← Chapters

ဆောင်းရာသီတွင် စိတ်အားထက်သန်မှု

Vol. 3 Ch. 70

ဆောင်းရာသီတွင် စိတ်အားထက်သန်မှု

Vol. 3 Ch. 70

Warning~~

ဆယ့်နှစ်လမြောက် ၂၄ ရက်နေ့တွင် မီးဖိုချောင်နတ်ဘုရားအား ဂါရဝပြုပြီးနောက် စုရွှေလျန်နှင့် လင်းစစ်ယောင်တို့သည် ဖန်းဟွာမြို့တွင် ၎င်းတို့၏ ပထမဆုံးနှစ်သစ်ကူးပွဲအတွက် စတင်ပြင်ဆင်ခဲ့ကြသည်။

ယခုနှစ်၏ ပထမဆုံး ဆီးနှင်းများ ထူထပ်စွာကျဆင်းမှုလည်း စတင်ခဲ့သည်။ ဖန်းဟွာမြို့သည် နှစ်နာရီကြာမျှ ထူထပ်သောနှင်းများဖြင့် လွှမ်းခြုံခံနေရသည်။ သို့သော် နှင်းများ ရပ်တန့်သွားသည့် အရိပ်အယောင် မတွေ့ရပေ။

ကံကောင်းထောက်မစွာ လင်းစစ်ယောင်သည် ထျန်းတဖူနှင့် အခြားရွာသားများမှ ဥယျာဉ်အတွင်း စိုက်ပျိုးနေသော ဟင်းသီးဟင်းရွက်များ၏ အပေါ်ဘက်တွင် ရေ/နှင်းဒဏ်ခံနိုင်သော မျက်နှာပြင်များထားရှိရန် သင်ကြားပေးခဲ့သည်။ အမိုးဟု ခေါ်သော်လည်း ၎င်းကို သစ်သားတိုင်အနည်းငယ်ဖြင့် အုပ်ထားသော ဆီစိမ်ထားသည့် အထည်တစ်ခုသာဖြစ်သည်။ သို့ပေမယ့် အနည်းဆုံးတော့ အပင်များကို နှင်းများကြောင့် မပျက်စီးအောင် တားဆီးနိုင်ခဲ့သည်။

ဟုတ်ပါသည်၊ ပေါက်လာသော အအေးသစ်ခွမျိုးစိတ်ကို လင်းစစ်ယောင် သည် ဆောင်းရာသီအတွက် ဂုဏ်ပြုရန်အတွက် အိမ်၏အခန်းတိုင်းမှာရှိသည့် မြေအိုးများထဲကို အပင်တစ်ပင်ချင်းစီကို ဂရုတစိုက်ခွဲထုတ်ခဲ့သည်။

တရှီတောင်မှ ယူလာပြီး ခြံ၏မြောက်ဘက်အကျဆုံးတွင် စိုက်ထားသည့် ရွှေရောင်ဆောင်းမွှေးသစ်ပင်များအတွက် အကာမထားထားပါ။ နှင်းများပိုများလေလေ ပန်းများ ပိုပွင့်လေလေဖြစ်သည်။ စုရွှေလျန်သည် အပွင့်ပွင့်လာသော အကိုင်းအခက်အနည်းငယ်ကို ဂရုတစိုက်ဖြတ်ပြီး အိပ်ခန်းနှင့် စာကြည့်ခန်း၏ အဖြူရောင်နှင့် အပြာရောင် ကြွေပန်းအိုးများတွင် ထည့်ထားလိုက်သည်။ ပန်း၏ရနံ့သည် အခန်းများကို လွှမ်းခြုံကာ အေးချမ်းသောလေထုကို ဖန်တီးပေးခဲ့သည်။

ဝံပုလွေအိမ်အတွက် နှင်းများဖုံးလွှမ်းပြီး အေးခဲခြင်းမှ ကင်းဝေးစေရန် လင်းစစ်ယောင်သည် ၎င်းကို တောင်ဘက်ခန်းမဝင်ပေါက်ဘေးတွင် ရွှေ့ထားခဲ့သည်။ ဤနည်းဖြင့် ရာသီဥတုကောင်းပါက ရှောင်ချွမ်နှင့် ရှောင်ရွှယ်တို့သည် ၎င်းတို့၏အိမ်ပေါ်တွင် အိပ်ပြီး နေပူပူတွင် နေနိုင်သေးသည်။ အေးလွန်းသည် သို့မဟုတ် မှောင်လာသည်နှင့်အမျှ သူတို့သည် ကျားဖြူအရေခွံအခင်း၏ နွေးထွေးမှုနှင့်အတူ ကြီးထွားလာနေပြီဖြစ်သောကြောင့် တောင်ခန်းမထဲသို့ ဝင်ရောက်ကာ နွေးထွေးမှုကို ခံစားနိုင်သည်။

