← Chapters

ကြေးမုံထွင်းစာ။တစ္ဆေနဂါး ပဟေဠိ

Vol. 6 Ch. 83

ကြေးမုံထွင်းစာ။တစ္ဆေနဂါး ပဟေဠိ

Vol. 6 Ch. 83

အသစ်ရရှိထားသည့် [ အထူးစိစစ်မှု ] အစွမ်းကြောင့်မဟုတ်ပါက ပါ့ဂ်လီအိုကိုယ်တိုင် သက်ဆိုင်ရာအသိပညာများကို နို့သက်ခံ၍ သင်ကြားပေးခဲ့လျှင်တောင် ချန်လွေ့သည် ဤလျို့ဝှက်ဆန်းကြယ်မှုများကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ယခင်သုံးလေးရက်၌ စိတ်ဝိညာဉ်အကြီးအကျယ်ဆုံးရှုံးခဲ့ရခြင်းသည် အလကားဖြစ်မသွားပေ။

ထိုထွင်းစာများသည် မြေအောက်နက်နက်ထဲ၌ ထွင်းထားပုံရသည်။နှစ်ပေါင်းများစွာ ကြာပြီးသည့်အခါ ထွင်းစာများပေါ်၌ အပင်များ ပေါက်နေလေသည်။သို့သော်လည်း သူတို့၏ စွမ်းအားနှင့် အာနိသင်တို့သည် လုံးဝ အားမလျော့သွားဘဲ ထိုအပင်များကို အသုံးချကာ ပိုပြီးထူးခြားသည့် သက်ရောက်မှုများကို ထုတ်လုပ်ပေးနေသည်။၎င်းတို့သည် နဂါးတို့၏ လျို့ဝှက်ဆန်းကြယ်ဆုံးသော ရှေးဟောင်းထွင်းစာများပင် ဖြစ်သည်။

ညပိုင်း၌ တောထဲတွင် အလင်းရောင်မရှိပေ။အချို့နေရာများကို လရောင်ပင် မထိုးဖောက်နိုင်ပေ။ချန်လွေ့သည် ပါ့ဂ်လီအို သင်ပေးထားသည့် စူးစမ်းရေး နည်းလမ်းအတိုင်း သေသေချာချာလိုက်လုပ်ပြီးနောက် ထွင်းစာထဲရှိ အန္တရာယ်ကင်းသည့် နေရာကို အောင်အောင်မြင်မြင် ရှာတွေ့သွားကာ နောက်ထပ် “ သစ်ပင်ကြီး ” တစ်ပင်ကို ‌ဖြတ်ကျော်သွားလိုက်ပြန်သည်။

သို့သော်လည်း ၎င်းသည် အစပိုင်းသာ ရှိသေးသည်။ရှေ့ပိုင်းတွင် လျို့ဝှက်ထွင်းစာများ အများအပြားရှိနေမည်ဟု ချန်လွေ့ ခံစားနေရသည်။ခန့်မှန်း၍မရသော အစွမ်းရှိသည့် ကြောက်စရာ တစ္ဆေနဂါးလည်း ရှိနေ‌သည့်အတွက် ကပ်ဘေးဟု သတ်မှတ်၍ရပေသည်။

သစ်ပင်ကြီး၏ ဆန်းကြယ်မှု ချန်လွေ့တွေ့ရှိသွားသည့်အတွက် ချန်လွေ့ အော်ပြော လိုက်သည့်အခါ အသီနာသည် ရုတ်ခနဲ မလှုပ်ရဲတော့ပေ။ချန်လွေ့သည် အသီနာရှေ့သို့ ဂရုတစိုက်သွားလိုက်ပြီး ခါးကိုင်းကာ သေသေချာချာ ကြည့်လိုက်သည်။

“ ဒါက [ နှင်ထုတ် ] စွမ်းအားဖြစ်မယ်။မင်း ခြေလှမ်းထပ်လှမ်းရင် တောထဲက ဘယ်နေရာကို တယ်လီပို့နဲ့ရောက်သွားမလဲဆိုတာ ငါမသိဘူး။ဒါပေမဲ့လည်း ငါတို့ဒါကို ကျော်ဖြတ်ရမယ်။မင်းလက်ငါ့ကိုပေး။ငါလမ်းပြပေးမယ်။ ”

