← Chapters

ဆက်သွယ်လို့ မရဘူး

Vol. 119 Ch. 1664

ဆက်သွယ်လို့ မရဘူး

Vol. 119 Ch. 1664

ရှီမာယူယူသည် သူ့ကိုပြုံးပြီး ပြောလိုက်သည် “ငါအဆင်ပြေပါတယ် စိတ်မဆိုးပါနဲ့”

“ငါ စိတ်ဆိုးနေတယ်ဆိုတာတော့ သိတယ်ပေါ့” ချင်းမိုသည် စကားကို တစ်လုံးချင်းပြောကာ သူမကို စိုက်ကြည့်လေသည်။

“လူတွေများလာပြီ” ရှီမာယူယူသည် ခေါင်းမော့ကြည့်ကာ ပွဲကြည့်ရန် လာကြသော လူများကို ကြည့်လိုက်သည်။

ချင်းမိုသည် ပတ်ပတ်လည်ကိုကြည့်ပြီး သူမကို ဆက်မဆုံးမတော့ပေ။ သူ သည် နှာမှုတ်ရုံသာမှုတ်လိုက်သည် “ပြန်ရောက်မှ စာရင်းရှင်းရမယ်”

သူမကို သိသောလူတချို့သည် ပျံလာပြီးမေးကြလေသည် “မိန်းကလေး ယူယူ ခုနကဘယ်လိုဖြစ်သွားတာလဲ ဘာလို့ဒီလောက် အလောင်းတွေများရ တာလဲ”

“ယန်းမျိုးနွယ်က ကျွန်မကိုသတ်ဖို့ လူလွှတ်လိုက်တာ ဒါပေမဲ့ အခု နောက်ပိုင်း လူတွေပြောနေကြတဲ့ မသေလူတွေကို တွေ့လိုက်ရမယ်လို့ထင် မထားဘူး၊ စဉ်းစားကြည့်လိုက်တော့ ဒီမသေလူတွေကို ယန်းမျိုးနွယ်က လုပ် တာဖြစ်နိုင်တယ်” ရှီမာယူယူသည် မြေပေါ်မှအလောင်းများကို မေးငေါ့ပြလေ သည်။

သူမသည် တခြားအဖွဲ့၏ မသေလူများကို တစ်ယောက်မကျန်ချေမှုန်းခဲ့ သည်။ ကျန်နေခဲ့သောသူများမှာ သူမ အထူးတလည် ချန်ထားခြင်းဖြစ်သည်။ အရေအတွက်မှာနည်းပါးသော်လည်း တခြားသူများကြည့်ရန်အတွက် လုံလောက်ဆဲဖြစ်သည်။

“ယန်းမျိုးနွယ်ဟုတ်လား ဘယ်ကဟာလဲ”

“အတွင်းဒေါသ ပြည်နယ် ၁၆ ကယွန်းမျိုးနွယ်” ရှီမာယူယူ ပြောလိုက် သည် “ဟူး တကယ်တော့ ကျွန်မတို့ကြားမှာ အထင်လွဲမှုသေးသေးလေးပဲရှိ လိုက်တာ သူတို့က ကျွန်မကိုရှင်းဖို့ မသေလူတွေလွှတ်လိုက်လိမ့်မယ်လို့ထင် မထားဘူး”

“သူတို့နဲ့ ဘာနားလည်မှုလွဲစရာရှိလို့လဲ”

“ကျွန်မက သူတို့ရဲ့သခင်မလေးကိုသတ်တယ်လို့ထင်နေတာ ဒါပေမဲ့ သူတို့ရဲ့ သခင်မလေးကို သတ်သွားတာဝိညာဉ်သားရဲတွေလေ ကျွန်မမဟုတ် ဘူး သူတို့က သတ်သွားတဲ့လူကိုရှာမတွေ့တာနဲ့ ကျွန်မကို အပြစ်တင်ချင်နေကြ တာ” ရှီမာယူယူသည် မျက်နှာပြောင်ပြောင်နှင့် ပြောလေသည်။

“ယန်းမျိုးနွယ်က ရက်စက်လွန်းတယ် သူတို့က လူသတ်သမားကိုရှာ မတွေ့တာနဲ့ မိန်းကလေးကိုလာပြီး အပြစ်ဖို့နေတာ” ထိုလူများ အော်ကြလေ သည်။

