← Chapters

ပျော်ရွှင်စရာမွေးနေ့အခါသမယ

Vol. 3 Ch. 76

ပျော်ရွှင်စရာမွေးနေ့အခါသမယ

Vol. 3 Ch. 76

ယနေ့တွင် ဖန်းလော့မြို့၏အချမ်းသာဆုံးသောမိသားစု လုအိမ်နှင့်ပက်သက်၍ တုန်လှုပ်စရာသတင်းတစ်ခုပျံ့နှံ့နေ၏။ လုအိမ်၏သမီးအကြီး လုဝမ်အာသည် ဆံပင်မရှိသောငတုံးငအတစ်ယောက်မျှသာဖြစ်ကာ မျက်လုံးထဲတွင်လည်း ပျင်းရိငြီးငွေ့ဖွယ်ကောင်းသောအကြည့်မှလွဲ၍ဘာမျှမရှိဟုသောသတင်းပင်ဖြစ်၏။ လုအိမ်၏အရာရှိများက ထိုခေါင်းစဉ်အား အကြိမ်ပေါင်းများစွာ ပိတ်ပင်တားမြစ်ထားပါသော်လည်း မီးလောင်နေသောကောက်ရိုးပုံကြားမှစက္ကူမျှသာဖြစ်ကာ ထိုသတင်းသည် လမ်းတကာသို့ ပျံ့နှံသွားပေ၏။

ဖုန်းထိုင်မြို့မှ ၎င်းတို့၏ကလေးများအား လက်ထပ်ပေးရန်ရည်ရွယ်ချက်ဖြင့်ရောက်လာကြသော ယန်မိသားစု၏အမေနှင့်သားသည်လည်း ဖန်းလော့မြို့မှ ထိုနေ့တွင်ပင် ပြန်ရန်ဆုံးဖြတ်လိုက်ကြသည်။ ထိုလက်ထပ်ခြင်းအား မည်သည့်ဘက်ကမျှ ရှင်းလင်းစွာအတည်မပြုကာ ထပ်၍မဖြစ်နိုင်တော့သည်မှာထင်ရှားပေသည်။

များမကြာမီရက်တွင်ပင် လုဝမ်အာကိုလည်း ဟွမ်ရှမြို့မြို့နယ်စပ်ရှိ အပန်းဖြေစံအိမ်သို့ ပို့ခံလိုက်ရကာ ထိုအချိန်မှစ၍ ‌ဖန်းဟွာမြို့သို့ ခြေမချရတော့ပေ။

စုရွှေလျန်သည် ထိုကြောက်စရာကောင်းသောသတင်းအား ရှီချွေ့ဆီမှကြားလာခြင်းဖြစ်သည်။

သူမသည်သာ လုဝမ်အာနှင့် မသိကျွမ်းခဲ့လျှင် ထိုသို့အတင်းမျိုးအား နားထောင်မည်မဟုတ်သကဲ့သို့ အများဆုံး ထိုမိန်းကလေးအတွက် ဂရုဏာသက်မိပေလိမ့်မည်။ သီးခြားပျိုးထောင်ခံခဲ့ရသောမိန်းကလေးသည် သူမ၏ရိုးသားမှုအား ကာကွယ်ရန် အခါတွင် တစ်စုံတစ်ယောက်က သူမ၏ဆံကေသာများကိုဖြတ်တောက်ခြင်းအား ခံလိုက်ရသည်။ သူမသည် တုန်လှုပ်စွာဖြင့် ဆံပင်တစ်ဝက်သာကျန်ရှိတော့ကာ မည်သူသည် သူမအား တိုက်ခိုက်ရန် ထိုမျှသတ္တိရှိနိုင်ရပါသနည်း။

သို့သော် ထိုအခြေအနေမျိုးတွင် သူမသည် လုဝမ်အာမည်သူဖြစ်နေသည်ကိုသိနေကာ သူစိမ်းတရံထက်ပိုသောသူမနှင့် ရင်ဆိုင်ပင်ရင်ဆိုင်ခဲ့ရသေး၏။ အရှက်ကွဲသွားသောမိန်းကလေးတစ်ယောက်အဖြစ် သူမအား သနားဂရုဏာသက်မိသေးသည် သို့သော်လည်း သူမသည် ဖန်းလော့မြို့မှထွက်သွားရန် စဉ်းစားလိုက်သည်ကပင် ပို၍ကံကောင်းသွားပေ၏။ ထိုသို့မှမဟုတ်လျှင် ထိုမိန်းကလေးသည် သူမနှင့် အားယောင်တို့၏ငြိမ်းချမ်းနေသောဘဝလေးအား အလွတ်ပေးမည်မဟုတ်ပေ။

လက်တွေ့တွင် သူမ၏နှလုံးသားသည်လည်း အကြင်နာမဲ့နေခြင်းမဟုတ်လော။ စုရွှေလျန်ရယ်လိုက်ကာ တစ်ယောက်တည်းခေါင်းရမ်းလိုက်ပြီး ချက်ချင်းပင် စိတ်ခံစားချက်များကိုမောင်းထုတ်လိုက်ကာ အတွင်းစိတ်ရှိ ဖရိုဖရဲဖြစ်နေမှုများကို မောင်းထုတ်လိုက်၏။ ခေါင်းငုံ့ကာဖြင့်သာ အရွယ်အစားသုံးမျိုးရှိသော ပုံစံမတူသောအိတ်များကိုသာ ဆက်လက်ပန်းထိုးနေလိုက်သည်။ ထိုအိတ်ငယ်များသည် ရှီချွေ့အတွက် မင်္ဂလာလက်ဖွဲ့ပင်ဖြစ်သည်။

လင်းစစ်ယောင်သည် ပန်းထိုးအခန်းပြင်ဘက်တွင်ရပ်နေကာ သူမကို ခေတ္တမျှတည်ငြိမ်စွာကြည့်နေပြီး လှည့်ထွက်သွားကာ မီးဖိုချောင်ဆီသို့ပြန်သွား၏။

