← Chapters

သူမ၏ စွမ်းရည်ထက် ကျော်လွန်နေပြီ

Vol. 2 Ch. 25

သူမ၏ စွမ်းရည်ထက် ကျော်လွန်နေပြီ

Vol. 2 Ch. 25

လင်းယန်က သူမ၏ စွမ်းရည်ထက် အလွန်အမင်း ကျော်လွန်သော အရာတစ်ခုကို လုပ်ဆောင်ရန် အတင်းအကျပ် ခိုင်းစေခံရခြင်းအတွက် အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။

အမှန်စင်စစ် သူမ၏ ကံကောင်းခြင်းသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ သူမ၏ဘဝကို လွှမ်းမိုးထားသော ကံဆိုးမိုးမှောင်ကျသော စက်ဝန်းက ပြန်လည်စတင်လည်ပတ်လာသည်။

သရုပ်ဆောင်ရွေးချယ်ပွဲများကို ကြည့်ရုံဖြင့် ဤလူများ၏ တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်ဟု မည်သူ ထင်လိမ့်မည်နည်း။

ကျန်းရိမင်သည် သူမကို “မင်း ပြောချင်တာ ပြောလို့ရတယ်။ မင်းရဲ့ကိုယ်ပိုင် ဇာတ်လမ်းကို ဖန်တီးလို့ရတယ်။ မင်း လုပ်ရမှာက ဒီဇာတ်ကောင်ရဲ့ အနှစ်သာရကို ဖမ်းယူပြီး ငါ့ကို ပြတာပဲ။ စတင်နိုင်ပြီ” ဟု သတိပေးရင်း တည်ငြိမ်စွာ ထိုင်နေသည်။

လင်းယန် စကားပင် မပြောနိုင်တော့ချေ...

အိုး... သာမန် ဇာတ်ကောင်တစ်ယောက်လို သရုပ်ဆောင်နိုင်ရင်တောင် ငါ ဘုရားသခင်ကို ကျေးဇူးတင်ရမှာ။ အခု သူက ငါ့ကို ဇာတ်ကောင်ကို အသက်သွင်းစေချင်နေတယ်ဆိုတော့...

နောက်ဆုံးတွင် လင်းယန်သည် စိတ်မချမ်းသာစွာဖြင့် အိပ်ရာဆီသို့ ခြေဆွဲကာ လျှောက်သွားလိုက်သည်။ သူမသည် မဲ့ပြုံးနေသော မျက်နှာဖြင့် ရယ်စရာကောင်းသော အရုပ်ကို စိုက်ကြည့်နေသည်။

မင်းသမီးအချို့က လှောင်ပြောင်ရယ်မောနေကြသည်။

“သူမက လူထိုးအိတ် မဟုတ်ဘဲ အာဏာရှင်ဆန်တဲ့ ဥက္ကဋ္ဌတစ်ယောက်ဆိုတာ သိရဲ့လား”

လင်းယန်သည် သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဇာတ်ဝင်ခန်းထဲသို့ ဝင်ရန် ကြိုးစားနေသည်။

သူမသည် ပရော်ဖက်ရှင်နယ် လေ့ကျင့်မှု မခံယူခဲ့သော်လည်း အတွေ့အကြုံ အနည်းငယ်တော့ ရှိသည်။ သို့သော် ဇာတ်ဝင်ခန်းကို မှန်ကန်စွာ စတင်ရာတွင် သူမ၌ အဓိက ပြဿနာတစ်ခု ရှိနေဆဲပင်။

ခဏအကြာတွင် လင်းယန်သည် နောက်ဆုံးတွင် အနည်းငယ် ပို၍ အဆင်သင့်ဖြစ်သွား၏။

သူမ၏ အကြည့်မှာ အိပ်ရာပေါ်သို့ ရောက်သွားသည်။

“မင်း နေကောင်းရဲ့လား”

ကျန်းရိမင်က စိတ်မရှည်ဟန်ဖြင့် သူ၏ဘောပင်ဖြင့် စားပွဲကို ခေါက်လိုက်သည်။

“မင်း သရုပ်ဆောင်နေတဲ့ ဇာတ်ရုပ်ကို သေချာသိရဲ့လား။ အရှိန်အဝါ ဘယ်မှာလဲ။ မင်းမျက်လုံးထဲက အဲဒီအမူအရာက ဘာလဲ။ မင်း လုံးဝ အာရုံမစိုက်ဘူး။ အရုပ်ကို ပေနန်ရှုလို့ ထင်ပြီး ပြန်လုပ်”

