← Chapters

သတိပေးချက် နှင့် စိမ့်ဝင်ထိုးဖောက်ခြင်း

Vol. 6 Ch. 88

သတိပေးချက် နှင့် စိမ့်ဝင်ထိုးဖောက်ခြင်း

Vol. 6 Ch. 88

အသီနာ ဒေါသတကြီး ပြောလိုက်သည်။

“ တောက်။ဂါဒီ။ဒီသူခိုးဓားပြတွေကို ရှင်းပစ်ဖို့ နည်းလမ်းတစ်ခုတော့ ရှာရမယ်။ ”

“ မိန်းကလေး။စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ”

ဂါဒီ ခေါင်းခါလိုက်သည်။

“ ရှီလန်တောင်မှာ ဘာနကယ် လို့ခေါ်တဲ့ မဟာနတ်ဆိုး ဦးဆောင်တဲ့ သူခိုးဓားပြတွေ ၂၀၀ကျော် ရှိတယ်။သူက မိစ္ဆာနီရဲ့ လက်ထောက် နှစ်ယောက်ထဲက တစ်ယောက်ပဲ။ ပြီးတော့သူက အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်း ရောက်နေပြီ။သူ့လက်အောက်မှာလည်း အစွမ်းထက်တဲ့ အမြင့်ဆင့်နတ်ဆိုးသုံးယောက် ရှိတယ်။ကျုပ်တို့ သူတို့ကို မတိုက်ခိုက် နိုင်ဘူး။ပြီးတော့လည်း ဒါက မိစ္ဆာနီရဲ့ အစိတ်အပိုင်း အသေးလေးတစ်ခုပဲ။သူတို့ ခေါင်းဆောင်ရဲ့ အစွမ်းက မတွေးနိုင်လောက်အောင် ခက်ခဲနက်နဲတယ်လို့ သတင်းတွေ ထွက်နေတယ်။သူက အမြင့်ဆင့်နတ်ဆိုးကို ကျော်လွန်သွားလောက်ပြီ။မိန်းကလေး။ ကျုပ်ပြောတာနားထောင်ပြီးတော့ အမှောင်လမြို့ဆီ ပြန်လိုက်ပါ။ရှီလန်တောင်က တော်တော်လေး အန္တရာယ်များတယ်။ ”

“ မပြန်နိုင်ဘူး။တော်ဝင်မင်းသမီး ပေးထားတဲ့တာဝန်ကို ပြီးအောင်လုပ်ရမယ်။မဟုတ်ရင် ကျွန်မ ပြန်မှာ မဟုတ်ဘူး။ ”

အသီနာ၏သဘောထားသည် အလွန်ပင် ခိုင်မာ‌နေသည်။အမှန်တကယ်ပင် ဤခရီး အတွက် အသီနာသည် ရှီရာထံမှ ခွင့်တောင်းထားခြင်း ဖြစ်သည်။

မိစ္ဆာနီ သူခိုးဓားပြများ၏ အင်အားကို နားထောင်ပြီးနောက်တွင် ချန်လွေ့သည် အတွေးထဲ နစ်ဝင်သွားသည်။ ဒီသူခိုးဓားပြအဖွဲ့ရဲ့ အင်အားက တော်တော်လေး ကြောက်စရာကောင်း တာပဲ။အခု ရှီလန်တောင်ကို အမြင့်ဆင့်နတ်ဆိုး၄ယောက် သိမ်းပိုက်ထားတယ်။အဲလန်ရဲ့ အရင်နှစ်ခေါက်လာပြီး သုတ်သင်တာက “ အတုအယောင် ” မဟုတ်ဘူးဆိုရင်တောင် သူအနိုင်ရမှာ မဟုတ်ဘူး။

လက်ရှိတွင် အသီနာသည် အမြင့်နတ်‌ဆိုး အလတ်ပိုင်းဖြစ်သည်။ချန်လွေ့သည် အမြင့်ဆင့်နတ်‌ဆိုး ကနဦးပိုင်းနှင့် ညီမျှနိုင်ပေသည်။ဒိုဒိုသည် [ D ] အဆင့်ဖြစ်ပြီး အမြင့်ဆင့်နတ်ဆိုး ဖြစ်သော်လည်း အသေးစိတ်အဆင့်များကိုမူ မသိရသေးပေ။ထို့ပြင် ၎င်းတွင် တိုက်ခိုက်ရေးစွမ်းရည် လုံးဝမရှိပေ။မသေနိုင်ခြင်းဖြင့်သာ ခုခံထားနိုင်သည်။

