← Chapters

သူရူးနေပြီ

Vol. 3 Ch. 79

သူရူးနေပြီ

Vol. 3 Ch. 79

စုရွှေလျန်သည် စစ်လော့အား သင်္ကာမကင်းကြည့်လိုက်သည်။ တစ်ဖက်သည် အဓိပ္ပာယ်ရှိသောအပြုံးမျိုးဖြင့်ပြုံးပြလိုက်သောကြောင့် သူမ မစိုးရိမ်ဘဲမနေနိုင်ပေ။ ၎င်းတို့ထိုသို့မေးနေခြင်းသည် လက်ရှိခန္ဓာကိုယ်ပိုင်ရှင်၏နောက်ကြောင်းအား သိခြင်းပေလော။

သူမစိတ်ဓာတ်ကျသွားကာ စုရွှေလျန်သည် စိတ်ထဲတွင်ကျိတ်ကာ မိမိဘာသာနှစ်သိမ့်နေမိသည်။ သူမသည် မှတ်ဉာဏ်များပျောက်ဆုံးသွားသည်ဟုပြောခဲ့သောကြောင့် ထူးဆန်းသောဆွေမျိုးတစ်စုသာ အိမ်တံခါးလာခေါက်ပါလျှင် ၎င်းတို့သည် သူမအား သင်္ကာမကင်းဖြစ်မည်လော။

သူမတွေးနေစဉ်ပင် လင်းစစ်ယောင်၏နွေးထွေးသောလက်နှစ်ဖက်က သူမပေါင်ပေါ်သို့ရောက်လာသည်။

"စိတ်မပူပါနဲ့။ ကိုယ်ဒီမှာရှိပါတယ်"

လင်းစစ်ယောင်က သူမနားနားသို့ကပ်ကာ အသံတိုးတိုးဖြင့် အားပေးနှစ်သိမ့်လိုက်သည်။ ထို့နောက်တွင် တူကောက်ကိုင်ကာ ဆီပူပေးထားသောမုန်လာဥနီကြော်အား ကောက်ယူကာ စုရွှေလျန်၏ပန်းကန်ထဲသို့ကောက်ထည့်ပေးလိုက်သည်။

"ကောင်းပြီ။ အရင်စားကြ။ စားပြီးမှ လမ်းလျှောက်လို့ရတာပဲ"

ထိုမြင်ကွင်းအား ထိုသူစိမ်းသုံးယောက်လွတ်သွားပေသည်။

အစတွင် ပြဇာတ်ကောင်းကြည့်ရတော့မည်ဟု စဉ်းစားထားသော်လည်း ဘေးရှိအမျိုးသမီးလေးအပေါ်သို့ လင်းစစ်ယောင်၏နူးညံ့သောအမူအရာအားတွေ့လိုက်သောအခါတွင် ထိုသုံးယောက်မှာ ပြောစရာစကားမရှိဖြစ်သွားရသည်။

ခံစားချက်အား စိတ်ထဲတွင်ဖော်ပြလျှင်ပင် မလုံလောက်သည်လော။

"မင်းတို့စားစရာရှိတာစား"

လင်းစစ်ယောင်က မော့ပင်မကြည့်ဘဲပြောလိုက်၏။ အလုပ်များနေသောသူ၏လက်များက စုရွှေလျန်အတွက် ထည့်ရန်လက်လှမ်းမမှီသောဟင်းများကို တစ်ခုပြီးတစ်ခုကောက်ယူကာ ပန်းကန်လုံးထဲသို့ ထည့်ပေးနေလေသည်။

"အင်း..."

အသံသုံးသံသည် တစ်ပေါင်းတစ်စည်းတည်း ထွက်ပေါ်လာသည်။

၎င်းတို့သည် စားရန်ကို မည်သို့ငြင်းဆန်နိုင်မည်နည်း။ စစ်လင်စားပြီးသွားသည့်နောက်တွင် ပန်းကန်များကိုဆေးကြောသန့်စင်ကာ မိမိတို့အား အပြင်သို့ခေါ်ထုတ်သွားမည်ကို သိပေသည်။ သူသည် ၎င်းတို့အား ဧည့်သည့်အဖြစ်မမြင်ပါ။ စုရွှေလျန်သည်သာ ၎င်းတို့အား ကြင်ကြင်နာနာဆက်ဆံကာ လက်ဖက်ရည်ငှဲ့ပေးပြီး မုန့်များချပေးလေသည်။ စစ်လင်က အကြည့်ဖြင့် ခြိမ်းခြောက်လိုက်၏။ ၎င်းတို့သည် လက်ဖက်ရည်နှင့်မုန့်များစွာအား မစားရဲကြတော့ပေ။

