← Chapters

ရှီလန်တောင်

Vol. 6 Ch. 87

ရှီလန်တောင်

Vol. 6 Ch. 87

နှစ်ရက်ကြာပြီးနောက် ဝိုင်ဗန်နှစ်ကောင်သည် မိုးသစ်တောမည်းပေါ်၌ ပျံသန်း နေကြသည်။ခီဂူကို စီးနင်းနေသည့် အသီနာသည် မိစ္ဆာသစ်သီး၏ အာနိသင်ကို အပြည့်အဝ စုပ်ယူပြီးပြီ ဖြစ်သည့်အတွက် အားအင်တက်ကြွနေပုံပေါ်သည်။ စစ်ဖြစ်စေ နိုင်သည့် ဤအဖိုးတန်သစ်သီးသည် ဂုဏ်သတင်းနှင့် ထိုက်တန်လှပေသည်။ အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်းတွင် ရှိနေခဲ့သည့် အသီနာသည်ချက်ချင်းပင် အလတ်ပိုင်းသို့ တိုးမြင့်သွားသည်။၎င်းသည် အပေါ်ယံ သက်ရောက်မှုသာ ဖြစ်သည်။မမြင်ရသည့် အလားအလာ ဆနှုန်းသည် ပို၍အရေးကြီးသည်။အနာဂတ်တွင် အသီနာအတွက် အမြင့်ဆင့်နတ်ဆိုး အကန့်အသတ်ကို ချိုးဖောက်ပြီး နတ်ဆိုးဘုရင်သို့ ရောက်နိုင်ချေသည် များစွာတိုးတက်သွားသည်။နောက်ထပ်အဆင့်များဖြစ်သည့် မဟာနတ်ဆိုးဘုရင်နှင့် နတ်ဆိုးဧကရာဇ် တို့သည် မဖြစ်နိုင်သည့် စိတ်ကူးယဉ်များသာ မဟုတ်တော့ပေ။

ဒိုဒို၏ နမူနာနှင့်အတူ ချန်လွေ့၏ အတင်းတိုက်တွန်းမှုကြောင့် အသီနာသည် နောက်ထပ် မိစ္ဆာသစ်သီးတစ်လုံး စားလိုက်သည်။ရလာဒ်အနေဖြင့် အသီနာ၏ ခွန်အားကိုသာ ပို၍ တည်ငြိမ်သွားစေသည်။ထပ်တိုး စွမ်းရည် ရရှိနိုင်ချေ သေးသေးလေးပင် မပေါ်လာချေ။ သို့သော်လည်း ထိုအထူးစွမ်းရည်သည် ချက်ချင်းဖြစ်လာခြင်း ဟုတ်မည်မထင်ရပေ။ နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးမှသာ ရရှိလာခြင်း ဖြစ်ရန်များလေသည်။

ဒိုဒို၏ ပြောင်းလဲ‌မှုသည် မိစ္ဆာသစ်သီး၏ အာနိသင်ကြောင့်သာ မဟုတ်နိုင်ချေ။ နဂါးအသားကို ဝါးမျိုလိုက်ခြင်းနှင့် အသက်ဆိုင်ဆုံး ဖြစ်နိုင်လေသည်။

ချန်လွေ့လည်း တစ်လုံးစားကြည့်လိုက်သော်လည်း စွမ်းအားလုံးဝ တိုးမလာပေ။ အ‌ဆိပ်ကြောင့် အရှိန်အဝါ အနည်းငယ်သာ တိုးလာသည်။ထို့ကြောင့် ၎င်းသည် အမှန်တကယ်ပင် မတန်လှချေ။သို့သော်လည်း ကြယ်စင်စုဥယျာဉ် ရှိနေသည့်အတွက် ချန်လွေ့သည် နှစ်လတိုင်း ရိပ်သိမ်း၍ရပေသည်။အနာဂတ်တွင် မိစ္ဆာသစ်သီးများကို ဒိုဒိုကဲ့သို့ပင် မုန့်စားသလိုမျိုး စားရနိုင်ပေသည်။

ထိုနှစ်ရက်အတွင်း၌ ချန်လွေ့လည်း အချိန်မဖြုန်းနေဘဲ လေ့ကျင့်ရေးကွင်း၌သာ အချိန်ကုန်ဆုံးခဲ့သည်။သူ၏ အရှိန်အဝါ ၁၃၀၀၀၀ တွင် ၉၀၀၀၀ ကျော်သာ ကျန်တော့သည်။“ အိပ်စက် ” နေစဉ် မနှောင့်ယှက်ရန် ချန်လွေ့သည် အသီနာကို သတိပေးထားလိုက်သည်။ဒိုဒို၏ ကာကွယ်မှုနှင့်အတူ မိစ္ဆာသစ်သီးကို အသီနာ စားနေစဉ် အပါအဝင် အရာအားလုံးသည် အဆင်ပြေချောမွေ့သွားသည်။

