← Chapters

ကြယ်စင်စုဥယျာဉ် နှင့် မိစ္ဆာသစ်သီး

Vol. 6 Ch. 85

ကြယ်စင်စုဥယျာဉ် နှင့် မိစ္ဆာသစ်သီး

Vol. 6 Ch. 85

ကျွန်-သခင် စာချုပ် ချုပ်ပြီးသည့်အခါ ဒိုဒိုသည် အားလုံးကို ပြောပြလိုက်သည်။

[ သရုပ်ခွဲမျက်လုံး ] ၌ ပြသည့်အတိုင်းပင် ဒိုဒိုသည် ချွဲကျိကောင် ဖြစ်သည်။

နတ်ဆိုးဘုံ၌ အစွမ်းထက်မျိုးနွယ်များဖြစ်သည့် နတ်သက်ကြွေနဂါး၊မိစ္ဆာမျက်လုံး အာဏာရှင် နှင့် ဒြပ်စင်အရှင်သခင်များရှိသည်ကို ချန်လွေ့ ကြားခဲ့ဖူးသည်။ဝိုင်ဗန် နှင့် အိပ်မက်ဆိုး အစရှိသည့် နာမည်ကြီး နတ်ဆိုးသားရဲများကိုလည်း ကြားခဲ့ရသည်။ သို့သော်လည်း ချန်လွေ့အရှေ့တွင် “ ချွဲကျိကောင် ” ဟူသော နာမည်ကို မည်သူမှ မပြောခဲ့ဖူးပေ။အကြောင်းပြချက်မှာ ရိုးရှင်းသည်။၎င်းတို့သည် အလွန်အားနည်းကြသည်။ အာရုံထားစရာမလိုအောင်ပင် အားနည်းကြသည်။

ချွဲကျိကောင်သည် နတ်ဆိုးသားရဲ အစာကွင်းဆက်ထဲတွင် အဆင့်အနိမ့်ဆုံး သတ္တဝါများ၏ အနိမ့်ဆုံးအဆင့် ဖြစ်သည်။၎င်း၏ တစ်ခုတည်းသော စွမ်းရည်သည် အစွမ်းထက်သော ရန်သူများကို ကြောက်လန့်ပြီး ထွက်ပြေးစေရန်အတွက် ကြောက်မက်ဖွယ်ရာ ပုံစံအမျိုးမျိုးသို့ အသွင်ပြောင်းခြင်းသာ ဖြစ်သည်။၎င်းတွင် တိုက်ခိုက်ရေးစွမ်းအား မရှိပေ။၎င်းသည် ပုံမှန်အားဖြင့် အပင်၏အာဟာရများကို ဝါးမျိုပြီး အသက်ရှင်ရသည်။ သို့သော်လည်း အရာရာတိုင်းတွင် အားနည်းချက်ရှိသည့်အတွက် အသားစား အပင်များကပင် ၎င်း၏ [ ဝါးမျို ] စွမ်းရည်ကို ကြောက်ရွံ့ကြသည်။

ဒိုဒိုသည် မူလက သာမန် ချွဲကျိကောင် တစ်ကောင်သာ ဖြစ်သည်။လွန်ခဲ့သော နှစ်ပေါင်းများစွာအကြာက ( ဒိုဒို သေသေချာချာ မမှတ်မိတော့ ) ၎င်းသည် တိုက်ဆိုင်စွာဖြင့် မိစ္ဆာသစ်သီး သုံးလေးလုံးကို ဝါးမျိုခဲ့ရပြီး အသိဉာဏ် တော်တော်လေး တိုးတက်သွားခဲ့သည်။ထို့နောက်တွင် အစွမ်းထက် နဂါးတစ်ကောင်သည် မိုးသစ်တောမည်းဆီသို့ ရောက်လာသည်။ထိုနဂါးသည် အပြင်းအထန် ဒဏ်ရာရနေခဲ့သည်။ရန်သူများထံမှ ထွက်ပြေးခဲ့ဟန်တူသည်။ထိုနဂါးသည် ပုန်းကွယ်ရန်အတွက် နဂါးထွင်းစာ အဆက်လိုက်ကို အသည်းအသန် ချထားခဲ့သည်။ နောက်ဆုံးတွင် ထိုနဂါးသည် ဒိုဒိုပုန်းနေသည့် ကျောက်ပုံကြီးဆီသို့ ရောက်လာခဲ့ပြီး လှုပ်မနိုင်တော့ပေ။အစာကွင်းဆက်၏ ထိပ်ဆုံးအဆင့် နတ်ဆိုးသားရဲကို မြင်ရသည့်အခါ ဒိုဒိုသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။ဒိုဒိုသည် ကျောက်တုံးများကြား၌ ပုန်းနေပြီး မဆင်မခြင် မလှုပ်ရှားရဲပေ။ဒိုဒိုသည် အက်ကွဲကြောင်းများ‌ဆီသို့ စီးနေသည့် နဂါးသွေးများကို အမှီပြု၍သာ မနည်း အသက်ရှင်ခဲ့ရသည်။

