အမြစ်နှုတ်လိုက်ခြင်း
Vol. 120 Ch. 1668
သူတို့သည် ရှီမာကျိယွင်ကို သွားရှာကြရာ ခါးသီးသော မျက်နှာနှင့် လူကို တွေ့လိုက်ရလေသည်။
“ဘာတွေဖြစ်ထားကြတာလဲ” ရှီမာယူယူသည် သူတို့ကို နားမလည်စွာ ကြည့်လိုက်သည် “မျိုးနွယ်ထဲမှာ တစ်ခုခုများဖြစ်ထားတာလား”
“ဟူး” ရှီမာကျိယွင် သက်ပြင်းချလိုက်သော်လည်း စကားဆက်မပြောပေ။
“ဟုတ်ပြီ အကုန်လုံး ဒီလိုတွေဖြစ်နေကြမှတော့ ကိစ္စကြီးတော့ ဟုတ်ပုံ မရဘူး ပြောပါဦး ဘာတွေအခက်တွေ့နေတာလဲ” ရှီမာယူယူသည် အောက်နား ရှိ နေရာလွတ်တွင် ဝင်ထိုင်ကာ ထိတ်ပြာပြာဖြစ်သွားသော စိတ်ကို ပြန်ငြိမ် အောင်လုပ်ရသည်။
“အဲဒါက ကိစ္စကြီးမဟုတ်ဘူးလို့ ဘယ်လိုသိတာလဲ” ရှီမာကျိယွင်သည် သူမကို စိုက်ကြည့်လိုက်သည် “သမီးရဲ့ဘိုးဘိုးကြီးရဲ့ ဆံပင်တွေအကုန်ဖြူတော့ မလိုဖြစ်နေတာ မမြင်ဘူးလား”
“ဘိုးဘိုးကြီးရဲ့ ဆံပင်က အမြဲဖြူနေတာမဟုတ်ဘူးလား” ရှီမာယူယူ သူ့ ကို စိုက်ကြည့်လိုက်ရာ သူ့မျက်လုံးများသည် အကူအညီမဲ့သွားလေသည်။
“…” ရှီမာကျိယွင်သည် သူမကို စိုက်ကြည့်လေသည် “အသည်းနှလုံး မရှိ လိုက်တာ၊ ငါကတော့ သူ့ကိုစိတ်ပူလို့သေတော့မယ် ငါ့ကိုကျ ဒီလိုမျိုးပြောနေ သေးတယ်”
“အိုး ဘိုးဘိုးကြီးတို့က သမီးကိုစိတ်ပူနေတာလား ဘာကိုလဲ၊ ဘာလို့ မပြောကြတာလဲ တကယ်စိတ်ပူနေလားလို့ ကြည့်ရအောင်” ရှီမာယူယူ မေး လိုက်သည်။
“ဟင်း အဲလူတွေက သူတို့နေရာသူတို့မသိလို့လေ၊ သူတို့က တကယ်ပဲ ငါတို့အိမ်တော်ကိုလာပြီး လက်ထပ်ကိုလာကမ်းလှမ်းရဲသေးတယ်… အဲဒါက ဘာလဲကွာ ငါတို့ယူယူက တွေ့ကရာခွေးလေခွေးလွင့်တွေ လက်ထပ်ဖို့ ကမ်းလှမ်းရမယ့်သူမဟုတ်ဘူး ကျွတ်” ရှီမာကျိယွင်သည် နှာရှုတ်လေသည်။
“ဖူး”
ရှီမာယူယူနှင့် ရှီမာလျူရွှမ်တို့သည် သောက်နေသည့် လက်ဖက်ရည်များ ပြန်ထွက်သွားတော့သည်။
“ဘိုးဘိုးကြီး ဘာတွေပြောနေတာလဲ သမီးကိုလက်ထပ်ဖို့ ကမ်းလှမ်းတဲ့ သူတွေရှိတာလား” ရှီမာယူယူသည် အားလုံးကို တအံ့တဩဖြင့် ကြည့်လိုက် သည် “ဘိုးဘိုးကြီး သဘောတူလိုက်တာမဟုတ်ဘူးမလား”
“မတူလိုက်ဘူးလေ မင်းရဲ့ဘိုးဘိုးကြီးကို ကန်းနေတယ်ထင်နေလား” ရှီမာကျိယွင်သည် နှာမှုတ်လေသည်။
“ဒါဆိုလည်း ပြီးတာပဲ” ရှီမာယူယူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ အဲလူတွေလစ်သွားပြီးတော့ နှစ်လအတွင်းကို တွေ့ကရာလူတွေ ၇ ခါ ၈ ခါလောက်လာကြတယ် ငါဒေါသထွက်လို့သေတော့မယ်” ရှီမာကျိယွင ပြောလိုက်သည်။