နောက်ဆုံးကောက်ရိုးတစ်မျှင်ကြောင့် ကုလားအုတ်ခါးကျိုးသကဲ့သို့ပင် မြေဆွဲအား ၈ဆသည် မြေဆွဲအား၄ဆ ကိုယ်စားပြုသည့် အကန့်အသတ်နှင့် အမှန်တကယ်ပင် မယှဉ်နိုင်ပေ။မိုင်ဇာအခြေအနေသို့ ရောက်သွားသည့်တိုင် ကြယ်စွမ်းအားမသုံးဘဲ လှုပ်ရှားရန် အမှန်တကယ်ပင် ခက်ခဲနေသေးသည်။ပထမ၁၀ရက်တွင် အခက်အခဲမည်မျှ ခံစားခဲ့ရသည်ကို ချန်လွေ့ မသိတော့ပေ။လေ့ကျင့်ရေးပြီးသွားပြီးနောက်တွင် မိစ္ဆာသစ်သီး စားပြီးသွား၍ ကလေးတစ်ယောက်လိုမျိုး အိပ်နေသည့် အသီနာကို မြင်လိုက်ရာ ချန်လွေ့ တစ်ကိုယ်လုံး အားအင်ပြည့်လာသလို ခံစားလိုက်ရသည်။အမြန်စား အမြန်နားပြီး နောက်တွင် ချန်လွေ့သည် ကိုယ့်ကိုယ်ကို ညှင်းပမ်းနှိပ်စက်သည့် လေ့ကျင့်ရေးထဲတွင် ဆက်လက် ဈာန်ဝင်စားနေတော့သည်။

ထာဝရစွမ်းအားနှင့် ထာဝရအမြန်နှုန်း ဆေးရည်မည်းနှစ်ပုလင်းကို ချန်လွေ့ သောက်လိုက်သည်။ထိုအချိန်တွင် ဆေးရည်အာနိသင်များကို အမြန်တကယ်ပင် အပြည့်အဝ မစုပ်ယူနိုင်ခဲ့ပေ။ဖိအားမြင့် လေ့ကျင့်ရေးအောက်တွင် ခန္ဓာကိုယ်ထဲ၌ စုစည်းနေသည့် ဆေးရည်အာနိသင်များ နောက်ဆုံး၌ အစွမ်းပြတော့သည်။

ဒိုဒိုသည် အမြဲပင် မိစ္ဆာသစ်သီးကိုသာ စွဲလမ်းနေခဲ့သည်။သို့သော်လည်း ချန်လွေ့ ပြုလုပ်သည့် အကင်ကို စားပြီးသည့် အချိန်မှစ၍ အကြိုက်ပြောင်းသွားကာ သခင်အပေါ် ပို၍သစ္စာရှိသွားသည်။မူလက အသီနာသည် မိစ္ဆာသစ်ပင်အ‌တွက် စိုးရိမ်နေခဲ့သည်။ သို့သော်လည်း ချန်လွေ့သည် ၎င်းကို ဖုံးကွယ်ထားနိုင်ပြီးပြီဟု ပြောလိုက်သည့်အခါ အသီနာ စိတ်သက်သာရာ ရသွားသည်။ ဝိုင်ဗန်နှစ်ကောင်သည် မိုးသစ်တောမည်းဆီမှ ထွက်ခွာသွားလိုက်သည်။နောက်ဆုံး၌ သူတို့၏ ပန်းတိုင် ရှီလန်တောင်ခြေသို့ တစ်ရက် တစ်ပိုင်းတည်းနှင့်ပင် ရောက်ရှိသွားတော့သည်။

နိမ့်ချည်မြင့်ချည်ဖြစ်နေသည့် ရှီလန်တောင်တန်းကြားတွင် မြင့်မားသည့် တောင်များ နှင့် နက်ရှိုင်းပြီး အန္တရာယ်များသည့် ချိုင့်ဝှမ်းများစွာ ရှိနေသည်။နယ်‌မြေသည် အလွန် ကျယ်ပြောလှသည်။၎င်းသည် အရိပ်နက်အင်ပါယာ၏ နယ်စပ်ဖြစ်သည့် လိုင်ရာမြို့မှ အနောက်ဘက် တစ်လျှောက်လုံးအထိ ဖြစ်သည်။ရှီလန်တောင်တန်းတွင် ရှီလန်တောင်သည် အကြီးမားဆုံးဖြစ်သည်။သို့သော်လည်း ၎င်းကို သူခိုးဓားပြများ ထိန်းချုပ်ထားသည့်အတွက် လက်ရှိ မိုင်းတွင်းရုံးခန်းသည် အစွန်အဖျားကျသည့် လုကမ်းတောင်၌ တည်ရှိ‌သည်။

