← Chapters

ငှက်မျိုးနွယ်ပါဝင်လာခြင်း

Vol. 120 Ch. 1669

ငှက်မျိုးနွယ်ပါဝင်လာခြင်း

Vol. 120 Ch. 1669

ရှီမာကျိယွင်သည် အထဲမှပစ္စည်းကိုကြည့်ပြီး တအံ့တဩမေးလိုက်သည် “ကလေး ဒါကိုဘယ်ကရတာလဲ ဒါကတံခါးတစ်ရာလဲလှယ်ခြင်းရဲ့ ပျောက်ဆုံး နေတဲ့ရတနာပဲ”

“လင်းယူ သမီးကိုပေးတာပါ” ရှီမာယူယူ ပြောလိုက်သည် “တံခါးတစ်ရာ လဲလှယ်ခြင်းကိုလည်း မိတ္တူပေးပြီးပါပြီ”

“ဒါဆိုရင် ငါတို့သုံးရင် သူတို့ကပြဿနာရှာမလား”

“မရှာနိုင်ပါဘူး ဒီပစ္စည်းက လင်းယူရှာတွေ့တာပဲ သူတို့ကိုလည်း မိတ္တူ ပေးပြီးပြီဆိုတော့ သမီးတို့ကို လာပြဿနာမရှာနိုင်ပါဘူး ဒီကိစ္စကို သတင်းမပျံ့ အောင်လုပ်ရင် ရပြီ”

“ဒါဆိုလည်း အဆင်ပြောတာပဲ ကိုယ့်လူတွေ လာကြဦး” ရှီမာကျိယွင် သည် အပြင်သို့အော်လိုက်သည်။ အစောင့်တစ်ယောက်ဝင်လာရာ ညွှန်ကြား လိုက်သည် “အကြီးအကဲ ၃ ကိုသွားဖိတ်လိုက်”

အစောင့်သည် အမိန့်ရပြီးနောက် ထွက်သွားရာ ရှီမာယူယူ ထပြီးပြော လိုက်သည် “သမီး မျိုးနွယ်ရဲ့ ကာကွယ်ရေးတည်ဆောက်မှုကို သွားကြည့်လိုက် ဦးမယ် လုပ်နိုင်တာတစ်ခုခုများရှိမလားလို့ ကြည့်မလို့ပါ”

“ခဏလေး အကြီးအကဲ ၃ ကိုခေါ်သွားခိုင်းလိုက် ကာကွယ်ရေးဝင်္ကပါက အရမ်းကြီးတယ် တစ်ယောက်က ခေါ်သွားပေးရင် ပိုကောင်းတယ်၊ အကြီးအကဲ ၃ က တည်ဆောက်မှုကိစ္စတွေကို ကိုင်ထားတာ အဲဒါကြောင့် တည်ဆောက်မှု တွေ တိုးတက်ဖို့ကိစ္စဆိုရင် သူကပိုပြီးရှင်းရှင်းလင်းလင်းသိတယ်” ရှီမာဟော်ရွှမ် ပြောလိုက်သည်။

“ဒါဆိုလည်း ဟုတ်ကဲ့ပါ” ရှီမာယူယူသည် ပြန်ထိုင်လိုက်သည်။

အကြီးအကဲ ၃ ရောက်လာသောအခါ ရှီမာကျိယွင်ပြောပြသည့် စာအုပ် အကြောင်းကြားသည်နှင့် အလွန်အံ့ဩနေသည်။ သူသည် ချက်ချင်းပင်ယူပြီး လေ့လာချင်သည်။ သို့သော် ရှီမာကျိယွင်သည် ရှီမာယူယူကို ကာကွယ်ရေး တည်ဆောက်မှုဆီသို့ ခေါ်သွားခိုင်းလိုက်သည်။