“အဲတော့ ဘိုးဘိုးကြီး ပြောချင်တာက သမီးကို ဘယ်သူမှ လက်ထပ်ဖို့ ကမ်းလှမ်းလို့မရဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ငါတို့ယူယူလေးက အကောင်းဆုံးပဲ အဲလူ တွေက သမီးနဲ့ယှဉ်လို့ကိုမရဘူး အခုပြောမှပဲ အဲဒီကောင်စုတ်လေးဝူလင်းယူဆီ က ဘာလို့သတင်းတစ်ခုမှမကြားရတာလဲ သူက အလုခံချင်နေတာလား” ရှီမာကျိယွင်သည် အလွန်ပင် မပျော်မရွှင်ဖြစ်နေသည်။
“သူက သူ့ဘက်မှာ ကိစ္စလေးတချို့ရှင်းစရာရှိလို့ပါ၊ ဘိုးဘိုးကြီးက သမီး ကို မြန်မြန်အိမ်ထောင်ချပေးချင်နေပြီလား” ရှီမာယူယူ နှုတ်ခမ်းဆုတ်လိုက် သည်။
“ဘယ်သူက အဲလိုပြောလို့လဲ”
“မဟုတ်ရင် ဘာလို့အဲလောက် စိတ်ပူနေတာလဲ” ရှီမာယူယူသည် ပြုံးပြီး ပြောလိုက်သည်။
“ဒီအတိုင်း စိတ်တိုလို့လေ” ရှီမာကျိယွင်သည် နှာရှုတ်လေသည်။
“ဟုတ်ပြီ ဒီကိစ္စတွေကို စိတ်ထဲမထားနဲ့တော့၊ ဘိုးဘိုးကြိးစိတ်ပူရမယ့် တခြားကိစ္စရှိတယ်” ရှီမာယူယူ ပြောလိုက်သည်။
“မသေလူတွေ ကိစ္စလား” ရှီမာဟော်ရွှမ်သည် ချက်ချင်းပင် သူမ ပြောလို သည့်ကိစ္စကို ပြောလေသည်။
“ဟုတ်တယ် အဲဒီကိစ္စက ဖြေရှင်းလို့မပြီးသေးဘူး အခုထိပြဿနာတက် နေတုန်းပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ထိပ်တန်းတောင်ကြားမှာ ဖြစ်ခဲ့တာတွေကို ငါသိပြီးပြီ၊ ယန်းမျိုးနွယ်က ပုန်းသွားပေမဲ့ ပြဿနာကိုအမြစ်ကမနှုတ်ပစ်ရင် နောက်ဆုံးတော့ ကိုယ့်ပဲ ပြန် လာရိုက်လိမ့်မယ်” ရှီမာကျိယွင် ပြောလိုက်သည်။
“အခုချိန်မှာ ယန်းမျိုးနွယ်က ပြဿနာကြီးမဟုတ်သေးဘူး သတိထားရ မယ့်ဟာက… လျှို့ဝှက်တုနန်မျိုးနွယ်ပဲ”
“တုနန်မျိုးနွယ်လား”
“ယန်းမျိုးနွယ်က တုနန်မျိုးနွယ်ကို ဝင်သွားရင် သမီးနဲ့ထိပ်တန်းတောင် ကြားအပေါ်မှာထားတဲ့ သူတို့ရန်ငြိုးနဲ့ဆိုရင် တုနန်မျိုးနွယ်ပါ ဝင်ပါလာမှာစိုးရ တယ်” ရှီမာယူယူ၏အမူအရာမှာ တည်တံ့နေသည် “ပြီးတော့ ဒီကိစ္စကို ဖြေရှင်း ဖို့ အကောင်းဆုံးနည်းလမ်းက ကြောက်သလိုလုပ်ဖို့ပဲ၊ တုနန်မျိုးနွယ်က အဲဒါကို ယုံသွားရင် သမီးနဲ့ရှီမာမျိုးနွယ်တစ်ခုလုံးကို လာတိုက်ခိုက်မှာပဲ”
“ဒီလိုအခြေအနေမျာဆိုရင် ထိပ်တန်းတောင်ကြားကို ရှင်းချင်တယ်ဆိုရင် သူတို့အတွက် မလွယ်ဘူး ငါတို့ရှီမာမျိုးနွယ်က ရှင်းဖို့လွယ်တဲ့ပုံပေါက်နေတယ်” ရှီမာဟော်ရွှမ်းသည် ရှီမာယူယူ၏ ပူပန်မှုကိုသိသည်။
