ကြောက်စရာပဲ။အရုဏ်ဦးပစ်ချက်က ဖရဲသီးလို အပိုင်းခံလိုက်ရတယ်
Vol. 7 Ch. 96
“ စိတ်ဝိညာဉ်နဂါးက မင်းလုပ်ထားတာပဲ ဖြစ်ရမယ်။ဟုတ်တယ်မလား။ ”
ထိုလူသည် ထိတ်လန့်စရာတစ်ခုခုကို ပြောရင်း အေးအေးဆေးဆေးပင် အရက်သောက်နေလေသည်။
“ အဲဒီ အမြင့်ဆင့်နတ်ဆိုး နှစ်ယောက်ကလည်း မင်းလက်ထဲမှာပဲ သေသွားတာဟုတ်။ အိုး။ဟုတ်သား။ခွေးရောပဲ။ ”
ချန်လွေ့ ခဏတာ တိတ်ဆိတ်သွားသည်။ဒီလူက ထိတ်လန့်စရာ ကောင်းလောက်အောင် မြန်ဆန်တယ်။ ပြီးတော့ သူ့ရဲ့စိတ်ကလည်း တကယ့်ကို လျင်မြန်တယ်။အသီနာနဲ့ငါ ပထမဆုံးရောက်တဲ့နေ့မှာပဲ စိတ်ဝိညာဉ်နဂါး ပေါ်လာတာ။ပြိုင်ဘက်က သတင်းနှံ့စပ်တယ်ဆိုရင် မကြာခင်မှာ သူတို့ကို သံသယဝင်မှာပဲ။
ပြဿနာကတော့ “ပျင်းရိခြင်း” မိသားစုထဲက ဒီပုဂ္ဂိုလ်ရဲ့အစွမ်းက တော်တော်လေးကို လွှမ်းမိုးနေတာပဲ။ငါသူ့ကို မယှဉ်နိုင်တာ သေချာတယ်။သူ့ဆီကနေ ထွက်ပြေး လွတ်မြောက်နိုင်ရင်ကို ကောင်းနေပြီ။
“ မင်းမဖြေဘူးဆိုတော့ မှန်နေလို့ပဲ ဖြစ်ရမယ်။မင်းက သန္ဓေပြောင်း အောက်လမ်းဆရာနဲ့ မတူပေမဲ့လည်း နဂါးသေတစ်ကောင်ကို ထိန်းချုပ်နိုင်တယ်ဆိုတာက မင်းမှာအစွမ်း တော်တော်လေး ရှိတယ်ဆိုတာ ပြနေတာပဲ။ ”
ထိုလူ ချီးမွမ်းလိုက်သောလည်း သူ၏လေသံသည် ချက်ချင်း ပြောင်းလဲသွားသည်။
“ ဒါပေမဲ့ နဂါးတွေအားလုံးက ဘဝင်ခိုက်နေကြတာ။နတ်ဆိုးဘုံဆီကို ကျဆင်းလာတဲ့ နဂါးတွေတောင် နဂါးဂုဏ်သိက္ခာအကြောင်းကို အမြဲတမ်းပြောတယ်။တစ်ယောက် ယောက်က နဂါးအရိုးကို ထိန်းချုပ်ဖို့ အောက်လမ်းပညာသုံးပြီး ပြဿနာရှာနေတာ လူသိရှင်ကြား သိသွားလို့ကတော့ နဂါးတွေ အများကြီးက ရှီလန်တောင်က မင်းဆီကို “လာလည်” ကြမှာ စိုးရိမ်မိတယ်။ ”
ချန်လွေ့ ချွေးစေးများ ပြန်လာသည်။ ကြည့်ရတာတော့ ငါက သူ့ရဲ့အစွမ်းနဲ့ လုံးဝကို အချိုးကျတဲ့ ကောက်ကျစ်မှုကို လျှော့တွက်လိုက်မိတဲ့ပုံပဲ။
“ အစကတော့.....မင်း သူခိုးဓားပြတွေ အားလုံးကို သတ်ရင်တောင် ငါဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါက လျို့ဝှက်တတ်တဲ့ ကောင်တွေကို သဘောမကျဘူး။ပြီးတော့လည်း ငါအနားယူနေတာကို မင်းနှောင့်ယှက်တယ်။ဒါကြောင့် မင်းကိုငါ မေ့ပျောက်လို့မရမဲ့ သင်ခန်းစာပေးဖို့ ဆုံးဖြတ်ထားတယ်။ ”
