← Chapters

မဖြစ်နိုင်ဘူး

Vol. 119 Ch. 1663

မဖြစ်နိုင်ဘူး

Vol. 119 Ch. 1663

အန်းလေသည် ထိုလူများကိုကြည့်ပြီး မသိစိတ်မှ ရှီမာယူယူ၏ ရှေ့တွင် ရပ်လိုက်သည် “သခင်မလေး သူတို့တွေ တကယ်ပဲ ရောက်လာတာပဲ”

ရှီမာယူယူသည် အန်းလေကို အသာအယာတွန်းလိုက်သည် “စိတ်မပူနဲ့ မင်းလုပ်မှ ငါတောင်လန့်သွားတယ်”

“သခင်မလေး ဒီတစ်ခေါက် သူတို့က သခင်မလေးဆီကို တည့်တည့်ကို လာတာပဲ အခုက ကျွန်မတို့နှစ်ယောက်တည်းဖြစ်နေတာ တကယ်လို့…” အန်းလေသည် ထိုအကြောင်းပြောရင်းနှင့် သူတို့နှစ်ယောက်ထက် ပိုသည်ကို ပြန်တွေးမိကာ ရပ်လိုက်သည်။

သူတို့သည် ရောက်သည့်နေရာတွင် ရပ်လိုက်ရာ တစ်ဖက်မှလူသည် ပျံ လာကာ သူတို့ကိုဝိုင်းလိုက်သည်။

“ယန်းမျိုးနွယ်ဝင်တွေလား” ရှီမာယူယူသည် သူတို့ကို ယုံကြည်ချက် အပြည့်ဖြင့် ကြည့်လိုက်သည်။

“ရှီမာယူယူ မင်းက ငါတို့သခင်မလေးကို သတ်ခဲ့တာ အဲဒီတော့ ဒီနေ့က မင်းသေရမယ့်နေ့ပဲ” ရှေ့မှလူသည် အေးစက်စွာ နှာရှုတ်လေသည်။

“မင်းတို့တင်ပဲလား မဟုတ်ရင် မင်းတို့လက်ထဲက မသေလူတွေနဲ့လား” ရှီမာယူယူသည် ဟာစွန်၏ ကျောပေါ်တွင်ရပ်ကာ အောက်မှထိုလူများကို အထင်သေးစွာ ကြည့်လိုက်သည်။

“ငါတို့ ဘယ်နည်းလမ်းပဲသုံးသုံး မင်းကိုသတ်နိုင်တယ်” ထိုအမျိုးသား ပြောလေသည်။

“ဟုတ်လား” ရှီမာယူယူ လက်ကိုဝှေ့ယမ်းလိုက်ရာ သူမဘေးတွင် မသေ လူများ ပေါ်လာလေသည်။

ထိုလူများသည် မသေလူများကိုကြည့်ပြီး ပြောလိုက်သည် “ဘယ်လိုဖြစ် နိုင်မှာလဲ ဘယ်လိုလုပ် မင်းက…”

“ဘယ်လိုလုပ် မဖြစ်နိုင်ရမှာလဲ” ရှီမာယူယူသည် သူ့မျက်နှာမှ အံ့ဩမှုကို မြင်သောအခါ အလွန်ကျေနပ်သွားသည် “ရှင်တို့တွေပဲ မသေလူတွေကိုသုံးခွင့် ရှိပြီး တခြားသူတွေကသုံးလို့မရဘူးလား”

“မဖြစ်နိုင်တာ ဒီနည်းလမ်းကိုသိတာ ငါတို့ပဲရှိတယ် မင်းက ဘယ်လိုလုပ် သိနေတာလဲ”

“ဟားဟား ရှင်ပြောတာမှန်တယ် ကျွန်မက သူတို့ကိုဖန်တီးတဲ့ နည်းလမ်း ကိုမသိဘူး အဲတော့ ကျွန်မလက်ထဲက မသေလူတွေက ဘယ်ကရောက်လာ တာလဲ” ရှီမာယူယူသည် သူတို့ကိုရယ်ပြလိုက်သည်။

