← Chapters

အစည်းအဝေးအကြံပြုချက်

Vol. 6 Ch. 78

အစည်းအဝေးအကြံပြုချက်

Vol. 6 Ch. 78

ဂျိုးဆက်ပ်သည် ပြုံးနေရင်း လမ်းပေါ်တွင် ဖြည်းဖြည်းချင်း လျှောက်နေသည်။ သို့သော်လည်း သူ၏မျက်လုံးများသည် မှုန်မှိုင်းနေသည်။မင်းသမီးလက်လီစတိုးမှ ထွက်လာကတည်းက ဂျိုးဆက်ပ်သည် ထိုကဲ့သို့ပင် ဖြစ်နေသည်။

လူရှင်းသည့် လမ်းကြားတစ်ခုကို ဖြတ်သွားနေရင်း ဂျိုးဆက်ပ်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ခိုင်မာစွာ ပြောလိုက်သည်။

“ အဲဒီလူသား သေရမယ်။ ”

၎င်းကို ရွိုင့်စ်ကြားသွားပြီး တအံ့တဩနှင့် မေးလိုက်သည်။

“ ဆာ။ဒီလူသားက ဘာမှအသုံးမကျတဲ့သူပဲလေ။ဘာလို့.... ”

ဂျိုးဆက်ပ်သည် ဂုဏ်ကျက်သရေရှိသည့် မျက်နှာဖြင့် ပြောလိုက်သည်။

“ ခုနက မင်းသမီးလက်လီစတိုးမှာ ငါအများကြီး မြင်ပြီးသွားပြီ။ပစ္စည်းတွေရော၊ တချို့လျို့ဝှက်ထားတဲ့ အံ့ဩဖွယ်ရာတွေရော။နတ်ဆိုးဘုံတစ်ခုလုံးကို ကြည့်လိုက်မယ် ဆိုရင် ဒါတွေက မယုံနိုင်စရာ ဆန်းသစ်ပြောင်းလဲမှုတွေပဲ။တစ်နည်းပြောရရင်တော့ အဲဒါက နတ်ဆိုးဘုံအလွန်ကနေ လာတာဖြစ်ဖို့များတယ်။မြေပေါ်လောက ကနေလာတဲ့ လူသားက သံသယဖြစ်စရာ အကောင်းဆုံးပဲ..... ”

“ ပြီးတော့လည်း အဲလန်ကို ငါယှဉ်ပြိုင်ခဲ့တာက သင်ခန်းစာပေးမလို့မဟုတ်ဘဲ ဈေးနှုန်းကို မြှင့်ဖို့ပဲ။ပြီးရင် ဝီဝီပဟေဠိကို ဝယ်ပြီး အဲလန်ကိုပေးမလို့ပဲ။ဒါဆို မင်းသမီးလေး ကိုရော အဲလန်ကိုပါ တစ်ခါတည်း ကျေနပ်သွားကြမယ်။အဲလန်ရဲ့ စရိုက်ကို ငါကောင်းကောင်း သိတယ်။သူ့ကိုနည်းနည်း လိုက်လျောလိုက်တာနဲ့ ပြန်သင့်မြတ်ဖို့က ဘာမှမခက်ဘူး။ ”

ဂျိုးဆက်ပ်၏ မျက်နှာပို၍ မည်းမှောင်သွားသည်။

“ ဒါပေမဲ့ အဲ့ဒီလူသားက ငါ့အကြံအစည်ကို သတိထားမိသွားပြီးတော့ မင်းသမီးလေးကို အရိတ်အမြွက်ပြလိုက်မယ်လို့ မထင်ထားခဲ့ဘူး။အဲ့ဒါကြောင့်ပဲ မင်းသမီးလေး အဲလို လုပ်ခဲ့တာ။အခု‌ဆို ခါရွန်မိသားစုနဲ့ ငါတို့ဆက်ဆံရေးက ပိုပြီးဆိုးဝါးသွားပြီ။အမြန်ဆုံး မဖြေရှင်းနိုင်ရင် ခါနီတာက ဒါကို အခွင့်ကောင်းယူမှာပဲ။ ”

“ ဒီလူသားက ဒီလောက် အစွမ်းထက်တာလား။သူက မင်းသမီးလေးရဲ့ ဆုံးဖြတ်ချက်ကို တကယ်ပဲ လွှမ်းမိုးနိုင်စွမ်း ရှိတာလား။ ”

ရွိုင့်စ်သည် ရုတ်တရက် သဘောပေါက်သွားပုံရသည်။သူ၏စိတ်ထဲ၌မူ သူ၏“ သခင် ” ဖြစ်သူအပေါ် နားလည်မှု တစ်ဆင့်တက်သွားသည်။ဂျိုးဆက်ပ်၏ အသိအမှတ်ပြုခြင်းကို ရရှိခြင်းမှာ သူ၏သခင်သည် အမှန်တကယ် အထင်ကြီးစရာ ကောင်း၍ဖြစ်ပေမည်။