လခွမ်းကို သင်ခန်းစာ။ ချန်လွေ့ စိတ်ထဲ၌ ကျိန်ဆဲလိုက်သည်။ ဒီကောင်နားနေတာက တောင်ခြေမှာ ဒါမှမဟုတ် တောင်နံဘေးမှာပဲ။သူက သေချာပေါက် ဒီကိုလာပြီးတော့ ပြဿနာ လာရှာတာပဲ။
“ နေဦး။ ”
ချန်လွေ့၏ဦးနှောက် အပူတပြင်း စဉ်းစားပြီးနောက်တွင် ယာယီ ဖြေရှင်းချက်တစ်ခုကို စဉ်းစားမိလိုက်သည်။
“ မင်းက လောင်းကစား လုပ်ရတာ ကြိုက်တယ်မလား။မင်း လောင်းရဲလား။ ”
“ မင်းကို အသက်ရှင်ခွင့် ပေးစေချင်တာလား။ညံ့ဖျင်းဖျင်း လှည့်ကွက်တွေနဲ့ အလုပ်ရှုပ် ခံမနေနဲ့။ ”
“ ဘာကိုလောင်းမလဲဆိုတာ အရင်ပြော။ ”
“ မင်းဆီကနေ ဒီနေ့ငါ လွတ်နိုင်မနိုင် လောင်းကြမယ်။ ”
ချန်လွေ့စကားပြောနေရင်း ဒိုဒိုကို စိတ်ဖြင့် အဝေးသို့ပြေးခိုင်းကာ မိုင်းတွင်းရုံးခန်း၌ဆုံရန် ပြောလိုက်သည်။
ထိုသူသည် မူလတွင် ပြိုင်ဘက်ဖြစ်သူက မထင်မရှားကိစ္စတစ်ခုကို လောင်းပြီး ထွက်ပြေးကာ အသက်ရှင်ကျန်အောင် လုပ်မည်ဟု တွေးထားခဲ့သည်။သို့သော်လည်း ထိုကဲ့သို့ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူ ချက်ချင်းပင် စိတ်ဝင်စားသွားသည်။
“ လောင်းကြေးက ဘာလဲ။ ”
“ ရှင်းရှင်းလေးပါ။ ”
ချန်လွေ့သည် အက်ကွဲကွဲ ရယ်သံဖြင့် ပြောလိုက်သည်။
“ ဒီညအဖြစ်အပျက်ကို လျို့ဝှက်ထားရမယ်။ ”
ထိုလူ ကြောင်သွားပြီး ရယ်လိုက်သည်။
“ ကောင်းပြီလေ။ဘယ်လိုပဲဖြစ်ဖြစ် သူခိုးဓားပြတွေက ငါနဲ့ ဘာမှမှ မဆိုင်တာ။ဒါပေမဲ့ မင်းရှုံးရင်တော့ မင်းရဲ့အသက်ကို ငါပိုင်ပြီ။ ”
“ ပြဿနာမဟုတ်ပါဘူး။ဒါပေမဲ့ မင်းရဲ့လောင်းကစား ဂုဏ်သိက္ခာကိုယုံလို့ရနိုင်ပါ့မလား။”
ချန်လွေ့ တမင်ပြောလိုက်သည်။
“ ဆာ-လန်နွန်ဆိုတဲ့ ငါ့မှာ ပိုက်ဆံနဲ့ မိန်းမလှတွေသာ မရှိချင် မရှိလိမ့်မယ်။ဒါပေမဲ့ လောင်းကစား ဂုဏ်သိက္ခာတော့ အပြည့်ပဲ။ ”
ထိုလူ အေးစက်စက် ပြောလိုက်သည်။
“ ပြီးတော့လည်း မင်းမှာ ယုံဖို့ကလွဲပြီး တစ်ခြားမရှိပါဘူး။ ”
“ တကယ်တော့ မင်းထင်တာ မှန်တယ်။ငါက အောက်လမ်းဆရာ မဟုတ်ဘူး။င့ါမှာလည်း စွမ်းရည်နှစ်မျိုး ရှိတယ်။မင်းမှာ ယုံကြည်မှုရှိရင် မင်းကိုအရင်ဆုံးပြမယ်....”