ရှောင်ရွှယ်၏အဖော်ဖြစ်သော ဝံပုလွေဘုရင်သည် ထိုနောက်ဆုံးအကြိမ်လာရောက်လည်ပတ်ကတည်းက ပေါ်မလာတော့ပေ။

ရှောင်ချွမ်သည်တော့ ရံဖန်ရံခါ ထွက်သွားတက်ပါသည်။ အေးခဲနေသော ယုန်များ၊ မူးမေ့လဲကျသွားသော ငှက်များရှိကာ သွေးထွက်နေသော သမင်တစ်ကောင်ကို အိမ်သို့ ယူဆောင်လာရသည့် အချိန်ပင် ရှိသေးသည်။

လင်းစစ်ယောင်သည် အကြောင်းပြချက်ကို သိရှိပြီးဖြစ်သော်လည်း ထိုကိစ္စကို မျက်ကွယ်ပြုကာ ရှောင်ချွမ်ကိုသာ အမှတ်ပေးလိုက်သည်။ သူသည် ၎င်းကို အားဆေးအဖြစ် ချက်ပြုတ်ပြီး ကိုယ်ဝန်ဆောင် ရှောင်ရွှယ်အား ပေးခဲ့သည်။

အားလပ်ရက်လေးအပြီးတွင် တပေါင်သည် အဒေါ်ထျန်းနှင့်အတူ ၎င်းတို့၏ဘိုးဘေးများအား ဂါရဝပြုရန်အတွက် မိသားစုဘက်မှ သွားရောက်လည်ပတ်ခဲ့သည်။ နှင်းများပိုမိုပြင်းထန်လာကာ ကြီးကြီးမားမားအားလပ်ရက် (တရုတ်နှစ်သစ်ကူးမတိုင်မှီ) မတိုင်မီအထိ ၎င်းကို အိမ်မပြန်နိုင်ဟု မျှော်လင့်ရသည်။

အဒေါ်လောင်အတွက်မူ နှင်းများထူထပ်စွာမစခင် သူတို့ဆီ အလည်အပတ်ရောက်လာပြီးဖြစ်သည်။ သူမသည် နှစ်သစ်ကူးလက်ဆောင်အဖြစ် နှစ်သစ်ကူးကိတ်မုန့် တောင်းတစ်တောင်းကို ယူဆောင်လာသော လောင်ရုန်ချန်းကိုပါ ခေါ်လာခဲ့သည်။

ထို့ကြောင့် မီးဖိုချောင်နတ်ဘုရားအား ဂုဏ်ပြုပူဇော်ပြီးနောက် မွန်းလွဲပိုင်းတွင် စုရွှေလျန်နှင့် လင်းစစ်ယောင်တို့သည် နှစ်သစ်ကူး လက်ဆောင်များပေးရန် အဒေါ်လောင်နှင့် အဒေါ်ထျန်း၏အိမ်သို့ သွားရောက်ခဲ့ကြသည်။

အိမ်တစ်အိမ်စီတွင် မှိုတစ်ထုပ်၊ စားသုံးနိုင်သောသစ်ပင်မှိုမျိုးစုံ၊ ငှက်တစ်ကောင်နှင့် ငါးကြင်းခြောက်ကောင်တို့ကို ပေးခဲ့ကြသည်။

