← Chapters

သူမအား ဦးတည်ခြင်း

Vol. 119 Ch. 1662

သူမအား ဦးတည်ခြင်း

Vol. 119 Ch. 1662

ရှီမာယူယူသည် သူ၏ အပြုအမူကိုကြည့်လိုက်သည်နှင့် သေးငယ်သော ကိစ္စမဖြစ်နိုင်သည်ကို သိသဖြင့် အချိန်မဆွဲတော့ဘဲ ဘေဂုံထန်အား မုံံ့ဆန်းချွယ် နှင့်ဖန်လေတို့ကို သွားခေါ်ခိုင်းလိုက်သည်။ သူမသည် ရှီမန်ဖန်နှင့် လျန်ဝူမင်တို့ ကိုပါ မုံ့ဆန်းချွယ်တို့နေထိုင်သည့် ဧည့်သည်ခြံဝန်းဆီသို့လာရန် ခေါ်လိုက် သည်။

လာရာလမ်းတွင် သူတို့သည် မသေလူများအကြောင်းကို တခြားသူများ ကြားသွားကာ အကုန်ပျာယာခတ်ကုန်မည်ကိုစိုးသဖြင့် ဘာမှမပြောခဲ့ကြပေ။  ထို့ကြောင့် သူတို့သည် တခြားကိစ္စများကို ပြောလာခဲ့ကြသည်။

သူတို့ ခြံဝန်းသို့ပြန်ရောက်သောအခါ ရှီမာယူယူသည် ခါတိုင်းလိုပင် အတားအဆီးကာလိုက်သည်နှင့် မုံ့ဆန်းချွယ်မေးလေသည် “ဘာဖြစ်တာလဲ”

“ဒါရိုက်တာမုံ့ မြို့တစ်မြို့ကတော့ အညံ့ခံလိုက်ရပြီ” ဝမ်စစ်မြောင် ပြော လိုက်သည်။ “နောက်မြို့က ညာဘက်ကပ်ရပ်ကမြို့ဖြစ်မယ်လို့ သတင်းရထား တယ်”

“တစ်မြို့လုံးကို အစုလိုက်အပြုံလိုက်သတ်တာလား၊ သူတို့က နောက်ထပ်ကို တစ်မြို့လုံးသတ်ပြန်ပြီပဲ” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက် သည်။ “သူတို့တွေ သွေးကိုအသေအလဲလိုနေတာဖြစ်မယ်”

“နောက်မြို့က အဲနားကမြို့ဆိုတာ သေချာလား” လျန်ဝူမင် မေးလိုက် သည်။

“သေတော့မသေချာဘူး အဲလူတွေ ထွက်မသွားခင်ကို ထိပ်တန်းတောင် ကြားက လူစည်နေလို့ အပျော်ဝင်ပါသင့်တယ်လို့ ပြောသွားကြတယ်၊ ယူယူ ပြန်လာတယ်လို့လည်း ပြောသွားသေးတယ်၊ နောက်ပိုင်း သူတို့လှုပ်ရှားမှုအရ တော့ ဒီနေရာကိုမျက်စိကျနေတယ်ထင်တယ်” ဝမ်စစ်မြောင် တွေးဆလိုက်၏။

“ယူယူ သူတို့နဲ့ ရန်ငြိုးရန်စများရှိသလား” ဟော်လန် မေးလိုက်သည်။

“အဲလိုမျိုးပါပဲ ယန်းမျိုးနွယ်နဲ့ ကျွန်မက ရန်ငြိုးနည်းနည်းရှိတာပါ” ရှီမာယူယူသည် သူမနှင့်ယန်းရှီကိစ္စကို ပြောပြပြီး သူတို့ကို ကန္တာရထဲတွင် သတ်ပြီးပစ်ထားခဲ့ကြောင်းကိုပါ ပြောပြလိုက်သည်။ သူမသည် ဝိညာဉ်ကျောက် ညီလာခံကြီးအကြောင်းနှင့် ယန်းမျိုးနွယ်မှ အလောင်းများစွာရလိုက်ကြောင်း ကိုပါ ပြောပြလိုက်သည်။

“ကြည့်ရတာ မင်း မသေလူအကြောင်း သိနေတာကို ယန်းမျိုးနွယ်က မသိ သေးတဲ့ပုံပဲ၊ မင်းပြောသလိုဆိုရင် သူတို့က ဒီနည်းလမ်းနဲ့ယန်းစစ် လက်စားချေ တာကို ကူညီပေးမှာပဲ” မုံ့ဆန်းချွယ်ပြောလိုက်သည်။