မှန်ပေသည်။ လုဝမ်အာကိစ္စနောက်ကွယ်မှသူသည် သူပင်ဖြစ်သည်။ သူမ၏ဆံပင်အားဖြတ်လိုက်ခြင်းသည် သတိပေးလိုက်ခြင်းပင်ဖြစ်သည်။ သူမသည် စုရွှေလျန်ကိုသာ အန္တရာယ်ပေးခဲ့ပါလျှင် ဖြတ်တောက်ပစ်မည်မှာ ဆံပင်မဟုတ်ဘဲ သူမ၏ခြေလက်များသာဖြစ်ပေမည်။ သူမ၏ခြိမ်းခြောက်ရန်အတွက် ပြစ်ဒဏ်မျှသာဖြစ်သည်။

လုအိမ်၏မိသားစုလုံခြုံရေးသည် ထိုသို့အသက်နှင့်ဆိုင်သောကိစ္စများကို အလွတ်ပေးလိမ့်မည်ဟု သူမထင်ပေ။ ရုပ်ဆိုးအကျည်းတန်သောကောလဟလများက တစ်နေ့တည်းတွင်ပင် မြို့ထဲ၌ပျံ့သွားသောကြောင့် ဇနီးဖြစ်သူ၏နားထဲသို့ရောက်သွားခြင်းဖြစ်သည်။ ထိုကိစ္စကိုမူ သူကြိုတင်တွက်မထားမိပေ။

အခန်းအလယ်တွင် သူမသည် ရှီချွေ့နှင့်ပြောနေသည်များကို သူကြားလိုက်ကာ သူမ၏ကြောက်လန့်ခြင်းနှင့် အံ့ဩတုန်လှုပ်ခြင်းကိုလည်း သင်ယူလိုက်ရပေသည်။ စုရွှေလျန်သည် လင်းစစ်ယောင်တစ်ယောက် ထိုမိန်းကလေးနှင့်ပက်သက်မိမည်ကိုကြောက်နေမိသည်။ သကလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ အားလုံးသည် သူ့အားကြောက်နိုင်ပေသည်။ သူ့အတွက်ကိစ္စမရှိပေ။ သို့သော် သူမတော့ ကြောက်၍မဖြစ်ပေ။ သူမသည် သူ၏ဇနီးဖြစ်ကာ သူချစ်ရသောသူဖြစ်သည်။ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်းချစ်ရသောမိန်းကလေးဖြစ်ကာ သူမအား ကြောက်ခွင့်ပြုမည်မဟုတ်ပါ။

သို့သော်လည်း ယခုတွင် သူ၏စိတ်ပူမှုများသည် ပျောက်ကွယ်သွားသည့်ပုံပေါ်၏။

လင်းစစ်ယောင်သည် ဖန်းလော့မြို့သည် လုဝမ်အာ၏နှောင့်ယှက်မှုမရှိဘဲ ပို၍လှပနေသည်ဟု ခံစားမိသည်။ နွေဦး၏မိုးရေစက်သည်ပင် တဖြောက်ဖြောက် မှန်မှန်ပက်ဖြန်းနေကာ ပို၍ပင် မျက်စိထဲတွင် ပသာဒဖြစ်နေသည်။

"ကံကောင်းတယ်။ ကံကောင်းတယ်။ ဒီအလုပ်ကိုငြင်းလိုက်လို့။ အဲ့လိုမှမဟုတ်ရင် ငါ့အမြင်ကတော့ ဆံပင်တွေဖြတ်ပြီး ဦးနှောက်မရှိတဲ့ ငတုံးငအတွေလို ချန်ထားခံခဲ့ရမယ့်သူက ငါတို့လေမိုးကြိုးလူဆိုးဂိုဏ်းရဲ့ညီနောင်(၃၅)ယောက်ထဲကပဲဖြစ်ရမယ်"

လေမိုးကြိုးလူဆိုးဂိုဏ်းမှ ဟွာယွီအာသည် လက်တစ်ဖက်ဖြင့် မျက်နှာပေါ်မှချွေးများသုတ်ကာ ညှိုနှိုင်းရေးခန်းမထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ မိမိ၏ကံကြမ္မအား မရပ်မနားတွက်ချက်နေသည်။

"သူဌေး အဲ့လိုဆိုရင် အခု..."

"အခုလား။ အခုက ငါတို့နေနေကျသလိုပဲ ဆက်နေရမယ်။ ငါတို့မှာရှိတဲ့တာဝန်ကိုပဲယူကြမယ်။ တကယ်တော့ ငါတို့ဂိုဏ်းရဲ့စည်းမျဉ်းစည်းကမ်းတွေကိုမှတ်မိအောင်ထပ်လုပ်ရမယ်။ အရင်ကလို အမှားမျိုးမလုပ်မိစေနဲ့"

ဟွာယွီအာက တင်စီးသောသူ၏လက်အားရမ်းပြလို်ကကာ ပရမ်းမတာရှောင်စစ်အား ဂိုဏ်း၏စည်းမျဉ်များကိုအခြားညီနောင်များအား အသိပေးရန် စေခိုင်းလိုက်သည်။

ပြန်တွေးကြည့်လျှင် "လေမိုးကြိုးလူဆိုးဂိုဏ်း"အား အစတွင် သူ၏လက်တစ်ဖက်တည်းဖြင့်သာ ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။ ကြင်နာတတ်သောအမေနောက်သို့လိုက်မည့် စိတ်ကူးစိတ်သန်းဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ အပြင်ဘက်လောကရှိမိုးလေထဲတွင် ဒုက္ခရောက်နေသောမိဘမဲ့များအား ထောက်ပံ့ပေးရန်ဖြစ်သည်။ လူဆိုးဂိုဏ်းနှင့်တူလာရခြင်းမှာ ညီနောင်များအား အလုပ်ပေးရန်အတွက်သာဖြစ်သည်။