ရက်ပေါင်းမည်မျှ ကြာသွားသလဲ မသိပေ။နဂါးသည် ပြင်းထန်သည့်ဒဏ်ရာကြောင့် သေဆုံးသွားခဲ့ရသည်။နောက်ဆုံး၌ ဒိုဒိုသည် အပြင်သို့ ထွက်လာရဲလေပြီ။မိစ္ဆာသစ်သီး ကြောင့်လား၊ နဂါးသွေးကြောင့်လား မသေချာပေ။ဒိုဒိုသည် အပင်ထက် အသားကိုပို၍ စိတ်ဝင်စားနေခဲ့သည်။ရဲရဲရင့်ရင့်နှင့် နဂါးအသားတစ်တုံးကို စားပြီးသည့်အခါ ဒိုဒိုသည် ကိုယ့်ကိုယ်ကို မထိန်းထားနိုင်တော့ပေ။ဒိုဒို၏ နူညံ့လှသော ကြိုးစားမှုကြောင့် နဂါးတစ်ကောင်လုံးတွင် အရိုးစုသာ ကျန်တော့သည်။နဂါးကိုစားပြီးသည့်အခါ ဒိုဒိုသည် စွမ်းအားကြောင့် ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။နဂါးသွေးကို ပထမဆုံး ဝါးမျိုစဉ်က ကဲ့သို့ပင် ဖြစ်သည်။နောက်ဆုံး၌ ဒိုဒိုသည် အသက်ဆက်ရှင်ချင်သည့် ပြင်းထန်လှသော စိတ်စွမ်းအားကြောင့် အသက်ရှင်နိုင်ခဲ့သည်။

အရေးမပါဆုံးဖြစ်သည့် ချွဲကျိကောင်သည် နဂါးတစ်ကောင်လုံး၏ အသားများကို အမှန်တကယ် ဝါးမျိုမည်ဟု မည်သူမှ ထင်ထားခဲ့ကြမည် မဟုတ်ပေ။

နဂါးသွေးနှင့် အသားကို စားပြီးသည့်အခါ ဒိုဒို၏အစွမ်းသည် တဟုန်ထိုး တိုးတက်သွားပြီး သန္ဓေပြောင်းသွားကာ အသွင်ပြောင်းစွမ်းရည် အကြီးအကျယ် တိုးတက်သွားသည်။ သတ်ဖြတ်ခြင်းနှင့် စွန့်စားခြင်းများ အဆက်လိုက်ပြီးသွားပြီးနောက်တွင် အသိဉာဏ်နှင့် စွမ်းအား အတော်လေး ပိုင်ဆိုင်နေပြီဖြစ်သည့် ချွဲကျိကောင်သည်နဂါးအဖြစ် ဟန်ဆောင်ရန် ရွေးချယ်လိုက်သည်။ဒိုဒိုသည် ခန္ဓာကိုယ်ကို ဆွဲဆန့်လိုက်ပြီး နဂါးအရိုး အားလုံးကို ဝါးမျိုကာ အရိုးစုများကို လှုပ်ရှားရန် ထိန်းချုပ်လိုက်သည်။နဂါး အသက် ပြန်ရှင်လာသလို ဖြစ်သွားပြီး ဒိုဒိုသည် “ တစ္ဆေနဂါး ” ဟူသော ဂုဏ်ပုဒ် ရလာခဲ့သည်။ သို့သော်လည်း ဖော်ထုတ်ခံရမည်ကို တားဆီးရန်အတွက် “ တစ္ဆေနဂါး ” သည် မိစ္ဆာသစ်သီး ပေါက်သည့် ဤ ပြီးပြည့်စုံသည့်နေရာမှ လုံးဝထွက်မသွားခဲ့ပေ။