“သူတို့မှာ သက်သေမရှိပေမဲ့ ကျွန်မက သူမကိုသတ်တာအမှန်တပဲလေ၊ သူတို့လို အင်အားကြီးတဲ့မျိုးနွယ်တစ်ခုအတွက် သက်သေမရှိရင်တောင် ကျွန်မ ကိုအပြစ်တင်ကြဖို့ တွန်းပို့မှာပဲ၊ ဒီတစ်ခေါက် မင်္ဂလာပွဲက ဒီလောက်ခမ်းနား သွားတာ၊ အဲဒါကြောင့် သူတို့အာရုံစိုက်တာကို ဆွဲဆောင်စေမှာပဲ” ယန်းမျိုးနွယ် ယခုလိုလုပ်ခြင်းကို ရှီမာယူယူ မအံ့ဩတော့ပေ။ မည်သို့ပင်ဖြစ်စေ သူမ အသက်ရှင်နေသေးသရွေ့ သူတို့သည် လက်လျော့မည်မဟုတ်ပေ။

သူတို့ မည်သို့လုပ်ကြမည်ကိုသာ မသိနိုင်ခြင်းဖြစ်သည်။

“အဲဒီမျိုးနွယ်ကြီးတွေကလည်း ဒီလိုကိစ္စတွေလုပ်ရတာကို တကယ် ကြိုက်ကြတာပဲ” ရှုဂျင်းသည် နှာရှုတ်လေသည်။ သူသည် အမှန်တကယ်ပင် သူတို့ကို အထင်သေးသည်။

“စစ်မြောင် ယန်းမျိုးနွယ်နဲ့ တုနန်မျိုးနွယ်တို့ကို ဆက်တိုက်စောင့်ကြည့် ထား၊ သတင်းတစ်ခုခုရတာနဲ့ ယူယူ့ကို ချက်ချင်း သတင်းပို့” မုံ့ဆန်းချွယ် ပြော လိုက်သည်။

“ဟုတ်ကဲ့ပါ”

“ဖန်အာ မင်းလည်း သေချာလှုပ်ရှားရမယ်၊ ငါတို့ နယ်နိမိတ်ကို လာပြီး ကျူးကျော်ရဲမှတော့ သူတို့ လွယ်လွယ်နဲ့ထွက်မသွားနိုင်အောင်လုပ်ရမယ်” လျန်ဝူမင်သည် ရှီမန်ဖန်ကို ပြောလိုက်သည်။

“ကျွန်တော်လည်း အဲလိုပဲတွေးတယ်” ရှီမန်ဖန်၏ မျက်နှာမှာ အလွန် ခက်ထန်နေသည်။ သူတို့က သူ့အစ်မကိုလာပြီး မကောင်းကြံချင်နေတယ်။ ဒါက သေဖို့တောင်းဆိုလိုက်တာပဲ။

“အဲဒါက မင်းထင်သလို မလွယ်ဘူး” ရှီမာယူယူသည် သူတို့၏အကြံကို ထုတ်ပြောလိုက်သည်။

“ဘာလို့လဲ”

“ရှေးဟောင်းသတ္တုတွင်းမှာ ရှိတုန်းက သိပ်နားမလည်ခဲ့ဘူး ယန်းမျိုးနွယ် ကို ပထမဆုံးတွေ့တုန်းက မသေလူရောင်ဝါကို အာရုံခံလို့မရခဲ့ဘူး အဲဒီတော့ ဘာလို့နောက်ပိုင်းမှ ပေါ်လာရတာလဲ၊ နောက်ကျတော့ တုနန်မျိုးနွယ်မှာဖြစ် တာကိုကြည့်တော့ သူတို့က မသေလူတွေကို သူတို့ရဲ့ မှော်ဝင်လက်စွပ်ထဲမှာ ထည့်ထားတယ်ဆိုတာ နားလည်သွားတယ်” ရှီမာယူယူ ပြောလိုက်သည် “မှော် ဝင်လက်စွပ်က သေဆုံးခြင်းရောင်ဝါကို လွှမ်းမိုးနိုင်တယ် အဲဒါကြောင့် အဲလူ ဘက်ဆိုရင်တောင် မသေလူတွေ သူတို့မှာရှိနေတာကို မသိနိုင်ဘူး”

အသက်မရှိသော မသေလူများသည် အသက်ရှုရန်မလိုသောကြောင့် မှော်ဝင်လက်စွပ်အတွင်း ထည့်ထား၍ရသည်။ ထိုအချိန် သူမ ထိုအကြောင်းကို သိလိုက်စဉ်က မသေလူမားကို စမ်းသပ်ခဲ့ရသေးသည်။ နောက်ဆုံးတွင် သူမ၏ ခန့်မှန်းချက်သည် သေချာသွားသည်။

“အဲလိုဆိုရင် သဲလွန်ရှာဖို့က ခက်တာပဲ”

