← Chapters

တစ္ဆေနဂါး၏ ‌တကယ့်ပုံစံအမှန်

Vol. 6 Ch. 84

တစ္ဆေနဂါး၏ ‌တကယ့်ပုံစံအမှန်

Vol. 6 Ch. 84

တစ္ဆေနဂါး၏ တုံ့ပြန်မှုမှာ အတော်လေး နှေးလှသည်။တစ္ဆေနဂါး ခေါင်းလှည့်လိုက်ပြီး သစ်သီးများ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်သည့်အခါ ၎င်းသည် ဒေါသတကြီး ဟိန်းဟောက်နေပြီး သစ်သီးများကို ယူလိုက်သည့် ပုံရိပ်ဆီသို့ တက်လှမ်းလာသည်။ ပုံရိပ်သည် နဂါးမာန်ကြောင့် ကြောက်လန့်သွားပြီး ရုတ်တရက် ကြက်သေသေသွားသည်။ ထိုပုံရိပ်သည် ထိတ်လန့်စွာဖြင့် နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ခွာနေတော့သည်။

မိစ္ဆာသစ်သီးကို ယူလိုက်သည့်သူမှာ ချန်လွေ့ပင် ဖြစ်သည်။သူတို့၏အစွမ်း ကွာခြားချက်သည် ကြီးမားလှသည်ကို ချန်လွေ့သိသည်။သူ၏အမြန်နှုန်းသည် တစ္ဆေနဂါးကို ယှဉ်နိုင်မည် မဟုတ်ပေ။ထို့ကြောင့် ချန်လွေ့သည် အားကုန်သုံးပြီး မပြေးဘဲ ကြောက်လန့်ဟန်ဆောင်ကာ တစ္ဆေနဂါးကို [ တယ်လီပို့ ] ထွင်းစာထောင်ခြောက်ဆီသို့ ရောက်အောင် မျှားလိုက်သည်။

ချန်လွေ့ အံ့ဩသွားသည်မှာ တစ္ဆေနဂါးသည် သူ၏အကြံကို ရိပ်မိပုံရနေခြင်းပင်။၎င်းသည် ချန်လွေ့ကို အမြန်မလိုက်ဘဲ တည်ငြိမ်စွာ ချဉ်းကပ်လာသည်။ အရိုးခြောက်တောင်ပံ တစ်စုံသာ ဖြည်းဖြည်းချင်း ခတ်နေပြီး ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာဖိအားကို ပေးနေလေသည်။

နတ်ဆိုးဘုံရှိ ပုံမှန်ဘာသာစကားသည် တစ္ဆေနဂါးထံမှ ထွက်လာသည်။

“ ကျူးကျော်သူ။သစ်သီးတွေကိုပြန်ပေး။ငါမင်းရဲ့အသက်ကို ချမ်းသာပေးမယ်။ မဟုတ်လို့ကတော့ မင်းကိုငါ စားပစ်မယ်။ ”

ချန်လွေ့ ဇောချွေးများ ပျံနေ‌လေပြီ။တစ္ဆေနဂါး မတိုက်ခိုက်ခင်တွင် [ တယ်လီပို့ ] ထွင်းစာကို ကိုယ်တိုင်အသက်သွင်းပြီး ထွက်ပြေးရတော့မလို ဖြစ်နေသည်။ထိုသို့ တကယ်မလုပ်နိုင်လျှင်လည်း ချန်လွေ့တွင် “ အမှောင်ဆန္ဒ ” လက်စွပ်၏ [ တယ်လီပို့ ] အစွမ်း ရှိနေသေးသည်။

ပြဿနာမှာ အသီနာသည် အနီးအနား၌ ရှိနေခြင်းပင်ဖြစ်ပြီး တစ္ဆေနဂါး ရှာတွေ့သွား နိုင်သည်။အသီနာ၏ လက်ရှိအခြေအနေဖြင့်ဆိုလျှင် ထွက်ပြေးရန် လုံးဝမဖြစ်နိုင်ပေ။

အသီနာကို ချန်ထားပြီး ငါတစ်ယောက်တည်း ထွက်ပြေးရမှာလား။ဘယ်လိုပဲဖြစ်ဖြစ် ငါ မိစ္ဆာသစ်သီးတွေ ရထားပြီးပြီလေ။

