← Chapters

ဆဲဘရတ်စ်။နေရာ ပေါက်ကြားသွားခြင်း

Vol. 6 Ch. 89

ဆဲဘရတ်စ်။နေရာ ပေါက်ကြားသွားခြင်း

Vol. 6 Ch. 89

ရှီလန်တောင်နံဘေး၌ မူလမိုင်းတွင်းရုံးခန်း ဖြစ်သည့် ကျောက်အိမ်ကြီးများ သုံးလေးလုံး ရှိသည်။ယခုတော့ ထိုနေရာများအပါအဝင် တောင်ခြေရှိ မိုင်းလုပ်သားတို့၏ အိမ်ယာများကိုပါ သူခိုးဓားပြများ သိမ်းပိုက်ထားခဲ့ကြသည်။

အဓိကတွင်းသို့ ဝင်ရန်အတွက် တစ်ခုတည်းသောနေရာသည် မိုင်းတွင်းရုံးခန်း ဖြစ်သည်ဟု မြေပုံတွင် ဖော်ပြထားသည်။ထိုနေရာတွင် အမြင့်ဆင့်နတ်ဆိုးများ ‌ရှိနေသည့်အတွက် ချန်လွေ့သည် အဓိကတွင်းပေါက်သို့ ဝိုင်ဗန်စီးပြီး ဝင်မသွားရဲပေ။ချန်လွေ့သည် ချောင်ကျသည့် နေရာတစ်ခုကို ရွေးကာ ဆင်းလိုက်ပြီး ဒိုဒိုနှင့် မန္ဂဒါကို ပုန်းနေခိုင်း လိုက်သည်။ထို့နောက် ဝတ်ရုံဝတ်လိုက်ပြီး သတိထား၍ ခိုးဝင်လိုက်သည်။ ယနေ့တွင် ညကောင်းကင်ရှိ တိမ်တိုက်များ ထူထဲလှသည့်အတွက် လနှစ်စင်းမှ အလင်းရောင်သည် ပို၍မှိန်နေသည်။ချန်လွေ့သည် [ သရုပ်ခွဲမျက်လုံး ] ကို အသက်သွင်းလိုက်သည်။ လမ်းတစ်လျှောက်လုံး သူ၏တည်ရှိမှုကို ဖုံးကွယ်ထားနေခဲ့သည်။တဖြည်းဖြည်းနှင့် ချန်လွေ့သည် တောင်ခြေရှိ အလင်းရောင်များ တဖျတ်ဖျတ် ဖြစ်နေသည့် လူနေအိမ်ယာ များဆီ ချဉ်းကပ်လာခဲ့သည်။ဂိတ်အဝင်ဝတွင် အစောင့်လေးယောက်ရှိပြီး အထဲမှ ဆူညံသံများ ထွက်လာသည်။

အဝင်ဝရှိ အစောင့်လေးယောက်သည် [ E ] အဆင့် နှင့် [ F ] အဆင့်များဖြစ်သည်ဟု [ သရုပ်ခွဲမျက်လုံး ]က ဖော်ပြထားပေးသည်။ချန်လွေ့၏ လက်ရှိအစွမ်းနှင့် အမှောင်ထု၏ ဖုံးကွယ်မှုတို့ကြောင့် အစောင့်များကို သတိမထားမိ‌စေဘဲ ကျော်ဖြတ်သွားနိုင်သည်။ အထဲမှ သူခိုးဓားပြများသည် တစ်စုံတစ်ယောက် ဝင်လာမည်ဟု မထင်မှတ်ထားပေ။ သူတို့သည် သောက်စား စကားပြော နေကြသည်။

“ မိုင်းတွင်းအရာရှိက တကယ် ရောက်လာတာပဲ။အဲ့ဒါက စွမ်းအားမရှိတဲ့ လူသားလို့ ကြားတယ်။ဒါက တော်တော် ရယ်စရာပဲ။ ”

“ အဲဒီလူသားကို အထင်မသေးနဲ့။သူ့မှာ အဆိပ်အစွမ်းတွေ ရှိတဲ့ပုံပဲ။ပြီးတော့လည်း သူက အဲဒက်စ်ရဲ့ အလုပ်သင်တပည့် တစ်ယောက်ပဲ။ငါတို့တွေ အဲ့ဒီဆရာသခင်ကို အာမခံနိုင်ဘူး။ ”

