြောင်ရွှမ်သည် ရှက်ရွံ့စွာဖြင့် စူးရှောင်ရှောင် အားရိုက်လေသည်။

“ကျူးရှန့်က ဒီအကြောင်းကို ပြောပြီးပါပြီ မင်းတို့က ဆွေးနွေးပြီးကြပြီ ဆိုမှတော့ ဆရာက ပြောစရာမရှိတော့ပါဘူး မင်းတို့ဘာသာ ကြည့်ပြီး ရက်ရွေး လိုက်ကြ” ရှုဂျင်း ဆက်ပြောလေသည် “ယူယူလိုမျိုး အားစိုက်ထုတ်ရမယ့် မင်္ဂလာပွဲမျိုးလုပ်ဖို့ စိတ်ကူးထားရင် ငါတော့မလုပ်ဘူးနော်”

စီစဉ်ရသည်မှာ အလွန်ပင်ပန်းလွန်းသည်။ ရှီမာယူယူကိုကြည့်ပြီး သူတို့ သည် အလွန်စိတ်ပင်ပန်းကြသည်။

“ကျွန်တော်တို့က အဲလောက်အများကြီး မချဲ့တော့ပါဘူး ဆရာ့ကို မျက်မြင်သက်သေအနေနဲ့ပဲ ဖြစ်စေချင်တာပါ” ကျန်းကျူးရှန့် ပြန်ဖြေလေ သည်။

တကယ်တော့ ရှီမန်ဖန်နှင့် ကုန်ရှန်ယိတို့၏ မင်္ဂလာပွဲကို ကြည့်သည့် ဟန့်မြောင်ရွှမ်၏ မျက်လုံးများမှာ အားကျမှုအပြည့်ဖြစ်သဖြင့် သူသည် မင်္ဂလာ ပွဲအခမ်းအနား ပြုလုပ်ချင်သည်။ သို့သော် သူ ထိုကဲ့သို့အခမ်းအနားမျိုးဖြင့် မပြု လုပ်ပေးဘဲ ရိုးရှင်းပြီးသာမာန်မင်္ဂလာပွဲလုပ်ပေးသည်လည်း အဆင်ပြေသည်။

ဟန့်မြောင်ရွှမ်လည်း သဘောတူသည်။ သူမသည် ကုန်ရှန်ယိကို အားကျ သော်လည်း လူတိုင်းသည် ထိုကဲ့သို့မဖြစ်နိုင်ကြောင်းကို သူမ သိသည်။ သူမသည် ကျန်းကျူးရှန်နှင့် ရိုးရှင်းစွာပင်အတူရှိနေလိုခြင်းဖြစ်သ်ည။

“မင်္ဂလာပွဲလုပ်ရင်တော့ ဆွေမျိုးတွေ မိတ်ဆွေတွေကို မဖိတ်ချင်ရင် တောင် ဖိတ်ရမှာပဲ” ရှီမာယူယူ ဆက်ပြောလေသည် “ဒီလိုလုပ်ရအာင် မင်္ဂလာပွဲ အသေးလေးတော့ လုပ်ရမှာပေါ့ တောင်ကြားအဖွဲ့ဝင်တွေကို လုပ်ခိုင်းလိုက် မယ် စီနီယာတွေက လက်ထပ်ဖို့ပဲစောင့်နေလိုက်”

“ဘယ်လောက်ကြာမှာလဲ” ဖန်လေ မေးလိုက်သည်။

အကြီးအကဲများထွက်လာကြရာ ကျောင်းအားကြည့်ပေးမည့်သူ မကျန်ခဲ့ ပေ။

“တခြားဧည့်သည်တွေ မဖိတ်ချင်ဘူးဆိုရင်တော့ သုံးလေးရက်ပဲကြာမှာ ပါ အကုန်အဆင်ပြေကြရဲ့လား”

“ငါချူးရှောင်နဲ့ ချန်းကျိကိုပဲ ဖိတ်မှာ” ကျန်းမျိုးနွယ်ကိုတော့ ကျန်ထားခဲ့ မည်။

“ငါကတော့ မင်းတို့ပဲရှိရင်ဖြစ်ပြီ” ဟန့်မြောင်ရွှမ်သည်လည်း သူမ၏ မျိုးနွယ်မှ စွန့်ပစ်ခံထားရသဖြင့် မျိုးနွယ်နှင့် တစ်ခါမှမဆက်သွယ်ဖူးပေ။

