ပိုက်ကွန်မှလွတ်သွားသောငါး
Vol. 120 Ch. 1670
စစ်ဆေးမေးမြန်းခြင်း လုပ်ငန်းစဉ်မှာ မခက်ခဲပေ။ ထိုလူများသည် တိုက်ခိုက်ရသည့် အကြောင်းအရင်းကို အမြန်ပင် ထုတ်ဖော်ပြောကြလေသည်။
သူတို့သည် ရှီမာမျိုးနွယ်ကို တိုက်ခိုက်လိုခြင်းသာဖြစ်သည်။ သို့သော် နောက်ကွယ်မှာ တုနန်မျိုးနွယ်ကြောင့်မဟုတ်ဘဲ သူတို့ထင်မထားသည့်သူများ ဖြစ်နေသည်။
ကျန်းမျိုးနွယ်… အစက ရှီမာမျိုးနွယ်ကို သိမ်းပိုက်လိုသော်လည်း အဆုံး သတ်တွင် ချေမှုန်းခံလိုက်ရသော မျိုးနွယ်တစ်ခုသာဖြစ်သည်။ ပိုက်ကွန်မှလွတ် သွားသည့် ငါးများရှိနေခဲ့သည်။ ထိုစဉ်က သူတို့ထွက်ပြေးမည့်နေရာကို မည်သူ သိနိုင်မည်နည်း။ သို့သော် ဝိညာဉ်စိမ်းဟုခေါ်သည့် ဂိုဏ်းတစ်ဂိုဏ်း၏ အင်အား ကိုချေးငှားကာ လက်စားချေခဲ့သည်။ သူတို့ထဲမှ တစ်ယောက်သည် ဂိုဏ်း ခေါင်းဆောင်၏ ကြင်ယာတော်ဖြစ်သွားပြီး အချစ်ခံနေရသဖြင့် သူမသည် သူ့ ကိုယ်စား လက်စားချေပေးလိုသည်ဟုဆိုသည်။
“ဝိညာဉ်စိမ်းဂိုဏ်းဆိုတာကို အရင်ကတစ်ခါမှမကြားဖူးဘူး၊ ဒီလိုအချိန် မှာမှ ဘယ်ဂိုဏ်းက ငါတို့နဲ့လာပြီး ရန်ဘက်ဖြစ်ချင်နေတာလဲ၊ တိုက်ဆိုင်မှု မဟုတ်မှာစိုးရတယ်” ရှီမာဟော်ရွှမ် ပြောလိုက်သည်။
“ဒါတွေအကုန်လုံးရဲ့ နောက်ကွယ်ကလူရှိနိုင်တယ်လို့ ပြောတာလား” အကြီးအကဲ မေးလိုက်သည်။
“ဖြစ်နိုင်တယ်” ရှီမာဟော်ရွှမ် ခွဲခြမ်းစိတ်ဖြာလေသည် “ဝိညာဉ်စိမ်းဂိုဏ်း သာ အင်အားကြီးတယ်ဆိုရင် ငါတို့မကြားဖူးစရာအကြောင်းမရှိပါဘူး ဆိုလို တာက သူတို့က အဖွဲ့ငယ်လေးပဲ ဒီလိုအင်အားစုကများ ငါတို့ကိုတိုက်ခိုက်ရဲ သေးတာလား”
“ဟုတ်တယ် အဲလူတွေက အကြောက်အလန့်မရှိ လုပ်ကြံကြတာ တစ် ယောက်ယောက်က အမှောင်ထဲကနေ ကြိုးကိုင်နေတာပဲဖြစ်မယ်” ရှီမာကျိယွင် ပြောလိုက်သည် “တုနန်မျိုးနွယ်ကပဲ ငါတို့ကိုတိုက်ခိုက်တာဖြစ်နိုင်တယ်”
“တိကျတဲ့သက်သေမရှိဘဲ သူတို့ကိုဘာမှသွားလုပ်လို့မရဘူး” စီနီယာ အကြီးအကဲသည် ဒေါသတကြီးပြောလေသည်။
“ဟင်း ဒီလောက်နည်းနည်းလေးက ငါတို့ကိုထိခိုက်အောင်လုပ်လို့မရပါ ဘူး” ရှီမာကျိယွင်သည် ထိုအင်အားလောက်ကို မမှုပေ။
“ဘိုးဘိုးကြီး သူတို့က ဒီတစ်ခေါက် ဘိုးဘိုးကြီးရဲ့မွေးနေ့ပွဲကို နှောင့်ယှက် ချင်လို့ လှုပ်ရှားတာဖြစ်မယ်၊ ဒီကိစ္စကို ကောင်းကောင်းမကိုင်တွယ်နိုင်ရင် ဘိုးဘိုးကြီးရဲ့ မွေးနေ့ပွဲကို သက်ရောက်သွားမှာ” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် သမီးတို့ သတိထားရမယ်”
