← Chapters

အိပ်မက်ဆန်တဲ့ မင်္ဂလာပွဲကို ပြင်ဆင်ထားခြင်း

Vol. 119 Ch. 1660

အိပ်မက်ဆန်တဲ့ မင်္ဂလာပွဲကို ပြင်ဆင်ထားခြင်း

Vol. 119 Ch. 1660

လက်ထပ်ရန် ရက်အနည်းငယ် အလိုလောက်တွင် ဟန့်မြောင်ရွှမ်သည် ရုတ်တရက် အနည်းငယ် စိတ်မအေးဖြစ်နေခဲ့သည်။ သို့သော် ရှီမာယူယူသည် သူမကို ဘာမှမပြောသလို ထိပ်တန်းတောင်ကြားမှလူများလည်း ဘာမှမပြော ကြပေ။ သူမသည် စိုးရိမ်တကြီးပင်စောင့်စားခဲ့သည်။

သူတို့သည် မင်္ဂလာပွဲမတိုင်ခင် စိတ်လှုပ်ရှားခြင်းမျှသာဖြစ်ကြောင်း ရှီမာယူယူ ပြောခဲ့သည်။ သူမအနေနှင့် ကျန်းကျူးရှန့်ကို ကိုယ်တိုင်ဖန်တီးထား သည့် ပစ္စည်းတစ်ခုခု သို့မဟုတ် ကြင်စဦးတွင်ဝတ်ရန် အင်္ကျီချုပ်လုပ်ခြင်းကဲ့သို့ လုပ်စရာတစ်ခုခုရှာတွေ့ပါက အဆင်ပြေသွားနိုင်သည်ဟုတ်ပြောလေသည်။

သည်လိုနှင့် သူမသည် တစ်ဘဝလုံးတွင် မကိုင်ခဲ့ဖူးသည့် အပ်ကိုကိုင်ကာ အင်္ကျီချုပ်နည်းကို အပြေးသွားသင်ရတော့သည်။

အဒေါ် ၃ သည် အချုပ်အလုပ်လုပ်ငန်းတွင် တာဝန်ယူခဲ့ခြင်းဖြစ်ရာ သူမ အပ်ချုပ်ခြင်းကို သင်ယူလိုသည်ဟု သိသည်နှင့် အပ်ချုပ်သမတစ်ယောက်ကို သင်ခိုင်းလိုက်လေသည်။ တစ်ခုခုလုပ်လိုက်သည်နှင့် နောက်ကျိနေသော သူမ ၏ စိတ်များသည် တည်ငြိမ်သွားလေသည်။

ရှီမာယူယူဘက်တွင်တော့ တောမီးကဲ့သို့ဖြစ်နေသည်။ သူမသည် မင်္ဂလာ ပွဲနေရာအား အလှဆင်ပြီး လိုအပ်မည့်ပစ္စည်းအားလုံးကိုယူလာသည်။ ရှီမာယူယူသည် ဖက်တီးကျူကိုပါ ဆွဲခေါ်ကာ အလွှာများစွာပါဝင်သောကိတ် လုပ်ရန် ပစ္စည်းများလုပ်ခိုင်းသည်။

ရှီမန်ဖန်၏ မင်္ဂလာပွဲအတွက် ပစ္စည်းများစွာယူခဲ့ကြရာ အများအပြား ကျန်နေ၍တော်သေးသည်။ ရှီမာယူယူသည် ထိုပစ္စည်းများကို အသုံးပြုကာ ခေတ်ပုံစံအလှဆင်သည်။ ထို့နောက် သူမသည် ဟန့်မြောင်ရွှမ်၏ ကိုယ်တိုင်းကို ယူကာ မင်္ဂလာဝတ်စုံချုပ်ခိုင်းသည်။

သူမသည် မင်္ဂလာဝတ်စုံကို ကိုယ်တိုင်ဒီဇိုင်းထုတ်ရာ ထိုခေတ်၏ ဇာမဏီ ဒီဇိုင်းများနှင့် များစွာကွဲပြားလေသည်။ ထိုအပ်ချုပ်သမများသည် အလုပ်လုပ် ရာတွင် ထက်မြက်ကာ သူမလိုချင်သည့်အတိုင်းကို နားလည်၍တော်သေး သည်။ သူတို့သည် သူမ ပြောသည့်အတိုင်း စတင်အလုပ်လုပ်တော့သည်။

