← Chapters

သန္ဓေသားလောင်းအားဂရုစိုက်ပေးခြင်း

Vol. 3 Ch. 81

သန္ဓေသားလောင်းအားဂရုစိုက်ပေးခြင်း

Vol. 3 Ch. 81

ညနေပိုင်းတွင် လင်းစစ်ယောင်တစ်ယောက် ကြက်သွန်နီနှင့်နှပ်ထားသောငါးအား ကင်နေလေသည်။ သို့သော်လည်း စားပွဲပေါ်တွင် မတင်ခင်တွင် ပန်းထိုးအပ်ကိုချကာ မီးဖိုချောင်ထဲသို့ဝင်လာသော စုရွှေလျန်တစ်ယောက် ငါးကင်အနံ့ကြောင့် အန်လုနီးပါးဖြစ်သွားကာပါးစပ်ကို ပိတ်လိုက်သည်ကိုတွေ့လိုက်ရသည်။

“ရွှေလျန်...”

ထိုမြင်ကွင်းကိုမြင်သောအခါတွင် လင်းစစ်ယောင်က ထွက်လာကာ သူမအား ကူညီပေးလိုက်သည်။

"အဆင်ပြေရဲ့လား"

"မသိဘူး။ ငါးနံ့က အရမ်းစိတ်ပျက်စရာကြီး"

စုရွှေလျန်က တံတွေးအချို့ထွေးထုတ်မိလိုက်သည်။ လင်းစစ်ယောင်ဆီမှ ရေနွေးတစ်ခွက်သောက်ပြီးနောက်တွင် သူမကသက်သာသွားသကဲ့သို့ ခံစားလိုက်ရသည်။

"အစာမကျေတာများလား"

လင်းစစ်ယောင်က မျက်မှောင်ကြုတ်ကာ သူမ၏လက်ကောက်ဝတ်သွေးကြောကိုတိုင်းလိုက်သည်။

ခေတ္တမျှကြာပြီးနောက်တွင် လင်းစစ်ယောင်သည် စုရွှေလျန်လက်ကိုလွှတ်လိုက်ကာ ဝမ်းမြောက်စွာဖြင့် ပြုံးပြလိုက်၏။

"ရွှေလျန် ငါတို့မှာကလေးရှိပြီ"

"အမ်"

ထိုစကားကိုကြားလိုက်သောအခါတွင် စုရွှေလျန်တစ်ယောက် ကြောင်အမ်းသွားသည်။ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် သူ၏ခါးအား တင်းကြပ်စွာဖက်ထားလိုက်သည်။

"ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီလို့ပြောတာလား။ တကယ်လား"

ချင်းယွီဘုရားကျောင်းရှိ ကွမ်ရင်မယ်တော်သည် အမှန်ပင် အံ့ဩဆန်းကြယ်မှုများ ဖန်တီးပေးလိုက်သည်လော။ ရုတ်တရက်ဆန်သောပျော်ရွှင်ခြင်းကြောင်း သူ၏စိတ်ထဲတွင် ထိုရှင်းပြချက်ကိုသာ စဉ်းစားနေမိသည်။

"ဟေး"

လင်းစစ်ယောင်က ရယ်မောရင်းဖြင့် စုရွှေလျန်၏နှာခေါင်းအား ဆိတ်လိုက်သည်။

"အခုမင်းအမေဖြစ်ပြီ။ ပျော်လား"

"ပျော်တာပေါ့"

စုရွှေလျန်သည် သူ့အား ငေးကြည့်နေမိသည်။ သူသည် ယောင်္ကျားတစ်ယောက်ဖြစ်သောကြောင့် ကလေးမွေးရသောမိန်းမတစ်ယောက်၏ဖိအားအား နားလည်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သူမသည် အမှန်ပင်ကိုယ်ဝန်ဆောင်ချင်ခဲ့ခြင်းဖြစ်သည်။ တစ်နှစ်မပြည့်မီပင် သူမတို့၏သွေးသားလေးအား မွေးဖွားနိုင်တော့မည်ဖြစ်သည်။ သူမမည်သို့မပျော်ဘဲနေနိုင်မည်နည်း။

