← Chapters

တစ်ခုခုဖြစ်နေပြီ

Vol. 119 Ch. 1661

တစ်ခုခုဖြစ်နေပြီ

Vol. 119 Ch. 1661

ဧည့်သည်များသည် စောင့်ပြီးရင်းစောင့်ကြသော်လည်း သတို့သမီးပေါ် လာသည်ကို မမြင်ရပေ။ ပထမဆုံးမြင်လိုက်ရသည်မှာ ကောင်းကင်ပြာဝတ်စုံ ကိုဝတ်ဆင်ထားသော သတို့သားကိုပင်ဖြစ်သည်။

သတို့သားက အနီရောင်ဝတ်မထားဘူးပဲ။ သတို့သမီးကရော ဘယ်လိုပုံစံ ဖြစ်မလဲသိချင်နေပြီ။

ထိုအချိန်တွင် အဘိုးနတ်ဆိုးသည် ကျောက်စားပွဲဆီသို့လာပြီး ကြေညာ လေသည် “ဧည့်သည်တော်တို့ ကျုပ်က အဖိုးတန်တပည့်လေးတွေရဲ့ ဒီမင်္ဂလာ ပွဲကို တင်ဆက်သူလို့ဆိုပါတော့၊ ဒီလောက်အကြာကြီးနေလာပြီးမှ ဒီလိုမျိုးကို အရင်ကတစ်ခါမှမလုပ်ဖူးဘူး အမှန်အတိုင်းပြောရင် ဒီလိုမင်္ဂလာပွဲကိုမြင်ဖူးတာ ပထမဆုံးပဲ ကျုပ်က စိတ်ဝင်စားဖို့ အပျော်လာတာပါပဲ ဟေးဟေး မရယ်ကြနဲ့ လေ”

သို့သော် အားလုံးသည် ဝါးလုံးကွဲရယ်ကြလေသည်။

“ဟင်း ကျုပ်သိပါတယ် ခင်ဗျားတို့က အားကျနေကြလို့ ရယ်နေကြတာပဲ” အဘိုးနတ်ဆိုးသည် မျက်လုံးလှိမ့်ပြီးနောက် ဆက်ပြောလေသည် “ကောင်းပါပြီ စကားတွေဝှေ့မနေတော့ပါဘူး ဒီနေ့ဇာတ်လိုက်တွေက ကျန်းကျူးရှန့်နဲ့ ဟန့်မြောင်ရွှမ်တို့ပါ၊ အားလုံးမြင်တဲ့အတိုင်းပဲ ဒီနေ့မင်္ဂလာပွဲက ထူးခြားတယ် ကျုပ်တော့ နောက်ဘာတွေဖြစ်လာမလဲ စိတ်လှုပ်ရှားနေပြီ ပြီးတော့ အခု သတို့သမီးကို ကြိုဆိုလိုက်ကြတာပေါ့”

ထိုအချိန်တွင် သီချင်းပြောင်းသွားသည်။ သူတို့သည် “အတိတ်မှမင်္ဂလာ လျှောက်လမ်း”ဆိုသည့် သီချင်းကိုတီးမှုတ်လေသည်။ ထိုသီချင်းကို အခုမှကြား ဖူးကြသဖြင့် လန်းဆန်းသည်ဟု ခံစားရလေသည်။

ကျန်းကျူးရှန့်သည် စင်ပေါ်တက်ကာ အောက်မှလူများကို ခေါင်း အသာအယာညိတ်ပြလေသည်။

“အိုး ကျူးရှန့် မင်းက ငါ့တပည့်ရဲ့စီနီယာအစ်ကိုပဲ အဲဒါကြောင့် ငါက မင်းရဲ့ အထက်လူကြီးပဲပေါ့ ဟုတ်တယ်မလား” အဘိုးနတ်ဆိုးသည် သတို့သား အား ပြုံးပြလေသည်။