“ဖြစ်နိုင်တာက…” ထိုလူများသည် အမြန်ပင် တုံ့ပြန်လာသည် “ငါတို့ မသေလူတွေကို ခိုးတာမင်းလား”

ဤတစ်ကြိမ်တွင် ယန်းမျိုးနွယ်သည် မသေလူများ များစွာပျောက်ဆုံး သွားခဲ့ကာ ထိုကိစ္စကို လျှို့ဝှက်မထားနိုင်တော့ပေ။ မသေလူများအကြောင်း သိ သူများသည် ထိုအကြောင်းကို သေချာပေါက် သိထားကြသည်။

ဒီကိစ္စကြောင့်သာမဟုတ်ရင် သူတို့ကဘယ်လိုလုပ် အဆူခံရမှာလဲ။ ဒီလို မျိုး သူများတွေအာရုံစိုက်တာကို ဒီလောက်မြန်မြန်ရမှာလဲ။

ဒါတွေအကုန်လုံးက သူမကြောင့်ဖြစ်နေတာကိုး။

“မင်းက အဲလောက်များတဲ့ မသေလူတွေ ခိုးတော့လည်း ဘာတတ်နိုင်မှာ လဲ ဘယ်လိုပဲဖြစ်ဖြစ် မင်းက သုံးလို့မှမရတာ” တစ်ဖက်မှ အော်သေလည်။

“ဟုတ်လား” ရှီမာယူယူ လက်ဝှေ့ယမ်းလိုက်သည်နှင့် သူမရှေ့မှ မသေလူ နှစ်ယောက်သည် သူတို့ကို တိုက်ခိုက်လေသည်။

သူတို့ဘက်မှလူနှစ်ယောက်သည် ချက်ချင်းလာတိုက်ခိုက်ရာ တခြားသူ များ၏ မျက်နှာများမှာ ထိတ်လန့်သွားကြလေသည်။

“ဘယ်… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မင်းက သူတို့ကို ဘယ်လိုထိန်းချုပ်ရ မလဲဆိုတာမှမသိတာ အဲဒီမသေလူတွေကို ဘယ်လိုသုံးနိုင်မှာလဲ”

“ကျွန်က မသေလူတွေကို မဖန်တီးနိုင်ပေမဲ့ သူတို့ကို ထိန်းချုပ်ဖို့ကတော့ ပန်းခြံထဲလမ်းလျှောက်သလိုပဲ” ရှီမာယူယူ နှာမှုတ်လိုုက်သည်။

“ဘယ်လိုလုပ် ဒီလိုဖြစ်နိုင်မှာလဲ”

“ဘာလို့မဖြစ်နိုင်ရမှာလဲ”

“သူတို့ကို ထိန်းချုပ်ဖို့ နည်းလမ်းကို မင်းသိစရာအကြောင်းမရှိဘူး”

“ရှင်တို့ ဘာနည်းလမ်းသုံးလဲတော့ ကျွန်မမသိဘူး၊ ဒါပေမဲ့ ကျွန်မမှာ ကိုယ်ပိုင်နည်းလမ်းရှိတယ်၊ ကျွန်မက သူတို့ကိုမသုံးတာ မသုံးတတ်လို့မဟုတ် ဘူး၊ သုံးဖို့မလိုလို့ပဲ ဒါပေမဲ့ ရှင်တို့အတွက်လား ဒီနည်းလမ်းက ရှင်တို့အတွက် အကောင်းဆုံးဖြစ်မယ်ထင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ရှင်တို့ မသေလူ တွေကို သုံးပြီး ကျွန်မကိုသတ်ချင်နေတယ်မလား၊ ရှင်တို့က ကျွန်မကိုသတ်ပြီး မြို့မှာ အစုလိုက်အပြုံလိုက် ဆက်သတ်မှာပဲမလား လုပ်လေ ရှင်တို့ ဘယ်လောက် အားကောင်းလဲကြည့်ကြတာပေါ့ ဒီနေ့က ကျွန်မရဲ့ သေဆုံးမယ့် နှစ်ပတ်လည်နေ့တော့မဖြစ်နိုင်ဘူး”