"ကောင်းပြီ။ အဲ့လိုဆိုရင် အမေဖြစ်ပြီဆိုတော့ ဂရုစိုက်ပါ။ ဒီယောင်္ကျားကမင်းကိုအနားယူဖို့ အခန်းထဲကိုခေါ်သွားပေးမယ်။ နေ့လည်စာကတော့ ဒီခင်ပွန်းကပဲ ကြက်ဥစွပ်ပြုတ်လုပ်ပေးမယ်။ ဟုတ်ပြီလား"

ထိုအသံသည် ညဘက်စနောက်ကျီစယ်သောအခါတွင်သာ ထွက်လာတတ်သောလေသံမျိုးဖြစ်သည်။ သူသည် နှလုံးခုန်သံကို မဖိနှိပ်နိုင်ကာ အခန်းထဲသို့အနားယူရန် သူမအားခေါ်သွားသည်။ ယခုတွင် လင်းစစ်ယောင်သည်လည်း ဖခင်တစ်ယောက်ဖြစ်လာလေပြီ။ ဤလောကကြီး၌ လင်းစစ်ယောင်တွင် ဒုတိယအရင်းနှီးဆုံးမိသားစုရှိလာပြီဖြစ်ကာ ကလေးလည်းရှိလာပြီဖြစ်၏။

"ကောင်းကောင်းနေ။ ရေများများသောက်"

"နားလိုက်ဦး။ ဒါပေမဲ့ ထိုင်မနေနဲ့.."

"ဗိုက်ဆာပြီလား။ မုန့်စားမလား"

"မင်းအခု ကိုယ်ဝန်ဆောင်ထားတာတောင် ဂရုမစိုက်သေးဘူး"

သတင်းကောင်းရှိလာသည့်အချိန်မှစ၍ လင်းစစ်ယောင်၏ပွစိပွစိလုပ်သံအားကြားရပြီဖြစ်သည်။

စုရွှေလျန်သည် ရယ်ရမည်လားငိုရမည်လားမသိတော့ပေ။ လင်းစစ်ယောင်၏ညွှန်ကြားချက်အတိုင်း‌ ရေသောက်ရသည်။ လက်ဖက်ရည်သည် မွေးလာသောကလေးအတွက် မကောင်းသောအကျိုးသက်ရောက်မှုရှိမည်စိုးသည့်အတွက် လက်ဖက်ရည်အားတားမြစ်ထား၏။ မုန့်များလည်းစားရကာ သူသည် စုရွှေလျန်တစ်ယောက် ကလေးမွေးနိုင်သည်အထိ အားမကောင်းမည်ကို ကြောက်နေမိသည်။ လင်းစစ်ယောင်သည် သူ၏ပန်းထိုးခြင်းအလုပ်အားလည်း နားထားစေသည်။

ထိုသို့မျိုးဖြင့် စုရွှေလျန်၏သန္ဓေသားလောင်းအား ဂရုစိုက်ရသည့်နေ့ရက်များသည် လင်းစစ်ယောင်၏ ဂရုတစိုက်ညွှန်ကြားခြင်းအောက်တွင် ကုန်ဆုံးခဲ့ရသည်။

ယခုတွင် အတွေ့အကြုံရှိပြီးသောအမေတစ်ယောက်အနေဖြင့် ရှောင်ရွှယ်သည်လည်း သူမ၏ကလေးများနှင့်ကစားရန် နေရာများသို့ခေါ်ဆောင်သွားတတ်သည်။ ရှောင်ရွှယ်သည် သူမအားစောင့်ကြည့်ခြင်းတာဝန်ယူထားသည်။ စုရွှေလျန်ပန်းထိုး၍ပင်ပန်းလာသည်ကိုတွေ့လျှင် သူမ၏ဝံပုလွေပေါက်လေးများကို အခန်းထဲသို့ခေါ်လာကာ သူမအားနားစေသည်။

အဆော့မက်သောဝံပုလွေပေါက်လေးသုံးကောင်မှ သူမ၏ပန်းထိုးခန်းထဲမှအရာများအား ဖျက်ဆီးပစ်ခြင်းမှကာကွယ်ရန် စုရွှေလျန်သည် ထိုအကောင်လေးများအား အချိန်ပြည့်စောင့်ကြည့်နေသည်မှလွဲ၍ သူမတွင်ရွေးချယ်စရာမရှိပေ။ လင်းစစ်ယောင်တစ်ယောက် သူမအတွက် သတ်မှတ်ပေးထားသောအချိန်ကျရောက်သည့်အခါတွင် ထကာ လှုပ်ရှားရသည်။ ရေသောက်ရသည်။ အစားစားသည်။ ညစာအတွက် သူမစားချင်သည်ကို မီးဖိုချောင်ထဲတွင်အတည်ပြုပေးရသည်။