"လေမိုးကြိုးလူဆိုးဂိုဏ်း"သည် တာဝန်မျိုးစုံအားလုပ်ဆောင်သည်။ တစ်ဦးသည် ခြေလျင်သွားရသောအလုပ်ကိုလုပ်ရန်လိုအပ်ကာ အလုပ်မျိုးစုံကျွမ်းကျင်သူက မျိုးစုံလုပ်ရကာ အချို့သည် အစောင့်အဖြစ်လုပ်ကိုင်ရပြီး အခြားသူများသည်လည်း တောက်တိုမယ်ရအလုပ်များလုပ်ကိုင်ရ၏။ အမှန်တွင် အလုပ်များကြား၌ အပ်ထားသောအလုပ်အတွက် ပေးသောငွေမှာများပြားသည့်အတွက် ဒုတိယတစ်ခေါက်မစဉ်းစားဘဲ လက်ခံတတ်ကြသည်။ မိခင်အိုကြီးအားစိတ်မပူရန်ပြောထားကာ မိန်းမနှင့်ကလေးများအားလည်း အကြမ်းမဖက်ရန်စည်းကမ်းထုတ်ထားပေးသည်။

သို့သော်လည်း သူသည် တလက်လက်တောက်ပနေသောငွေစများကိုမက်ကာ ဂိုဏ်း၏စည်းမျဉ်းများကိုဖောက်ဖျက်မိခဲ့သည်။ ယနေ့မှစ၍ သူသည် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

"ဒုန်း"

စဉ်းစားနေစဉ်တွင်ပင် ဆွေးနွေးရေးခန်းမရှေ့တံခါးအား တစ်စုံတစ်ယောက်မှကန်လိုက်သံကိုကြားလိုက်ရသည်။ အေးစက်စက်လေတိုက်ခတ်သွဦးကာ အခန်းထဲသို့စီးနင်းဝင်ရောက်လာသည်။

"ဘယ်သူလဲ"

ဟွာယွီအာက သူ၏ထိုင်ခုံမှ ထိတ်လန့်စွာဖြင့် ခုန်မိသွားသည်။

လူတစ်ဉီး၏အရိပ်အားတွေ့လိုက်ယုံဖြင့်ပင် အခန်းထဲရှိအရှိန်သည် ပို၍မြန်လာသကဲ့သို့င်။ သတ်ဖြတ်လိုသည့်ရည်ရွယ်ချက်များဖြင့်အခန်းကပြည့်နှက်သွား၏။ ထိုအငွေ့အသက်အားပိုင်ဆိုင်ထားသူမှာ လူသတ်သမားတစ်ယောက်.. အစစ်အမှန်လူသတ်သမားတစ်ယောက်သာဖြစ်သည်။

…..

"အားယောင် အဒေါ်လောင်ပြောတာတော့ ရွာသူကြီးရဲ့လှည်းဆွဲတဲ့နွားထီးက ဒီနေ့မြို့ထဲသွားပြီး ကုန်သွားပို့မယ်ကြားတယ်။ ကျွန်မတို့လည်းသွားကြမလား"

စုရွှေလျန်သည် အဒေါ်လောင်တို့နေရာမှ ရှောင်ချွမ်နှင့်အတူပြန်လာကာ ခြံတောက်ဘက်သို့ပြေးသွားပြီး အလုပ်လုပ်နေသောလင်းစစ်ယောင်အားမေးလိုက်သည်။

လင်းစစ်ယောင်က ရယ်ကာမောကာဖြင့် သူမနဖူးမှကျနေသောချွေးလေးများကိုသုတ်ပေးလိုက်ပြီး မြတ်နိုးစွာပြောလိုက်၏။

"မင်းကိုခေါ်သွာပေးပါ့မယ်"

သူသည် ထိုနေရာသို့ ကိုယ်ဖော့သိုင်းသုံးကာခေါ်သွားမည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ စုရွှေလျန်က ခေါင်းညိတ်ပြလိုက်ပြီး

"အဲ့လိုဆို ကျွန်မ အဒေါ်လောင်တို့ကို သူတို့ပဲ အရင်သွားနှင့်ဖို့ပြောလိုက်မယ်"

"အလျင်မလိုနဲ့။ ငါတို့က ဒီမှာရှိနေပြီပဲ။ သူတို့ကိုလူကြုံပါးပြီးပြောခိုင်းလိုက်လို့ရတာပဲ"

လင်းစစ်ယောင်က သူမအား ဧည့်ခန်းထဲသို့ဆွဲခေါ်သွား၏။ သူသွားလိုက်ပြန်လိုက်လုပ်နေမည်ကို မကြည့်လိုပေ။ လက်ထဲရှိအလုပ်သည် လက်စသတ်ပြီးဖြစ်ကာ စောစောအလုပ်သိမ်းလိုက်ခြင်းသည်လည်း အကြံမဆိုးလှပေ။

ယနေ့သည် လပြက္ဒဒိန် တတိယမြောက်လ၏ ပထမနေ့ဖြစ်သည်။ စုရွှေလျန်သည် သူမ၏(၁၆)နှစ်ပြည့်မွေးနေ့အဖြစ်သတ်မှတ်သောနေ့ပင်ဖြစ်သည်။

ကောင်းကင်ဘုံတွင် မျက်လုံးများရှိကာ ဆယ်ရက်တိုင်ရွာသွန်းနေသောနွေဦးရာသီမိုးသည် အဆုံးသတ်သွားကာ ပျောက်နေသည်မှာကြာပြီဖြစ်သောနေမင်းကြီး ထွက်ပေါ်လာ၏။