အမြင့်ဆင့်နတ်ဆိုးချင်း သုံးယောက် လေးယောက် ယှဉ်ရခြင်းသည် အနည်းငယ်သာ နိမ့်နေပုံရသည်။သို့သော်လည်း ထိုနည်းဖြင့် တွက်ချက်၍ရသည် မဟုတ်ပေ။ ဘာနကယ်သည် အမြင့်ဆင့်နတ်ဆိုး ထိပ်ဆုံးပိုင်းသို့ ရောက်နေပြီဖြစ်သည်။ထို့ကြောင့် သူတစ်ယောက်တည်းနှင့်ပင် ချန်လွေ့တို့ တစ်ဖွဲ့လုံးကို ရင်ဆိုင်နိုင်ပေသည်။ထို့ကြောင့် ချန်လွေ့တို့အဖွဲ့သည် အမှန်တကယ်ပင် တဇွတ်ထိုး တိုက်ခိုက်၍မရပေ။

သို့သော်လည်း ဤခရီး၏ အဓိကရည်ရွယ်ချက်မှာ သူခိုးဓားပြများကို ရှင်းပစ်ရန် မဟုတ်ဘဲ အရှိန်အဝါ အမြောက်အများဖြစ်သော နှစ်ရာချီစုဆောင်းထားသည့် သတ္တုရိုင်း အပြုန်းများအတွက်ပင် ဖြစ်သည်။မည်သို့ပင်ဖြစ်စေ ချန်လွေ့သည် အရင်ဦးစွာ အခြေအနေကို လေ့လာသင့်ပေသည်။

ထိုအချိန်၌ အမှောင်နတ်သူငယ် တစ်ယောက် ဝင်လာသည်။ထိုသူသည် စားစရာ သွားယူသည့် ဒုတိယခေါင်းဆောင် ကော်နာ ဖြစ်သည်။လာလာအာလူးကဲ့သို့ စားစရာ နှစ်ပန်းကန်၊ပန်ကတ်ခြောက်ကြီးတစ်ခုနှင့် ဘီစကတ် အနည်းငယ်ကို သူယူလာပေးသည်။ အသီနာ မျက်မှောင်ကြုတ်လိုက်သည်။

“ ရှင်တို့တွေ ခါတိုင်း ဒါကိုပဲ စားကြတာလား။ ”

“ တောင်းပန်ပါတယ်။မိန်းကလေး အသီနာ။ ”

ဂါဒီ ရှက်ရွံ့စွာ ပြောလိုက်သည်။

“ အခြေအနေတွေက ပိုပိုပြီး ဆိုးရွားလာတယ်။ဒါက ဒီမှာရှိတဲ့ အကောင်းဆုံး စားစရာပဲ။ မိုင်းလုပ်သားတိုင်းက တစ်နေ့ကို တစ်နပ်ပဲ စားကြရတာ။ ”

ကော်နာ ထပ်‌ဖြည့်ပြောလိုက်သည်။

“ အဲဒီ သူခိုးဓားပြတွေက အနီးအနားက ရေအရင်းအမြစ်နဲ့ သားကောင်တွေကိုလည်း ထိန်းချုပ်ထားတယ်။ခေါင်းဆောင်ရဲ့ စီစဉ်မှုနဲ့ ဦးဆောင်မှုကြောင့်သာ မဟုတ်ရင် ကျုပ်တို့ အသတ်မခံရရင်တောင် ငတ်ပြတ်ပြီး သေသွားကြပြီ။ ”

လူတိုင်း အားနည်းနေကြသည့် အကြောင်းရင်းကို အသီနာနှင့် ချန်လွေ့တို့ သဘောပေါက် သွားကြသည်။သူတို့သည် ဝမ်းဗိုက်ပြည့်အောင်ပင် မစားကြရချေ။

“ ရှင် အထင်လွဲသွားပြီ။ဂါဒီ။ ”

