← Chapters

မင်းသမီးလက်လီစတိုး၌ တွေ့ဆုံခြင်း

Vol. 6 Ch. 76

မင်းသမီးလက်လီစတိုး၌ တွေ့ဆုံခြင်း

Vol. 6 Ch. 76

ချန်လွေ့နိုးလာသည့်အခါ နောက်နေ့ နေ့လယ်ပိုင်း ရောက်သွားပြီဖြစ်သည်။ချန်လွေ့သည် စိတ်ဝိညာဉ် ၃၀% ခန့် ပြန်ပြည့်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ထို့နောက် စိတ်ဝိညာဉ် ဖြည့်တင်း ဆေးရည်တစ်ပုလင်းကို လဲလှယ်ပြီး သောက်လိုက်သည်။ [ အထူးစိစစ်မှု ] ၏ အံ့ဩဖွယ်ရာများကို ချန်လွေ့ ရှာတွေ့ခဲ့သော်လည်း သူ၏ စိတ်အားထက်သန်မှုအတွက် တန်ရာတန်ကြေး ပေးဆပ်ခဲ့ရပြီ ဖြစ်သည်။ စိတ်ဝိညာဉ်သည် မှော်မန္တန် ရွတ်ဖတ်ရန်အတွက် လောင်စာဖြစ်သလို စိတ်နှင့်အာရုံတို့၏ အရင်းအမြစ်လည်း ဖြစ်သည်။စိတ်ဝိညာဉ် မလုံလောက်ဘဲ အတင်းလေ့ကျင့်လျှင် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားနိုင်ပေသည်။ထို့ကြောင့် ချန်လွေ့သည် စိတ်ဝိညာဉ် အပြည့်အဝ ဖြည့်တင်းပြီးသည်အထိ စောင့်ပြီးမှ ပြန်လေ့ကျင့်ရန် စီစဉ်ထားလိုက်သည်။

သာမန်လေ့ကျင့်ရေးကွင်းကို အချိန်ဥပဒေသှနှင့် ချန်လွေ့ စမ်းသပ်ကြည့်ခဲ့သည်။ သို့သော်လည်း အချိန်ဥပဒေသသည် ဤကဲ့သို့အခြေအနေ၌ စိတ်ဝိညာဉ် ပြန်ဖြည့်တင်းမှုကို အကူအညီ မပေးနိုင်ပေ။ချန်လွေ့ စိတ်ပျက်လက်ပျက် ထွက်လိုက်ပြီး အရှိန်အဝါ ၂၀၀၀ ဆုံးရှုံးသွားရသည်။စိတ်ဝိညာဉ် ပြန်လည်‌ဖြည့်တင်းရန်အတွက် ဆေးရည် များနှင့် အိပ်စက်ခြင်းကိုသာ အမှီပြုရတော့မည့်ပုံ ပေါက်နေသည်။[ အထူးစိစစ်မှု ] သည် အမှန်တကယ်ပင် အစွမ်းထက်လှသည်။သို့သော်လည်း နောက်ပိုင်း၌ ထိုအစွမ်းကို အခြေအနေစုံစမ်းပြီးမှ သတိထား၍ သုံးသင့်ပေသည်။

စိတ်ဝိညာဉ် အပြည့်အဝ ပြန်လည်ပြည့်ဝရန်အတွက် ချန်လွေ့သည် နှစ်ရက်ကျော် စောင့်ဆိုင်းရပေမည်။အချိန်အရဆိုလျှင် လေ့ကျင့်ရေးကွင်း၏ ဥပဒေသများနှင့် ထောက်ပံ့ပေး၍ရသည်။သို့သော်လည်း အရှိန်အဝါ အမြောက်အများကို လိုအပ် နေသေးသည်။ထိုစဉ်က ဆေးရည်မည်းကို သောက်လိုက်ခြင်းသည် အမှန်ပင် စိတ်လိုက်မာန်ပါ လုပ်မိသွားခြင်း ဖြစ်သည်။သို့သော်လည်း ဆေးရည်မည်း သောက်ပြီးနောက် စွမ်းအား ထာဝရတိုးတက်လာမှုနှင့် ရင်ဆိုင်ရသည့်အခါ အရှိန်အဝါ ၁၂၀၀၀၀ ကုန်ကျခြင်းသည် အတော်လေး တန်ပေသည်။