လင်းစစ်ယောင်သည် လောင်နှင့် ထျန်းမိသားစုအား လူဆယ်ဦးမျှဆန့်သောအခန်းကျယ်တစ်ခန်းအား လွန်ခဲ့သောရက်အနည်းငယ်ခန့်မှ ဌားခိုင်းထားခဲ့သည်။ ဘနေ့တွင် ၎င်းတို့သည် ဝူချင်စားသောက်ဆိုင်သို့သွားကာ သူမ၏မွေးနေ့အားကျင်းပကြမည်ဖြစ်သည်။

လင်းစစ်ယောင်မထွက်ခွာခင်တွင် သူသည် ရှောင်ချွမ်အား ကြည့်လိုက်ကာ အိမ်အားစောင့်ကြပ်ရန်အချက်ပြလိုက်သည်။

ရှောင်ရွှယ်အတွက်မူ သူမသည် မျက်လုံးပွ့င်ကာစသာရှိသေးသောသူမ၏ဝံပုလွေပေါက်သုံးကောင်ကိုခေါ်ကာ ခြံတောင်ဘက်ရှိ ၎င်းတို့၏အသိုက်ထဲသို့ပြောင်းသွားကြသည်။

ရှောင်ချွမ်သည် မျက်လုံးပင့်ပြလိုက်ကာ ချယ်ရီပင်အောက်တွင်လဲလှောင်းနေပြီး ညီမဖြစ်သူ၏ဝံပုလွေပေါက်များနှင့်ယှဉ်တွဲကာ မြူးထူးဆော့ကစားနေပေသည်။

သူသည် ခြံမြောက်ဘက်သို့သွားကာ အိမ်စောင့်ရမည်ဖြစ်သည်။ နောက်ဆုံးတစ်ခေါက်ကကဲ့သို့ထပ်ဖြစ်လျှင် လူလိမ်များ၊ ဝရမ်းပြေးများသာ အိမ်နားတွင်လှည့်လည်သွားလာကာ ဒုက္ခပေးလျှင် သူ၏ဝံပုလွေမွေးသည် အရေခွံနွှာခံရခြင်းမှ အာမခံနိုင်မည်မဟုတ်ပေ။ လမ်းပေါ်သို့ထွက်မသွားခင် ကြည့်သွားသော လင်းစစ်ယောင်၏အေးစက်စက်အကြည့်အား သူမှတ်မိနေဆဲဖြစ်သည်။ အမှန်တွင် သူသည်လည်း မြို့ထဲသို့သွားကာ မြူးထူးပျော်ပါးချင်ပေ၏။

လင်းစစ်ယောင်က စုရွှေလျန်အားကိုင်ထားကာ ခြေလှမ်းအနည်းငယ်မျှဖြင့်ပျံသန်းလိုက်ပြီး ရွာသူကြီးဝမ်နှင့် စုစုပေါင်းလူရှစ်ယောက်ပါသော နွားထီးဆွဲသည့်လှည်းသည်ပင် နောက်တွင်ကျန်ရစ်နေခဲ့၏။

ထျန်းတပေါင်သည် သူ့နောက်မှနီးကပ်စွာလိုက်လာသည်။ သူ၏ခြေလှမ်းများက ထူးဆန်းသောပို့ဆောင်ဆက်သွယ်ရေးခြေလှမ်းအဖြစ် အသွင်ပြောင်းသွားကာ လင်းစစ်ယောင်နောက်သို့ အမှီလိုက်နေရသည်။ ဆရာဖြစ်သူသည် ယနေ့တွင် သူ၏ကိုယ်ဖော့သိုင်းအား စစ်ဆေးမည်ဟုပြောထားကာ သူသည် ၎င်းတို့ကို မျက်ခြေမပြတ်လျှင် အောင်သည်ဟုယူဆမည်ဖြစ်ပြး နေ့လည်ပိုင်းတွင် စားချင်သည့်ဟင်းပွဲအားမှာနိုင်ကြောင်း ပြောထားပေသည်။ ဝူချင်စားသောက်ဆိုင်ရှိ မည်သည့်အစားအစာသည် အရသာရှိပါသနည်း။ နောက်ဆုံးတစ်ခေါက်က ဆရာကတော်ယူလာသော နှမ်းဆီစိမ်ထားသည့် တောကြက်သားသည်အမှန်ပင် အရသာရှိပေသည်။ ဘဲကင်သည်လည်းမဆိုးလှပေ။ အစားအသောက်အကြောင်းစဉ်းစားနေရင်းဖြင့် ဆရာဖြစ်သူပျောက်သွား၏။ ထျန်းတပေါင်က ခေါင်းခါလိုက်ကာ ပါးစပ်သားရေယိုစေသောအစားအသောက်များအကြောင်းအား မစဉ်းစားတော့ဘဲ အရှိန်နှုန်းပြည့်ဖြင့်သာ ကြိုးစားအားထုတ်လို်ကသည်။ မျက်စိတစ်မှိတ်အတွင်းပျောက်သွားသော ဆရာဖြစ်သူနှင့်ဆရာကတော်အား အမှီလိုက်နိုင်ရန်ဖြစ်သည်။

"တပေါင်က ဒီလိုမျိုး ဖြုံလောက်တဲ့ခွန်အားမျိုးကို ပိုင်ဆိုင်ထားတာလား။ ဒိကောင်လေးက နောက်ဆုံးတော့ တော်လာပြီပဲ။ တဖူ ဒီတစ်ခေါက်တော့ မင်းတော့ ထပ်ပြီးစိုးရိမ်စရာမလိုတော့ဘူးပေါ့။ ဟုတ်တယ်မလား"

ရယ်မောနေသာ လောင်ယို့ခွန်းက ထျန်းတဖူအား မခံချင်အောင်ဆွလိုက်သည်။

"ဒီအစ်ကိုကြီးပြောတာကိုနားထောင်ပါဦး။ တပေါင်က ဘယ်လိုနောက်ပြောင်ရမလဲဆိုတာပဲ သိတာ။ သူဘာတော်လဲဆိုတာ ဘာမှကိုမဆိုင်ဘူး။ အခုသူကျန်းမာလာပြီဆိုတော့ ငါတို့ကျေနပ်ရပါပြီ"