သူမက အရုပ်ကို ပေနန်ရှုဟု ထင်ရမှာလား…

လင်းယန်အတွက် ဇာတ်ဝင်ခန်းထဲသို့ နှစ်မြှုပ်ရန် ခက်ခဲနေပြီဖြစ်သော်လည်း ဒါရိုက်တာ၏ အော်ဟစ်သံက သူမကို နောက်တစ်ကြိမ် အနှောင့်အယှက်ပေးလိုက်သည်။ အရုပ်ကို ပေနန်ရှုဟု ထင်သည့် အခါ သူမ၏ ပါးပြင်များက ချက်ချင်း နီရဲသွားသည်။

ဇာတ်ကောင်၏ အနှစ်သာရကို ဖမ်းယူရန် ကြိုးစားရမည်။ ယခု သူမသည် ပေနန်ရှု၏ ဆွဲဆောင်မှုနှင့် ရုပ်ရည်ကို ခုခံရန် ကြိုးစားရမည်ပင်။

လူသားတစ်ဦးအတွက် ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ကျန်းရိမင်က သူမကို စောင့်ကြည့်နေပြီး မျက်မှောင်ကြုတ်လိုက်သည်။ သူ မှားသွားပြီ။ နံပါတ် ၃၃ ကို အစောပိုင်းကတည်းက ထွက်ခွါခွင့်ပေးသင့်ခဲ့တာ။

“မင်း သရုပ်ဆောင်တတ်ရဲ့လား။ မတတ်ရင် ထွက်သွား။ ငါ့အချိန်ကို လာမဖြုန်းနဲ့”

ကျန်းရိမင်က စိတ်မကောင်းဖြစ်နေပြီး နောက်ဆုံးတွင် ပေါက်ကွဲသွားသည်။

ဝမ်ချောင်ဟွေသည် အလွန်ကျေနပ်နေဟန်ဖြင့် ပျော်ရွှင်စွာ ပြုံးနေသည်။

“ဒီမိန်းကလေး အရည်အချင်းမပြည့်မီဘူးလို့ ငါ အရင်ကတည်းက ပြောပြီးသား။ မင်းတို့ ဘယ်သူမှ ငါ့ကို မယုံဘူး။ ငါ့သမီးမှ ဒီဇာတ်ရုပ်နဲ့ သင့်တော်တာ”

“မင်း ဘာလို့ ဒီမှာ ရပ်နေသေးတာလဲ။ မင်းက အလှဆင်ပစ္စည်းလား”

လင်းယန် မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ ကျန်းရိမင်က နောက်တစ်ကြိမ် ဒေါသထွက်လာသည်။

သူသည် ဆက်လက်အော်ဟစ်တော့မည့်အချိန်တွင်...

သူပါးစပ်ကို ဖွင့်လိုက်သောအခါ ထိုမိန်းကလေး၏ ကြောက်ရွံ့ဟန်ရှိသော မျက်လုံးများဆီသို့ ရေခဲလေပြင်းတစ်ခု တိုက်ခတ်သွားပုံပင်။

လေမုန်တိုင်းပြီးနောက် သူမ၏ မျက်လုံးများမှာ ဓားမြှောင်ကဲ့သို့ ထက်မြက်ပြီး ရေခဲကဲ့သို့ အေးစက်သွားသည်။ သူမ၏ မျက်လုံးများနှင့် သူ့အကြည့်ချင်းဆုံသွားသည်။ သူ့လည်ပင်းကို လက်သည်းများဖြင့် ဆုပ်ကိုင်ထားသကဲ့သို့ ဖိအားတစ်ခု ရှိနေခြင်းပင်...

“မင်း... မင်း...”

ကျန်းရိမင်သည် သူမ၏ မျက်လုံးများမှ အမူအရာကြောင့် အလွန်ကြောက်လန့်သွားပြီး သူ့စကားများပင် လည်ချောင်းထဲ ပြန်ဝင်သွားသည်။

ဖုန်းအန်ဟွာပင် သူမ၏ မျက်လုံးများကို မြင်သောအခါ သူ့ကျောပြင်တစ်လျှောက် ချက်ခြင်းအေးစိမ့်သွားသည်။

တစ်ဖက်တွင် အခန်းအတွင်း၌...

ပေနန်ရှုသည် ရုတ်တရက် သတိလစ်သွားသော ထိုလူကို စိုးရိမ်တကြီး ထောက်ထားသည်။

“လခွမ်း… အစ်ကို အစ်ကို ထပါဦး”

ကံကောင်းစွာဖြင့် ဒါသည် ပထမဆုံးအကြိမ် မဟုတ်ပေ။ ပေနန်ရှုက လျင်မြန်စွာ စိတ်တည်ငြိမ်သွားပြီး ပေယွီချန်လက်ထောက်၏ နံပါတ်ကို ခေါ်လိုက်သည်။

“ကားကို အခု ယူလာခဲ့။ ဆေးရုံသွားဖို့ အဆင်သင့်လုပ်ထား”

All Chapters