← Chapters

အဲလူတွေကို အရှင်ထားလို့ မဖြစ်ဘူး

Vol. 120 Ch. 1667

အဲလူတွေကို အရှင်ထားလို့ မဖြစ်ဘူး

Vol. 120 Ch. 1667

သူ ရှီမာယူယူကို ဆွဲခေါ်မည့်နည်းလမ်းကို တွေးနေချိန်တွင် အကြီးအကဲ ဟုန်သည် ယန်းဝေကို အတန်ကြာအောင် စိုက်ကြည့်လျက်ရှိသည်။ သူသည် သူမကို လှည့်ကွင်ဆင်ရန် ဖြစ်နိုင် မဖြစ်နိုင်ကို တွေးနေသည်။

သို့သော် ယန်းဝေသည် သူ၏ စနည်းနာနေသည့် အကြည့်ကို မရှောင်ဘဲ ဆက်ပြောလေသည် “ဒီကိစ္စကိုတော့ လုပ်တဲ့သူမကပဲ တာဝန်ယူရမယ်လို့ ထင် တယ်”

“ဘာလို့လဲ”

“သခင်လေးနဲ့ တုန်လိုင်မျိုးနွယ်က သခင်မလေး တုန်လိုင်လီတို့က ကြက် သွေးရောင်ပုလဲတွေ့ဆုံပွဲကို အတူတူသွားခဲ့ကြတာ ဒါပေမဲ့ နှစ်ယောက်လုံး ပြန် မလာကြဘူး၊ တုန်လိုင်လီရဲ့ နာမည်ကျောက်စိမ်းပြားက ကွဲနေပြီ အဲဒါက ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲအပြီး သုံးလေးရက်လောက်အကြာမှာဖြစ်သွား တာ၊ သခင်လေးကတော့ အဲအချိန်မှာပဲ ပျောက်သွားခဲ့တာ အဲဒါကြောင့် သူတို့ တစ်ခုခုဖြစ်တာသေချာတယ်” ယန်းဝေသည် ခွဲခြမ်းစိတ်ဖြာလေသည်။

“ဟုတ်တယ် အတူသွားတဲ့လူတွေရဲ့ ပြောစကားအရ သူတို့က တစ်ချိန် တည်းမှာ ပျောက်သွားတာပဲ” အကြီးအကဲဟုန် ခေါင်းညိတ်လိုက်သည်။

“ပြီးတော့ အဲတုန်းက ရှီမာယူယူလည်း သူမရဲ့ဆရာတွေကို ရှာဖို့ ပျောက်ဆုံးနယ်မြေကို သွားခဲ့တာ” ယန်းဝေ ပြောလေသည် “သူတို့အကုန်လုံး က ပျောက်ဆုံးနယ်မြေကိုသွားပြီး သခင်လေးနဲ့ တုန်လိုင်လီတို့လည်း တစ်ချိန် တည်းမှာ ပျောက်သွားခဲ့တယ် သခင်လေးက အရင်က ရှီမာယူယူနှင့် အပတ် အသက်မရှိပေမဲ့ တုန်လိုင်လီကတော့ အဲလိုမဟုတ်ဘူး”

ထိုစဉ်က ရှီမန်ဖန်၏ မင်္ဂလာပွဲကို အများအပြားတက်ရောက်ကြသဖြင့် ရှီမာယူယူ ပျောက်ဆုံးနယ်မြေသို့ သွားခဲ့သည့်သတင်းမှာ ပျံ့သွားလေသည်။ ထိုအချိန်က ရှီမာယူယူသည် ကြက်သွေးရောင်ပုလဲတွေ့ဆုံပွဲကို ဝင်ပြိုင်ခဲ့ ကြောင်း တုနန်မျိုးနွယ် သိသည်။

ယန်းဝေသည် စကားကိုဆုံးအောင် ပြောရန်မလိုပေ။ တုနန်ဟော်သည် တုန်လိုင်လီနှင့် ပေါင်းကာ ရှီမာယူယူကိုသတ်မည်မှာ မဖြစ်နိုင်စရာမရှိပေ။

