သူများကို လှည့်ကွက်ဆင်ဖို့ အစွမ်းအစရှိတာပဲ
Vol. 119 Ch. 1665
ယန်းမျိုးနွယ်၏ စွမ်းအားသည် များစွာကြီးထွားလာခဲ့သည်။ သူတို့သည် မသေလူများကို မည်မျှဖန်တီးထားကြသည်ကို မည်သူမှမသိကြပေ။ အားလုံး သည် အင်တိုက်အားတိုက်နှင့် တိုက်ခိုက်ကြသော်လည်း သူတို့၏ အခြေခံ အုတ်မြစ်ကိုပင် မထိနိုင်ကြပေ။
“မသေလူတွေက အသက်ရှင်တုန်းကထက် ဘာလို့ပိုသန်မာနေကြတာလဲ” နီအန်းယိ မေးခွန်းထုတ်လိုက်သည်။
“မသေလူတွေရဲ့ရောင်ဝါက ဝိညာဉ်စွမ်းအင်တချို့ကို ခုခံနိုင်တယ်၊ မင်းရဲ့ ဝိညာဉ်သိုင်းက သူတို့ထက်တောင် အားနည်းနိုင်တယ် ထပ်ပြောရရင် သူတို့ကို မွေးထားတုန်းက အဆိပ်ထည့်ထားတော့ အဆိပ်လည်းပြင်းကြတယ် အဲဒါက စွမ်းအားတွေကိုလည်း စားသွားစေတယ်၊ ပြီးတော့ သူတို့က သေပြီးသွားပြီဆို တော့ နာကျင်မှုကိုမခံစားရဘူး၊ သူတို့ကို အပိုင်းပိုင်းခုတ်ရင်တောင် ဆက်ပြီး တိုက်ခိုက်နေဦးမှာပဲ၊ အဲဒါကအရမ်းကို ကြမ်းတဲ့တိုက်ခိုက်မှုဖြစ်နေပြီ မင်း ဆိုရင် လုပ်နိုင်မလား၊ မလုပ်နိုင်ရင် ဒီအပိုင်းမှာရှုံးတာပဲလေ” ရှီမာယူယူ ခွဲခြမ်း စိတ်ဖြာပြလေသည်။
“အဲဒါကြောင့် ယန်းမျိုးနွယ်နဲ့ တုနန်မျိုးနွယ်တွေက မသေလူတွေလုပ်ဖို့ အကြံရတာပေါ့”
အားလုံးသည် ထိုမျှအားသာချက်ကြီးကို သိသွားသဖြင့် ငြိမ်ကျသွားလေ သည်။ ယှဉ်ကြည့်ရလျှင် လူတစ်ယောက်ကို ကျွမ်းကျင်သူအဖြစ် ပျိုးထောင်ရ သည်ထက် သတ်လိုက်ရသည်က ပိုလွယ်သည်။
“ဆရာ ဒီမသေလူတွေကို ဘယ်လိုထိန်းနိုင်တာလဲ ဘယ်လိုလုပ် ထိန်းချုပ်နိုင်တာလဲ” တိုင်ယိ မေးလိုက်သည်။
“ငါ ယန်းမျိုးနွယ်က ခိုးလာတာ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“အမိုက်စားပဲဆရာ လုပ်ရဲလိုက်တာ၊ တကယ်ပဲ ယန်းမျိုးနွယ်က မသေလူ ကိုခိုးခဲ့တာပဲ ဘယ်လိုလုပ်ခဲ့တာလဲ အဲလိုဆိုရင် သူတို့ရဲ့မသေလူတွေအကုန် ခိုး ရမယ်” တိုင်ယိသည် ပြုံးရယ်စွာ ပြောလေသည်။
ရှီမာယူယူသည် သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည် “အဲလောက် ခိုးဖို့လွယ် နေရင် ယန်းမျိုးနွယ်က လုပ်နေတော့မှာမဟုတ်ဘူး”
“အရင်တစ်ခေါက်က ခိုးခဲ့တာမဟုတ်ဘူးလား ပြောပါဦး ဆရာ ဘယ်လောက်ခိုးခဲ့တာလဲ”
“သိပ်မများပါဘူး တစ်သောင်းလောက်ပဲ” ရှီမာယူယူသည် အားလုံးကို လန့်မသွားစေချင်သောကြောင့် ထိုမျှသာပြောလိုက်သည်။