ထိုသို့ပြောပြီးနောက် မသေလူများသည် စတင်လှုပ်ရှားကာ သူတို့ကို စတင်တိုက်ခိုက်လေသည်။ ထိုလူများသည် မသေလူများ မည်မျှအားကောင်း ကြောင်းကို သိကြသဖြင့် ပေါ့ပေါ့တန်တန် သဘောမထားရဲပေ။ သူတို့သည် ကိုယ်ပိုင်မသေလူများကို ခေါ်ထုတ်ကာ မသေလူအချင်းချင်း တိုက်ခိုင်းသည်။

သို့သော် ယခင်က ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်သည့် မသေလူများသည် အဆုံးသတ်သွားသည့်ပုံပင်။ သူတို့သည် နှေးသွားကြပြီး ဝိညာဉ်သိုင်းများ သုံးမရဘဲ ရှီမာယူယူ ထိန်းချုပ်ထားသည့် မသေလူများရှေ့ တွင် စဉ်းတီတုံးပေါ်မှ အသားကဲ့သို့ဖြစ်နေသည်။

“မင်း ဘာလုပ်လိုက်တာလဲ” ထိုလူများသည် တစ်စုံတစ်ရာမှားယွင်းနေ သည်ကို ခံစားမိသဖြင့် ရှီမာယူယူကို ကြည့်သောအကြည့်မှာ ပြောင်းလဲသွား လေသည်။

သူမသည် မသေလူများကို ထိန်းချုပ်နိုင်သည်။ ထို့ကြောင့် သူတို့၏ မသေလူကိုလည်း သက်ရောက်မှုရှိနိုင်သည်။

“ကျွန်မက ဘာလုပ်လို့လဲ” ရှီမာယူယူ ပခုံးတွန့်လိုက်သည် “ဒီအတိုင်းပဲ သူတို့လှုပ်မရအောင် လုပ်လိုက်တာပဲ ဒါပဲလေ”

“မဖြစ်နိုင်တာ”

“ဘာကိုမဖြစ်နိုင်တာလဲ”

လာပြန်ပြီ ဒီအဖြေပဲ။ တစ်ဖက်လူသည် ရှီမာယူယူအား ပြောစရာစကား မဲ့စွာဖြင့် ကြည့်လေသည်။

ရှီမာယူယူ တစ်ချက်တွေးလိုက်ပြီး နေရာတစ်ခုလုံးကို သူမ၏ ကိုယ်ပိုင် နယ်မြေသို့ ဆွဲသွင်းလိုက်သည်။ တစ်ဖက်လူမှ သတိထားမိသောအခါ သူတို့ သည် သူမ၏ ပိုင်နက်နယ်မြေသို့ရောက်နေပြီဖြစ်သည်။

“ပိုင်နက်နယ်မြေပဲ”

“မင်းမှာ ဘယ်လိုလုပ် ပိုင်နက်နယ်မြေရှိနေတာလဲ”

ရှီမာယူယူသည် ဟာစွန်၏ ကျောပေါ်မှ ဆင်းကာ လေပေါ်တွင်ရပ်ရင်း သူတို့ကို ကြည့်နေလိုက်သည်။ သူမ၏ နှုတ်ခမ်းမှာ အေးစက်သော အပြုံးဖြစ် သွားပြီး တဖြည်းဖြည်း တစ္ဆေရောင်ဝါကိုထုတ်လိုက်သည်။