“ဒါပေမဲ့ သခင်လေးက သူနဲ့အတူ မသေလူတွေအများကြီးခေါ်သွားတာ လေ ရှီမာယူယူက ဘယ်လိုလုပ် အခြေအနေကို ပြောင်းပစ်ပြီးတော့ သူတို့ကို သတ်နိုင်မှာလဲ”

ထိုသို့ပြောခြင်းမှာ ရှီမာယူယူသည် တုနန်ဟော်ပျောက်ဆုံးမှုနှင့် ပတ်သက်ကြောင်းကို တိတ်တဆိတ်လက်ခံလိုက်ခြင်းဖြစ်သည်။

“အကြီးအကဲဟုန် ရှီမာယူယူရဲ့ သရုပ်မှန်ကို မေ့သွားတာလား သူမက လူသားနဲ့ တစ္ဆေမျိုးနွယ်ဝင်တို့ရဲ့ သမီးနော်၊ သူမသွေးသားမှာ သေချာပေါက် တစ္ဆေမျိုးနွယ် သွေးသားရှိမှာပဲ၊ ပြီးတော့ အဲလူက တစ္ဆေမျိုးနွယ်ရဲ့ မင်းသမီး ဖြစ်နေတယ်၊ သူမမှာသာ တစ္ဆေမျိုးနွယ်ရဲ့ သွေးသားဆိုရင် အဲဒီမသေလူတွေက သူမအတွက် အသုံးမဝင်ဘူး၊ ပြီးတော့ သူမက အရမ်းအားကောင်းတယ်”

“အစောင့်တွေ လာကြ” အကြီးအကဲဟုန် အော်လိုက်သည်။ အစောင့် တစ်ယောက်ဝင်လာရာ ညွှန်ကြားလိုက်သည် “ရှီမာယူယူအကြောင်းကို စုံစမ်း လိုက် တစ်ခုမှမကျန်စေနဲ့ သူမနဲ့ပတ်သက်တာမှန်သမျှသိချင်တယ်”

“နားလည်ပါပြီ အကြီးအကဲ”

“အကြီးအကဲ သူတို့ကို ဒုက္ခပေးဖို့မလိုပါဘူး ကျုပ်မှာ သူမရဲ့ အချက်အလက်တွေ မိတ္တူကူးထားတာရှိတယ်” ယန်းဝေသည် စာရွက်အထုတ် လိုက်ထုတ်ကာ အကြီးအကဲဟုန်ကိုပေးလိုက်သည် “တကယ်တော့ ကျုပ်တို့က ရှီမာယူယူကို ရှင်းချင်ရုံတင်မကဘူး ဒီလူကိုလည်းရှင်းချင်လို့ပါ သူမ အားကြီး တဲ့အထိ ကျုပ်တို့စောင့်နေရင် ကျုပ်တို့အတွက် နေရာတောင်ကျန်ပါတော့ မလား”

အကြီးအကဲဟုန်သည် ထိုသတင်းများကိုယူပြီး ကြည့်လိုက်သည်။ သူ ဖတ်လေလေ ပို၍တုန်လှုပ်လေလေဖြစ်သည်။

သူသည် ရှီမာယူယူကို သေးငယ်သော အင်အားစုမှ သခင်မလေး တစ် ယောက်မျှသာ တွေးထားခဲ့သည်။ သူမကို ဘယ်သောအခါမှ အာရုံမစိုက်ခဲ့ပေ။ သူမသည် ထိုမျှအံ့လောက်စရာ ကိစ္စများစွာကို လုပ်ခဲ့လိမ့်မည်ဟု ထင်မထား ပေ။