အသီနာလည်း ချက်ချင်းပင် ချန်လွေ့လက်ကို ကိုင်လိုက်သည်။သူတို့၏လက် ထိသွားကြသည့်အခါ သူတို့နှလုံးသားထဲ၌ ထူးဆန်းသည့်ခံစားချက်တစ်ခု တစ်ပြိုင်နက်တည်း ခံစားလိုက်ရသည်။အသီနာ၏ခေါင်းထဲတွင် ခဏတာ ကွက်လပ် ဖြစ်သွားသည်။ထို့နောက် အနည်းငယ် ကြောက်ရွံ့လာပြီး ချွေးပျံလာတော့သည်။ အသီနာ၏မျက်နှာ ပူလောင်လာသော်လည်း ချန်လွေ့၏လက်ကို အမြဲတမ်း ကိုင်ထားနိုင်ရန် မျှော်လင့်နေသည်။

အသီနာကို ပထမဆုံး ချန်လွေ့တွေ့ခဲ့စဉ်က သူတို့သည် “ ရင်းရင်းနှီးနှီး ” လက်ကိုင်ခဲ့ ကြသော်လည်း လိုလီလေး၏ အရူးလုပ်ခြင်းကို ခံခဲ့ကြရသည်။အသီနာ၏လက်သည် အဲလစ်ကဲ့သို့ မချောမွေ့သော်လည်း လက်ချောင်းများနှင့် လက်ဝါးတို့သည် ပို၍ ကျစ်လစ်ပြီး နွေးထွေးနေသည်။ဤကဲ့သို့ အခြေအနေ၌ လက်ကိုင်ထားရသော်လည်း ချန်လွေ့သည် နှလုံးခုန်မြန်လာလေသည်။သို့သော်လည်း ချန်လွေ့သည် သူ၏အာရုံကို နဂါးထွင်းစာဆီ အမြန်ပြောင်းလိုက်သည်။

[ နှင်ထုတ် ] ထွင်းစာကို ကျော်ဖြတ်သွားပြီးသည့်အခါ ချန်လွေ့နှင့် အသီနာတို့သည် သူတို့တစ်ကိုယ်လုံးကို ဖြတ်သွားသော ပြင်းထန်သည့် တွန်းကန်အားတစ်ခုကို ခံစားလိုက်ရသည်။ကျောက်ပုံများကို တက်ရင်းပြီး မြစ်ကို ဖြတ်သွားရသကဲ့သို့ပင် ဖြစ်သည်။ခြေတစ်လှမ်းမှားသည်နှင့် “ မြစ် ”ကြောင့် အဝေးသို့ ရောက်သွားပေလိမ့်မည်။ ထွင်းစာကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ပြီးသည့်အခါ ချန်လွေ့၏ စွမ်းဆောင်ရည်ကို အသီနာ အပြည့်အဝ ယုံကြည်သွားလေပြီ။အသီနာ၏အမြင်တွင် ၎င်းသည် အချိန်ကိုက် အသုံးဝင်လာသည့် မဟာဆရာသခင်၏ နောက်ထပ်အမွေတစ်ခုပင် ဖြစ်သည်။ချန်လွေ့ကြောင့်သာ မဟုတ်လျှင် အသီနာသည် ဤနေရာသို့ ကိုယ်တိုင် ရောက်လာနိုင်မည် မဟုတ်ပေ။

ဒီလူသားက အံ့ဩဖွယ်ရာတွေကို ထပ်ပြီးတော့ ဘယ်လောက်တောင် ဖန်တီးနိုင်မလဲဆိုတာ ငါတကယ် မသိဘူး။

ရှေ့တွင် အန္တရာယ်များ ရှိနေသေးသည်။သူတို့နှစ်ယောက် အပြန်အလှန် နားလည်ကြသည်။ချန်လွေ့လည်း လက်မလွတ်သေးပေ။အသီနာလည်း ရုပ်သိမ်းချင်စိတ် မရှိပေ။သူတို့နှစ်ယောက် လက်ကိုင်ထားရင်း ရှေ့ဆက်သွားကြတော့သည်။