သူမကိုယ်ဝန်စလာသည်မှာစ၍ ဆီနှင့်မီးခိုးအား လွန်စွာမှဆတ်ဆတ်ထိမခံဖြစ်လာသည်။ လတ်တာလောပင် သူမကြိုက်ခဲ့သောအစားအသောက်ျားသည် ပါးစပ်ထဲသို့ထည့်လိုက်သောအခါတွင် အော်ဂလီဆန်လာသည်။

ဥပမာအားဖြင့် အချို့သောဟင်းပွဲများအား ဆီဖြင့်ပြန်ကြော်ရန် လိုအပ်သည်။ ထိုဟင်းပွဲများအား သူမကုန်အောင်မစားနိုင်ကာ ဆီနံ့ရသည်နှင့်ပင် အော်ဂလီဆန်လာပေသည်။ ထို့ထက်ပြင်းထန်လာလျှင် ထိုအနံ့ကြောင့်ပင် သူမအစာအိမ်ထဲရှိအရာအားလုံးအား ပြန်အန်ထုတ်မိနိုင်ပေသည်။

အထူးသဖြင့် ငါးကြော်ပင်ဖြစ်သည်။ ဆီအနံ့နှင့်တွဲနေသောငါးနံ့သည် သူမ၏အော်ဂလီဆန်မှုအား ပို၍နှိုးဆွပေးလေသည်။

ထို့ကြောင့်ပင်လျှင် လွန်ခဲ့သောရက်များက မနက်ခင်းတွင် တပေါင်၏အိမ်စာများအားစစ်ပေးခြင်း၊ မြက်ရှင်းခြင်း၊ အကောင်ဖမ်းခြင်းနှင့် မြေဩဇာထည့်ကာ နေ့လည်ပိုင်းတွင် လယ်နှင့်ဆက်စပ်သည့်အလုပ်များကိုလုပ်ပြီးသည့်နောက်တွင်ပေါ့ကာအရသာသစ်လွင်သောဟင်းပွဲများနှင့် သူမခံတွင်းတွေ့မည့်အစားအသောက်များကိုသာ လုပ်ရင်းအချိန်ကုန်နေပေသည်။ သူမနားကာရေသောက်ရင်းဖြင့်စားရန်မုန့်များမှာ နှမ်းမုန့်ကြွပ်နှင့် သကြားအစာသွပ်ဆန်မု့န်များဖြစ်သည်။ သူမစိတ်ထဲတွင်ရှိသောအရာအားလုံးအား လုပ်မပေးဟု မပြောနိုင်ပေ။

ထိုသို့တစ်လမျှဆက်ဖြစ်ကာ လင်းစစ်ယောင်၏အချက်အပြုတ်စွမ်းရည်သည် အတော်လေးတိုးတက်လာကာ အထူးသဖြင့် အသားငါးနှပ်သည့်နေရာတွင်ဖြစ်သည်။ သူ၏စွမ်းရည်အား ရွှေ့အိမ်မှအဒေါ်ကြီးပင် လက်မထောင်နိုင်လိမ့်မည်။ အခြားနေ့များတွင် ၎င်းတို့၏အိမ်သို့ အဒေါ်လောင်လာတတ်ကာ သူမအတွက် လင်းစစ်ယောင်လုပ်ပေးထားသောမှိုကြက်သားစွပ်ပြုတ်အား အရသာခံတတ်၏။

"မိန်းကလေး မင်းတကယ်ကံကောင်းတာပဲ"

ရွှေ့အိမ်မှအဒေါ်ကြီးသည် စုရွှေလျန်၏လက်လေးအား ညင်ညင်သာသာပုတ်လိုက်ပြီး ပြုံးပြကာပြောလိုက်သည်။