“ သူ့ကို အဆိပ်မသုံးနိုင်ခင်မှာပဲ အဝေးကနေ သတ်ပစ်လို့ရတယ်။ဘယ်လိုပဲဖြစ်ဖြစ် သူသေမှာပဲ။ဒါနဲ့ ဒီတစ်ခေါက်တော့ တော်တော်လေးလှတဲ့ ကောင်မလေးတစ်ယောက် ပါလာတဲ့ပုံပဲ။ဟီးဟီး..... ”

“ အဲ့ဒါက အင်ပါယာရဲ့ ပထမဆုံးဗိုလ်ချုပ် သမီးပဲ။သူကအခု အမြင့်ဆင့်နတ်ဆိုး ရောက်နေပြီ။မင်းရဲ့အစွမ်းအစနဲ့ဆို သူက ‌ဖြည်းဖြည်းလေး ကန်ရင်တောင် မင်းရဲ့ ညီလေးကျိုးသွားမှာပဲ။ ”

အားလုံး ရယ်လိုက်ကြသည်။

“ သူက အမြင့်ဆင့်နတ်ဆိုး ဖြစ်ရင်တောင် ငါတို့ရဲ့ လက်ထောက်ခေါင်းဆောင် ဆာ ဘာနကယ်က အမြင့်ဆင့်နတ်ဆိုး ထိပ်သီးပိုင်း ရောက်နေပြီလေ။ဒါပေမဲ့ ဆာ ဘာနကယ်က ဒီမှာအရမ်းပျင်းတယ်ဆိုပြီးတော့ ငါတို့ခေါင်းဆောင်နဲ့အတူတူ ပျော်ပါးဖို့အတွက် လိုင်ရာမြို့ကို ခပ်စောစောသွားလိုက်တယ်။ဒါပေမဲ့ ဆာ ကယ်လီရာက တော်တော် ကံမကောင်းတာပဲ။ငါတို့ကို အဖော်ပြုပေးဖို့အတွက် ဆာ ဘာနကယ်က ပြန်လာခိုင်း လိုက်တယ်။ဟားဟား။ ”

“ လခွမ်း။ဘယ်သူက ဒီလိုအေးစက်ပြီး မွဲတေနေတဲ့ နေရာမှာ နေချင်မှာပဲ။ ဒီနားတစ်ဝိုက်မှာ မိန်းမတစ်ယောက်တောင် မရှိဘူး။‌နယ်မြေမှာတုန်းက သက်တောင့် သက်သာ ရှိနေတာပဲ။အဲ့ဒီ သောက်မိုင်းလုပ်သားကို သတ်ပစ်လိုက်ရအောင်။ဒါဆိုရင် ငါတို့တွေ ဒီလိုဆက်ပြီး မခံစားရတော့ဘူး။ ”

အဇရူပဒေဝတာ တစ်ယောက်သည် ဝိုင်တစ်ငုံသောက်ပြီး မကျေမနပ် ပြောလိုက်သည်။ ဘေးနားရှိ အမှောင်နတ်သူငယ် ခေါင်းခါလိုက်သည်။

“ မင်းသောက်တာ များနေပြီ။ငါတို့ ခေါင်းဆောင် အရင်ကပြေားထားတယ် မဟုတ်လား။ အချိန်မကျသေးဘူး။လက်ရှိအခြေအနေကို ငါတို့ထိန်းထားရမယ်။အမှောင်လမြို့ကို အာရုံအများကြီးစိုက်လာအောင် လုပ်လို့မဖြစ်ဘူး။အချိန်ကျလာရင် မင်းကြိုက်သလို သတ်ပစ်လို့ရတယ်။ ”

“ မင်းပြောတာ ဟုတ်ပါတယ်။ဒါပေမဲ့ ဘယ်လောက်ထိစောင့်ရဦးမလဲဆိုတာ မသိဘူး.... ”

အဇရူပဒေဝတာသည် တောင်နံဘေးရှိ ကျောက်အိမ်ကို လေးစားအားကျစွာ ကြည့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် မနာလိုမှု အရိပ်အယောင်လည်း ရှိနေသည်။

“ ဆာ ယာဂတ်စ်က ပိုပြီးတော့ သက်တောင့်သက်သာ ရှိနေမှာပဲ။သူ့မှာက အဖော်ပြု ပေးမယ့် မိန်းကလေး ရှယ်လီ ရှိတယ်လေ။လိုင်ရာမြို့ကို သူ မသွားချင်တာ ပုံမှန်ပါပဲ။ ”