ချန်လွေ့သည် ထွင်းစာသုံးလေးခု၏ သက်ရောက်မှုနယ်မြေကို ဖြတ်ကျော်သွားပြီးနောက် အနည်းငယ်ပို၍ ယုံကြည်မှု ရှိလာသည်။တစ္ဆေနဂါး၏ ခြိမ်းခြောက်မှုသာမရှိလျှင် ၎င်းကို အသံတိတ်ညစိမ့်မြေသို့ မသွားခင် နဂါးထွင်းစာ စာမေးပွဲဖြေသည်ဟု အလွယ်တကူ သတ်မှတ်၍ ရပေသည်။

ထိုအချိန်၌ ရှေ့နား မနီးမဝေးနေရာတွင် အနီရောင်အလင်း ဖျော့ဖျော့လေး ပေါ်ထွက် လာသည်။နှစ်ယောက်သား သတိထား၍ ချဉ်းကပ်သွားသည်။၎င်းသည် တစ်မီတာခန့် မြင့်သည့် အပင်ဖြစ်ပြီး သစ်ကိုင်းပေါ်တွင် ဆူးများရှိသည်။အရွက်များမှာ ခရမ်းရောင် ဖြစ်နေပြီး အရောင်ဖျော့ဖျော့လေး တောက်ပနေသည့် လုံးဝန်းသော အနီရောင် အသီးများလည်း အပင်ပေါ်တွင် ရှိနေ၏။

အသီနာ၏ အနီရောင်မျက်လုံးများ တောက်ပသွားသည်။သူ အာရုံစူးစိုက်လိုက်ပြီး စာပေများထဲမှ ရေးထားသည့် မိစ္ဆာသစ်သီး၏ ပုံစံကို သေသေချာချာ ပြန်စဉ်းစား လိုက်သည်။နောက်ဆုံး၌ ၎င်းသည် နတ်ဆိုးများ အိပ်မက်မက်နေကြသည့် ရတနာဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့သည်။

သစ်သီး ၅လုံး၆လုံးခန့် ရှိနေပြီး ယခုမှ ရင့်မှည့်ပုံပေါ်သည်။တော်ဝင်မိသားစုမှလွဲ၍ နတ်ဆိုးများအတွက် ဤသစ်သီးများ၏ တန်ဖိုးများကို မှော်သလင်းကျောက် ဒင်္ဂါးများနှင့် မယှဉ်နိုင်လုနီးပါးပင် ဖြစ်သည်။နတ်ဆိုးသမိုင်းကြောင်းတွင် မိစ္ဆာသစ်သီးကြောင့် အရှင်သခင်များကြား၌ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။

ငါ တစ်လုံးစားလိုက်တာနဲ့ အနာဂတ်မှာ အမြင့်ဆင့်နတ်ဆိုးကို ချိုးဖောက်ပြီး နတ်ဆိုးဘုရင် အဆင့်ရောက်ဖို့ အခွင့်အရေး ပိုများလာမှာပဲ။မဟာနတ်ဆိုးဘုရင် ဒါမှမဟုတ် ပိုမြင့်တဲ့ အဆင့်အထိလည်း ရောက်နိုင်တယ်။

အသီနာသည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး အလောတကြီး မပြုမူလိုက်ပေ။ဘေးဘီဝဲယာသို့ သေသေချာချာ သတိထားကြည့်လိုက်သည်။ထူးဆန်းစွာပင် မိစ္ဆာသစ်သီးကို စားချင်သည်ဟု“ သတင်းထွက်‌နေသည့် ” တစ္ဆေနဂါးကိုမူ မည်သည့်နေရာတွင် ရှာမတွေ့ပေ။အသီနာ ချဉ်းကပ်ရန် ပြင်လိုက်စဉ် ချန်လွေ့သည် လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

“ တစ်ခုခုလွဲနေတယ်လို့ ငါခံစားရတယ်။အလောတကြီး မလုပ်နဲ့။ ”