ထျန်းအိမ်သည် ထိုနေ့တွင်ပင် ၎င်းတို့အား လက်ဆောင်အဖြစ် ပဲပိစပ်အိတ်ကြီးတစ်ထုပ်၊ ဂျုံမှုန့် ၅ ကီလိုဂရမ်နှင့် မီးဖိုချောင်နတ်ဘုရားအတွက် ရည်ရွယ်ထားသည့် ထောပတ်နှမ်းဘီစကွတ်တစ်ပန်းကန် ပေးခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဝမ်အိမ်၏ ကြိတ်အိမ်တွင် ကြိတ်စက်အသုံးပြုရန် တန်းစီစောင့်ဆိုင်းနေခဲ့သည်။ ယခုနှစ်တွင် စုစုပေါင်း ၉၀ ကီလိုဂရမ် ကြိတ်ခွဲနိုင်ခဲ့သည်။ စုရွှေလျန်သည် ယခုနှစ်တွင် ရေကြိတ်စက်ပြုလုပ်ခြင်းမပြုရန် အစောပိုင်းက အကြောင်းကြားခဲ့သည်။ ပြီးသည်နှင့် လောင်မိသားစုက စုစုပေါင်း ၂၅ ကီလိုဂရမ်ရှိသည့် နှစ်ကူးကိတ်မုန့်တောင်းကြီးတစ်တောင်းကို သူတို့အိမ်ဆီ ယူဆောင်လာခဲ့ပါသည်။ နွေဦးရာသီကုန်အထိ နှစ်ယောက်သား စားသုံးရန် လုံလောက်ပါသည်။

နှင်းများကျလာသည်နှင့်တစ်ပြိုင်နက် စုရွှေလျန်သည် နွေးထွေးသော အနွေးဖျာပေါ်တွင်ထိုင်ရင်း လင်းစစ်ယောင်အတွက် သားမွေးဖိနပ်တစ်စုံကို စတင် ချုပ်ပေးခဲ့သည်။ ဟုတ်ပါသည်၊ ၎င်းမှာ ရှောင်ချွမ် အိမ်သို့ယူလာသည့် သမင်သားရေဖြစ်သည်။။ အရေခွံအား သန့်ရှင်းရေးလုပ်၊ အခြောက်ခံပြီး ရိုးရိုးချည်ဖိနပ်တစ်ရံ၏အပေါ်တွင် တင်းကျပ်စွာ ချုပ်ထားခဲ့သည်။

၂၇ရက်နေ့တွင်တော့ လုံးဝပြီးသွားပြီဖြစ်သည်။

ဖိနပ်တစ်ဝိုက်တွင် သားရေကို ပတ်ရန် ခက်ခဲသောကြောင့် သားရေပြား၏ ကြမ်းတမ်းသော အစွန်းများကို အတွင်းဘက်သို့ ဖုံးကွယ်ရန် မဖြစ်နိုင်၍ လှပလွန်းသည်အထိတော့ မဟုတ်ခဲ့ပေ။

သို့ပေမယ့် အဆင်ပြေတဲ့ပုံစံဖြစ်ခဲ့ပါသည်။ လင်းစစ်ယောင်သည် ၎င်းကို ၀တ်ဆင်ပြီးနောက် မြောက်ဘက်ခြံသို့သွားကာ မီးခိုးငါးများပြုလုပ်ရန် ရေကန်ထဲမှ ငါးနှစ်ကောင်ကို ဖမ်းယူခဲ့သည်။ ငါးများကို မီးဖိုချောင်ထဲသို့ ယူဆောင်ပြီးနောက် တောင်ပိုင်း ဥယျာဉ်ဆီသို့ ဦးတည်ကာ ဂေါ်ဖီထုပ်နှင့် ကန်စွန်းဥအချို့ကို ကောက်ယူရန် ခေါင်မိုးပေါ်ကို တက်လာခဲ့သည်။ ထို့နောက် သူသည် ဥယျာဉ်အနီးရှိ ကြက်မနှင့် ယုန်တဲဆီသို့ လျှောက်သွားကာ အိမ်ခေါင်မိုးပေါ်မှ ကောက်ရိုးများထပ်ထည့်သည်။ လင်းစစ်ယောင် သည် အသိုက်မှ လတ်လတ်ဆတ်ဆတ် ဥများကို မယူမီ တိရစ္ဆာန်များကို ကျွေးမွေးခဲ့သည်။

ခန်းမဝင်ပေါက်နားရောက်သည်နှင့် လင်းစစ်ယောင်က သူ့ဖိနပ်ပေါ်မှ နှင်းများကို လှုပ်ခါလိုက်ပြီး ဝါးဦးထုပ်နှင့် အင်္ကျီကို ချွတ်လိုက်သည်။ ထိုမှပင် ပင်မခန်းမထဲသို့ ၀င်သွားခဲ့သည်။