“သမီးက ငှက်မျိုးနွယ်ကိုတောင် အသက်သွင်းနိုင်တာပဲ ဒီလိုကိစ္စအသေး လေးတွေကို သူတို့နောက်ထပ်မလုပ်ရဲတော့ဘူးလို့ ယုံတယ်”
ရှီမာယူယူ ခေါင်းခါယမ်းလိုက်သည် “သူတို့က စနေပြီဆိုမှတော့ ဒါကို ကြောက်နေမှာမဟုတ်ဘူး သူတို့က ခဏလောက်ပဲ နောက်ဆုတ်သွားတာဖြစ် နိုင်တယ် ဒီအချိန်အတွင်း ဘာမှမဖြစ်ရင် ဘိုးဘိုးကြီးရဲ့မွေးနေ့ပွဲနေ့မှာ သေချာ ပေါက်တော့ တစ်ခုခုဖြစ်နိုင်တယ်”
“ငါလည်း ယူယူနဲ့ အတွေးတူတယ်၊ မွေးနေ့ပွဲနေ့မှာမှ တစ်ခုခုဖြစ်ပြီး ဧည့်သည်တွေကိုပါ ဆွဲသွင်းမိသလိုဖြစ်ရင် တာဝန်ယူဖို့အတွက် ခက်သွားမှာစိုး ရတယ်” အကြီးအကဲ ၃ ပြောလိုက်သည် “တကယ်သာ အဲလိုဆိုရင် သတိကပ် ထားရမယ်”
“ဒီကိစ္စက ဒီလောက်ပြဿနာကြီးမယ်ဆိုတာသိရင် ဒီပွဲကိုလုပ်မနေပါဘူး” ရှီမာကျိယွင်သည် စိတ်မရှည်စွာ ပြောလေသည်။
“အခုလိုမဖြစ်ရင်တောင် သူတို့ကတခြားဘက်ကနေ တိုက်ခိုက်မှာပဲ ဘယ်လိုနေနေ အတူတူပါပဲ” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေက ရာထူး နိမ့်တယ် ဘာမှမသိကြဘူး၊ အခုတော့ သူတို့ဘာတွေကြံနေလဲဆိုတာ မသိနိုင် ဘူး ဒါပေမဲ့ တပ်သားတွေက မြေကြီးကိုရေနဲ့ဖုံးထားသလို သူတို့ကိုကာကွယ် ပေးထားတယ် အင်အားသာရှိတယ်ဆိုရင် သူတို့တွေ ပူးပေါင်းကြံစည်တယဆို ရင်တောင် စိုးရိမ်ဖို့မလိုတော့ဘူး”
“ဟားဟား သမီးစကားတွေက မှန်တယ်” ရှီမာကျိယွင်သည် ဟားတိုက် ရယ်မောလေသည် “ငါတို့ရှီမာမျိုးနွယ်ရဲ့ အင်အားကြည့်ဖို့ အကောင်းဆုံးအချိန် ရောက်လာပြီ”
“သူတို့က ငါတို့ကိုပြဿနာရှာစေချင်မှတော့ ဒီအခွင့်အရေးကိုယူပြီး ငါတို့ တော့ နာမည်ယူရတော့မှာပေါ့”
“ဟုတ်တယ် ဟားဟားဟား”
ရှီမာယူယူသည် အဘိုးကြီးများ ပျော်ရွှင်စွာရယ်မောနေသည်ကို ကြည့်ပြီး ဘာမှမပြောပေ။ သူမ ပြုံးရုံသာပြုံးလိုက်သည်။
ရှီမာမျိုးနွယ်အား စိတ်ဓာတ်မြှင့်တင်ပေးခြင်းနှင့် နေရာတစ်ခုသို့ ဆွဲတင် ရန်မှာ လူကြီးပိုင်းမျိုးဆက်၏ တစ်သက်တာဆန္ဒဖြစ်ကာ နောက်ဆုံးတွင် ပြည့် မြောက်တော့မည်ဖြစ်သည်။ သူတို့ ဘယ်လိုလုပ် မပျော်ဘဲနေမလဲ။ သို့သော် သူတို့သည် အလွန်သတိထားရန်လိုသည်။ သူတို့ အလွန်ပျော်ရွှင်နေသဖြင့် သူမ ကသာ ကိစ္စများကို ပို၍အာရုံစိုက်ရမည်။
ရှီမာမျိုးနွယ်နေထိုင်သော နေရာမှာ အလွန်စည်ကားပြီး တခြားနေရာမှ လူများ အလာများကြသည်။ သူတို့အားလုံးသည် ရှီမာကျိယွင်ကို ဂုဏ်ပြုရန် လာကြသည်။ အပြင်မှ တချို့သော ရှီမာမျိုးနွယ်ဝင်များလည်း ပြန်လာကြ သည်။ ရှီမာမျိုးနွယ်ဝင်များ စုဝေးသည်ဆိုသည်မှာ ရှားပါးသည်။ ရှီမာယူယူ သည် ထိုဦးလေးတချို့နှင့် ဝမ်းကွဲများကို တွေ့ဆုံသည်။