ဖက်တီးကျူနှင့် တခြားသူများသည် အကူအညီပေးချင်သော်လည်း ရှီမာယူယူသည် အနှောင့်အယှက်ဖြစ်သည်ဟု ဆိုကာ နှင်ထုတ်လေသည်။ သူတိုသည် သူမ ဘေဂုံထန်တို့ ဟိုဟိုဒီဒီပြေးလွှားနေပုံကိုကြည့်ပြီး မည်ကဲ့သို့ မင်္ဂလာပွဲဖြစ်လိမ့်မလဲဟု သိချင်နေကြသည်။ သို့သော် ဤတစ်ကြိမ်တွင် သူမ သည် ယောက်ျားလေးများ၏ အကူအညီကိုငြင်းဆန်ကာ အကူအညီလိုလျှင် လည်းမပြောခဲ့ပေ။

သိထားသော ယောက်ျားလေးမှာ ကျန်းကျူးရှန့် တစ်ဦးတည်းဖြစ်သည်။ သို့သော် သူသည် မင်္ဂလာပွဲအကြောင်းကို တစ်ခွန်းမှမဟပေ။ သူသည် အချိန် တန်လျှင် သိလိမ့်မည်ဟု ဝိုးတိုးဝါးတားသာ ပြောခဲ့သည်။

ထို့ကြောင့်လားတော့မသိပေ အားလုံးသည် ပိုသိချင်လာသည်။ နောက်ဆုံးတွင် ထိပ်တန်းတောင်ကြားမှ တပည့်များသည် မျှော်လင့်စောင့်စား နေကြသည်။

သူတို့၏ တောင်ကြားဒုသခင်သည် ထိုကဲ့သို့ကိစ္စများတွင် ဝင်ပါခဲ့သည်။ သို့သော် သူမ လုပ်သမျှသည်လည်း စံထားလောက်ကစရာဖြစ်နေသည်။

အားလုံးတွင် မျိုးစုံသော မျှော်လင့်ချက်များနှင့်အတူ မင်္ဂလာပွဲနေ့မှာ နောက်ဆုံးတော့ ရောက်လာသည်။

ရှီမာယူယူသည် တောင်ကြားအဖွဲ့ဝင်များကို တစ်ရက်ကြိုပြောရာ သူတို့ သည် တောင်ကြားဘေးသို့ သွားကာ ကြည့်ကြသည်။ သို့သော် သူတို့သည် အရှုပ်အထွေးများမလုပ်ကြပေ။ တောင်ကြား၏ အရေးပါသော အဖွဲ့ဝင်များ သည် ဖိတ်စာများရကြကာ သတ်မှတ်ထားသော ခုံတွင်နေရာရကြသည်။

သည်လိုနှင့် မင်္ဂလာပွဲနေ့မနက်ခင်းတွင် ထိပ်တန်းတောင်ကြားမှ အဖွဲ့ဝင် များသည် တောင်ကြားနှစ်ဖက်တွင် လူစည်နေကာ ပန်းပင်လယ်နှင့်တူသော မြင်ကွင်းကိုကြည့်နေကြသည်။ ထင်ယောင်ထင်မှားထဲများ ဝင်သွားမိသလားဟု အားလုံး ထိင်မိကြသည်။

ချောက်နှစ်ဖက်တွင်တော့ သူမသည် ခရမ်းရောင်နွယ်များ ချိတ်ဆွဲထား သည်။ ထိုနွယ်များကို သစ်ပင်များအပေါ်ကို သာမန်ကာလျှံကာပင် ပစ်တင်ကာ နံရံနှစ်ခုကြားကို ချိတ်ဆွဲထားသည်။ လေတိုက်လာသည်နှင့် ကောင်းကင်ကြီး သည် ခရမ်းရောင်ပင်လယ်အသွင် ပြောင်းလဲသွားလေသည်။