ယန်းဝေသည် သူ၏ မျက်နှာထားပြောင်းသွားသည်ကို မြင်သဖြင့် ဆက် ပြောလေသည် “တကဘ်တော့ ကျုပ်တို့လောတာမဟုတ်ဘူး၊ အဲတုန်းက ကျုပ် တို့လွှတ်လိုက်တဲ့သူတွေက ဘုရင်အဆင့်ကျွမ်းကျင်သူကိုတောင် သတ်နိုင်တဲ့ အဆင့်ရျိတယ် ဒါပေမဲ့ သူမကို ထိခိုက်အောင်လုပ်လို့မရဘူး၊ ဒါကို ဘာပြောဦး မှာလဲ၊ မသေလူတွေကလည်း သူမအတွက် အသုံးမဝင်ဘူး၊ ကျုပ်မှန်းတာမှန် မယ်ဆိုရင် သူမကိုယ်တွင်းမှာ တစ္ဆေရောင်ဝါရှိပြီး မသေလူတွေကိုလည်း ထိန်းချုပ်နိုင်နေမှာပဲ, အဲဒါကြောင့် သခင်လေးကို မသေလူတွေ ဘယ်လောက်ပဲ ကာကွယ်ထားပါစေ သူကတော့ သူမကို မနိုင်နိုင်ဘူး ပြီးတော့…”

ထိုစကားပြောမည်အလုပ်တွင် သူရပ်ပြီး အကြီးကအဲဟုန်ကို ကြည့်လိုက် သည်။

“ဘာမှန်းမိထားလဲဆိုတာကို ပြောသာပြောပါ” အကြီးအကဲဟုန်သည် စိတ်ရှည်စွာဖြင့် ပြောလေသည်။

“သခင်လေးသာ အဲဒီမသေလူတွေကိုထုတ်ခဲ့မယ်ဆိုရင် သူမ ဉာဏ်ကောင်းပုံနဲ့ ဒီမသေလူတွေကို ထိန်းချုပ်တာရဲ့ နောက်ကွယ်မှာ တုနန် မျိုးနွယ်ရှိနေတာကို သူမ မှန်းမိနေလောက်ပြီ” ယန်းဝေ ပြောလိုက်သည်။

အကြီးအကဲဟုန်၏ လက်မှာ တုန်ယင်သွားသည် “ခင်ဗျား ခန့်မှန်းချက်က ဘယ်လောက်သေချာလဲ”

“၉၀ ရာခိုင်နှုန်း” ယန်းဝေ‌ ပြောလိုက်သည် “တကယ်လို့ ဒီအချိန်မှာ သူမ သာ ဒီအကြောင်းဖြန့်လိုက်ရင် တုနန်မျိုးနွယ်က…”

“မင်းရဲ့မျိုးနွယ်ဝင်တွေကို ထိန်းပြီးဒီမှာပဲစောင့်နေ၊ အပြင်မှာ ပြဿနာ သွားမရှာနဲ့ ကျုပ်မိသားစုခေါင်းဆောင်ကို သွားရှာမယ်” အကြီးအကဲဟုန်သည် ပြောပြီးသည်နှင့် မတ်တတ်ထပြီး အမြန်ပင် ထွက်သွားလေသည်။

ယန်းဝေသည် သူအလျင်စလိုထွက်သွားသည်ကို ကြည့်ပြီးနောက် အသံ မထွက်ဘဲ ရယ်မောလိုက်သည်။

ရှီမာယူယူ ရှီမာယူယူ… ဘယ်တုန်းက လျှို့ဝှက်မျိုးနွယ်နဲ့ ရင်ဆိုင်လိုက် တာလဲ။ မင်းမှာ အနိုင်ရနိုင်ချေရောရှိသေးရဲ့လား။

တုနန်မျိုးနွယ်မှ မည်သည့်ဆုံးဖြတ်ချက်ကို ချစေကာမူ သူ လွှမ်းမိုးနိုင် သည့်အရာမဟုတ်ပေ။ သို့သော် သူသည် ထိုသတင်းကိုယုံသည်။ တုနန်မျိုးနွယ် သည် ရှီမာယူယူကို လျစ်လျူမရှုပေ။ မသေလူနှင့် တုနန်မျိုးနွယ်အကြား ဆက်နွယ်မှုကို သူမ သိနေသည်မှာ သတ်ပစ်ရန်လုံလောက်သည့် အကြောင်း အရင်းပင်ဖြစ်သည်။