စစ်မှန်စိတ်ဝိညာဉ်ဆေးရည်ကို သောက်ပြီး [ အထူးစိစစ်မှု ] အတွက် အရှိန်အဝါ ၂၀၀၀၀ သုံးပြီးနောက်တွင် ချန်လွေ့၌ အရှိန်အဝါ ၉၀၀၀၀သာ ကျန်တော့သည်။အရှိန်အဝါသည် ပိုက်ဆံကဲ့သို့ပင် အဝင်မြန်သလို အထွက်လည်း မြန်သည်။သို့သော်လည်း ဤကဲ့သို့ ဆုံးရှုံးမှု၊ရရှိမှုများကြား၌ ချန်လွေ့၏ကိုယ်ပိုင်အစွမ်း တိုးတက်လာသည်။ထို့ကြောင့် နောင်တရစရာ မရှိပေ။

ဆေးရည်မည်းများထဲတွင် ထာဝရခန္ဓာ နှင့် ထာဝရစိတ်ဝိညာဉ်ဆေးရည်ကို မလဲလှယ် ရသေးပေ။သူတို့၏တန်ဖိုးမှာ အရှိန်အဝါ ၂၀၀၀၀၀ ဖြစ်သည်။မြေဆွဲအား(၈)ဆ၊ အချိန်(၁၀)ဆ သို့မဟုတ် အချိန်အဆ(၁၀၀) အတွက် အရှိန်အဝါပို၍ လိုအပ်သည်။ ဆယ်ဗာဆီမှ ရထားသည့် သလင်းကျောက်နက်ဒင်္ဂါး ၁၆၀၀၀၀ သည် ယခုတွင် ၈၀၀၀၀ သာ ကျန်တော့သည်။သို့သော်လည်း လူပုအိုကြီးက ပိုက်စိတိုက်ရှာမှုကြောင့် ဈေးကွက်ထဲတွင် အရှိန်အဝါ အများကြီး မကျန်တော့ပေ။

သို့သော် ချန်လွေ့၌ အရင်ကတည်းက အကြံတစ်ခု ရှိခဲ့သည်။သို့မဟုတ်ပါက ချန်လွေ့သည် ဆေးရည်မည်းများကို မဆင်မခြင် လဲလှယ်ခဲ့မည် မဟုတ်ပေ။

၎င်းသည် ရှီလန်တောင် ဖြစ်သည်။ရှီလန်တောင်၏ “ သတ္တုရိုင်းအပြုန်းများ ” သည် သာမန်လူများအတွက် အသုံးမဝင်ပေ။ချန်လွေ့အတွက်မူ ၎င်းသည် ပို၍လိုအပ်သည့် အရှိန်အဝါ အရင်းအမြစ်ဖြစ်သည်။ထို့ပြင် ထိုကဲ့သို့ သတ္တုရိုင်းများ အများအပြား ရှိနေသည်။အချက်အလက်အရဆိုလျှင် “ သတ္တုရိုင်းအပြုန်း ” များ ပေါ်ထွက်လာခဲ့ သည်မှာ လွန်ခဲ့သော နှစ်၄၀၀ကျော်က ဖြစ်သည်။၎င်းသည် မြေအောက် နတ်ဆိုး သားရဲများ၏ အထူး “ညစ်ညမ်းမှု ”ကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ရှီလန်တောင်၌ ထိုကဲ့သို့ သတ္တုရိုင်းများ စုဆောင်းထားခဲ့သည်မှာ နှစ်ပေါင်း သုံးလေးရာကျော် ရှိပြီ ဖြစ်သည်။တစ်တုံးလျှင် အရှိန်အဝါ ဆယ်ဂဏန်းသာပေးစွမ်းပြီး မှော်ပစ္စည်းထက် အရည်အသွေး ညံ့သော်လည်း “ အရေအတွက် ” ပမာဏသည် ကြောက်စရာ ကောင်းလှသည်။

အန္တရာယ်နှင့် အခွင့်အရေးသည် အမြဲပင် ကပ်ပါလာသည်။အရတ်စ်နှင့်မယှဉ်ပြိုင်ခင် ရှီလန်တောင်သို့သွားရန် ချန်လွေ့ ဆုံးဖြတ်ထားလိုက်သည်။သို့သော်လည်း ထိုသို့ မသွားခင် မြေပုံတစ်ခု ရှိရပေမည်။သို့မဟုတ်ပါက ဝိုင်ဗန်ရှိရင်တောင် ဦးတည်ရာမဲ့လိုက်ပျံနေလျှင် အချိန်ကုန်သက်သက်သာ ဖြစ်ပေလိမ့်မည်။

