← Chapters

ကွမ်ရင်မယ်တော်သည် ကလေးတစ်ယောက်အားချီးမြင့်ပေးလိုက်သည်

Vol. 3 Ch. 80

ကွမ်ရင်မယ်တော်သည် ကလေးတစ်ယောက်အားချီးမြင့်ပေးလိုက်သည်

Vol. 3 Ch. 80

NSFW warning~

စုရွှေလျန်သည် တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်ကိုယူထားခြင်းဖြစ်သော်လည်း မိဘများနှင့် အခြားမိသားစုဝင်များအား ဘာသာတရားကိုင်းရှိုင်းမှုပြသရန် ယခုထက်ထိဆန္ဒမရှိသေးပေ။

သို့သော် သူမ၏ရှက်တတ်သောသဘာဝကြောင့် သူမနှင့်ပက်သက်သည့် မေးခွန်းထုတ်စရာအချက်အား ရှာတွေ့သွားပြီး သူမ၏ဇစ်မြစ်အား သံသယဝင်သွားကြမည်ဆိုလျှင်....။ ပို၍ဆိုးသည်မှာ ၎င်းတို့သည် သူမအားကြောက်စရာကောင်းမျက်လုံးမျိုးဖြင့် ကြည့်ကြပါလျှင်။ ထိုသို့ဖြစ်ခဲ့လျှင် သူမသည် ၎င်းတို့အား မည်သို့မျက်နှာချင်းဆိုင်ကာ ထိုနေရာသို့မည်သို့သွားရပါမည်နည်း။

သူမက တိတ်ဆိတ်ကာအလှမ်းဝေးလှသော ဖန်းဟွာမြို့လေးတွင် ချစ်ရသောယောင်္ကျားနှင့်နေခွင့်ပြုလိုက်ကာ ချစ်စရာကောင်းသောကလေးများမွေးပေးလိုက်လျှင်ပင် ထိုအရာသည်....သူမ၏အိပ်မက်သက်သက်သာဖြစ်သည်။

ထို့နောက် တစ်ချိန်တည်းတွင်ပင် ထိုအိပ်မက်သည် လင်းစစ်ယောင်၏အစီအစဉ်နှင့် မတော်မဆတိုက်ဆိုင်သွားသည်။ ခင်ပွန်းနှင့်ဇနီးသည် တူညီသောခံစားချက်များနှင့်ရည်ရွယ်ချက်အား မျှဝေကြသည်ဟု ခေါ်နိုင်သည်လော။

"ရွှေလျန် မင်းမှာဘယ်လိုနောက်ခံမျိုးပဲရှိရှိ ကိစ္စမရှိဘူး။ အခု မင်းကငါ့ဇနီးဖြစ်နေပြီ။ မင်းကိုဒီတိုင်းလက်လွှတ်ပေးမှာမဟုတ်ဘူး။ လုံးဝမှ လုံးဝပဲ..."

ထိုနေ့ညတွင် လင်းစစ်ယောင်က သူမအား အဆက်မပြတ် မရပ်မနားအနှောင့်အယှက်ပေးနေသည်။ မရိုးမသားပြုမူချင်သော်လည်း သူမအား နူးညံ့စွာသာအလိုရှိခဲ့သည်။

သူမသည် သူ၏နွေးထွေးနေသောပုခံများကိုကိုင်ထားကာ ကြံ့ခိုင်ကာ အရိုင်းဆန်သောစည်းချက်နှင့်အတူ သူမသည် ကောင်းကင်ဘုံ၏တောက်ပခံ့ညားသောအထွတ်အထိပ်အား အကြိမ်ပေါင်းများစွာ ဝင်ရောက်သွားခဲ့သည်။

ကတိစကားကဲ့သို့ သူ၏တီးတိုးသံလေးက သူမနားထဲသို့ ပဲ့တင်ထပ်သွားသည်။

၎င်းတို့သည် ထိုအရာအား သူမပင်ပန်းနွမ်းနယ်ကာ သူ၏ကိုယ်ပေါ်တွင်အိပ်ပျော်သွားသည်အထိ လုပ်ခဲ့ကြသည်။ နောက်ဆုံးတွင် သူသည်လည်း သူ၏နွေးထွေးမှုအား သူမခန္ဓာကိုယ်၏အနက်ရှိုင်းဆုံးသောနေရာသို့ ထုတ်လွှတ်ပေးလိုက်သည်။

……..

