← Chapters

"စစ်"လေးယောက်၏ပြန်လည်ပေါင်းစည်းခြင်း

Vol. 3 Ch. 78

"စစ်"လေးယောက်၏ပြန်လည်ပေါင်းစည်းခြင်း

Vol. 3 Ch. 78

စုရွှေလျန်သည် နေ့လည်စာအတွက် နှင်းပဲများကို အခွံချွတ်နေကာ လင်းစစ်ယောင်အား တွေဝေစွာကြည့်ကာ နူးညံ့စွာမေးလိုက်၏။

"ရှင်တို့တွေက သွေးသောက်ညီနောင်တွေဆိုတော့ သူ့ကိုလည်းနေ့လည်စာဖိတ်ကျွေးသင့်တာပေါ့"

သူမစိတ်ထဲတွင်နှလုံးသွင်းထားသောအပြုအမူများသည် ကြာကြာကိုးရိုးကားရားနိုင်သောအခြေအနေတွင် မရှိတော့ပေ။

"သွေးသောက်ညီနောင်။ သူကအဲ့လိုပြောတာလား"

လင်းစစ်ယောင်က သူမအား မျက်မှောင်ကြုတ်ကာမေးလိုက်၏။

"အမ်..မဟုတ်ဘူးလား"

စုရွှေလျန်က သူ့အား ခေါင်းမော့ကာငေးကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများသည် သံသယများဖြင့် ပြည့်နှက်သွား၏။

သူသည် လုပ်ဖော်ကိုင်ဖက်များဟုပြောသောကြောင့် အိမ်ထဲသို့ သူမကဝင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

"အင်း အဲ့လိုထင်တာပဲ"

လင်းစစ်ယောင်က ခေါင်းညိတ်မပြခင် ခေတ္တမျှရပ်လိုက်ကာ ဝန်ခံရန် တွန့်ဆုတ်နေသည့်ပုံပေါ်သည်။ သူသည်လည်း စစ်ရှန်းအား ထိုသို့စဉ်းစားနိုင်ပေသည်။ ဖုန်းယောင်တရားရုံးသည် ၎င်းတို့တွင်ရှိသောအကြီးမားဆုံးပက်သက်ဆက်နွယ်မှုဖြစ်ကာ စုရွှေလျန်အားလှည့်စားရန် သွေးသောက်တပည့်များအဖြစ် ရယ်စရာကောင်းသောရှင်းပြချက်အား တီထွင်လိုက်ရပေသည်။

စစ်ရှန်း၏ရုတ်ချည်းရောက်လာမှုအား လင်းစစ်ယောင်၏မကျေနပ်ချက်များသည် စတင်ပြေလျော့လာသည်။

အတိတ်တွင် စစ်ထို၊ စစ်ရှန်း စစ်လော့တို့သည် သူနှင့်အရင်းနှီးဆုံးဖြစ်ကြပေသည်။ ဖုန်းယောင်တရားရုံးသို့ တစ်ချိန်တည်းတွင်ပင် ဝင်ရောက်လာခဲ့ကြကာ သက်တူရွယ်တူများဖြစ်ကြပြီး အလုပ်မရှိသည့်နေ့များတွင် သေရည်ထွက်သောက်တတ်ကြ၏။

ထိုအချိန်က ကိစ္စများသည် ယနေ့ကဲ့သို့ ပြောင်းလဲသွားမည်ဟု မည်သူထင်မိမည်နည်း။ ၎င်းတို့သည် ဖုန်းယောင်တရားရုံး၏ထိပ်တန်းလူသတ်သမားများဖြစ်နေကြသေးသော်လည်း သူသည် လယ်သမားတစ်ယောက်ဖြစ်လာပြီဖြစ်၏။

လင်းစစ်ယောင်သည် ထိုအတွေးအား ရုတ်တရက်ရယ်မောမိလိုက်သည်။ သူသည် လယ်သမားလုပ်ရသည်မှာ အဆင်ပြေကာ သူ့ဘေးနားတွင်လည်း သူမကအတူရှိနေပေးလေသည်။

သူမော့ကြည့်လိုက်သောအခါတွင် စုရွှေလျန်နှင့်အကြည့်ချင်းဆုံသွားပြီး ပြုံးဖြဲဖြဲလုပ်ပြလိုက်သည်။

"ကောင်းပြီ။ အဲ့လိုဆို ညနေကျရင် စစ်ရှန်းနဲ့ သောက်လို့ရတယ်မလား"