ချန်လွေ့နှင့် အသီနာတို့သည် မှော်မြေပုံပေါ်ရှိ အမှတ်အသားများအတိုင်းလိုက်သွားပြီး ဝိုင်ဗန်နှစ်ကောင်နှင့် ဆင်းသက်လိုက်သည်။မိုင်းတွင်းရုံးခန်း ဝင်ပေါက်ရှိ အစောင့်များနှင့် မိုင်းလုပ်သားများအားလုံး လန့်သွားကြသည်။

မူရင်းမိုင်းတွင်းရုံးခန်းကို သူခိုးဓားပြများ သိမ်းထားသည့်အတွက် ယခုလက်ရှိ မိုင်းတွင်းရုံးခန်းသည် ယာယီဆောက်ထားသည့် သာမန်ကျောက်အိမ် တစ်ဆောင်သာ ဖြစ်သည်။ဝိုင်ဗန်နှစ်ကောင်ကြောင့် လန့်သွားကြပြီး ခေါင်းဆောင်ဖြစ်ပုံရသည့် အဇရူပဒေဝတာသည် ကျောက်အိမ်မှ ထွက်လာသည်။ထိုသူ၏မျက်နှာ၌ အမာရွတ်များ ရှိနေပြီး လမ်းလျှောက်တုတ် တစ်ချောင်းကိုင်ထားသည်။ဝိုင်ဗန်ပေါ်မှ အသီနာခုန်ချ လိုက်သည်ကို တွေ့လိုက်သည့်အခါ ထိုသူ၏မျက်လုံးများသည် ဖြည်းဖြည်းချင်း အံ့အားသင့်သွားသည်။သူ ချဉ်းကပ်လာပြီး နှုတ်ဆက်လိုက်သည်။

“ ခင်ဗျားက.......မိန်းကလေး အသီနာပဲ။ ”

“ ရှင်က ဘယ်သူလဲ။ ”

ထို ထော့နဲ့ထော့နဲ့ဖြစ်နေသည့် အဇရူပဒေဝတာကို အနည်းငယ်ရင်းနှီးသည်ဟု အသီနာ ခံစားရသည်။သို့သော်လည်း သူ၏နာမည်ကို အသီနာ မမှတ်မိပေ။

အဇရူပဒေဝတာ စိတ်လှုပ်ရှားသွားဟန် တူသည်။

“ ကျုပ်နာမည်က ဂါဒီ ပါ။မှော်ဆရာ ခံတပ်ဆီမှာ ဗိုလ်ချုပ်ဂျော့ခ်ျ အတွက် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။လွန်ခဲ့တဲ့၄နှစ်တုန်းက သွေးရောင်အင်ပါယာရဲ့ အချင်းများ ပြီးတော့ ဒဏ်ရာရသွားလို့ ဒီနေရာကို ရွှေ့ပြောင်းခံခဲ့ရတာပါ။ ”

နောက်ဆုံး၌ အသီနာ မှတ်မိသွားပြီး အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

“ မှတ်မိပြီ။ရှင်က မရဏတူ ဂါဒီ ပဲ။ရှင်က ကျွန်မကိုတောင် ဓားတစ်ချောင်း လက်ဆောင် ပေးခဲ့ဖူးတယ်။ ”

“ မိန်းကလေး ကျုပ်ကို မှတ်မိသေးလို့ ဂုဏ်ယူမိပါတယ်။ ”

ဂါဒီသည် စွမ်းအားမဲ့နေသည့် လက်မောင်းနှင့် မသန်စွမ်းသည့် ဘယ်ခြေထောက်ကို ဝှေ့ရမ်းပြီး သက်ပြင်းချလိုက်သည်။

“ ကံဆိုးစွာနဲ့ပဲ ကျုပ်က မရဏတူ မဟုတ်တော့ဘူး။ဗိုလ်ချုပ်က သူ့လက်အောက် ငယ်သားတွေကို ဂရုဏာထားတယ်။အဲ့ဒါကြောင့် ကျုပ်ကို နယ်‌စပ်မြို့ဆီပြန်ပို့ပြီးတော့ အနားယူဖို့အတွက် လွယ်ကူတဲ့အလုပ်တစ်ခု ပေးခဲ့တယ်။...ဒီအကြောင်းတွေ ထားလိုက်ပါ။မိန်းကလေး အသီနာက လွန်ခဲ့တဲ့၃နှစ်ကတည်းက အမှောင်လမြို့ကို ရောက်လာတာလို့ ကြားတယ်။ကံမကောင်းတာက ကျုပ် ဒီကနေ အပြင်သွားလို့မရတာပဲ။ မိန်းကလေး မိုင်းတွင်းမှာ ဘာလာလုပ်တာလဲ မသိဘူး။ ”