ထိုနည်းလမ်းဖြင့် ဒိုဒိုသည် တစ္ဆေနဂါးဆိုသည့် သရုပ်ကို မှီခိုပြီး သစ်သီးလာလုသည့် ရန်သူများကို ခြောက်ထုတ်ကာ တစ်ယောက်တည်း သစ်သီးများကို ပျော်ရွှင်စွာ စားသုံးခဲ့ရသည်။၎င်း၏ခန္ဓာကိုယ်သည် ထပ်ပြီးသန္ဓေပြောင်းသွားကာ သမိုင်းကြောင်းတွင် အမြင့်ဆင့်နတ်ဆိုးသို့ ရောက်သည့် ပထမဆုံး ချွဲကျိကောင် ဖြစ်လာခဲ့သည်။ မိုးသစ်တောမည်း၏ “ နယ်ရှင်ပယ်ရှင် ” လည်း ဖြစ်လာခဲ့သည်။

နတ်ဆိုးသစ်သီးများကို ဝါးမျိုရန်အတွက် ဒိုဒိုသည် နဂါးခန္ဓာကိုယ်မှ ထွက်သွားရန် လိုအပ်သည်။ထို့ပြင် အစာချေရန်အတွက် အချိန်အကြာကြီး လိုအပ်သည့်အတွက် နဂါးပုံစံကို ထိန်းထားရန် မဖြစ်နိုင်ပေ။ထို့ကြောင့် ဒိုဒိုသည် နဂါးမာန်ကို ထုတ်လွှတ်ပြီး ဖော်ထုတ်ခံရမှုကို ရှောင်ရှားရန်အတွက် သားရဲအုပ်ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတော့ ချန်လွေ့သည် “ တစ္ဆေနဂါး ” နှင့် နဂါးထွင်းစာ အကြောင်းကို သဘောပေါက်သွားလေပြီ။နဂါးမာန်ကို ဒိုဒို အသုံးပြုနိုင်ရခြင်းသည် နဂါး၏ အသွေးအသားကို ဝါးမျိုခြင်း၊ မိစ္ဆာသစ်သီးကိုစားပြီးနောက် သန္ဓေပြောင်းခြင်းတို့နှင့် ဆက်နွှယ်နိုင်ပေသည်။သို့သော်လည်း ဒိုဒို ပြောသည့်အတိုင်းဆိုလျှင် အချိန်အတော်ကြာ စုဆောင်းပြီးမှသာ နဂါးမာန်ကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။ပိုကြီးမားသည့် အစွမ်းကို ထုတ်လွှတ်နိုင်ရန်အတွက် နဂါးအရိုးခြောက်နှင့် ပြုလုပ်ခြင်းသည် အကောင်းဆုံးပင် ဖြစ်သည်။ယခုတစ်ခေါက် သားရဲအုပ်အတွက် နဂါးမာန် အားလုံးကို အသုံးပြုလိုက်ပြီ ဖြစ်သည်။၁၀မိနစ်ဝန်းကျင်သာ အသုံးပြုရန်အတွက် ၃ရက်ခန့် စုဆောင်းရလေသည်။

သခင်အသစ်ကို ကျေနပ်စေရန်အတွက် ဒိုဒိုသည် နဂါးချန်ခဲ့သည့် ပစ္စည်းသုံးမျိုးဖြစ်သော အရုပ်တစ်ရုပ်၊ပုတီးတစ်လုံးနှင့် မှော်မြေပုံတစ်ခု တို့ကို ဆက်သလိုက်သည်။အရုပ်သည် အမည်မသိ သတ္တုဖြင့်ပြုလုပ်ထားပြီး လက်ဝါးအရွယ်ခန့် ရှိပြီး နူးညံ့လှသည်။ပုတီးသည် လက်သီးဆုပ်ထက် အနည်းငယ်သာ သေးပြီး အပြာရောင် ဖျော့ဖျော့လေး တောက်ပနေသည်။မှော်မြေပုံသည် ထောင့်တွင် ပြဲနေ၏။ထို့ကြောင့် ၎င်းပေါ်ရှိ သဲလွန်စများအနည်းငယ်သာ ရှိသည်။မည်ကဲ့သို့ ပဟေဠိ ရှိမည်ကို ချန်လွေ့ သေချာမသိပေ။သေသေချာချာ လေ့လာရန် အချိန်မရှိသည့်အတွက် ချန်လွေ့သည် ထိုပစ္စည်းသုံးမျိုးကို သိုလှောင်ခန်းထဲ၌ ထည့်ထားလိုက်သည်။