အပေါင်းအဖော်ကို.....လက်လွှတ်ဖို့လား။ရှီရန်တောင်ဆီကိုသွားဖို့ အရဲစွန့်ပြီး ငါ့ကို အဖော်လိုက်ပေးတာ ဘယ်သူလဲ။

တဖြည်းဖြည်း ချဉ်းကပ်လာသည့် တစ္ဆေနဂါးကိုကြည့်ရင်း ချန်လွေ့ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။ချန်လွေ့သည် လက်ကိုဆန့် လက်ဝါးဖြန့်ပြီး [ အရုဏ်ဦးပစ်ချက် ] ကိုသုံးကာ တစ္ဆေနဂါးကို ဒေါသထွက်အောင်လုပ်ရန် ပြင်ဆင်လိုက်သည်။

အစွမ်းထက်နဂါးမာန် ချဉ်းကပ်လာသည်။

“ ခွေးကောင်။ဆရာသခင် တစ္ဆေနဂါး ဆိုတဲ့ငါ မင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်။ ”

ထိုကဲ့သို့ ခြိမ်းခြောက်မှုမျိုးကို ချန်လွေ့လုံးဝ မယုံကြည်ပေ။အကယ်၍ သူတကယ်သာ သစ်သီးများကို ပေးလိုက်လျှင် ချက်ချင်း သေရပေလိမ့်မည်။သို့သော်လည်း ထူးဆန်း သည်မှာ တစ္ဆေနဂါးသည် ခြိမ်းခြောက်ရုံ ခြိမ်းခြောက်နေသည်။ယခုထိ ဘာမှ မလုပ်သေးပေ။တစ္ဆေနဂါးကို အာရုံပြောင်းရန် အသည်းအသန် ပြင်ဆင်နေစဉ် [ သရုပ်ခွဲမျက်လုံး ]၌ ဖော်ပြထားသည့် အချက်အလက်များကြောင့် ချန်လွေ့ စိတ်ပြောင်းသွားသည်။

[ ချွဲကျိကောင် ]

စွမ်းအားအကဲဖြတ်မှု = [ D ]

ခန္ဓာအမျိုးအစား = မသိရှိ။

အစွမ်း = မသိရှိ။

စိတ်ဝိညာဉ် = မသိရှိ။

မြန်ဆန်မှု = မသိရှိ။

ချွဲကျိကောင်တဲ့လား။တစ္ဆေနဂါး မဟုတ်ဘူးလား။

ပြီးတော့....[ D ] အဆင့်တဲ့လား။ဒါက အမြင့်ဆင့် နတ်ဆိုးလေးပဲ။ဒါဆို ခုနက နဂါးမာန်က ဘာကြီးလဲ။

ချန်လွေ့ အရဲစွန့်ပြီး ချက်ချင်းပင် ကြယ်စွမ်းအားများကို စုစည်းလိုက်သည်။

“ [ အရုဏ်ဦးပစ်ချက် ] ”

အလင်းလုံးကြီးသည် တစ္ဆေနဂါးကို ထိသွားသည်။တစ္ဆေနဂါး၏ အလွန်ကြီးမားသည့် ခန္ဓာကိုယ်သည် အမှန်တကယ်ပင် [ အရုဏ်ဦးပစ်ချက် ] အားကြောင့် နောက်ဆုတ် သွားလေသည်။တချို့အရိုးများသည်ပင် ပြုတ်ကျနေလေပြီ။၎င်း၏ခန္ဓာကိုယ်သည်လည်း မနည်းပင် မတ်မတ် ရပ်နေရသည်။အတောင်တစ်ဖက်လည်း မရှိတော့ပေ။

ယခုသည် ကြယ်ဦးစီးအဆင့်သို့ တက်လှမ်းပြီးနောက် ချန်လွေ့သည် [ အရုဏ်ဦးပစ်ချက် ] ကို ပထမ‌ဆုံး အသုံးပြုခြင်းပင် ဖြစ်သည်။ကြယ်စွမ်းအား ကုန်ဆုံးမှုသည် ယခင်ကထက် လျော့ကျသွားသည်ဟု ချန်လွေ့ ခံစားလိုက်ရသည်။ချက်ချင်း ကုန်ခမ်းသွားသည့် ခံစားချက်မျိုး မရခဲ့ပေ။