“ နင်သိလား။တော်ဝင်မိသားစုက လွဲရင် အခြားနတ်ဆိုးတွေအတွက် ဘယ်သူကမှ မိစ္ဆာသစ်သီးရဲ့ ဆွဲဆောင်မှုကို မခုခံနိုင်ကြဘူး။ငါ အဲ့ဒါကို ရမှဖြစ်မယ်။ ”

အသီနာ လက်ဆန့်တန်းကင်း ပြောလိုက်သည်။

“ ဒီအခွင့်အရေးကို ငါမယူနိုင်ရင် တစ္ဆေနဂါး ရောက်လာတဲ့အခါ ငါတို့အားလုံး အန္တရာယ်ကျရောက်မှာ စိုးရိမ်ရတယ်။ ”

ထို့နောက် အသီနာသည် သတိဖြင့် တစ်လှမ်းချင်း ချဉ်းကပ်လာ၏။အန္တရာယ်မရှိကြောင်း သေချာအောင် လုပ်ပြီးသည့်အခါ အသီနာသည် မိစ္ဆာသစ်သီးများဆီသို့ ခုန်လိုက်သည်။

“ နေဦး။ ”

အသီနာ ရှေ့တက်သွားလိုက်သည့်အခါ ချန်လွေ့သည် တစ်ခုခုကို ရုတ်တရက် တွေးလိုက်မိသည်။ထိုအချိန်တွင် အသီနာသည်‌ လေထဲရောက်နေပြီး မိစ္ဆာသစ်သီးကို လှမ်းခူးရန် ကြိုးစားနေသည်။တော်တော်လေး နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။

“ အဲ့ဒါကို ဓားနဲ့ပစ်လိုက်။အသီနာ။မြန်မြန်လုပ်။ ”

ချန်လွေ့၏ အော်သံသည် အသီနာကို ရုတ်တရက် လန့်သွားစေသည်။ချန်လွေ့ကို သူယုံကြည်သည့်အတွက် အသီနာသည် လေထဲ၌ပင် တိုက်ပွဲဝင်အသွင် ပြောင်းလိုက်ပြီး အံကြိတ်ကာ မိစ္ဆာသစ်သီးဆီသို့ မဟာဓားကြီးကို ပစ်ထည့်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း

ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။မဟာဓားကြီးလည်း လွင့်စင်သွားပြီး အပိုင်းပိုင်းပြတ်ထွက်သွားသည်။အသီနာ၏ပုံရိပ်လည်း ပေါက်ကွဲမှုအရှိန်ကြောင့် နောက်ဘက်သို့ လွင့်စင်သွားသည်။သို့သော်လည်း မြေသို့မကျခင် အသီနာကို ချန်လွေ့ ဖမ်းလိုက်သည်။

ထိုအားသည် ချန်လွေ့ကို နောက်‌ဆုံး သုံးလေးလှမ်း ဆုတ်သွားစေပြီး လဲကျလုမတတ် ဖြစ်သွားသည်။လက်မောင်းထဲရှိ အသီနာသည် ပုံမှန်အသွင်သို့ ပြန်ရောက်နေပြီး တစ်ကိုယ်လုံးသွေးများပေနေသည်ကို ချန်လွေ့ တွေ့လိုက်ရသည်။အသီနာ၏ ပုခုံးပေါ်တွင် ဓားတစ်ပိုင်း စိုက်ဝင်နေသည်။ကံကောင်းစွာပင် မဟာဓားကြီးသည် ထွင်းစာ၏စွမ်းအားကို ကြိုတင်ပြီးဖောက်ခွဲလိုက်သည်။သို့မဟုတ်ပါက အသီနာသည် ဓားအပိုင်းအစကဲ့သို့သာ ဖြစ်သွားလောက်ပေမည်။

ကံကောင်းစွာပင် ဓားပိုင်း၏အားကို ပုခုံးပြားက တားဆီးပေးလိုက်သည်။သို့မဟုတ်ပါက အသီနာ၏လက်မောင်းတစ်ခုလုံး ပြတ်ထွက်သွားပေလိမ့်မည်။၎င်းသည် အဆိုးထဲမှ အကောင်းပင် ဖြစ်သည်။