သူမသည် ရှီမာလျူရွှမ်နောက်ကိုလိုက်ကာ လူတစ်စုကိုသွားတွေ့သည်။ သူတို့သည် ကျင့်ကြံသူများဖြစ်သဖြင့် မှတ်ဉာဏ်ကောင်း၍ တော်သေးသည်။ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ရန်လာချိန်တွင် သူမသည် အကြီးအကဲ အားလုံးကို မှတ်မိရန်လွယ်ခဲ့သည်။
သူမ မျိုးနွယ်အတွင်း အမြင်ရဆုံးမှာ ရှီမာကျိယွင်နှင့် အကြီးအကဲများ အဖွဲ့သာဖြစ်သည်။ မဟုတ်လျှင် ရှီမာယိယွမ်နှင့် လူငယ်မျိုးဆက်ပင်ဖြစ်သည်။ ကြားထဲမှ မျိုးဆက်ကို တွေ့ခဲသည်။ အကြောင်းမှာ သူတို့ကို အပြင်လွှတ်လိုက် ခြင်းကြောင့်ပင်။ သူမသည် ဤနှစ်များတွင် ထိုလူများနှင့် မတွေ့ဖူးပေ။
တကယ်တော့ ထိုလူများသည် အိမ်သို့ မကြာခဏပြန်လာကြသည်။ ရှီမာယူယူသည် မျိုးနွယ်အတွင်း နေလေ့မရှိခြင်းသာဖြစ်သည်။ သူမ မျိုးနွယ် အတွင်းရှိချိန်တွင် ခြံဝန်းအတွင်း၌သာနေပြီး မထွက်ပေ ထိုလူများသည် သွားသွားလာလာရှိရာ သူမသည် သူတို့နှင့် သိပ်မတွေ့ပေ။
ထိုလူများကိုတော့ သူမ အခုမှသိသည်။ သူမ ထင်သထားသလို သူမ၏ ဘိုးဘိုးကြီးသည် မျိုးနွယ်အတွင်းတွင် အကြီးဆုံးမဟုတ်ခဲ့ပေ။ ထိုအစား သူသည် အငယ်ဆုံးပင်ဖြစ်နေသည်။ မည်သို့အကြောင်းများကြောင့်လည်းတော့ မသိပေ သူသည် မိသားစုခေါင်းဆောင်ဖြစ်လာခဲ့သည်။ တိုက်ဆိုင်စွာပင် ထို မျိုးဆက်သည် တခြားသူများထက် ငယ်သည်။
“ကျင့်ကြံသူတွေက မိသားစုမျိုးဆက်တွေကို အရမ်းကြီးမခြယ်လှယ်လို့ တော်သေးတယ် မဟုတ်ရင် ငါတို့မှာ ဘိုးလေးတွေ ဦးလေးတွေ ထောင်ချီရှိနေ မှာပဲ” ရှီမာယူယူသည် တိုးညင်းစွာရေရွတ်လိုက်သည်။
သူမဘေးတွင် ရပ်နေသာ ရှီမာလျူရွှမ်သည် သူမ ပြောလိုက်သည့်စကား ကို ကြားသည်။ သူ ရယ်မောလိုက်သည် “ဒီမှာက လူများတာပါ သမီးအမေ ဘက်မိသားစုက သေးတယ်”
တစ္ဆေမျိုးနွယ်ဝင်များသည် မျိုးဆက်များကို စိတ်ဝင်စားမှုလျော့နည်း သည်။ ထို့အပြင် အခြေခံဖြစ်သော ကလေးမွေးဖွားရသည်မှာပင် သူတို့အတွက် ခက်ခဲသည်။ ထို့ကြောင့်ပင် သူတို့သည် သားသမီးနည်းပါးသည်။ ထို့အပြင် သူမ၏ အဒေါ်နှင့် ဦးလေးများကို ပေါင်းထည့်လိုက်ရင် အရေအတွက်မှာ ထည့် စဉ်းစား၍ရသေးသည်။
“အဖေ သမီးတို့က ဆွေမျိုးတွေအကုန်လုံးကို မိတ်ဆက်ပြီးပြီဆိုတော့ ဘာမှလုပ်စရာမရှိတော့ရင် သွားလိုက်တော့မယ်” ရှီမာယူယူသည် ရှီမာလျူရွှမ် ၏ အင်္ကျီလက်ကို ဆွဲပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