အရှေ့တွင်ရှိနေသည့် သားရဲသည် စက္ကူကျားရုပ်သာ ဖြစ်သည်ကို [ အရုဏ်ဦးပစ်ချက် ] က အတည်ပြုပေးခဲ့လေပြီ။ချန်လွေ့ စိတ်ထဲ၌လည်း အတော်လေး တည်ငြိမ်သွားသည်။ ချန်လွေ့ ခုန်ပြီး တစ္ဆေနဂါးဆီသို့ ရောက်သွားသည်။ထို့နောက် သူ၏တိုက်ခိုက်ရေး စွမ်းအားကို ကြိုက်သလို အသုံးချတော့သည်။ ပါ့ဂ်လီအိုရဲ့ နှိပ်စက်မှုကို အကြိမ်များစွာ ခံစားရပြီးတော့ ဒီနဂါးဆီကို ငါအတိုးနဲ့ ပြန်ပြီးတော့ သမလို့ရပြီ။ဒါပေမဲ့ အလောင်းကို ရိုက်နှက်နေရတယ်လို့ ငါခံစားနေရတယ်.....

“ တစ္ဆေနဂါး ”၏ လှုပ်ရှားမှုသည် နှေးကွေးသည်။ချန်လွေ့၏ တိုက်ခိုက်မှုကို ဘာမှ ပြန်မလုပ်နိုင်ပေ။သို့သော်လည်း ၎င်းသည် နာကျင်မှုကို မခံစားပုံပေါက်နေသည်။၎င်းသည် ဟိန်းဟောက်လိုက်သေးသည်။

“ ခွေးကောင်။ငါ့အစွမ်း ပြန်ပြည့်လာပြီ။မင်းအခုထွက်မပြေးရင် အရိုးတွေ ကျိုးကြေဖို့ ပြင်ထားပေတော့။ ”

ချန်လွေ့သည် လုံးဝ မထိမ်ချန်ထားဘဲ ပို၍ကြမ်းတမ်းစွာ တိုက်ခိုက်လာသည်။ချန်လွေ့ ရှင်းရှင်းလင်းလင်း သိသွားခဲ့လေပြီ။တစ္ဆေနဂါးဟူသောအရာသည် အမှန်တကယ်တွင် နဂါးတစ်ကောင်၏အစွမ်းကို အတုခိုးနေသည့် “ ချွဲကျိကောင် ” တစ်ကောင်သာ ဖြစ်သည်။၎င်းသည် အမှန်တကယ်ပင် တောထဲမှ နတ်ဆိုးသားရဲများအားလုံးကို လှည့်စားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် တစ္ဆေနဂါးသည် ခြိမ်းခြောက်ရုံသာ ပြုလုပ်ပြီး အမှန်တကယ် မတိုက်ခိုက်ခြင်းဖြစ်သည်။သို့သော်လည်း ထူးဆန်းသည်မှာ နဂါးထွင်းစာများနှင့် နဂါးမာန်တို့သည် အစစ်အမှန်ပင် ဖြစ်နေခြင်းပင်။

ထိုအချိန်တွင် “ တစ္ဆေနဂါး ” ၏ မျက်လုံးထဲမှ အစိမ်းရောင်အလင်းသည် ဖြည်းဖြည်းချင်း မှိန်သွားသည်။အစိမ်းရောင် အလင်းသည် တိတ်တဆိတ် ရွေ့လျားနေပြီး “ တစ္ဆေနဂါး ” ၏ ခန္ဓာကိုယ်သည် အစိမ်းရောင်အလင်း မှိန်လာသည်နှင့်အမျှ ဖြည်းဖြည်းချင် မာကျော ထုံထိုင်းလာသည်ကို ချန်လွေ့ သတိထားမိသွားသည်။နောက်ဆုံး၌ ၎င်းသည် အသက်မဲ့သည့် အရိုးစုပုံကဲ့သို့ ဖြစ်သွားပြီး လုံးဝမလှုပ်တော့ပေ။