"ဖန်းဟွာမြို့ထဲကလူတိုင်းကိုကြည့်လိုက်။ ဘယ်မိသားစုက ယောင်္ကျားကများ ကိုယ့်မိန်းမကို ဒီလောက်ဂရုစိုက်ပေးနိုင်လို့တုန်း။ တစ်တိုင်းပြည်လုံးရှာကြည့်ဦး။ အားယောင်လိုလူမျိုးက တကယ်ကိုရှားပါတယ်"

"သူတို့လက်ထပ်တဲ့အချိန်ကတည်းက အဲ့ဒါကို ငါပြောထားပြီးသား"

အဒေါ်လောင်က တစခစ်ခစ်ရယ်ကာချီးမွမ်းလိုက်သည်။

"အဲ့တာကြောင့်လက်ထပ်ဖို့ရွေးချယ်တဲ့အချိန်တုန်းက အရေးကြီးဆုံးအပိုင်းက ခင်ပွန်းပဲ။ မိသားစုဘယ်လောက်ကောင်းကောင်းကိစ္စမရှိဘူး။ ကိုယ်ချင်းစာစိတ်မရှိတဲ့ယောင်္ကျားနဲ့သာတွေ့ရင်တော့ အကုန်လုံးအလကားပဲ"

အဒေါ်လောင်သည် မရှင်းပြနိုင်သောထင်မြင်ယူဆချက်ဖြင့် ပြောလိုက်၏။

ရှီချွေ့အတွက် လက်ထပ်ပွဲညှိနှိုင်းဆွေးနွေးသည့်အချိန်က နှစ်ဖက်မိသားစုသည် လောင်အိမ်သို့လာကြကာ အိမ်ထောင်ချပေးမည့်ကိစ္စအား ဆွေးနွေးကြသည်။ မိသားစုတစ်ခုသည် လော့ရွှေမြို့မှ လယ်သမားမိသားစုဖြစ်ကာ အခြားတစ်ခုမှာ ဖန်မိသားစု၏ရပ်ဝေးမှဆွေမျိုးများဖြစ်သည်။ ထိုသူများက မြို့ထဲတွင်အခြေချနေကာ တို့ဖူးဆိုင်ဖွင့်ထားကြသည်။

အစကပင် ဦးလေးလောင်သည် မြို့ထဲတွင်အခြေချနေသောမိသားစုက အကောင်းဆုံးရွေးချယ်မှုဖြစ်မည်ဟု ထင်ခဲ့မိသည်။ လယ်သမားတစ်ယောက်၏နာကျင်ပင်ပန်းမှုဒဏ်ကိုဖြတ်ကျော်လာရသည့်အတွက် မြို့ထဲရှိဘဝသည် အကြွင်းမဲ့ပျော်ရွှင်ရမည်ဟု ယုံကြည်နေပေသည်။ သို့သော်လည်း ညှိနှိုင်းစေ့စပ်မှုများပြီးသည့်နောက်တွင် မိသားစုများ၏အိမ်နီးချင်းများနှင့် တိုးတိတ်စွာပြောဆိုပြီးသောအဒေါ်လောင်က လော့ရွှေမြို့တွင် အခြေချသောကောင်လေးကိုသာ ရွေးချယ်လိုက်သည်။

ထိုကောင်လေးသည် လယ်သမားတစ်ယောက်ဖြစ်သော်လည်း အဒေါ်လောင်သည် သူ့အားမကြာခဏတွေ့ပြီးသည့်နောက်တွင် သဘောကျခဲ့သည်။ အထူးသဖြင့် သူ၏မိသားစုအတွက် သူသည် အထောက်အပံ့မဏ္ဍိုင်ဖြစ်သည်ဟု စဉ်းစားတတ်ခြင်းပင်။ သမီးဖြစ်သူအားလည်း စိတ်ပူအားဂရုစိုက်မှုပြပေးတတ်သည်။ ၎င်းတို့အတူတကွအပြင်သွားသောအခါတွင်လည်း မြင်ဖူးသည့်အချိန်များရှိသည်။ သူသည် သမီးဖြစ်သူဘေးတွင်သာလျှောက်ကာ သူမ၏ပတ်ဝန်းကျင်အား သတိထားနေလေသည်။ ထိုသို့ယောင်္ကျားမျိုးသည် သာမန်နောက်ခံမျှသာဖြစ်လျှင်လည်း သမီးဖြစ်သူ ရှီချွေ့အား ဆိုးဝါးစွာဆက်ဆံမည်မဟုတ်သောကြောင့် သူ့အတွက်ခံစားရလိမ့်မည်မဟုတ်ပေ။