စကားဆုံးသွားသည့်အခါ ချန်လွေ့သည် လေထဲရောက်နေပြီး လက်တွင်အရောင် တောက်နေကာ လန်နွန်၏ခေါင်းကို ခုတ်ပိုင်းလိုက်သည်။
[ အရှိန်အဝါဓားသွား ] အောက်တွင် လန်နွန်၏ပုံရိပ်သည် ရုတ်တရက် နှစ်ပိုင်းပြတ် သွားသည်။ချန်လွေ့သည် အနည်းငယ်ပယ် မပျော်ဘဲ နောက်သို့ ချက်ချင်း လှည့်လိုက်သည်။[ သရုပ်ခွဲမျက်လုံး ]က ပြိုင်ဘက်ဖြစ်သူသည် နောက်ဘက်ကို ရောက်နေပြီဟု ဖော်ပြထားသည်။ခုနက နှစ်ပိုင်းပြတ်သွားသည့်အရာမှာ အရှိန်မြင့်မားမှုမှ ကျန်ရစ်ခဲ့သည့် [ နောက်ကျန်ပုံရိပ် ] ဖြစ်သည်။
နှစ်ခုစလုံးသည် [ နောက်ကျန်ပုံရိပ် ] ဖြစ်သော်လည်း အမှောင်နတ်သူငယ်ဂျက်စီနှင့် လန်နွန် တို့ကို ယှဉ်လိုက်လျှင် ဂျက်စီ၏ [ နောက်ကျန်ပုံရိပ် ] သည် ကလေးကစားစရာသာ ဖြစ်သည်။
“ မင်းက [ နောက်ကျန်ပုံရိပ် ] ကိုတောင် နှစ်ပိုင်းပိုင်း နိုင်တာပဲ.... ”
လန်နွန်၏လေသံတွင် အံ့အားသင့်မှု အနည်းငယ် ပါဝင်နေသည်။
“ တော်တော်ကောင်းတဲ့ တိုက်ခိုက်ရေး အစွမ်းပဲ။ဒါပေမဲ့ စွမ်းအားက နည်းနည်းလေး အားနည်းသေးတယ်။မင်းရဲ့ခွန်အားက နောက်တစ်ဆင့်အထိ တိုးတက်သွားမယ်ဆိုရင် မင်းနဲ့တိုက်ခိုက်ဖို့ ငါတကယ် စိတ်ဝင်စားမှာပါ။ ”
“ ဒီလိုအခွင့်အရေး မင်းမှာ ရှိလာမယ်လို့ ငါအာမခံတယ်။အရင်ဆုံး ဒါကိုမြည်းကြည့် လိုက်ဦး။ ”
ချန်လွေ့သည် စကားပြောနေသော်လည်း လက်လုံးဝ မရပ်တန့်သွားပေ။[ အရှိန်အဝါ ဓားသွား ]ဖြင့် နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်ပြန်သည်။ထိုအချိန်၌ ဒိုဒိုသည် တစ်စုံတစ်ရာအဖြစ် အသွင်ပြောင်းသွားပြီး တိတ်တဆိတ် ထွက်သွားလိုက်သည်။
လန်နွန်သည် ဒိုဒို၏ လှုပ်ရှားမှုကို သတိထားမိသော်လည်း ဂရုမစိုက်ခဲ့ပေ။သူ၏ မျက်လုံးများသည် ချန်လွေ့၏ [ အရှိန်အဝါဓားသွား ]ကိုသာ အာရုံစိုက်ထားသည်။ သူ၏လက်ထဲရှိ ဝိုင်ပုလင်း ရုတ်တရက် ပျောက်ကွယ်သွားသည်။သူ၏လက်နှစ်ဖက်ကို လျှပ်စီးကဲ့သို့ အမြန်နှုန်းပြီး စုစည်းကာ [ အရှိန်အဝါဓားသွား ]ကို လက်ဗလာဖြင့် ဖမ်းဆုပ်လိုက်သည်။ချန်လွေ့၏ ယခင်ဘဝရှိ သိုင်းဝတ္ထုများတွင် ဓားကိုလက်ဖြင့် ဖမ်းသည့် အကွက်မျိုးကဲ့သို့ပင် ဖြစ်သည်။