"အဆင်ပြေလား စိုနေပြီလား" စုရွှေလျန်သည် ခြောက်သွေ့သော ချည်ထည်တစ်ထည်ကို ဖမ်းကိုင်လိုက်ပြီး အပြင်ဘက်ရှပ်အင်္ကျီပေါ်တွင် ကပ်နေသော နှင်းများကို ဖယ်ရှားရန် ကူညီပေးခဲ့သည်။

"မစိုဘူး" လင်းစစ်ယောင်က သူ့ဘေးနားမှ ငြီးတွားနေတာကို ကြည့်ရင်း ပြုံးလိုက်သည်။ လင်းစစ်ယောင် က သူ့ကို မယုံတာတွေ့သောအခါ အနွေးဖျာပေါ်ထိုင်ပြီး သူ့ဖိနပ်ကို ချွတ်ကာ သူမကို အနီးကပ်ကြည့်ရန် လက်ပြလိုက်သည်။ "မစိုဘူးတွေ့လား" သူက ဝံ့ကြွားစွာပြောလိုက်သည်။

"မကြာ​သေးလို့ဖြစ်​နိုင်​တယ်​" စုရွှေလျန်က ချည်ဖိနပ်တစ်ဝိုက်တွင် ပတ်ထားသည့် သမင်သားရေ၏ အကျိုးသက်ရောက်မှုက ဤမျှထိရောက်မည်ဟု မယုံဘူးဟု စုရွှေလျန်က ပြောသည်။

လင်းစစ်ယောင်သည် ကြားလိုက်သောအခါတွင် သူ ပြုံး၍ မနေနိုင်တော့ဘဲ "အေးပြီး နှင်းတွေကျတဲ့ နေ့မှာ မင်းက ငါ့ကို ဒီလို ဝတ်ပြီး ဘယ်ခရီးကိုသွားစေချင်သေးတာလဲ"

"ဒါ...ဒါက အဲ့လိုပြောတာမဟုတ်ဘူးလေ" သူပြန်ဖြေတာကိုကြားသောအခါ စုရွှေလျန် ချက်ချင်းရှက်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။

လင်းစစ်ယောင်၏စနောက်စကားကြောင့် စုရွှေလျန်၏မျက်နှာမှာ သူမအင်္ကျီမှ အစိမ်းရောင်ကြယ်သီးများနှင့် ဆန့်ကျင်စွာ နီရဲသွားတော့သည်။

"ဟေး... အားယောင်" စုရွှေလျန်၏ နှုတ်မှ မထွက်သေးသော ကန့်ကွက်စကားသည် ရုတ်တရက် သူ့နှုတ်ခမ်း၏ မျိုချခြင်းကိုခံလိုက်ရသည်။

“..အား …ယောင် … အခု စောနေသေးတယ်လေ…” တစ်နည်းအားဖြင့်ဆိုရသော် နေ့ခင်းဘက်ပင် ဖြစ်သေးသည်။ သူမသည် သူ၏ ပြင်းထန်သော ရင်ခွင်ထဲတွင် နစ်မြုပ်နေခဲ့သည်။ သူတို့ အနမ်းမဖြတ်ခင် အချိန်အတော်ကြာမှ သူမ အသက်ရှုမဝသည့်ကြားမှ အကြောင်းပြချက်ကို ထုတ်ပြောနိုင်ခဲ့သည်။

"အရေးမကြီးဘူး" လင်းစစ်ယောင်က ခပ်ကြမ်းကြမ်း ရေရွတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် လက်တစ်ဖက်ဖြင့် အနွေားဖျာပေါ်ရှိ စားပွဲကို တစ်ဖက်သို့ တွန်းချလိုက်သည်။ အခြားလက်တစ်ဖက်ဖြင့် စုရွှေလျန်သည် အနွေးဖျာပေါ်သို့ မြှောက်တင်ကာ သူမကို လှည့်စားလိုက်သည်။

စုရွှေလျန်၏ တုန်လှုပ်ခြောက်ခြားနေသော မျက်နှာသည် ပင်မခန်းမ၌ သူမကို 'စားချင်နေသည်' ဟု သူမ သိလိုက်သောအခါ ဖြူစွတ်သွားခဲ့သည်။