အသီနာ ထရပ်ပြီး ဂါဒီကို ဦးညွှတ်လိုက်သည်။

“ ရှင် ဒီနေရာကို ၄နှစ်လောက် စောင့်ကြပ်ခဲ့တယ်ဆိုတာ ကျွန်မမယုံနိုင်ဘူး။ကျွန်မ ရှင့်ကို လေးစားမိပါတယ်။ ”

ဂါဒီလည်း အလျင်အမြန်ထပြီး အသီနာသည် ပြန်ပြီး ဦးညွှတ်လိုက်သည်။ချန်လွေ့သည် သိုလှောင်လက်ပတ်ထဲမှ ကျန်ရှိသည့် သားကောင်များအားလုံးကို ထုတ်ပြီး ပြောလိုက်သည်။

“ ဂါဒီ။တစ်ယောက်ယောက်ကို ဒီသားကောင်တွေ ရှင်းလင်းခိုင်းပြီးတော့ ဒီမှာရှိတဲ့ အကျယ်ဆုံးနေရာကို ယူသွားခိုင်းလိုက်။ပြီးရင်း အားလုံးစုပြီးတော့ ကျုပ်တို့တွေ စွပ်ပြုတ် သောက်ကြမယ်။ ”

ဂါဒီ အံ့အားသင့်သွားပုံပေါ်သည်။သူ အမြန်ပင် ကော်နာအား ‌သားကောင်ကိုကိုင်တွယ်ရန် ပြောလိုက်သည်။ချန်လွေ့အပေါ် သူ၏အမြင်သည်လည်း အနည်းငယ် ပိုကောင်းသွားသည်။

မကြာမီတွင် မီးမွှေးလိုက်ပြီး သံအိုးကြီး သုံးလေးအိုး ပြင်ကြတော့သည်။ချန်လွေ့ သည်လည်း ဟင်းခတ်အမွှေးအကြိုင်များဖြင့် ကိုယ်တိုင် နှပ်တော့သည်။ရှီလန်တောင်ရှိ ရာသီဥတုသည် အလွန်ချမ်းအေးလှသည်။ထို့ကြောင့်အငွေ့ ခြောင်းခြောင်းထွက်နေသည့် အိုးနှင့် ကြာရှည်ပျောက်ဆုံးနေခဲ့သည့် အသားနံ့များကြောင့် အနီးအနားရှိ နတ်ဆိုးများ အားလုံး သွားရည်ကျလာတော့သည်။ဂါဒီ၏ ဩဇာသက်ရောက်မှုကြောင့်သာ မဟုတ်လျှင် သူတို့ ပြေးလုကြမည် ဖြစ်သည်။ကော်နာသည် မိုင်းလုပ်သား အားလုံးနီးပါးကို စုစည်းခဲ့သည်။၄၀၀မှ ၅၀၀ ခန့်အထိ ရှိကြသည်။အများစုမှာ မှင်စာနှင့် လူပုများဖြစ်ကြပြီး အနည်းစုမှာ အမှောင်နတ်သူငယ်နှင့် အဇရူပဒေဝတာများ ဖြစ်ကြသည်။အာလုံး နီးပါးသည် မိုင်းတွင်းအရာရှိ......ဘေးနားရှိ အိုးသုံးလေးလုံးကို မျှော်လင့်ချက်ဖြင့် ကြည့်လိုက်ကြသည်။

အသားစွပ်ပြုတ်များ မဝေငှခင်တွင် ချန်လွေ့သည် မိုင်းတွင်းအရာရှိ အနေဖြင့် ပထမဆုံး သတိပေးချက်ကို စတင်ပြောလိုက်သည်။

“ ပထမဆုံးအနေနဲ့ ငါ့ကိုယ်ငါ မိတ်ဆက်ပေးမယ်။ငါ့နာမည်က ချန်လွေ့။အရင်က တောဝင်မင်းသမီးရဲ့ အတွင်းရေးမှူးပေါ့။နောက်တော့ ငါ့ကို ဘဏ္ဍာရေးအရာရှိ ဂျိုးဆက်ပ်က ငါ့ကို မိုင်းတွင်းအရာရှိလုပ်ဖို့ အကြံပြုတယ်။ ”