ပန်းပင်လယ်၏ အလယ်တွင် မြေနေရာလွတ်ရှိသည်။ ထိုနေရာလွတ်တွင် ရာချီသော အဖြူရောင်ခုံများချထားသည်။ အလယ်တွင်တော့ ကျယ်ဝန်းသည့် လျှောက်လမ်းရှိကာ လမ်းတစ်လျှောက်တွင် အရောင်အသွေးစုံလင်သော ပွင့်ဖတ်များနှင့် ခင်းကျင်းထားသည်။

လျှောက်လမ်းအဆုံးတွင်တော့ ပန်းပေါင်းကူးလေးရှိထားပြီး ထိုအဆုံး တွင်တော့ စင်မြင့်ငယ်လေးရှိသည်။ ထိုစင်မြင့်တွင် ရိုးရှင်းစွာပင် ကျောက်စားပွဲ လေးထားရှိထားပြီး ထိုအနောက်တွင်တော့ ဆီဆေးဖြင့် ဆွဲထားသော ပင်လယ် ပန်းချီတစ်ခုရှိလေသည်။ ကမ်းခြေတွင် လက်ချင်းဆုပ်ကိုင်ထားသော စုံတွဲတစ် တွဲ၏ ပုံကိုပင် ထည့်ကာဆွဲထားသည်။

“မိုးနတ်မင်းရေ အိပ်မက်ဆန်လိုက်တာ” တောင်ကြားမှ တပည့်များသည် ထိုမြင်ကွင်းကြောင့် အံ့ဩကြသည်။

ထိုမြင်ကွင်းမှာ ခေတ်ကာလတွင်တော့ သာမာန်မင်္ဂလာပွဲမျှသာဖြစ် သည်။ သို့သော် ဤနေရာတွင်တော့ တစ်ခုတည်းသော မင်္ဂလာပွဲသာဖြစ်သည်။

“သတို့သမီးကလည်း သာမာန်မဖြစ်နိုင်ဘူး သူမက တခြားသတို့သမီးတွေ နဲ့ ကွာလိမ့်မယ်လို့ ထင်တယ်”

“ဒီလိုမျိုး ပြင်ဆင်ထားတာနဲ့တင် မတူဘူးဆိုတာ သိနေတာပဲ တောင်ကြားဒုသခင်ပါလာတာနဲ့ ငါတို့သိသင့်နေပြီ”

“ဒါဆိုလည်း စောင့်ကြတာပေါ့ သတို့သမီးက ခဏနေရောက်လာတော့ မယ်”

မင်္ဂလာအချိန်ရောက်သောအခါ ဖိတ်စာရထားသူများသည် စတင်ဝင် ရောက်လာသည်။ သူတို့သည် ဖိတ်စာတွင်ရေးထားသော နေရာတွင် ဝင်ထိုင် ကြသည်။

ထိုအချိန်တွင် ဂီတသံပျံ့လွှင့်လာသည်။ ထိုဂီတသံသည် အရင်နှင့် မတူ ပေ။ နားဆင်သူကို ပျော်ရွှင်စေသည်။ ထိုအချိန်မှပင် ရှည်လျားသော လာဗင်ဒါ ပန်းခင်းပေါ်တွင် ရပ်နေသော မိန်းကလေးများကို သတိထားမိကြတော့သည်။

ထိုမိန်းကလေးများ၏ လက်ထဲတွင် အသံကျောက်တုံးများရှိကာ သူတို့ သည် တစ်ချိန်တည်းမှာပင် ဝိညာဉ်စွမ်းအင်များကို ထည့်နေကြသည်။ ထိုအချိန် မှာပင် ဂီတသံထွက်လာကာ ကျယ်လာပြီး အသံမှာပြတ်သားလာသည်။

ထိုထူးခြားသော မြင်ကွင်းကိုမြင်သောအခါ အားလုံးသည် အလွန်သိချင် လာသည်။

“ဖန်အာ မင်းအစ်မလုပ်နေတာ ဘာတွေလဲ” လျန်ဝူမင်နှင့် ရှီမန်ဖန်တို့ သည် အတူတကွထိုင်ကြကာ သူတို့မေးသည်နှင့် ခေါင်းကိုဘေးဘက်သို့ တိမ်း ကြည့်လိုက်သည်။