နဂါးအရိုးဆီသို့ လမ်းလျှောက် သွားလိုက်သည့်အခါ ထိုအရိုးများထဲ၌ ထူးဆန်းသော စွမ်းအင်တစ်ခု ပါဝင်သည်ဟု ချန်လွေ့ ခံစားလိုက်ရသည်။[ အရှိန်အဝါ ပြောင်းလဲ ] အစွမ်းကို ချန်လွေ့သုံးလိုက်သော်လည်း ဘာမှဖြစ်မသွားပေ။အရိုးခြောက်သည် အလွန်ကြီးမားလှသည်။အပိုင်းပိုင်းမဖြတ်လျှင် သိုလှောင်လက်ပတ်ထဲ၌ သိမ်းထား၍ ရမည် မဟုတ်ပေ။သို့သော်လည်း သိုလှောင်ဂိုဒေါင်အတွက် ဘာမှမဟုတ်ပေ။ထို့ကြောင့် အရိုးခြောက်ကို အလွယ်အကူပင် သိမ်းထားလိုက်သည်။

မိစ္ဆာသစ်သီးများအတွက် ချန်လွေ့ စတင် တွက်ချက်နေလေပြီ။စုစုပေါင်း မိစ္ဆာသစ်သီး ၆လုံးရှိသည်။၎င်းတို့သည် အခွံမာ လိုင်ချီးသီး အရွယ်ရှိပြီး အသားအရည် နူးညံ့သော်လည်း ရှုပ်ယှက်နေသည်။သစ်သီးသည် အဖိုးတန်သော်လည်း အပင်သည် ပို၍အဖိုးတန်လှသည်။ ဒိုဒို ထွက်သွားလျှင် နတ်ဆိုးသားရဲတို့၏ ဖျက်ဆီးမှုကို ခံရနိုင်ပေသည်။ ဟုတ်သားပဲ။ ကြယ်စင်စုဥယျာဉ် ရှိတာပဲ။စူပါစနစ်အပြင်က အပင်တွေကို စိုက်လို့ရလား မသိသေးဘူး။

အချိန်ကို စဉ်းစားကြည့်လျှင် အခရာအစေ့သည် ယခု၌ ရင့်မှည့်လောက်ပြီ ဖြစ်သည်။ ၎င်းကို တွေးမိပြီးနောက် ချန်လွေ့သည် ချက်ချင်းပင် စူပါစနစ်ထဲရှိ ကြယ်စင်စု ဥယျာဉ်ထဲသို့ ဝင်လိုက်သည်။

ကြယ်စင်စုဥယျာဉ်သည် ယခင်ကထက် အများကြီး ပို၍ပြောင်းလဲသွားလေပြီ။ဥယျာဉ် တစ်ခုလုံးကို မြူမှုန်အလွှာ ဖျော့ဖျော့လေးဖြင့် ဖုံးလွှမ်းထားသည်။အဝေးမှကြည့်လျှင် ၎င်းသည် အရောင်စုံ တောက်ပနေသည်။အလယ်ဗဟိုရှိ စက်ဝိုင်းပုံမြေသား၌လည်း တစ်မီတာအမြင့်ရှိ အပင်တစ်ပင် ရှိနေပြီ ဖြစ်သည်။၎င်းသည် သစ်သားထက် ရွှေနှင့် လုပ်ထားသကဲ့သို့ ထင်ရပြီး စိမ်းမြမြ အရွက်များဖြင့် တန်ဆာဆင်ထားသည်။၎င်းသည် တုပထားသည့် အရိပ်အယောင် တစ်ခုမျှမပါဘဲ သဘာဝအလှတရား တစ်ခုပင် ဖြစ်သည်။

ဥယျာဉ်ထဲရှိ မြူနှင်း အရင်းအမြစ်သည် သစ်ပင်ငယ်လေး ဖြစ်သည်။ထူးဆန်းစွာပင် သစ်ပင်ငယ်လေး၏ ထိပ်ဘက် မြူနှင်းအတွင်း၌ မိန်းမလှလေး တစ်ယောက် ရှိနေခြင်းပင် ဖြစ်သည်။ထိုမိန်းကလေး၏ လှပသော မျက်နှာ အမူအရာများကို ရေးရေးလေး မြင်ရသည်။အလွန် နူးညံ့သိမ်မွေ့လှသော ပုံရိပ်သည် ကောင်းကင်ဘုံမှ နတ်မိမယ် ကဲ့သို့ပင် ဖြစ်သည်။၎င်းသည် အခရာအစေ့ဟု ခေါ်ရခြင်းသည် မထူးဆန်းလှပေ။ ထိုမိန်းကလေးသည် အမှန်တကယ်ပင် အသက်ရှိနေပြီး ချန်လွေ့ကို မြင်လိုက်သည့်အခါ အနည်းငယ် ဦးညွှတ်လိုက်သည်။