“သူတို့ကို ရှာရင်လည်း အမြဲတမ်း မဖြစ်စလောက်သဲလွန်စတွေပဲ တွေ့ တယ်” ရှီမန်ဖန် ပြောလိုက်သည် “ကျွန်တော်တို့ လူတွေထပ်ပို့ရမယ်”

“ငါတို့လူအင်အားပဲ အလဟသဖြစ်သွားနိုင်တယ်” ရှီမာယူယူ သဘော မတူပေ “ငါ့မှာ တခြားအကြံရှိတယ်”

“ဘာအကြံလဲ”

“သူတို့က ငါတို့ဆီမလာရင် သူတို့ကိုသွားရှာရုံပေါ့” ရှီမာယူယူ ပြောလိုက် သည်။

“အစ်မ နင်က ကိုယ့်ကိုယ်ကို ငါးစာအနေနဲ့သုံးမလို့လား”

“ဟုတ်တယ်လေ”

“မရဘူး” တစ်အိမ်လုံးသည် သဘောမတူမှုများဖြင့် ပြည့်နှက်သွားသည်။ ရှီမန်ဖန် ရှုဂျင်းနှင့် တခြားသူများလည်း သဘောမတူကြပေ။

“မင်း လူလုံးထွက်ပြဖို့က အန္တရာယ်များလွန်းတယ်”

“အားလုံးပဲ စိတ်အေးအေးထားကြပါ ကျွန်မမှာ အာမခံချက်တွေရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “သူတို့တွေ ဘယ်လောက်ပဲ မသေလူတွေလွှတ် ပါစေ ကျွန်မကိုဘာမှမလုပ်နိုင်ပါဘူး၊ အနားတောင်ကပ်နိုင်မှာမဟုတ်ဘူး”

“အဲလိုဆိုရင်တောင် မရဘူး” ရှီမန်ဖန်သည် သဘောမတူပေ။

“ဖန်အာ ငါ့ခန္ဓာကိုယ်ထဲမှာ တစ္ဆေရောင်ဝါအပြင် ကြက်သွေးရောင် မီးတောက်နဲ့ မိုးကြိုးသွားရှိတယ်၊ အဲဒါတွေအကုန်လုံးက မသေလူတွေရဲ့ ဆန့်ကျင်ဘက်တွေပဲ၊ အဲဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်သလို မသေလူ တွေကို ထိခိုက်အောင်လုပ်နိုင်တယ်… ငါနဲ့အတူ ဘယ်သူ့ကိုမှ ခေါ်မသွားဘူးလို့ မပြောဘူးလေ” ရှီမာယူယူ ပူညံပူညံပြောလေသည် “သူတို့က ငါ့တံခါးဝကို ရောက်လာမှတော့ မြန်မြန်ရှင်းပေးရမှာပေါ့ ပတ်သက်နေတဲ့လူတွေရဲ့ အကူအညီလည်းယူရမှာပဲ၊ မင်းလည်း နောက်ထပ် တစ်မြို့လုံးအစုလိုက်အပြုံ လိုက် အသတ်ခံရတာမျိုး မဖြစ်စေချင်တော့ဘူးမလား”

“ဒါပေမဲ့….”

“အဲအချိန်ရောက်ရင်တော့ ငါ လူတွေအများကြီးခေါ်သွားမယ်” ရှီမာယူယူ ပြောလိုက်သည်။

သူမ ထိုသို့ပြောသည့်အချိန်တွင် ဆုံးဖြတ်ချက်ချပြီးသားဖြစ်သည်ကို ရှီမန်ဖန်သိသည်။ ထို့ကြောင့် သူသည် နှုတ်ဆိတ်၍သာနေလိုက်သည်။

“ဘာလုပ်ဖို့ စီစဉ်ထားလဲ”

“ရိုးရှင်းပါတယ်….”

ရက်အနည်းငယ်အကြာတွင် ရှီမာယူယူသည် အသည်းကွဲတောင်ကြားမှ ထွက်ကာ ချင်းမျိုးနွယ်တွင် ဧည့်သည်အနေနှင့်နေထိုင်လေသည်။ သူမသည် ချင်းမိုနှင့် ခင်မင်သဖြင့် အားလုံးသည် သူမကို ကြိုဆိုကြလေသည်။

သို့သော် ချင်းမိုသည် ချင်းမျိုးနွယ်ကိုမပြန်ပေ။ သူသည် အသည်းကွဲ တောင်ကြားတွင် ကိစ္စများကို ဖြေရှင်းနေခဲ့သည်။ သူမ သူ့ဆီသို့လာသည်ဟု ကြားသည်နှင့် အနည်းငယ်အံ့ဩသွားကာ သူမကို သွားကြိုလေသည်။