ချန်လွေ့ စဉ်းစားနေစဉ် မှင်စာသည် တံခါးလာခေါက်လိုက်သည်။

“ သခင်။အထဲမှာ ရှိနေလား။ ”

သာမန်အခြေများတွင် စလီ နှောင့်ယှက်တတ်သည် မဟုတ်သောကြောင့် ချန်လွေ့ ထကာ တံခါးဖွင့်လိုက်သည်။

“ ဘာကိစ္စလဲ။စလီ။ ”

“ ကောင်စီခန်းမကို လာခဲ့ဖို့ တော်ဝင်မင်းသမီး ပြောလိုက်ပါတယ်။ ”

သူ၏ “ အမွေအနှစ်စမ်းသပ်ချက် ” ကို အကြောင်းပြချက်မရှိဘဲ ရှီရာ နှောင့်ယှက်လိမ့်မည် မဟုတ်သည်ကို ချန်လွေ့ သိသည်။ထို့ကြောင့် အရေးကြီးသည့်ကိစ္စ တစ်ခုခုကြောင့် ဖြစ်ပေမည်။ထို့ပြင် ချန်လွေ့၏ စိတ်ဝိညာဉ်သည်လည်း ပြန်မပြည့်သေးသည့်အတွက် လေ့ကျင့်ရန် မသင့်တော်သေးပေ။ထို့ကြောင့် ချန်လွေ့သည် ကောင်စီခန်းမသို့ ချက်ချင်းပင် အပြေးသွားလိုက်သည်။

ကောင်စီခန်းမ၌ ရှီရာအပြင် ချန်လွေ့မတွေ့ရသည်မှာ ကြာပြီဖြစ်သည့် လှပသော ပုံရိပ်တစ်ခုလည်း ရှိနေသည်။လေ့ကျင့်လေးကွင်း၌ ကုန်ဆုံးခဲ့သည့်အချိန်ကိုပါ ထည့်စဉ်းစားလျှင် သုံးလေးလလောက် ကြာပြီဖြစ်သည်။အမှန်ပြောရလျှင် ချန်လွေ့သည် ထိုမိန်းကလေးကို သတိရမိသည်။အထူးသဖြင့် သေလုမျောပါပြီးဖြစ်နေသည့်အချိန်၌ ထိုပုံရိပ်သည် ချန်လွေ့ကို အဆင့်တက်သွားစေနိုင်သည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပေသည်။

“ ချန်လွေ့ ”

ရင်းနှီးပြီးသားအသံသည် အံ့အားသင့်စွာဖြင့် ထွက်ပေါ်လာသည်။ယခင်ကအတုိင်း ခရမ်းရောင် ဆံပင်တိုတိုနှင့် အနီရောင် မျက်လုံးများပင် ဖြစ်သည်။သို့သော်လည်း ထိုမိန်းကလေး၏ မျက်နှာပေါ်၌ ဖြတ်သွားသည့် ရှက်သွေးသည် အနည်းငယ် ထူးဆန်းနေပုံပေါ်သည်။

“ အသီနာ ”

ချန်လွေ့လည်း အလွန်ပျော်သွားသည်။

“ အမြင့်ဆင့်နတ်ဆိုး အစွမ်းနဲ့ မင်း အပြည့်အဝ အသားကျသွားပြီလား။ ”

“ အင်း။ဒါပေမဲ့ ငါက အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းလောက်ပဲ ရောက်နိုင်သေးတယ်။ ဒါပြီးသွားရင် ပိုပြီးတော့ ခက်ခဲလာမှာ။ ”

အသီနာ ဆက်ခနဲ ခေါင်းညိတ်လိုက်သည်။ချန်လွေ့ကို အသီနာ ကြည့်လိုက်သည့် အချိန်တွင် အသီနာ၏မျက်နှာ၌ စိုးရိမ်မှုများ ပြည့်နှက်သွားသည်။

“ နင်ဘာဖြစ်တာလဲ။နေမကောင်းဘူးလား။ဆေးတွေဘာတွေ သောက်ပြီးပြီလား။ ”

[ အထူးစိစစ်မှု ] ၏ ဘေးထွက်ဆိုးကျိုးကြောင့် ချန်လွေ့၏ လက်ရှိ စိတ်ဝိညာဉ် အခြေအနေသည် အလွန်ဆိုးဝါးနေသည်။၎င်းကို အသီနာက တစ်ချက်တည်း သတိထားမိခဲ့သည်။