၎င်းသည် စူပါစနစ်၏ ဒီဇိုင်းဖြစ်သည်ကို ချန်လွေ့သိသော်လည်း အံ့ဩနေမိဆဲပင် ဖြစ်သည်။ အခု အခရာအစေ့ကလည်း ရင့်မှည့်သွားပြီ။အခြားအရာတွေကို ငါဘယ်လိုစိုက်ရမှာလဲ။မြေဆွပေးရမှာလား။ရေသွယ်ပေး ရမှာလား။မြေဩဇာ ကျွေးရမှာလား။

ချန်လွေ့ တွေ့ကြည့်လိုက်ရာ ဥယျာဉ် အဝင်ဝ၌ အလင်းမျက်နှာပြင် ပေါ်လာသည်။ ဥယျာဉ်စနစ်ပုံထဲရှိ အလယ်ဗဟိုတွင် မိန်းကလေး ခန္ဓာကိုယ်ပုံစံ အပင် ဖြစ်သည့် သင်္ကေတတစ်ခု ပေါ်လာသည်။

[ အခရာ နတ်မိမယ် ]

- အဆင့်(၁)

- အဆင့်တိုးမြှင့်ရန် သတ်မှတ်ချက် (၁) = ဆင့်ကဲပြောင်းလဲခြင်း အဆင့် ကြယ်သုံးပွင့်

- အဆင့်တိုးမြှင့်ရန် သတ်မှတ်ချက် (၂) = အဆင့်အတန်း၂ သန့်စင်ပြီး မှော်မှုန် ၁၀၀၀ ယူနစ်

သန့်စင်ပြီး မှော်မှုန်ဆိုပါလား။မှော်မှုန်တွေကို ထပ်ပြီး သန့်စင်ဖို့ အခြားနည်းလမ်း ရှိသေးတာလား။ဒါပေမဲ့ အဆင့်တိုးမြှင့်ဖို့အတွက် အနည်းဆုံးတော့ ငါ နောက် အခြေအနေတစ်ခုကို ရောက်အောင်လုပ်ရမယ်။အဲ့ဒါကြောင့် အခုစဉ်းစားနေလို့ ဘာမှမထူးဘူး။

ချန်လွေ့သည် စနစ်ပုံထဲရှိ မြေကွက်လပ်ဆီသို့ စိတ်စေလိုက်သည်။စိုက်ပျိုး၍ရနိုင်မည့် အပင်စာရင်းများထဲတွင် အရှိန်အဝါ သစ်ပင် တစ်ခုတည်းသာ ပေါ်လာသည်။

“ အရှိန်အဝါ သစ်ပင်။တစ်ပင်ကို အရှိန်အဝါ ၅၀၀ လိုအပ်သည်။လဲလှယ်ပြီး စိုက်ပျိုးချင်ပါသလား။ ”

ဘေးဘက်တွင် နံပါတ် အသိပေးချက်များလည်း ရှိနေသည်။

၅အထိ ချန်လွေ့ ရွေးချယ်လိုက်သည့်အခါ လက်ရှိ ဆင့်ကဲပြောင်းလဲခြင်း အဆင့်၏ ဝယ်ယူမှုအကန့်အသတ်ကို ရောက်ရှိသွားပြီဟု အသိပေးချက် ပေါ်လာသည်။ဝယ်ယူမှုကို အတည်ပြုပြီးသည့်အခါ စနစ်ပုံထဲတွင် အစေ့၅စေ့ အလိုအလျောက် ပေါ်လာသည်။

နောက်ထပ် အသိပေးချက်တစ်ခု ထပ်ပေါ်လာပြန်သည်။

“ အခရာနတ်မိမယ် အပြုအစုစနစ်ကို အသက်သွင်းမည်လား။အသက်သွင်းရန် မှော်မှုန် ယူနစ်များ ထောက်ပံ့ပေးရမည်။မှော်မှုန်များ ကုန်ခမ်းသွားသည့်အခါ အပြုအစုစနစ် အလိုအလျောက် ရပ်တန့်သွားမည်။အပင်လည်း ကြီးထွားမှု ရပ်တန့်သွားမည်။ ”