ချန်လွေ့သည် ကြိုတင်ပြင်ဆင်ထားသည့် မူကြမ်းကို ပြောလိုက်သည်။

“ ငါ့ရဲ့ နောက်ထပ်သရုပ်တစ်ခုကိုလည်း မင်းတို့ကြားဖူးလောက်ပါတယ်။ဆရာသခင် အဲဒက်စ်ရဲ့ အလုပ်သင် တပည့်ပေါ့။ဟုတ်ပါတယ်။ငါက အားနည်းတဲ့ လူသား တစ်ယောက်ပါ။ဒါပေမဲ့ အဆိပ်အကြောင်း ငါ့ကို ဆရာသခင် သေသေချာချာ သင်ပေးခဲ့တာ။ဥပမာ ပြောရရင်..... ”

“ မင်းရဲ့ ဒူးလေး ပေးပါလား။ ”

ချန်လွေ့သည် အနီးဆုံး အမှောင်လူပုဆီ သွားလိုက်သည်။လူပုသည် သူ့ကို လူသား ရှာမည်ဟု မထင်ထားခဲ့ပေ။ထို့ကြောင့် ဒူးလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး မလွှတ်ပေးရဲပေ။

ချန်လွေ့ စိတ်မရှည်တော့ဘဲ ဒူးလေးကို တစ်ခါတည်း လုယူလိုက်ကာ မြင့်မြင့်မြှောက်ကာ ဝှေ့ရမ်းလိုက်သည်။ထို့နောက်တွင် ခိုင်မာလှသည့် ဒူးလေးသည် ဆွေးမြေ့နေသည့် သစ်သားကဲ့သို့ပင် အလျင်အမြန် ယိုယွင်းပျက်စီးသွားသည်။

“ ဒါက ငါ့ကို ဆရာသင်ထားပေးတဲ့ အဆိပ်အစွမ်း ၁၂ခုထဲက တစ်ခုပဲ။ ”

ချန်လွေ့သည့် အန္တရာယ်ရှိပုံ ပေါက်နေပြီး ခြိမ်းခြောက်လိုက်သည်။

“ ငါ့လက်ထဲကို ရောက်လာမယ့် ရန်သူရှိမယ်ဆိုရင် ငါ့အဆိပ်တွေအတွက် နောက်ထပ် စမ်းသပ်ပစ္စည်းရတဲ့အတွက် ပျော်တာထက် ပိုတာပေါ့။ ”

ထိုလုပ်ရပ်သည် နတ်ဆိုးအများကြီးကို ကြောက်လန့်သွားစေပြီး ဆူညံနေသည့် လူအုပ်ကြီးသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။

ဆေးရည်သခင် နှင့် ယန္တရားသခင် ကဲ့သို့သော ပါရမီရှင်များသည် တိုက်ခိုက်ရေး၌ သိပ်ပြီးမစွမ်းကြသော်လည်း တူညီစွာပင် ချစ်ကြောက်ရိုသေကြသည်။အထူးသဖြင့် ‌ဆေးရည်သခင် များကိုပင် ဖြစ်သည်။မြို့တော်မှ ပါရမီရှင် ဆန်ဒရိုကို ဆရာသခင် အဲဒက်စ်က အီးပေါက်၍ အနိုင်ယူခဲ့သည့်အကြောင်းသည် အမှောင်လမြို့နှင့် ကြယ်ကြွေတမန် အင်ပါယာ သာမက အခြားအင်ပါယာ နှစ်ခုကိုပင် ပျံ့နှံ့သွားခဲ့သည်။ ဤလူသားသည် အလုပ်သင် တပည့်သာဖြစ်သော်လည်း ထိုဆရာသခင်၏ တစ်ဦးတည်းသော အလုပ်သင်တပည့် ဖြစ်သည်။ ခုနက အကွက်ကိုကြည့်လျှင် “ အဆိပ်အကြောင်း ငါ့ကို ဆရာသခင် သေသေချာချာ သင်ပေးခဲ့တာ ” ဟူသော စကားသည် ကြွားလုံးထုတ်နေခြင်း မဟုတ်နိုင်ပေ။ဆရာသခင်ရဲ့ အနှိုင်းမဲ့တိုက်ကွက် ကိုပင် တစ်ပိုင်းတစ်စ သင်ယူထားနိုင်ပေသည်။