အသီနာတစ်ကိုယ်လုံး တုန်ခါနေပြီး လရောင်အောက်၌ သူ၏မျက်နှာသည် ထူးထူးခြားခြား မှိုင်းမှောင်နေသည်။အသီနာသည် ပြင်းပြင်ထန်ထန် ဒဏ်ရာရနေသည်မှာ အသေအချာပင် ဖြစ်သည်။

“ အသီနာ ”

ချန်လွေ့သည် စိတ်ထဲ၌ နောင်တကြီးစွာ ရသွားသည်။ ခုနက မိစ္ဆာသစ်သီး တစ်ခုခု လွဲနေတယ်ဆိုတာကို ငါဘာလို့ သတိမထားမိလိုက်တာလဲ။အဲ့ဒီမှာ ထွင်းစာတစ်ခု ရှိရမယ်။အဲ့ဒါကိုယ်စားပြုတဲ့ အဓိပ္ပာယ်က [ ကြေးမုံ နဲ့ ပေါက်ကွဲမှု ] ပဲ။

မိစ္ဆာသစ်သီးသည် တည်ချက်အနေနှင့် ထားသည့် ကြေးမုံ ပုံရိပ်တစ်ခုသာ ဖြစ်သည်။ ၎င်း၏ အမှန်တယ် ရည်ရွယ်ချက်မှာ ပေါက်ကွဲမှု ထောင်ခြောက် ဖြစ်သည်။

အသီနာသည် တစ်ကိုယ်လုံး စုတ်ဖြဲခံရသည့် နာကျင်မှုများကို ခံစားနေကြရသည်။ စကားပြောရန်ပင် အားမရှိတော့ပေ။ချန်လွေ့၏ သတိပေးမှုကြောင့်သာမဟုတ်လျှင် သေသွားလောက်ပြီကို အသီနာ သိသည်။လူသား၏ စိုးရိမ်နေသည့်မျက်နှာကိုကြည့်ပြီး အသီနာ၏ စိတ်ထဲ၌ နောင်တများ ပြည့်နှက်သွားသည်။

“ တောင်းပန်ပါတယ်။ငါ ခေါင်းမာပြီးတော့ နင်သတိပေးတာကို နားမထောင်လိုက်မိဘူး။ ”

ငါ့ရဲ့ စိတ်အားထက်သန်မှုကြောင့်သာ မဟုတ်ရင် ငါလည်းအခု ဒဏ်ရာရမှာ မဟုတ်သလို ငါ့ရဲ့လက်ကလည်း ဒီလူသားရဲ့ အနွေးဓာတ်ထဲမှာ ရှိနေဦးမှာပဲ။ငါဘာလို့ သူ့ကို မယုံခဲ့တာလဲ။

“ အခုဒါကိုပြောလို့ ဘာထူးမှာလဲ။ငါမင်းရဲ့ ဒဏ်ရာတွေကိုအရင် စည်းပေးမယ်။ ”

ချန်လွေ့သည် ညင်သာစွာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ချန်လွေ့သည် သိုလှောင် လက်စွပ်ထဲမှ စောင်တစ်ထည်ထုတ်ပြီး မြေပြင်ပေါ်၌ ခင်းချလိုက်သည်။ထို့နောက် အသီနာကို အပေါ်တွင် သေသေချာချာ ထားလိုက်သည်။ချန်လွေ့သည် အံကြိတ်ပြီး ဓားကို ဆွဲထုတ်ကာ ပုခုံးပြားကို ဖယ်ရှားလိုက်ပြီးနောက် ဒဏ်ရာကို ကုသမှုန် အနည်းငယ်ဖြူးပြီး ပတ်တီးစည်းပေးလိုက်သည်။ထို့နောက်တွင် ချန်လွေ့သည် ကုသဆေးရည်တစ်ပုလင်း လဲလှယ်ပြီး အသီနာကို တိုက်လိုက်သည်။