“ အင်း။တစ်ခုခု ဖြစ်သွားတယ်။ဒါပေမဲ့ အရေးမကြီးပါဘူး။သုံးလေးရက်လောက် နားလိုက်ရင် ကောင်းသွားမှာပါ။ ”

အသီနာ၏ စိုးရိမ်မှုကို ခံစားမိပြီး ချန်လွေ့၏နှလုံးသား နွေးထွေးသွားသည်။ထို့နောက် ရှီရာပြောသည်ကို ချန်လွေ့ ကြားလိုက်သည်။

“ တာဝန်ကိစ္စကိုတော့ မင်းကိုယ်မင်း အတင်းဖိအားပေးစရာ မလိုပါဘူး။ မင်းအရင် တစ်ခေါက်က ပြောခဲ့တဲ့ ဝတ်ရုံဂိုဏ်းက အင်ပါယာအစောင့်တွေရဲ့ အရန်တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်သွားပြီ။ ”

“ နားလည်ပါပြီ။တော်ဝင်မင်းသမီး။ ”

ရှီရာပြောလိုက်သည့်စကား၏ ပထမတစ်ဝက်တွင် ဖုံးကွယ်ထားသည့် စိုးရိမ်မှု တစ်ခုရှိနေသည်ကို ချန်လွေ့ သဘောပေါက်လိုက်သည်။ရှီရာသည် “ အမွေအနှစ် စမ်းသပ်ချက် ” အကြောင်း ပြောနေခြင်း ဖြစ်သည်။ရှီရာသည် အသီနာရှေ့၌ အေးစက်နေပုံပေါ်သော်လည်း ၎င်းသည် ချန်လွေ့၏ နှလုံးသားထဲကို နွေးထွေး သွားစေသည်။ဒုတိယတစ်ဝက်တွင် ရှီရာသည် အက်ဂ်ယောအပေါ် ချန်လွေ့၏ ယုံကြည်မှုကို အသိအမှတ်ပြုလိုက်ကြောင်း ဖော်ပြခြင်းဖြစ်သည်။

သို့သော်လည်း အသီနာနှင့် ဝတ်ရုံဂိုဏ်းအကြောင်းသာဆိုလျှင် ရှီရာသည် ချန်လွေ့ကို ကောင်စီခန်းမဆီ အထူးတလည် ဆင့်ခေါ်မည် မဟုတ်ပေ။ထို့ကြောင့် ရှီရာဆက်ပြော မည်ကို ချန်လွေ့ စောင့်နေလိုက်သည်။

“ သုံးလတစ်ကြိမ် အစည်းအဝေးကို မနက်ဖြန်မနက် ကျင်းပမှာ။မင်းလည်း အဲ့ဒီမှာ ရှိနေရမယ်။ ”

အစည်းအဝေးလား။ရွိုင့်စ်လည်း အဲ့ဒါကို ပြောခဲ့ဖူးတဲ့ပုံပဲ။ဒီနှစ်ရက်အတွင်းမှာ အနားတောင်မယူဖြစ်ဘူး။ဒါပေမဲ့ အချိန်ပိုအလုပ်လုပ်ရဦးမယ်။အလုပ်ရှင်ရဲ့ အကျိုးအမြတ်အတွက် ငါတိုက်ခိုက်နိုင်ပါ့ဦးမလား မသိဘူး......

“ ငါမင်းကို အစည်းအဝေး မတက်စေချင်ပါဘူး ဒါပေမဲ့ ဂျိုးဆက်ပ်နဲ့ အခြားမိသားစု ကိုယ်စားလှယ်တွေက မင်းကို အတွင်းရေးမှူးတစ်ယောက် အနေနဲ့ တွေ့ချင်နေ ကြတယ်။အဲ့ဒါကြောင့် ငြင်းရခက်တယ်။ပုံမှန်ဆိုရင် ဒီတောင်းဆိုမှုက သင့်တော်ပါတယ်။ ဒါပေမဲ့ ဂျိုးဆက်ပ်က မစဉ်းစားဘဲနဲ့ ပြောမှာမဟုတ်ဘူး။ အစည်းအဝေးမှာ မင်းက လူသားမျိုးနွယ်ဖြစ်တာနဲ့ ပတ်သက်ပြီး ဂျိုးဆက်ပ် ပြဿနာရှာမှာကို သတိထား။ မင်းတကယ် မလုပ်နိုင်ရင် အတွင်းရေးမှူးရာထူးကနေ ထွက်လို့ရတယ်။ ”