“ အမှောင်လမြို့က မှော်ဆက်သွယ်မှုကို မရဘူးလား။တော်ဝင်မင်းသမီးဆီကနေ တရားဝင် အလုပ်ခန့်အပ်တာဆိုတော့ မှော်ဆက်သွယ်မှုကိစ္စ လုပ်ပြီးသွားလောက်ပါပြီ။ ” အသီနာ သံသယဖြစ်သွားပုံရသည်။

ဂါဒီ ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။ “ ဒီမှာရှိတဲ့ ဆက်သွယ်ရေးမျှော်စင်ကို သူခိုးဓားပြတွေ ဖျက်ဆီးလိုက်ပြီ။ပြန်ပြီးတော့ မပြင်ရသေးဘူး။ ”

မှော်ဆက်သွယ်မှုသည် ဆက်သွယ်ရေးသင်္ကေတတစ်ခုကို အသုံးပြုသည့် ကြိုးမဲ့ ဆက်သွယ်ရေးတစ်ခုပင် ဖြစ်သည်။ကြားထဲတွင် စာများကို ပို့ဆောင်ရန်အတွက် ချန်လွေ့၏ယခင်ဘဝက “ အခြေစိုက်ဌာန ” နှင့်တူသည့် အထူးမှော်ဆက်သွယ်ရေး မျှော်စင်တစ်ခု လိုအပ်သည်။ဆက်သွယ်ရေးမျှော်စင် ဖျက်ဆီးခံရလျှင် အနီးအနား ပတ်ဝန်းကျင်ရှိ မှော်ဆက်သွယ်ရေး သင်္ကေတကို အသုံးပြု၍ မရတော့ပေ။

လမ်းကြောင်းတစ်ခုစီ၏ မှော်ဆက်သွယ်ရေးမျှော်စင်ကို သီးခြား တည်ဆောက်ရမည် ဖြစ်သည်။ပုဂ္ဂလိကပိုင်နှင့် အများပိုင်ဟူ၍ ရှိသည်။ဥပမာပြောရလျှင် နယ်မြေတိုင်းရှိ မြို့တော်တိုင်းမှ နှစ်မြှုပ်ထားသည့် မှော်ဆက်သွယ်ရေး မျှော်စင်တစ်ခု ရှိသည်။ လမ်းကြောင်းတစ်လျှောက်ရှိ “အခြေစိုက်စခန်းများ”ကို အထူးတလှယ် ကာကွယ်ထား ကြသည်။

“ အဲ့ဒါကြောင့်ကိုး။ ”

အသီနာ ချန်လွေ့ကို ညွှန်ပြလိုက်သည်။

“ ဒီတစ်ခေါက် ရှင်တို့ရဲ့ မိုင်းတွင်းအရာရှိ အသစ်ကို ကာကွယ်ဖို့အတွက် ကျွန်မကို တော်ဝင်မင်းသမီး အမိန့်ပေးထားတာ။ ”

ထိုစကားကြောင့် လူတိုင်း၏ အကြည့်သည့် လူသားအပေါ် ကျရောက်သွားသည်။ လူတိုင်းသည် ထိုလူသားကို မိန်းကလေး အသီနာ၏ “ အစေခံ ” ဟု ထင်မှတ်နေကြသည်။ သတင်းရှားပါးသော်လည်း စိန်ခေါ်ပွဲတစ်ခုသည် ဆရာသခင်အဲဒက်စ်က မြို့တော်မှ ပါရမီရှင် တစ်ယောက်ကို အနိုင်ယူခဲ့သည်သူသော သတင်းသည် အမှောင်လမြို့ နေရာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ဝေးလံခေါင်ဖျားသည့် ရှီလန်တောင်ကဲ့သို့ နေရာများ၌ပင် ကြားကြသည်။ ဒါက ဆရာသခင်ရဲ့ အလုပ်သင်တပည့်ပဲ ဖြစ်ရမယ်။ဒါပေမဲ့ ရုတ်တရက်ကြီး ဘာလို့ သူက ငါတို့ရဲ့သူဌေး ဖြစ်သွားရတာလဲ။