ထိုလူများသည် ကိုယ်ပိုင်နယ်မြေမရှိကာ သူမ၏နယ်မြေကိုလည်း မဆန့်ကျင်နိုင်သဖြင့် ထွက်ပြေးရန်မတတ်နိုင်ကြပေ။ သူမ တစ္ဆေရောင်ဝါထုတ် သည်ကို မြင်သောအခါ သူတို့၏ မျက်နှာများမှာ အရောင်ပင်မရှိတော့ပေ။

ရှီမာယူယူသည် ထိုလူများနှင့် အချိန်မဖြုန်းလိုတော့ပေ။ သူမ ခန္ဓာကိုယ် ပတ်ပတ်လည်မှ တစ္ဆေရောင်ဝါသည် ကြာပန်းနက်ပုံံအဖြစ် စီးဆင်းသွားသည်။ သူမသည် လက်ချိပ်စည်းဖန်တီးလိုက်ရာ ကြာပန်းပွင့်လာပြီး မသေလူများကို ဖိနှိပ်လိုက်သည်။ မသေလူများသည် ကြာပန်းဖတ်များနှင့်တွေ့သောအခါ သူတို့ အတွက် အလွန်ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုနှင့် တွေ့ရသကဲ့သို့ ပွင့်ဖတ် များ ဝိုင်းလာသည်နှင့် ရိုကျိုးသွားကြသည်။ နောက်ဆုံးတွင် သူတို့သည် ပွင့်ဖတ် များနှင့်အတူ အမှုန်များအဖြစ် ပြောင်းသွားလေသည်။

ရှီမာယူယူသည် မသေလူများနှင့် ဆန့်ကျင်နိုင်သည်ကို ယန်းမျိုးနွယ်များ သိသွားကြသည်။ ပထမပြောသော ယောက်ျားတစ်ယောက်သည် သူ့ဘေးမှ လူကို ပြောလိုက်သည် “ရှီမာယူယူကို သတ်လိုက် မဟုတ်ရင် ငါတို့မသေလူတွေ အလကားဖြစ်သွားမယ်”

“နားလည်ပါပြီ”

ထိုနေရာသည် သူမ၏ ပိုင်နက်ဖြစ်နေကာ သူတို့သည် လုံးဝဖိနှိပ်ခံထားရ သည်။ အခုချိန်တွင် သူမသည် သူတို့ကို အားအပြည့်ဖြင့် ဖမ်းဆီးထားသည်။ ထို့ကြောင့်ပင် သူတို့သည် အခြေအနေကို အခွင့်အရေးယူပြီး တိုက်ခိုက်ရုံသာ ရှိတော့သည်။ သူတို့သည် ရှီမာယူယူကို တိုက်ခိုက်လေသည်။

သို့သော် သူတို့ ရှီမာယူယူအနားသို့ မကပ်နိုင်ခင်မှာပင် ရုတ်တရက် ဝိညာဉ်သားရဲများပေါ်လာပြီး ပိတ်ပင်လေသည်။

“ပန်းလေး နင် အသားမစားရတာကြာပြီမလား ဒီလူတွေကိုစားလို့ရတယ်” ရှီမာယူယူ ပြုံးလိုက်သည်။

“ဟုတ်ပြီ သူတို့ကို ငါ့ဆီကဘယ်သူမှ လုလို့မရဘူး” ပန်းလေးသည် နွယ်ပင်များကို ပျော်ရွှင်စွာ ဝေ့ယမ်းလိုက်သည်။ မြေပေါ်မှပန်းများသည် သူတို့ ၏ သွေးဆာနေသော ပါးစပ်များကိုဟထားပြီး ထက်ရှသော သွားများကို ပြထား သည်။

“ဘယ်သူက နင့်ဆီကလုမှာလဲ” ရှောင်ချီသည် အေးစက်စွာနှာမှုတ်ကာ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ပြီးပြေးသွားလိုက်သည်။ သူမ တစ်ချက်ထိုး လိုက်သည်နှင့် သူတို့သည် ပန်းလေး၏အဖူးဆီသို့ လွင့်သွားလေသည်။