“ဟူး သူတို့နဲ့ နားလည်မှုလွဲတာက ဒီတိုင်းပြဿနာသေးသေးလေးပါ တကယ့်ပြဿနာကြီးက ဒီမသေလူတွေပဲ” ရှီမာယူယူ သက်ပြင်းချလိုက်သည် “မသေလူတွေနဲ့ကိစ္စက ဖြေရှင်းရခက်တယ်”

“အခုလတ်တလောမှာကို မြို့တွေမှာ အစုလိုက်အပြုံလိုက် သတ်မှုတွေ ဆက်တိုက်ဖြစ်နေတာ အကုန်လုံးက မသေလူတွေလုပ်တာပဲ အစောပိုင်းကပဲ မသေလူတွေအကြောင်းကို စုံစမ်းနေတာ ဘာသဲလွန်စမှမရခဲ့ဘူး မသေလူတွေ က အတွင်းပိုင်းယန်းမျိုးနွယ်နဲ့ ပတ်သက်နေလိမ့်မယ်လို့ ထင်မထားမိဘူးပဲ”

“အခု ငါတို့သိပြီဆိုတော့ ဘာလုပ်ရမလဲသိသွားကြပြီ”

“မသေလူတွေကို ဖန်တီးတာလား ယန်းမျိုးနွယ်က လူသားမျိုးနွယ်တစ်ခု လုံးရဲ့ ရန်သူဖြစ်အောင်လုပ်နေတာပဲ”

“ဟုတ်တယ်”

“ဒါပေမဲ့ ယန်းမျိုးနွယ်က အရမ်းအားကောင်းတယ် သူတို့ကို မနိုင်နိုင်ဘူး ဒီအကြောင်းကို သတင်းလွှင့်ပြီး အားလုံးပေါင်းအတူတူလုပ်မှဖြစ်မယ်၊ ဒီယန်း မျိုးနွယ်ကို သေချာပေါက် စစ်ဆေးမှဖြစ်မယ်”

“ဟုတ်တယ်”

“….”

ရှီမာယူယူသည် ဆွေးနွေးချက်များကို နားထောင်ပြီးနောက် ပြုံးလိုက် သည်။

ယန်းမျိုးနွယ်… သူတို့က အင်အားကြီးပေမဲ့ တိုင်းပြည်တစ်ခုလုံးကို ရန်သူ အဖြစ် ရင်ဆိုင်ရလောက်တဲ့အထိတော့ အင်အားမကြီးဘူး။ အဲဒါကြောင့် ဒီ အကြောင်းကို ဘယ်သူ့ကိုမှ ပေးမသိရဲတာပဲ။

တိုင်းပြည်တစ်ခုလုံးသာ အတူလက်တွဲလုပ်လိုက်ရင် ကျန်တဲ့ကိစ္စတွေက ရှင်းဖို့လွယ်သွားမှာမဟုတ်ဘူးလား။

“မင်းကို ရှင်းချင်တဲ့လူတွေရှိနေမှတော့ မင်း ငါနဲ့အတူပြန်လိုက်သင့်တယ်” ချင်းမိုပြောလိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် မင်းကအခုအလုပ်မှမများတာ ဒီက ကိစ္စတွေရှင်းပြီးတာနဲ့ မင်းကိုကိုယ်တိုင် လိုက်ပို့မယ်”

“ကောင်းပြီလေ” ရှီမာယူယူသည် အလွန်ပင်ကျိုးနွံသွားကာ သူ့နောက်သို့ လိမ်လိမ်မာမာဖြင့် လိုက်ပြီး ထိုနေရာမှထွက်သွားလေသည်။ သူမ ထွက်မသွား ခင်တွင် ထိုမသေလူများကို သွားမထိရန် မှာထားခဲ့သည်။ သူတို့ကို စစ်ဆေးပြီး သည်နှင့် မီးရှို့သင့်သည်ဟုပါ ပြောထားခဲ့သည်။

သို့သော် ထိုလူများသည် ရှီမာယူယူ ပြောသမျှကို လျစ်လျူရှုခဲ့သည်။ တစ်ယောက်မှာ အလွန်စပ်စုသဖြင့် မသေလူ၏ အလောင်းကို လက်ဖြင့် တိုက် ရိုက်သွားထိခဲ့သည်။ နှစ်ကြိမ်မျှ ထိပြီးနောက် သူ့လက်မှာ နာကျင်မှုအပြည့်ဖြစ် သွားလိမ့်မည်ဟု ထင်မထားပေ။

“အား…”