ရှီမာယူယူသည် သူထက် အငယ်တစ်ယောက်ဖြစ်သော်လည်း မျိုးနွယ် အတွင်း သူမ၏ တည်ရှိမှုကို အားလုံးသိကြသည်။ ထို့ကြောင့်ပင် သူ အသည်း ယားနေသော်လည်း ရွေးစရာမရှိတော့ဘဲ စိတ်ထိန်းကာ သူမကို ကာကွယ်ရေး တည်ဆောက်မှုဆီသို့ ခေါ်သွားလိုက်သည်။

သွားကြည့်ရုံတင်ဟု သူ အစပိုင်းတွင်ထင်ထားခဲ့သည်။ သူမသည် အဂ္ဂိရတ်နယ်ပယ်တွင် ကျွမ်းကျင်သော်လည်း တည်ဆောက်မှုတွင် ကျွမ်းကျင် သည်မှာ မဖြစ်နိုင်ပေ။ သို့သော် သူမသည် ကာကွယ်ရေးတည်ဆောက်မှုများ၏ အလုပ်လုပ်ပုံကို နားလည်ကာ သူမမှ သေးငယ်သော ပြောင်းလဲမှုလုပ်လိုက် သည်ကပင် သူတို့၏ ကာကွယ်ရေးတည်ဆောက်မှု အရည်အသွေးကို မြင့်တက် သွားစေလိမ့်မည်ဟု ထင်မထားပေ။

“အကြီးအကဲ ၃ အပြင်မျိုးနွယ်ကလည်း ဒီကာကွယ်ရေးတည်ဆောက်မှု ကိုသုံးတာလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ်လေ ဒါ့ထက်တော့ သေးတယ်” အခုမှ အကြီးအကဲ ၃ သည် လေးနက်သွားကာ ရှီမာယူယူကို အနည်းငယ် ပိုလေးစားသွားသည်။

“ဒါဆိုရင် အခုကျွန်မလုပ်လိုက်တာကို နားလည်မှာပါ သူတို့ကို ညွှန်ကြား ချက်ပို့ပေးလိုက်ပြီး သူတို့ရဲ့ ကာကွယ်ရေးတည်ဆောက်မှုကို ပိုအားကောင်း အောင်လုပ်ခိုင်းလိုက်ပါ”

“ဟုတ်ပြီ”

ပို၍အစီအစဉ်တကျဖြစ်စေရန် အကြီးအကဲ ၃ သည် မျိုးနွယ်မှ တည်ဆောက်မှုသခင်များကို ခေါ်ကာ ကာကွယ်ရေးတည်ဆောက်မှုကို ကြည့် ခိုင်းသည်။ ထို့နောက် သူသည် ရှီမာယူယူ ပြောင်းလိုက်ပုံကိုရှင်းပြပြီး သူတို့၏ ကာကွယ်ရေးတည်ဆောက်မှု ပိုအားကောင်းအောင် လုပ်သည့်နည်းလမ်းကို ကျက်ခိုင်းပြီးနောက် အပြင်ဘက်မျိုးနွယ်ကို သတင်းပို့ခိုင်းသည်။ တည်ဆောက် မှုသခင်များ ပြန်သွားပြီးနောက် သူသည် ရှီမာယူယူကို တည်ဆောက်မှုများကို လိုက်ပြပြီးနောက် အတူတကွလေ့လာကြသည်။

ကျန်နေ့ရက်များမှာ အေးချမ်းသည်။ ရှီမာမျိုးနွယ်သည် ရှီမာကျိယွင်၏ အသက် ၁၂၀၀ ပြည့်မွေးနေ့ပွဲကို ပြင်ဆင်ကာ ပါဝင်ရန် နီးစပ်သောဆွေမျိုး တချို့ကိုပါ ဖိတ်ကြားလိုက်သည်။

သို့သော် မွေးနေ့ပွဲမတိုင်မီတွင် အေးချမ်းမှုမှာ ပြိုကွဲသွားခဲ့သည်။

တစ်ရက်တွင် ရှီမာယူယူသည် ရှီမာလျူရွှမ်နှင့်အတူ ဝိညာဉ်ရှာဖွေခြင်း များအကြောင်း ဆွေးနွေးနေချိန်တွင် အန်းလေသည် အပြင်မှဝင်လာသည်။ အရိုအသေပြုပြီးနောက် သူမ ပြောလိုက်သည် “သခင်မလေး တစ်ခုခုဖြစ်နေပါ ပြီ”