“ သူ မသွားချင်ဘူးလို့ ဘယ်သူပြောလဲ။အဓိကသော့ချက်ကတော့ မစ်-ရှယ်လီရဲ့ အစွမ်းက ဆာ-ယာဂတ်စ်ထက် သာလွန်လို့ပဲ။သူတို့နှစ်ယောက်လုံးဝ အမြင့်ဆင့်နတ်ဆိုးတွေ ဖြစ်ပေမဲ့ မစ်-ရှယ်လီက ပိုသာတယ်။မဟုတ်ရင် ဆာက လိုင်ရာမြို့ကို သွားပြီးတော့ ပျော်ပါးနေပြီ.... ”

ဖုံးဖိထားသည့် ရယ်သံများ တစ်ဖန်ထွက်လာပြန်သည်။ ထိုစကားများကို ဘေးဘက်မှာ ခိုးနားထောင်နေသည့် ချန်လွေ့ ကြားလိုက်ရပြီး အလျင်အမြန် ဆင်ခြင်တွက်ဆ လိုက်သည်။ ဤသူခိုးဓားပြများ၏ စကားဝိုင်းသည် သတင်းအချက်အလက် အများအပြားကို ဖော်ထုတ်ပေးခဲ့သည်။

ပထမဦးစွာ အရိပ်နက်အင်ပါယာ နယ်စပ်ရှိ လိုင်ရာမြို့တွင် မိစ္ဆာနီ တို့၏ ခံတပ်တစ်ခုရှိပြီး သူတို့၏ခေါင်းဆောင်နှင့် အဓိကအင်အားစုများလည်း ရှိနေကြသည်။

ဒုတိယအနေဖြင့် မိုင်းတွင်းရှိ အမြင့်ဆင့်နတ်ဆိုး လေးယောက်မှာ ဘာနကယ်၊ကယ်လီရာ၊ ရှယ်လီ နှင့် ယာဂတ်စ်တို့ ဖြစ်ကြသည်။ဘာနကယ်သည် လိုင်ရာမြို့ဆီ ရောက်သွားပြီ ဖြစ်သည်။ ကယ်လီရာမှာတော့ ပို၍စောစော ရောက်နေခဲ့သည်။သို့သော်လည်း မကြာခင်တွင် သူပြန်လာရမည် ဖြစ်သည်။ရှယ်လီ နှင့် ယာဂတ်စ်တို့ နှစ်ယောက်သည် အမြင့်ဆင့်နတ်ဆိုး ကနဦးပိုင်း ဖြစ်ကြပြီး ထူးခြားသည့် ရင်းနှီးမှု ရှိကြသည်။လက်ရှိတွင် သူတို့နှစ်ယောက် စောင့်ကြပ်နေသည်။

တတိယမှာ ထင်ထားသည့်အတိုင်းပင် သူခိုးဓားပြများသည် မိုင်းတွင်းအရာရှိ အသစ်ကို သတ်ချင်နေကြသည်။

လေးခုမြောက်အနေဖြင့် မိုင်းလုပ်သားများကို အသက်ရှင်ခွင့် ပေးထားခြင်းသည် အမှန်တကယ်ပင် မိစ္ဆာနီ၏ လျို့ဝှက်ကြံစည်မှု ဖြစ်သည်။

၎င်းတို့သည် အပေါ်ယံ အချက်အလက်များသာ ဖြစ်သည်။ချန်လွေ့သည် ထိုထက်ပို၍ ကြားခဲ့ရသည်။အသီနာနှင့် ချန်လွေ့တို့သည် မိုင်းတွင်းသို့ ရောက်လာသည်မှာ နေ့တစ်ဝက်ပင် မရှိသေးသော်လည်း သူခိုးဓားပြများ သိနှင့်နေပြီး ဖြစ်သည်။ မိုင်းလုပ်သားများထဲတွင် သူလျှိုများ ရှိနေသည်မှာ အသေအချာပင် ဖြစ်သည်။ အမြင့်ဆင့်နတ်ဆိုးသို့ အသီနာ ရောက်သွားသည်မှာ သိပ်မကြာသေးပင်။ထို့ပြင် ချန်လွေ့နောက်လိုက်သွားခြင်းသည်လည်း ယာယီဆုံးဖြတ်ချက်သာ ဖြစ်သည်။ သို့သော်လည်း သူခိုးဓားပြများသည် အသီနာ၏ အစွမ်းကို ချက်ချင်းပင် သိနေသည်။ အမှောင်လမြို့နှင့် သူခိုးဓားပြတို့တွင် မှော်ဆက်သွယ်ရေး မျှော်စင် အပိုတစ်ခု ရှိနေသည်မှာ အသေအချာပင်ဖြစ်သည်။ရှီရာနှင့် ရွိုင့်စ်တို့ထံမှရသည့် သတင်း အချက်အလက်များနှင့် ပေါင်းစပ်လိုက်သည့်အခါ လိပ်ပြာနီနယ်မြေသည် ထိုသူခိုးဓားပြ များကို တိတ်တဆိတ် ထိန်းချုပ်နေသည်မှာ သေချာနေပြီ ဖြစ်သည်။သူတို့သည် လိပ်ပြာနီနယ်မြေ၏ စစ်တပ်အင်အားစု အဖြစ်နိုင်ဆုံးဖြစ်သည်။