“ချင်းမို ငါ အကူအညီလာတောင်းတာ” ထိုစကားသည် ရှီမာယူယူ သူ့ကို မြင်သည်နှင့် ပြောလိုက်ခြင်းဖြစ်ရာ သူအနည်းငယ်ပင် လန့်သွားမိသည်။

“ဘာဖြစ်လို့လဲ”

“ဘာမှတော့မဟုတ်ပါဘူး ငါနဲ့လိုက်ပြီးတော့ လျှောက်ပတ်သွားဖို့ ဖိတ် ချင်ရုံတင်” ရှီမာယူယူသည် ပြုံးပြီးပြောလေသည်။

“ဟုတ်ပြီ”

နောက်ရက်အနည်းငယ်တွင် ချင်းမိုသည် ကိုင်တွယ်ထားသော ကိစ္စများ ကို လွှတ်ချထားကာ ရှီမာယူယူကို အဖော်ပြုပြီး မြို့ကိုပတ်သွားလေသည်။ သူတို့သည် ပစ္စည်းတချို့သယ်ပိုးရင်း အစားကောင်းအသောက်ကောင်းများစား ကာ အေးအေးလူလူဖြစ်နေကြသည်။ လည်ပတ်ပြီးနောက် သူတို့သည် နှုတ်ဆက်လိုက်ကြကာ သူမ၏ အစေခံအန်းလေနှင့်အတူ အသည်းကွဲတောင် ကြားသို့ တဖြည်းဖြည်းပြန်လာခဲ့လိုက်သည်။

“အန်းလေ မင်း ကြောက်လား” ရှီမာယူယူ မေးလိုက်သည်။

အန်းလေသည် ခေါင်းခါယမ်းလိုက်သည် “ကျွန်မအသက်က သခင်မလေး ပေးထားတာပါ သခင်မလေးနောက်မလိုက်ရင် ကျွန်မကဘာမှမဟုတ်တော့ပါ ဘူး”

“မင်းမှာ လုပ်စရာရှိတယ်လို့ မပြောထားဘူးလား ဒီအခြေအနေကြီးကို ဖြေရှင်းပြီးတာနဲ့ မင်းအလုပ်မင်းသွားလုပ်လို့ရပြီ” ရှီမာယူယူ ပြောလိုက်သည်။

“သခင်မလေး ကျွန်မလုပ်ချင်တဲ့ ကိစ္စက အခုလုပ်လို့မရပါဘူး တုန်လိုင် မျိုးနွယ်ရဲ့ သင်္ချိုင်းက အမေ့ရဲ့အရိုးပြာကိုယူချင်တာ ဒါပေမဲ့ ဒီအချိန်ကို ပြန်သွားလို့မဖြစ်မှာစိုးရတယ်” အန်းလေ ပြောလိုက်သည်။

“ငါကတုန်လိုင်လီကို သတ်လိုက်လို့လား” ရှီမာယူယူသည် အံ့အားသင့် သွားပြီး သူမကို အားတုံ့အားနာဖြင့် ပြောလိုက်သည် “ငါ မင်းရဲ့အကြံကို ဖျက် လိုက်သလိုဖြစ်သွားတယ်”

“သခင်မလေး ဘာတွေပြောနေတာလဲ သခင်မလေးနောက်လိုက်ခဲ့တာ က ကျွန်မဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ အမေသာသိရင် ကျွန်မ အတွက် ပျော်ပေးမှာပါ၊ သူမ ရှိနေတဲ့နေရာကိုတော့ စိတ်ထဲထားပေးမှာမဟုတ် ပါဘူး” အန်းလေသည် သူမကို နှစ်သိမ့်ပေးလေသည်။

“အခွင့်အရေးရတာနဲ့ မင်းအမေရဲ့အရိုးပြာကိုသွားယူကြတာပေါ့၊ ငါတို့က ရွှမ်ချုံးမျိုးနွယ်ကိုတောင် ဝင်ပြီးသွားပြီ တုန်လိုင်မျိုးနွယ်ကို ဘာလို့မဝင်နိုင်ရမှာ လဲ” ရှီမာယူယူ ကတိပေးလိုက်သည်။

“သခင်မလေး…” အန်းလေ၏ မျက်လုံးများသည် နီရဲလာသည်။

“ငါတို့က အခုပြဿနာသွားရှာမလို့ မငိုတာကောင်းမယ်နော်” ရှီမာယူယူ ရယ်မောလိုက်သည်။

သူမ ပြောပြီးသည်နှင့် သူတို့ရှေ့ရှိ တောင်မှ ပုံရိပ်တချို့ထွက်လာသည်။ သူတို့၏ လူသတ်နိုင်သည့် မျက်လုံးများသည် သူမအား စိုက်ကြည့်နေရာ သူမ သည် တဖြည်းဖြည်းသူတို့အနားသို့ ကပ်သွားလိုက်သည်။

***

All Chapters