“ဘာဖြစ်တာလဲ”

“ကျွန်မ အပြင်ကကြားလာတာ မွေးနေ့ပွဲကို လာတဲ့သူတွေကို အမည်မသိ လူတွေက တိုက်ခိုက်လို့တဲ့” အန်းလေ ပြန်ဖြေလေသည် “လူတချို့တောင် သေ တယ်လို့ကြားတယ်”

“မျိုးနွယ်က စုံစမ်းဖို့ လူလွှတ်ပြီးပြီလား” ရှီမာလျူရွှမ် မေးလိုက်သည်။

“လွှတ်ပြီးပါပြီ ဒါပေမဲ့ သတင်းရတာနောက်ကျလို့ အခြေအနေက အခု ပိုပြီး ဆိုးဝါးနေပြီ” အန်းလေ ပြန်ဖြေလေသည်။

“ငါသွားကြည့်လိုက်မယ်” ရှီမာလျူရွှမ်သည် ရှီမာယူယူကို ခေါင်းညိတ်ပြ ပြီး ထထွက်သွားလေသည်။

ရှီမာယူယူသည် သူထွက်သွားသည်ကို ကြည့်ပြီးနောက် နီရဲပျားတချို့ကို ခေါ်ထုတ်လိုက်သည်။ သူမသည် ရှီမာကျိယွင် စစ်ဆေးမည့်နေရာသို့ လွှတ် လိုက်သည်။

“ဘာကြားခဲ့သေးလဲ”

“မကြားဘူး” အန်းလေသည် ခေါင်းခါယမ်းလိုက်သည် “ကျွန်မတော့ သတင်းကြားတာနဲ့ သခင်မလေးကို ပြန်လာပြောတာပဲ၊ သခင်မလေး ဒီကိစ္စကို တုနန်မျိုးနွယ်လုပ်တယ်လို့ ထင်လား”

“မဖြစ်နိုင်တာတော့မဟုတ်ဘူး သူတို့တွေ တိတ်နေတာ ကြာပြီ ဒီအချိန် အတွင်းကို တစ်ခုခုလုပ်မယ်ဆိုတာဖြစ်နိုင်တယ်” ရှီမာယူယူသည် စားပွဲကို လက်တစ်ဖက်ဖြင့် ခေါက်နေသည် “သူတို့က အဲလူတွေကို လုပ်ကြံတယ်ဆို တော့ တခြားဧည့်သည်တွေကိုလည်း တိုက်ခိုက်လိမ့်မယ်၊ ဒါက ဘိုးဘိုးကြီးရဲ့ မွေးနေ့ပွဲလေ အဲလူတွေကြောင့် ပျက်ရင်တော့ ပြဿနာပဲ”

“ဒါဆိုရင် ခေါင်းဆောင်က ဧည့်သည်တွေကို ကြိုဖို့လူလွှတ်မှာလား” အန်းလေ မေးလိုက်သည်။

“ဘိုးဘိုးကြီးက ကျန်တဲ့သူတွေကို ကြိုခိုင်းလည်း အကုန်လုံးကို ရှင်းနိုင် တာမဟုတ်ဘူး တစ်ဖက်က ငါတို့ကိုတိုက်ခိုက်မှတော့ ပြင်ဆင်ထားကြမှာပဲ ငါတို့ တခြားအစီအစဉ် ဆွဲထားရမယ်” ရှီမာယူယူ တိတ်ဆိတ်သွားသည်။ ထို့နောက် အတန်ကြာပြီးနောက် သူမ ပြောလိုက်သည် “ဘိုးဘိုးကြီးတို့က ဧည့်သည်တွေကို ကြိုဖို့ လူလွှတ်လိုက်တယ်လို့ နီရဲပျားတွေ သတင်းပို့တယ်”