“အားယောင်…” သူမသည် အစပိုင်းတွင် သူ၏ ရဲရင့်သော အပြုအမူကို တားမြစ်ချင်သော်လည်း စုရွှေလျန်သည် သူမ၏ နှုတ်ခမ်းဖျားမှ ထွက်လာသော စကားလုံးများသည် သိမ်မွေ့စွာ ညည်းညူသံသာဖြစ်နေမှန်း ခံစားလိုက်ရသည်။

"အဆင်ပြေပါတယ်" လင်းစစ်ယောင်သည် သူမ ကြောက်ရွံ့ရသည့် အကြောင်းရင်းကို သိလိုက်သည်။ သူ့ခေါင်းကို မလှည့်ဘဲ လက်ဝှေ့ယမ်းကာ မြောက်နှင့်တောင် တံခါးနှစ်ဘက်စလုံးကို ‘ဒုန်း’ ခနဲ ပိတ်လိုက်သည်။

"အခု အဆင်ပြေသွားပြီလား" ထိတ်လန့်တုန်လှုပ်နေသော စုရွှေလျန်ကို ငုံ့ကြည့်ရင်း လင်းစစ်ယောင် ပြုံးလိုက်သည်။ "ရွှေလျန်၊ ငါက မင်းရဲ့ခင်ပွန်းပါ လင်နဲ့မယားကြားမှာ ဂုဏ်သိက္ခာနဲ့ ရိုးသားမှုဆိုတာ မလိုအပ်ဘူး" ဟူသော နှလုံးသားထဲမှ ကြည်နူးမှုတစ်ခု ထွက်ပေါ်လာသည်။ သူမကို အလင်းပေးရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

"ဒါပေမယ့်..." စုရွှေလျန် ရှက်ရှက်ဖြင့် မျက်တောင်ခတ်လိုက်သည်။ သူပြောတာမှန်တယ်ဆိုတာ သူမနက်နက်နဲနဲသိပါသည်။ သို့ပေမယ့် ငယ်ငယ်ကတည်းက ကြီးပြင်းလာပုံမှာ လွယ်လွယ်ဖြင့်လွှတ်ထားရန် ခက်ပါသည်။

"မင်းက ငါ့ကို မင်းရဲ့ခင်ပွန်းအဖြစ် တကယ်လက်မခံဘူးလို့ ဆိုလိုတာလား။" လင်းစစ်ယောင် ဝမ်းနည်းစွာ ရေရွတ်ရင်း သနားစရာကောင်းသော အပြုအမူဖြင့် သူမကို ချစ်ခင်တွယ်တာရန် အသင့်ပြင်ထားခဲ့သည်။

သူသည် သူမကို ငုံ့၍ နမ်းလေ၏။ သူမ၏ ချောမွေ့သော နဖူးမှ၊ ထူးထူးခြားခြား ကွေးညွတ်နေသော မျက်ခုံးများအထိ၊ သေးငယ်သော်လည်း ဖြောင့်စင်းသော နှာတံအထိ၊ ထို့နောက် သူမ၏ ဖြူဖွေးနူးညံ့သော နားရွက်များအထိ နောက်ဆုံးတွင် သူမ၏ သေးငယ်ပြီး နီမြန်းသော နှုတ်ခမ်းများဆီသို့။ ဆုတ်ခွာရန် ရည်ရွယ်ချက်မရှိဘဲ သူသည် ထိုနေရာတွင် အချိန်အတန်ကြာ စောင့်ဆိုင်းနေခဲ့သည်။

"သေချာပေါက်မဟုတ်ဘူးပေါ့၊ ရှင်ဘယ်လိုပြောနိုင်ရတာလဲ" စုရွှေလျန် သည် သူ၏စွပ်စွဲချက်ကို စိတ်အားထက်သန်စွာ ငြင်းဆိုခဲ့ပြီး သူ၏သေးငယ်သောလှုပ်ရှားမှုများကို လုံးဝသတိမမူမိပေ။