“တစ်သောင်းဟုတ်လား မိုက်လိုက်တာ ဆရာ အကုန်ရှင်းခဲ့တာလား” ယူရှီ အော်လေသည်။
“အဟမ်း ငါမြင်တဲ့ဟာတွေပဲ အကုန်ယူလာခဲ့တာ” ရှီမာယူယူသည် သူမ နှာခေါင်းကိုထိရုံသာထိလေသည်။
“အဲဒါကြောင့် သူတို့က ပျာယာခတ်ကုန်တာကိုး သူတို့လုပ်ထားတဲ့ မသေလူတွေကို ဆရာကခိုးခဲ့တာပဲ၊ ဆရာ မသေလူ ဒီလောက်အများကြီးကို ထိန်းနိုင်ရင် ဆရာက မသေလူတွေရဲ့ဘုရင်ကြီးဖြစ်နေပြီပေါ့”
“ဘာကို မသေလူတွေရဲ့ဘုရင်ကြီးလဲ လစ်လိုက်တော့” ရှီမာယူယူသည် နီအန်းယိ၏ ခေါင်းကိုရိုက်လိုက်သည် “မသေလူတွေရှိတာ ပေါ်သွားလို့မဖြစ် ဘူး ငါ့မှာမသေလူတွေရှိတာကိုသိရင် သူတို့ရန်သူဖြစ်သွားမှာ”
“ဆရာက အပြင်ထွက်ရင် ဘေးမှာဒီလောက်လူတွေအများကြီးရှိတာ မသေလူတွေ ဘာလို့လိုဦးမှာလဲ”
“ဟီးဟီး အမှန်ပဲ”
“တုံးလိုက်တာ” ဖန်ခိုင်သည် နီအန်းယိ၏ ခေါင်းကို ခေါက်လိုက်သည် “ဒါပေမဲ့ ဆရာက သူတို့ကိုအသုံးမချတာမဟုတ်ဘူး သူတို့ကို ထောင်ချောက် ဆင်ဖို့ သုံးမလို့လည်းဖြစ်နိုင်တာပဲ”
ရှီမာယူယူ “….”
“ပြန်ရအောင် တပည့်တွေအကုန်လုံးကို လူစုခွဲခိုင်းလိုက်” လျန်ဝူမင် သည် ပြောပြီးနောက် အားလုံးကိုခေါ်သွားလိုက်သည်။
“ရှီချန်း အန်းယိကို နားဖို့ခေါ်သွားလိုက်ဦး” ရှီမာယူယူသည် ရှီချန်းကို ပြောလိုက်သည်။
နီအန်းယိသည် ဆိုးဝါးစွာထိခိုက်ထားရာ အစောက အဆိပ်ဖြေဆေး သောက်ထားသည့်တိုင်အောင် အားနည်းနေသေးသည်။ ရှီချန်းသည် ခေါင်းညိတ်ပြီး ပြန်တုံ့ပြန်ကာ အန်းယိကို တွဲခေါ်သွားလေသည်။
အစည်းအဝေးခန်းသို့ ပြန်ရောက်သောအခါ အားလုံး၏ မျက်နှာများမှာ ခက်ထန်နေကြသည်။ မသေလူများနှင့် တိုက်ပွဲသည် အားလုံးကို ခံရခက်စေ သည်။
“အဲလိုဖြစ်မနေကြပါနဲ့ ဘာမှမဖြစ်သေးတာကိုပဲ” ရှီမာယူယူသည် အားလုံးကို အကူအညီမဲ့စွာကြည့်လိုက်သည်။
“ယန်းမျိုးနွယ်က နင်နဲ့ ရန်ငြိုးကို ရှင်းဖို့ဒီလောက်ကြီးကြိုးစားနေတာ အခု သူတို့က ငါတို့ဘက်လှည့်လာပြီဆိုတော့ အနှေးနဲ့အမြန် သူတို့နဲ့ တိုက်ခိုက် ရတော့မှာပဲ” ရှီမန်ဖန် ပြောလိုက်သည်။
ယန်းမျိုးနွယ်မှ မသေလူများမွေးမြူထားသည့် သတင်းသည် ပျံ့နှံ့သွား သည်။ ရှီမာယူယူသည် ထိုကိစ္စ၏ အရေးကြီးသည့်ကဏ္ဍတွင် ပါဝင်သည်။ ထို ကိစ္စမှာလည်း သူမကြောင့် ပေါ်ထွက်လာခြင်းကိုလည်း အားလုံးသိကြသည်။ သူတို့၏ အတိတ်မှ ရန်ငြိုးသည် အနည်းငယ်သာဖြစ်သော်လည်း အခုချိန်တွင် သူမအပေါ် ယန်းမျိုးနွယ်၏ အမုန်းတရားမှာ ကြီးသထက်ကြီးလာသည်။