ထျန်းတဖူက ထိုသို့ပြောလိုက်သော်လည်း သူ၏မျက်နှာသည် စိတ်ထဲရှိမာနအား သစ္စာဖောက်လိုက်သကဲ့သို့အမူအရာမျိုးဖြစ်နေသည်။

မကျေနပ်သည်မှာ ဖြစ်နိုင်သည်လော။ သူ၏လက်သမားအလုပ်အား ကြိုးကြိုးစားစား အားစိုက်ထုတ်ထားသည်ကို စဉ်းစားကြည့်လျှင် ထိုအလုပ်ဖြင့်စုထားသောငွေများသည် ထိုကောင်လေးအတွက် နှစ်ဝက်စာမျှသုံးခဲ့ရသည်။ နွေဦးရောက်လာသည်နှင့် သူသည် ဆရာဖြစ်သူနှင့် ရှို့ဖုန်းသို့ လိုက်ပါသွားကာ ပိုက်ကွန်ထဲတွင်ဖမ်းမိထားသောလိပ်အိုကြီအား လွှတ်ပေးခဲ့သည်။ အမေဖြစ်သူသည်မူ မနှစ်မြို့ကာ ထိုလိပ်အားရောင်းလျှင် ငွေစသုံးစမျှရမည်ဖြစ်သည်။ ထိုကောင်လေးသည် အမှန်ပင် ထူးခြားလွန်းနေပေသည်။

"ငါ့သဘောအတိုင်းပြောရရင် ရှောင်ပေါင်ရဲ့ဆရာက တကယ်ပဲ ရောင်းဝယ်ရေးမှာ လှည့်ကွက်အချို့ကိုသိထားတယ်။ သူ့ရဲ့အရည်အချင်းကိုကြည့်ပါဦး။ သိုင်းတတ်တဲ့သူရဲကောင်းတွေရဲ့...ဘာတဲ့... ကျန်းဟူဆိုလား။ ဟုတ်တယ်...အဲ့တာပဲ"

အဒေါ်လောင်သည် စိတ်ထဲရှိသည့်အတိုင်း ချီးမွန်းနေလေသည်။

"အဒေါ်လောင် ကျန်းဟူက ဘယ်နားမှာလဲ"

မိန်းကလေးထျန်းသည် မျက်လုံးလေးကလယ်ကလယ်ဖြင့် အဒေါ်လောင်အားမေးလိုက်၏။ သူမသည် ထိုအဖြေအား စပ်စုချင်နေပေသည်။

"အဟွတ် ...အဟွတ်..ကောင်မလေး။ မင်းရဲ့အဒေါ်လောင်က ပုံပြင်ပြောတဲ့သူတွေကပြောတာပဲ ကြားဖူးတာ။ ကျန်းဟူဘယ်မှာရှိလဲဆိုတာကတော့ ငါလည်းသေချာမသိဘူး"

အဒေါ်လောင်၏အရွယ်အိုမင်းနေသောမျက်နှာက ရှက်သွေးဖြာသွား၏။ ထိုမိန်းကလေးအား ရှက်ရှက်ဖြင့် ရှင်းပြနေရသည်။ သူမ၏ကိုးရိုးကားရားနိုင်ခြင်းသည် လူကြားထဲတွင် ရယ်စရာဖြစ်သွားလေသည်။

သူမငယ်စဉ်အခါက ဖခင်ဖြစ်သူနှင့်မြို့ထဲသို့သွားကာ ပုံပြင်ပြောသူနားထောင်သည်ကိုနားထောင်ရန် အခွင့်အရေးရခဲ့သည်ကို မှတ်မိနေသည်။ သူမသည် ထိုနေရာသို့ ဆွဲခေါ်ခံရကာ ပုံပြင်ကိုအကြိမ်ပေါင်းများစွာ နားထောင်ခဲ့ရသည်။ ထို့ကြောင့် သိုင်းလောကနှင့် သိုင်းလောကသူရဲကောင်းဆိုသောစကားလုံးများကိုသိကာ ထိုအချိန်မှစ၍ ထိုစကားများ၏အဓိပ္ပာယ်ကို တစ်ဝက်မျှခန့်နားလည်ခဲ့သည်။ ယခုတွင် သူမသည် လင်းစစ်ယောင်ကဲ့သို့ သိုင်းလောကသားနှင့် မျက်မြင်တွေ့လိုက်ရကာ ပုံပြင်ပြောသူပြောခဲ့သောအကြောင်းအရာများက တစ်ဖန်ပြန်၍ပေါ်လာသည်။ တစ်စုံတစ်ယောက်အား မျက်စိတစ်မှိတ်အတွင်း ကီလိုမီတာများစွာသို့ ရောက်ရှိစေသောအဆင့်မြင့်ကွန်ဖူး၊ လက်တစ်ချက်လှုပ်ရမ်းလိုက်သည်နှင့် လူဆိုး၏ခေါင်းကို ပိုင်းပစ်နိုင်သည့်သူရဲကောင်း၊ ကျန်းဟူဟုခေါ်သည့်နေရာ လင်းစစ်ယောင်ကဲ့သို့ ဓားသမားများရင်ဆိုင်တွေ့ဆုံကြသည့်တွေ့ဆုံပွဲ၊ သာမန်မျှမဟုတ်သော အနှိုင်းမဲ့သိုင်းပညာအရည်အချင်း၊ ထိုအရာများသည် ပုံပြင်ပြောသူဆီမှကြားခဲ့ဖူးသောအရာများပင်ဖြစ်သည်။

ခရီးသွားသူအုပ်သည် ဝူချင်စားသောက်ဆိုင်တံခါးဝသို့ရောက်ကြသောအခါတွင် နေသည်လည်း ဝင်ရိုးစွန်းမှထွက်ပေါ်လာပြီးဖြစ်၏။