ထိုသို့စဉ်းစားမိပြီးနောက် အရှေ့မှ နတ်ဆိုးများသည် အနောက်သို့ တစ်ပြိုင်တည်း ဆုတ်ခွာလိုက်ကြသည်။အထူးသဖြင့် သရုပ်ပြခံလိုက်ရသည့် လူပုသည် ကြောက်ရွံ့ပြီး ကြက်သီးများ ထနေသည်။၎င်းသည် ချန်လွေ့ လိုချင်နေသည့် သက်ရောက်မှု ဖြစ်သည်။ နတ်ဆိုးဘုံ၌ အချိန်အတော်ကြာ နေပြီးပြီဖြစ်၍ ချန်လွေ့သည် အထာ‌နပ်နေပြီ ဖြစ်သည်။ ဤလောကသည် အစွမ်းထက်ဆုံးကိုသာ လက်ခံကြသည်။နူးညံ့ပြီး ညင်သာနေလျှင် အခြားသူများကို ထိန်းချုပ်ရ ခက်ခဲနိုင်သည်။သူတို့ကို အရင်ဆုံး ခြိမ်းခြောက်ရန် တုတ်ကြီးကြီးကို အသုံးပြုမည် ဖြစ်သည်။ထို့နောက် မုန်လာဥ ပေးမည်ဖြစ်သည်။ ၎င်းသည် အကျိုးသက်ရောက်မှုအရှိဆုံး နည်းလမ်းဖြစ်သည်။

“ အားလုံးစိတ်ချပါ။ငါ့ရဲ့အဆိပ်ကို ရန်သူတွေအတွက်ပဲ သုံးမှာပါ။ငါ့လူတွေကို ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး။ ”

ချန်လွေ့ အစွမ်းထုတ်ပြပြီးနောက်တွင် ချက်ချင်းပင် “ မုန်လာဥ ” ထုတ်လိုက်သည်။

“ မိုင်းတွင်းအခြေအနေ ဆိုးနေတယ်ဆိုတာ ငါသိပါတယ်။ဒါကြောင့် မိုင်းတွင်းနဲ့ ပတ်သက်ပြီး ငါအများကြီး မတောင်းဆိုဘူး။ငါပြောစရာ တစ်ခုပဲရှိတယ်။ငါ မိုင်းတွင်း အရာရှိ လုပ်နေတုန်း မင်းတို့တွေ ငါ့စကား နားထောင်ရမယ်။စားစရာ အတွက်ကတော့ ငါ စွမ်းအားကြီးတဲ့ ဝိုင်ဗန်နှစ်ကောင် ခေါ်လာတယ်။ဒီ မိန်းကလေး အသီနာက အမှောင်လမြို့ရဲ့ အတော်ဆုံး ဓားသမားနဲ့ အတော်ဆုံး သားရဲထိန်းကျောင်းသူပဲ။ သားကောင်တွေကို အမဲလိုက်ဖို့ ဝိုင်ဗန်ကိုသုံးမယ်။ပြီးရင် လူတိုင်းကို နှစ်ရက်တစ်ခါ အသားစွပ်ပြုတ် ပူပူနွေးနွေးတိုက်မယ်။ကြိုက်ကြလား။ ”

အားလုံး အော်ပြောလိုက်သည်။

“ ကြိုက်ပါတယ်။ ”

အဖြေများသည် အသားစွပ်ပြုတ်အတွက် ၁၀၀% ဖြစ်ရသည်ကို ချန်လွေ့ သေချာ သိသည်။အသားစွပ်ပြုတ်သည် မလုံလောက်သေးသော်လည်း အသားမစားရသည်မှာ ကြာပြီဖြစ်သည့် မိုင်းလုပ်သားများအတွက် ဇိမ်ခံပစ္စည်း တစ်ခုလိုမျိုးပင် ဖြစ်သည်။ လူတိုင်းတွင် စိတ်ထဲ၌ အခြေခံ ထင်မြင်ချက်များ ရှိနေကြသည်။ ကြီးကြပ်ရေးမှူး အသစ်က လူသားဖြစ်ပေမဲ့ ကြောက်စရာ အဆိပ်ကို ပိုင်ဆိုင်ထားတယ်။ငါတို့ စကားနားမထောင်ရင် အဖြစ်ဆိုးနဲ့ကြုံရမှာပဲ။ဒါပေမဲ့ သူပြောတာ နာခံရင်တော့ အသားစွပ်ပြုတ်စားရမယ်။