"ဒါဆို မင်းအကြောင်းပြချက်ကဘာလဲ" လင်းစစ်ယောင် နှုတ်​ခမ်းမှ ခွာကာ ​မေးလိုက်​သည်​။

"ဟင်း" စုရွှေလျန်က မကူညီနိုင်ဘဲ ညည်းညူလိုက်သည်။ လင်းစစ်ယောင်သည် သူမမသိလိုက်ဘဲ ၎င်းတို့၏ အတွင်းခံ နှစ်ခုလုံးကို ချွတ်ပစ်လိုက်ကြောင်း ထိုမှသာ သူမ သဘောပေါက်သွားခဲ့သည်။ သူသည် သူမအတွင်းခံအင်္ကျီကို ရင်ဘတ်အထိ တွန်းတင်လိုက်ပြီး သူ့လက်ဖြင့် သူမ၏စကတ်ကို ဆွဲတင်လိုက်သည်။ အို ဘုရားရေ။ စုရွှေလျန်သည် သေလောက်အောင် ရှက်သွားခဲ့သည်။

"ရွှေလျန်... ငါ့ဇနီးလေး...." လင်းစစ်ယောင်က တိုးညှင်းသော အသံဖြင့် ပြောသည်။ ဖြူဖြူဖွေးဖွေးပေါင်ကို သူ ငုံ့ကြည့်လိုက်သည်။ သူမ၏ ခေါ်သံများကြားတွင် သူသည် သူမ၏ တင်းကျပ်ပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

အိမ်အပြင်ဘက်မှ နှင်းမုန်တိုင်းမှာအေးနေသော်လည်း အိမ်ထဲတွင် ပန်းပွင့်သည့် နွေဦးရာသီဖြစ်ခဲ့သည်။

ရှောင်ချွမ်နှင့် ရှောင်ရွှယ်တို့သည် တောင်ခန်းမနားရှိ သစ်သားအိမ်၏ အပြင်ဘက်တွင် ရှိနေကြသည်။ အခန်းတွင်းမှ ထွက်လာသော ထူးဆန်းသော အသံများနှင့် လှုပ်ရှားမှုများကို နားထောင်ရင်း ရံဖန်ရံခါ နားတွေ တုန်လာခဲ့သည်။ တခြားအချိန်များတွင် သူတို့သည် အေးစက်သည့် အဖြူရောင်ပန်းပွင့်များ ကောင်းကင်ကနေ ကြွေကျနေတာကို ကြည့်ရင်း အမြီးတွန့်နေတတ်သည်။

သူတို့စိတ်ထဲမှာတော့ " ပိုင်ရှင်၊ ညစာကျွေးဖို့ မမေ့နဲ့နော်။" ဟု တွေးနေခဲ့သည်။ ရှောင်ရွှယ်သည် ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး အစားအသောက်များကို ရှောင်ခြင်းသည် မကောင်းပါ။

တစ်နှစ်တာ၏ ပထမဆုံးသော နှင်းများထူထပ်စွာကျဆင်းမှုအား အသေးစားအားလပ်ရက်အတွင်း စတင်ခဲ့ပြီး ၂၈ ရက် နံနက်တွင် သုံးရက်မြောက်နေ့အထိ ရပ်တန့်ခြင်းမရှိခဲ့ပါ။

နှင်းထူထပ်ပြီးနောက် ဆောင်းနေရောင်သည် တောက်ပနေခဲ့သည်။

လင်းစစ်ယောင်သည် ထိုနေ့နံနက်တွင် အိမ်မှထွက်လာပြီး မြောက်ဘက်နှင့် တောင်ဘက်ခြံဝင်းမှ နှင်းများကို သုတ်လိုက်သည်။

ခြံတံခါးအပြင်ဘက်လမ်းတွင် နှင်းထူထပ်နေသောကြောင့် ရွာအနောက်ဘက်ခြမ်းကို ရွာသူရွာသားများ မသွားရဲကြပေ။ ထို့ကြောင့် မြို့နှင့် ပတ်ဝန်းကျင် လယ်ကွင်းများအားလုံးကို နှင်းထူထပ်သော စောင်များဖြင့် ချိတ်ဆက်ထားသည်။

နတ်ဘုရားများကို ကြိုဆိုရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သော ပစ္စည်းများနှင့် နောက်နှစ်အစအထိ လုံလောက်သော အစားအစာများဖြင့် စုရွှေလျန်နှင့် လင်းစစ်ယောင်တို့သည် အိမ်ပြင်ထွက်ရန် မလိုအပ်ကြောင်း စုပေါင်းဆုံးဖြတ်ခဲ့ကြသည်။