ကျန်းကျူးရှန့် ခေါင်းညိတ်လေသည်။ အဘိုးနတ်ဆိုးမျက်နှာမှ အပြုံးကို မြင်သောအခါ ဘာကြောင့်များ ခံစားချက်ဆိုးဝါးသွားသလဲဟု သိချင်မိသည်။

“ကောင်းတယ်” အဘိုးနတ်ဆိုး ပြောလိုက်သည် “ဒါဆို အခု မင်းကို အားလုံးကိုယ်စား မေးခွန်းမေးမယ် မင်းသေချာဖြေရမယ်”

“…. ဟုတ်ကဲ့ပါ”

“ဟန့်မြောင်ရွှမ်ကို ဘယ်အချိန်ကချစ်မိသွားတာလဲ၊ မဟုတ်ရင် ဒီလိုပြော ရမလား ချစ်သွားတယ်ဆိုတာ ဘယ်အချိန်မှာသိတာလဲ”

“…”

ဒီအကြောင်းကို အကုန်လုံးရှေ့မှာ ပြောရမှာလား။ ကျန်းကျူးရှန့်သည် ပျာယာခတ်သွားသည်။ အဘိုးနတ်ဆိုးကို ရှီမာယူယူ ပြောထားကာ အကောင်း မဖြစ်နိုင်သည်ကို သူသိသည်။

သူ မပြောချင်ပေ။ သို့သော် မျက်လုံးပေါင်းများစွာသည် သူ့အပေါ်ကျ ရောက်နေသည်။ ကြည့်ရသည်မှာ သူသည် မတတ်သာဘဲ ပြောရတော့မည့်ပုံ ပင်။

အဘိုးနတ်ဆိုးသည် သူ့ပုံစံကိုမြင်ပြီး ခြိမ်းခြောက်လိုက်သည် “ဒီနေ့ည မင်း ငါ့မေးခွန်းကိုသေချာမဖြေရင် သတို့သမီးကိုမတွေ့ရဘူးလို့ ယူယူက ပြော ထားတယ်”

ဂျူနီယာညီမလေးကတော့… စိတ်တိုဖို့ကောင်းလိုက်တာ။

“ကျွန်တော်က ဟန့်မြောင်ရွှမ်ကို နှစ်ပေါင်းများစွာသိလာတာပါ၊ သူမကို ချစ်မိတယ်ဆိုတာကို သိတာကတော့ ဒါက….”

ဘေဂုံထန်သည် ဟန့်မြောင်ရွှမ်ကို ခေါ်သွင်းလာရာ ကျန်းကျူးရှန့်၏ အသနားခံသော အသံနှင့်အတူ ကျယ်လောင်သော ရယ်သံများကို ကြားလိုက်ရ သည်။

“တကယ်ပဲ ဒီမေးခွန်းကို ဖြေဖို့စဉ်းစားရဦးမယ်”

သူ့အသံသည် အရင်ကထက်ပင် ပွင့်လင်းကာ ချန်လှပ်ထားခြင်းမရှိပေ။

“ဟားဟား ဒီမေးခွန်းက ကျေနပ်လောက်စရာမဟုတ်ပေမဲ့ ဒီနေ့ မင်းက သတို့သားဆိုတာကို ထောက်ထားပြီးတော့ အချိန်တစ်ခုထိတော့ လွှတ်ထားဦး မယ်” အဘိုးနတ်ဆိုးသည် ရှီမာယူယူ လူအုပ်နောက်တွင် ပေါ်လာသည်ကို မြင် သည်နှင့် သူ့ကို မစနောက်တော့ပေ “ကျုပ်တို့ သတို့သမီးလေး ရောက်လာပြီ အဲဒါကြောင့် သူမနဲ့ လျှောက်လမ်းမှာအတူလျှောက်ပေးဖို့ သူမရဲ့ဆရာကို ဖိတ်ခေါ်ပါတယ်”