ထို့နောက် နာမည်အကြီးဆုံး ညစာစားချိန် ရောက်လာသည်။ ဂါဒီသည် အမှန်တကယ်ပင် စစ်တပ်မှဖြစ်သည်။သူ၏ အမိန့်ပေးမှုအောက်တွင် အသား စွပ်ပြုတ်များကို အစီအစဉ် တကျ ဝေငှကြသည်။ ညစာစားပြီးနောက်တွင် ချန်လွေ့သည် လူပုကို တစ်ယောက်တည်း နေခိုင်းထားသည်။လူပုသည် ဒူးလေးပေးရန် တုံ့ဆိုင်းနေခဲ့သည်ကို တွေးမိသွားပြီး ကြောက်စရာအဆိပ်အကြောင်း တွေးမိလိုက်သည့်အခါ ကြောက်လန့်စွာဖြင့် သွက်ချာပါဒ ဖြစ်လုနီးပါး ဖြစ်သွားသည်။ချန်လွေ့ဘာမှမပြောဘဲ တဲပြင်ဆင်ရန်အတွက် ကူညီရန် လူပုကို မျက်နှာချင်းဆိုင် တောင်ထွတ်သို့ သွားခိုင်းလိုက်သည်။အသီနာသည် ဂါဒီကမ်းလှမ်းသည့် ကျောက်အိမ်ကို ငြင်းဆန်ခဲ့သည်။ချန်လွေ့ပေးသည့် ရွက်ဖျင်တဲကိုလည်း လက်မခံခဲ့ပေ။ထို့ကြောင့် အသီနာသည်တောင်နံဘေးတွင် ရှိပြီးသားကိရိယာများနှင့်အတူ ရိုးရိုး တဲတစ်လုံး တည်ဆောက်လိုက်သည်။ယခုတွင် ဝိုင်ဗန်နှစ်ကောင်သည် တောင်ထွတ်၌ ရှိနေပြီး တောင်ထွတ်နောက်တွင် ခြောက်ကမ်းပါးတစ်ခု ရှိသည်။ထို့ကြောင့် ချန်လွေ့ကို ကာကွယ်ရန် ပိုကောင်းသည့်နေရာကို အသီနာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

တောင်နံဘေး၌ အသီနာ နေနေခြင်းသည် ချန်လွေ့၏ လှုပ်ရှားမှုများကို အဆင်မပြေ ဖြစ်စေနိုင်သော်လည်း တစ်နည်းအားဖြင့် တောင်ခြေမှလူများ တက်မလာနိုင်သည့် အတွက်ကြောင့် အကာအကွယ် အနေဖြင့် သတ်မှတ်၍ရလေသည်။

မိုင်းတွင်း အရာရှိသည် ကြမ်းတမ်းသည့် ဝိုင်ဗန်နှစ်‌ကောင်ကို အလွယ်တကူပင် ဆွဲခေါ်လာပြီး ကြိုးချည်လိုက်သည်ကို တွေ့သွားပြီး လူပုသည်ပို၍ ချစ်ကြောက် ရိုသေသွားသည်။ကံကောင်းစွာပင် မိုင်းတွင်းအရာရှိသည် သူ့ကို အဆိပ် စမ်းသပ် ပစ္စည်းအနေဖြင့် မသုံးခဲ့ပေ။မိုင်းတွင်း အခြေအနေကိုသာ မေးခဲ့သည်။

လူပုပြောသည့်အတိုင်းဆိုလျှင် အဓိကတွင်းသည် အထက်လွှာနှင့် အောက်လွှာဟူ၍ ပိုင်းခြားထားသည်။နှစ်ထောင်ပေါင်းများစွာ ပြုပြင်ချဲ့ထွင်ပြီးနောက် မြေအောက်တွင် လမ်းကြောင်းအားလုံးကို သွားလာ၍ ရနေလေပြီ။အထက်လွှာရှိ ဓာတ်သတ္တုများအားလုံး ကုန်ခမ်းသွားသည့်အခါ ပိုနက်ရှိုင်းသည့် အောက်လွှာတွင်း ပွင့်သွားသည်။ယခင် ပုံမှန် အချိန်များတွင် ဝန်ချီစက်နှင့် ကြိုးသုံးယာဉ်များမှတစ်ဆင့် ဓာတ်သတ္တုများကို သယ်‌ယူပို့ဆောင်ခြင်းသည် အလွန် အဆင်ပြေလှသည်။