လင်းစစ်ယောင်နှင့် စုရွှေလျန်သည် ခမ်းနားသောဟင်းပွဲများမှာနေသည်ကိုပြီးအောင် စောင့်နေရသည်။ ထို့နောက်တွင် သုံးယောက်သား အနီးအနားနေရာများသို့ လျှောက်ပတ်ကြည့်ကြကာ မျက်စိပဒဿဖြစ်သော ဈေးပေါသည့်အဆင်တန်ဆာအချို့အား ဝယ်ယူခဲ့ကြသည်။

ထိုအရာများထဲတွင် အနုစိတ်စွာထွင်းထုထားသည့်မဟော်ဂနီပင်၊ ထူးဆန်းသည့်အသွင်သဏ္ဍာန်ရှိသည့်မှင်သွေးကျောက်နှင့် ချစ်စရာကောင်းကာ ခေါင်း၍ရသည့်သစ်သားမှန်လေးများပါဝင်သည်။ သူမ၏ပိုက်ဆံအိတ်လေးထြမှငွေစများအားလုံး သုံးစွဲပြီးသွားသည့်နောက်တွင် အချို့ပစ္စည်းများကို လက်လွှတ်လိုက်ရ၏။

လင်းစစ်ယောင်သည် သူမ၏ခေါင်းရှုပ်နေသည်ကို ခံနိုင်စွမ်းမရှိပေ။ သူကနူးညံ့သာယာစွာမေးလိုက်၏။

"မင်းဘာလို့တန်ဖိုးရှိတဲ့အရာတွေကို မရွေးရတာလဲ"

သူမ၏မွေးနေ့လက်ဆောင်သည် ဈေးကြီးသောတိုလီမိုလီပစ္စည်းများမဖြစ်သင့်ပေ။

"ဈေးကြီးတိုင်းသေချာပေါက် ကြိုက်မယ်လို့မှ မဆိုလိုတာ"

စုရွှေလျန်က သူ့အား တစ်ချက်ကြည့်လိုက်သည်။ ထိုယောင်္ကျားသည် အစစ်အမှန်တန်ဖိုး၏ဈေးနှုန်းအား နားမလည်သည်လော။

ထိုတန်ဖိုးမှာ ပစ္စည်းပေါ်တွင်သာမူသည်။ သူ့ကဲ့သို့သူမျိုးက သတ်မှတ်ထားသောတန်ဖိုးသည် အမြင့်ဆုံးမဟုတ်သော်လည်း သူ၏အကြိုက်မှာ သူမဖြစ်ကာ အမြတ်နိုးရဆုံးလည်းဖြစ်သည်။ လိုအပ်သည်မှာ ထိုမျှသာဖြစ်သည်မဟုတ်လော။

ဝူချင်စားသောက်ဆိုင်တွင် စားသောက်ပွဲတည်ခင်းပြီးနောက်တွင် ၎င်းတို့သည် လက်ဆောင်များမယူရန် ငြင်းဆန်နေကြသော်လည်း ယဉ်ကျေးမှုသိတတ်သောအိမ်နှစ်အိမ်က အစွမ်းကုန်ပေးနေလေသည်။

ထျန်းမိသားစုက စုရွှေလျန်အား လက်ကောက်တစ်ကွင်းလက်ဆောင်ပေး၏။ အစိမ်းရင့်ကြိုးဖြင့်လုပ်ထားကာ လုံးဝန်းကာအနံ့မွှေးသောစန္ဒကူးပုတီးလုံးလေးများပါသည်။ ထျန်းတဖူကိုယ်တိုင် လုပ်ထားခြင်းဖြစ်သည်။ သူသည်လည်း တပေါင်က စုရွှေလျန်၏မွေးနေ့သည် ယနေ့ဟုပြောခဲ့သောကြောင့် လွန်စွာစောစီးအချိန်ကတည်းမှပင် ပြင်ဆင်ထားခြင်းဖြစ်၏။ သုံးလကြာပြီးနောက်တွင် အပြီးသတ်နိုင်ခဲ့၏။

"ဆရာကတော် ကျွန်တော့်မှာလည်း ပေးစရာလက်ဆောင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ယူလာဖို့ အဆင်မပြေတော့ ပြန်ရောက်မှကြည့်တော့နော်"

ထျန်းတပေါင်က သူ၏ရတာနာအား ထုတ်ဖော်ပြရန် အခွင့်အရေးကောင်းယူလိုက်၏။

"အင်းပါ။ ကျေးဇူးတင်ပါတယ်"

စုရွှေလျန်ကခေါင်းညိတ်ပြကာ သူမ၏အရပ်အား ကျော်လုနီးပါးရှိသည့်သူ၏ပုခုံးအား ပုတ်လိုက်သည်။

"မိန်ကလေး မနေ့တုန်းကမှ မင်းမွေးနေ့ဆိုတာကို ငါသိတာ။ ပြီးတော့ ပြင်ဆင်ဖို့အချိန်မရလိုက်ဘူး။ မင်းပန်းကြိုက်တယ်ဆိုတာငါသိပါတယ်။အဲ့တာကြောင့် ကျွင်းဇစ်လန်ပန်းနှစ်အိုးပြင်ထားတယ်။ ပြီးမှ ရုန်ချန်းကို ပို့ခိုင်းလိုက်မယ်"

ကျွင်းဇစ်လန်ပန်းဆိုသည်မှာ အဒေါ်လောင်အိမ်နားရှိသစ်တောအနီးတွင် ပေါက်သည့် ၇နှစ်၈နှစ်မှသာတစ်ကြိမ်ပန်းပွင့်သည့်အပင်ဖြစ်သည်။ လှပသောအမြစ်များရှိ၏။ မနေ့က အားယောင်မှာ မွေးနေ့ပွဲကျင်းပရန်လာဖိတ်ခဲ့သောကြောင့် သူမတွင် အသင်ပြင့်ထားရန်အချိန်မရှိကာ ထိုပန်းကိုသာ မြေအိုးပန်းကန်လုံးထဲတွင်ထည့်ပြီး လက်ဆောင်အဖြစ်ပြင်ဆင်ခဲ့ရပေသည်။

