← Chapters

ဘေးဒုက္ခ အရင်းအမြစ်

Vol. 119 Ch. 1666

ဘေးဒုက္ခ အရင်းအမြစ်

Vol. 119 Ch. 1666

သုံးလအတွင်းတွင် ထိပ်တန်းတောင်ကြားအဖွဲ့ဝင်များသည် အတွင်း ဒေသ၌ အကြိမ်ပေါင်းများစွာ အလိုက်ခံခဲ့ရသည်။ ကံကောင်းစွာပင် အတွင်းပိုင်း ဒေသတွင် သူတို့အပင်ပန်းခံထားသည့်အရာများ ပျက်စီးမည်ကို စိုးရိမ်သဖြင့် အသည်းကွဲတောင်ကြားသည် လက်ရွေးစင်များကို စေလွှတ်ခဲ့သည်။

လျန်ဝူမင်သည် သူကိုယ်တိုင် လူများကိုခေါ်ကာ ရှီမာယူယူနှင့်အတူ အတွင်းဒေသသို့ သွားခဲ့သည် သူတို့သည် အတွင်းဒေသအိမ်တော်သို့ရောက် သောအခါ ဘိုင်ရှန်းနှင့် လျူလျန်ချိုင်ကိုတွေ့လိုက်ရသည်။

“တောင်ကြားသခင် တောင်ကြားဒုသခင် ဒီကိုဘာလို့ ကိုယ်တိုင်ရောက် လာတာလဲ” ဘိုင်ရှန်းသည် သူတို့ကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။

“အခြေအနေ ဘယ်လိုလဲ” ရှီမာယူယူ မေးခွန်းထုတ်လိုက်သည်။

“မကောင်းဘူး” ဘိုင်ရှန်း ဆက်ပြောလေသည် “သုံးလအတွင်းကို တပည့် သုံးရာဆုံးရှုံးလိုက်ရတယ်”

“မသေလူတွေက အရမ်းအားကောင်းကြတယ်၊ ကျွန်တော်တို့လည်း သတိကပ်ထားတာပဲ ဒါပေမဲ့ သူတို့တိုက်ခိုက်မှုကနေ ပြေးမရဘူး” လျူလျန်ချိုင် သက်ပြင်းချလိုက်သည် “အခု တပည့်တွေကို  ပြန်လာပြီး အပြင်မထွက်ဖို့ ပြော ထားရတယ်”

“အင်း သူတို့ကိုပြန်လာခိုင်းတာ ကောင်းတယ် နောက်သုံးလေးလ လောက်တော့ ဘယ်သူ့ကိုမှ ထွက်ခွင့်မပေးနဲ့၊ နောက်နှစ်လလောက်ထိတော့ ယန်းမျိုးနွယ်က ငါတို့ကိုထိဖို့ အင်အားမရှိသေးဘူး” ရှီမာယူယူသည် ဒေါသ ထွက်လာသဖြင့် မျက်လုံးကျဉ်းမြောင်းလိုက်သည်။ ထိုလူများ ဒုက္ခရောက်တော့ မည်ကို သူမ အကြောင်းကိုသိသူများ သိလိုက်ကြသည်။

“အစီအစဉ်ရှိလား” ဘိုင်ရှန်းသည် သူမကိုတွေ့ပြီးနောက် စိတ်အေးသွား သည်။

ရှီမာယူယူ ပြုံးလိုက်သည် “နောက်နှစ်လနေရင် သိရပါလိမ့်မယ်”

နောက်နှစ်လတွင် မသေလူများကို အတွင်းဒေသတွင် မြင်ရလာသည်။ အားကြီးသော အင်အားစုများ သို့မဟုတ် မျိုးနွယ်များ၏ တပည့်အများအပြား မှာ မသေလူများ၏ သတ်ခြင်းကိုခံရလေသည်။ နည်းလမ်းမှာ ထိပ်တန်း တောင်ကြားတပည့်များ အသတ်ခံရသည်နှင့်အတူတူပင်။

ထိပ်တန်းတောင်ကြားကို ပထမဆုံးအကြိမ် မည်သို့တိုက်ခိုက်ခဲ့ကြောင်း ကို သူတို့သိကြသည်။ ရှီမာယူယူသည် ယန်းမိသားစုကို ပြဿနာရှာခဲ့ခြင်း ကြောင့် သူမကို လက်စားချေလိမ့်မည်ဟု သူတို့ခန့်မှန်းထားကြသည်။ အခု တူညီသော နည်းလမ်းကိုမြင်သောအခါ ယန်းမျိုးနွယ်၏ လုပ်ရပ်ဖြစ်နိုင်မည်ဟု အားလုံး တွေးလိုက်ကြသည်။