“ ငါထင်တာမှန်ရင် မင်းသမီးလက်လီစတိုး နောက်ကွယ်မှာရှိ‌နေတာက ချန်လွေ့ပဲ။ မင်းသမီးလက်လီစတိုး ကြီးပွားလာတာအားလုံးက ချန်လွေ့ကြောင့်ပဲ။အဲ့ဒါကြောင့်ပဲ အဲလစ်က သူ့စကားနားထောင်တာ။အကြည့်တစ်ချက်တည်းနဲ့ အဲလစ်က သူ့ရဲ့ ရည်ရွယ်ချက်တွေအားလုံးကို တကယ်ပဲ သဘောပေါက်သွားတယ်။ ”

ထိုသို့ပြောနေရင်း ဂျိုးဆက်ပ်၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်သွားသည်။

“ ဒီလူသား နတ်ဆိုးဘုံကို ရောက်ပြီးကတည်းက အပြောင်းအလဲတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတယ်။ဆရာသခင်စိန်ခေါ်ပွဲဖြစ်ဖြစ်၊ကောင်းကင်တိုက်ပွဲဖြစ်ဖြစ်၊မင်းသမီးလက်လီစတိုးပဲ ဖြစ်ဖြစ် အဲ့လိုမျိုးပဲ။သူ့ရဲ့ထူးခြားတဲ့ ပါရမီကို ထားလိုက်ဦး။သူက အသုံးမကျဘူး ဆိုရင်တောင် တော်ဝင်မင်းသမီးဘက်ကို ကောင်းကျိုးတွေပဲ ပေးနေမှာပဲ။သူ့ကို ရှင်းပစ်ဖို့ နည်းလမ်းရှာရမယ်။ ”

ချန်လွေ့ကြားရင် ဘယ်လိုနေမလဲ မသိဘူး။ အမှန်တကယ်တွင် ဂျိုးဆက်ပ်၏ အကြံအစည်ကို ချန်လွေ့လုံးဝ သတိမထားမိခဲ့ပေ။တိုက်ဆိုင်သွားခြင်းသာ ဖြစ်သည်။ သို့သော်လည်း ဂျိုးဆက်ပ်၏ ဉာဏ်ပညာသည် အဲလန်ကဲ့သို့လူမျိုး မယှဉ်သည့်အရာ မဟုတ်ပေ။မင်းသမီးလက်လီစတိုး နောက်ကွယ်၌ ချန်လွေ့ရှိနေသည်ကိုပင် သူသုံးသပ် နိုင်ခဲ့သည်။ဆရာသခင်စိန်ခေါ်ပွဲ၊ကောင်းကင်တိုက်ပွဲနှင့် “ ကံကောင်းသော သီဝရီ ” အချက်ကိုပင် ဆက်စပ်နိုင်ခဲ့သည်။

“ ဆာ။ကျုပ်တာဝန် ထားလိုက်ပါ။ ”

ရွိုင့်စ်တွေးပြီး တောင်းဆိုလိုက်သည်။

ဂျိုးဆက်ပ်တွင် အထင်ကြီးစရာ ဉာဏ်ပညာရှိသော်လည်း သူ၏အစွမ်းထက် လက်အောက်ခံ တစ်ယောက်သည် လူသား၏အစေခံ ဖြစ်နေမည်ဟု ထင်ထားမည် မဟုတ်ပေ။ချန်လွေ့ကို သတ်ရန်တောင်းဆိုခြင်းသည် “ ရန်သူ ” ကို လွတ်မြောက်စေရန်အတွက်သာ ဖြစ်လေသည်။

“ ရွိုင့်စ်။မှော်စတိုးဆိုင်မှာ ဖြစ်ခဲ့တာက မင်းကို အနှောင့်အယှက်‌ဖြစ်စေနေတုန်းပဲ‌ဆိုတာ နဲ့ အဲ့ဒီအတွက်မင်း အစားထိုးပေးချင်တာကို ငါသိပါတယ်။အဲ့ဒါအတွက် မင်းမှာ တာဝန် မရှိဘူးလို့ ငါပြောပြီးပြီ။ဒါတွေအားလုံးက အဲ့ဒီငတုံး အဲလန်ကြောင့်ပဲ။”

ဂျိုးဆက်ပ်သည် မည်သည့်ခံစားချက်မှမရှိဘဲ ရွိုင့်စ်ကို ရင်ဆိုင်နေသည့် ဗာဆာရှာကို ကြည့်ပြီး အသာလေး ပြုံးပြလိုက်သည်။