စုရွှေလျန်နှင့် လင်းစစ်ယောင်မှ အတူတူနေကာထမင်းစားရန်တိုက်တွန်းခံထားရသော ရွာသူကြီးဝမ်သည် ပို၍ပင်ရှက်နေမိသည်။ သူ၏မျက်နှာအိုကြီးသည် နီရဲလာကာ လက်နှစ်ဖက်ကိုပွတ်လိုက်ပြီး

"ရှက်ဖို့ကောင်းလိုက်တာ ရှက်ဖို့ကောင်းလိုက်တာ။ လက်ဆောင်မပေးဘဲ ကျွေးတာပဲစားနေရတာယ်"

"ယဉ်ကျေးလွန်းနေပါပြီ။ လက်ဆောင်ပေးဖို့သာတိုက်တွန်းမယ်ဆိုရင် ကျွန်မတို့က ဘယ်လိုလုပ် အတူတူလာဖို့ဖိတ်ခေါ်ပါ့မတုန်း။ ဒီနေ့ မွေးနေ့အခွင့်အရေးကိုအသုံးချပြီး အားလုံးကိုကျေးဇူးတင်ချင်လို့ပါ"

"ဒီနှစ်ဝက်ကျော်အတွင်း အားလုံးသာမရှိဘူးဆိုရင် ကျွန်မနဲ့ အားယောင်တို့ ဘယ်လိုလုပ်ဒီမြို့မှာအခြေချနိုင်မှာလဲ"

စုရွှေလျန်ကပြုံးကာ အားလုံးကိုစားသောက်ပွဲသို့ဖိတ်ကြားရသည့်အကြောင်းကို ရှင်းပြလိုက်သည်။

အမှန်တွင် ထိုအရာသည် စုရွှေလျန်၏အကြံပင်ဖြစ်သည်။ လင်းစစ်ယောင်၏အမြင်သည် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ သူသည် ထိုမိသားစုနှစ်စုနှင့် ဝမ်ကန်းဖာကိုသာဖိတ်ကာ ပျော်ရွင်ဖွယ်မွေးနေ့ပွဲကျင်းပရန်ဖြစ်သည်။ အိမ်နီးချင်းများအားကျေးဇူးတင်သောဧည့်ဝတ်မှာ သူ၏တွက်ချက်မှုထဲတွင်မပါပေ။

၎င်းတို့သည် ညစာအား အဝအလင်စားသောက်ပြီးနောက်တွင် လူအုပ်စုအသီးသီးသည် မိမိလုပ်စရာရှိသည်များကိုလုပ်ဆောင်ရန် အသီးသီးခွဲထွက်သွားကြသည်။

လောင်ယို့ခွန်း၏အဖေနှင့်သားတို့အတွဲသည် ရွာခေါင်းဆောင်နောက်သို့လိုက်ကာ ကုန်ပို့ရမည်ဖြစ်သည်။

အမေနှစ်ယောက်သည် သမီးများကိုခေါ်ကာ ပျော်ရွှင်စွာဖြင့် အစွန်းအဖျားများသို့ လှည့်လည်ကြည့်ရှုကြ၏။

လင်းစစ်ယောင်၏စောင့်ကြည့်မှုအောက်တွင်ရှိသော ထျန်းတပေါင်သည် ခြေတစ်လှမ်းစောကာထွက်သွားပြီး ရှောင်ရွှယ်နှင့် ရှောင်ချွမ်အား စားသောက်ပွဲမှကြွင်းကျန်သည့်အစားအသောက်များစွာအား ပေးလိုက်သည့်အတွက် ဒေါသထွက်နေပေသည်။

လင်းစစ်ယောင်သည် စုရွှေလျန်အား ဖက်ထားကာ ရေကန်စပ်တွင် ဖြည်းညင်းစွာ လှည့်လည်သွားလာနေသည်။ တစ်ယောက်ပေါ်တွင်တစ်ယောက်မှီကာ ရေကန်ဘေးရှိခုံတန်းရှည်လေးပေါ်တွင် ထိုင်နေကြသည်။ အစိမ်းရောင်အညှောင့်များပေါက်နေကြကာ ရေကန်ပေါ်သို့ ယှက်ဖြာနေသည့် မိုးမခပင်အကိုင်းအခက်များကို ငေးကြည့်နေကြသည်။ လှိုင်းလုံးလေမြင့်တက်လာသည်နှင့် ရေကန်ပေါ်တွင်ရိပ်ကနဲဖြတ်သွားသောမြင်ကွင်းသည် ၎င်းတို့၏စိတ်နှလုံးများကို လန်းဆန်းစေ၏။

"ပျော်ရွှင်စရာမွေးနေ့ပါ"

လင်းစစ်ယောင်က အင်္ကျီလက်ထဲမှ အရည်အသွေးမြင့် ဖီးနစ်ပုံစံထွင်းထုထားသောကျောက်စိမ်းဆွဲသီးတစ်ခုကိုထုတ်ယူကာ စုရွှေလျန်၏လည်ပင်းတွင် ချိတ်ဆွဲပေးလိုက်သည်။

"ဒါက....အားယောင်...ဒါက ကျွန်မတကယ်ကြိုက်ပါတယ်။ ဒါပေမဲ့ ဈေးကြီးတယ်မလား"

စုရွှေလျန်ကခေါင်းလေးငုံ့လိုက်ကာ လှပကာလက်ရာမြောက်လှသောဆွဲသီးလေးကိုကိုင်ရင်းမေးလိုက်သည်။