ချန်လွေ့သည် ယခင်ကနှင့် မတူတော့ပေ။ထိုမျက်လုံးများအောက်တွင် ချန်လွေ့သည် တည်ငြိမ်နေပြီး ရှီရာကိုယ်တိုင် လက်မှတ်ထိုးထားသည့် မှော်အလုပ်ခန့်စာကို ထုတ်ပြ လိုက်သည်။အားလုံးက သူ့ကိုအာရုံစိုက်နေသော်လည်း ချန်လွေ့သည်လည်း ထို“စစ်သားများ”ကို အကဲဖြတ်နေသည်။အစောင့် ၁၂ယောက်ကျော်ရှိသည်။အဓိက အားဖြင့် အဇရူပဒေဝတာနှင့် အမှောင်နတ်သူငယ်များ ပါဝင်ကြသည်။မိုင်းလုပ်သားများ သိပ်မရှိကြပေ။သူတို့အားလုံးသည် မှင်စာများနှင့် အမှောင်နတ်သူငယ်များ ဖြစ်ကြသည်။ လက်ရှိ နတ်ဆိုးများအားလုံးတွင် တူညီသော လက္ခဏာတစ်ခု ရှိကြသည်။သူတို့အားလုံး စိတ်ဓာတ်ကျနေကြသည်။

ဂါဒီသည် အလုပ်ခန့်စာကို ယူပြီး ဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်သွားသည်။သူ၏ အမြင်ဖြင့် အတုအစစ်ကို သေသေချာချာ ခွဲခြားနိုင်သည်။

အဇရူပဒေဝတာသည် အသီနာကို ကြည့်လိုက်သည်။ထို့နောက် သူ၏စိတ်ထဲ၌ မည်သည့် သံသယမျှ မရှိတော့ပေ။ချက်ချင်းပင် ချန်လွေ့ကို ဦးညွှတ်ပြီး ပြောလိုက်သည်။

“ မိုင်းတွင်းရုံးစောင့်ခေါင်းဆောင် ဂါဒီ မိုင်းတွင်းအရာရှိကို သတင်းပို့ပါတယ်။ ”

ဂါဒီ ဦးညွှတ်သည်ကို မြင်လိုက်သည့်အခါ အစောင့်များနှင့် မိုင်းလုပ်သားများအားလုံး အံ့ဩသွားကြသည်။တော်ဝင်မင်းသမီးသည် အမှန်တကယ်ပင် အားနည်းသည့် လူသားကို မိုင်းတွင်းအရာရှိအဖြစ် အလုပ်ခန့်လိုက်ပုံရသည်။

အခြားသူများကဲ့သို့ပင် ဂါဒီလည်း ဤကိစ္စကို သဘောမကျလှပေ။ စွမ်းအားမရှိတဲ့ လူသားက ဘယ်လိုလုပ် ဦးဆောင်နိုင်မှာလဲ။ သို့သော်လည်း အသီနာရှိနေည့်အတွက် ဂါဒီ ဘာမှမပြောတော့ဘဲ ကြိုဆိုသည့် အမူအရာများ ပြလိုက်သည်။

“ လူကြီးမင်း နဲ့ မိန်းကလေး။အထဲဝင်ပြီး စကားပြောတာပေါ့။ကော်နာ။ငါတို့အတွက် စားစရာနည်းနည်း သွားယူလာခဲ့။ကျန်တဲ့သူတွေကတော့.....လုပ်စရာရှိတာ လုပ်ကြ။ ”

အသီနာနှင့် ချန်လွေ့သည် ကျောက်အိမ်ထဲသို့ ဝင်သွားလိုက်ကြသည်။‌အထဲရှိ အပြင်အဆင်များသည် အလွန်ရိုးရှင်းလှသည်။ထိုင်ခုံသုံးလေးခုံနှင့် ကျောက်စားပွဲ နှစ်ခုသာရှိပြီး အနောက်ဘက်၌ အိပ်ယာတစ်ခု ရှိသည်။

“ တောင်းပန်ပါတယ်။မိန်းကလေး။ဒီမှာရှိတဲ့ အခြေအနေက တော်တော်လေး ခက်ခဲတယ်။အဲ့ဒါကြောင့် ကျုပ်မှာ ဧည့်ခံဖို့အတွက် ဘာမှကောင်းကောင်း မရှိပါဘူး။ ခဏနေကျရင် ရိုးရှင်းတာတစ်ခုခု စားလိုက်ပါဦး။ ”

ဂါဒီသည် သူတို့နှစ်ယောက်ကို ထိုင်ရန် ကြိုဆိုပြီး အသီနာကို မေးလိုက်သည်။

“ မိန်းကလေး။အမှောင်လမြို့‌ဆီကို ဘယ်တော့ ပြန်မှာလဲ။ ”