မိုင်းလုပ်သားတို့၏ လူနေအိမ် နယ်မြေသည် အလွန်ကျယ်လှသည်။ထိုနေရာတွင် မိုင်းလုပ်သား၂၀၀ကျော် နေထိုင်ရန်အတွက် လုံလောက်သည်ထက် ပိုလေသည်။ မရင်းနှီးသည့်မြေလည်းဖြစ်၊ တောင်နံဘေး၌ အမြင့်ဆင့်နတ်ဆိုး နှစ်ယောက်လည်း စောင့်ကြပ်နေသည် ဖြစ်သည့်အတွက် ချန်လွေ့သည် သူတို့ကို အထိတ်တလန့်ဖြစ်အောင် မလုပ်ရဲပေ။

ချန်လွေ့၏ အဓိကရည်ရွယ်ချက်မှာ အဓိကတွင်းရှိ သတ္တုရိုင်းအပြုန်းအခန်းဆီ သွားရန်ဖြစ်သည်။

ချန်လွေ့ ခဏစဉ်းစားပြီးနောက် တိတ်တဆိတ် နောက်ဆုတ်သွားကာ မန္ဂဒါဆီ ပြန်သွားလိုက်သည်။ထို့နောက် စိတ်ထဲမှ အမိန့်ပေးလိုက်ရာ မန္ဂဒါသည် အတောင်ပံ ဖြန့်ပြီး ပျံသန်းသွားသည်။သူတို့သည် အမြင့်ဆင့်နတ်ဆိုး နှစ်ယောက်ရှိသည့် မိုင်းတွင်းရုံးခန်းကို ရှောင်တိမ်းကာ လှည့်ပတ်သွားပြီး နောက်ဘက်ရှိ အဓိကတွင်း၏ တောင်ထွတ်ပေါ်၌ ဆင်းသက်လိုက်သည်။

တောင်ထွတ်နှင့် အဓိကတွင်း ဝင်ပေါက် ကြားရှိ အကွာအဝေးသည် အနည်းဆုံး မီတာ၂၀၀ မြင့်သည်။ချန်လွေ့၏ လက်ရှိခန္ဓာကိုယ်သည် ထူးခြားသော်လည်း ခုန်ချလိုက်၍ မသေလျှင်တောင် ‌ဒဏ်ရာအပြင်းအထန် ရပေလိမ့်မည်။အောက်ဘက် တွင်လည်း အစောင့် သုံးလေးယောက် ရှိသည်။ထို့ကြောင့် ဝိုင်ဗန်စီးသွား၍လည်း မဖြစ်သေးပေ။

[ ငှက်မွှေးပြုတ်ကျခြင်း ]ကဲ့သို့ ဂါထာ ရှိမည်ဆိုလျှင် ချန်လွေ့သည် ညင်ညင်သာသာ ဆင်းသက်နိုင်ပေလိမ့်သည်။ကံဆိုးသည်မှာ ချန်လွေ့သည် မှော်ပညာရှင် မဟုတ်ပေ။ သို့သော်လည်း ချန်လွေ့တွင် ဆန္ဒရှိသလို အသွင်ပြောင်းနိုင်သည့် လက်ထောက် တစ်ယောက် ရှိသည်။၎င်းသည် နဂါးအရိုးစု တစ်ခုလုံးကိုပင် လွှမ်းခြုံနိုင်သည်အထိ ခန္ဓာကိုယ်ကို ဆွဲဆန့်၍ရသည်။ထို့ကြောင့် ကြိုးတစ်ချောင်း လုပ်ရန်အတွက် အလွယ်လေးပင် ဖြစ်သည်။