ဟန့်မြောင်ရွှမ်သည် ရှုဂျင်းဘေးမှ ကပ်ရပ်လျှောက်လာမည်ဟုဆိုသည် နှင့် စိတ်လှုပ်ရှားလာသည်။ သူမသည် သူ့လက်ကိုကိုင်လိုက်ရာ အနည်းငယ် တုန်ယင်သွားသည်။

“ဒီနေ့အရမ်းလှနေတယ် အရမ်းစိတ်မလှုပ်ရှားနဲ့ သူတို့တွေက မင်းသိတဲ့ လူတွေပဲ” ရှုဂျင်းသည် သူမလက်ကိုပုတ်လိုက်သည်။ သူနူးညံ့သည်မှာ ရှားပါး လှသည်။

“ကျေးဇူးတင်ပါတယ် ဆရာ” ဟန့်မြောင်ရွှမ်သည် သူ့ကိုပြုံးပြလိုက် သည်။ သူမ စိတ်ထဲမှ စိတ်လှုပ်ရှားမှုသည် သက်သာရာရသွားသည်။

သူတို့သည် ပေါင်းကူးအောက်သို့ လျှောက်လာကြသည်။ အားလုံး လှည့် ကြည့်လိုက်ချိန်တွင် ဟန့်မြောင်ရွှမ်ကို ရှင်းလင်းစွာမြင်ရသည်။

ထူးဆန်းလိုက်တဲ့ ဝတ်စုံပဲ ဒါပေမဲ့ သာမာန်ဇာမဏီဒီဇိုင်းတွေထက် ပိုသာ တယ်။

ကျန်းကျူးရှန့်သည် သူမ၏ ခရမ်းရောင်ပုံရိပ်ကိုမြင်လိုက်သောအခါ ပင့်သက်ရှိုက်မိကာ သူ၏ အပြုံးမှာလည်း ပို၍တောက်ပလောသည်။

အဘိုးနတ်ဆိုးသည် ကျန်းကျူးရှန့်ကို ရှေ့တိုးခိုင်းပြီး သတို့သမီးကို ကြို စေသည်။ သူသည် သူမလက်ကို ရှုဂျင်း၏လက်ထဲမှယူပြီး စင်ပေါ်သို့ခေါ်သွား သည်။

ထို့နောက်တွင် အဘိုးနတ်ဆိုးသည် ရှီမာယူယူဖြစ်စေချင်သည့်အတိုင်း သူတို့ကို ကျိန်ဆိုစေကာ မျက်မှောက်ခေတ်မင်္ဂလာပွဲအတိုင်း ကျင်းပပေးသည်။

ဘေဂုံထန်နှင့် ရှီမာယူယူတို့သည် အနောက်တွင်ရပ်နေကြသည်။ ဘေဂုံထန် မေးလိုက်သည် “ဒီလိုမင်္ဂလာပွဲကို ဘယ်လိုများစဉ်းစားမိတာလဲ”

ရှီမာယူယူသည် သူမ၏ အတိတ်ဘဝအကြောင်းကို ပြောခဲလှသည်။ ထို့ကြောင့် သူမ “အရမ်းကဗျာဆန်တယ်လေ” ဟုသာ ပြန်ပြောခဲ့သည်။

တချို့ပစ္စည်းများမှာ မျက်မှောက်ခေတ်အတိုင်းမဖြစ်သည်ကို အနည်း နယ်နှမြောမိသည်။ မဟုတ်လျှင် သူမသည် ကျန်းကျူးရှန့်ကို ဝတ်စုံပြည့်ဆင် ပေးလိုက်လျှင် ပို၍ထင်ပေါ်သွားစေမည်။