အရင်က သူတို့သည် သေးငယ်သောကိစ္စများကြောင့် သူမကို သတ်ဖို့ နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့သည်။ အခုပြဿနာမှာကြီးထွားလာပြီး နှစ်ဦး နှစ်ဖက်ကို စေ့စပ်ရန် နည်းလမ်းမရှိတော့ပေ။
“မင်းတို့တွေ အတွေးလွန်နေကြပြီ” ရှီမာယူယူသည် ခေါင်းခါယမ်းရင်း ရယ်မောလိုက်သည် “သူတို့က ငါ့ကိုသတ်ဖို့ လူလွှတ်တယ်ဆိုရင် ငါ့မှာဖန် မျိုးနွယ်နောက်ခံရှိတယ်လေ မသေလူတွေဆိုရင်တော့ ပိုတောင်လွယ်သေး တယ်”
“ဘာလို့လဲ” တိုင်ယိ မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ဆရာက မသေလူတွေအတွက် ငရဲပို့မယ့်ပေါင်းကူး လို ဖြစ်နေတာလေ” ဖန်ခိုင် ဆက်ပြောလေသည် “အဲဒီမသေလူတွေက ဟင်္သ ပဒါးမီးတောက်တို့ ကောင်းကင်လျှပ်စီးတို့အနားကို ကပ်တောင်မကပ်ရဲကြဘူး ပြီးတော့ ဆရာက မသေလူတွေကိုထိန်းချုပ်နိုင်တယ် အဲတော့ သူမမှာ မသေလူ တွေကိုရှင်းဖို့ နည်းလမ်းသေချာပေါက်ရှိမှာပဲ”
ရှီမာယူယူသည် သူဉာဏ်ကောင်းသည့်အတွက် ချီးကျူးသည့်အကြည့် ဖြင့် ကြည့်ပြီး ပြောလိုက်သည် “အဲတော့ မင်းတို့ ငါ့ကိုစိတ်မပူကြနဲ့ အဲအစား သူတို့က တောင်ကြားကလူတွေကို တစ်ခုခုလုပ်မှာစိုးတာ”
ထိုအရာသည် ပြဿနာပင်ဖြစ်သည်။
“အားလုံး ဘေးကင်းဖို့ ကြိုးစားကြည့်ပါမယ်”
ရှီမာယူယူသည် အတန်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ပြော လိုက်သည် “တကယ်တော့ ဒီပြဿနာကိုလည်းရှင်းပြီးသွားပြီ”
“ဘယ်လိုအကောက်ကြံမယ့် အကြံတွေရှိထားတာလဲ”
ရှီမာယူယူ “….”
သူမက ဘယ်တုန်းက ကောက်ကျစ်တဲ့အကြံရှိလို့လဲ။ သူမအကြံကို ဘယ်လိုမျိုး ကောက်ကျစ်တယ်လို့ ပြောနိုင်ရတာလဲ။
စိတ်ပျက်သွားသည်ဆိုသော်ငြား သူမသည် သူတို့ကိုပြောသေးသည်။
“တကယ်တော့ ရိုးရှင်းပါတယ်၊ ငါတို့ကို မနှောင့်ယှက်နိုင်အောင်လို့ ယန်းမျိုးနွယ်ကို အလုပ်ရှုပ်အောင်လုပ်ရုံပဲ၊ သူတို့မှာ အင်အားစုတွေအများကြီး ရှိတယ်မလား၊ ငါတို့နဲ့ရှင်းဖို့ သူတို့မှာ စွမ်းအားရှိသေးတယ်ဆိုရင် သူတို့ကိုရှင်းဖို့ အဲ့ထက်အားကြီးတဲ့ အင်အားစုကိုရှာရုံပဲလေ၊ အင်အားစုအများစုက နောက်ဖြစ် လာမယ့်ကိစ္စတွေကို စိတ်ပူနေကြတာ၊ အဲတော့ ငါတို့လည်း သူတို့အတွက် အလုပ်ပေးလိုက်တာပေါ့ ဖန်ခိုင်ပြောတာဟုတ်တယ် မသေလူတွေ ရှိတာ ပေါ် သွားလို့မဖြစ်ဘူး၊ ဒါပေမဲ့ သူများကို အပြစ်ဖို့ဖို့အတွက် သင့်တော်တယ်” သူမ သည် ကောက်ကျစ်စွာ ရယ်မောလိုက်သည်။