“ အသီနာ။မိစ္ဆာသစ်သီးက မင်းအတွက် သိပ်ကိုအရေးကြီးတယ်ဆိုတာ ငါသိပါတယ်။ ခုနက ငါတုံ့ပြန်တာ နှေးသွားလို့ ငါ့ကိုယ်ငါ အပြစ်တင်ပါတယ်။ထောင်ခြောက်ကို ငါစောစော သတိမထားလိုက်မိဘူး။စိတ်မပူပါနဲ့။ငါမင်းကို သစ်သီးရအောင် ကူညီပေးမှာပါ။ငါ့ကို ဒီမှာစောင့်နေ။မလှုပ်နဲ့ဦး။ ”

“ မသွားနဲ့... ”

အသီနာ တုန်လှုပ်သွားပြီး ကြောက်လန့်သွားပုံပေါ်သည်။

“ ဒီမှာ အန္တရာယ်တော်တော် များတယ်။ငါ မိစ္ဆာသစ်သီး မလိုချင်တော့ဘူး။ ထွက်သွားကြရအောင်....... ”

“ ငါ့ကို ယုံလိုက်ပါ။အဝေးကြီးကို မလျှောက်သွားနဲ့ဦး။နေရာတိုင်းမှာ အန္တရာယ်ရှိတဲ့ ထောင်ခြောက်တွေ ရှိတယ်။ငါပြန်လာရင် မင်းကိုဒီမှာပဲ တွေ့ချင်တယ်။ ”

ချန်လွေ့သည် အသီနာ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ထို့နောက် မတ်တပ်ရပ်ပြီး မြေပြင်ကို သေသေချာချာ ကြည့်လိုက်သည်။ချန်လွေ့သည် ဘေးဘက်သို့ သွားလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အသီနာ၏မြင်ကွင်းမှ ပျောက်ကွယ် သွားသည်။

အသီနာ၏ မျက်လုံးများ နီမြန်းနေပြီ ဖြစ်သည်။သူ၏ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် ဖခင်ဖြစ်သူမှလွဲ၍ အခြားယောက်ျားတစ်ယောက်အတွက် နတ်ဆိုးဘုရားသခင်ထံတွင် ဆုတောင်းတော့သည်။

ကြေးမုံပုံရိပ်မှနေ၍ တကယ့်သစ်သီး၏ တည်နေရာ အကြမ်းဖျဉ်းကို ချန်လွေ့ မှန်းဆနိုင်ခဲ့ပြီးပြီ ဖြစ်သည်။ပေါက်ကွဲမှု ထောင်ချောက် အသက်ဝင်သွားခြင်းကို သတိထားမိ၍ ဖြစ်မည်။ကြောက်စရာဟိန်းသံလည်း ပြန်လည်ထွက်ပေါ်လာပြီး အနားကပ်လာသူများကို ရပ်တန့်ရန် သတိပေးနေသယောင် ထင်ရသည်။

ထိုအသံသည် တဖြည်းဖြည်း နီးကပ်လာကြောင်း ချန်လွေ့ခံစားလိုက်ရပြီး နေရာအမှန်သို့ ရောက်လာကြောင်း သိလိုက်သည်။ချန်လွေ့သည် အစွမ်းထက်သည့် တစ္ဆေနတ်ဆိုး ရိပ်မိသွားမည်ကို စိုးရိမ်သည့်အတွက် သတိထားနေခဲ့ပြီး အသံအကျယ်ကြီးထွက်အောင် မလုပ်ရဲပေ။

ထောင်ခြောက် အတွဲလိုက်များအား ဖြတ်သွားပြီးနောက်တွင် [ ဖုံးကွယ် နှင့် တယ်လီပို့ ] ‌ထွင်းစာကို ကျော်ဖြတ်ပြီးသွားသည့်အခါ အတော်လေး ဟင်းလင်းပွင့်နေသည့် ကျောက်ပုံ တစ်ခုသည် ချန်လွေ့အရှေ့၌ ပေါ်လာသည်။ကျောက်ပုံအောက်ခြေတွင် ကြေးမုံပုံရိပ်နှင့် တစ်ထပ်တည်းဖြစ်နေသည့် အပင်တစ်ပင် ရှိနေသည်။၎င်းသည် မိစ္ဆာသစ်သီး ဖြစ်သည်။ သို့သော်လည်း မျက်စိအဖမ်းစားဆုံးဖြစ်သည်မှာ အနီရောင်ဖျော့ဖျော့ လင်းလက်နေသည့် မိစ္ဆာသစ်သီး မဟုတ်ဘဲ သစ်သီးဘေး၌ ခိုင်မြဲစွာ အမြစ်တွယ်နေသည့် ဧရာမပုံရိပ်ကြီးပင် ဖြစ်သည်။