အပြုအစုစနစ်က တကယ်ကောင်းမယ်ထင်တယ်။မှော်မှုန်ပဲလိုတာ။ငါလည်း တခြားဘာမှ ဂရုစိုက်စရာမလိုဘူး။ မကြာသေးမီက ချန်လွေ့သည် အရည်အသွေးမြင့်နွယ်ကျောက် များနှင့် မှော်ကုန်ကြမ်းများကို ကူးပြောင်းထားပြီးပြီဖြစ်၍ မှော်မှုန် ယူနစ်၅၀၀၀၀ ရှိနေသည်။ ထို့ကြောင့် ချက်ချင်း အတည်ပြုလိုက်သည်။သိုလှောင်ဂိုဒေါင်ထဲမှ မှော်မှုန်များ ချက်ချင်းပျောက်ကွယ်သွားပြီး ကြယ်စင်စုဥယျာဉ်၏ အလင်းမျက်နှာပြင်၌ သက်ဆိုင်ရာ အချက်အလက်များ ပေါ်လာသည်။

ထူးဆန်းသည်မှာ အပြုအစုစနစ်ကို အသက်သွင်းလိုက်သည်နှင့် အခရာ နတ်မိမယ်သည် ကြယ်စင်စု ဥယျာဉ်ရှိ သက်ဆိုင်ရာ နေရာသို့ ချက်ချင်းပျံသန်းသွားပြီး စတင်လှည့်ပတ်ကာ ကနေခြင်းပင် ဖြစ်သည်။မြေသားထဲရှိ မမြင်ရသည့် အစေ့များသည် သာမန်မျက်လုံးဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် စတင် အညှောင့်ပေါက်လာသည်။အစို့ကလေး ထွက်ပြီးမှသာ အခရာနတ်မိမယ် ရပ်တန့်သွားပြီး အလယ်ဗဟိုဆီသို့ ပြန်သွားသည်။

ပျိုးပင် အသိပေးချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

[ အဆင့်၁ အရှိန်အဝါသစ်ပင် ]

- ရင့်မှည့်ရန် ကြာချိန် = ၇ရက်။

- အသီးခူးပြီးလျှင် သစ်ပင်သည်။ အလိုအလျောက် နွမ်းခြောက်သွားမည်။

- ဆက်လက်စိုက်ပျိုးရန် အစေ့များ ထပ်ဝယ်ယူရမည်။

- တစ်ရက်လျှင် မှော်မှုန်၂ယူနစ် ကုန်ကျမည်။

- လက်ရှိအခြေအနေ = မရင့်မှည့်သေး။

အရှိန်အဝါသစ်သီးကနေ အရှိန်အဝါ ဘယ်လောက် ထောက်ပံ့နိုင်မလဲဆိုတာတော့ ငါမသိသေးဘူး။ဒါပေမဲ့ ဒါက မှော်မှုန် နည်းနည်းလေးပဲကုန်တယ်။နောက်ထပ်၇ရက်နေမှ ပြန်လာပြီး ကြည့်လိုက်မယ်။အခုတော့ မိစ္ဆာသစ်ပင်ကို ဒီထဲ ဘယ်လိုရွှေ့ရမလဲဆိုတာ စဉ်းစားရဦးမယ်။

ချန်လွေ့ တစ်ခုခု တွေးမိသွားပြီး ဆောင့်ကြောင့်ထိုင်ကာ သစ်ပင်ကိုထိပြီး ကြယ်စင်စု ဥယျာဉ်အကြောင်း စဉ်းစားနေလိုက်သည်။အမှန်တကယ်ပင် အသိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

[ အမည်မသိအပင်။ရွှေ့ပြောင်းစိုက်ပျိုးရန် အရှိန်အဝါ ၁၀၀၀၀ လိုအပ်သည်။ ရွှေ့ပြောင်းစိုက်ပျိုး ချင်ပါသလား။ ]

အရှိန်အဝါ ၁၀၀၀၀ သည် မနည်းလှပေ။သို့သော်လည်း မိစ္ဆာသစ်သီးသည် အရှင်သခင်များကြား၌ စစ်ဖြစ်ရသည်အထိ တန်ဖိုးကြီးမားလွန်းလှသောကြောင့် အရှိန်အဝါ ၁၀၀၀၀၀ ဆိုလျှင်ပင် ထိုက်တန်ပေသည်။ချန်လွေ့၏လက်ထဲတွင် ကြယ်စင်စုဥယျာဉ်မှာကဲ့သို့ ထူးဆန်းသော မြူနှင်းတိမ်တိုက်များ ပေါ်လာပြီး သစ်ပင်ကို ပိတ်ဖုံးသွားသည်။ခဏအကြာတွင် သစ်ပင်လည်း ပျောက်ကွယ်သွားသည်။မိစ္ဆာသစ်ပင်ကို တစ်ချိန်လုံး ကြည့်နေသည့် ဒိုဒိုလည်း ၎င်းကို မြင်သွားပြီး ကြက်သွန်နီခေါင်းရှိ မျက်လုံးများ ရုတ်တရက် ပြူးထွက်သွားသည်။