ရှေ့ပိုင်းမင်္ဂလာအစီအစဉ်မှာ ကောင်းမွန်စွာြပီးဆုံးသွားသည်။ သို့သော် သတို့သမီးကို နမ်းရမည့်အချိန်တွင် သတို့သားရော သတို့သမီးပါ တောင့်တင်း သွားသည်။ နောက်ဆုံးတွင် အားလုံးသည် အဆက်မပြတ်နှောင့်ယှက်ရာ ကျန်းကျူးရှန့်သည် ငြင်းဆန်ပြီး ဟန့်မြောင်ရွှမ်အားခေါ်ကာ မင်္ဂလာပွဲမှ ပျောက်သွားလေသည်။ သူတို့ ဘယ်သွားသည် ဘာလုပ်သည်ကိုတော့ မည်သူမှ မသိကြပေ။

“စီနီယာအစ်ကိုက တကယ်ပဲ ရှက်တတ်တာပဲ၊ ဒီနေ့ သူလုပ်တဲ့ဟာတင် ကို အဆင်ချောတယ်လို့ပြောလို့ရတယ်၊ သူ့မျက်နှာကြီး နီရဲနေတာကိုလည်း ကြည့်ကြဦး ကျွတ် ကျွတ် သူ့ကို ဒီလောက်အကြာကြီးသိလာတာ ဒီလိုပုံစံကို ဒီနေ့မှ ပထမဆုံးတွေ့လိုက်တာပဲ” ရှီမာယူယူသည် အရှက်ကင်းမဲ့စွာ ရယ်မော လိုက်သည်။

“နင် တမင်လုပ်တာပဲလေ” ဘေဂုံထန်သည် သူမကို နားလည်လွန်းသည်။

“ယောက်ျားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ဘယ်လို ဆက်ဆံမလဲဆိုတာ သူဘယ်လောက်ထိ လုပ်ပေးမလဲဆိုတာပေါ်မှာ မူတည် တယ်၊ ငါက သူ့အတွက် တချို့အပိုင်းတွေကိုရွေးပြီးသားပဲ သူ့ကို တစ်ခုလုံးသာ ခိုင်းလိုက်လို့ကတော့ နောက်ကျငါ့ကိုလာရိုက်တာနဲ့ ပြေးနေရမယ်” ရှီမာယူယူ ပြောလိုက်သည်။

“တစ်ခုလုံးဆိုတာ ဘာပြောတာလဲ”

“တစ်ခုလုံး ဟုတ်လား အင်း… သူ သတို့သမီးကိုကြိုပြီးတာနဲ့…” ရှီမာယူယူသည် ဝင်ပေါက်မှဖြတ်ပြီး ကိစ္စပြီးမြောက်သည်အထိ ကိစ္စအလုံးစုံကို ပြောပြလိုက်ရာ နောက်ဆုံးတွင် ဘေဂုံထန်သည် ကသိကအောက်နှင့် ပြုံးလိုက် လေသည်။

ရှီမာယူယူ ပြောပြီးသည်နှင့် ထပ်ပြောလိုက်သေးသည် “အင်း ကိစ္စ အပြည့်အစုံကိုတော့ နင်နဲ့ဝူရန်တို့ လက်ထပ်တော့မှာပဲ လုပ်ကြတာပေါ့”

“ဘာတွေပြောနေတာလဲ” ဘေဂုံထန်သည် ချက်ချင်းပင် ရှက်သွေးဖြာ သွားကာ သူမအား နှာရှုတ်ပြီးကြည့်လေသည်။

“ဟီးဟီး ဘာမဖြစ်နိုင်စရာရှိလို့လဲ” ရှီမာယူယူ ပြောလိုက်သည် “စိတ်ချပါ အချိန်တန်ရင် ပိုပြီးခမ်းနားတဲ့ မင်္ဂလာပွဲငါလုပ်ပေးမယ်”

“နင် ဆက်ပြောနေရင် နင့်ကိုစကားမပြောတော့ဘူး” ဘေဂုံထန်သည် အဝေးသို့ကြည့်လိုက်ရာ ရင်းနှီးသော ပုံရိပ်ကိုမြင်လိုက်ရသည်။