အသီနာ ခေါင်းခါလိုက်သည်။

“ ချန်လွေ့ကို ဒီမှာအလုပ်ပြီးတဲ့အထိ ဒါမှမဟုတ် ပြောင်းရွှေ့တဲ့အထိ ကာကွယ်ပေးဖို့ တော်ဝင်မင်းသမီးက ကျွန်မကို တာဝန်ပေးထားတာ။ ”

ဂါဒီ အနည်းငယ် လန့်သွားပြီး ရှုပ်ထွေးနေသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ ၎င်းကို ချန်လွေ့တွေ့သွားပြီး တွေးဆကာ မေးကြည့်လိုက်သည်။

“ ဂါဒီ။ကျုပ်တို့က အခုမှရောက်တာ။ဒီက အခြေအနေတွေကို အကျဉ်းချုံး ရှင်းပြ နိုင်မလား။ ”

ဂါဒီ ခဏတုံ့ဆိုင်းသွားပြီး စတင်ပြောတော့သည်။

ရှီလန်တောင်သည် ဓာတ်သတ္တု အလွန်ကြွယ်ဝခဲ့သည်။မိုင်းတွင်း သမိုင်းကြောင်း အရှည်ကြီးရှိသည်။၎င်းသည် ‌အမှောင်လမြို့အတွက် အရေးကြီးဆုံးနှင့် တန်ဖိုးကြီးဆုံး အရင်းအမြစ် ဖြစ်ခဲ့သည်။လွန်ခဲ့သော နှစ်၄၀၀တွင် အမှောင်လမြို့၌ ဘယ်လ်ဇီဘတ် တော်ဝင်မိသားစု အဖြစ်အပျက် ပြီးသွားသည့်အခါ အမှောင်လမြို့တော်သည် စတင် ယိုယွင်းလာတော့သည်။မိုင်းတွင်းများသည်လည်း အများကြီး ပြောင်းလဲသွားသည်။ ချိပ်ပိတ်ခံထားရသည့် မြေအောက် နတ်ဆိုးသားရဲများသည် ချိပ်ပိတ်ကို ချိုးဖောက်ပြီး မိုင်းတွင်း၏ ပထမအလွှာကို သိမ်းပိုက်ထားခဲ့ကြသည်။၎င်းသည် အကြီးမားဆုံး မိုင်းတွင်း နေရာကို ထိန်းချုပ်ထားခြင်းပင် ဖြစ်သည်။ထို့ကြောင့် မိုင်းတွင်းအခြေအနေသည် အလွန်ခက်ခဲသွားပြီး အသက်အန္တရာယ် ထိခိုက်လာနိုင်ခဲ့သည်။

လွန်ခဲ့သော တစ်နှစ်ကျော်၌ အစွမ်းထက်သည့် မိစ္ဆာနီ သူခိုးဓားပြဂိုဏ်းတစ်ခု ပေါ်ပေါက် လာသည်။သူတို့သည် တော်ဝင်မင်းသမီးရှီရာ လွှတ်လိုက်သည့် ခရီးသွားယာဉ်စုကြီးကို လုယက် သတ်ဖြတ်ရုံသာမက မိုင်းတွင်းကိုလည်း မကြာမကြာ နှောင့်ယှက်ကြသည်။ အဓိကတွင်းနှင့် အသစ်ဖွင့်ထားသည့် အသေးစား မိုင်းတွင်းအရင်းအမြစ်များကို သိမ်းပိုက်ရန်အတွက် သူတို့သည် အဖွဲ့သေးလေးတစ်ဖွဲ့ လွှတ်လိုက်ကြသည်။သူတို့သည် မိုင်းလာတူးသည် မိုင်းလုပ်သားများကိုပင် သတ်ပစ်ခဲ့ကြသည်။

ယခုတွင် မိုင်းလုပ်သားများသည် ဈေးပေါသည့် လဟာပြင် သတ္တုရိုင်းများကိုသာ တူးဖော်၍ရပြီး ဂါဒီ၏ ဦးဆောင်မှုနှင့်အတူ သူခိုးဓားပြများကို ခုခံနေကြရသည်။အန္တရာယ် လျော့ကျသွားသော်လည်း ဝင်ငွေနှင့်အထွက်နှုန်းသည် အတော်လေး နည်းလှသည်။ ခရီးသွားယာဉ်စု အဖြစ်အပျက်ကြောင့် တော်ဝင်မင်းသမီးသည် အရာရှိအဲလန်ကို လွှတ်ပြီး သူခိုးဓားပြများကို နှိမ်နင်းခိုင်းခဲ့သည်။သို့သော်လည်း နှစ်ကြိမ်လုံး သူခိုးဓားပြများ အနိုင်ရရှိခဲ့သည်။