ယောင်္ကျားနှစ်ယောက်သားသောက်ခြင်းသည် ၎င်းတို့၏အဆင့်အတန်းများဖြင့် မသက်ဆိုင်ပေ။

"ကောင်းပြီ။ အဲ့လိုဆိုရင် သူ့ကိုဧည့်ခန်းထဲကစောင့်ခိုင်းလိုက်မယ်"

စုရွှေလျန်ကပြုံးပြကာ သူအရှိန်လျှော့သွားသည်ကိုတွေ့သောအခါတွင် ယခုထက်ထိထွက်သွားရန်ဆန္ဒမရှိသေးသော စစ်ရှန်းအားခေါ်လိုက်သည်။ ဧည့်သည်သည် အပြင်ဘက်တွင် မတ်တပ်ရပ်နေစဉ်တွင် ၎င်းတို့သည် မီးဖိုချောင်ထဲတွင် မနေနိုင်ပေ။ နွေဦးအစောပိုင်းတွင် နေလည်းမရှိတော့သောကြောင့် ရာသီဉတုသည် ပို၍အေးလာပေသည်။

"ကိုယ်သွားလိုက်မယ်။ မင်းပြန်ပြီးပန်းထိုးနေပါ"

လင်းစစ်ယောင်က သူမကိုတားလိုက်ကာ အခန်းထဲသို့ပို့လိုက်သည်။

"တကယ်အဆင်ပြေရဲ့လား"

စုရွှေလျန်က သူ့အားစိုးရိမ်သည့်အမူအရာဖြင့်ကြည့်လိုက်သည်။ အရွယ်ရောက်ပြီးသားအမျိုးသားနှစ်ယောက်က မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေစဉ်တွင် သူမသည်ပန်းထိုးရမည်လော။

"ဒါပေါ့"

လင်းစစ်ယောင်က သူမ၏နဖူးအား သာသာလေးနမ်းလိုက်ကာ သူမအားသွားစေသည်။

"နေ့လည်စာအဆင်သင့်ဖြစ်ရန် ခေါ်လိုက်မယ်"

ထို့နောက်တွင် သူသည် လှည့်ထွက်သွားကာ ခြံဝန်းထဲသို့လျှောက်သွားသည်။ သူသည် နေ့လည်စာစားကာသေရည်သောက်ရန် ဖိတ်ခေါ်ခံရသည်ဆိုလျှင်ပင် ထို့အတွက် အလုပ်လုပ်ရပေဦးမည်။ လင်းစစ်ယောင်က တွန့်တိုစွာတွေးနေမိသည်။

ချယ်ရီပင်အောက်ရှိခုံတွင်ထိုင်နေသော စစ်ရှန်းက လင်းစစ်ယောင်လျှောက်လာသည်ကိုတွေ့သောအခါတွင်မျက်နှာတည်သွား၏။ သူ၏အမူအရာသည်မပြောင်းလဲပေ။ လင်းစစ်ယောင်ကကြည့်လိုက်သောအခါတွင် သူသည်ကျောထဲတွင် တစ်ချက်တုန်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

မီးမွှေးရသည်မှာ လွယ်ကူပေသည်။ စစ်ရှန်းသည် ထင်းချောင်းများကို လက်ထဲတွင်ကိုင်ထားသည်။ စစ်လင်သည် သူ့အား အထဲသို့ဖိတ်ကာ အတူတူသောက်ရန်ဆန္ဒရှိလျှင် အတူတူစားရန်ဖိတ်ခြင်းသည် ကိစ္စကြီးမဟုတ်ပေ။ သူသည် ယခင်က တောထဲတွင် ဟင်းမချက်ဖူးခဲ့ခြင်းမျိုး မဟုတ်ပေ။

"မီးစမသေစေနဲ့"

လင်းစစ်ယောင်က သတိပေးလိုက်၏။ ပထမဆုံးအကြိမ်ထိုနေရာတွင်နေခဲ့စဉ်က ထမင်းတစ်အိုးအား မတူးအောင်၊ အစိမ်းမဖြစ်အောင် အောင်မြင်စွာချက်နိုင်ရန် အကြိမ်ပေါင်းများစွာကြိုးစားရသည်။ မီးအပါအဝင် မီးပြင်းအားများကို ထိန်းသိမ်းရသည်။ သို့သော်လည်း မသေချာခဲ့ပေ။

"ဒီထမင်းအိုးကို မင်းနဲ့ထားခဲ့မယ်။ စားလို့ရပြီဆိုရင် ဘာလုပ်ရမလဲဆိုတာမင်းသိပါတယ်"