သို့သော်လည်း [ အရှိန်အဝါဓားသွား ]၏ ဆန်းကြယ်မှုသည် မရိုးရှင်းပေ။ ပင်လယ်လှိုင်းကြမ်း၌ ချန်လွေ့လေ့ကျင့်ပြီးနောက်တွင် ကြယ်စွမ်းအား ထိန်းချုပ်မှုသည် ပို၍ကျွမ်းကျင်လာပြီး [ အရှိန်အဝါဓားသွား ] ၏ စွမ်းအားသည်လည်း ပို၍ပြင်းထန်ပြီး အစွမ်းထက်လာသည်။လန်နွန်သည် ဒြပ်ရှိဓားကိုသာ ခုခံနိုင်ခဲ့သည်။သို့သော်လည်း မမြင်နိုင်သည့် ဓားချီသည် ဖောက်ထွင်း ဝင်ရောက်သွားခဲ့သည်။
ထိုအချိန်၌ မမြင်ရသည့် “ ဓားချီ ” အရှေ့တွင် ဓားတစ်လက် ဘယ်ကမှန်းမသိ ပေါ်လာခဲ့သည်။
တကယ့် ဓားတစ်လက်ပင် ဖြစ်သည်။
လရောင်အောက်၌ ထိုဓားသည် အပြာရောင် ဖျော့ဖျော့ လင်းလက်နေပုံရသည်။
ဓားပြာ မည်ကဲ့သို့ ပေါ်လာသည်ကို ချန်လွေ့မသိပေ။မျက်စိတစ်မှိတ်အတွင်းမှာပင် [ အရှိန်အဝါဓားသွား ]၏ ဓားချီသည် ဓားပြာ၏ ဓားသွားကို ရိုက်ခတ်သွားသည်။
ဓားပြာသည် အတော်လေး ပါးလွှာပုံရသည်။ဓားချီ ရိုက်ခတ်မိသည့်အခါ ဓားပြာ တုန်ခါသွားသော်လည်း ကိုင်ထားသည့်လက်သည် ကျောက်စိုင်ကဲ့သို့ပင် တည်ငြိမ်နေသည်။
[ အရှိန်အဝါဓားသွား ] ကို ဖမ်းဆုပ်ထားသည့် လန်နွန်၏လက်ထဲတွင် ဓားပြာကို ဆုပ်ကိုင်ထားပြီး ဖြစ်သည်။သူ၏ မျက်လုံးများသည် ထူးဆန်းသော အရောင်များ တောက်ပနေပြီး ချန်လွေ့၏ အရောင်တောက်နေသော လက်ကို ကြည့်လိုက်သည်။ လန်နွန် ချီးကျူးလိုက်သည်။
“ ဓားကောင်းပဲ။ ”
ထိုအချိန်၌ ပြိုင်ဘက်ဖြစ်သူသည် နောက်သို့ ဆုတ်ကာခုန်လိုက်သည်။သူ၏လက် ချက်ချင်းပြောင်းလဲသွားပြီး လက်ဝါးဖြန့်ကာ လန်နွန်ကို ချိန်ထားလိုက်သည်။
“ အခု ဒါကိုကြည့်လိုက်။ ”
ထိုသို့ပြောပြီးနောက်တွင် ကြီးမားလှသည့် တလက်လက် အလင်းလုံးကြီးသည် အရှိန်ပြင်းစွာဖြင့် ပေါက်ထွက်လာသည်။
အလင်းလုံးကြီးသည် ချက်ချင်းပင် လန်နွန်နှင့် နီးကပ်သွားသော်လည်း ရှောင်ချင်စိတ် ရှိဟန်မတူပေ။တလက်လက် အလင်းဖြူလုံးသည် သူ၏မျက်လုံးထဲရှိ တောက်ပနေသော မီးတောက်ကို မဖုံးလွှမ်းနိုင်ခဲ့ပေ။