သို့သာ်လည်း တစ်နေ့တွင် မိုင်းလုပ်သာများက နက်နက်တူးဖော်နေပြီး မြေတိုင်းနေစဉ် အစွမ်းထက်သားရဲများရှိနေသည့် မြေအောက်လောကတစ်ခုကို မတော်တဆ တွေ့မိသွားသည်။ထိုအချိန်တွင် အမှောင်လမြို့ အရှင်သခင်သည် နတ်ဆိုးဧကရာဇ် ဖြစ်သည်။သတင်းကြားသည့်အခါ သူအပြေးရောက်လာပြီး အပြင်ထွက်လာသည့် သားရဲတစ်အုပ်ကို သတ်ပစ်လိုက်သည်။ထိုသတ္တဝါများကို အဝင်အထွက်ကို တားမြစ်သည့် ချိပ်ပိတ်များကိုလည်း မန်းမှုတ်ထားခဲ့သည်။

နှစ်ထောင်ချီကြာအောင် အန္တရာယ်ကင်းနေခဲ့သည်။လွန်ခဲ့သော နှစ်၄၀၀အကြာတွင် ချိပ်ပိတ်၏အစွမ်းကုန်ဆုံးသွား၍လား မသိပေ။မြေအောက်သတ္တဝါများသည် ချိပ်ပိတ်ကို ချိုးဖောက်ပြီး အဓိကတွင်း၏ အောက်လွှာကို သိမ်းပိုက်ထားလိုက်သည်။ ကြံရာမရသည့် အဆုံး၌ ထိုစဉ်က မိုင်းတွင်းအရာရှိသည် ကြီးမားသည့် ဝန်ချီစက်များကို ဖျက်ဆီးခဲ့ရပြီး အဝင်ဝကို စောင့်ကြပ်ရန် လူလွှတ်လိုက်သည်။သို့သော်လည်း ဤကဲ့သို့ပင် ဓာတ်သတ္တု ထုတ်လုပ်ရေးသည် အလွန်ကျဆင်းသွားရသည်။အချို့ မိုင်းလုပ်သားများသည် ကိုယ်ပိုင် ကြိုးလှေကားများကိုသုံးပြီး အသက်စွန့်ကာ အောက်လွှာသို့ သွားကြသည့်အတွက် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ယခုနှစ်တွင်တော့ သူခိုးဓားပြများ သောင်းကြမ်း နေကြသည်။ ခက်ခက်ခဲခဲ ရှာထားရသည့် မိုင်းတွင်းအရင်းအမြစ်များကိုပင် သူတို့ ထိန်းချုပ်ထားပြီး မိုင်းလုပ်သားများကိုပင် ထိခိုက်အောင် လုပ်ကြသည်။မိုင်းလုပ်သား အချို့ လွတ်မြောက်ပြီး အချို့ သေကြရသည်။မူလက ထောင်နှင့်ချီရှိသည့် မိုင်းလုပ်သား များထဲတွင် သုံးလေးရာသာ ကျန်တော့သည်။

ချန်လွေ့သည် လူပုကို မြေပုံတစ်ခုဆွဲခိုင်းပြီး ပန်ကိတ်ကြီးတစ်ခုဖြင့် ဆုချလိုက်သည်။ လူပုသည် ထိုကဲ့သို့ ကောင်းမွန်သည့်အရာကို မမျှော်လင့်ထားပေ။ထို့နောက် ပျော်ရွှင်စွာဖြင့် ထွက်သွားလိုက်သည်။လူပုသည် ကျွမ်းကျင်ပိုင်နိုင်သည့်လက် ရှိကြသော မျိုးနွယ်ဖြစ်သည်။မြေပုံသည် ရိုးရှင်းသော်လည်း တိကျကာ နားလည်ရလွယ်သည်။ အဓိကတွင်းသည် ရှီလန်တောင်ကုန်း၌ တည်ရှိပြီး သတ္တုရိုင်းအပြုန်းခန်းသည် အဓိကတွင်း အထက်လွှာ တစ်‌နေရာရာတွင် ရှိသည်။