နောက်ရက်များတွင် နှစ်ဦးသားသည် သူမ၏နောက်ကြောင်းနှင့်ပက်သက်သည့်ကိစ္စအား မည်သည့်အခါမျှထပ်မပြောကြတော့ပေ။ အားယောင်၏မိတ်ဆွေသုံးယောက်လာလည်သောနေ့သည် အိပ်မက်တစ်ခုထက်မပိုပေ။

သူမဘာသာရယ်မိပြီး ခေါင်းရမ်းလိုက်ကာ ထိုရှုပ်ထွေးနေသောအတွေးများကို စိတ်ထဲတွင်သာသိမ်းထားလိုက်သည်။ သူမက အောက်သို့ငုံ့အား "ကွမ်ရင်မယ်တော်သည်ကလေးတစ်ယောက်အားကောင်းချီးပေးသည်"ဆိုသော ပန်းထိုးအပိုင်းအစကိုသာ စတင်လိုက်လေ၏။

ပန်းချီကား၏အလယ်တွင် လေထဲတွင်ပျံသန်းကာအဝတ်အစားများတလွင့်လွင့်နေပြီး ကျက်သရေရှိလှသောအမူအရာမျိုးဖြင့် ကွမ်ရင်မယ်တော်ပုံရှိသည်။ လက်တစ်ဖက်တွင် မိုးမခကိုင်းပါသောပန်းအိုးအားကိုင်ထားပြီး တစ်ခြားတစ်ဖက်တွင် ကလေးတစ်ယောက်ကိုကိုင်ထားပြီး သူမ၏ရင်ဘတ်ဖြင့်ဖုံးကွယ်ထားကာ သူမသည် တိမ်ပင်လယ်ပေါ်တွင်ရပ်နေသည်။

ပန်းထိုးနေရင်းဖြင့် စုရွှေလျန်သည် အပြစ်ကင်းကာချစ်ရာကောင်းသော ကလေးဝဝကစ်ကစ်လေး၏ဆွဲဆောင်ခြင်းခံလိုက်ရသည်။

သူမသည် အားယောင်နှင့်လက်ထပ်ခဲ့သည်မှာ နှစ်ဝက်မျှပင်ရှိပြီဖြစ်သည့်အကြောင်းအား စဉ်းစားမိသွားသည်။ သို့သော်လည်း ယခုထက်ထိကိုယ်ဝန်ရှိသည့်လက္ခဏာမပြသေးပေ။

ထိုကိစ္စအား သူမအားမေးကာ ကြိုပြင်ဆင်ရန်ပြောထားသော အဒေါ်လောင်နှင့်ထိုအကြောင်းပြောခဲ့သည်ကို ပြန်ကြားယောင်မိလာသည်။ ထိုသို့မှမဟုတ်လျှင် ၎င်းတို့သည် နှစ်ဝက်ကုန်ဆုံးခဲ့သည်ကိုပင် မည်သို့ကလေးမရဘဲနေပါသနည်း။

အဒေါ်လောင်သည်လည်း သူမအားစိတ်ပူသင့်ပေသည်။ အဆုံးသတ်တွင် သူမသည် မိန်းမတစ်ယောက်ဖြစ်နေသေးသည်။ သူမသည် ကလေးမမွေးနိုင်လျှင် ကျန်ရှိသောဘဝသက်တမ်းတွင် ခင်ပွန်းဖြစ်သူ၏မိသားစုဘက်မှ မနှစ်မမြို့ဖြစ်ကြလျှင် သူမသေချာပေါက်ခံစားရမည်ဖြစ်ကာ လက်ထပ်ထားသောအတွဲကိုပင် ကွဲသွားစေနိုင်ပေသည်။

အဒေါ်လောင်တွင် ကလေးမမွေးနိုင်သောချွေးမရှိကာ စကားနည်းသောသားဖြစ်သူသည် တစ်နေကုန်စိတ်ဓာတ်ကျနေရှာသည်။ ခင်ပွန်းနှင့်ဇနီးသည်ကြားမှ မူလခံစားချက်များသည် အားကောင်းနိုင်သည်ဆိုလျှင်ပင် ရက်စက်သောအချိန်၏တိုက်စားခြင်းကြားတွင် ရှင်သန်နိုင်မည်မဟုတ်ပါ။ အဆုံးသတ်တွင် ကလေးတစ်ယောက်ပင်မရှိခြင်းသည် သနားစရာဖြစ်ပေလိမ့်မည်။