[ သရုပ်ခွဲ မျက်လုံး ]၏ ဖော်ပြချက်မှာ ရှိနေဆဲပင်ဖြစ်သည်။ချန်လွေ့ တစ်ခုခုကို တွေးလိုက်မိပြီး မြေပြင်ပေါ်တွင် တွားသွားနေသည့်အရာများကို ချက်ချင်း သတိထား မိလိုက်သည်။ချန်လွေ့သည် ၎င်းကို တက်နင်းလိုက်သည်။ထိုအရာသည် ချော်နေပြီး ခြေထောက်ကို ဖျစ်ညှစ်လိုက်သည်။၎င်းသည် အမြင့်သို့ ခုန်လိုက်ပြီး ချက်ချင်းပင် သုံးလေးဆလောက် ကြီးထွားလာခဲ့သည်။ကောင်းကင်ပေါ်မှ ဧရာအိတ်ကြီး ကဲ့သို့ပင် ဖြစ်နေပြီး ချန်လွေ့ကို ဝါးမျိုချင်သကဲ့သို့ပင် ဖြစ်နေသည်။

ချန်လွေ့၏လက်သည် ချက်ချင်းပင် သတ္တုအရောင်များ တောက်လာသည်။ အလင်းတန်း တစ်ခု ဖြတ်သွားရာ “ အိတ် ” သည် နှစ်ပိုင်းဖြစ်သွားသည်။ထို့နောက်တွင် [ အရှိန်အဝါဓားသွား ] သည် ထူးဆန်းသော “ ချွဲကျိကောင် ” ကို အပိုင်းပိုင်း ခုတ်ဖြတ်လိုက်သည်။

ထူးဆန်းစွာပင် ထိုအပိုင်းအစများသည် မသေသွားပေ။သူတို့သည် အရှိန်မြန်စွာဖြင့် ချန်လွေ့ထံ တွန့်လိမ်ကာ လာပြီး ဝါးမျိုချင်နေပြန်သည်။ချန်လွေ့လည်း တစ်ခုခုကို စဉ်းစားမိသွားပြီး အော်ပြောလိုက်သည်။

“ [ ဖျက်ဆီးခြင်း အရှိန်အဝါ ခုတ်ချက် ] ”

ထိုအခိုက်တွင် အပိုင်းအစများပေါ်တွင် တောက်ပသည့် အလင်းများ အရှိန်မြန်စွာ ပေါ်လာသည်။အသေးစိတ်ကြည့်ရှုမည်ဆိုလျှင် ၎င်းတို့သည် အရှိန်မြန်စွာဖြင့် ခုတ်ဖြတ်နေသည့်အားများ ဖြစ်နေသည်။မျက်စိတ် တစ်မှိတ်တွင်းမှာပင် အပိုင်းအစ များသည် မြောက်များလှစွာသော အမှုန်များအဖြစ်သို့ ရောက်ရှိသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။[ ဖျက်ဆီးခြင်း အရှိန်အဝါ ခုတ်ချက် ] ကို နေရာပြန့်တိုက်ခိုက်မှု နှင့်အတူ ချန်လွေ့ ပထမဆုံး အသုံးပြုခြင်းဖြစ်သည်။၎င်း၏ အကျိုးသက်ရောက်မှုသည် အလွန်မျက်စိကျိန်းစေပြီး တော်တော်လေး အထင်ကြီးစရာ ကောင်းလှသည်။ သို့သော်လည်း သေစေနိုင်မှုသည် ပစ်မှတ်တစ်ခုတည်းတိုက်ခိုက်ရသည့် [ အရှိန်အဝါ ဓားသွား ] ထက် နိမ့်ကျသည်။ထို့ပြင် ၎င်းသည် အစွမ်းတော်တော်လေး အသုံးပြုရသည်။ [ အရှိန်အဝါဓားသွား ] သုံးလေးကြိမ် အသုံးပြုခြင်းထက်ပို၍ အကုန်အကျ များသည်။ သို့သော်လည်း ၎င်းသည် ရန်သူအများကြီးကို တိုက်ခိုက်ရာ၌ သင့်တော်ပေသည်။

“ ဟေး ”