ကြောင်သူတော် ဂျိုးဆက်ပ်သည် နောက်ကွယ်၌ လှည့်ကွက်များ လုပ်နေကြောင်း ချန်လွေ့ သဘောပေါက်သွားသည်။ ဂျိုးဆက်ပ်မှာ ကောင်းတဲ့ရည်ရွယ်ချက် လုံးဝရှိမှာ မဟုတ်ဘူး။မနက်ဖြန်မနက် အစည်းအဝေးမှာ ငါသတိထားရမယ့်ပုံပဲ။ဒါပေမဲ့ ရှီရာပြောတဲ့အတုင်းပဲ ငါတကယ်မလုပ်နိုင်ရင် အတွင်းရေးမှူးရာထူးကနေ ထွက်လို့ရတယ်။တကယ်လို့ငါက အာဏာတွေ၊ဥစ္စာတွေကို လိုချင်စိတ်မရှိရင် ဂျိုးဆက်ပ်လည်း ဘာပြဿနာမှာ ရှာလို့ရမှာ မဟုတ်တော့ဘူး။ရှီရာလည်း ငါ့ကိုယုံကြည်တယ်ဆိုတော့ ငါလုပ်သင့်တာတွေကို ဆက်ပြီး လုပ်နေမှာပဲ။

ချန်လွေ့ ခေါင်းညိတ်လိုက်သည်ကို ရှီရာ တွေ့လိုက်သည်။လုပ်သင့်သည့်အရာကို ချန်လွေ့သိသွားပြီဖြစ်ကြောင်း ရှီရာ သိလိုက်သည်။ရှီရာ ဘာမှထပ်မပြောတော့ဘဲ စားပွဲပေါ်၌ သိုလှောင်လက်ပတ်တစ်ခု တင်လိုက်သည်။

“ ဒါက လိပ်ပြာနီနယ်မြေကနေ ဂျိုးဆက်ပ် ယူလာတဲ့ အရည်အသွေးမြင့် နွယ်ကျောက်တွေပဲ။အဲလစ်က ၆တုံးမင်းကို ပေးဖို့ ကတိပေးထားတယ်လို့ ငါ့ကိုပြောတယ်။ဒီတော့ အထဲက နွယ်ကျောက်၁၀၀နဲ့ သိုလှောင်လက်ပတ်က မင်းအပိုင်ဖြစ်သွားပြီ။ ”

အတုံး၁၀၀ လား။၆၆တုံး ဖြစ်ရမှာ မဟုတ်ဘူးလား။

ချန်လွေ့ အံ့အားသင့်သွားသည်။လူပုအိုကြီးကို အတုခိုးပြီး “ တော်ဝင်မင်းသမီးရဲ့ ရက်ရောမှုက နတ်ဆိုးဘုံရဲ့ လနှစ်စင်းနဲ့ ယှဉ်လို့ရပါတယ် ” ဟူ၍ ပြောမိလိုနီးပါး ဖြစ်သွားသည်။သို့သော်လည်း ရှီရာသည် ထိုကဲ့သို့ မြှောက်ပင့်မှုများကို သဘောမကျကြောင်း သိသည့်အတွက် ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။

“ ကျေးဇူးတင်ပါတယ်။အရှင်မင်းသမီး။ ”

သိုလှောင်ဂိုဒေါင် ပိုင်ဆိုင်သည့် ချန်လွေ့အဖို့ ထိုသိုလှောင်လက်ပတ်သည် တန်ဖိုးသိပ်မရှိပေ။ထို့ပြင် ချန်လွေ့၌လည်း ဆယ်ဗာ၏ သိုလှောင်လက်စွပ် ရှိနေပြီဖြစ်သည်။ထို့ပြင် မိုင်‌ဇာအခြေအနေသို့ ရောက်ပြီးနောက်၌ သိုလှောင်ဂိုဒေါင်၏ သိုလှောင်နိုင်စွမ်းသည် အများကြီး ပို၍ကျယ်ပြန့်သွားသည်။ယခုတွင် နေရာအကျယ်ကြီး ရှိနေသော်လည်း ပစ္စည်းနည်းနည်းသာ ရှိသည်။သို့သော်လည်း သိုလှောင်ကိရိယာ များသည် နတ်ဆိုးဘုံ၌ အတော်လေး ရှားပါးသည်။၎င်းသည် သူ၏ မိန်းမလှ သူဌေးမလေး၏ စေတနာလည်းဖြစ်သည့်အတွက် ချန်လွေ့ လက်ခံလိုက်သည်။