မျှော်မှန်းထားသည့်အတိုင်းပင် တို့ဖူးဆိုင်မှကောင်လေးသည် ယခုနစ်အစောပိုင်းတွင်လက်ထပ်သွားခဲ့သည်။ သို့သော် နှစ်ဝက်မျှကြာပြီးနောက်တွင် ဇနီးဖြစ်သူသည် မိသားစုဆီသို့ ပြန်ပြေးခဲ့ရသည်။ ယောက္ခမဖြစ်သူသည်လည်း ရက်စက်ကြမ်းကြုတ်ကာ ခင်ပွန်းဖြစ်သူသည်လည်း ကိုယ်ချင်းစာစိတ်မရှိပေ။ သူမအား မကူညီယုံသာမက အမေဖြစ်သူနှင့်ပင်ပေါင်းကာ ရိုက်နှက်တတ်သေး၏။

ရှီချွေ့သာ သူ့အား လက်ထပ်လိုက်လျှင် သူမအတွက် မည်သို့ပျော်ရွှင်မှုရှိနိုင်ပါမည်နည်း။ အဒေါ်လောင်သည်သူမ၏တွေးဆတတ်သောဉာဏ်အား ကျေးဇူးတင်၍မဆုံးပေ။ တစ်ဖက်တွင် နှစ်လကြာပြီးနောက် ရှီချွေ့သည် လယ်သမားကောင်လေးအားလက်ထပ်လိုက်ကာ အိမ်သို့နှစ်ခါသာပြန်လာရသေး၏။

သူမပြန်လာသောအခါတိုင်းတွင်လည်း အဒေါ်လောင်သည် သူမအား သားမက်ဖြစ်သူကောင်းကောင်းဆက်ဆံတတ်သည်ကို မမေးတတ်သော်လည်း နှစ်ဦးသား၏အပြန်အလှန်ဆက်ဆံပုံများကိုကြည့်လျှင်ပင် သိပေသည်။ ထိုသို့ဖြင့် သူမစိတ်ထဲတွင်ရှိသောစိုးရိမ်ပူပန်မှုများသည် ကွယ်ပျောက်ခဲ့ရသည်။

စုရွှေလျန်သည် နောက်ဆုံးတွင် ပန်းထိုးခန်းထဲသို့ အပြေးအလွှားသွားကာ လပြက္ခဒိန်ငါးလပိုင်း ငါးရက်မတိုင်ခင်တွင် ပန်းချီကားအားလက်စသတ်ရန် ပန်းထိုးခြင်းအား ပြန်ကိုင်ရပြန်သည်။ ထို့အပြင် လင်းစစ်ယောင်၏ဖိအားပေးသောအကြည့်အောက်တွင် ကျန်းယန်ယွဲ့နှင့် ကျန်းယင်းယွင်အား သူမကသတိပေးထားကာ ပန်းထိုးသည့်နောက်တွင်ခေတ္တမျှအနားယူရမည်ဖြစ်သည်။

အကြောင်းမှာတော့ သူမ၏ပထမဆုံးကာလအပိုင်းအခြား ၃လတွင် အလွန်အန်ခြင်းကြောင့်ဖြစ်သည်။

ထိုင်နေလျှင် နုံးချိသကဲ့သို့ခံစားရပြီး လှဲလျောင်းလျှင် ကိုက်ခဲလာပြန်သည်။ စုရွှေလျန်သည်နေ့တိုင်း ဖျားနာကိုက်ခဲမှုဖြင့် ရင်ဆိုင်နေရပေသည်။ ထိုသို့ဖြင့် သူမ၏ပိန်ပါးသောခန္ဓာကိုယ်လေးမှာ ပို၍ပင်ပိန်ပါးလာပေသည်။ ထိုသို့မြင်ရခြင်းအား လင်းစစ်ယောင်အား စိတ်ဓာတ်ကျစေကာ သူ့ဘာသာအပြစ်တင်စေမိသည်။ သူမသည် ခန္ဓာကိုယ်လေးသည် နူးညံ့လှသည်ကိုသိပြီးဖြစ်သော်လည်း သူ၏ကလေးအားမွေးပေးရန် ဆန္ဒရှိနေပေသေးသည်။