လူပေါင်း‌ထောင်နှင့်ချီ တစ်ခါတည်း ပြောသကဲ့သို့ သိမ်မေ့သည့် အသံတစ်သံ ထွက်လာသည်။[ ဖျက်ဆီးခြင်း အရှိန်အဝါ ခုတ်ချက် ] ကို ခံစားရပြီးနောက်တွင် ဤထူးဆန်းလှသော ချွဲကျိကောင်သည် အမှန်တကယ်ပင် မပျက်စီးသေးပေ။

မသေမျိုးလား။ ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။မြောက်များလှစွာသော အမှုန်များသည် တစ်ခုတည်းအဖြစ် စုစည်းသွားပြီး မူလ “ပုံစံ ” အတိုင်း ပြန်ဖြစ်သွားသည်။

“ မင်းရဲ့ တိုက်ခိုက်မှုတွေက တော်တော်လေးနာတာပဲ။မင်းကို ပြန်ပေးဆပ်ရအောင် ငါလုပ်ပစ်မယ်။ ”

ထိုအရာ မူလအတိုင်းပြန်ဖြစ်သွားသည့်အခါ ၎င်းသည် ပါးစပ်ဖွင့်ပြီး ပြန်လာပြန်သည်။ ချန်လွေ့လည်း လက်ကိုဖွင့်ပြီး၎င်း၏ ပါးစပ်ထဲသို့ [ အရုဏ်ဦးပစ်ချက် ] နောက်တစ်ခေါက် ထပ်ပစ်လိုက်သည်။အလင်းလုံးကြီးသည် ကောင်းကင်ပေါ်သို့ တည့်တည့်သွားလိုက်ပြီး အချိန်အတော်ကြာမှသာ ပြန်ကျလာသည်။

[ အရုဏ်ဦးပစ်ချက် ]၏ အဖြူရောင်အလင်းအောက်တွင် ထိုအရာသည် ရာဘာကဲ့သို့ ဖြစ်ပြီး ဖောက်ထွင်းမြင်ရကြောင်း ချန်လွေ့ တွေ့ရှိသွားသည်။[ အရုဏ်ဦးပစ်ချက် ] ထိသွားသည့်အခါ ၎င်းသည် မပေါက်ကွဲသွားဘဲ မြောက်များလှစွာသော အဖြူရောင် အလင်းများအတွက် ကွဲကြေသွားသည်။၎င်းတို့နှင့် ဤအရာကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး သွေးကြောကဲ့သို့ မျက်နှာပြင် အနေအထား ရှိလေသည်။

ချန်လွေ့သည် အနည်းငယ် မောဟိုက်နေပြီဖြစ်သည်။နောက်ဆုံး [ အရုဏ်ဦးပစ်ချက် ] ကို အသုံးပြုပြီးသည့်အခါ သူ၏ကြွယ်စွမ်းအားများ နည်းပါးသွားလေပြီ။ချန်လွေ့ ရှိသမျှ အကုန် သုံးပြီးပြီ ဖြစ်သည်။သို့သော်လည်း ရန်သူကို မနှိမ်နင်းနိုင်သေးပေ။ မိစ္ဆာသစ်သီးနှင့် အတူ ထွက်ပြေးရန်သာ ကျန်တော့သည်။

[ အရုဏ်ဦးပစ်ချက် ] သည် ဤအရာကို မသတ်နိုင်သော်လည်း သိသိသာသာ ထိခိုက်မှု ဖြစ်စေသည်။ဖျက်ဆီးမှု အရှိန်အဝါသည် တော်တော်လေးနှင့် ပျောက်ကွယ်မသွားဘဲ ၎င်း၏ခန္ဓာကိုယ်အနှံ့အပြားသို့ ပြန့်ကျဲသွားစေသည်။၎င်း၏ခန္ဓာကိုယ်သည် သွက်ခါပါဒ ဖြစ်သွားပြီး မလှုပ်ရှားနိုင်တော့ပေ။

ချန်လွေ့ အလျင်အမြန် တွေးလိုက်ပြီး ထွက်မပြေးတော့ပေ။အလျင်အမြန်ပင် ရှေ့တက်ပြီး ၎င်းကို တက်နင်းလိုက်ပြန်သည်။