အလင်းဖြူလုံးကြီးသည် ရပ်တန့်သွားပြီး အနည်းငယ် တုန်ခါသွားသည်ကို ချန်လွေ့ မြင်လိုက်ရသည်။ရုတ်တရက်ပင် မရေတွက်နိုင်သည့် အပြာရင့်ရောင် အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။ဖရဲသီးကို ချွန်ထက်သည့် ကိရိယာ တစ်မျိုးဖြင့် အစိတ်ပေါင်းထောင်ချီ ဖြစ်အောင် ဖြတ်တောက် သကဲ့သို့ပင် ဖြစ်သည်။ ဖြတ်တောက်ခံရသည့် အလင်းလုံး အစိတ်အပိုင်းများသည် ခဏလောက် စက်လုံးပုံစံအတိုင်း ရှိနေပြီး ရုတ်တရက် ပျောက်ကွယ်သွားသည်။အဝေးမှပင် ချန်လွေ့သည် ဓားချီကို ခံစားနေရသည်။၎င်းသည် သူ၏ [ အရှိန်အဝါဓားသွား ]ထက် ပိုမြင့်ပြီး ခုတ်ချက်ပေါင်း ထောင်နှင့်ချီ ရှိလေသည်။
[ အရုဏ်ဦးပစ်ချက် ]ကို လက်တစ်ဖက်တည်းဖြင့် ပါ့ဂ်လီအို ညှစ်ချေခဲ့သည်ကို ချန်လွေ့ မြင်ခဲ့ဖူးသည်။အရတ်စ် နှစ်ပိုင်းပိုင်းလောက်သည်ကိုလည်း မြင်ခဲ့ဖူးသည်။[ အရုဏ်ဦးပစ်ချက် ]ကို ဤကဲ့သို့ နည်းလမ်းဖြင့် ဖြေရှင်းသူကိုတော့ ချန်လွေ့တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
“ တော်တော်လေး ထူးခြားတဲ့ ဖျက်ဆီးမှုစွမ်းအားပဲ။တော်တော် ကောင်းတယ်။ ”
လန်နွန်သည် ဝိုင်ကောင်းကောင်း တစ်ခွက်ကို အရာသာခံသကဲ့သို့ပင် မျက်လုံး မှိတ်ထားလိုက်သည်။သူ့လက်ထဲရှိ ဓားပြာသည်လည်း ရုတ်တရက် နှစ်ပိုင်းပြတ် သွားသည်။သူ မျက်လုံးဖွင့်ပြီး ပြုံးလိုက်သည်။
“ ဒါပေမဲ့ အရင်တိုက်ကွက်ကို ငါပိုပြီး သဘောကျတယ်။ ”
လန်နွန်စကား ဆုံးသွားသည့်အခါ မူလက ဓားပုံစံဖြစ်နေသည့် ချန်လွေ့၏ ဘယ်လက်တွင် ပစ္စည်းတစ်ခု အရောင်တောက်နေသည်ကို တွေ့လိုက်သည်။လူတစ်ကိုယ်လုံး၏ ပုံရိပ်သည် ဝေဝါးသွားပြီး ပုံပျက်သွားသည်။တစ်ချိန်တည်းမှာပင် အက်ကွဲကွဲ အသံတစ်သံ ထွက်လာသည်။
“ မင်းရှုံးသွားပြီ။ ”
လန်နွန်သည် ချန်လွေ့အရှေ့သို့ အရှိန်ဖြင့် ပြေးလာလိုက်သည်။သို့သော်လည်း ခြေလှမ်းနောက်ကျသွားပြီ ဖြစ်သည်။သူရဲ့ တိုက်ကွက် လွဲချော်သွားခဲ့သည်။
“ လခွမ်းပဲ။သေစမ်းကွာ။ငါ မိုက်သလို ဘာလိုလို မလုပ်လိုက်သင့်ဘူး။ ”
လန်နွန် ညည်းတွားလိုက်သည်။
“ ငါ တကယ်ပဲ ရှုံးသွားတယ်။ ”
တောင်ခြေမှ လူများသည် လှုပ်ရှားမှုများကို သတိထားမိသွားကြဟန် တူသည်။ သူခိုးဓားပြများသည် တောင်ထိပ်ဆီသို့ သတိဖြင့် ချဉ်းကပ်လာတော့သည်။