သို့သော်လည်း ကိစ္စများထိုသို့ဖြစ်လာလျှင် စုရွှေလျန်အား အစားစားအောင်လုပ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကာ သူမ၏ခန္ဓာကိုယ်အား ကြံ့ခိုင်သန်မာလာရန် လမ်းအတူတူလျှောက်ပေးသင့်ကာ လင်းစစ်ယောင်သည် ထိုသို့အရာမျိုးအား မလုပ်နိုင်ပေ။

"ပဲအစာသွပ်တွေ သကြားအစာသွပ်တွေစားရလွန်းလို့ ပင်ပန်းနေပြီလား"

လင်းစစ်ယောင်က ကောင်းညှင်းထမင်းလုပ်ရန် ပါဝင်ပစ္စည်များကိုကောက်ကိုင်ကာမေးလိုက်ခြင်းဖြစ်သည်။

“အားယောင် ဘာလို့ အသားအစာသွပ်မလုပ်ရတာလဲ"

သူမသည် ရုတ်တရက်ကောက်ညှင်းထမင်းစားချင်လာသောကြောင့် စုအိမ်တွင်စားခဲ့သည်ကို အမှတ်ရသွားကာပြောလိုက်ခြင်းဖြစ်သည်။ စုအိမ်၏မီးဖိုချောင်ကြီးထဲတွင် နဂါးလှေပွဲတော်နေ့၌ ကြက်ဥငန်အနှစ်နှင့်အသားအစာသွပ်ဖြင့်ပြုလုပ်ထားသော အနံ့အရသာနှင့်ပြည့်စုံလှသည့်ကောက်ညှင်းထမင်းအား အမှတ်ရသွားပေသည်။

"အသားအစာသွပ်လား။ ကောက်ညှင်းထမင်းက ငန်တဲ့အရသာနဲ့လုပ်လို့ရလို့လား"

လင်းစစ်ယောင်သည် အချိန်အများစုအား ဟင်းချက်နည်းများလေ့လာကာကုန်ဆုံးနေသည့်အတွက် ထိုအကြံအား အံ့အားသ့င်သွားခြင်းဖြစ်သည်။

"အင်း။ နည်းလမ်းတော့သိတယ်။ အသားဝယ်ပြီးစမ်းကြည့်ရအောင်။ မကောင်းဘူးလား"

စုရွှေလျန်က ချိုသာစွာပြောလိုက်ကာ အကြံပေးလိုက်လေသည်။

"ကောင်းပြီ"

လင်းစစ်ယောင်မငြင်းဆန်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ယခုတွင် သူမတွင်ကိုယ်ဝန်ရှိနေပြီဖြစ်၏။ သူမတောင်းဆိုသမျှအားလုံးအား ပျော်ရွှင်စွာဖြင့် မလွှဲမသာလုပ်ဆောင်ရမည်ဖြစ်သည်။

"ပင်ပန်းနေပြီလား"

မြို့ထဲသို့မရောက်ဖြစ်သည်မှာ ကြာလှပြဖြစ်သော စုရွှေလျန်သည် လမ်းလျှောက်ထွက်ကာ ဆိုင်များသို့လျှောက်ကြည့်ချင်သည်။ လင်းစစ်ယောင်တွင် သူမနောက်သို့လိုက်ခြင်းမှလွဲ၍ ရွေးချယ်စရာမရှိပေ။ အမှန်တွင် လင်းစစ်ယောင်သည် သူမအား‌ ထောက်ပံ့ပေးကာ သူ၏ချီဓာတ်ဖြင့် ပေါင်းစပ်ပေးနေရကာ သူမ၏ကိုယ်ခံစွမ်းအားတိုးမြင့်စေရန်ဖြစ်သည်။

"ကျွန်မအဆင်ပြေပါတယ်။ ရှင်ကျွန်မကို အမြဲတမ်းကူညီပေးနေတာပဲမလား"

စုရွှေလျန်က ချိုသာစွာပြုံးလိုက်ကာ သူ့အားခေါင်းမော့ကြည့်လိုက်သည်။ သူမသည် မည်သည့်သိုင်းပညာကိုမျှမသိသော်လည်း နုံးချိနေသည်ဟုခံစားခဲ့ရသောအချိန်တိုင်းတွင် သူမခန္ဓာကိုယ်ထဲသို့ စွမ်းအားစီးကြောင်းတစ်ခုဝင်လာသည်ကိုခံစားမိသည်။