မျိုးနွယ်အတွင်းတွင် သူမ ရှိနေသည်ကို ထည့်ပြောရန်မလိုပေ။ အားလုံး သည် သူမကို မြင်သည်နှင့် အလွန်နွေးထွေးလှသည်။ တချို့သော ဘိုးကြီးနှင့် ဘွားလေးတို့သည် သူမလက်ကို ဆွဲကာ အဆက်မပြတ်ချီးမွမ်းခန်းဖွင့်ကြသည်။ သူမသည် သူမ၏ အကန့်အသတ်ရှိသည်…
သူမသည် ဤနေရာတွင် သက်တောင့်သက်သာမရှိလှသည်ကို ရှီမာလျူရွှမ်သိသည်။ သူ ပြုံးလိုက်သည် “သူတို့က သမီးကိုချစ်ကြလို့ပါ ဟုတ်ပြီ လေ ပြန်ချင်ရင်လည်း ပြန်ပါ သူတို့ကို အသိပေးလိုက်မယ်”
“ကျေးဇူးတင်ပါတယ် အဖေ” သူမသည် ရှီမာလျူရွှမ်ကို ပြုံးပြပြီးနောက် လှည့်ပြီး တိတ်တဆိတ်ပင် ထွက်ခဲ့သည်။
ရှီမာလျူရွှမ်သည် သူမ၏ အပြုအမူကိုမြင်သောအခါ မတတ်သာစွာ ပြုံးလိုက်သည်။
သူမသည် မျိုးနွယ်အတွင်းမှ လူငယ်မျိုးဆက်သသာဖြစ်သည်။ သို့သော် သမီးဖြစ်သူမှာ ဤကဲ့သို တွေ့ဆုံပွဲများမနှစ်သက်တတ်သဖြင့် သူကူညီရတော့ သည်။
ရှီမာယူယူသည် ခြံဝန်းသို့ပြန်လာပြီး ငှက်လေးနှင့် တခြားသူများကို ဆက်သွယ်လိုက်သည်။ မွေးနေ့ပွဲရောက်ရန်မှာ သုံးရက်လိုသေးသဖြင့် ထိုအချိန် အတွင်းတွင် လူအများရောက်လာဆဲဖြစ်ရာ ငှက်လေးနှင့် တခြားသူများသည် အလွန်အလုပ်များနေခဲ့သည်။
“ယူယူ ငါအမိန့်ထုတ်လိုက်ပြီ ဒီအချိန်အတွင်းကို သူတို့က အကာအကွယ် အဖြစ်ရှိလိမ့်မယ်” ငှက်လေး ပြောလေသည်။
“ဒီလိုအများကြီး ကူညီပေးရတာ သူတို့ကျေနပ်ပါ့မလား”
“ဘာကို မကျေနပ်စရာရှိလို့လဲ၊ မင်းက အံ့ဖွယ်ဟင်္သပဒါးငှက်ရဲ့ စာချုပ် သခင်ဆိုတာကို မသိတဲ့ငှက်မျိုးနွယ်ရှိသေးလို့လား သူတို့က မင်းကို အထက် လူကြီးအဖြစ် အလုပ်လုပ်ပေးရတာပဲ ဘာကိုမပျော်စရာရှိလဲ” ငှက်လေးသည် နှာမှုတ်လေသည်။
“သူတို့က ကြက်သွေးရောင်မီးတောက်နဲ့ တွေ့ရမယ့်အခွင့်အရေးဆိုတာ ကို ကြားတာနဲ့တင် တစ်ယောက်ချင်းစီက မယုံနိုင်ဖြစ်ပြီး ပျော်နေကြတာ၊ ငါ သူတို့ကိုတားလိုက်တာကြောင့်သာမဟုတ်ရင် မင်းဆီကို ပြေးလာနေလောက်ပြီ” ဟာစွန်လည်း ထည့်ပြောလေသည်။
“ကြက်သွေးရောင်မီးတောက်က မင်းတို့ကိုစိတ်ဆိုးမှာမကြောက်ဘူးလား” ရှီမာယူယူ ရယ်မောလိုက်သည်။
“မကြောက်ပါဘူး သူ မကြိုက်ပေမဲ့လည်း သူက ငှက်မျိုးနွယ်ရဲ့ စောင့်ရှောက်သူ ဖြစ်တုန်းပဲလေ သူက သူတို့ကိုဆွဲမချပါဘူး” ငှက်လေးသည် ပြောရင်းနှင့် ရယ်မောလေသည်။
“အင်း သုံးရက်လိုသေးတယ် မင်းတို့ သတိထားကြ မွေးနေ့ပွဲရောက်ရင် စာချုပ်စွမ်းအားကိုသုံးပြီး အမြန်ပြန်လာကြ” ရှီမာယူယူ ညွှန်ကြားလိုက်သည်။
***