ကြယ်စင်စုဥယျာဉ်ထဲ၌ မိစ္ဆာသစ်ပင် အမှန်တကယ် ပေါ်ထွက်လာသည်။

« အသိပေးချက် »

[ အမည်မသိ အပင် ]

- ရင့်မှည့်ရန်ကြာချိန် = ရက်ပေါင်း၆၀။

- ထပ်ကာထပ်ကာ ရင့်မှည့်နိုင်သည်။

- တစ်ရက်လျှင် မှော်မှုန်၁၀ယူနစ် ကုန်သည်။

- လက်ရှိအခြေအနေ = ရင့်မှည့်ပြီး။

ရက်၆၀တည်းလား။နှစ်၆၀၀ မဟုတ်ဘူးလား။ချန်လွေ့၏စိတ်ထဲ၌ ဘဝင်ခိုက် သွားသည်။ဒါက တော်တော် တန်တာပဲ။

ထွင်းစာ စက်ဝန်းအတွင်း တစ်နေရာ၌ အသီနာသည် စောင်ပေါ်၌ ရုန်းကန်၍ ထထိုင်လိုက်သည်။ကံကောင်းစွာပင် လဲလှယ်ဌာနရှိ ကုသဆေးရည်သည် တော်တော်လေး အာနိသင်ရှိသည်။အသီနာ၏ မဟာနတ်ဆိုးခန္ဓာသည်လည်း ထူးခြားလှသည်။ထို့ကြောင့် ပြင်းထန်သည့်ဒဏ်ရာတော်တော်များများ ပြန်ကောင်းနေပြီ ဖြစ်သည်။သို့သော်လည်း အသီနာတွင် တိုက်ခိုက်ရေး စွမ်းအား မရှိသေးပေ။

အဝေးတစ်နေရာမှ ဟိန်းဟောက်သံများနှင့် ဆူညံသံများကြောင့် အသီနာသည် ချန်လွေ့ကို ရှာဖွေပြီး အန္တရာယ်ကို အတူတူ ရင်ဆိုင်ချင်‌နေသည်။ချန်လွေ့မသွားခင် ပြောခဲ့သည့် စကားများကို အသီနာ တွေးလိုက်မိပြီး နေရာတိုင်း၌ ထောင်ခြောက်များ ရှိနေသည်ကို သတိရလိုက်သည်။လမ်းကြောင်းမှန်ကို သူ မရှာနိုင်ပေ။အသီနာ အလွန်အမင်း စိုးရိမ်နေတော့သည်။

“ ငါမင်းအတွက် သစ်သီးတွေရအောင် သေချာပေါက် လုပ်ပေးမယ်။ ”

လူသား၏ ပြတ်သားသည့် စကားလုံးများသည် အသီနာ၏နားထဲ၌ ပဲ့တင်ထပ် နေသေးသည်။

ထိုလူသားသည် သူ့အတွက်တည်းနှင့် နဂါးတစ်ကောင်ကို ရင်ဆိုင်နေသည်။

သူတို့ပထမဆုံး တွေ့ခဲ့စဉ်ကလည်း ထိုကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ပုံရသည်။ထိုအချိန်က လူသားသည့် သူ့အတွက် လုပ်ခဲ့ခြင်း ဟုတ်မဟုတ် အသီနာ မသိခဲ့ပေ။သို့သော်လည်း ယခုအချိန်၌ ဘာမှအရေးမကြီးတော့ပေ။ရေကန်ပြာမှာတုန်းကလိုမျိုး လူသား အန္တရာယ်ကင်းပါစေဟူ၍သာ အသီနာ ဆုတောင်းနေသည်။အသုံးမကျသည့် မိစ္ဆာသစ်သီးကိုမူ အသီနာ မလိုချင်တော့ပေ။

ကျန်ရှိသည့် အားအင်များဖြင့် အသီနာ လက်သီးဆုပ်လိုက်သည်။ယောက်ျားတစ်ယောက် အတွက် အသီနာတစ်ခါမျှ မစိုးရိမ်ခဲ့ဖူးပေ။ တကယ်လို့ ချန်လွေ့တစ်ခုခုဖြစ်သွားရင်တော့ ငါသေမယ်ဆိုရင်တောင် တစ္ဆေနဂါးကိုပါ ခေါ်သွားမယ်။