၎င်းသည် အမှန်တကယ်ပင် နဂါးတစ်ကောင်ဖြစ်သည်။အတိအကျပြောရလျှင် နဂါးတစ်ကောင်၏ အရိုးစုများ ဖြစ်သည်။သို့သော်လည်း ဤနဂါးအရိုးစုသည် အမှန်တကယ်ပင် အသက်ရှိနေသည်။ခရမ်းရောင် လရောင်အောက်၌ ကြီးမားပြီး ဖြူဖွေးသည့် အရိုးစုသည် ထူးဆန်းသော အရောင်အဆင်းဖြင့် ရစ်ပတ်ခံထားရသည်။ ကွက်လပ်ဖြစ်နေရမည့် မျက်လုံးများတွင်လည်း အစိမ်းရောင် တောက်ပနေပြီး ချန်လွေ့ကို ကျောရိုးတစ်လျှောက် ကြက်သီးများ ထသွားစေသည်။

ဤအရာကြီးကို အဘယ့်ကြောင့် တစ္ဆေနဂါးဟု ခေါ်ရကြောင်း ချန်လွေ့ သဘောပေါက် သွားတော့သည်။

တစ္ဆေနဂါးသည် လွန်စွာ စွမ်းအားကြီးပုံပေါ်သော်လည်း ချန်လွေ့ရှိနေသည်ကို အာရုံမခံမိပေ။၎င်းသည် ကောင်းကင်ပေါ်သို့ စူးစူးဝါးဝါးအော်လိုက်ပြန်သည်ကို ချန်လွေ့မြင်လိုက်သည်။ချန်လွေ့သည် အတော်လေး နီးကပ်နေပြီဖြစ်သည်။ထိုအသံမှ ကြောက်မက်ဖွယ်ဖိအားကို ချန်လွေ့ ခံစားလိုက်ရသည်။ထိုအသံကို ကြားလိုက်သည့် မည်သူမဆိုသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြပေလိမ့်မည်။

ဤကဲ့သို့ ဖိအားမျိုးကို ပါ့ဂ်လီအိုထံမှသာ ချန်လွေ့ ခံစားရဖူးသည်။ဤတစ္ဆေဆီမှ ခံစားရသည့် ဖိအားသည့် အဆိပ်နဂါးဆီမှ ခံစားရသည့် ဖိအားထက် အလွန် နိမ့်ကျသော်လည်း ၎င်းသည် အမှန်တကယ်ပင် နဂါးမာန် ဖြစ်သည်။

တစ္ဆေနဂါး၏ တည်နေရာသည် [ သရုပ်ခွဲမျက်လုံး ] သက်ရောက်မှုဝန်းကျင်ထဲ မရောက်သေးသော်လည်း ချန်လွေ့သည် မဆင်မခြင် မလှုပ်ရှားရဲပေ။မွေးကင်းစ နဂါးလေးသည် နတ်ဆိုးဘုရင်အစွမ်း ရှိသည်ဟု အဆိပ်နဂါး ပြောခဲ့ဖူးသည်။ယခင် ထွင်းစာများ၏ စွမ်းအားကို ကြည့်ခြင်းအားဖြင့် ၎င်းသည် နတ်ဆိုးဧကရာဇ် အစွမ်းလောက် ရှိပေမည်။၎င်းကို ချန်လွေ့၏ လက်ရှိအစွမ်းဖြင့် မကိုင်တွယ်နိုင်မည် မဟုတ်ပေ။