“ ဒီကောင်က စိတ်ဝင်စားစရာပဲ။ခုနက တိုက်ခိုက်မှုနှစ်ခုက မလုံလောက်သေးပေမဲ့ တော်တော်လေးတော့ ကောင်းတယ်။ ”
လန်နွန်သည် ချဉ်းကပ်လာသည့် သူခိုးဓားပြများကို ဂရုစိုက်မနေပေ။သူ၏လက်ထဲ၌ ပုလင်းတစ်လုံး ပေါ်လာပြန်သည်။ထို့နောက် တစ်ငုံအပြည့်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။
“ သူ ခုနတုန်းက တော်ဝင်မိသားစုရဲ့ စစ်ပွဲဖိအား သက်ရောက်မှုကို ခံရတဲ့ပုံမပေါ်ဘူး။ အိုး။ဟုတ်သားပဲ။တယ်လီပို့ခုန်နိုင်တဲ့ အရာ.....အဲဒါက လူစီဖာမိသားစုရဲ့ အရာတစ်ခုများလား။ ”
ကင်းထောက် သူခိုးဓားပြများ သတ္တိမွေးပြီး တောင်ထိပ်ပေါ် ရောက်လာသည့်အခါ လန်နွန်၏ပုံရိပ် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“ အမှောင်ဆန္ဒ ”၏ [ တယ်လီပို့ ] လုပ်ဆောင်ချက်ကို ချန်လွေ့ ပထမဆုံး အသုံးပြုဖူးခြင်း ဖြစ်သည်။သူ့တစ်ကိုယ်လုံး လျို့ဝှက်ဆန်းကြယ်သည့် အားတစ်ခုဖြင့် ရစ်ပတ်သွားပြီး မရေတွက်နိုင်သည့် “ အမှုန်များ ” အဖြစ် ပြိုကွဲသွားသလို ခံစားလိုက်ရသည်။ထို “ အမှုန်များ ”သည် အာကာသစီးကြောင်း၏ တွန်းကန်မှုကိုခံရပြီး အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းသွားလေသည်။ထို့နောက်တွင် “အမှုန်များ”သည် လူသားအသွင်အဖြစ် ပြန်လည်စုစည်းသွားသည်။
အမှန်တကယ်၌ ၎င်းသည် ချက်ချင်းပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။အနည်းငယ် မူးဝေသွားပြီးနောက်တွင် ချန်လွေ့သည် အခြားနေရာတစ်နေရာသို့ ရောက်နေပြီ ဖြစ်သည်။
မှော်မြေပုံကိုကြည့်သော် ရှီလန်တောင်တန်း၏ နေရာတစ်ဝိုက်၌သာ ရှိနေသေးကြောင်း ချန်လွေ့သိလိုက်သည်။ယခုနေရာသည် အဓိကတွင်းမှ ၁၀ကီလိုမီတာ အကွာတွင် ဖြစ်ကြောင်း မြေပုံပေါ်၌ ဖော်ပြထားသည်။ဤကဲ့သို့ တယ်လီပို့လုပ်ခြင်းသည် အကွာအဝေး အကန့်အသတ်ရှိလေသည်။ထို့ကြောင့် အမှောင်လမြို့ဆီ တိုက်ရိုက် ရောက်သွားရန် မဖြစ်နိုင်ပေ။ထို့ပြင် ၎င်းသည် ကြုံရာကျပမ်းပင် ဖြစ်သည်။ရန်သူဆီသို့ တစ်ခါတည်း ရောက်သွားနိုင်မည် မဟုတ်ပေ။သို့မဟုတ်ပါက ချန်လွေ့သည် တစ်နှစ်တာ၏ ကံဆိုးမိုးမှောင်ဘုရင်ဟူ၍ ဆုချီးမြှင့်ခံရပေလိမ့်မည်။