အရှေ့ဘက်ရှိအသံသည်ပို၍ကျယ်လောင်လာပြီး တစ်စုံတစ်ယောက် စကားပြောနေ သလိုမျိုးပင် ဖြစ်သည်။သို့သော်လည်း အသီနာ သေသေချာချာ မကြားရပေ။ထို့‌နောက် တိတ်ဆိတ်သွားသည်။အချိန်အတော်ကြာသည်အထိ ဘာအသံမှ မကြားရတော့ပေ။ အသီနာ၏စိတ်ထဲ၌ ဗြုန်းစားကြီး ကြောက်ရွံ့သွားသည်။တစ်ကိုယ်လုံးရှိ ဒဏ်ရာ များကိုပင် ဂရုမစိုက်နိုင်တော့ပေ။အသီနာ အံကြိတ်ပြီး ကိုယ့်ကိုယ်ကို ထောက်ပံ့ကာ မတ်တပ်ရပ်လိုက်သည်။ခြေလှမ်းလှမ်းရန် ပြင်လိုက်စဉ် အရှေ့ဘက်မှ အသံတစ်သံ ထွက်လာသည်။

“ အသီနာ။မင်း ကတိမတည် ပြန်ဘူး။ငါပြန်လာတာကို စောင့်နေဖို့ ပြောထားတယ် မဟုတ်လား။ ”

“ ချန်လွေ့ ”

အသီနာ တုန်လှုပ်သွားပြီး စိုးရိမ်နေသော နှလုံးသားလေးသည် ချက်ချင်းပင် အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။အသီနာသည် ကတိမ်းကပါးနှင့် နောက်ဆုတ် သွားပြီး ကိုယ့်ကိုယ်ကိုယ် မထိမ်းထားနိုင်တော့ပေ။အသီနာ ပြုတ်ကျတော့မည်ကို တွေ့လိုက်ရာ ချန်လွေ့သည် လျို့ဝှက်သစ်ပင်မှ ခုန်ထွက်လာလိုက်သည်။ချန်လွေ့သည် ရှေ့သို့ အမြန်ပြေးသွားပြီး အသီနာကို ထိမ်းထားပေးလိုက်သည်။

ခုနက ပြင်းထန်သည့် ဒဏ်ရာများကို မစဉ်းစားလျှင် ယခုသည် ကောင်းကင်တိုက်ပွဲ အထူးလေ့ကျင့်ရေး ပြီးကတည်းက အသီနာအတွက် ချန်လွေ့နှင့် ပထမဆုံး နီးနီးကပ်ကပ် နေခြင်းပင် ဖြစ်သည်။လူသားခန္ဓာကိုယ်၌ နွေးထွေးမှုတစ်ခု ရှိသည်ကို အသီနာ ခံစားရသည်။လူသား၏ လက်မောင်းများသည် နွေးထွေးပြီး စွမ်းအားကြီးသည်။ ချက်ချင်းပင် အသီနာတစ်ကိုယ်လုံး ပျော့ခွေသွားပြီး နှလုံးခုန်နှုန်းသည်လည်း အမှန်တကယ် မြန်ဆန်လာသည်။ချန်လွေ့လည်း နီးနီးကပ်ကပ် နေနေသည့်အတွက် ထိုနှလုံးခုန်သံကို ခံစားမိသည်။အသီနာ၏ အားနည်းသည့်ပုံစံကိုကြည့်ရင်း ချန်လွေ့သည် ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်သွားသည်။ထို့နောက် အသီနာကို မြေပြင်ပေါ်၌ ထိုင်ရန် သေသေချာချာ လုပ်ပေးလိုက်သည်။

အသီနာသည် ချန်လွေ့ကို ခဏလောက် သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ ချန်လွေ့ အမှန်တကယ်ပင် ဘာမှ မဖြစ်သည့်အတွက် အသီနာ စိတ်အေးသွားရသည်။

ချန်လွေ့သည် အသီနာကို အံ့အားသင့်စေရန် ရည်ရွယ်ထားသည်။

“ အသီနာ။လက်ရှေ့ထုတ်ပြီး မျက်လုံးမှိတ်ထားလိုက်။ ”

အသီနာသည် ချန်လွေ့ ပြောသည့်အတိုင်း မျက်လုံးမှိတ်ထားလိုက်ရာ လက်ထဲသို့ ပစ္စည်းများအပုံလိုက် ရောက်လာသည်ကို ခံစားလိုက်ရသည်။အသီနာ မျက်လုံးဖွင့်ကြည့် လိုက်သည့်အခါ ချက်ချင်းပင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

All Chapters