"မင်းတို့သိသမျှပြောပြ"

စားပြီးသည့်နောက်တွင် သူသည် စုရွှေလျန်အား ထိုကိစ္စနှင့်ပက်သက်၍မကြားစေချင်သည့်အတွက် ပန်းထိုးခန်းထဲသို့လိုက်ပို့လိုက်၏။ သူသည် စစ်ထို၊ စစ်လော့နှင့် စစ်ရှန်းတို့အား အရှေ့ဘက်မြစ်ကမ်းဆီသို့ခေါ်ဆောင်သွားသည်။ တစ်ချက်ကြည့်လျှင်ပင်သတိပြုမိနိုင်သော ကျယ်ပြန့်လှသည့်နေရာဖြစ်ကာ တစ်စုံတစ်ယောက်သည် ထောင့်တွင်ချောင်းနားမထောင်နိုင်သည်အထိ စိတ်ချရသောလုံခြုံမှုမျိုးပေး၏။

"နန်းမြို့တော်ရဲ့ ကျင်းမင်းသားအိမ်"

စစ်ရှန်းက စပြောလိုက်၏။

"စတုတ္ထမြောက်သခင်မလေး"

စစ်လော့က ဖြည့်စွက်ပေးလိုက်၏။

"သူကလား"

စစ်ထိုသည် မျက်ခုံးပင့်လိုက်ကာ သူ၏ရှေ့ရှိခံစာချက်မဲ့နေသောထိုသူအား တစ်ချက်ကြည့်လိုက်သည်။

"သံသယသက်သက်ပါ"

စစ်ရှန်းက ထပ်ပြောလိုက်၏။

"အခွင့်အရေးကတော့ အတော်လေးအလားအလာရှိတယ်"

စစ်လော့က မီးမွှေးပေးလိုက်၏။

စစ်ထိုသည် သေမည်မကြောက်သော စစ်လော့အား စာနာသနားစွာကြည့်လိုက်ပြီး စစ်လင်ဘက်သို့လှည့်ကာ အသံခပ်တိုးတိုးဖြင့်ပြောလိုက်၏။

" စစ်လင် သူကမှတ်ဉာဏ်တွေပျောက်နေတယ်ဆိုမှ‌တော့ ဘာမှမသိသလိုဟန်ဆောင်လိုက်ပါ။ တတ်နိုင်သမျှ ဒါကိုဖုံးကွယ်ထားနိုင်ရင်အကောင်းဆုံးပေါ့။ သူဘယ်တော့မှပြန်မမှတ်မိတော့ရင် အကောင်းဆုံးဖြစ်မယ်"

ထိုသို့မှမဟုတ်လျှင် မင်းသားကျင်း၏ ဩဇာအာဏာနှင့်ဆိုလျှင် ၎င်းတို့သည် လူသတ်သမားအား သားမက်တော်ကြမည်မဟုတ်ပေ။

"အဲ့လိုပြောမှ ဆုကြေးက ငွေစသုံးရာနော်"

စစ်လော့က ဖျက်လိုဖျက်ဆီးရယ်လိုက်ကာ သူ့အားကြည့်ပြီးပြောလိုက်သည်။

"ငါတော့ ပိုက်ဆံနည်းနည်းလိုချင်တာပေါ့"

၎င်းတို့အားစကားများကိုနားထောင်ရင်း လင်းစစ်ယောင်တစ်ယောက် ကောင်းကင်ကြီးအား တိတ်ဆိတ်စွာမော့ကြည့်နေမိသည်။ ငြိမ်းချမ်းစွာနှင့် တိတ်ဆိတ်စွာနေထိုင်ရန်မှာ ခက်ခဲလာတော့မည်ပုံပေါ်၏။

"မင်းပိုက်ဆံမရှိဘူးလား"