အဓိကတွင်း၏ဝင်ပေါက်သည် ပြားပြီး မျက်နှာပြင်ခွက်နေသည်။သတ္တုရိုင်း သယ်ဆောင်ရန်အတွက် ကြိုးတပ်ယာဉ် သုံးခဲ့သည့် လမ်းကြောင်းများကို တွေ့ရသည်။ သို့သော်လည်း စွန့်ပစ်ထားသည်မှာ ကြာမြင့်လေပြီ။တောင်ထွတ်တွင်လည်း အစောင့်များ ရှိနေသေးသည်။သူတို့အားလုံးသည် မီးပုံကို ဝိုင်းရံသွားသည်။

ချန်လွေ့သည် တိတ်ဆိတ်စွာ ဆင်းလာပြီး ဒိုဒိုသည်လည်း မူလအတိုင်း ကြက်သွန်နီ ခေါင်းပုံစံ ပြန်ဖြစ်သွားကာ သူ၏ပုခုံးပေါ် တက်နေလိုက်သည်။ချန်လွေ့သည် မီးပုံနားရှိ အစောင့်များကို ပြန်ကြည့်လိုက်သည်။အမှန်တကယ်ပင် တစ်ယောက်မှ ချန်လွေ့ကို သတိမထားမိကြပေ။အောင်မြင်သွားပြီဟု ချန်လွေ့ စိတ်ထဲ၌ တွေးနေလိုက်သည်။ ထို့နောက်တွင် အဓိကတွင်း ဝင်ပေါက်ဆီသို့ တိတ်တဆိတ် သွားတော့သည်။ အဓိကတွင်းသည် ရှေ့၌ဖြစ်သည်။ဝင်ပေါက်သည် အကြီးကြီးဖြစ်ပြီး အတွင်းထဲ၌ မှော်မီးအိမ်ကျောက်တုံးများ၏ အလင်းရောင် ဖျော့ဖျော့လေး ရှိနေသည်။ထိုအချိန်တွင် ချန်လွေ့သည် ရုတ်တရက် စိတ်ထဲ၌ ဘေးကျပ်နံကျပ် ခံစားလိုက်ရသည်။ ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ရာ၏ စိုက်ကြည့်မှုကို ခံရသကဲ့သို့ပင် ချန်လွေ့၏ အမွှေးများ ထောင်မတ်သွားသည်။ဒိုဒို၏ တုံ့ပြန်မှုသည် ပို၍မြန်ဆန်သည်။၎င်းသည် ချက်ချင်းပင် သခင်ဖြစ်သူ၏ ပုခုံးပေါ်မှ ခုန်ချပြီး ထွက်ပြေးသွားသည်။သို့သော်လည်း ချန်လွေ့ ပြန်ဖမ်းလိုက်သည်။အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့သည့် ဤ ကြက်သွန်နီခေါင်းသည် အပြေးတော်လှပေသည်။

အရှေ့ဘက်မှ ဟိန်းသံများ ထွက်လာပြီး တစ်ချိန်တည်းမှာပင် အလင်းလုံးကြီး တစ်လုံးသည် အလျင်အမြန် ကြီးလာပြီး ချန်လွေ့ထံ ဝှစ်ခနဲ ရောက်လာသည်။ ချန်လွေ့သည် ထာဝရဆေးရည်ကို အပြည့်အဝ စုပ်ယူထားပြီးပြီဖြစ်၍ အမြန်နှုန်းသည် အတိုင်းအတာတစ်ခုအထိ တိုးမြှင့်သွားခဲ့သည်။ချက်ချင်းပင် ခုန်ပြီး အလင်းလုံးကို ရှောင်လိုက်သည်။အလင်းလုံးကြီးသည် အတွင်း၌ ကြောက်မက်ဖွယ်ရာ စွမ်းအားပါရှိသော မီးလုံးကဲ့သို့ပင် ဖြစ်သည်။၎င်းနှင့် ထိသွားသည့် မြေပြင်သည် ပွင့်ထွက်သွားသည်။ ၎င်းသည် ဘယ်ရော့ရီကာ၏ [ အပူပေါက်ကွဲမှု ] နှင့်ဆင်တူပြီး ထိခိုက်မှုမှာတော့ ပို၍ပြင်းထန်လှသည်။မြေပြင်ပေါ်ရှိ ကြိုးတပ်ယာဉ်သည် လမ်းကြောင်းများသည် အမှန်တကယ်ပင် အရည်ပျော်သွားပြီး ပြင်းထန်လှသည့်အားကြောင့် အလျင်အမြန်ပင် ပျက်စီးသွားသည်။