အထူးသဖြင့် ထွက်ပြေးလွတ်သွားသောလူတချို့သည် အဖွဲ့ကို ဦးဆောင် သူမှာ ယန်းမျိုးနွယ်အကြီးအကဲဖြစ်ကြောင်းကို သက်ဆိုင်ရာဂိုဏ်းသို့ သတင်းပို့ ကြလေသည်။

ဂိုဏ်းသခင်သည် ဒေါသထွက်ကာ စားပွဲကိုထုချေလိုက်ပီဲး မုန်းတီးစွာ ပြောလေသည် “ငါတို့က ယန်းမျိုးနွယ်ကိုတောင် မရှင်းနိုင်ဘူး ယန်းမျိုးနွယ်က ရာရာစစငါတို့ကိုတိုက်ခိုက်ရဲတယ် မျိုးနွယ်ခေါင်းဆောင်တွေ သွားခေါ်ချေ”

အချိန်တစ်ခုကြာပြီးနောက် ယန်းမျိုးနွယ်သည် အင်အားကြီးများ၏ ပစ်မှတ်ဖြစ်ရာ လအနည်းငယ်အတွင်းတွင် အင်အားများဆုံးရှုံးရလေသည်။ ထို ဂိုဏ်း၊ မျိုးနွယ်များ၏ အင်အားသည် ထိပ်တန်းတောင်ကြားနှင့် ယှဉ်မရပေ။ သူတို့သည် မသေလူများကို မြင်လျှင်တောင် အတူပင် ချေမှုန်းပစ်သည်။

ထိုသတင်းပျံ့သွားသောအခါ ယန်းမျိုးနွယ်တွင် မသေလူများရှိသည်ဆို သည့်အကြောင်းမှာ သေချာသွားလေတော့သည်။ တချို့သောအင်အားစုမှာ ယန်းမျိုးနွယ်မှ လက်တုံ့ပြန်မည်ကိုကြောက်သဖြင့် ဝင်ပင်မပါကြပေ။

ယန်းမျိုးနွယ် ရင်ဆိုင်ရသော ဖိအားများမှာတိုးပြီးရင်းတိုးလာသည်။ သူတို့သည် ပြည်နယ် ၁၆ ရှိအိမ်တော်မှထွက်ကာ ပုန်းအောင်းကြလေည်။ ထိုကိစ္စများမှာ ရှီမာယူယူ အတွင်းဒေသသို့ပြန်ရောက်ပြီး တစ်နှစ်အတွင်းဖြစ် ပွားလေသည်။

ယန်းမျိုးနွယ်သည် ထိပ်တန်းတောင်ကြားကို အချိန်တစ်ခုတိုင်အောင် မတိုက်ခိုက်နိုင်သဖြင့် ရှီမာယူယူသည် ရလဒ်ကိုကျေနပ်နေသည်။

“ဆရာ့ရဲ့ နည်းလမ်းကတော့ အမိုက်ကစားပဲ” ဖန်ခိုင်သည် တောက်ပစွာ ပြုံးလေသည်။

လျန်ဝူမင်သည် ထိပ်တန်းတောင်ကြားသို့ပြန်ကာ ညီအစ်ကို ၁၀ ယောက် ကိုအတွင်းဒေသသို့လွှတ်ပြီး ဘိုင်ရှန်းနှင့် လျူလျန်ချိုင်တို့၏ အတွင်းဒေသ ချဲ့ထွင်သည့်အလုပ်ကို ကူညီခိုင်းလိုက်သည်။

“ဒါပေမဲ့ ဒီနည်းလမ်းက ဆရာတစ်ယောက်ပဲ သုံးလို့ရတယ်” ယူစစ် ဆက်ပြောလေသည် “ဆရာသာ ရုပ်ပြောင်းရုပ်လွှဲလုပ်တတ်ရုံတင်မကဘူး မသေလူတွေကိုပါ ထိန်းချုပ်နိုင်လို့ ယန်းမျိုးနွယ်ကိုဂွင်ဆင်လို့ရတာပဲ”

“အဲဒါကြောင့် ဆရာ့ကို အားကောင်းတယ်လို့ပြောတာ” နီအန်းယိသည် သူမကို လေးစားမှုအပြည့်ဖြစ်နေသည်။

“ယန်းမျိုးနွယ်က ပုန်းရုံပဲတတ်နိုင်တော့မယ်” ရှီမာယဓယူသည် ပျော်နေ သော်လည်း မမေ့ပေ “တခြားအင်အားစုတွေလည်း ဝင်လာမယ်ထင်တယ်”

“တခြားအင်အားစုဟုတ်လား”