“ကျွန်တော်လည်း မသိတော့ဘူး” ရှီမန်ဖန်သည် အလွန်သိချင်နေသည်။

“အိုး… သူမက မင်းအစ်မလေ ရှန်ယိကိုတောင် သူမကိုကူညီဖို့ပြောသေး တာပဲ သူတို့က မင်းကိုဘာမှမပြောကြဘူးလား” လျန်ဝူမင်သည် နားမလည်နိုင် ဖြစ်နေသည်။

“ဘာတစ်ခုမှကိုမပြောတာ သူမက လျှို့ဝှက်ချက်ဖြစ်လို့ ကျွန်တော့်ကို တောင်မပြောဘူးတဲ့” ရှီမန်ဖန်လည်း အကူအညီမဲ့နေရာ တခြားသူကို ပြောမည် မှာမဖြစ်နိုင်ပေ။ အနီးဆုံးလူကိုတောင် မပြောခဲ့ကြပေ။

“မင်းအစ်မခေါင်းထဲမှာ ထူးထူးဆန်းဆန်းအကြံတွေ အများကြီးရှိတာပဲ” လျန်ဝူမင် ရယ်မောလေသည် “ဒီလိုမင်္ဂလာပွဲကို မြင်ဖူးတာ ပထမဆုံးပဲ အခု အဲဒီစုံတွဲ ဘယ်လိုဖြစ်မလဲလို့ သိချင်နေပြီ”

“ကျွန်တော်ရောပဲ” ရှီမန်ဖန်သည် ရယ်မောပြီး ပြန်ဖြေလေသည်။

အားလုံး စိတ်လှုပ်ရှားစွာ စောင့်စားနေသော သတို့သမီးသည် ရှေ့တွင်ရှိ သော မင်္ဂလာဝတ်စုံကို ကြည့်ပြီး ကသိကအောက်နှင့် ပြုံးနေသည်။

“ဂျူနီယာညီမလေး ဒီဝတ်စုံက မင်းငါ့အတွက် ပြင်ပေးထားတဲ့ မင်္ဂလာ ဝတ်စုံဆိုတာ သေချာရဲ့လား” သူမသည် အင်္ကျီကို လက်ဖြင့်ကိုင်ကြည့်လေ သည်။ ဒါကတကယ်ပဲ… ရှက်စရာကြီး။

“စီနီယာအစ်မ ဒီအင်္ကျီကို ညီမကိုယ်တိုင် ဒီဇိုင်းထုတ်ပြီး အပ်ချုပ်သမ တွေကို ရက်ပေါင်းများစွာ ချုပ်ခိုင်းထားရတာ” ရှီမာယူယူသည် လက်နှစ်ဖက် ကို ဆုပ်ကိုင်ကာ မဝတ်လျှင် တိုက်ခိုက်တော့မည့်ပုံပေါက်နေသည်။

“ဒါပေမဲ့ ဒါကအရမ်းအသားပေါ်နေတာမဟုတ်ဘူးလား” ဟန့်မြောင်ရွှမ် သည် ငြင်းဆန်တုန်းပင်.

“မဖြစ်ဘူး မဖြစ်ဘူး ဒါက အပြောင်မြောက်ဆုံးဒီဇိုင်းပဲ အသားအများကြီး မပေါ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဝတ်လိုက်တာနဲ့ ရလဒ်ကိုသိလာလိမ့် မယ်”

ဘေးတွင်ရပ်နေသော ဘေဂုံထန်သည် ရယ်မောရင်း ရှင်းပြလေသည် “မမမြောင်ရွှမ် ဒီဝတ်စုံကိုမြင်ဖူးပြီးသွားပြီ အရမ်းကြီးမပေါ်ပါဘူး စိတ်ချပါ”