“ မင်းတော်တော် သတ္တိကောင်းတယ်ပေါ့။ငါ့ကို တကယ်ပဲ အာခံရဲတယ်။ ”

ထိုအရာသည် အရှုံးပေးချင်ပုံ မပေါ်သေးပေ။

“ ငါက နဂါးတစ်ကောင်ရဲ့ တကယ့် အပေါင်းအဖော်ပဲ။ ”

ချန်လွေ့သည် မှန်မှန်ကန်ကန် ချေပလိုက်သည်။

“ နဂါးဟန်ဆောင်ရဲတဲ့ ချွဲကျိကောင်ကများ။ငါမင်းကိုအခုပဲ ဖျက်ဆီးပစ်မယ်။ ”

“ မင်း.....မင်းဘယ်လိုလုပ် ဒိုဒိုက ချွဲကျိကောင်ဆိုတာ သိတာလဲ။ဒိုဒိုကို မသတ်ပါနဲ့။ ”

ပြိုင်ဘက်ဖြစ်သူသည် စစ်မှန်သည့် နဂါး အပေါင်းအဖော် ဖြစ်လိမ့်မည်ဟု ဒိုဒို မထင်ထားခဲ့ပေ။ထိုသူသည် ဒိုဒို၏သရုပ်မှန်ကို အလွယ်တကူ ဖော်ထုတ်နိုင်ခဲ့သည်။ နောက်ဆုံး၌ ဒိုဒိုသည် စတင်ကြောက်ရွံ့လာလေပြီ။

အမှန်တကယ်ပင် ချန်လွေ့သည် တစ်ရက်အတွင်း [ အရုဏ်ဦးပစ်ချက် ] ကို နှစ်ခေါက် သုံးပြီးသွားလေပြီ။ယခုမှာ ချန်လွေ့သည် “ ဒိုဒို ” ကို ခြောက်လှန့်နေခြင်းသာ ဖြစ်သည်။ချန်လွေ့ မေးလိုက်သည်။

“ မင်းဘာလို့ တစ္ဆေနဂါး ဟန်ဆောင်ရတာလဲ။မင်းဘာလို့ သားရဲအုပ်ကို ဖန်တီးရတာလဲ။ ဖြေစမ်း။ ”

“ ဟမ့်။မပြောပြနိုင်ဘူး။ ”

ထိုစကားပြောပြီးနောက် ချန်လွေ့၏လက်များ ဖြန့်လိုက်သည်ကို ဒိုဒို တွေ့သွားသည်။ ၎င်းသည် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ပြုလုပ်သည့် အမူအရာဖြစ်ပုံရသည်။ ထို့ကြောင့် ဒိုဒိုသည် ချက်ချင်းပင် စကားပြောင်းလိုက်သည်။

“ ခွင့်လွှတ်ပေးပါ။ကျွန်တော် အားလုံး ပြောပြပေးပါ့မယ်။ဆာ။အရင်ဆုံး ခြေထောက်လေး ဖယ်ပေးပါဦး။ ”

ချန်လွေ့ ခြေထောက်ဖယ်ပေးလိုက်သည်။[ အရုဏ်ဦးပစ်ချက် ] အကြွင်းအကျန်အားများ တဖြည်းဖြည်း ကွယ်ပျောက်သွားသည့်အခါ ၎င်းသည် ချက်ချင်းပင် အမြင့်သို့ ခုန်ဆွခုန်ဆွ လုပ်ပြီး ဘေးဘက်သို့ ပြေးလိုက်သည်။၎င်းသည် အော်ဟစ်နေဆဲပင် ဖြစ်သည်။

“ မင်းက ဆာ ဒိုဒိုဆိုတဲ့ငါ့ကို ဒေါသထွက်အောင် လုပ်ရဲတယ်ပေါ့။မင်းတွေ့လိမ့်မယ်။ ငါဘယ်လောက်..... ”