"အင်း မင်းမသွားနိုင်တော့ဘူးဆိုရင် ငါတို့ ဘာလို့အိမ်မပြန်ကြတာလဲ"

သူသည် စိုးရိမ်နေဆဲဖြစ်၏။ သို့သော်လည်း သူမ၏အမူအရာကိုကြည့်ကာ သူမ၏စိတ်အားထက်သန်မှုအား မဟန့်တားချင်ပေ။ ကလေးလေးမွေးပြီးလျှင်လည်း သူမတွင် ထိုဆိုင်များသို့လာရောက်လည်ပတ်ရန် အခွင့်အရေးရှိမည်မဟုတ်ပေ။ ယခုတွင် သူမစိတ်ဆန္ဒရှိသမျှလုပ်ပေးခြင်းသည်သာ အကောင်းဆုံးဖြစ်၏။

" အားယောင် အဝတ်အစားဆိုင်သွားပြီး ချည်သွားဝယ်ရအောင်။ ပန်းထိုးတာမလုပ်တော့ဘဲ ကျွန်မတို့ကလေးအတွက်ပဲ အဝတ်အစားအချို့ပြင်ဆင်ပေးရအောင်"

စုရွှေလျန်က သူမ၏ဗိုက်အား ကြင်နာစွာထွေးပွေ့လိုက်ကာ နူးညံ့သောလေသံဖြင့်ပြောလိုက်၏။

"ကောင်းပြီ။ ဒါပေမဲ့ မင်းငါ့ကိုကတိပေးပါ။ နေ့တိုင်းအကြာကြီး ချည်မထိုးရဘူး"

လင်းစစ်ယောင်က သူမ၏မျက်လုံးများထိခိုက်မည်ကို စိုးရိမ်နေကာ သူမပင်ပန်းမည်ကို ကြောက်နေမိသည်။ သို့သော်လည်း အင်္ကျီဆိုင်မှ ကလေးအင်္ကျီများအား ချက်ချင်းဝယ်လိုက်နိုင်သည်ဟု အကြံပေးလိုက်လျှင် စုရွှေလျန်ကသေချာပေါက် လက်ခံမည်မဟုတ်ပေ။ ထိုသို့မျိုးဖြင့် သူသည် အကြံပေးမှုအား လက်လျော့လိုက်ရပေသည်။ သူမအား အချိန်ကြာမြင့်စွာချည်မထိုးရန်သာ ဖိအားပေးနိုင်ပေသည်။

"ကျွန်မနားလည်ပါပြီ"

စုရွှေလျန်တွင်ရွေးချယ်စရာမရှိသောကြောင့် ခေါင်းသာညိတ်ပြလိုက်၏။ သူမကိုယ်ဝန်စရှိစဉ်ကပင် လင်းစစ်ယောင်သည် အသေးအဖွဲလေးများကိုပင် နေ့ဝက်မျှကြာအောင်ပြောနေတတ်ပေသည်။ ယခင် ဝံပုလွေဂူမှတွေ့ခဲ့သော လင်းစစ်ယောင်သည် လွန်စွာမှအေးစက်ကာ စိတ်သဘောထားမှာလည်း ထူးဆန်းသည်။ ထိုအရာအားလုံးသည် တဖြည်းဖြည်းဖြင့်ပျောက်ကွယ်သွားပေသည်။

ထိုအရာသည် မိသားစု၏စွမ်းအားဖြစ်ပေမည်။ စုရွှေလျန်က စိတ်ထဲတွင် တိတ်တဆိတ်ခန့်မှန်းနေမိသည်။ သူမတို့တွင် ကလေးများရှိလာသည်နှင့် သူသည် ချစ်ရာကောင်းသောအဖေတစ်ယောက်ကဲ့သို့ ပြုမူလာမည်လော။ သူမ နားမလည်နိုင်သောကိစ္စတစ်ခုမှာ လင်းစစ်ယောင်သည် မိမိဘာသာ "သဘောကောင်းသည်"ဟုသောစကားလုံးဖြင့် ဖော်ပြခြင်းပင်ဖြစ်၏။

***

All Chapters