“ဟုတ်တယ် သမီးစိုးရိမ်တာအဲဒါပဲ” ရှီမာယူယူသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည် “သူတို့က ရှီမာမျိုးနွယ်ကို လာတိုက်ခိုက်မှာစိုးရတယ်”
“အဲဒီကိစ္စကိုတော့ စိတ်ပူဖို့မလိုပါဘူး” ရှီမာဟော်ရွှမ် ပြုံးလိုက်သည် “ငါတို့ရှီမာမျိုးနွယ်က မြင့်တက်နေတာကြာပြီ၊ ငါတို့ကို နိုင်ဖို့ လွယ်မှာတဲ့လား သူတို့က မသေလူတွေကိုမသုံးသရွေ့ စိုးရိမ်ဖို့မလိုဘူး ပြီးတော့ သူတို့က အခု မသေလူတွေကို မသုံးရဲပါဘူး”
“ဒါပေမဲ့ နောက်ဆုံးတော့လည်း သမီးကမျိုးနွယ်ကို ဆွဲချမိသွားတာပဲ” ရှီမာယူယူသည် စဉ်းစားကြည့်ပြီး အပြစ်မကင်းသလိုခံစားရလေသည်။
“ဟူး သမီးရဲ့ စကားတွေကလည်း မဟုတ်သေးဘူး” ရှီမာကျိယွင်သည် ခွင့်မပြုသလို ပြောလေသည် “သမီးနဲ့မျိုးနွယ်က တစ်သားတည်းလေ သမီးကပဲ မျိုးနွယ်ကို တိုးတက်အောင်လုပ်ပေးတယ် အဲဒါကြောင့် မျိုးနွယ်ကလည်း သမီး ကိုကာကွယ်ရမယ်လေ”
“ဟုတ်တယ် အများကြီးမစဉ်းစားနဲ့” ရှီမာဟော်ရွှမ် ပြောလိုက်သည် “ငါတို့တွေက နှစ်ပေါင်းများစွာ အနောက်ရောက်နေခဲ့တာ ငါတို့စွမ်းအားကို ပြဖို့ အချိန်ရောက်ပြီ သမီးကမျိုးနွယ်ကိုပဲ ပြန်လာပြီး လုံလုံခြုံခြုံပဲနေတော့ တခြား ကိစ္စတွေကို စိတ်မပူနဲ့”
“ဘိုးဘိုးကြီး ဘိုးဘိုးဦးလေး တုနန်မျိုးနွယ်က ကိုယ်တိုင်လာမတိုက်ခိုက် မှာစိုးရတယ် အဲအစား သူတို့က တခြားသူတွေကို သုံးလိမ့်မယ် အဲဒါကြောင့် သမီးတို့မျိုးနွယ်က သေချာသတိထားရမယ် တခြားသူတွေကိုလည်း သတိထား ရမယ်”
“ငါတို့သိပါတယ်” ရှီမာဟော်ရွှမ် သဘောတူလိုက်သည်။
ရှီမာကျိယွင်သည် ထိုသို့ပြောပါက ရှီမာယူယူသည် ခွန်းတုံ့ပြန်မိမည်ဖြစ် သည်။ သို့သော် ရှီမာဟော်ရွှမ်မှ ပြောလသဖြင့် သူတို့သည် စိုးရိမ်စရာမလို ကြောင်းကို သိလိုက်ပြီဖြစ်သည်။
“ဟုတ်ပြီ တခြားမရှိတော့ရင် သမီးသွားတော့မယ်” သူမ မတ်တတ်ထ ကာ ပြောလိုက်သည်။
“သွား သွား လျူရွှမ် နေခဲ့ပြီး ငါတို့နဲ့စကားပြောဦး” ရှီမာကျိယွင်သည် ရှီမာယူယူကို လက်ဝှေ့ယမ်းပြလိုက်သည်။ သူမ ထွက်သွားသောအခါ သူသည် ရှီမာလျူရွှမ်ကို ပြောလေသည် “ဒီအချိန်အတောအတွင်းကို ဘာတွေဖြစ်ခဲ့လဲ ပြောပြပါဦး”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
….