“တုနန်မျိုးနွယ်က ယန်းမျိုးနွယ်ကို ဒီလိုလုပ်အောင် ခွင့်ပြုပေးတယ် အဲတော့ တခြားမျိုးနွယ်တွေလည်း လုပ်ကြလိမ့်မယ်၊ ဒီလိုရည်ရွယ်ချက် ရှိတာ ယန်းမျိုးနွယ် တစ်ခုတည်းမဟုတ်ဘူး”

“ဟုတ်တယ် အုတ်မြင်ကို ချေမှုန်းလို့မရနေဘူး မသေလူတွေ ဆက်ထွက် လာနေမှာပဲ ဒါပေမဲ့ အနည်းဆုံးတော့ ငါတို့ရဲ့ အန္တရာယ်လျော့သွားတာပေါ့”

ထိုနည်းလမ်းသည် သူတို့ကိုဖိအားလျော့စေသည်။

“နိုင်နိုင်ရှုံးရှုံးပါ ယန်းမျိုးနွယ်က မသေလူတွေကြောင့် အင်အားကြီးလာ တယ်၊ ဒါပေမဲ့ မသေလူတွေကြောင့်ပဲ ပုန်းစရာနေရာမရှိတော့ဘူး” ဘိုင်ရှန်း သက်ပြင်းချလိုက်သည်။

အားလုံး သက်ပြင်းချလိုက်သည်။ မသေလူများရှိနေသည်မှာ ယန်း မျိုးနွယ်တစ်ခုတည်းသာမဟုတ်ပါက ရှီမာယူယူ၏ တခြားသူများဆီသို့ အာရုံလွှဲ သည့် နည်းလမ်းသည် အလုပ်မဖြစ်နိုင်ပေ။

“ယန်းမျိုးနွယ်က ဘယ်မှာပုန်းနေမယ်ထင်လဲ” တိုင်ယိ မေးလိုက်သည်။

“ဘယ်ရှိဦးမှာလဲ တုနန်မျိုးနွယ်မှာ ပုန်းနေမှာပေါ့” ဖန်ခိုင်သည် ယုံကြည် ချက်ရှိရှိဖြင့် ပြောလိုက်သည်။

ယန်းမျိုနွယ်နှင့် တုနန်မျိုးနွယ်တို့သည် ပူးပေါင်းထားသဖြင့် တုနန် မျိုးနွယ်သည် သူတို့လို နယ်ရုပ်ကို လက်လျော့မည်မဟုတ်ပေ။ ထို့အပြင် ယန်းမျိုးနွယ်သည် မသေလူများကို အများဆုံးထိန်းချုပ်ထားရာ တုနန်မျိုးနွယ် သည် ကိစ္စအားလုံး၏ ကြိုးကိုင်သူဖြစ်သည်ကို တခြားသူများ မသိကြပေ။

ယခုချိန်တွင် ထိုကိစ္စများကို လူသိခံရန်မဖြစ်ကြောင်းကို ရှီမာယူယူနှင့် တခြားသူများ သိကြသည်။ သူတို့သည် ယန်းမျိုးနွယ်နှင့် ကိစ္စကိုရှင်းရမည်။ သို့သော် လျှို့ဝှက်မိသားစုများ ပါဝင်လာပါက ခိုင်မာသည့် သက်သေမရှိဘဲ သူတို့ကို တိုင်းပြည်အတွင်းရှိ မည်သူမှမထိရဲပေ။

ပြီးနောက် ထိုအချိန်အတွင်းတွင် တုနန်မျိုးနွယ်သည် ထိပ်တန်းဂိုဏ်းကို တိုင်းပြည်အတွင်းမှ ပျောက်အောင်လုပ်နိုင်သည်။

သူတို့သည် တုနန်မျိုးနွယ် ပတ်သက်သည်ဆိုသည့် တိကျသည့် သက်သေ လိုသည်။ တုနန်ဟော်တစ်ယောက်တည်းနှင့် သက်သေမလုံလောက်ပေ။

“ဟုတ်ပြီ ယန်းမျိုးနွယ်ကိစ္စကို ဒီမှာတင်ရမယ် အခု မင်းတို့မစ်ရှင်က အတွင်းဒေသမှာ အင်အားချဲ့ထွင်ဖို့ပဲ မသေလူတွေကိုတော့ မျက်ခြည်မပြတ် စောင့်ကြည့်ထား” ရှီမာယူယူ အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ”

ယန်းမျိုးနွယ်သာ ထိပ်တန်းတောင်ကြားကို တိုက်ခိုက်လျှင်တောင် မသေလူများ သုံးသည့်အပေါ် ဂရုမစိုက်တော့ပေ။ သူတို့ မသေလူများ သုံးလာ သည်နှင့် တိုင်းပြည်တစ်ခုလုံးသည် ထိုနေရာမှ သဲလွန်စရသွားမည်ဖြစ်သည်။