ရှောင်ချွမ်သည် ဝံပုလွေဘုရင်နှင့်တွေ့ဆုံရန် တရှီတောင်အဝင်ပေါက်ဆီသို့ ထွက်သွားလေ့ရှိသည်။ နှင်းများထူထပ်နေသောကြောင့် ရှောင်ချွမ်က ဝံပုလွေဘုရင်စားရန် ရိက္ခာအလုံအလောက်မရှိနိုင်ဘူးဟု ထင်သည့်အတွက် သူ့ပါးစပ်ထဲတွင် အစာအနည်းငယ်ကိုယူပြီး ရှောင်ချွမ်က တရှီ တောင်အဝင်ပေါက်ကို လျှောက်သွားခဲ့သည်။

သူပြန်လာသောအခါ သူ့ပါးစပ်ထဲမှ ကြက်သားကို ချယ်ရီရောင်အသီးဖြင့် အစားထိုးလိုက်သည်။

လင်းစစ်ယောင်သည် ရှောင်ချွမ်ထံမှ လိမ္မော်သီးအရွယ် အသီးကို ယူလိုက်သည်။ ဓားနှင့်တူသော မျက်ခုံးကို မြှောက်လိုက်သောအခါ အံ့သြသွားခဲ့သည်။ ဒါက ဒဏ္ဍာရီလာ မြင့်မြတ်တဲ့ ပုလဲသီးမဟုတ်လား?!

ဒဏ္ဍာရီအရ မြင့်မြတ်သောပုလဲသီးသည် အဖူးပွင့်ရန် ဆယ်နှစ်၊ ပန်းပွင့်ရန် ဆယ်နှစ် ၊ရင့် ကျက်ရန် နောက်ထပ်ဆယ်နှစ်ကြာပါသည်။ အေးသောဆောင်းရာသီတွင်သာ တွေ့ရှိနိုင်သည်။

မြင့်မြတ်သော ပုလဲသီးကို အသုံးပြုနိုင်သည့် အရာများစွာရှိသည်။

ကိုယ်ခံပညာကို လိုက်စားသူများသည် အနှစ်သုံးဆယ်ကြာအောင် သူတို့၏အတွင်းစိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်သောကြောင့် ရှာဖွေခဲ့တာဖြစ်သည်။

သာမန်လူများ စားသုံးလျှင် တိကျသေချာသော အကျိုးကျေးဇူးများ ရှိသည်- ၎င်းတို့သည် တာရှည် ဖျားနာမှု ကင်းစင်သော ဘဝကို ရရှိကြလိမ့်မည်။ အမျိုးသားများသည် ၎င်းတို့၏ ခွန်အားကို နှစ်ဆတိုးစေပြီး အမျိုးသမီးများသည် ၎င်းတို့၏ ဆွဲဆောင်မှုအား နှစ်ဆတိုးလာမည်ဖြစ်သည်။ ဟုတ်ပါသည်၊ ၎င်းသည် ဒဏ္ဍာရီထဲမှ သူကြားဖူးသော စကားများဖြစ်ပါသည်။

လင်းစစ်ယောင်က ပြုံးပြီး ခေါင်းယမ်းရင်း ရှောင်ရွှယ်၏စားစရာပန်းကန်ထဲကို အသီးအနှံများကို ပစ်ချပေးလိုက်သည်။ ဝံပုလွေဘုရင်ထံမှ သူ့အဖော်ကို လက်ဆောင်ပေးသောကြောင့် အကျိုးအမြတ်ကို ရိတ်သိမ်းမည်မဟုတ်ပေ။ ထို့အပြင် သူသည် အထွတ်အထိပ်သို့ရောက်လုနီးနီးဖြစ်ပြီး ဤအသီးသည် သူ့အတွက် အသုံးမဝင်လှပေ။ စုရွှေလျန်ကတော့ သူမကို စမ်းကြည့်ချင်သော်လည်း အခုမဟုတ်သေးပေ။ ရှောင်ရွှယ်၏ဗိုက်ထဲတွင် ကလေးတစ်ယောက်ရှိနေပြီဖြစ်သည့်အတွက် ပြုစုပျိုးထောင်ရန်အတွက် အာဟာရဓာတ်များ အများကြီးလိုအပ်နေပါသည်။

***

All Chapters