မိုင်းတွင်းအ‌ခြေအနေ အလွန်ဆိုးနေသည်ကို အသီနာ ကြားလိုက်သည်။၎င်းသည် ရှီရာသိသည်ထက် ပိုဆိုးနေသည်။အသီနာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ အမှောင်လမြို့ကို ရှင်တို့ဘာလို့ သတင်းမပို့တာလဲ။ ”

“ ကျုပ်တို့ မရေမတွက်နိုင်အောင် သတင်းပို့ခဲ့ပါတယ်။ ”

ဂါဒီ သက်ပြင်းချလိုက်သည်။

“ ဒါပေမဲ့ အမှောင်လမြို့ လွှတ်လိုက်တဲ့ စစ်တပ်တောင်မှ မနိုင်တာ။အခြားဘာနည်းလမ်း ရှိဦးမှာလဲ။မိန်းကလေး ဒီနေ့ ရောက်မလာခဲ့ဘူးဆိုရင် တောင်ဝင်မင်းသမီးက ကျုပ်တို့ကို လက်လျှော့လိုက်ပြီးလို့ ထင်နေမှာ။ ”

မိုင်းတွင်းလုပ်ငန်း၏ တိုက်ရိုက် အကြီးအကဲသည် ဘဏ္ဍာရေးအရှိဖြစ်ကြောင်းကို ချန်လွေ့သိသည်။ထို့ကြောင့်ပင် အချက်အလက် နည်းနည်းကိုသာ ရှီရာထံ ပို့ပေးသည်မှာ “ သဘာဝကျ ” ပေသည်။ထိုအချိန်တွင် ချန်လွေ့သည် အဓိကမေးခွန်းတစ်ခုကို မေးလိုက်သည်။

“ အရင်မိုင်းတွင်းအရာရှိက ဘာဖြစ်သွားတာလဲ။ ”

ယခင်မိုင်းတွင်းအရာရှိသည် စိုင်ဖူမိသားစုမှ တင် ဖြစ်သည်။တင်အပေါ် ဂါဒီ၏ ချင့်တွက်မှုများမှာ အတော်လေး မြင့်မားနေပြီး သူ၏စကားလုံးများထဲတွင် ချန်လွေ့ကို အထင်သေးမှုများ ပါဝင်နေသည်။ တင်ရောက်သည့်အခါ ပြုပြင်ပြောင်းလဲမှုများကို အတော်လေးလုပ်ခဲ့ပြီး အတော်လေး ဂုဏ်သတင်းကြီးခဲ့သည်။ထိုစဉ်က မိုင်းတွင်း၏ အဓိကပြဿနာမှာ မြေအောက်သားရဲများ ဖြစ်ကြသည်။တင်သည် အဓိကတွင်းကို စူးစမ်းရန်အတွက် နတ်ဆိုးတစ်စုကို ဦးဆောင်သွားခဲ့ရာ အားလုံး ပျောက်ဆုံးခဲ့သည်။ သူတို့၏ အလောင်းများကိုပင် ရှာမတွေ့ရတော့ပေ။နတ်ဆိုးသားရဲများ စားလိုက် ကြသည်ဟု ထင်ရသည်။

ချန်လွေ့သည် အချိန်ကို တွက်ကြည့်လိုက်သည်။ထိုစဉ်က တင် အာဏာရနေသည့် အချိန်တွင် ရှီရာသည် အနောက်ဘက်သို့ ခရီးသွားယာဉ်စု မလွှတ်ရသေးပေ။ထို့ကြောင့် လူခိုးဓားပြများ အနည်းငယ်သာ ရှိဦးမည်ဖြစ်သည်။ခရီးသွားယာဉ်စု လွှတ်လိုက်သည့်အခါ အစွမ်းထက် သူခိုးဓားပြဂိုဏ်းတစ်ခုသည် တမင်တကာပင် ပေါ်ပေါက်လာခဲ့သည်။ အနောက်ဘက်သို့ ကုန်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ပြီးသည့်အခါ သူတို့ထိန်းချုပ်မည့် ပစ်မှတ်သည် မိုင်းတွင်းဆီသို့ ရောက်သွားသည်။သူတို့သည် အမှောင်လမြို့ကို မွန်းကြပ်စေသည်အထိ လက်ပင်းညှစ်ချင်နေကြပုံရသည်။