သူမ၏လက်လေးဖြင့် ပြားချပ်နေသောဗိုက်လေးပေါ်သို့ ညင်သာစွာဖုံးထားလိုက်ကာ ကိုယ်ဝန်မြန်မြန်ရှိလာရန် မျှော်လင့်ယုံမှအပ မတတ်နိုင်ပေ။ သူမတစ်ဘဝလုံးသာ သန္ဓေမတည်နိုင်လျှင် ဖြစ်လာမည်များကို စိတ်ကူးပင်မကြည့်နိုင်ပေ။ အားယောင်သည် သူမအား ကွာရှင်းရန်ရွေးချယ်မည်လော။ ထိုသို့မဟုတ်လျှင် အငယ်အနှောင်းများထားမည်လော။

မဖြစ်သေးချေပေ။ သူမခေါင်းရမ်းမိလိုက်သည်။ မဖြစ်နိုင်။ သူသည် သူမအပိုင်သာဖြစ်သည်။ သူပိုင်ဆိုင်နိုင်သောတစ်ယောက်တည်းသောသူမှာလည်း သူမသာဖြစ်သည်။

ရုတ်တရက်ပင် ယခင်ဘဝမှသူမ၏အမေသည် အဘယ့်ကြောင့် အထီးကျန်စွာခံစားခဲ့ရသည်ကို နားလည်လာပေသည်။

ကလေးမွေးနိုင်သည့်အရည်အချင်းပျောက်ဆုံးသွားခြင်းသည် ပက်သက်ဆက်နွယ်ရေးအား ဆုံးရှုံးသွားစေကာ ခင်ပွန်းနှင့်ဇနီးသည်ကြားတွင်လည်း ရင်းနှီးခြင်းပျောက်ဆုံးသွားရသည်။ ထိုသို့ကွဲကြေရသောအချစ်မျိုးသည် မည်သည့်မိန်းမမျှလက်ခံချင်လိမ့်မည်မဟုတ်ပေ။

ယခုနေရာမှစဉ်းစားကြည့်လျှင် စုရွှေလျန်က သူမ၏နှုတ်ခမ်းအား တင်းတင်းကိုက်ထားမိသည်။ သူမသည် အသက်ဝင်လှသောပန်းချီကားထဲမှ ကွမ်ရင်မယ်တော်ပုံကိုကြည့်ကာ တီးတိုးလေးပြောလိုက်မိ၏။

'ကွမ်ရင်မယ်တော် ကျွန်မကလေးရမှာမလား'

ရှီချွေ့လက်ထပ်ခါနီးသုံးရက်အလိုတွင် သူမသည် စုရွှေလျန်ဆီသို့ နောက်တစ်ခေါက်သွားလည်ခဲ့၏။ စုရွှေလျန်အား သူမနှင့်အတူ ချင်းယွီဘုရားကျောင်းသို့ ဘုရားဝတ်ပြုဖို့လိုက်စေချင်နေသည်။

ယခုတစ်ခေါက်တွင် သူမသည်လည်း ဆန္ဒရှိနေကာ ရှီချွေ့နှင့်အတူတူ ချင်းတောင်ထိပ်သို့သွားကာ အမွှေးတိုင်ထွန်းကာပူဇော်ချင်နေမိသည်။

ရှီချွေ့သည် ပျော်ရွှင်စရာလက်ထပ်ပွဲအားဆုတောင်းသည်ဆိုလျှင် သူမသည် ကလေးတစ်ယောက်အား ဆုတောင်းမိပေမည်။

ရွှေရောင်ကွမ်ရင်မယ်တော်ရုပ်ထုရှေ့တွင် ဒူးထောက်ကာ လက်နှစ်ဖက်ထဲတွင် အမွှေးတိုင်များကို ရိုသေလေးစားစွာကိုင်ပြီး တောင်းဆုပြု၏။ ဦးသုံးကြိမ်ချပြီးသည့်နောက်တွင် အမွှေးတိုင်အားထွန်းညှိလိုက်ကာ အရိုအသေပေးလိုက်ပြီး သူမနှလုံးသားထဲမှာ အမှန်ဖြစ်လာစေလိုသောဆန္ဒအား ဆုတောင်းမိပေသည်။

ဖန်းလော့မြို့၏ ချင်းယွီဘုရားကျောင်းတွင်ရှိသည့် ကွမ်ရင်မယ်တော်အားပူဇော်ပါလျှင် လွန်စွာအကျိုးထိရောက်သည်ဟူသောယုံတမ်းစကားရှိသည်။ ဝေးကွာသောနေရာကြောင့် လူများစွာထိုအကြောင်းအား မသိကြပေ။ အမှန်တွင် အထက်တွင်ပြောခဲ့သောဝိညာဉ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုများမှာလည်း ဘာသာရေးတရားကိုင်းရှိုင်းခြင်းနှင့် ဦးချသောလူ၏ရိုသေလေးစားမှုလိုအပ်ပေသည်။ ထို့အပြင် ကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းစည်းကမ်းများအား လှုပ်ခါစေနိုင်သည့်ဆုတောင်းမျိုးသာမဟုတ်လျှင် သဘာဝအားဖြင့် အန္တရာယ်မများနိုင်ပေ။

