← Chapters

ဒီလူကို ပယ်ချလိုက်ပြီ

Vol. 2 Ch. 27

ဒီလူကို ပယ်ချလိုက်ပြီ

Vol. 2 Ch. 27

“ဒါရိုက်တာကျန်း ကျွန်မထင်တာတော့ ဒီလူက မသင့်တော်ဘူး”

ရုတ်တရက် ဟဲရွှေရွှေသည် ကျန်းရိမင်ကို သတိပေးသည့် မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်သည်။

“သူမ ဘာလို့ မသင့်တော်တာလဲ။ ကျွန်တော့်အမြင်အရတော့ သူမက ပြီးပြည့်စုံတယ်။ ပြီးတော့ ဒါက သေးငယ်တဲ့ ဇာတ်ရုပ်တစ်ခုပဲလေ”

ကျန်းရိမင်က မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။

“ဪ အိုကျန်း။ မစ္စဟဲက အဲဒီလို ပြောတော့ မေ့လိုက်ကြရအောင်... ပြီးတော့ မစ္စလင်းက ကျွန်တော်တို့ ရုပ်ရှင်နဲ့ သိပ်မသင့်တော်ဘူးလို့ ကျွန်တော်လည်း ခံစားရတယ်...”

ဖုန်းအန်ဟွာက ချက်ချင်း ဘက်ပြောင်းသွားသည်။

ဒီမိန်းမအတွက် ဟဲရွှေရွှေကို စော်ကားဖို့ မလိုဘူး…

“ငါက ဒါရိုက်တာလား မဟုတ်ဘူးလား”

ကျန်းရိမင်က အေးစက်စွာ လှောင်ပြုံးပြုံးလိုက်သည်။

သူသည် ဟဲရွှေရွှေကို သည်းခံကာ ဇာတ်ရုပ်ကို ပေးခဲ့သော်လည်း ယခု လင်းယန်ကို သေးငယ်သော ဇာတ်ရုပ်တစ်ခုပင် ပေးရန် သူ မဆုံးဖြတ်နိုင်တော့ဘူးလား။

ဒါရိုက်တာတစ်ဦးအနေဖြင့် သူ၏ အာဏာနှင့် ဩဇာ ဘယ်မှာလဲ။

ကျန်းရိမင် မည်မျှ ခိုင်မာသည်ကို မြင်သောအခါ ဖုန်းအန်ဟွာပင် အခက်တွေ့သွားသည်။ ယခု သူ ဘာလုပ်ရမလဲ။

“အာ့... ကောင်းပါပြီ။ ခင်ဗျား အတင်းတောင်းဆိုနေရင် ကျွန်တော် ဘာမှ မတတ်နိုင်ပါဘူး။

ဒါပေမဲ့ ဒါရိုက်တာကျန်း ဒါကို သေချာ စဉ်းစားသင့်ပါတယ်”

ဟဲရွှေရွှေက အေးစက်စွာ နှာခေါင်းရှုံ့ကာ သူမ၏ ဖုန်းကို ထုတ်လိုက်သည်။ သူမသည် လင်းရွှေယာ၏ နံပါတ်ကို ခေါ်လိုက်သည်။

ဖုန်းဝင်သွားသောအခါ ဟဲရွှေရွှေသည် လင်းရွှေယာအား အကြောင်းစုံကို ညင်ညင်သာသာ ပြန်ပြောပြလိုက်သည်။

“လင်းယန်...”

လင်းရွှေယာသည် အကြောင်းစုံကို ကြားသောအခါ ဖုန်းချလိုက်၏။

ဟဲရွှေရွှေ ထိုမျှလောက် အရည်အချင်းရှိလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ သူမသည် မယုံနိုင်လောက်အောင်ပင် အာဏာရှင်ဆန်သော ဥက္ကဋ္ဌနေရာကို ရရှိခဲ့သည်။

လင်းရွှေယာသည် သူမကို အကူအညီ အနည်းငယ်သာ ပေးခဲ့ခြင်းပင်။ သူမသည် သရုပ်ဆောင်ရွေးချယ်ပွဲတွင် နေရာရရှိရန် များများစားစား အားမထုတ်ခဲ့ပေ။

လင်းယန်သည် ဇာတ်ရုပ်တစ်ခုအတွက် ရွေးချယ်ခံရပြီး ဒါရိုက်တာ ကျန်းရိမင်သည် သူမကို အလွန်အမင်း ချီးကျူးခဲ့သည်ကို သိသောအခါ သူမက ပို၍အလေးအနက်ထားလာသည်။

မဆိုင်းမတွပင် လင်းရွှေယာသည် Summit Entertainment တွင် သူမသိသော ရာထူးကြီးဝန်ထမ်းကို ဖုန်းခေါ်လိုက်သည်။

Summit Entertainment သည် JM Corporation ၏ ကုမ္ပဏီတစ်ခုဖြစ်ပြီး ‘အဖော်ရှာခြင်း’ ဇာတ်ကား၏ ရင်းနှီးမြှုပ်နှံသူလည်း ဖြစ်သည်။

“အစ်ကိုကျိုး... ဟုတ်ကဲ့ အဲဒါက အခြေအနေပါ။ ကျွန်မ ရှင့်ရဲ့ အကူအညီကို တောင်းရတော့မယ် ထင်တယ်။”

လင်းရွှေယာ ဖုန်းချလိုက်သောအခါ သူမ၏ မျက်နှာတွင် အောင်မြင်ပြီး အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

“လင်းယန် ကျန်းရိမင် မင်းကို သုံးရဲမလားဆိုတာ စောင့်ကြည့်ရအောင်”

...