“ ချန်လွေ့အတွက်ကို ငါ့မှာအကြံရှိပြီးသားပါ။တကယ်တော့ ဒီလူသားကို လုပ်ကြံဖို့က လွယ်လွန်းပါတယ်။သူ့ရဲ့သေဆုံးမှုကို တန်ဖိုးရှိအောင် လုပ်ဖို့လိုမယ်။တော်ဝင်မင်းသမီးက ငါနဲ့အဲလန်ကြားက ပွဲကို အေးအေးဆေးဆေး ထိုင်ကြည့်နေတယ်။ဒီလိုသာဆိုရင်တော့ ငါသူ့ကို နည်းည်း စိုးရိမ်သွားအောင် လုပ်ပေးရမယ်။ ”

“ သိပါပြီ။ ”

ရွိုင့်စ် အသာလေး ဦးညွတ်လိုက်သည်။သူ၏မျက်လုံးထဲ၌ အရောင်ဖျော့ဖျော့လေး တောက်ပသွားသည်။

နောက်တစ်နေ့နံနက်၌ သုံးလတစ်ကြိမ် အစည်းအဝေး စတင်တော့သည်။

ပုံမှန်အစည်းအဝေးတက်သည့် လူများစွာရှိသည်။ချန်လွေ့သည် အဲလန်နှင့် ဂျိုးဆက်ပ်ကိုသာ သိသည်။ကျန်ရှိသည့် စိုင်ဖူမိသားစုအကြီးအကဲ ဖော့၊ မယ်လွန် မိသားစုအကြီးအကဲ ကာလ် နှင့် အခြား အသေးစား၊အလတ်စား မိသားစု ကိုယ်စားလှယ်များကို စာရွက်စာတမ်း၌သာ မြင်ဖူးခဲ့သည်။

ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ]ကို အသာလေးအသက်သွင်းပြီး လူတိုင်း၏ အစွမ်းကို ကြည့်လိုက်သည်။

[ သူဌေးမ ရှီရာ ]

မျိုးနွယ် = မာန တော်ဝင်မိသားစု။

အစွမ်းသတ်မှတ်ချက် = [ မဆုံးဖြတ်နိုင် ]

[ အစေခံမှူးဂါ့စ် ]

မျိုးနွယ် = သေရွာပြန်။

အစွမ်းသတ်မှတ်ချက် = [ D ]

[ ကြောင်သူတော် ဂျိုးဆက်ပ် ]

မျိုးနွယ် = မဟာနတ်ဆိုး။

အစွမ်းသတ်မှတ်ချက် = [ C ]

[ လေတိုက်ဘုရင် အဲလန် ]

မျိုးနွယ် = မဟာနတ်ဆိုး။

အစွမ်းသတ်မှတ်ချက် = [ E ]

[ စိုင်ဖူမိသားစုအကြီးအကဲ ဖော့ ]

မျိုးနွယ် = မဟာနတ်ဆိုး။

အစွမ်းသတ်မှတ်ချက် = [ D ]

[ မယ်လွန်မိသားစုအကြီးအကဲ ကာလ် ]

မျိုးနွယ် = မဟာနတ်ဆိုး။

အစွမ်းသတ်မှတ်ချက် = [ D ]

……

ချန်လွေ့၏ကိုယ်ပိုင် အစွမ်းသည် [ D ] ရောက်သွားပြီဖြစ်၍ [ သရုပ်ခွဲမျက်လုံး ] ကို အသုံးပြုသည့်အခါ ဂျိုးဆက်ပ်၏ အစွမ်းသတ်မှတ်ချက်သည် “ မဆုံးဖြတ်နိုင် ”ဟု မဖော်ပြတော့ဘဲ [ C ] ဟု ဖော်ပြသည်။သို့သော်လည်း ရှီရာ၏အစွမ်းမှာမူ [ မဆုံးဖြတ်နိုင် ] ဟူ၍သာ ဖော်ပြထားသည်။ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ]ကို တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်ပြီဖြစ်သည်။ဤအစွမ်းသည် သူ့ထက် ပိုအစွမ်းထက်သူကို မစိစစ်နိုင်ကြောင်း ချန်လွေ့သိသည်။ထို့ကြောင့် သူ့ထက် သာသည့် မည့်သူ့ကိုမဆို [ မဆုံးဖြတ်နိုင် ] ဟူ၍သာ ဖော်ပြသည်။

လက်ရှိတွင် အစွမ်းထက်ဆုံးသူသည် ရှီရာဖြစ်ပြီး ဒုတိယမှာ နတ်ဆိုးဘုရင်အဆင့် ရောက်နေပြီဖြစ်သည့် ဂျိုးဆက်ပ် ဖြစ်သည်။အဆိုးဆုံးမှာ အဲလန်နှင့် မိသားစုငယ်များမှ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ရှီရာပြောသည့်အတိုင်းပင် အဲလန်ကို ယခုအခြေအနေ၌ သုတ်သင်ရန် မဖြစ်နိုင်သေးပေ။ မဟုတ်ရင် ရုပ်ပိုင်းဆိုင်ရာရော၊သိမြင်နိုင်မှုရော အားနည်းတဲ့ ငြိမ်ဝပ်ပိပြားရေး အရာရှိကို ဘယ်မှာသွားရှာရမလဲ။