စကားမဆုံးသေးခင်မှာပင် ၎င်းသည် မျက်လုံးရှေ့ နေရာတိုင်း၌ မီးပွင့်မီးပွားများကို ခံစားလိုက်ရသည်။ပေါက်ကွဲမှုများ တရစပ် ထွက်ပေါ်ပြီးနောက်တွင် ဒိုဒိုသည် အပိုင်းပိုင်း ကွဲကြေသွားပြန်ပြီး မြေပေါ်သို့ ကျသွားသည်။၎င်းသည် တိုက်ဆိုင်စွာပင် ချန်လွေ့ ပြင်ဆင်ထားခဲ့သည့် ထွင်းစာကို အသက်ဝင်အောင် လုပ်မိသွားခြင်းဖြစ်သည်။ ကံကောင်းစွာပင် ၎င်းသည် [ ပေါက်ကွဲ ] ထွင်းစာဖြစ်နေသည်။[ တယ်လီပို့ ] ထွင်းစာဆိုလျှင် ဒိုဒို လွတ်မြောက်သွားလေပြီ။

သို့သော်လည်း ဒိုဒို၏ ခန္ဓာအမျိုးအစားသည် တော်တော်လေး ထူးဆန်းသည်။[ ပေါက်ကွဲ ] ထွင်းစာသည် ၎င်းသည် မသတ်နိုင်ခဲ့ပေ။၎င်း၏ ပြန်လည်တည်ဆောက်သည့် အမြန်နှုန်း သည် အမှန်တကယ်ပင် မြန်ဆန်သည်။ပြောရမည်ဆိုလျှင် [ အရုဏ်ဦးပစ်ချက် ] သည် ၎င်းကိုပို၍ ထိခိုက်စေခဲ့သည်။ထို့ကြောင့်ပင် ၎င်းသည် အလွန်ကြောက်လန့်နေခြင်း ဖြစ်သည်။

“ ဒါဆိုရင်တော့.....ငါမင်းကို အခုပဲ သတ်ပစ်ရလိမ့်နယ်။ ”

ချန်လွေ့သည် ဒိုဒိုရှေ့၌ ပေါ်လာသည်။သူ၏ မာန်သည် လျှံထွက်နေပြီး အစွမ်းကုန် သုံးတော့မည့်ပုံစံ ဖြစ်နေသည်။

“ ငါသေရင်တောင်...... ”

ဒိုဒိုသည် အားတင်း၍ ပြောလိုက်သည်။ချန်လွေ့လက်ဖြန့်လိုက်သည်ကို မြင်လိုက်ရာ ၎င်း၏အသံသည် ချက်ချင်းပင် အလွန်အမင်း နှစ်လိုဖွယ် ဖြစ်သွားသည်။

“ ဆာ။သခင့်ရဲ့ ကျွန်လေး ဒိုဒိုက သခင့်ရဲ့ သံသယတွေအားလုံးကို ဖြေရှင်းပေးမှာပါ။ ”

ဆာ ဒိုဒိုသည် “ ကြီးမြတ်ခြင်း နှင့် နှိမ့်ချခြင်း နှစ်ခုလုံး လုပ်နိုင်သည့် ” စံနမူနာ ဖြစ်သကဲ့သို့ပင် မျက်နှာထားကို အလွန်လျင်မြန်စွာ ပြောင်းလဲလိုက်သည်။

“ ငါမင်းကို ထပ်ပြီး မယုံတော့ဘူး။ ”

ချန်လွေ့ တမင်ပြောလိုက်သည်။

တစ်ခုခုလွဲနေကြောင်း ဒိုဒိုသိသည်။ထို့ကြောင့် ဒိုဒို ပါးစပ်ဖွင့်လိုက်ရာ ထူးဆန်းသည့် စွမ်းအားများ စုစည်းနေသည့် စာလိပ်တစ်ခု ထွက်ပေါ်လာသည်။

“ သခင်။ဒိုဒို ကျွန်-သခင် စာချုပ် ချုပ်ချင်ပါတယ်။ဒိုဒိုကို မသတ်ပါနဲ့။ ”