ထို့နောက်တွင် လင်းစစ်ယောင်သည် ပျင်းရိစွာဖြင့် ကြိမ်ခြင်းအား ကောက်ယူလိုက်ကာ ခြံတောင်ဘက်သို့ ဟင်းသီးဟင်းရွက်ခူးရန် ထွက်သွား၏။

သူ့အား ထိုထမင်းအိုးဖြင့် တစ်ယောက်တည်းထားခဲ့သည်လော။ ကျပ်ခိုးများဖြင့်မဲနေသောမျက်နှာအား ထင်းမီးနားမှခွာလိုက်သည်။ မီးဖိုချောင်အလွတ်ကိုကြည့်လိုက်ကာ ဒေါသမထွက်သွားခင်တွင် ခေတ္တမျှရပ်နေမိ၏။

"တကယ်ပဲ ငါ မီးဖိုချောင်ကိုပြာချမိမှာ မကြောက်ဘူး"

သို့သော် ထိုသို့သာဖြစ်သွားလျှင် အတွင်းအားဖြင့် မီးငြိမ်းနိုင်ပေသည်။ သူသည် အိမ်အားပြာချမိမည်မဟုတ်ပေ။ လင်းစစ်ယောင်သည်လည်း ထိုသို့တွေးမိပေလိမ့်မည်။

စစ်ရှန်းသည် ဒေါသထွက်စွာဖြင့် ခေါင်းငုံ့ထားလိုက်ပြီး ထင်းချောင်းအချင်းချင်းရိုက်နေလေသည်။

“ဘာလုပ်ရမလဲသိပါတယ်ဆို ဘာကိုဆိုလိုတာတုန်း။ အဆိုးဆုံးက သူတို့အချင်းချင်းထပ်မတွေ့ရတာပဲဖြစ်မှာပေါ့။ ပြီးတော့ ဒါကဘယ်လိုလုပ်ရတာတုန်း"

'ဗိုက်မဆာသေးပါဘူး။ ဒီကိုလျှောက်ပတ်ကြည့်ဖို့လာတာပဲကိုး'

'စစ်ထိုဆီက သင်ခဲ့သင့်တာ'

'အိုး'

နောက်ဆုံးတွင် အောင်မြင်သွားလေပြီ။

သူသည် အားကောင်းစွာတောက်လောင်နေသောမီးကိုတွေ့လိုက်ရသောအခါတွင် စစ်ရှန်းသည် ကောင်းကင်ဘုံသို့ခုန်တက်သွားမတတ် စိတ်လှုပ်ရှားသွားမိသည်။

သူသည်လည်း လယ်သမားတစ်ယောက်ဖြစ်ရန် အရည်အချင်းရှိသည်ဟု ဆိုလိုခြင်းမဟုတ်လော။

သူသည် မည်သည့်အချိန်ကတည်းမှ ထိုသို့ပန်းတိုင်မျိုးအား စတင်ထားရှိလာခဲ့ပါသနည်း။ သူသည် သတ်ဖြတ်ခြင်းအားပင်ပန်းကာ အသစ်စတင်ချင်ပြီလော။

လုပ်ကြံသူနတ်ဘုရားသည် နေ့လည်စာအတွက် လတ်ဆတ်သောဟင်းသီးဟင်းရွက်များ ခူးနေလေသည်။ ထိပ်တန်းလူသတ်သမားသည် မီးဖိုချောင်ထဲတွင် မီးမွှေးနေရသည်။ ဆန်တစ်အိုးကျက်သွားသည်လား ချိုးတူးသွားသည်လားကိုပင် မသိပေ။

ရုတ်တရက် အပြင်ဘက်ခြံဝန်းတံခါးများပွင့်လာသည်။ ရုပ်ရည်သွင်ပြင်ကြည့်ကောင်းကာ အေးစက်စက်မျက်နှာရှိသည့်သူစိမ်းနှစ်ဦးသည် လင်းစစ်ယောင် ဟခဲ့သောတံခါးမှဝင်လာသည်။

၎င်းတို့သည် ချစ်စရာကောင်းသောခြံဝန်းလေးထဲသို့ လျှောက်လှမ်းလာကြသည်။

ရှောင်ချွမ်၏အမွှေးများထောင်ထားကာ မဖိတ်ခေါ်ဘဲရောက်လာသောဧည့်သည်များကို ကြည့်နေသည်။ သူ၏ကျယ်လောင်စွာမာန်ဖီသံသည် ခြံတောင်ဝန်းသို့ လွင့်ပျံလာသည်။ ခြံမြောက်ဘက်တွင် တစ်ခုခုဖြစ်နေပြီဖြစ်ကြောင်း လင်းစစ်ယောင်အား သတိပေးလိုက်ခြင်းပင်ဖြစ်သည်။