“ မာန တော်ဝင်မျိုးနွယ် ” ဟူသော ရှီရာအတွက် စိစစ်မှုကို ချန်လွေ့ အနည်းငယ် သိချင်သွားသည်။နတ်ဆိုးဘုံမှာ အခုလက်ရှိ တော်ဝင်အင်ပါယာ သုံးခုရှိတယ်။ ကြယ်ကြွေနတ်သမီး အင်ပါယာက “ မာန ” ကို ကိုယ်စားပြုတယ်။ သွေးရောင် အင်ပါယာက “ လောဘ ” ကို ကိုယ်စားပြုတယ်။အရိပ်နက်အင်ပါယာက “ ကာမ ” ကို ကိုယ်စားပြုတယ်။နတ်ဆိုးဘုံ ကောင်းစားတုန်းကတော့ တော်ဝင်မိသားစု၇ခု ရှိခဲ့တယ်။ နှစ်သန်းပေါင်း များစွာကြာအောင် သဘာဝရဲ့ ရွေးချယ်မှုကြောင့် နောက်ဆုံး၌ တော်ဝင်မိသားစု သုံးစုသာ ကျန်တော့သည်။အခြား တော်ဝင်မိသားစုများတွင် အချို့က အခြားသူများကို မှီခိုကြပြီး အချို့က ပျောက်ကွယ်သွားကြသည်။မာန၊လောဘ၊ကာမ.... ရင်းနှီးနေသလိုပဲ။

ဒါပေမဲ့ ရှီရာက အသက်၂၃ပဲ ရှိနေသေးတယ်။[ မဆုံးဖြတ်နိုင် ] ဟူ၍ ဖော်ပြဖို့အတွက် သူ့အစွမ်းက အနည်းဆုံး မဟာနတ်ဆိုးဘုရင်အထိ ရောက်ရမယ်။သူဘယ်လို လေ့ကျင့်ခဲ့တာလဲ။သူ့မှာရော စူပါစနစ် ရှိတာလား။

အကြီးအကဲဂါ့စ်သည် သေရွာပြန်ဖြစ်သည်။သေရွာပြန်အတွက် ပုံမှန်အားဖြင့် အထက် ကန့်သတ်ချက်သည် [ E ] ဖြစ်သည့် အလယ်ဆင့်နတ်ဆိုးဖြစ်သည်။ယခုတွင် [ D ] ဟုဖော်ပြထားသည်။ဂါ့စ်သည် သန္ဓေပြောင်းသွေးမျိုးဆက်ရှိသူ တစ်ယောက် ဖြစ်ပုံရသည်။

ချန်လွေ့ စူးစမ်းနေစဉ် စိုးရိမ်သည့်အသံတစ်သံ ထွက်လာသည်။

“ အတွင်းရေးမှူး။မင်းရဲ့ ခန္ဓာကိုယ်က နေမကောင်းဖြစ်နေတယ်လို့ကြားတယ်။အခု သက်သာသွားပြီလား။ ”

ထိုအသံသည် ကြောင်သူတော် ဂျိုးဆက်ပ်ထံမှ လာသည်ဖြစ်၍ ချန်လွေ့ မသက်မသာ ခံစားလိုက်ရသည်။ထိုမေးခွန်းကို မနေ့က သူမေးခဲ့သည်။ယနေ့တွင်လည်း ထိုမေးခွန်းကိုပင် မေးခဲ့ပြန်သည်။ဂျိုးဆက်ပ်တွင် မကောင်းသည့် ရည်ရွယ်ချက်တစ်ခု ရှိရပေမည်။

“ ဆာ ဂျိုးဆက်ပ်။စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”

ချန်လွေ့ မတ်တပ်ရပ်ပြီး ဦးညွတ်လိုက်သည်။

“ တကယ်တော့ ကျုပ်ရဲ့ခန္ဓာကိုယ် အားနည်းတာကိုပဲ အပြစ်တင်ရမှာပါ။ ဖျားနေတာကြာပြီ။ပြန်မကောင်းသေးဘူး။ ”

ဘေးဘက်မှ အဲလန်သည် အထင်သေးမှုကို လုံးဝဖုံးမကွယ်ထားပေ။ အားနည်းလိုက်တဲ့လူသား။နတ်ဆိုးဘုံကို ရောက်တာ သိပ်မကြာသေးဘူး။ဒါပေမဲ့ အခုတော့ တောင့်မခံနိုင်တော့ဘဲ ဖျားသွားပြီ။သူ ဖျားပြီး သေသွားရင် အကောင်းဆုံးပဲ။