“ချူးရှောင်နဲ့ချန်းကျိတို့က တောင်ကြားမှာပဲရှိတယ် အဲတော့ ဧည့်သည် ကို စောင့်ဖို့မလိုတော့ဘူး၊ ၁၀ ရက်… ၁၀ ရက်ဆိုရင် လောက်ပါပြီ” ရှီမာယူယူ သည် အချိန်ကိုခန့်မှန်းလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဧည့်သည်တွေအကုန် ဒီမှာရှိနေတာပဲ ရိုးရိုးရှင်းရှင်းပဲ လုပ်ကြတာပေါ့” ဟန့်မြောင်ရွှမ်လည်း မငြင်းဆန်ပေ။

“ဒါဆိုရင် ဂျူနီယာညီမလေးကိုပဲ ဒုက္ခပေးရတော့မယ်” ကျန်းကျူးရှန့် သည် ရှီမာယူယူအား ကျေးဇူးတင်သည့်အကြည့်ဖြင့် ကြည့်လေသည်။

“ဘာကို ကျေးဇူးတင်ဖို့လိုလို့လဲ” ရှီမာယူယူ ဆက်ပြောလေသည် “ဟုတ်ပြီ စီနီယာတို့ အေးအေးဆေးဆေးသာ စောင့်ကြ ဘေဂုန် ငါနဲ့ စီစဉ်စရာ ရှိတာ လိုက်စီစဉ်ပေးဦး”

“ဟုတ်ပြီ ငါလည်း ဒါမျိုးတွေလုပ်ရတာ ကြိုက်တယ်” ဘေဂုံထန်သည် ပြုံးပြီး ပြန်ဖြေလေသည်။

ရှီမာယူယူသည် သူမကို စိုက်ကြည့်လိုက်သည် “နင်ပျော်နေပုံကိုကြည့်ရ တာတော့ နင်လည်း လက်ထပ်ဖို့မစောင့်နိုင်တော့ဘူးထင်တယ်”

“လစ်လိုက်တော့ နင်လက်ထပ်ပြီးရင်တောင် ငါလက်မထပ်ဘူး” ဘေဂုံထန်သည် သူမကို ကလိထိုးရန် လက်လျှိုထိုးလိုက်သည်။

“အိုး ဟုတ်လား ဝူရန် နင်ဘယ်လိုထင်လဲ” ရှီမာယူယူသည် ရှောင်ရှားရင်း ဝူရန်ဖေကို မေးလိုက်သည်။

“ငါ့ကိစ္စကို ဘာလို့အဲဒီအရူးကိုသွားမေးနေတာလဲ”‌ ဘေဂုံထန်သည် ပျာယာခတ်သွားသည်။

“ဝူရန်မှာ ဘယ်တုန်းက နာမည်ပြောင်ရသွားတာလဲ နင်တစ်ယောက်ပဲ အဲလိုခေါ်တာမလား” ရှီမာယူယူသည် ရှောင်ရှားရာ ဘေဂုံထန်သည် သူမ နောက်လိုက်လေသည်။

“အရး ဟုတ်လား ဝူရန် မင်းက ငါတို့ကိုမပြောဘဲ ချန်ထားတာရှိတာလား” ဝေကျိရွှီနှင့် ဖက်တီးကျူသည် ဝူရန်ဖေနောက်အား လိုက်ရင်းရိုက်လေသည်။

သူတို့နှစ်ယောက်လုံးသည် လျှို့ဝှက်ချက်များကို ထိန်းသိမ်းရာတွင် တော် ကြသည် ရှီမာယူယူသာ မပြောလျှင် သိကြမည်မဟုတ်ပေ။

ဝူရန်ဖေသည် သူတို့နှစ်ယောက်ကြားမှပျောက်သွားပြီး တည်တံ့သော မျက်နှာဖြင့် ပြောလေသည် “မင်းတို့က ကိုယ့်ဘာသာတောင် မသိဘူး အကဲခတ်ညံ့လိုက်တာ”

“….”

“အဲဒီစကားတွေက အရိုက်ခံဖို့တောင်းဆိုနေတာလား” ဖက်တီးကျူ မေး လိုက်သည်။

“အင်း ဟုတ်တယ်” ဝေကျိရွှီ ပြန်ဖြေလိုက်သည်။

သူတို့နှစ်ယောက်လုံး နောက်မှလိုက်ကြလေသည်….

***

All Chapters