လင်းစစ်ယောင်သည် ချင်းယွီဘုရားကျောင်းအပေါက်ဝတွင် ရပ်နေသည်။ ခေါင်းမှခြေအဆုံးသွေးစွန်းနေသောသူသည် ဝတ်ပြုရန် ဘုရားကျောင်းထဲသို့ဝင်လျှင် ရုပ်ဖျက်ကာ ဘာသာရေးတရားအားစော်ကားသလို ဖြစ်မည်ပင်။

သို့သော်လည်း သူမအား တောင်ပေါ်သို့ကာကွယ်ရန်သာလိုက်လာခြင်းမဟုတ်လျှင် မသက်မသာခံစားနေရသည်။ ရွေးချယ်စရာမရှိသည့်အတွက် ချင်းယွီဘုရားကျောင်းတံခါးဝတွင်သာ ရပ်နေနိုင်သည်။ သူ၏အာရုံသည် နူးညံ့သိမ်မွေ့သောအမျိုးသမီးနောက်သို့ လိုက်ပါသွားသည်။

သူမ၏ရိုသေလေးစားစွာဝတ်ပြုခြင်းအားကြည့်ကာ မည်သည့်အရာအားဆုတောင်းနေသနည်းကို လင်းစစ်ယောင်စပ်စုချင်လာမိသည်။

ထိုအမျိုးသမီးလေးသည် သူ့အတွက် ကလေးတစ်ယောက်မွေးပေးရန်လာဆုတောင်းခြင်းဖြစ်ပါလျှင် သေချာပေါက်အော်ရယ်မိပေလိမ့်မည်။

လက်တွေ့တွင် သူမသည် လက်ထပ်ပြီးနောက်တွင် အသက်(၁၅)နှစ်သာရှိသည်ကို မစဉ်းစားမိပေ။ နုနယ်သောခန္ဓာကိုယ်လေးသည် ကိုယ်ဝန်ဆယ်လလွယ်သည့်နာကျင်မှုအား ခံစားရပေမည်။ ၎င်းတို့နှစ်ယောက် "ထိုကိစ္စ"အား လုပ်ပြီးသည့်အချိန်တိုင်းတွင် သူမအား သန္ဓေတည်ခြင်းအားကာကွယ်ရန် တရုတ်အပ်စိုက်ကုထုံး၏အကြောနေရာများအား နှိုးဆွပေးရသည်။

သို့သော်လည်း စစ်ထိုတို့ လာပြီးနောက်တွင် စုရွှေလျန်ကိုယ်ဝန်ရနိုင်သည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ ထိုအစား ကြိုးကြိးစားစားပင်လုပ်ကာ သူမ မကြာမီအချိန်တွင် ကလေးရလာရန်သာဆုတောင်းနေမိတော့သည်။

သူ့တွင် စိတ်မအေးသောခံစားချက်တစ်ခုရှိနေပေသည်။ စစ်လော့နှ့င်အခြားသူများပေါ်ပေါက်လာသောရလဒ်အနေဖြင့် စုရွှေလျန်၏ဖြစ်နိုင်ချေရှိသောနောက်ကြောင်းအား သိခဲ့ရသည်။ သူ့စိတ်ထဲစိတ်မအေးသောခံစားချက်အား ပို၍ပင်သိသာလာစေသည်။

ထို့နောက်တွင် သူနှင့်သူမကြားတွင် ကလေးတစ်ယောက်ရှိလာစေချင်မိသည်။ သူသည်သာ မှားယွင်းတွက်ချက်ခြင်းမဟုတ်ပါလျှင် သူမကိုယ်ဝန်ရှိနေသင့်ပြီဖြစ်သည်။

ချင်းယွီဘုရားကျောင်းမှ ပြန်လာပြီးနောက်တွင် စုရွှေလျန်၏နလုံးသားထဲသို့ ပျော်ရွှင်ခြင်းနှင့်အေးချမ်းခြင်းတို့ တစ်ဖန်ဝင်ရောက်လာပြန်၏။