သူသည် လက်မှအသားများ ဆက်တိုက်စားသွားသည်ကိုကြည့်ပြီး သူ၏ စူးရှလှသော အော်သံကြောင့် အားလုံးသည်ကြည့်လိုက်ကြသည်။ လက်ဗလာ ဖြင့် မသေလူများကို ထိမည်ပြုနေသော လူများသည် လက်ပြန်ရုတ်လိုက်ကြ သည်။

ရှီမာယူယူသာ ရှိလျှင် သူသည် အသက်ကယ်၍ရနိုင်ဦးမည်။ ရှီမာယူယူ သည် ချင်းမိုနှင့် ထွက်သွားလိုက်သဖြင့် သူမကို မည်သူမှ မတွေးမိတော့သည် မှာတော့ နှမြောဖွယ်ကောင်းသည်။ ထို့ကြောင့် ထိုလူသည် သနားစဖွယ် အခြေအနေနှင့်သာ အိမ်သို့ပြန်သွားရသည်။

“အားလုံးပဲ သတိထားကြပါ ဒီမသေလူတွေကို သွားထိလို့မရဘူး” တခြား သူများသည် အော်ကြလေသည်။

“မသေလူတွေကို မထိဖို့ အစောကပဲ မိန်းကလေးယူယူ ပြောသွားတယ် ငါတို့မီးနဲ့ရှို့ပစ်ရမယ်”

“ဒီမသေလူတွေကို ဘာမှစစ်ဆေးနေစရာမလိုတော့ဘူး ဒီအတိုင်းပဲ မီးရှို့ လိုက်တော့”

“အင်း ဟုတ်ပြီ”

နောက်ဆုံးတွင် သူတို့သည် မီးဖန်တီးကာ ထိုအလောင်းများကို မီးရှို့လိုက် သည်။ ထို့နောက်တွင် ထိုသတင်းကို သက်ဆိုင်ရာ မျိုးနွယ်များဆီသို့ သတင်းပို့ ကြလေသည်။

လျင်မြန်စွာပင် ပြည်နယ် ၁၆ မှယန်းမျိုးနွယ်သည် မသေလူများကို ဖန်တီးသည်ဆိုသည့် သတင်းသည် တိုင်းပြည်တစ်ခုလုံးတွင် ပျံ့နှံ့သွားလေ သည်။ ဖြောင့်မတ်မှုနှင့် တရားမျှတမှုကို အလေးထားသော မျိုးနွယ်တချို့သည် အဖွဲ့ဖွဲ့လိုက်ကြကာ ယန်းမျိုးနွယ်ကို တိုက်ခိုက်ကြသည်။ နောက်ဆုံးတွင် အရှုံးပေးပြီး ပြန်လာရသည်မှာတော့ နှမြောဖို့ကောင်းသည်။

“ယူယူ ယန်းမျိုးနွယ်သတင်းကြားပြီးပီဲလား”

“ကြားပြီးပြီ ရလဒ်ကတော့ အံ့ဩစရာမရှိပါဘူး” ရှီမာယူယူသည် သူမ၏ ခုံနေရာသို့လာကာထိုင်ပြီး သာမာန်ကာလျှံကာ ပြောလိုက်သည်။

“မသေလူတွေက အဲလောက်အားကောင်းလား” နီအန်းယိ မေးလိုက် သည်။

“တစ်ခါလောက် စမ်းကြည့်ချင်လား” ရှီမာယူယူသည် သူ့ကိုကြည့်ပြီး မေးလိုက်သည်။

“စမ်းကြည့်လို့ရလား”

ရှီမာယူယူသည် လက်ကိုဝှေ့ယမ်းလိုက်ရာ အစည်းအဝေးခန်းမအလယ် တွင် မသေလူများပေါ်လာသည် “မင်းတို့ ရိုက်ကြည့်လို့ရတယ် ဒီနေရာကိုသာ မဖျက်ဆီးလိုက်နဲ့”

“တကယ်ပဲ မသေလူတွေပဲ” နီအန်းယိသည် မသေလူများကို အလန့် တကြားညွှန်ပြလေသည်။

သူမတွင် မသေလူများရှိသည်ကို ရှီမန်ဖန်နှင့်တခြားသူများ သိကြ သော်လည်း ရုတ်တရက်ထုတ်ပြီး တိုက်ခိုက်ခိုင်းမည်ဟု ထင်မထားပေ။

“မသေလူတွေ အသက်ရှင်တုန်းက မင်းတို့လောက် အားကောင်းကြ တယ် မင်းသူတို့နဲ့ တိုက်ကြည့်ပေါ့ ဒါကိုဂိမ်းအနေနဲ့ မတွေးလိုက်နဲ့ မင်းမှာရှိ သမျှထုတ်သုံးလိုက်” ရှီမာယူယူ သတိပေးလိုက်သည်။