“ လခွမ်းပဲ။ ”

သေချာတွက်ချက်ထားသော်လည်း အဓိကဝင်ပေါက်ကို ‌စောင့်ကြပ်နေမည့် ကြောက်မက်ဖွယ်ရာ နတ်ဆိုးသားရဲတစ်ကောင် ရှိနေမည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။ အလင်းလုံး၏ စွမ်းအားကို ကြည့်လျှင် ၎င်းသည် အနည်းဆုံး အမြင့်ဆင့်နတ်ဆိုး အစွမ်းရှိသည်။အဆိုးဆုံးမှာ အစောင့်များ သတိထားမိသွားခြင်းပင်ဖြစ်သည်။အကင် စားနေသည့် အစောင့်များအားလုံး အပြေးလာကြတော့သည်။

“ ဒိုဒို။မင်း အဲ့ဒါကို ထိန်းထားလိုက်။ငါမင်းကို ခဏနေ ကူညီပေးမယ်။မင်းထွက်ပြေး ရဲရင်တော့ အကင်စားရဖို့ မစဉ်းစားနဲ့တော့။ ”

၏ထိုသို့‌ပြောလိုက်ပြီး ချန်လွေ့သည် ကြက်သွန်နီခေါင်းကို သားရဲကောင် ရှိနိုင်သည့် နေရာသို့ ရက်ရက်စက်စက် ပစ်ထုတ်လိုက်သည်။ထို့နောက် ချန်လွေ့သည် အစောင့်များကို ရင်ဆိုင်တော့သည်။

သေရေးရှင်ရေး အခြေအနေ ဖြစ်ကြောင်း ချန်လွေ့သိသည့်အတွက် အားကုန်ထုတ် တော့သည်။မျက်စိတစ်မှိတ်အတွင်းမှာပင် အစောင့် သုံးလေးယောက် ကိစ္စ‌ပြတ် သွားသည်။သို့သော်လည်း ဒိုဒို၏ အကူအညီ တောင်းသံများလည်း ထွက်လာသည်။ ချန်လွေ့သည် ရှေ့သို့ အပြေးသွားလိုက်သည်။လရောင်အောက်တွင် ကျွဲအရွယ်အစား လောက်ရှိသည့် နတ်ဆိုးသားရဲသည် ဒိုဒိုကို ကိုက်နေသည်။

၎င်းသည် ကြီးမားသည့် ခွေးတစ်ကောင်နှင့်တူသည်။ရုပ်ဆိုးသည်။ နက်မှောင်သည်။ ခေါင်းသုံးလုံးရှိသည်။ကြောက်မက်ဖွယ်ရာ မီးလုံးကြီးသည် အမှန်တကယ်ပင် ၎င်း၏ပါးစပ်ထဲမှ ထွက်လာခြင်းဖြစ်သည်။

[ သရုပ်ခွဲမျက်လုံး ] ၌ ပြသသည်မှာ -

မျိုးနွယ် = ဆဲဘရတ်စ်။

စွမ်းအားအကဲဖြတ်မှု = [ D ]

ဆဲဘရတ်စ် ဆိုပါလား။ ချန်လွေ့သည် ဤကြောက်မက်ဖွယ်ရာ နတ်ဆိုးသားရဲကို ကြားဖူးသည်။၎င်းတို့သည် အစွမ်းထက်ပြီး သွားများနှင့်ခြေသည်း လက်သည်းတို့သည် သတ္တုများကိုပင် ဆုတ်ဖြဲနိုင်သည်။အချို့သန္ဓေပြောင်း မျိုးစိတ်များသည် ရေခဲ သို့မဟုတ် မီး ပါဝင်သည့်အလှမ်းဝေး တိုက်ခိုက်မှုများကို သုံးနိုင်ကြသည်။ဤသားရဲသည် သန္ဓေပြောင်း ဆဲဘရတ်စ် ဆိုသည်မှာ အသေအချာပင် ဖြစ်သည်။

“ ရန်သူ။ကိုက်ဖြတ်မယ်။သေစမ်း။ ”