ဒီလိုဆိုမှတော့ မိစ္ဆာသစ်သီးကို ငါဘယ်လို ရအောင်လုပ်ရမှာလဲ။

ချန်လွေ့ တွေ့လိုက်ပြီး သူ၏အကြည့်ကို နောက်ဘက်ရှိ ထွင်းစာပါ်တွင် အာရုံစိုက် လိုက်သည်။နဂါးထွင်းစာသည် အသိဉာဏ်ရှိသည့် “ နည်းစနစ် ” မဟုတ်ပေ။သီးသန့် သွေးမျိုးဆက်ကဲ့သို့သော အထူးထွင်းစာများမဟုတ်လျှင် ဖန်တီးရှင် ကိုယ်တိုင် ထွင်းစာကို အသက်ဝင်အောင် လုပ်မိလျှင် ဆက်စပ်သည့် အကျိုးသက်ရောက်မှုများကို ထုတ်ပေးသည်။

ချန်လွေ့၏ စွမ်းအားတစ်ခုတည်းဖြင့် အစွမ်းထက် ထွင်းစာတစ်ခုကို မရေးဆွဲ နိုင်သော်လည်း စူပါစနစ်၏ နဂါးထွင်းစာအပေါ် နားလည်မှုနှင့်အတူ အသက်ဝင်စေပြီး ထွင်းစာများကို ချိတ်ဆက်ပေးနိုင်သည့် တစ်စုံတစ်ခုကို ဖန်တီးရန်အတွက်မူ ဆောင်ရွက်နိုင်ပေသည်။

အကောင်းဆုံး ဖြေရှင်းချက်မှာ [ တယ်လီပို့ ] ထွင်းစာ အဆက်လိုက်ကို အသုံးပြုပြီး အဆိပ်နဂါးကို အခြားနေရာသို့ ချက်ချင်းတယ်လီပို့လုပ်ရန်ပင်ဖြစ်သည်။ထို့နောက် ချန်လွေ့သည် အသီနာကို အလျင်အမြန် ဘေးကင်းရာသို့ ရွေ့ပြောင်းပေးနိုင်မည် ဖြစ်သည်။

တစ္ဆေနဂါးသည် ခဏကြာအောင် ဟိန်းဟောက်နေသည်။ကျူးကျော်သူများကို အာရုံမခံမိသည့်အခါ ၎င်းသည် ချက်ချင်းပင် ခေါင်းငုံ့လိုက်ပြီး ဧရာမဦးခေါင်းခွံသည် မိစ္ဆာသစ်သီးပေါ်တွင် ရပ်တန့်သွားသည်။မျက်လုံးထဲရှိ အစိမ်းရောင် အလင်းဖျော့ဖျော့ လေးသည် ပါးစပ်ဆီသို့ စတင်ရွေ့လျားလာပြီး လျှာကဲ့သို့ပင် မိစ္ဆာသစ်သီးဆီသို့ ဖြည်းဖြည်းချင်း ဆန့်တန်းလာသည်။၎င်းသည် တော်တော်လေးကို ထူးဆန်းလှပေသည်။

ထိုအခိုက်တွင် ညာဘက်မှ ရုတ်တရက် ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။ အစိမ်းရောင်အလင်းလည်း တုန်လှုပ်သွားပြီး နောက်ဆုတ်လိုက်သည်။ထိုအချိန်တွင် နဂါးခေါင်းသည် အခြားတစ်ဖက်သို့ လှည့်နေပြီး ပျင်းရိသည့် ပုံစံကဲ့သို့ ခံစားရစေသည်။

တစ္ဆေနဂါးသည် အသံကြားရာဘက်သို့ ဖြည်းဖြည်းချင်း သွားပြီး သုံးလေးခေါက် မာန်ဖီလိုက်သည်။ထိုထဲတွင် သတိပေးချက်များနှင့် ခြိမ်းခြောက်မှုများ ပြည့်နေသည့် အစွမ်းထက်နဂါးမာန်တို့ ရောနှောနေသည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် မိစ္ဆာသစ်သီးများရှေ့သို့ လျှပ်စီးကဲ့သို့ ရောက်လာပြီး လက်ဝှေ့ရမ်းလိုက်ရာ သစ်သီး၆လုံးစလုံး ပျောက်ကွယ်သွားတော့သည်။

All Chapters