“ဒါဆိုလည်း တစ်ချက်လောက်စမ်းကြည့်တာပေါ့” နီအန်းယိသည် ပြောပြီးသည်နှင့် ရှေ့သို့ပျံသွားရာ ရှီမာယူယူ၏ အမိန့်အောက်မှမသေလူသည် လည်း ပျံတက်သွားလေသည်။

“သွားကြည့်ရအောင်” လျန်ဝူမင်သည် တခြားသူများကို ပြောလိုက်သည်။

“ဟုတ်ပြီ”

သူတို့သည် မသေလူများအကြောင်း ကြားရုံသာကြားဖူးသည်။ သို့သော် တိုက်ပွဲဝင်နေသော မသေလူများကို မမြင်ဖူးကြပေ။ ထို့ကြောင့် သူတို့အတွက် ကြည့်ကောင်းမည့်ပွဲဖြစ်နေသည်။

နီအန်းယိသည် လူရှင်းသည့်နေရာကိုရှာလိုက်ရာ မသေလူသည် သူ့နောက်လိုက်လေသည်။ တခြားသူများသည် အဝေးမှနေပြီးကြည့်လေသည်။

တကယ်တော့ ကြည့်စရာမရှိသည့်ပွဲပင်ဖြစ်သည်။ အစမှအဆုံးထိ နိအန်းယိသည် မသေလူ၏ ဖိနှိပ်ခြင်းကိုခံရကာ ဒဏ်ရာအများအပြားရလေ သည်။ အထူးသဖြင့် နောက်ဆုံးတိုက်ကွက်တွင်ဖြစ်သည်။ ရှီမာယူယူ ရပ်လိုက် ခြင်းကြောင့်သာမဟုတ်လျှင် မသေလူ၏ လက်သည် နီအန်းယိ၏ နှလုံးသားကို ထိုးစိုက်ဝင်သွားမည်ဖြစ်သည်။

နီအန်းယိသည် ချွေးအေးများပျံလာပြီး မသေလူကို သတိရှိရှိဖြင့် ကြည့် နေသည်။

အစောပိုင်းက သူသည် သေဆုံးခြင်းရောင်ဝါပင် ထွက်သွားသေးသည်။

“ပြီးရင်လည်း ပြန်လာခဲ့” ရှီမာယူယူ အော်လိုက်သည်။

နီအန်းယိသည် ပျံလာရာ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေ သည်။ သူသည် ယိမ်းထိုးကာ ပျံလာရာ နောက်ဆုံးတွင် ရှီချန်းသည် ပျံသွားပြီး သူ့ကိုတွဲရသည်။

“ဆရာ” နီအန်းယိသည် ရှက်ရွံ့စွာဖြင့် ခေါ်လိုက်သည်။

“ဒီဆေးတိုက်လိုက်” ရှီမာယူယူသည် ကျောက်စိမ်းပုလင်း ပစ်ပေးလိုက် သည်။ ရှီချန်းသည် ဆေးပုလင်းကိုဖမ်းလိုက်ပြီး နီအန်းယိကို တိုက်လိုက်သည်။

နီအန်းယိသည် ဆေးသောက်ပြီးနောက် အန်းငယ်သက်သာလာရာ စကား ပြောရန် အားရှိလာသည်။ သူသည် ရှီမာယူယူကို ကြည့်ပြီး မေးလိုက်သည် “ဆရာ သူကတကယ်ပဲ ကျွန်တော်နဲ့ စွမ်းအားအတူတူပဲလား”

တခြားသူများလူသည် ရှီမာယူယူကို ကြည့်လိုက်ကြသည်။ သူတို့လည်း ထိုမေးခွန်းကိုသိချင်သည်။

မသေလူသည် နီအန်းယိထက် များစွာသန်မာသည်။ သူသာ အသက်ရှင် စဉ်က စွမ်းအားတူညီပါက ကွာခြားမှုမှာ အလွန်ကြီးမားသွားလေပြီ။

“သံသယဝင်စရာကိုမရှိတာ မသေလူတွေက အသက်ရှင်တုန်းကထက် အများကြီးကို သန်မာလာတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် ယန်းမျိုးနွယ်က အရင်ကထက် အများကြီးအားကောင်းလာမယ်လို့ ကျွန်မပြော တာလေ”

***

All Chapters