“ဒါဆိုရင် တခြားလုပ်ဟာလုပ်ရမှာလား” အန်းလေသည် ရှီမာယူယူကို ကြည့်လိုက်သည်။

ရှီမာယူယူသည် စဉ်းစားကြည့်ပြီးနောက် ငှက်လေး ဟာစွန်နှင့် တခြားသူ များကို ခေါ်ထုတ်ပြီး ပြောလိုက်သည် “ငှက်လေး ဘာတွေဖြစ်နေလဲဆိုတာ မင်း တို့သိမှာပဲ ငှက်မျိုးနွယ်တွေကို ကူညီပေးဖို့ စကားပါးနိုင်မလား၊ သူတို့ကို ဝင်ပါ ခိုင်းပြီး ဒီလိုအခြေအနေဖြစ်ရင် ကူညီပေးဖို့ ပြောခိုင်းပေးပါ လိုအပ်ရင် ကြက်သွေးရောင်မီးတောက်ရောင်ဝါလွှတ်လိုက်လည်း အဆင်ပြေတယ်”

“ပြဿနာမရှိဘူး” ငှက်လေးသည် ခေါင်းညိတ်ပြီးနောက် ဟာစွန်နှင့်အတူ ထွဥ◌်သွားလေသည်။

သူ ငှက်မျိုးနွယ်နှင့် မည်သို့ဆက်သွယ်မည်ကို ရှီမာယူယူမသိပေ။ သို့သော် လမ်းတစ်လျှောက်တွင် ငှက်မျိုးနွယ်၏ အကူအညီရှီပါက ပြဿနာ မများနိုင်ပေ။

သူမ စကားပါးပြီး ခဏအကြာတွင် ငှက်လေး၏ အဆက်အသွယ်မှ သတင်းပြန်ကြားလိုက်ရသည်။

လာသောလမ်းတွင် နောက်ထပ်လူတစ်စုမှာ အသတ်ခံရလုနီးပါးဖြစ်သွား သည်။ သို့သော် ဟာစွန်တို့သည် အနားတွင်ရှိနေသဖြင့် ငှက်မျိုးနွယ်ဝင်များ သည် သူတို့ကို ကယ်တင်နိုင်ခဲ့သည်။

ငှက်မျိုးနွယ်များ၏ တိုက်ခိုက်စွမ်းရည်မှာ အလွန်သန်မာသည်။ သူတို့၏ ကယ်တင်မှုနှင့်အတူ ထိုလူများသည် ဘေးကင်းသွားကြသည်။ သူတို့သည် ရန်သူတချို့ကိုပင် အရှင်ဖမ်းမိလေသည်။

“ယူယူ ကာကွယ်ပေးခဲ့တဲ့လူတွေကို ကာကွယ်ပေးထားတယ် ရန်သူတွေ ကိုတော့ အရှင်ထားထားတယ် အခုတခြားနေရာကို သွားကြည့်လိုက်ဦးမယ်” ငှက်လေးသည် ပြောသွားလေသည်။

“မင်းတို့ သတိထားကြဦး သူတို့ရဲ့လုံခြုံရေးအပြင် နောက်ကွယ်ကလူကို လည်း ရှာကြည့်ဦး” ရှီမာယူယူ ညွှန်ကြားလိုက်သည်။

“ဟုတ်ပြီ ယူယူ စိတ်မပူနဲ့ ဘိုးဘိုးကြီးရဲ့မွေးနေ့ပွဲက အဆင်ချောမှာပါ” ငှက်လေးသည် သူမကို နှစ်သိမ့်လေသည်။

“အင်း မင်းတို့ကိုပဲ ဒုက္ခပေးရတော့မှာပဲ”