တဖြည်းဖြည်းမှောင်လာပြီး ချန်လွေ့လည်း လုပ်ငန်းစတော့သည်။သူ၏ အကာအကွယ်သည် နဂါးထွင်းစာဖြစ်သည်။အခုတွင် ချန်လွေ့သည့် အခြေခံထွင်းစာ များကိုသာ သိသေးသည်။ပါ့ဂ်လီအို သုံးခဲ့သည့် [ တန်ပြန် ] ထွင်းစာသည် ထိပ်တန်း ထွင်းစာတွင် ပါဝင်ပြီး ခက်ခဲရုံသာမက ကန့်သတ်ချက် အမျိုးမျိုးလည်းရှိသည်။ ထွင်းစာတစ်ခုဆိုလျှင် အသုံးပြုသူ၏ သွေးထောက်ပံ့ရပြီးအချိန်အနည်းငယ်သာ ခံသည်။ချန်လွေ့၏ လက်ရှိစွမ်းအားသည် နိမ့်သည်။သာမန်ထွင်းစာများကိုပင် ပြဿနာ တက်နေသည်။ထို့ပြင် ထွင်းစာ ရေးရန်အတွက်လည်း အချိန်အတော်ကြာသည်။ သို့သော်လည်း တောင်‌ခြေမှ သူ့ကိုမြင်သောသူများသည် တဲကိုတစ်ခုခု လုပ်နေသည် ဟုသာ ထင်နေကြမည်။

ချန်လွေ့သည် [ ပုန်းကွယ် ] ၊ [ အသံတိတ် ] နှင့် [ ကြေးမုံ ] ဟု အမည်ရသည့် ထွင်းစာ သုံးခု ပြုလုပ်ခဲ့သည်။ထွင်းစာများသည် [ အထူးစိစစ်မှု ]ကို သုံးပြီး နားလည်ခဲ့ရသော အမြင့်ဆင့်နတ်ဆိုး၏ ကြိုးစားအားထုတ်မှု ဖြစ်သည်။အသက်သွင်းလိုက်သည့်အခါ သုံးလေးနာရီသာ ကြာရှည်ခံနိုင်သည်။ချန်လွေ့တွင်လည်း အခြားရွေးချယ်စရာ မရှိပေ။နတ်ဆိုးဘုံသည် မွေးဖွားလာပုံတွင် မှီခိုသည့် လောကတစ်ခုဖြစ်သည်။ ဥပမာပြောရလျှင် နဂါးများသည် မွေးစတွင် နတ်ဆိုးဘုရင်အင်အား ရှိကြသည်။ သို့သော်လည်း ချန်လွေ့သည် အခြားသူများကို ထိခိုက်ရန် စွမ်းအား မလိုအပ်ပေ။ ပုံရိပ်ယောင်တစ်ခုကိုသာ ဖန်တီးရန် လိုအပ်သည်။အပြင်ဘက်မှ ကြည့်လျှင် တောင်ထွတ်တွင် တဲတစ်ခုနှင့် ဝိုင်ဗန်နှစ်ကောင် ရှိနေသေးသည်။အမှန်တကယ်တွင်မူ ဝိုင်ဗန်တစ်ကောင်သည် ရှီလန်တောင်ဆီသို့ ပျံသန်းနေသည်။သူ၏အစေခံ ဒိုဒိုသည်လည်း ဝိုင်ဗန်ပေါ်ရှိ အထုတ်အပိုးများထဲ၌ ပုန်းနေကာ လိုက်လာသည်။

မြေပုံနှင့် မှော်သံလိုက်အိမ်မြှောင်တို့၏ အကူအညီနှင့်အတူ ချန်လွေ့သည် ရှီလန်တောင်၏ တည်နေရာကို အလျင်အမြန်ပင် ရှာတွေ့သွားသည်။ရှီလန်တောင်သည် အမှန်တကယ်ပင် ရှီလန်တောင်တန်း၌ အကြီးမားဆုံးဖြစ်သည်။တောင်၏ ကြီးမား လှသည့် အရွယ်အစားကို ချန်လွေ့ အမှန်ပင် အံ့အားသင့်မိသွားသည်။

ဝိုင်ဗန် ခဏ ပျံသန်းပြီးနောက်တွင် မိစ္ဆာနီ၏ စခန်းဖြစ်နိုင်သည့် အောက်ဘက်မှ အလင်းရောင် ဖျော့ဖျော့လေးကို ရှာတွေ့သွားသည်။

All Chapters