“ ကိုယ့်ကိုယ်ကို ဂရုစိုက်ပေါ့။ ”

ဂျိုးဆက်ပ်သည် အဓိပ္ပာယ်ရှိရှိ ခေါင်းညိတ်လိုက်သည်။

“ မဟုတ်ရင် နောက်ကျ အရေးကြီးတဲ့တာဝန်တွေမင်းကိုပေးဖို့ တော်ဝင်မင်းသမီး ဘယ်လိုစိတ်ချမှာလဲ။တကယ်တော့ ငါမင်းကို အမြင့်ကြီးမှန်းထားတာပါ။ ”

လခွမ်းကို အမြင့်ကြီးမှန်း။ ချန်လွေ့ စိတ်ထဲ မကျေမနပ်ပြော လိုက်သည်။ ခင်ဗျားကို ဘယ်သူမသိလို့လဲ။ရှေ့မှာတော့ ညီအစ်ကိုလို့ အော်ပြောနေပြီး နောက်ဘက်မှာတော့ ဓားသွေးနေတယ်။

ထိုအချိန်တွင် ရှီရာ ထပြောလိုက်သည်။

“ ကောင်းပြီ။စကားပြောတာ တော်လောက်ပြီ။စကြရအောင်။ ”

သုံးလတစ်ကြိမ်အစည်းအဝေးသည် လက်ရှိသုံးလအတွင်း အခြေအနေကို အကျဉ်းချုပ်ပြီး နောက်သုံးလအတွက် အစီအစဉ်များကို အကြမ်းဖျဉ်း သတ်မှတ်ရန်ပင် ဖြစ်သည်။

အစပိုင်း အကျဉ်းချုပ်သည် ချန်လွေ့တာဝန်ယူထားရသည့် မှတ်တမ်းစာအုပ်ပေါ်တွင် အဓိက အခြေခံထားသည့် ကိစ္စကြီးများကို တင်ပြခြင်းသာဖြစ်သည်။တင်ပြပြီးနောက် နောက်သုံးလအတွက် အစီအစဉ်များကို ရှီရာမေးလိုက်ရာ ဂျိုးဆက်ပ် အရင်ဆုံး ထလိုက်သည်။

“ ကောင်းကင်တိုက်ပွဲမှာ ကျုပ်က မင်းသမီးလေးကို နွယ်ကျောက် ၁၀၀ ဆုံးရှုံးခဲ့တယ်။ နွယ်ကျောက်တွေကို စုစည်းဖို့နဲ့ လိပ်ပြာနီနယ်မြေမှာ ကိစ္စလေးတွေပေါ်လာတဲ့အခါ အရင်လတုန်းက ကျုပ် အကြာကြီး ထွက်သွားခဲ့တာ။ဒီအစည်းအဝေးပြီးရင်လည်း အနည်းဆုံးနှစ်လလောက် ခွင့်ယူဖို့ တော်ဝင်မင်းသမီးဆီကနေ တောင်းဆိုပါတယ်။ ကိစ္စတွေပြီးသွားရင် အမှောင်လမြို့ကို ကျုပ်ပြန်လာပြီး အလုပ်အကျွေးပြုမှာပါ။ တော်ဝင်မင်းသမီး နားလည်မယ်လို့ မျှော်လင့်ပါတယ်။ ”

ရှီရာ အသာလေး ခေါင်းညိတ်လိုက်သည်။အမှန်တကယ်ပင် ခွင့်တောင်းခြင်းသည် လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်ကြောင်း လူတိုင်းသိကြသည်။တော်ဝင်မင်းသမီးသည် ဘဏ္ဍာရေးအရာရှိ အကြာကြီးထွက်သွားရန် စိတ်အားထက်‌သန်နေသည်။ ပြန်မလာရင် အကောင်းဆုံးပေါ့။

“ ကျေးဇူးပါပဲ။တော်ဝင်မင်းသမီး။မထွက်သွားခင်မှာ လက်ရှိအလုပ်တွေ အားလုံးကို ကျုပ်စီစဉ်သွားပါ့မယ်။ ”

ဂျိုးဆက်ပ်ပြုံးပြီး လုပ်ငန်းအစီအစဉ်တချို့ ပြောလိုက်သည်။ထို့နောက် မှတ်တမ်း တင်နေသည့်ချန်လွေ့ကိုကြည့်ပြီး ပြောလိုက်သည်။