လင်းစစ်ယောင်က အေးစက်စွာမေးလိုက်၏။

"မရှိတာမဟုတ်ပါဘူး။ ဒါပေမဲ့ အများကြီးမှမရှိတာ"

စစ်လော့သည် လေ့ကျင့်ရေးတိုင်တစ်လုံးထိပ်သို့ခုန်တက်လိုက်ပြီး သူ့ဘေးတွင်ပတ်ချာဝိုင်းနေသည့် ငြိမ်းချမ်းငြိမ်သက်မှုအား လေ့လာနေမိသည်။

"ငွေစသုံးရာလား။ ကောင်းပြီ"

လင်းစစ်ယောင်က ခံစားချက်ကင်းမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူသည် စစ်ထိုဘက်သို့လှည့်လိုက်ကာ အမိန့်ပေးလိုက်သည်။

"ရှို့ရွှေဂူကနေ (၁၅၀၀)မီတာအကွာ၊ ငါးပင်မြောက်မေပယ်လ်ပင်၊ လမ်းကြောင်းတစ်ခုကိုဦးတည်နေတဲ့ပင်စည်၊ ရေကန်အောက်ခြေဘက်"

စစ်ထိုကြားသောအခါတွင် ထိုစကားကိုကြားသောအခါတွင် လျှို့ဝှက်ရတနာသေတ္တာထားသည့်နေရာကဲ့သို့ထင်မိသွားသည်။ သင်္ကာမကင်းဖြင့် မျက်ခုံးပင့်ပြလိုက်ကာ ခပ်တည်တည်ဖြင့်မေးလိုက်၏။

"ဘာအတွက်လဲ"

"အဲ့အထဲမှာ အရင်ဘဝတုန်းက စုထားခဲ့တာအကုန်လုံးရှိတယ်"

လင်းစစ်ယောင်က တည်ငြိမ်စွာပြန်ဖြေလိုက်၏။

ယခင်ဘဝ....? ထိုစကားလုံးသည် စစ်ထို၏ခန္ဓာကိုယ်အား တောင့်တင်းသွားစေသည်။ သူသည် မနာလိုဖြစ်သွားမိ၏။ ထိုသို့မှမဟုတ်လျှင် အဘယ့်ကြောင့် ထိုမျှရှင်းလင်းအောင်လုပ်နေပါသနည်း။ အသက်များအားရောင်းကာစုထားသည့်ငွေများအတွက် အရင်ဘဝဟုသောစကားလုံးသုံးရန် မလိုအပ်ပေ။

စစ်ရှန်းနှင့် စစ်လော့က အချင်းချင်းကြည့်လိုက်ကြကာ ဘာလုပ်ရမည်မသိဖြစ်သွားသည်။ လင်းစစ်ယောင်ဆိုလိုသောချန်ထားခဲ့သောအရာအားလုံးဆိုသည်ကို နားမလည်နိုင်ပေ။

၎င်းတို့အား သူ၏ယခင်ဘဝစုဆောင်းထားသည်များကို ပေးသိလိုက်ခြင်းမှာ မည်သည့်အဓိပ္ပာယ်ဖြစ်နိုင်မည်နည်း။

"ငါ့ကိုကူညီပေးပါ။ ယွင်လော့ဘုရားကျောင်းကို မင်းတို့ရောက်ရင် လှူပေးပါ"

လင်းစစ်ယောင်က အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေရာမှပြောလိုက်၏။ အသံခပ်နိမ့်နိမ့်ဖြင့် ညွှန်ကြားလိုက်ပြန်သည်။

"ငါ့အတွက်လည်း နည်းနည်းချန်ထားခဲ့ဦး။ ကျန်တာကို မင်းတို့သုံးယောက်ခွဲယူလိုက်ကြ။ တစ်ခုပဲရှိတယ်။ ရွှေလျန်....သူ့ကို ဘယ်တုန်းကမှမတွေ့ခဲ့ဘူးလို့ ဟန်ဆောင်ပေးပါ"

သူ၏တစ်ကိုယ်ကောင်းဆန်မှုအား ခွင့်လွှတ်ပေးပါရန် မျှော်လင့်နေမိသည်။ စုရွှေလျန်သည် ကျင်းသခင်မလေးဖြစ်သည်။ ၎င်းတို့သည် သူမအားမပြောလျှင် အကောင်းဆုံးဖြစ်ပေမည်။