ရှီမာယူယူနှင့်ယှဉ်လျှင် ဟန့်မြောင်ရွှမ်သည် ဘေဂုံထန်၏ စကားကို ပိုယုံ သလိုပင်။ သူမ စကားကိုနားထောင်ပြီးနောက် တွန့်ဆုတ်စွာပင် မင်္ဂလာဝတ်စုံ ကိုဝတ်လိုက်သည်။ သူမ ဝတ်လိုက်ပြီးနောက် ရှီမာယူယူသည် သူမကိုမှန်ရှေ့ သို့ဆွဲခေါ်သွားရာ မှင်တက်သွားလေတော့သည်။

ရှည်လျားသော ခရမ်းရောင်ဝတ်စုံသည် သူမ၏ခန္ဓာကိုယ်အား ကပ်ရပ်စွာ တွယ်ဆင်းနေပြီး သူမ၏ တင်ပါးတစ်လျှောက်ကွေ့ကောက်သွားကာ ခြေထောက်များဆီသို့ အလွှာလိုက် ကျသွားသည်ကို တွေ့လိုက်ရသည်။ ထို အသွင်အပြင်သည် သူမကို မှော်ဆန်သော မင်းသမီးသဖွယ်ဖြစ်စေသည်။ ဂါဝန် တွင် အလှဆင်ထားသော စိန်တုံးလေးများသည် နေရောင်အောက်တွင် တဖျပ်ဖျပ်လက်နေသည်။

“ဒါက…”

အားလုံးသည် အသက်ကို ပြင်းပြင်ပင်မရှုရဲကြတော့ပေ။ အသက်ရှုလိုက် လျှင် လှပသော မြင်ကွင်းကို ဖျက်ဆီးလိုက်မည်ကို ကြောက်ရွံ့နေကြသည်။

“အစတုန်းကတော့ အဖြူသုံးမလို့ပဲ ဘာလို့လဲဆိုတာ ညီမက မင်္ဂလာ ဝတ်စုံကို အဖြူကြိုက်တာလေ၊ ဒါပေမဲ့ အစ်မရဲ့အကြိုက်ဆုံးအရောင် ခရမ်း ရောင်ကိုရွေးလိုက်တာ” ရှီမာယူယူသည် ဘေးမှပြောလေသည် “ဘယ်လိုလဲ ညီမရဲ့ ဒီဇိုင်းကမဆိုးဘူးမလား”

“လှတယ်” ဟန့်မြောင်ရွှမ်သည် ပြုံးပြီး ခေါင်းညိတ်လေသည် “ဒီလက်ကို ဖုံးပေးမယ့် အင်္ကျီလက်မပါတာတော့ နည်းနည်းခံစားရခက်နေတယ်”

“ဒါရှိတယ်လေ”

ရှီမာယူယူသည် ထောင့်ကိုသွားကာ ဇာလက်အိတ်ကိုယူပြီး ဝတ်ပေး လိုက်သည်။ သူမ၏ ပခုံးအနည်းငယ်သာ ပေါ်တော့သည်။

“ပြီးတော့ ဒါ” ရှီမာယူယူသည် လက်ထဲမှ မင်္ဂလာခေါင်းဆောင်းကို ဝေ့ပြ လိုက်သည် “ဒါကိုဆံပင်လုပ်ပြီးမှ ဝတ်ရမယ် အခု ဆံပင်ထုံးဖို့ကူညီပေးမယ်”

သူမသည် ဟန့်မြောင်ရွှမ်ကို သတို့သမီးပုံစံ ထုံးဖွဲ့ပေးကာ မင်္ဂလာခေါင်း ဆောင်းကို တပ်ပေးလိုက်သည်။ အရှေ့ပိုင်းမှာ သူမ၏ ရင်ဘတ်နှင့် ချပ်ချပ်ရပ်ရပ်ရှိကာ အနောက်ပိုင်းမှာ ကြမ်းပြင်အထိ တွဲဆင်းကျနေသည်။

“တကယ်ပဲ အသားမပေါ်တော့ဘူး ဟုတ်ပြီ သတို့သမီးကအသင့်ဖြစ်ပြီ သွားလက်ထပ်လို့ရပြီ” ရှီမာယူယူသည် မှင်တက်နေသော သတို့သမီးကိုကြည့်ပြီး ကောင်းမွန်သော အလုပ်ကိုလုပ်လိုက်သည်ဟု ခံစားမိသည်။

***

All Chapters