“ အမှောင်လမြို့ကို ပြန်ရောက်တော့မှ တော်ဝင်မင်းသမီးမှာ အတွင်းရေးမှူးအသစ် ‌တစ်ယောက်ရှိတာကို သိရတာ။သူက ဆရာသခင်စိန်ခေါ်ပွဲနဲ့ ကောင်းကင်တိုက်ပွဲမှာ ထူးချွန်ခဲ့တဲ့ ချန်လွေ့ ဖြစ်နေတာပဲ။တကယ်တော့ ကျုပ်က ချန်လွေ့ကို ပါရမီရှိတယ်လို့ အမြဲထင်ထားခဲ့တာ။တော်ဝင်မင်းသမီးက ပါရမီရှင်တွေကို ရှာဖွေတဲ့နေရာမှာ တကယ်ပဲထူးချွန်တာပဲ။ ”

ထိုသို့ဂျိုးဆက်ပ်ပြောလိုက်ရာ လူတိုင်း၏ မျက်လုံးများသည် အတွင်းရေးမှူး သေးသေးလေးဆီသို့ ကျရောက်သွားသည်။ဂျိုးဆက်ပ်တွင် ရည်ရွယ်ချက်ကောင်းကောင်း မရှိသည်ကို ချန်လွေ့သိသည်။ထို့ကြောင့် သတိထား၍ နေလိုက်သည်။ချန်လွေ့ကို ဤကဲ့သို့ ချီးမွမ်းနေခြင်းသည် ဂျိုးဆက်ပ်၌ အကြံတစ်ခုရှိရမည်ဟု နုံအသည့် အဲလန်ပင် သဘောပေါက်သည်။

ဂျိုးဆက်ပ် ခေါင်းခါပြီး ပြောလိုက်သည်။

“ တော်ဝင်မင်းသမီး။ရိုင်းပြမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။ကျုပ်အထင်တော့ သူ အတွင်းရေးမှူးလုပ်တာက လွန်ကဲပါတယ်။ချန်လွေ့က ဆရာသခင်အဲဒက်စ်ရဲ့ တပည့်လေ။ဆေးဝါးပညာလည်း ကျွမ်းကျင်တယ်။ပြီးတော့ သူက သတိရှိပြီးတော့ ရဲရင့်တယ်။ဆရာသခင်စိန်ခေါ်ပွဲနဲ့ ကောင်းကင်တိုက်ပွဲကို ကြည့်ဖူးတဲ့သူတွေ နားလည်မယ် ထင်ပါတယ်။ချန်လွေ့ကို ပိုပြီးအရေးကြီးတဲ့တာဝန်တွေမှာလုပ်ဖို့ အကြံပြုချင်ပါတယ်။ဘယ်လိုထင်ပါသလဲ။တော်ဝင်မင်းသမီး။ ”

ချန်လွေ့အကြောင်း ဂျိုးဆက်ပ် ပြဿနာရှာမည်ကို ရှီရာ မျှော်လင့်ထားပြီးသား ဖြစ်သည်။၎င်းသည် မျိုးနွယ်ခွဲခြားခြင်း သို့မဟုတ် ဖိနှိပ်ခြင်း ဖြစ်လိမ့်မည်ဟု ရှီရာထင်ထားခဲ့သည်။သို့သော်လည်း အကြံပြချက်တစ်ခု ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ရှီရာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ ချန်လွေ့ကို ရှင်က ဘာလုပ်ဖို့ အကြံပြုချင်တာလဲ။ ”

ဂျိုးဆက်ပ် ပြုံးပြီးပြောလိုက်သည်။

“ မိုင်းတွင်းပြဿနာက အမှောင်လနယ်မြေမှာ နှစ်ပေါင်းများစွာ စွဲကပ်နေတဲ့ ရေရှည် ပြဿနာတစ်ခုပဲ။ဘဏ္ဍာရေးအရာရှိတစ်ယောက်အနေနဲ့ ကျုပ်သူ့ကို မိုင်းတွင်းအရာရှိ အနေနဲ့ အကြုံပြပြီး ရှီလန်တောင်ကို သွားစေချင်တယ်။သူက သူ့ပါရမီတွေကို ပြပြီးတော့ မိုင်းတွင်းလုပ်ငန်းကို စီမံပါလိမ့်မယ်။အရှင်မင်းသမီး ဘယ်လိုထင်ပါသလဲ။ ”

ရှီလန်တောင်။မိုင်းတွင်းအရာရှိ။

ရှီရာ၏မျက်လုံးများ အေးစက်စက်နှင့် အရောင်တောက်သွားပြီး ဂျိုးဆက်ပ်ပြီး ကောက်ကျစ်သည့် အကြံကို ချက်ချင်း သဘောပေါက်လိုက်သည်။

ရှီရာတစ်ယောက်တည်း မဟုတ်ပေ။ရှိနေသည့်နတ်ဆိုးအားလုံးသည် ဂျိုးဆက်ပ်၏ “ ကြင်နာသော ” အကြုံပေးမှု ရည်ရွယ်ချက်ကို သဘောပေါက်ကြသည်။