ရှီရာ အသာလေး ခေါင်းညိတ်လိုက်သည်။ထို့နောက် ချန်လွေ့ကို တစ်ချက်ကြည့်ပြီး အသီနာကို ကြည့်လိုက်သည်။ရုတ်တရက် ရှီရာ ခေါင်းငုံ့ပြီး လက်ထဲမှ ဖိုင်ကိုကြည့် လိုက်သည်။ရှီရာ ခေါင်းငုံ့နေရင်း ပြောလိုက်သည်။

“ အသီနာက အခုမှပဲ လေ့ကျင့်ရေး ပြီးသွားတာ။အဲလစ်နဲ့ သူမတွေ့ရသေးဘူး။မင်းတို့တွေ မင်းသမီးလက်လီစတိုးဆီ သွားလည်ကြလေ။မင်းတို့နှစ်ယောက်ကိုမြင်ရင် အဲလစ် တကယ်ပျော်မှာပဲ။ ”

အသီနာလည်း အဲလစ်ကို တွေ့ချင်နေသည်။ထို့ကြောင့် ချန်လွေ့နှင့်အတူ နန်းတော်မှ ထွက်လာလိုက်သည်။

“ ချန်လွေ့။နင့်ကို တော်ဝင်မင်းသမီးက နှစ်လ-တာဝန် ပေးထားတာမဟုတ်လား။အဲ့ဒါ အခြေအနေဘယ်လိုရှိလဲ။ ”

“ တစ်ဝက်တော့ကျန်သေးတယ်။ ”

ချန်လွေ့ ကိစ္စတစ်ခုကို တွေးလိုက်မိသည်။

“ ဒါနဲ့ အသီနာ။မင်း ရှီလန်တောင်ကို ရောက်ဖူးလား။ ”

“ အင်း။အမှောင်လမြို့ကိုရောက်တဲ့ ပထမဆုံးနှစ်မှာ အဲ့ဒီကိုသွားပြီး လေ့ကျင့်ခဲ့ဖူးတယ်။ ”

အသီနာ ခေါင်းညိတ်လိုက်သည်။

“ အဲ့ဒီတုန်းက သူခိုးဓားပြတွေကို မိုင်းတွင်းတွေဆီကို မကျူးကျော်လာသေးဘူးလေ။ ”

“ ဒါဆို....ဝိုင်ဗန်စီးသွားရင် အဲ့ဒီကိုရောက်ဖို့ ဘယ်လောက်ကြာမှာလဲ။ ”

ဘေးနားတွင် လူအများကြီးမရှိကြောင်း တွေ့လိုက်ပြီး ချန်လွေ့ တီးတိုးပြောလိုက်သည်။

“ သားရဲတွေနဲ့ အဝေးကြီးပျံသန်းတာကို နင်လေ့ကျင့်ချင်တာလား။ ”

အသီနာ၏ မျက်လုံးများ အရောင်တောက်သွားသည်။

အမှန်အတိုင်းပြော၍မဖြစ်ပေ။ထို့ကြောင့် ချန်လွေ့သည် အသီနာ၏စကားအတိုင်း လိုက်ပြောပြီး မေးလိုက်သည်။

“ တကယ်တော့ အဲ့ဒါက အကြမ်းဖျဥ်းတွေးထားတာပါပဲ။မင်းငါ့ကို ဖြေပေးနိုင်မလား။ ”

အသီနာ မျက်တောင်ခတ်ပြီး ပြန်ဖြေလိုက်သည်။

“ ဝိုင်ဗန်ရဲ့ ပျံသန်းတဲ့စွမ်းရည်က တော်တော်လေး အားကောင်းတယ်။ဒါပေမဲ့ အကန့်အသတ်တော့ရှိတယ်။နားဖို့နေရာရှာပြီးတော့ လမ်းမှာ ဝိုင်ဗန်ကို အစာကျွေးရမယ်။ပြီးတော့လည်း ညပိုင်းနားဖို့ အန္တရာယ်ကင်းတဲ့နေရာကို ရှာရမယ်။မြေပုံရှိရင်တောင် ၆ရက်လောက်သွားရမယ်။အဲ့ဒါကြောင့် နင် ဒီလိုလေ့ကျင့်ရေးမျိုး လုပ်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် အတွေ့အကြုံရှိတဲ့ လမ်းပြတစ်ယောက်နဲ့ဆို အချိန်တစ်ဝက်လောက် သက်သာနိုင်တယ်။ ”