[ သရုပ်ခွဲ မျက်လုံး ] မှတစ်ဆင့် ချန်လွေ့၏ ၎င်း၏အူသံများကို နားလည်နေသည်။ ၎င်းသည် ထိုစကားလုံးများကိုပင် ထပ်ကာထပ်ကာ ပြောနေသည်။၎င်း၏ စိတ်ထဲတွင် ကြမ်းတမ်းမှု နှင့် ရက်စက်မှုများသာ ပြည့်နှက်နေသည်။ထို့ကြောင့် ဆက်သွယ်စကား ပြောရန် ကြိုးစားခြင်းသည် အသုံးမဝင်နိုင်ပေ။

ဒိုဒိုသည်လည်း အမြင့်ဆင့်နတ်ဆိုးပင် ဖြစ်သည်။နယ်ရှင်ပယ်ရှင်အဖြစ်နေရန်အတွက် “ တစ္ဆေနဂါး ” အဖြစ် ဟန်ဆောင်ခဲ့သော်လည်း ၎င်းသည် အဆင့်အနိမ့်ဆုံးဖြစ်သည့် ချွဲကျိကောင်သာ ဖြစ်သည်။အားနည်းသူနှင့်တွေသည့်အခါ ၎င်းသည် အစွမ်းထက်သကဲ့သို့ ဟန်ဆောင်၍ရသေးသည်။ ဒါပေမဲ့ ဒီလိုမျိုး ကြောက်မက်ဖွယ်ရာ တိုက်ခိုက်ရေး အစွမ်းရှိတဲ့ နတ်ဆိုးသားရဲကို ဒိုဒိုက ဘယ်လိုလုပ်ပြီး အသက်စွန့် တိုက်ခိုက်ရမှာလဲ။ ဆဲဘရတ်စ်ကြောင့် အပိုင်းအစများဖြစ်ပြီး မူလအတိုင်းပြန်ဖြစ်သော်လည်း ဒိုဒိုသည် ကြောက်လန့်ပြီး ကူကယ်ရာမဲ့နေဆဲပင် ဖြစ်သည်။

“ သခင်။ကျွန်တော် အကင်မစားချင်တော့ပါဘူး။မြန်မြန် လာကယ်ပါတော့။ ” ထိုအချိန်တွင် တောင်ခြမှ သူခိုးဓားပြများလည်း ဆဲဘရတ်စ်၏ ဟိန်းသံကို ကြားလိုက် ရပြီး ပွက်လောရိုက်သွားသည်။ချန်လွေ့လည်း စိုးရိမ်နေပြီး နောက်ဆုံးအဖြစ် တိုက်ခိုက်ရန် ရည်ရွယ်ထားလိုက်သည်။သူ၏လက်များသည် ဓားပုံစံဖြစ်သွားပြီး အရောင်ဖျော့ဖျော့ တောက်ပနေလေသည်။

ချန်လွေ့ ရောက်လာသည်ကို ဆီဘရတ်စ် တွေ့သွားပြီး ပါးစပ်ဟကာ မီးလုံးတစ်လုံး ပစ်လိုက်ပြန်သည်။ချန်လွေ့ အလျင်အမြန် လှိမ့်ပြီး အနည်းငယ်သာ ရှောင်လိုက် နိုင်သည်။ မီးလုံးကြောင့် လွင့်စင်ထွက်လာသည့် ကျောက်တုံးများနှင့် ထိမိခြင်းကြောင့် ချန်လွေ့၏ကျောသည် အနည်းငယ် ပူလောင်သွားသည်။ထိုအချိန်တွင် ချန်လွေ့သည် ဆဲဘရတ်စ်၏ ခြေထောက်နား ရောက်နေပြီဖြစ်သည်။ချန်လွေ့မတိုက်ခိုက်နိုင်ခင်မှာက ရုပ်ဆိုးသည့်ခေါင်းများသည် သူ့ကို ကိုက်နေပြီ ဖြစ်သည်။

ဆဲဘရတ်စ်သည် ဤမျှလောက် တုံ့ပြန်မှု မြန်ဆန်မည်ဟု ချန်လွေ့ မထင်ထားခဲ့ပေ။ ချန်လွေ့ အမြန်ရှောင်လိုက်သည်။ဆဲဘရတ်စ်၏ ခေါင်းသုံးလုံးသည် တစ်ခုပြီးတစ်ခု တိုက်ခိုက်တော့သည်။ချန်လွေ့၏ အမြန်နှုန်းနှင့်ပင် ရှောင်တိမ်းရ ခက်ခဲ‌သွားသည်။