သုံးဦးသားကြားသောအခါတွင် ကြောင်အမ်းသွားကြသည်။ စစ်လင်ကဲ့သို့ လူသတ်သမားတစ်ယောက်သည် မည်မျှငွေရနိုင်မည်နည်းစဉ်းစားကြည့်နေကာ သူသည် ထိုအရာအားလုံးအား ခွဲဝေရန် စကားအချို့သာပြောခဲ့သည်။

အတိတ်ဆယ်စုနှစ်၏အလုပ်များမှ သူသည် ငွေစထောင်ပေါင်းများစွာစုဆောင်းမိခဲ့လိမ့်မည်။

သူရူးနေပြီ...။ သုံးဦးသား၏တုန်လှုပ်ခြောက်ခြားသွားသောအကြည့်များမှ အနှစ်ချုပ်တစ်ခုတည်းသာရခဲ့ကြသည်။

အပြုံးတစ်ပွင့်သည် ရွှေစတစ်ထောင်နှင့်ထိုက်တန်သည်ဟုသောဆိုရိုးစကားကဲ့သို့ပင်။ သူ့အတွက် သံသယလေမျှဖြစ်သော်လည်း အရေးကြီးလှသည်။ နည်းပါးသောဖြစ်နိုင်ခြေဆိုလျှင်ပင် ခက်ခက်ခဲခဲရခဲ့ရသောငွေများအား ဇနီးဖြစ်သူအတွက် အားလုံးအဝေးသို့ပေးပစ်ရန်ဆန္ဒရှိပေသည်။ သူသည် အမှန်ပင်ရူးသွားလေပြီ။

စစ်လော့ စုပ်တသပ်သပ်ဖြင့်။

စစ်ရှန်းသည်တော့ ခေါင်ရမ်းနေမိသည်။

စစ်လော့ရုတ်တရက် ရယ်ကျဲကျဲဖြစ်သွားကာ အစစ်အမှန်အပြုံးတစ်ခုပေါ်လာပြီး လက်မထောင်ကာ လင်းစစ်ယောင်အား ပြောလိုက်၏။

"ငါတော့ချမ်းသာပြီ"

သူရွှေတူးမိသွားခြင်းဖြစ်လေသည်။ ထိုမျှလောက်များသောငွေအား မည်သည့်အခါမျှရရှိလိမ့်မည်မဟုတ်ပါ။

ငွေသည် ကောင်းသကဲ့သို့ ညစ်ပတ်လှသည်ဟုသောစကားသည် ပေါက်တက်ကရမျှသာဖြစ်သည်။

အထီးကျန်စွာလှည့်လည်သွားလာနေရသောလူသတ်သမားဘဝကိုစဉ်းစားကြည့်ပါလျှင် အံ့ဩစရာကောင်းလှသည့်ကိုယ်ခံပညာနှင့် နှစ်စဉ်အလုပ်လုပ်ကာ စုဆောင်းထားသောငွေသေတ္တာမှလွဲ၍ ၎င်းတို့တွင် ဘာမျှမရှိပေ။

ယခုတွင် စစ်လင်သည် မျှော်လင့်မထားစွာဖြင့် သူ၏စုဆောင်းထားသောငွေများအား ဇနီးဖြစ်သူနှင့်မခွဲချင်သည့်အတွက် ပေးပစ်ရန် ဆန္ဒရှိနေပေသည်။

ထိုသို့သောသတ္တိရှိခြင်းမျိုးသည် ၎င်းတို့သုံးယောက်တွင်မရှိသောအရာဖြစ်၏။

"အပေးအယူဖြစ်ပြီ"

စစ်လော့က ဦးစွာ သဘောတူလိုက်သည်။ သဘောမတူသည့်သူသည် ငတုံးပင်ဖြစ်ပေမည်။

"ကောင်းပြီ"