အသီနာသည် လိမ်ညာတတ်သူ မဟုတ်ပေ။သူ၏လှပသော မျက်နှာပေါ်၌ စိတ်ထားထက်သန်သည့် အမူအရာသည် “ ငါက လမ်းပြ ” ဟူသော စကားလုံးကို သေသေချာချာ ဖော်ပြနေသည်။ချန်လွေ့ အသာလေး ပြုံးလိုက်သည်။သို့သော်လည်း ချန်လွေ့သည် စိတ်ထဲ၌ တွက်ချက်နေသည်။ ၆ရက်။အသွားအပြန်ဆိုရင် ၁၂ရက်ကြာမယ်။တစ်လမပြည့်ခင်မှာ အရတ်စ်နဲ့ငါ တိုက်ခိုက်ရမယ်။ငါက တကယ် အလျင်လိုနေတာ။ဒီလမ်းပြကို ခေါ်သွားဖို့ တကယ်လိုရဲ့လား။

စကားပြောနေရင်း သူတို့နှစ်ယောက်သည် မင်းသမီးလက်လီစတိုးသို့ ရောက်ရှိ သွားကြသည်။‌ဈေးဝယ်သူများ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြ‌ပြီး နောက်သို့ ပြန်လှည့်ကြည့်သည်ကို သူတို့ တွေ့လိုက်သည်။စတိုးဆိုင်ထဲ၌ တစ်စုံတစ်ရာ ဖြစ်နေဟန် တူသည်။

ချန်လွေ့ နှင့် အသီနာတို့ အထဲဝင်သွားလိုက်ရာ ပထမထပ်တွင် ဧည့်ခံရသည့် ကဝေမနှင့်မှင်စာသာ ကျန်ရစ်သည်ကို တွေ့လိုက်ရသည်။“ လုံခြုံရေး ” အတွက် တာဝန်ယူထားသည့် ခါဂူလီ ရှိမနေပေ။ဒုတိယထပ်သို့ သွားသည့် လှေကားအဆုံး၌ လူတစ်စု ပိတ်ဆို့နေပြီး ရင်ဆိုင်တွေ့နေကြသည်။ထို့ကြောင့် ချန်လွေ့တို့ နှစ်ယောက်လည်း အလျင်အမြန် ချဉ်းကပ်လာလိုက်သည်။

“ အသီနာ ”

ဒုတိယအလွှာရှိ ဝင်ပေါက်မှ နှုတ်ဆက်သံသည် အသီနာကို မျက်မှောင်ကြုတ်သွားစေပြီး အသီနာ၏ ပျော်နေသည့်စိတ်သည် ချက်ချင်းပင် မပျော်မရွှင် ဖြစ်သွားသည်။၎င်းကို လူတိုင်းကြားလိုက်ပြီး လမ်းဖယ်ပေးလိုက်ကြသည်။

ထိုသူသည် အသီနာအမုန်းဆုံးသူဖြစ်သည့် ငြိမ်ဝပ်ပိပြားရေးအရာရှိ၊အစောင့်များ၏ ဗိုလ်ချုပ်ဖြစ်သူ အဲလန်ခါရွန် ဖြစ်သည်။

“ အသီနာနဲ့ ကျုပ်တို့ အမှောင်လမြို့ရဲ့ အတွင်းရေးမှူးအသစ် ဆာ-ချန်လွေ့တို့ ဖြစ်နေတာကိုး။ ”

အပြုံးနောက်ကွယ်၌ ဓားဝှက်ထားသည့် နောက်ထပ်အသံတစ်ခု ထွက်လာပြီး ချန်လွေ့ကို မသက်မသာ ခံစားရစေသည်။သို့သော်လည်း ချန်လွေ့သည် ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။

“ ဆာ-ဂျိုးဆက်ပ်။ ”