“ယူယူ အဲဒါဝမ်စစ်မြောင်မဟုတ်ဘူးလား”

ရှီမာယူယူကြည့်လိုက်ရာ အစောင့်တစ်ယောက်နှင့်အတူ လျှောက်လာ သည့် ဝမ်စစ်မြောင်ကိုတွေ့လိုက်ရသည်။

“သူက ကျောင်းမှာမဟုတ်ဘူးလား ဒီကိုဘာလာလုပ်တာလဲ၊ သူက ဒါရိုက်တာမုံ့တို့ကိုလာရှာတာလား သွားကြည့်ရအောင်”

သူမ၏ ပထမဆုံးအတွေးမှာ သူသည် တစ်စုံတစ်ခုကို ရှာတွေ့ခဲ့မည်ဟု ဖြစ်သည်။ သို့သော် သေချာစဉ်းစားကြည့်လိုက်ချိန်တွင် ထိုသို့မဖြစ်နိုင်ပေ။ ယန်းမျိုးနွယ်နှင့် တုနန်မျိုးနွယ်တို့သည် အင်အားမသေးလှပေ။ ဤမျှအချိန်တို အတွင်းတွင် တစ်စုံတစ်ခုကို ရှာတွေ့မည်ဆိုသည်မှာမဖြစ်နိုင်လှပေ။ သို့သော် ဒီလိုအချိန်တွင် သူရောက်လာသည်မှာ သေးငယ်သောကိစ္စတော့မဖြစ်နိုင်ပေ။

သို့သော် မသေလူများနှင့်ပတ်သက်သည့် ကိစ္စဆိုသည်မှာတော့ သေချာ သည်။

အစောင့်သည် ဝမ်စစ်မြောင်ကို ဝင်ခိုင်းလိုက်သည်။ သူ ရှီမာယူယူကို မြင် သောအခါ ဦးညွှတ်နှုတ်ဆက်ပြီး ပြောလိုက်သည် “တောင်ကြားဒုသခင် ဒီသခင် ကြီးက ဖြတ်လမ်းတည်ဆောက်မှုကိုရောက်လာပြီးတော့ ကောင်းကင်ဂိုဏ်းက လို့ပြောပါတယ် သူက ဒုသခင်နဲ့ ဒါရိုက်တာမုံ့ကိုရှာနေတာပါ”

“သိပြီ မင်းသွားလို့ရပြီ”  ရှီမာယူယူသည် အစောင့်အား ခေါင်းညိတ်ပြ လိုက်ရာ သူသည် ချက်ချင်းပင်လှည့်ထွက်သွားတော့သည်။

ဝမ်စစ်မြောင်သည် ကဗျာဆန်ဆန်အလှဆင်ထားသော တောင်ကြားအား ကြည့်ပြီး ပြောလိုက်သည် “မင်းတို့ အပျော်လေးတွေကို ငါမနှောင့်ယှက်သင့်ဘူး မလား”

“ကျွန်မစီနီယာတို့ရဲ့ မင်္ဂလာပွဲပါ အခမ်းအနားက ပြီးနေပါပြီ ဒါရိုက်တာမုံ့ တို့က ဟိုဘက်မှာ ရှင့်ကိုခေါ်သွားပေးမယ်” ရှီမာယူယူသည် သူ့ကို မင်္ဂလာပွဲ နေရာသို့ခေါ်သွားရင်းနှင့် မေးလိုက်သည် “ရှင်ဘာသိလာလို့လဲ”

ဝမ်စစ်မြောင်သည် ခေါင်းညိတ်ပြီးမှ ခေါင်းခါယမ်းလိုက်သည်။ သူသည် လေးနက်စွာ ပြန်ဖြေလေသည် “ကိစ္စတော့ဖြစ်နေပြီ”

***

All Chapters