လျင်မြန်စွာပင် ထိုလူများသည် ငှက်မျိုးနွယ်၏ ကာကွယ်ပေးမှုအောက် ရောက်သွားသည်။ သူတို့သည် လမ်းတွင် မည်သည့်ပြဿနာမှမတွေ့ဘဲ ရှီမာ မျိုးနွယ်သို့ ချောမွေ့စွာရောက်လေသည်။

ရှီမာယူယူသည် ငှက်မျိုးနွယ်ကို လှုပ်ရှားခိုင်းလိုက်သည်ကို ရှီမာကျိယွင် တို့သိကြသည်။ သို့သော် သူတို့သည် သူမကို ချက်ချင်းလာမရှာနိုင်သဖြင့် နောက်ကွယ်မှလူကို ဖမ်းပြီးစစ်ဆေးမေးမြန်းလေသည်။

ပြီးနောက် တခြားတစ်နေရာတွင် အဖွဲ့တချို့သည် လုပ်ကြံသူများနှင့် တွေ့လေသည်။ နောက်ဆုံးတွင် ငှက်မျိုးနွယ် ပေါ်လာပြီး သူတို့အစီအစဉ်ကို ဖျက်လိုက်လေသည်။ အဆုံးသတ်တွ၍် ထိုလူများသည် ငှက်မျိုးနွယ်၏ ကာကွယ်မှုအောက်မှ ရှီမာမျိုးနွယ်သို့ ရောက်လေသည်။

ငှက်မျိုးနွယ်သည် သူတို့ကို ဦးဆောင်သွားသည်။ ထိုအပြုအမူသည် ရှားပါးသော အဆင့်အတန်းမြင့် ဆက်ဆံပေးမှုပင်ဖြစ်သည်။ ထိုလူများသည် ထိတ်လန့်မှုအကြီးစားတွေ့ရပြီးနောက် ယခုလို ဆက်ဆံခံရလိမ့်မည်ဟု ထင် မထားပေ။ သူတို့စိတ်ထဲတွင် အသတ်ခံရခါနီးဖြစ်သွားသဖြင့် မကျေမနပ်ဖြစ် ကာ ရှီမာမျိုးနွယ်နှင့် အပတ်အသက်လုံးဝဖြတ်မည်ဟု တွေးထားကြသည်။

ငှက်မျိုးနွယ်ကို လှုပ်ရှားဖို့ လူဘယ်နယောက်ကများလုပ်နိုင်မှာလဲ။ တိုင်းပြည်တစ်ခုလုံးမှာ ငှက်မျိုးနွယ် ဘယ်နခုရှိတာလဲ။ ဒါကပဲ ရှီမာမျိုးနွယ်ရဲ့ နောက်ခံက ဘယ်လောက်အားကောင်းတယ်ဆိုတာ ပြနေတာပဲ။

ရှီမာမျိုးနွယ်အား တိုက်ခိုက်မည့်လူများသည် ငှက်မျိုးနွယ်ပါဝင်လာမှုကို ကြားပြီးနောက် နောက်အစီအစဉ်များကို မတတ်သာတော့ဘဲ လက်လျော့လိုက် ရသည်။ သူတို့သာ ရလဒ်ကိုမတွက်ဘဲ ငှက်မျိုးနွယ်နှင့် တိုက်ခိုက်လိုက်ပါက နှစ်ဆဆုံးရှုံးရမည်ဖြစ်သည်။

ရှီမာယူယူ၏ ခြံဝန်းထဲတွင် အန်းလေသည် အမြန်ပြေးလာပြီး ရှီမာယူယူ ကိုပြောလေသည် “သခင်မလေး ခေါင်းဆောင်က သခင်မလေး သူ့ကိုလာတွေ့ ဖို့ ပြောလိုက်ပါတယ်၊ အဲလူတွေကို သူနဲ့အတူ လာစစ်ဆေးပေးပါတဲ့”

“သွားကြမယ် ဒီကိစ္စတွေအားလုံးရဲ့နောက်ကွယ်က ကြိုးကိုင်တဲ့သူက ဘယ်သူလဲဆိုတာ သွားကြည့်ရအောင်”

***

All Chapters