သူသည် ရှီမာယူယူ ဖြစ်လာနိုင်သည့်အခြေအနေကို တွေးပြီးနောက် စိတ်ထဲတွင် အနည်းငယ် ပေါ့သွားသည်။

ပြီးနောက် သူမသင်္ကာသည့်အတိုင်းပင် ထိုသတင်းသည် တုနန်မျိုးနွယ် အထက်ပိုင်းတွင် ပျံ့သွားသည် သူတို့သည် စုဝေးလိုက်ကြကာ ထိုကိစ္စကို ဖြေရှင်းရန် ဆွေးနွေးကြလေသည်။

“ဒီရှီမာယူယူကို အသက်ရှင်လျက်မထားနိုင်ဘူး”

ထိုခံစားချက်သည် တုနန်မျိုးနွယ်အားလုံးတွင်ရှိကြသည်။

သို့သော် ဆုံးဖြတ်ချက်ချမည့်အချိန်တွင် ထင်မြင်ချက်များ ကွဲလာသည်။

“မသေလူတွေက သူမအတွက် အသုံးမဝင်မှတော့ ဒီနည်းလမ်းကို သုံးလို့ မရဘူး၊ အခုတော့ သူမမှာ သက်သေမရှိလို့ ဒီကိစ္စကို အများသိအောင် မကြေညာသေးတာပဲ သူမကိုသတ်ဖို့ မသေလူတွေလွှတ်လိုက်ရင် သူမလက်ထဲ ကို တိကျတဲ့သက်သေထည့်ပေးလိုက်သလိုဖြစ်သွားမှာ”

“ဟုတ်တယ် ဒီအချိန်မှာ သူတို့ ပေါ်မလာတာ အကောင်းဆုံးပဲ ဒီလိုဆို ရင် ကျုပ်တို့ သူများတွေ အာရုံစိုက်တာလည်း ခံရမယ်”

“သူမ တစ်ယောက်တည်းကို ပစ်မှတ်ထားတာ မကောင်းနိုင်ဘူး ကျုပ် အမြင်အရတော့ ရှီမာမျိုးနွယ်တစ်ခုလုံးကို ဖျက်ပစ်သင့်တယ်”

“အဲလိုပဲလုပ်ကြမယ် ယန်းမျိုးနွယ်ကြောင့် ထိပ်တန်းတောင်ကြားရဲ့ နေရာက အမြင့်ရောက်နေပြီ၊ ကျုပ်တို့သာ သူတို့ကိုအခုသွားတိုက်ခိုက်ရင် မလို အပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ် ဒါပေမဲ့ ရှီမာမျိုးနွယ်က အမြဲတမ်း လူမသိ အောင်နေလာခဲ့တာ ကျုပ်တို့သာ ရှီမာမျိုးနွယ်ကို သတ်လိုက်ရင် ကျုပ်တို့ကို ဆက်စပ်မိမှာမဟုတ်ဘူး၊ ရှီမာမျိုးနွယ်ကို တိုက်ခိုက်ဖို့ အားနည်းချက်အကြီးဆုံး တစ်ခုရှာတာကောင်းမယ် မရှိရင်လည်း ရှိအောင်ဖန်တီးရမှာပေါ့”

“သူတို့မှာ ရန်သူတွေရှိတယ်” အကြီးအကဲဟုန်သည် စာရွက်တချို့ကို ထုတ်လိုက်သည် “အဲတုန်းက ရှီမာယူယူ ရှီမာမျိုးနွယ်ကိုပြန်လာတုန်းက ရှီမာမျိုးနွယ်က မျိုးနွယ်တစ်ခုကို ချေမှုန်းခဲ့တယ်၊ အဲတုန်းက အတော်အများ သေသွားပေမဲ့ လွတ်သွားတဲ့ငါးလေးတွေရှိတယ် ဒါကိုအသုံးချလို့ရတယ်”