"စစ်လင်...ဘယ်အချိန်ကတည်းက ပြောင်းလဲသွားတာလဲ။ သူ့မှာ အိမ်မွေးတိရိစ္ဆာန်တွေဘာတွေတောင်ရှိနေပြီလား"

စစ်ထို၏နောက်မှ စစ်လော့က ကျိတ်ရယ်လိုက်၏။ စစ်လင်၏အေးစက်မှု၊ စစ်ထို၏ခံစားချက်ကင်းမဲ့ခြင်း၊ စစ်ရှန်း၏၏ကိုးရိုးကားရားနိုင်ခြင်းအပြင် သူသည် လေးယောက်ထဲတွင် အဖော်ရွေဆုံးဖြစ်သည်။

စစ်လော့သည် ခံစားချက်အတိုင်းအရာအားလုံးအား လုပ်တတ်သည်။ သူအလိုရှိသကဲ့သို့ ရှင်သန်နေထိုင်သည်။

စစ်ထိုသည် တည်ငြိမ်စွာဖြင့် ၎င်းတို့အား ကြောက်စရာကောင်းစွာကြည့်ကာ ခုန်အုပ်ရန်အဆင်သင့်ဖြစ်သော ရှောင်ချွမ်အား ကြည့်လိုက်သည်။ သူသည် အနည်းငယ်မျှအံ့ဩသွားသည်။ ဝံပုလွေ၏မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်တို့တောက်ပနေသည်။ စစ်လော့က အိမ်မွေးတိရစ္ဆာန်ဟုခေါ်ခဲ့သောကြောင့်ဖြစ်ပေမည်။

…….

လူငါးဦးသည် ထမင်းစားပွဲတွင် ဝိုင်းကာထိုင်လိုက်ကြသည်။

စားပွဲပေါ်တွင် ပန်းကန်ခြောက်ချပ်ရှိကာ မည်သည့်ပန်းကန်ထဲတွင်မျှ စားစရာမရှိပေ။ မဖိတ်ခေါ်ဘဲရောက်လာသောယောင်္ကျားသုံးယောက်သည် ပြုံးစိစိဖြစ်နေသည်။ စစ်လင်သည် ရည်ရွယ်ချက်ရှိရှိလုပ်ထားခြင်းဖြစ်သည်။ အပြင်ဘက်ရှိဝံပုလွေများသည် ၎င်းတို့ထက် ပို၍ကောင်းကောင်းစားနေကြောင်း မြင်နိုင်ပေသည်။

လင်းစစ်ယောင်၏ အေးစက်စက်အကြည့်များက စုရွှေလျန်အား အကဲခတ်နေသော စစ်လော့အား ထိုးဖောက်မတတ်ဖြစ်နေသည်။

"အဟမ်း..."

စစ်ရှန်းက ရယ်ကျဲကျဲဖြင့် ချောင်းဟန့်လိုက်ပြီး ဘေးတွင်ထိုင်နေသောစစ်လော့၏လက်ကောက်ဝတ်အား ပုတ်လိုက်သည်။ စစ်လော့က တွေဝေသောအကြည့်မျိုးဖြင့် ဘေးသို့ကြည့်လိုက်သည်။ စစ်ရှန်းက 'ကြည့်မနေနဲ့။ မင်းအတွက်ဘာမှစားစရာမရှိဘူး'ဆိုသောအကြည့်မျိုးဖြင့် မျက်လုံးပင့်ပြလိုက်၏။

ထိုအခါတွင်မှ အေးစက်စက်အကြည့်များအား ထုတ်လွှတ်နေသော လင်းစစ်ယောင်အား သတိထားမိသွားသည်။ သူသည် မရယ်နိုင်ဘဲ မနေနိုင်ပေ။ စစ်လင်တစ်ယောက် ခေါင်းငိုက်စိုက်ကျသွားလေသည်။ မဖြုံသော စစ်ထိုသည် သူ့အား 'ချစ်သူ'အဖြစ် စနောက်ဖူးသည်မှာ အံ့ဩစရာမရှိတော့ပေ။