သူတို့သည် ဂါဒီ နှင့် အခြားသူများကို မသတ်ခဲ့ခြင်းမှာ သဘောကောင်းနေ၍မဟုတ်ဘဲ နောက်ဆုံးအချိန်အထိ ရှီရာ၏ အာရုံစိုက်မှုကို မခံချင်၍ဖြစ်သည်။အချိန်တစ်ခု ရောက်လာသည့်အခါတွင် နေရာတိုင်းတွင် တစ်ချိန်တည်း ပြဿနာဖြစ်မည်ဟု ချန်လွေ့ မှန်းဆနိုင်သည်။၎င်းသည် အတော်လေးပြီးပြည့်စုံပြီး ရက်စက်သည့် အကြံအစည် ဖြစ်သည့်အတွက် ရှီရာတွင် ထူးခြားသည့် စွမ်းရည်ရှိ‌နေလျှင်တောင် ကူရာကယ်ရာ မဲ့နေမည် ဖြစ်သည်။

“ ကျုပ်ဒီကိုလာရတာက ဆရာသခင်အဲဒက်စ် ပေးထားတဲ့ တာဝန်တစ်ခုကြောင့်လည်း ပါတယ်။ ”

ချန်လွေ့ တွေးလိုက်ပြီး ဤခရီး၏ အရေးကြီးဆုံး ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။

“ ဆရာက သတ္တုရိုင်းအပြုန်းတွေပေါ်က သလင်းကျောက်မှုန်တွေ လိုအပ်တဲ့ ဆေးရည် တစ်မျိုး လုပ်နေတာ။အဲ့ဒီနေရာဆီ ကျုပ်ကို ခေါ်သွားပေးနိုင်မလား။ ”

“ သတ္တုရိုင်းအပြုန်းတွေ။သလင်းကျောက်မှုန်တွေ။ဟုတ်လား။ ”

ဂါဒီ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ နောက်‌ဆုံး၌ သူသဘောပေါက်သွားသည်။

“ အရာရှိပြောတာက သတ္တုရိုင်းတွေထဲမှာ ညှပ်နေတဲ့ဟာတွေကို ဖြစ်မယ်။အဲဒီ သလင်းကျောက်က တော်တော်လေး ပြဿနာကြီးတယ်။ဆွဲထုတ်ရလည်း ခက်တယ်။အမှုန်လုပ်ဖို့ကတော့ မပြောနဲ့တော့။ပြီးတော့ သလင်းကျောက်ပါတဲ့ သတ္တုရိုင်းအပြုန်းတွေကို အဓိကမိုင်းတွင်းမှာပဲ ရနိုင်တာ။အဲ့ဒါက အခု သူခိုးဓားပြတွေရဲ့ ပိုင်နက်ထဲမှာ။ ”

ချန်လွေ့ လက်မလျှော့ဘဲ မေးလိုက်သည်။

“ အရင်တစ်ခါက သတ္တုရိုင်း အပြုန်းတွေဘယ်မှာလဲ။ ”

ဂါဒီ ပြန်ဖြေလိုက်သည်။

“ သတ္တုရိုင်းအပြုန်းတွေကို အဓိကတွင်း အပေါ်က ထောင့်တစ်နေရာဖြစ်တဲ့ သတ္တုရိုင်း အပြုန်းခန်းမှာ ပုံထားတာ။လက်ရှိမှာတော့ သတ္တုထုတ်လုပ်ရေးက တော်တော်လေး နိမ့်တယ်။အဲ့ဒါကြောင့် မိုင်းလုပ်သားအချို့က သတ္တုရိုင်းအပြုန်းတွေကို ခိုးယူပြီးတော့ မြို့ဆီကို ပို့ဆောင်ကြတယ်။အဲ့ဒီနောက်မှာတော့ သူခိုးဓားပြတွေ သတိထားမိပြီးတော့ သူတို့အားလုံးကို သတ်ပစ်လိုက်ကြတယ်။ ”

ချန်လွေ့ ပို၍ မျက်မှောင်ကြုတ်သွားသည်။ဇက်ခ်လည်း အရင်က ငါ့ကိုပြောဖူးတယ်။ ဒါပေမဲ့ တကယ့်အခြေအနေက ပိုဆိုးနေမယ်လို့ ငါမထင်ထားခဲ့ဘူး။အမှောင်လမြို့ ပန်းပဲဆိုင်မှာ ငါ အရှိန်အဝါအဖြစ် ပြောင်းလဲခဲ့တဲ့ သတ္တုရိုင်းအပြုန်းတွေတိုင်းမှာ မိုင်းလုပ်သားတွေရဲ့ သွေးတွေ စွန်းနေခဲ့တာပဲ။

All Chapters