ရှီလန်တောင်၏ မိုင်းတွင်းသည် အမှောင်လမြို့အတွက် ချမ်းသာကြွယ်ဝမှုနှင့် အကြီးမားဆုံး သယံဇာတ အရင်းအမြစ် ဖြစ်ခဲ့ဖူးသည်။သို့သော်လည်း ဆယ်စုနှစ် အနည်းငယ် ကြာပြီးသည့်အခါ မြေအောက် နတ်ဆိုးသားရဲများ သောင်းကြမ်းလာပြီး မိုင်းတွင်းလုပ်သားများ သေ‌ဆုံးကြရသည်။နောက်ဆုံး မိုင်းတွင်းအရာရှိသည် မိုင်းတွင်းမှာပင် ပျောက်ဆုံးသွားပြီး ယနေ့အထိ အလောင်းကိုပင် ရှာမတွေ့သေးပေ။ ယနေ့တွင်လည်း သူခိုးဓားပြများက ခဏခဏ လာမွှေနှောက်ကြသည့်အတွက် လွန်စွာ အန္တရာယ်များလှသည်။

ချန်လွေ့ကဲ့သို့ စွမ်းအားမဲ့လူသားကိုပင် မဆိုထားနှင့်။အမြင့်ဆင့်နတ်ဆိုး တစ်ယောက်ပင် ဘေးကင်းကင်းနှင့် ပြန်လာနိုင်မည် မဟုတ်ပေ။ဂျိုးဆက်ပ်သည် လူသားကို သတ်ချင် နေသည်မှာ အသေအချာပင် ဖြစ်သည်။

လူသား အတွင်းရေးမှူး၏ မျက်နှာသည်လည်း ထူးဆန်းနေပြီး တိတ်ဆိတ်နေသည်။

ထိုအကြံပြုချက်ကို ကြားသည်နှင့် အဲလန်သည် ဂျိုးဆက်ပ်နှင့် ဆက်ဆံရေးမကောင်း သည်ကို ဂရုမစိုက်တော့ဘဲ ပထမဦးဆုံး သဘောတူလိုက်သည်။မယ်လွန်မိသားစုလည်း ချက်ချင်းပင် ဂျိုးဆက်ပ်၏ မှတ်ချက်ကို ထောက်ခံလိုက်သည်။ဂျိုးဆက်ပ်ကို အညံ့ခံ ထားသည့် မိသားစုများလည်း ထောက်ခံလိုက်ကြသည်။နတ်ဆိုးအများကြီးသည် ချန်လွေ့ကို အသေကောင်သဖွယ် စိုက်၍ ကြည့်နေလေသည်။

ချန်လွေ့၏ မျက်နှာ ထူးဆန်းနေရခြင်း၏ တကယ့်အကြောင်းကို မည်သူမှ မသိကြပေ။ ရှီလန်တောင်သည် ချန်လွေ့ သွားချင်နေသည့် နေရာအတိအကျပင် ဖြစ်သည်။ ဂျိုးဆက်ပ် မှာလည်း အဲလစ်လိုမျိုး [ စိတ်ဖတ်ခြင်း ] အစွမ်း ရှိနေတာများလား။

ထိုအချိန်တွင် စိုင်ဖူမိသားစုမှ အကြီးအကဲ ဖော့ ထပြောလိုက်သည်။

“ ရှီလန်တောင်ရဲ့ မိုင်းတွင်းလုပ်ငန်းက ကျုပ်တို့ အမှောင်လမြို့အတွက် အရေးကြီးတဲ့ ဝင်ငွေအရင်းအမြစ် တစ်ခုပဲလေ။ဒါပေမဲ့ မကြာသေးခင်နှစ်တွေမှာ ကပ်ဆိုက်နေခဲ့တယ်။ အပြင်မှာလည်း သူခိုးဓားပြတွေ ရှိတယ်။အထဲမှာလည်း နတ်ဆိုးသားရဲတွေ ရှိနေတယ်။ မိုင်းတူးဖို့ မဖြစ်နိုင်လုနီးပါးပဲ။ဒီလူသားက ဘာအစွမ်းမှ မရှိဘူး။ဆာ ဂျိုးဆက်ပ် ကိုယ်တိုင် သွားရင် အကောင်းဆုံးပဲလို့ ကျုပ်ထင်တယ်။ခင်ဗျားကိုယ်တိုင်သွားရင် ပြဿနာတွေ အားလုံးကို သေချာပေါက် ဖြေရှင်းနိုင်ပြီးတော့ အမှောင်လမြို့ကို ပြန်ပြီးဖွံ့ဖြိုးလာအောင် လုပ်နိုင်မှာပဲ။ ”

“ ဘဏ္ဍာရေးနဲ့ စီးပွားရေးက နယ်မြေတစ်ခုရဲ့ အဓိကျတာတွေပဲ။ကျုပ်က ဒီလုပ်ငန်းကို တာဝန်ယူထားရတာ။မိုင်းတွင်းဆီကို ကျုပ်ကိုယ်တိုင်သွားလို့ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်သွားရင် ဘယ်သူ ဒါကိုတာဝန်ယူမှာလဲ။ ”