“ ဒိုဒို။ဒီကောင်ကို ရစ်ပတ်လိုက်။မြန်မြန်လုပ်။ ”

ချန်လွေ့ အော်ပြောလိုက်သည်။သတိလွတ်နေစဉ်တွင် ဆဲဘရတ်စ်၏ လက်သည်းကြောင့် ချန်‌လွေ့၏ ဝတ်စုံနက် စုတ်ပြဲသွားသည်။ထိုနေရာတွင်လည်း ပူလောင်သည့် နာကျင်မှု တစ်ခု ရှိနေသည်..... ဆဲဘရတ်စ် လိုက်ဖမ်းရန် ပြင်လိုက်စဉ် တစ်ခုခု ရစ်ပတ်ခံရ သကဲ့သို့ပင် ၎င်း၏တစ်ကိုယ်လုံး တင်းကြပ်သွားသည်။၎င်းသည် ခဏလောက် လှုပ်ရှား၍ မရတော့ပေ။ထိုအချိန်တွင် အရှေ့မှ ဝတ်စုံနက်နှင့်လူသည် အမြင့်သို့ခုန်ပြီး ရိုက်ချ လိုက်သည်။

ဝတ်စုံနက်လူ၏ ရိုက်ချချက်သည် အလွန်အန္တရာယ်ရှိသည်ကို ဆဲဘရတ်စ်၏ အစွမ်းထက် ပင်ကိုအသိစိတ်က ခံစားလိုက်ရပြီး အစွမ်းကုန်ရုန်းကန်ကာ ရစ်ပတ်မှုကို အတင်းချိုးဖောက်လိုက်သည်။ထိုအချိန်တွင် ချန်လွေ့၏ [ အရှိန်အဝါဓားသွား ] သည် ၎င်း၏ခေါင်းကို ဖြတ်ပြီးသွားပြီဖြစ်သည်။ဆဲဘရတ်စ်သည် ယခုမှသာ ဒိုဒို၏ရစ်ပတ်မှုမှ လွတ်မြောက်သွားပြီး အနည်းငယ်သာ ရွေ့လျားနိုင်သည်။နာကျင်စွာ အော်ဟစ်နေရင်း ၎င်းတို့ပြတ်နေသော ခေါင်းတစ်လုံးမှ သွေးများစီးကျနေကာ ခေါင်းနှစ်လုံး ငရဲခွေး ဖြစ်သွားတော့သည်။

ချန်လွေ့သည် ဤစိတ်ရှုပ်စရာ နတ်ဆိုးသားရဲကို တစ်ခါတည်း အဆုံးသတ်ချင်ခဲ့သည်။ ရုတ်တရက် သူတစ်ခုခုကို အာရုံခံလိုက်မိပြီး ချက်ချင်း ခေါင်းငုံ့လိုက်သည်။ ထက်မြက်လှသည့် လက်နက်တစ်ခု ပျံသန်းလာပြီး သူ၏ခေါင်းပေါ် ဖြတ်သွားသည်။ ထိုလက်နက်သည် စက်ဝိုင်းတစ်ဝက် လည်ပတ်ပြီး အနောက်သို့ ပြန်လာသည်။ ချန်လွေ့လည်း အငိုက်မိသွားပြီး အနည်းငယ်သာ ရှောင်လိုက်နိုင်သည်။သို့သော်လည်း သူ၏ခါးအောက်တွင် ဒဏ်ရာတစ်ခု ရသွားလေပြီ။ ထက်မြက်လှသည့် လေသည် ‌ယောက်ျားလေး မဟာနတ်ဆိုးထံ ပြန်ရောက်လာသည်။၎င်းသည် ကြက်ခြေခတ် ပုံစံရှိသည့် ကောက်ရိတ်ဓားပျံ ဖြစ်နေသည်။

မျိုးနွယ် = မဟာနတ်ဆိုး။

စွမ်းအားအကဲဖြတ်မှု = [ D ]

အမြင့်ဆင့်နတ်ဆိုး ပေါ်ထွက်လာကြောင်း [ သရုပ်ခွဲမျက်လုံး ] က ပြသလိုက်သည်။ထို့ပြင် တစ်ယောက်တည်း မဟုတ်ပေ။ သူတို့က ရှယ်လီ နဲ့ ယာဂတ်စ်ပဲ ဖြစ်ရမယ်။သူတို့တွေက တော်တော်လျင်တာပဲ။

All Chapters