စစ်ရှန်းသည်လည်း‌ ခေါင်းညိတ်ကာသဘောတူလိုက်၏။ သူသည် ထိုငွေများအားယူရန် မရည်ရွယ်ခဲ့ဖူးပေ။ သို့သော်လည်း စစ်လင်သည်ရက်ရောနေသည့်အတွက် စစ်လော့သည်လည်း တွ့န်ဆုတ်ခြင်းမရှိဘဲ လက်ခံလိုက်သည်။ အထူးသဖြင့် သူသည် တပည့်(၂၃)ယောက်အားခေါ်လာခဲ့မိသည့်အတွက် မပျော်နိုင်ဖြစ်နေပေသည်။

စစ်ထိုသည် မျက်လုံးပင့်ကြည့်ကာ သူ၏အေးစက်ကာကွဲပြားသောအမူအရာအား ခေတ္တမျှဖျက်ဆီးလိုက်မိသည်။ အဆုံးသတ်တွင် စစ်လင်သည်သည ယခုသူအလိုရှိသကဲ့သို့ရနိုင်မည်ဆိုလျှင် ပျော်ရွှင်ဖွယ်ကောင်းသောဘဝလေးအား ထိန်းထားပေးလိမ့်မည်။ ထိုသို့မှမဟုတ်၍ ငွေများမျိုချထားသောလူသုံးယောက်အား ပြန်အန်ထုတ်ခိုင်းပါလျှင် ခက်ပေလိမ့်မည်။

…….

“အားယောင်?”

စုရွှေလျန်က လူသတ်သမားသုံးယောက်အား ပြန်ပို့ကာ ပြန်လာသော လင်းစစ်ယောင်အား အမောတကောကြိုဆိုလိုက်သည်။

"သူတို့ပြန်သွားကြပြီလား"

သူမသည် လင်းစစ်ယောင်၏ခန္ဓာကိုယ်ကို ကြည့်ရှုစစ်ဆေးကာ ခပ်လှမ်းလှမ်းမှပင်ကြည့်နေသည်။ အပြုံးဖြင့်လာသော စစ်ထိုသည် လင်းစစ်ယောင်၏အား သူမ၏မူလခန္ဓာကိုယ်ပိုင်ရှင်၏ဘဝအား သတိပေးသွားသည်လားဆိုသည်မှာ မသေချာပေ။

"အင်း"

လင်းစစ်ယောင်က လက်ဖက်ရည်အိုးကိုချကာ လက်ဖက်ရည်နှစ်ခွက်ငှဲ့လိုက်ပြီး တစ်ခွက်အား စုရွှေလျန်အားပေးလိုက်သည်။

"သူတို့မှာလည်း လုပ်စရာရှိသေးတယ်လေ"

ထိုသုံးယောက်သည် ရှီလန်နှင့် အလုပ်လုပ်စရာရှိကြသည်။ အကောင်းပတိပြန်သွားနိုင်ကြလျှင် ဖုန်းယောင်တရားရုံးပိုင်နက်သို့သွားကာ သူစုဆောင်းထားသမျှအား သွား၍တူးဖော်ပေလိမ့်မည်။ လင်းစစ်ယောင်က ပြုံးလိုက်မိသည်။

စစ်လော့၏ နှမြောသောစိတ်ဖြင့်ဆိုလျှင် သူသည် ထိုအခွင့်အရေးအား သေချာပေါက်လက်လွတ်ခံမည်မဟုတ်ပေ။

"သူက...ကျွန်မဆိုလိုတာက စစ်လော့က ကျွန်မအကြောင်းကို သိနေတာများလား..."

သူမသည် လင်းစစ်ယောင်မျက်နှာပေါ်ရှိ လေးနက်သောမျက်နှာထားအား တစ်ချက်ကြည့်လိုက်ကာ မမေးဘဲမနေနိုင်ပေ။

"သူလူမှားသွားတာ"

လင်းစစ်ယောင်က ပြန်ဖြေလိုက်၏။

တိကျသောဆင်ခြေရှာမတွေ့ခင်တွင်

"မင်းနဲ့သူတွေ့ခဲ့တဲ့သူက အရမ်းဆင်လို့တဲ့လေ"

ထိုစကားအား လိမ်လည်သည်ဟု တွက်ချက်၍မရပေ။ ပျောက်ဆုံးနေသောစာရင်းမှသူသည် လက်တွေ့မဆန်နိုင်ပေ.

"ဪ...အဲ့လိုကိုး..."

စုရွှေလျန်တစ်ယောက် စိတ်သက်သာရသွားလေ၏။

***

All Chapters