မီအာသည် နှုတ်ခမ်းတွန့်မိသည်။ သူသည် အစပိုင်းက အဆုံးသတ် ရိုက်ချက်ကို လုပ်ချင်သော်လည်း ပန်းလေး၏ အဖူးဆီသို့သာ ထိုလူများကို ပစ် ပေးလိုက်ရသည်။

ဟိန်းသံထောင်ချီနှင့်ငှက်လေးတို့လည်း ထိုအရာကိုမြင်သောအခါ လိုက် လုပ်ကြလေသည်။

ပန်းလေးသည် သဘောများကျနေသည်။ သူမသည် လူသားစားရရန် ဘာမှလုပ်စရာမလိုပေ။ တကယ်မဆိုးဘူးပဲ။

ထိုလူများသည် ရှီမာယူယူတွင် ဝိညာဉ်သားရဲများစွာရှိသည်ကို သိကြ သည်။ သို့သော် တစ်ယောက်ချင်းစီသည် ထိုမျှအားကောင်းလိမ့်မည်ဟု ထင် မထားပေ။ အထူးသဖြင့် ထိုတစ်ယောက်ဖြစ်သည်။ သူမသည် လူတစ်ယောက် ကို တစ်ချက်နှင့် အဆုံးသတ်သည်။ သူတို့တွင်လည်း ဝိညာဉ်သားရဲများစွာရှိ သည်။ သို့သော် သူတို့သည် အလွန်ပင် မြန်လွန်းသည်။

ပန်းလေးသည် ဗိုက်ပြည့်အောင်စားရသဖြင့် ခံစားချက်ကောင်းသွား သည်။

ရှီမာယူယူသည် ကျန်နေသည့် မသေလူများကို ဝိညာဉ်စေတီအတွင်း ထည့်ထားလိုက်သည်။ ထို့နောက် သူမ ကိုယ်ပိုင်နယ်မြေကို သိမ်းလိုက်သည် နှင့် လူများသည် ဆူဆူညံညံအသံများကြောင့် စုဝေးလာကြသည်။

ချင်းမိုသည် သူမကို မျက်နှာမည်းကြီးဖြင့် ကြည့်နေသည်။

“ချင်းမို….” သူမသည် ချင်းမို၏ မည်းမှောင်နေသော မျက်နှာကိုမြင်သည် နှင့် အပြစ်မကင်းသလိုခံစားရကာ သူ့ကိုတိုးညင်းသော အသံဖြင့် နှုတ်ဆက်လေ သည်။

“ဒီလိုမျိုး အရေးကြီးတဲ့ကိစ္စဆိုတာကို ငါ့ကိုမပြောဘူးနော်”

ချင်းမို၏ မျက်နှာထားမှာ မည်းနက်နေပြီး အလွန်ပင် အကျည်းတန်နေ သည်။ အထူးသဖြင့် သူမကို သတ်ရန် ထောင်ချောက်ဆင်သည့်လူများရှိသည် ဟု သတင်းကြားသည်နှင့် နှလုံးမှာ လည်ပင်းမှထွက်ကျမတတ်လန့်မိသည်။ သူ သည် ချက်ချင်းသည် သူ့လူများကိုခေါ်ကာ သူမ၏ ရောင်ဝါကိုအာရုံခံပြီး လိုက် လာခဲ့သည်။

ရှီမာယူယူသည် ကိုယ်ပိုင်နယ်မြေဖန်တီးထားသဖြင့် အပြင်မှလူများ သည် အထဲမှအဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်းမြင်ရသောကြောင့် သူသည် အလွန်ပင် စိတ်ပူနေခဲ့သည်။ သူမ ဘေးကင်းနေသည်ကို သူ မြင်သော်လည်း ဒေါသတော့ထွက်ဆဲပင်ဖြစ်သည်။

***

All Chapters