ချင်းယွီဘုရားကျောင်းထဲတွင် ကွမ်ရင်မယ်တောင်နှင့်မျက်နှာချင်းဆိုင်မိသောအခါတွင် ရုတ်တရက်အကြောင်းအရာတစ်ခုအား သဘောပေါက်ခဲ့သည်။ လောကြီးတွင် တွန်းအားမပေးနိုင်သည့်အရာများရှိ၏။ သူမပိုင်ဆိုင်သည့်လျှင် သေချာပေါက်ရလာမည်ဖြစ်သည်။ သူမ မပိုင်ဆိုင်နိုင်ပါလျှင် မည်မျှပင်ဆုတောင်းနေပါစေ လက်တွေ့ဖြစ်လာမည်မဟုတ်ပေ။ ဆုတောင်းသူများသည် မိမိတို့၏စိုးရိမ်ပူပန်နေသောစိတ်နှလုံးအား နှစ်သိမ့်ပေးသည်ထက်မပိုပေ။

ထိုသို့စဉ်းစားမိပြီးနောက်တွင် သူမ၏စိုးရိမ်ကြောင့်ကြနေသောဆန္ဒကို ချိုးနှိမ်လိုက်သည်။

ရှီချွေ့လက်ထပ်ရန် သုံးရက်လိုပေသည်။ သူမအားပေးမည့်လက်ဆောင်ကို ပြင်ဆင်ပြီးသည်မှာ ကြာပြီဖြစ်သည်။ ယခုတွင် မနက်ဖြန်ကိုစောင့်ဆိုင်းကာ လောင်အိမ်သို့ လက်ဖွဲ့အားသွားပေးရန်သာကျန်တော့သည်။

လင်းစစ်ယောင်သည် လွန်ခဲ့သောရက်ကပင် လယ်ကွင်းထဲ၌ မြေကွက်တစ်ခုလုံးအား ထွန်ယက်စိုက်ပျိုးကာ အချိန်ကုန်ဆုံးနေပေသည်။ ယခုတွင် သူသည် ဆောင်းဂျုံများအား ရိပ်သိမ်းရန်စောင့်စားနေခြင်းဖြစ်သည်။ ဆောင်းရာသီဂျုံများအား စုဆောင်းပြီးနောက်တွင် သူသည် ထိုမြေအား ဆန်စိုက်ရန် ပြန်အသုံးပြုရန် ပြင်ဆင်ရပေမည်။

ထိုသို့ဖြင့် မိသားစုအတွက် လိုအပ်သောအစားအသောက်များ ဖူလုံသွားပေသည်။

အမှန်တွင် ကောင်းကင်ဘုံသည် သူ့အားအပြစ်မပေးလျှင် ထိုလယ်များသည် မိသားစုတစ်ခုလုံးစားရန်လုံလောက်ယုံမက တစ်ဝက်ကိုပင် နောင်နှစ်အတွက် သိမ်းထားနိုင်သည်ဟု ဆိုရပေမည်။

လပြက္ခဒိန် သုံးလပိုင်း၏ (၁၈)ရက်မြောက်နေ့၊ လှပကာတိမ်ကင်းသောနေ့လေးသည် မင်္ဂလာရက်မြတ်ပင်ဖြစ်၏။

မနက်စောစောတွင် စုရွှေလျန်သည် လောင်အိမ်သို့ ကူညီရန်ထွက်သွားသည်။ အကြောင်းမှာ ရှီချွေ့သည် သူမပြင်ပေးသောမိတ်ကပ်အားကြိုက်သောကြောင့်ဖြစ်သည်။ သူမသည် ထိုကိစ္စနှင့်ပက်သက်၍ စုရွှေလျန်ဖြင့်ဆွေးနွေးပြီးဖြစ်ကာ ယနေ့တွင် ရှီချွေ့၏ မျှော်လင့်စောင့်စားကာ အနည်းငယ်မျှစိုးရိမ်နေသောမျက်နှာလေးအား သူမက သတိုးသမီးပဝါစဖြင့်ဖုံးအုပ်ပေးလိုက်ပြီး အနာဂတ်သတို့သားလောင်းလာကာ သူမအားခေါ်သွားမည်ကို စောင့်စားစေသည်။ လွန်ခဲ့သောနှစ်ဝက်က မိမိကို စုရွှေလျန်သတိရသွားမိသည်။ ထိုအချိန်ကမြင်ကွင်းနှင့်အတူတူပင် မဟုတ်လော။

အချိန်ကုန်သည်မှာမြန်လွန်းသည်ဟုထင်မိကာ သက်ပြင်းချလိုက်မိ၏။ လင်းစစ်ယောင်နှင့် လက်ထပ်ခဲ့သည့်အချိန်ကို ပြန်စဉ်းစားကြည့်ပါလျှင် တစ်နှစ်နီးနီးပင်ရှိတော့မည်ဖြစ်၏။

***

All Chapters