စုရွှေလျန်အား ရင်းနှီးသည်ဟု တွေးနေမိသောကြောင့် သူမအား မကြာခဏကြည့်နေမိသည်။

လွန်ခဲ့သောနှစ်ဝက်ခန့်က သူနှင့် စစ်ရှန်းသည် တာဝန်ထမ်းဆောင်ရန် နန်းမြို့တော် ဖုန်းချန်သို့ သွားခဲ့ရကာ တစ်မြို့လုံးတွင် ကပ်ထားသောနံရံကပ်ကြေညာတစ်စောင်ရှိနေခဲ့သည်။ ကျင်းမင်းသားစံအိမ်မှ ဆုငွေများစွာထုတ်ထားသောမိန်းကလေးသည် စစ်လင်လက်ထပ်ထားသော စုရွှေလျန်နှင့် ဆင်သည်မဟုတ်လော။ ဖြစ်နိုင်သည်မှာ.....။

"မရီး မရီးရဲ့အမေက ဘယ်ဘယ်ကပါလဲ"

စစ်လော့က လင်းစစ်ယောင်၏လူသတ်သမားအကြည့်အား လျစ်လျူရှုကာ စုရွှေလျန်နှင့် စကားစတင်ပြောလိုက်သည်။

သွားလေပြီ။ စစ်ရှန်းတွေးသွားသည့်အတိုင်းပင်။

သူသည် စစ်လော့၏ရည်ရွယ်ချက်အား ခန့်မှန်းနေခဲ့သည်။ ထို့အပြင် သူနှင့်အတူနန်းမြို့တော်သို့သွားသည်မှာ စစ်လော့ပင်ဖြစ်သည်။ စစ်ရှန်းသည် အလိုရှိသူများကပ်ထားသည့်နံရံကပ်စာများအား မှတ်မိနေသေးသည်။ ကျင်းစံအိမ်၏ စတုတ္ထမြောက်သခင်မလေးသည် ပျောက်သွားကာ သူမအား ဆုကြေးငွေ ငွေစသုံးရာ ဆုကြေးထုတ်ထားပေသည်။

ပမာဏသည် မက်လောက်စရာဖြစ်ကာ ထိုကိစ္စနှင့်ပက်သက်သည့်ကောလဟလများသည်လည်း လမ်းကြိုလမ်းကြားမကျန် ပျံ့နှံ့နေသည်။ သို့သော် သူသည် မည်သည့်အခါမျှတွေးမိလိမ့်မည်မဟုတ်ပါ။

စစ်ရှန်း၏အကြည့်တိုက မှောင်မဲသွားသည်။ သူမသည် အမှန်ပင် ကျင်းမင်းသားစံအိမ်မှ စတုတ္ထမြောက်သခင်မလေးဖြစ်လျှင် စစ်လင်သည်လည်း ထိုအကြောင်းအားသိသည်လော။

စုရွှေလျန်သည် သူမနှင့်ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သော စစ်လော့မှာ သူမမိခင်ဇစ်မြစ်အားမေးလာလိမ့်မည်ဟု မျှော်လင့်မထားပေ။ သူမမည်သို့ပြန်ဖြေရမည်နည်း။ သူမလိမ်ရမည်လော။

“စစ်လော့!”

လင်းစစ်ယောင်က စစ်လော့၏မယဉ်ကျေးမှုအား ဟောက်လိုက်လေသည်။

“စစ်လော့ ဒါမျိုးတော့ လက်မခံနိုင်ဘူး"

စစ်ထိုကပါ ဝင်ထောက်လိုက်၏။

"ငါကမေးကြည့်ယုံတင်ပါ။ ဖြစ်နိုင်တာက.... ငါတို့မရီးက တစ်ခုခုကိုများဖုံးကွယ်ထားတာလားလို့"

စစ်လော့က ရယ်ကျဲကျဲဖြင့်မေးလိုက်ပြန်၏။

ငွေစသုံးရာကြောင့်မဟုတ်ပေ။ ရနိုင်သော်လည်း မထိခိုက်စေလိုပေ။ ထိုငွေသည် တစ်နှစ်စာလုပ်အားခနှင့်တူတူပင်ဖြစ်သည်။ လုပ်ကြံသတ်ဖြတ်ရခြင်းသည် နာကျင်စရာကောင်းသည်မဟုတ်လော။