ရင်ဆိုင်တွေ့နေကြသူများသည် ဂျိုးဆက်ပ်၏ လက်အောက်ခံများ နှင့် အဲလန်၏ လက်အောက်ခံများ ဖြစ်ကြသည်။ဂျိုးဆက်ပ်သည် ပြုံးနေဆဲပင်ဖြစ်သည်။သို့သော်လည်း သူ၏နောက်ဘက်ရှိ ရွိုင့်စ် နှင့် ဗာဆာရှာတို့သည် အဲလန်၏ လက်အောက်ခံများကို အလွန်ရန်လို နေကြသည်။

အဲလန်၏ လက်အောက်ခံများသည် ပိုများသော်လည်း တစ်ယောက်မှ အမြင့်ဆင့်နတ်ဆိုး မဟုတ်ကြပေ။ခြိမ်းခြောက်ခံရသည့်အခါ သူတို့ ကြောက်လန့်သွားပုံရသည်။၎င်းသည် ခန့်ညားထည်ဝါဟန်ဆောင်သည့် အကျိုးဆက် ဖြစ်သည်။အဓိကအကြောင်းရင်းသည် ခါရွန်မိသားစုရဲ့ အစွမ်းထက်ဆုံး တိုက်ခိုက်ရေးသမား ဆာရာဒိုသည် အရတ်စ်နှင့် တိုက်ခိုက်ရင်းအပြင်းအထန် ဒဏ်ရာရထားသည်။ထို့ပြင် မီကတ်စ်လည်း သေသွားပြီ ဖြစ်သည်။အဲလန်တွင် အရှေ့ပိုင်း၌ထားရန် အစွမ်းထက်ပုဂ္ဂိုလ် မရှိတော့သည့်အတွက် အရေအတွက်ကိုသာ အားကိုးရတော့သည်။

“ ‌ဆာ-အတွင်းရေးမှူးက နေမကောင်းတဲ့ပုံပဲ။ ”

ဂျိုးဆက်ပ်သည် ချန်လွေ့၏ မတက်မကြွ အခြေအနေကို သတိထားမိပြီး စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။

ဂျိုးဆက်ပ်တွင် ကောင်းမွန်သည့် ရည်ရွယ်ချက်မရှိကြောင်း ချန်လွေ့သိသည့်အတွက် ပြန်ဖြေလိုက်သည်။

“ ကျုပ်ရဲ့ အားနည်းတဲ့ဘက်ခြမ်းကို ပြမိတဲ့အတွက် တောင်းပန်ပါတယ်။ကျုပ်က ငယ်ငယ်ကတည်းက ခန္ဓာကိုယ် အားနည်းနေတာပါ။အရင်နေ့တွေတုန်းက အပြင်းဖျားနေလို့ အပြင်တောင် မထွက်ဖြစ်ဘူး။ ”

ဂျိုးဆက်ပ်သည် အသီနာကိုကြည့်ပြီး အဓိပ္ပာယ်ရှိရှိ ပြုံးလိုက်သည်။

“ ဒီလိုလား။ငါတို့ မဟာနတ်ဆိုးမျိုးနွယ်ရဲ့ ပါရမီရှင်မလေးက အခုနောက်ပိုင်း လူလုံးထွက်မပြတာ ဒါကြောင့်ကိုး။

ထိုစကားကို ဂျိုးဆက်ပ်ပြောပြီးနောက်တွင် စိုက်ကြည့်နေသည့် မျက်လုံးတစ်စုံကို ချန်လွေ့ခံစားလိုက်ရသည်။၎င်းသည် အဲလန်ဖြစ်သည်။ချန်လွေ့သည် ဤကဲ့သို့ အကြည့်ကို ကျင့်သားရနေပြီ ဖြစ်သည်။ထို့ကြောင့် သိပ်ပြီး ဂရုမစိုက်တော့ပေ။ သို့သော်လည်း စကားတစ်ခွန်းတည်းဖြင့် ဂျိုးဆက်ပ်သည် အဲလန်၏ဒေါသကို ချန်လွေ့ဆီ ရောက်သွားအောင် လုပ်လိုက်နိုင်သည်။ဂျိုးဆက်ပ်သည် အမှန်တကယ်ပင် ကောက်ကျစ်လှသည်။

“ အသီနာ။နောက်ဆုံးတော့ နင့်ရဲ့ လေ့ကျင့်ရေး ပြီးသွားပြီပေါ့။ ”

နှစ်ဖွဲ့လုံး လူစုခွဲလိုက်ပြီးနောက် အဲလစ်၏ အံ့ဩနေသည့်အသံ ထွက်လာသည်။

ယခုတော့ လူစုံသွားကြလေပြီ။

All Chapters