“ဟုတ်ပြီ ဒီကိစ္စကို အကြီးအကဲဟုန်ကိုပဲ အပ်ထားလိုက်တော့မယ်” တုနန်မျိုးနွယ်ခေါင်းဆောင် ပြောလေသည် “ပြီးတော့ တုန်လိုင်လီကို ရှီမာယူယူ သတ်လိုက်ကြောင်း သတင်းဖြန့်လိုက် တုန်လိုင်မျိုးနွယ်က ဘာမှမလုပ်ဘဲ ထိုင် နေမှာတော့မဟုတ်လောက်ဘူး”

“မိသားစုခေါင်းဆောင် တုန်လိုင်လီက သေသွားပြီ တုန်လိုင်မျိုးနွယ်နဲ့ စေ့စပ်မှုကို ဆက်လုပ်မှာလား”

“ဆက်လုပ်ရမှာပေါ့ အခုတော့ တုန်လိုင်မျိုးနွယ်ကို ငါတို့ဒိုင်းကာအဖြစ် သုံးဖို့လိုသေးတယ်” တုနန်မျိုးနွယ်ခေါင်းဆောင် ပြောလေသည်။

“ခေါင်းဆောင် မသေလူတွေက…”

“ငါတို့ရဲ့ နယ်ရုပ်ပဲ ယန်းမျိုးနွယ်က အခုအသုံးမဝင်တော့ဘူး၊ ငါတို့က သူတို့ကို ပစ်လိုက်တော့မယ် ယန်းမျိုးနွယ်အစား နေရာထိုးဖို့ တခြားမျိုးနွယ်ကို ပျိုးထောင်ရမယ်” တုနန်ခေါင်းဆောင် ပြောလေသည် “မျိုးနွယ်ကို ငါတို့ရွေးပြီး သွားပြီ အဲတော့ မသေလူတွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ သူတို့ကိုသင် ပေးဖို့လိုမယ်၊ ငါတို့ရဲ့ မသေလူတွေ တစ်ဝက်လောက်ကျန်သေးတာတော်သေး တယ် အဲလိုဆိုရင် ပြင်ဆင်ဖို့ နောက်ထပ် နှစ်ဆယ်ဂဏန်းလောက်တော့ သုံးဖို့ မလိုတော့ဘူး”

“ခေါင်းဆောင်က ထက်မြက်ပါတယ်”

ရှီမာယူယူသည် တုနန်မျိုးနွယ်များ၏ အကြံကိုမသိပေ။ သို့သော် သူမ ဘိုးဘိုးကြီး၏ အသက် ၁၂၀၀ ပြည့်မှာ မကြာမီရောက်တော့မည်ဖြစ်ကာ ထိပ်တန်းတောင်ကြားတွင် လုပ်စရာမရှိတော့သဖြင့် ရှီမာမျိုးနွယ်သို့ပြန်ရန် ဆုံးဖြတ်လိုက်သည်။

သူမ မျိုးနွယ်သို့ပြန်သောအခါ တစ်စုံတစ်ရာထူးဆန်းနေသည်ကို သိလိုက် ရသည်။ တစ်ယောက်ချင်းစီသည် ဖြူဖပ်ဖြူလျော့ဖြစ်နေသည်။ သူမ ရှီမာလျူရွှမ်ကို ကြည့်လိုက်ရာ သူ ပခုံးတွန့်ပြီးပြောလေသည် “အဖေတို့လည်း သမီးနဲ့ရှိနေတာပဲလေ မျိုးနွယ်မှာဘာဖြစ်ခဲ့လဲဆိုတာ ဘယ်သိမလဲ ခေါင်းဆောင်ကိုတွေ့မှပဲသိရလိမ့်မယ်”

***

All Chapters