အရေးကြီးဆုံးမှာ သူပျင်းနေသောကြောင့်ပင်ဖြစ်သည်။ စစ်လင်မည်သို့ ကျော်လွှားနိုင်ခဲ့သည်ကိုကြည့်ချင်ကာ ပြပွဲကောင်းကောင်းတစ်ခုကြည့်ချင်နေမိသည်။ အထူးသဖြင့် မည်မျှတိုးတက်လာသည်ကို ကြည့်ချင်မိသည်။ စစ်လင်သည်သာ ၎င်းတို့အား အနောက်ဘက်ဝရံသာတို့ တွန်းပို့နိုင်ပါလျှင် ၎င်းတို့ခွဲဝေသတ်မှတ်ထားသောတာဝန်အား သူသည်ပြီးမြောက်အောင်ဆောင်ရွက်ပေးပါလျှင် ကောင်းပေလိမ့်မည်။

တဟွေ့တိုင်းပြည်တွင် အတားအဆီးအဆင့်ကိုပါးအား ကျော်လွှားနိုင်သောလူတစ်ယောက်မကရှိသည်မှာ မဖြစ်နိုင်သည်လော။ သူသာမသုံးလျှင် ဖြုန်းတီးရာရောက်ပေမည်။

“အားယောင်!”

စုရွှေလျန်က လင်းစစ်ယောင်၏လက်ကို ဆွဲထားကာ ခေါင်းရမ်းပြလိုက်သည်။ လျှို့ဝှက်ထားရန်လိုအပ်သောအရာမျိုးမဟုတ်ကာ ၎င်းတို့သည်လည်း အားယောင်သည် မေးခွန်းများထုတ်စရာရှိသောသူအား လက်ထပ်ထားခြင်းဖြစ်မည်ကို စိုးရိမ်မိနေခြင်းဖြစ်မည်။ ထို့ကြောင့် သူမ သိသောအချို့ကိစ္စများအား ထုတ်ဖော်ရန် ဆုံးဖြတ်လိုက်သည်။ ၎င်းတို့ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ၎င်းတို့သဘောသာဖြစ်သည်။

"ကျွန်မအတိတ်ကိုမမှတ်မိဘူး။ အရင်ကဘာဖြစ်ခဲ့လဲဆိုတာကိုမသိဘူး။ ကျွန်မသိတာက ကျွန်မနိုးလာတော့ ဘာကိုမှမမှတ်မိတော့တာပဲ"

သူမသည်ခေါင်းငုံ့ကာ မျက်လွှာချပြီးရှင်းပြလိုက်၏။

လိမ်နေခြင်းတော့မဟုတ်။ သူမသည် အမှန်ပင် လက်ရှိခန္ဓာကိုယ်၏အတိတ်နှင့်ပက်သက်၍ မည်သည့်မှတ်ဉာဏ်မှမရှိပေ။ ယခင်စုရွှေလျန်အဟောင်းသည် နှလုံးသားအောက်ခြေအထိ နစ်မြုပ်သွားကာ နေ့အလင်းအား တစ်ဖန်မမြင်နိုင်တော့ပေ။ ထိုသို့မှမဟုတ်လျှင် သူမသည် နယ်ခံလူများ၏ မီးရှို့သတ်ဖြတ်ခြင်းခံရပေမည်။

ထို့နောက်တွင် ကိစ္စအားလုံးသည် လွန်စွာထူးဆန်းနေပေသည်။

သူမသည်လည်း ခုံ၏တစ်ခြားတစ်ဖက်တွင်ထိုင်နေသောသူဖြစ်လျှင် ယုံကြည်ရန်ခက်ခဲပေမည်။

"အတိတ်မေ့နေတာလား"

စစ်လော့နှင့် စစ်ရှန်းသည် အချင်းချင်းကြည့်မိလိုက်သည်။

"ဘာသိလို့လဲ"

စစ်ထိုက မျက်ခုံးပင့်ပြကာ စစ်ရှန်းနှင့် စစ်လော့၏အမူအရာသည် စုရွှေလျန်သည် မည်သည့်မိသားစုမှဖြစ်ကြောင်းအားသိရှိရန်မှာ မရိုးရှင်းကြောင်း ပြောပြနေသည်။

စုရွှေလျန်၏ နူးညံ့ညင်သာစွာဖြင့် အတိတ်အကြောင်းအားပြောပြသောအခါတွင် လင်းစစ်ယောင်တစ်ယောက် နှလုံးသားထဲတွင် နာကျင်သွားရသည်။ ၎င်းတို့သည် ထိုသုံးယောက်အား အေးစက်စက်ကြည့်ကာပြောလိုက်၏။

"အရင်စားကြ။ နောက်မှပြောမယ်"

***

All Chapters