ရှီမာယူယူသည် သူမ ခြံဝန်းသို့ပင် တည့်တည့်ပြန်လာပြီး ချက်ချင်းပင် ဝိညာဉ်စေတီအတွင်းသို့ ဝင်လိုက်သည်။ သူမ ရတနာသိုက်ဆီသို့သွားပြီး မျိုးနွယ်အား အထောက်အကူဖြစ်နိုင်သည့် ပစ္စည်းရှိလိုရှိငြား မွှေနှောက်ကြည့် သည်။
ပစ္စည်းများကို ဟိုဟိုဒီဒီမွှေနှောက်ပြီးနောက် သူမ ရှီမာမျိုးနွယ်ကို မပေး ရသေးသော တစ်ခုတည်းသောပစ္စည်းမှာ တည်ဆောက်မှုများဖြစ်ကြောင်း တွေ့ လိုက်ရသည်။ အစပိုင်းတွင် ထိုပစ္စည်းသည် တံခါးလဲလှယ်ခြင်းတစ်ရာ၏ ပစ္စည်းဟု သူမတွေးခဲ့သည်။ သို့သော် အခြေအနေမှာ မတူတော့ပေ။ သူမသည် အဘိုးကြီးကို မိတ္တူပေးလိုက်ပြီဖြစ်သဖြင့် သူမ သုံးလျှင်လည်း အဆင်ပြေနိုင် သည်။ အခုအခြေအနေမှာ ထူးခြားသည်။ ထို့ကြောင့် သူမမျိုးနွယ်၏ ကာကွယ် ရေးကိုလည်း မြှင့်တင်ရမည်ဖြစ်သည်။
သူမ ထိုအချက်အား စဉ်းစားမိသည်နှင့် အင်ပါယာသားရဲကျမ်းနှင့် ဝိညာဉ် ရှာဖွေသူကျမ်းတို့ကို မိတ္တူကူးပြီး ဘိုင်ရှန်းကိုခေါ်ကာ လာယူခိုင်းလိုက်သည်။ ဘိုင်ရှန်းသည် ခြေပေါ့သူဖြစ်ရာ ခဏအကြာတွင် ရောက်လာသည်။ ရှီမာယူယူ သည် သူ့ကိုပစ္စည်းများကို ထည့်ပေးပြီးပြောလိုက်သည် “ဒီနှစ်တွေမှာ ကျွန်မစု ထားတဲ့ပစ္စည်းတွေ အများကြီးရှိတယ် ဒါတွေယူသွားပြီး ဖန်အာကိုပေးလိုက်ပါ ဘာလုပ်ရမလဲဆိုတာ သူသိပါတယ်”
ပို၍စိတ်ချရစေရန် သူမသည် ပျဉ်ချပ်များကို ချိပ်စည်းပိတ်လိုက်သည်။ သူမ ရှီမန်ဖန်ကို သင်ပေးထားသည့် နည်းလမ်းကိုမသိဘဲ တခြားသူများမှ အတင်းဖိအားပေး ဖွင့်ပါက မိတ္တူကို ဖျက်ဆီးမိရုံသာရှိမည်။
ဘိုင်ရှန်းသည် ပစ္စည်းကိုယူပြီးထွက်သွားသည်နှင့် သူမသည် တည်ဆောက်မှုစာအုပ်ကို ရှီမာကျိယွင်အား ပေးလိုက်သည်။
“ဘိုးဘိုးကြီး ဒါက သမီးပြင်ထားတဲ့ မွေးနေ့လက်ဆောင်ပါ၊ သမီးစောစော ပေးလိုက်တာနဲ့ နောက်မှလာပြီး မွေးနေ့လက်ဆောင်လာမတောင်းနဲ့နော်” သူမသည် ပျဉ်ချပ်အုပ်လိုက်ကို ရှီမာကျိယွင်အား ပေးလိုက်သည်။
“အားယား ဒီကောင်မလေးတော့ မွေးနေ့ပွဲကျရင် ပေးဖို့အခွင့်အရေးမရှိ မှာစိုးလို့လား ဘာလို့အစောကြီးပေးတာလဲ” ရှီမာကျိယွင်သည် အထင်သေးစွာ ပြောလေသည်။
“ဟီးဟီး ဘိုးဘိုးကြီးက သမီးအကြောင်းသိသားနဲ့” ရှီမာယူယူသည် ဘာမှ ရှင်းမပြပေ။ သူမသည် မွေးနေ့ပွဲနေ့တွင် ထိုပစ္စည်းကိုမထုတ်ချင်ပေ။
“ဟင်းဟင်း ဒါဆိုလည်း သမီးပြင်ထားတာကို ကြည့်ရတာပေါ့” ရှီမာကျိယွင်၏ မျက်နှာထားသည် အထင်သေးသယောင်ရှိသော်လည်း ဖွင့်လိုက်သည်နှင့် ခံစားချက်ကောင်းသွားသလို နှုတ်ခမ်းတွန့်ကွေးတက်သွား လေသည်။
သူ့ရဲ့ ဒီလိုမျိုးအရေးပါနေတဲ့ ပုံစံကို မကြိုက်တာ။ သူ့ကိုကြည့်မိတိုင်း ဒေါသထွက်တယ်။
***