၎င်းသည် ချန်လွေ့အတွက် ပထမဆုံး ကျွန်-သခင် စာချုပ် ချုပ်ခြင်း မဟုတ်ပေ။ ထိုစာချုပ်သည် အတုမဟုတ်သည်မှာ သေချာသည်။ထို့ကြောင့် ချန်လွေ့ချက်ချင်း စာချုပ်ချုပ်လိုက်သည်။သာမန်လူတစ်‌ယောက်သည် စာချုပ်တစ်ခုသာ ချုပ်ဆိုနိုင်သည်။ ယခုတွင် ချန်လွေ့၌ စာချုပ် လေးခုရှိနေပြီ ဖြစ်သည်။သုံးခုမှာ ကျွန်-သခင် စာချုပ်ဖြစ်ပြီး ကျန်တစ်ခုမှာ သဟဇီဝစာချုပ် ဖြစ်သည်။နောက်ထပ်လည်း ချန်လွေ့ စာချုပ် ထပ်ချုပ်နိုင်လောက်သည်။

စာချုပ်ချုပ်ပြီးသည့်အခါ ချန်လွေ့သည် ဒိုဒိုကို မနှိပ်စက်တော့ဘဲ ခြေထောက် ဖယ်ပေးလိုက်သည်။ ဒီကောင်က [ D ] အဆင့်ဆိုလည်း ဘာမှမဖြစ်ဘူး။ဒါပေမဲ့ အဓိကသော့ချက်က သူ့ရဲ့ မသေနိုင်ခြင်းပဲ။သူက နဂါးအရိုးတွေကို ထိန်းချုပ်ပြီးတော့ နဂါးမာန်ကို သုံးနိုင်တယ်။ဒါက တကယ့်ကို မရိုးရှင်းဘူး။

ဒိုဒို၏ ပြားနေသည့် ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ဖောင်းတင်းလာပြီး ဇလုံ အရွယ်အစားသို့ ပြန်ရောက်လာပြီး တကယ့်ပုံစံအမှန်ကို ပြသလိုက်သည်။၎င်းသည် အသွင်အပြင်သည် ထူးခြားသည်။ခြေလက်မရှိပေ။တစ်ကိုယ်လုံးသည် မျက်နှာနှင့် မျက်လုံးကြီးများသာ ဖြစ်ပြီး နှာခေါင်းသေးသေးလေးတစ်ခုရှိကာ သွားမပါသည့် ပါးစပ်လည်းရှိသည်။၎င်းသည် ဖောက်ထွင်းမြင်ရသည့် ကြက်သွန်နီကြီး တစ်လုံးကဲ့သို့ပင် ဖြစ်သည်။၎င်းသည် စပရင်ကဲ့သို့ မြေပြင်ပေါ်တွင် ခုန်ဆွခုန်ဆွ လိုက်သွားနေလေသည်။

“ မြင့်မြင်တဲ့ သခင် ”

ဒိုဒိုတွင် ခြေလက်မရှိသော်လည်း မျက်နှာ အမူအရာများသည် တော်တော်လေး ပြည့်စုံလှသည်။၎င်းသည် မြှောက်ပင့်နေဟန်တူသည်။

“ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က မှော်နဲ့ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို တော်တော်လေး စုပ်ယူနိုင်တယ်။ဓားနဲ့အပိုင်းပိုင်း ဖြတ်ခံရရင်တောင် ပြန်ပြီး ပေါက်ပွားလာနိုင်သေးတယ်။ ဒါပေမဲ့ ခုနက သခင့်ရဲ့ တိုက်ခိုက်မှုက ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကို လုံးဝ ပြိုလဲသွားစေ တော့မလို့ပဲ။သခင့်ရဲ့အစွမ်းက တော်တော်လေးကို အစွမ်းထက်ပြီးတော့ ဆိုးယုတ်လွန်းလှပါတယ်...... ”

အဆုံးမရှိသော မြှောက်ပင့်များထဲတွင် ချန်လွေ့သည် စလီ နှင့် ဒီဒီ တို့၏ ကြက်သွန်နီ ဗာရှင်းကို ‌မြင်တွေ့ရသလို ဖြစ်သွားသည်။သို့သော် ဒိုဒို၏ စွမ်းရည်များလည်း ချန်လွေ့ကို ထိတ်လန့်သွားစေသည်။ထိုကြက်သွန်နီကောင်သည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကိုရော၊ မှော်တိုက်ခိုက်မှုကိုရော မကြောက်ပေ။ထို့ပြင် ပြန်လည်ပေါက်ပွားနိုင်သေးသည်။ ဒါက ဘယ်လို သတ္တဝါမျိုးလဲ။

All Chapters