ဂျိုးဆက်ပ်၏ စကားများတွင် ခြိမ်းခြောက်မှု အနည်းငယ်ပါသည်။ဂျိုးဆက် သရော်ပြုံး ပြုံးလိုက်သည်။

“ အကြီးအကဲ ဖော့။ခင်ဗျားရဲ့သား တင်က နောက်ဆုံးမိုင်းတွင်းအရာရှိပဲ။သူရဲ့ ပျောက်ဆုံးမှုအတွက် ကျုပ်စိတ်မကောင်းပါဘူး။ဒါပေမဲ့လည်း တော်ဝင်မင်းသမီး တန်ဖိုးထားရတဲ့ အတွင်းရေးမှူးက ဒီလူဖြစ်ချင်မှ ဖြစ်မှာလေ။တော်ဝင်မင်းသမီးရဲ့ လက်အောက်ခံ ရွေးချယ်တာကို ခင်ဗျားမေးခွန်းထုတ်နေတာလား။ဒါမှမဟုတ် အရင်တစ်ခေါက်က ကျုပ် တင်ကို မိုင်းတွင်းဆီ လွှတ်လိုက်လို့ လက်စားပြန်ချေ တာလား။ခင်ဗျားသိထားဖို့က အမှောင်လမြို့ကို ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုတာ ကျုပ်ရဲ့ရည်ရွယ်ချက်ပဲ။ ”

အကြီးအကဲ ဖော့သည် ဒေါသထွက်ရင်း ကြက်သီးများထသွားသည်။စိုင်ဖူမိသားစုသည် အမှောင်လမြို့၏ ရှေးမိသားစုများထဲမှ တစ်ခုဖြစ်ပြီး အပြင်လူဖြစ်သည့် ဂျိူဆက်ပ်ကို အမြဲပင် ယှဉ်ပြိုင်နေသည်။လွန်ခဲ့သော နှစ်နှစ်က အကြီးအကဲ ဖော့၏ သားအကြီးဆုံး ဖြစ်သူ တင်ကို ဂျိုးဆက်ပ်က မိုင်းတွင်းအရာရှိအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ရလာဒ် အနေဖြင့် တင်သည် မိုင်းတွင်းထဲ၌ ပျောက်ဆုံးသွားခဲ့သည်။ယနေ့အထိ သတင်းမရ သေးဘဲ သေဆုံးပြီဟု သတ်မှတ်ခဲ့သည်။ထို့ကြောင့် ဖော့သည် ဂျိုးဆက်ပ်ကို အရိုးထဲအထိ မုန်းတီးနေခြင်း ဖြစ်သည်။ရှီရာကို ထောက်ခံသည့် အခြားမိသားစုငယ်များကလည်း သဘောမတူကြောင်း ဖော်ပြကြသည်။ကောင်စီခန်းမသည်လည်း ဆူညံသွားတော့သည်။

ရှီရာ၏ အေးစက်စက် မျက်လုံးများသည် ဂျိုးဆက်က်၏ နှလုံးသားကို ဖောက်ထွင်းချင် သကဲ့သို့ပင် တည့်တည့် ကြည့်နေ၏။ကံဆိုးစွာပင် ရှီရာ၏ အကြည့်သည် မသတ်ဖြတ်နိုင်ပေ။ သို့မဟုတ်ပါက ဂျိုးဆက်ပ်၏ ဟန်လုပ်ပြုံးနေသည့်မျက်နှာသည် ဇကာပေါက်ဖြစ်သွားမည်မှာ ကြာလေပြီ။

ဂျိုးဆက်ပ်သည် ရှီရာ၏ဒေါသကို လျစ်လျူရှုပြီး ချန်လွေ့ကို ပုံမှန်ပြုံးနေကျအပြုံးဖြင့် ကြည့်နေလိုက်သည်။ ဒီလူသား သေသွားရင် မင်းသမီးလက်လီစတိုးလည်း အနှေးနဲ့အမြန် ကျဆင်းသွားမှာပဲ။ရှီရာမှာလည်း ကုန်သွယ်ရေးအရ အဓိကအထောက်အပံ့တစ်ခု ဆုံးရှုံးသွားမယ်။သူ့ရဲ့စိတ်ဓာတ်ကိုလည်း အကြီးအကျယ် လွှမ်းမိုးမှုခံရမှာပဲ။

“ ကျုပ် မိုင်းတွင်းကို သွားမယ်။ ”

ဆူညံသံများ ရုတ်တရက် ‌တန့်သွားပြီး မတ်တပ်ရပ်လိုက်သည့် လူသားကို အားလုံးကြည့်လိုက်သည်။

All Chapters