တစ်ချိန်တည်းတွင် သရုပ်ဆောင်ရွေးချယ်ပွဲကျင်းပရာနေရာ၌...

ခန်းမတံခါးကို အပြစ်ဆိုဖွယ်မရှိသော ဝတ်စုံကို ဝတ်ဆင်ထားသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဖွင့်လိုက်သောအခါ လေထုက အတော်လေး တင်းမာပြီး တင်းကြပ်နေသည်။

ဖုန်းအန်ဟွာသည် အလျင်အမြန် ချိုသာသော အပြုံးကို ဆင်မြန်းကာ ချက်ချင်း ရှေ့သို့ တိုးထွက်လိုက်သည်။

“မစ္စတာကျိုး ဘာက ခင်ဗျားကို ဒီကို ရောက်လာစေတာလဲ”

ဤအမျိုးသားသည် Summit Entertainment ၏ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို တာဝန်ယူထားသူဖြစ်သည်။

သတ်လတ်ပိုင်းအရွယ် အမျိုးသားသည် ကျန်းရိမင်ဆီသို့ လျှောက်သွားပြီး လင်းယန်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူသည် ကျန်းရိမင်ဘက်သို့ အာရုံစိုက်ကာ “ဒီလူကို ပယ်ချလိုက်ပြီ။ နောက်ထပ် ဇာတ်ရုပ်အတွက် သူမကို မလိုဘူး” ဟု တင်းတင်းမာမာ အမိန့်ပေးလိုက်သည်။

“ဘာ”

ကျန်းရိမင်က မျက်မှောင်ကြုတ်လိုက်သည်။

မင်းသမီးအားလုံးသည် ဟဲရွှေရွှေထံမှ လေးစားမှုအသစ်တစ်မျိုးအား ခံစားလိုက်ကြရသည်။ သူမရဲ့ နောက်ခံလူက ဘယ်လောက်တောင်အင်အားကြီးတာလဲ။

ဟဲရွှေရွှေက မလိုဘူးဟု ပြောသောကြောင့် လင်းယန်သည် သေးငယ်သော ဇာတ်ရုပ်ပင် ရရှိတော့မည်မဟုတ်ပေ။

“မစ္စတာကျိုး ကျွန်တော့်ပြောတာ နားထောင်ပါဦး...”

ကျန်းရိမင် ဆက်ပြောတော့မည့်အချိန်တွင် ထိုလူက သူ့လက်ကို ဝှေ့ယမ်းကာ သူ့ကို ငြင်းပယ်လိုက်သည်။

“ငါ ရှင်းရှင်းလင်းလင်း ပြောပြီးပြီ။”

ဝမ်ချောင်ဟွေက ပျော်ရွှင်စွာ ပြုံးနေပြီး ဟဲရွှေရွှေသည် သူမလက်နှစ်ဖက်ကို ချိတ်ကာ လင်းယန်ကို မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်နေသည်။

နောက်ဆုံးတွင် ကျန်းရိမင်က အံကြိတ်ကာ တိတ်ဆိတ်သွားသည်။

ထိုလူသည် လင်းယန်ကို ဂရုမစိုက်သော မျက်လုံးများဖြင့် တစ်ချက်ကြည့်လိုက်သည်။

“မင်း ဘာလို့ ဒီမှာ ရပ်နေသေးတာလဲ။ အခု သွားတော့။”

လင်းယန်သည် ထိုနေရာတွင်သာ မလှုပ်မယှက် ရပ်နေ၏။ သူမ၏ အေးစက်သော မျက်လုံးများဖြင့် သူ့ကို ခဏတာ စူးစမ်းကြည့်လိုက်သည်။

“ဘာကို ကြည့်နေတာလဲ”

ထိုလူက အေးစက်စွာ အော်ဟစ်လိုက်သည်။

“မင်းက Summit Entertainment မှာ ရင်းနှီးမြှုပ်နှံမှုတွေကို တာဝန်ယူထားတာ... ကျိုးဖုန်း” လင်းယန်က အရေးမပါသည့် လူတစ်ယောက်ကို ပြန်သတိရဖို့ ကြိုးစားနေပုံရသော မျက်နှာထားဖြင့် ပြန်ဖြေလိုက်၏။

All Chapters