ယန်းမျိုးနွယ်တွင် ရန်သူများပြားလှသည်။

ရှီမာယူယူတို့ ယန်းမျိုးနွယ်အကြောင်း ဆွေးနွေးချိန်တွင် တုနန်မျိုးနွယ် သည်လည်း ရှီမာယူယူ အကြောင်းဆွေးနွေးနေသည်။

“ဒါတွေအကုန်လုံးကို ရှီမာယူယူလပ်တာလို့ ‌ပြောချင်တာလား” မျက်နှာ လေးထောင့်နှင့် အနက်ရောင်အင်္ကျီဝတ်ထားသော အမျိုးသားသည် ယန်းဝေ့ နှင့်အတူ ထိုင်နေသည်။

“ဟုတ်ပါတယ်” ယန်းဝေသည် ယုံကြည်ချက်ရှိရှိဖြင့် ခေါင်းညိတ်လိုက် သည်။ သူသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာ မုန်းတီးစွာဖြင့် ပြော လိုက်သည် “အကြီးအကဲ ၇ ကမျိုးနွယ်ကို သစ္စာမဖောက်လောက်ဘူးလို့ ထင်ထားတာ၊ သူက အဲလူတွေကို သတ်ဖို့ ခြိမ်းခြောက်ခံထားရတာဖြစ်မယ်၊ သူမ ကြောင့်သာမဟုတ်ရင် ကျုပ်တို့က ဒီလောက်ဂိုဏ်းတွေအများကြီးရဲ့ လိုက်တာ ခံရမှာမဟုတ်သလို ပုန်းစရာလည်းမလိုဘူး”

“ခင်ဗျားပြောတာဟုတ်တယ်” ထိုလူအော်လေသည် “အရင်က ကျုပ်ဘာ ပြောခဲ့လဲ၊ ရှီမာယူယူက တခြားသူတွေနဲ့မတူလို့ မလှုပ်ရှားသေးနဲ့ဦးလို့ ခင်ဗျား တို့က နားမထောင်ဘဲ ကိစ္စလေးတစ်ခုအတွက်နဲ့ သူမကို သတ်ဖို့ကြိုးစားတယ် အဲဒါကြောင့်ပဲ အခုဘူးပေါ်သလိုပေါ်သွားပြီ၊ ခင်ဗျားက တုနန်မျိုးနွယ်ရဲ့ ကစား ပွဲတစ်ခုလုံးကို ဖျက်ဆီးလိုက်တာပဲ အဲဒါကို သူများကို အပြစ်တင်ရဲသေးတာ လား”

“အကြီးအကဲဟုန် စိတ်အေးအေးထားပါ” ယန်းဝေသည် လျင်မြန်စွာပင် သူ့အမှားသူဝန်ခံလေသည်။ ထိုအချိန်တွင် သူတို့သည် တုနန်မျိုးနွယ်ကို ရန်စ ရန်မတတ်နိုင်ပေ။ သူတို့သာ စွန့်ပစ်လိုက်လျှင် ယန်းမျိုးနွယ်သည် အပြီးသတ် သွားမည်ဖြစ်သည်။

“ကျုပ်တို့က နှစ်ဆယ်ချီပြင်ဆင်လာပြီး အောင်မြင်မှုကလည်း မျက်စိရှေ့ ရောက်နေပြီ ဒါပေမဲ့ ကစားပွဲတစ်ခုလုံးက ခင်ဗျားတို့ကြောင့် ရှုံးသွားပြီ မျိုးနွယ် က ခင်ဗျားကို အပြစ်တင်နေပြီ၊ ခင်ဗျားတို့က နည်းနည်းအသုံးဝင်နေသေးလို့ မဟုတ်ရင် ခင်ဗျားတို့ကိုအရင်သတ်လိုက်ပြီ”

“ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ်” ယန်းဝေသည် သူ ဖြုန်းတီး မိသည့်အတွက် ခေါင်းညိတ်လေသည်။

“ဟင်း”

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ယန်းတေထပ်မေးပြန်သည် “သခင်လေးသတင်းကို မျိုးနွယ်ကရမလားပဲ”

“မရသေးဘူး” အကြီးအကဲဟုန်သည်သူ့ကိုစိုက်ကြည့်ပြီး ပြောလိုက်သည် “ခင်ဗျားက ဘာပြောချင်နေတာလဲ”

“ဒီကိစ္စကလည်း ရှီမာယူယူနဲ့ပတ်သက်နေမလားလို့ စဉ်းစားနေတာ”

***

All Chapters