“…”
တကယ့်ကိုပဲ ကောက်ကျစ်တဲ့အကြံပဲ။
ဒါပေမဲ့ သူတို့က ဒီအကြံကိုကြိုက်ကြတာပဲ။
“ဒီအကြံက မဆိုးဘူး ယန်းမျိုးနွယ်က တောင်ကြားအဖွဲ့ဝင်တွေကို တိုက်ခိုက်လာရင် ဒီကိစ္စကို မင်းကိုပဲအပ်ထားလိုက်တော့မယ်” လျန်ဝူမင်သည် စိတ်ပူပန်မှုများ ပျောက်သွားသည့်အလား လက်ကိုဝေ့ယမ်းပြီးပြောလေသည်။
ယန်းမျိုးနွယ်ကို မျက်စိကျနေသည့် အင်အားစုများရှိသော်လည်း သူတို့ သည် စောင့်ကြည့်ရန်ကိုသာ ရွေးချယ်ခဲ့သည်။ သူတို့က ဒီကိစ္စမှာ ဝင်ပါသွားရင် ဘာမှမလုပ်ဘဲ တည်ငြိမ်နိုင်ဦးမှာလား။
ရှီမာယူယူ၏ တည်ရှိနေမှုသည် ယန်းမျိုးနွယ်ကို ထိန်းချုပ်နိုင်လွန်းသည်။ အားလုံးသည် ထိုအကြံကိုသဘောကျကြကာ လုပ်ငန်းစကြတော့သည်။
“ဟုတ်ပြီ တောင်ကြားမှာ တစ်ခုခုဖြစ်ရင် ငါ့ကိုချက်ချင်း အသိပေး” ရှီမာယူယူ ဆက်ပြောလေသည် “တစ်ခါတည်း ဂိုဏ်းရဲ့ပတ်ဝန်းကျင်ကို သေချာ စောင့်ကြည့်ထားပြီး အတွင်းဒေသကလူတွေကိုလည်း သတိထားခိုင်းလိုက်၊ အနားမှာ တစ်ယောက်ယောက် ပေါ်လာရင် ယန်းမျိုးနွယ်အဖွဲ့ဝင်လားလို့ သတိ ထားကြည့်လိုက်”
“ဟုတ်ပါပြီ” ရှီမန်ဖန် ခေါင်းညိတ်လေသည်။
“တခြားဘာမှမရှိတော့ရင် ငါသွားလိုက်ဦးမယ်” ရှီမာယူယူ ပြောလိုက် သည်။
“သွားပါ သွားပါ နာမည်ခံတောင်ကြားဒုသခင်ကတော့ တောင်ကြားကိစ္စ တွေဘာမှဂရုစိုက်စရာမလိုပါဘူး” လျန်ဝူမင်သည် ညည်းညူလေသည်။
ရှီမာယူယူသည် ပါးမို့များတက်အောင် ပြုံးလိုက်ပြီးနောက် ဦးညွှတ်ကာ ထွက်သွားလေသည်။ သူမသည် အသေးအဖွဲ့ကိစ္စများကို စိတ်မဝင်စားပေ။
သို့သော် ကိစ္စများသည် သူတို့ခန့်မှန်းထားသလိုဖြစ်ခဲ့သည်။ သိပ်မကြာ ခင်မှာပင် ထိပ်တန်းတောင်ကြားအဖွဲ့ဝင်များကို မသေလူများမှ လာတိုက်ခိုက် ကြလေသည်။ သူတို့သည် တပ်ကူရောက်လာသည်အထိ အချိန်ဆွဲနိုင်ခဲ့သည်။ သူတို့သည် မသေလူများကို ဘာမှမလုပ်နိုင်သော်လည်း တပ်ကူများကိုတော့ ချေမှုန်းနိုင်ခဲ့သည်။
ယန်းမျိုးနွယ်သည် တရားဝင် ထိပ်တန်းတောင်ကြားကို စိန်ခေါ်ခဲ့လေပြီ။
ရှီမာယူယူသည် တောင်ကြားအဖွဲ့ဝင်တချို့အသတ်ခံလိုက်ရသည်ကို ကြားပြီးနောက် ဒေါသများဆူပွက်လာသည်။ သူမသည် အတွင်းဒေသ၏ မြေပုံ ကိုလေ့လာပြီး ထောင်ချောက်ဆင်ခိုင်းလိုက်သည်။
***