တပေါင်၏ထုတ်ဖော်ချက်အရ သူသည် လယ်ထွက်ပစ္စည်းရောင်းရသမျှငွေစအားလုံးကို သူမအားပေးသော်လည်း သူ့အတွက်အိတ်ဆောင်အဖြစ်ချန်ထားသောငွေစများရှီသည်။ ထိုငွေဖြင့် ထိုဆွဲသီးအားဝယ်ခဲ့ခြင်းဖြစ်၏။

"မင်းကြိုက်တယ်တယ်ဆိုရင်ပြီးတာပဲ"

လင်းစစ်ယောင်သည် သူမကကျောက်စိမ်းလည်ဆွဲလေးအား ပွတ်သပ်နေသည်ကို ရယ်ရင်းဖြင့် ကြည့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ထိုသို့ရတနာမျိုးသည် သူမနှင့်အလိုက်ဖက်ဆုံးဖြစ်ကာ သူမ၏အသားဖြူဖျော့ဖျော့နှင့် ကျောက်စိမ်းသည် ဆန့်ကျင်ဘက်ဖြစ်ကာ လိုက်ဖက်လွန်းနေသည်။

"ဒါပေမဲ့..."

သူမကခေါင်းမော့လိုက်ကာ စိုးရိမ်နေသောမျက်လုံးများဖြင့် ကြည့်လိုက်ပြီး မေးခွန်းတစ်ခုအား နက်ရှိုင်းသောအသံဖြင့်မေးလိုက်၏။

"အရင်တုန်းကအလုပ်ကို လုပ်လာတာတော့မဟုတ်ဘူးမလား"

"မင်းစိတ်တွေဘယ်ရောက်သွားပြန်တာလဲ"

လင်းစစ်ယောင်သည် အတော်ကြာအံ့ဩတုန်လှုပ်သွားကာ သူမပြောသောအဓိပ္ပာယ်အား တစ်ဝက်မျှသာနားလည်သည်။ သူသည် သူမကို ရယ်ရမလို ငိုရမလို ကြည့်နေမိ၏။

"အခုဒီမှာ မင်းရှိနေပြီဆိုမှတော့ ငါမလုပ်တော့ပါဘူး"

သူမသည် သူမအတွက် သတ်ဖြတ်ခြင်းမှရသောငွေဖြင့် ဝယ်ထားသည်ဟု သံသယဝင်နေမိကာ အခြားသောသူများအားသတ်ခြင်းမှ သတ်သည်ဟု ထင်နေမိသည်။

"အဲ့လိုဆိုရင်ကောင်းတာပေါ့။ တောင်းပန်ပါတယ်။ အားယောင် ကျွန်မလန့်သွားတာပဲ။ ဒါပေမဲ့ ရှင်ရတဲ့ငွေစတွေအကုန်လုံးကို ကျွန်မကိုပေးထားတာမလား"

စုရွှေလျန်က သူရာဇဝတ်မှုကျူးလွန်ထားသည်ဟု အမြင်မှားမိသည့်အတွက် တောင်းပန်ကာရှင်းပြလိုက်၏။

"တပေါင်သာ လိပ်အိုကြီးကို အမြတ်တင်ရောင်းခဲ့ရင် ငါလည်းတစ်ခုလောက်တော့ မရနိုင်ဘူးမလား"

သူသည် သူမကို ယုံကြည်သင့်ကြောင်းအကြည့်ဖြင့် ပြောလိုက်၏။

"ဪ အဲ့လိုကိုး..."

စုရွှေလျန်ကခေါင်းညိတ်ပြကာ ယခုတွင်နားလည်သွားပြီး ချက်ချင်းပင် သူအား ကြည့်လိုက်ကာ ရှက်သွားသည့်ပုံဖြင့်

"ရှင်မပြောဘူးဆိုရင် ကျွန်မက ဘယ်လိုလုပ်သိမှာလဲ"

"ဟုတ်ပါပြီ။ ကိုယ့်အမှားပါ။ ဒီနေ့ကစပြီး ကိစ္စသေးသေးကြီးကြီး ဖြစ်သမျှကို ချွင်းချက်မရှိပြန်ပြောပြပါ့မယ်။ ဟုတ်ပြီလား"

ပြုံးဖြီးဖြီးလုပ်ကာ ပြောလိုက်သောအခါ ပါးချိုင့်လေးကပေါ်လာသည်။

လင်းစစ်ယောင်သည် ခေါင်းငုံ့ကာ သူမ၏ ရနံ့မွှေးသော ချယ်ရီနှုတ်ခမ်းလေးထက်တွင် အနမ်းတစ်ပွင့်ခိုးယူလိုက်သည်။ စုရွှေလျန်က သူမမျက်နှာကို အံ့ဩတုန်လှုပ်စွာ ကိုင်ထားလိုက်မိပြီး သူမအား ထပ်နမ်းလိုက်သောအခါတွင် ကျေနပ်စွာဖြင့် တုံ့ပြန်လိုက်လေသည်။

"နောက်ကျနေပြီ။ အိမ်ပြန်ရအောင်"

သူမှရှက်နေသည်ကို သိသောကြောင့် သူမအား ကျီစယ်နေခြင်းအား ရပ်တန့်လိုက်သည်။ ယနေ့ညတွင် သူမ၏တစ်ကိုယ်လုံးသည် သူ့အပိုင်ဖြစ်နေပေသည်။

သူမကိုဆွဲခေါ်လိုက်ကာ ရေကန်ဘေးမှ မြို့တံခါးအထိ စိမ်ပြေနပြေလမ်းလျှောက်လာကြသည်။ ထို့နောက်တွင် သူမအားဖက်ထားလိုက်ပြီး အမြန်နှုန်းဖြင့် ဖန်းဟွာမြို့သို့ ဦးတည်သွားလေသည်။

***

All Chapters