လန်နွန်၏ အစွမ်းသည် အတော်လေး ကြောက်စရာ ကောင်းလှသည်။ချန်လွေ့၏ အနှိုင်းမဲ့တိုက်ကွက်ဖြစ်သည့် [ အရှိန်အဝါဓားသွား ] နှင့် [ အရုဏ်ဦးပစ်ချက် ]တို့ကို အလွယ်တကူပင် ဖြေရှင်းနိုင်ခဲ့သည်။အထူးသဖြင့် လန်နွန်၏ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းသည် ချန်လွေ့စိတ်ထဲ၌ ကျန်ရစ်နေခဲ့သည်။သူ၏အမြန်နှုန်းသည် မြန်ဆန်ရုံသာမက ဓားအမြန်နှုန်းသည်လည်း လျင်မြန်လှသည်။လန်နွန်သည် အစွမ်းကုန် မသုံးခဲ့သည်မှာ သေချာပေသည်။အဆင့်ကြားရှိ ခြားနားမှုသည် အတော်လေး ကြီးမားသည့်ပုံပေါ်လေသည်။
လက်ရှိတွင် ချန်လွေ့သည် နတ်ဆိုးဘုရင်အဆင့်ကို မယှဉ်နိုင်သည်မှာ အသေအချာပင် ဖြစ်သည်။သို့သော်လည်း အရတ်စ်ကို ကျော်ဖြတ်ပြီးသွားလျှင် လန်နွန်သည် ချန်လွေ့၏ နောက်ထပ် ပစ်မှတ် ဖြစ်လာပေလိမ့်မည်။
ချန်လွေ့သည် စိတ်ပိုင်းဖြတ်ထားသော်လည်း တစ်ဆင့်ချင်းသာ သွား၍ရလေသည်။ လက်ရှိ အရေးကြီးဆုံးမှာ ကပ်ဘေးကို ရှောင်ရှားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းပင် ဖြစ်သည်။လန်နွန်ကို လောင်းကစားနိုင်သွားသော်လည်း ၎င်းသည် ထွက်ပြေးရန်နှင့် စမ်းသပ်ရန်သာ ဖြစ်သည်။လန်နွန်၏ “လောင်းကစားဂုဏ်သိက္ခာ”ကို ယုံကြည်၍ မဖြစ်နိုင်ပေ။
မှော်မြေပုံနှင့် မှော်သံလိုက်အိမ်မြှောင်တို့၏ အကူအညီနှင့်အတူ နောက်ဆုံးတွင် ချန်လွေ့သည် အခက်အခဲများစွာနှင့်အတူ တောင်ထိပ်ပေါ်ရှိ မန္ဂဒါကို ရှာတွေ့သွားသည်။ထို့နောက် သူတို့သည် လုကမ်းတောင်ရှိ မိုင်းတွင်းရုံးခန်းဆီသို့ ပြန်သွားလိုက်သည်။ထိုအချိန်တွင် ဒိုဒို ပြန်မရောက်သေးပေ။သို့ပြင် ဒိုဒိုတွင် မသေနိုင်ခြင်းနှင့် [ အသွင်ပြောင်း ] စွမ်းရည် ရှိပြီး လုံးဝအစွမ်းထက်သည့် ထွက်ပြေးခြင်းအာရုံ ရှိသည့်အတွက် ပြဿနာမရှိလောက်ပေ။
ချန်လွေ့သည် တဲအိမ်ထဲ၌ မနားနေဘဲ တောင်ထွတ်အောက် တည့်တည့်ဆင်းသွားကာ အသီနာ၏တဲအိမ်ဆီ သွားလိုက်သည်။
ညဉ့်နက်ပြီဖြစ်သော်လည်း အသီနာ၏ သတိသည် မြင့်မားနေဆဲပင် ဖြစ်သည်။ ချက်ချင်းပင် အသီနာမျက်လုံးဖွင့်လိုက်သည်။ချန်လွေ့သည် ခြေသံများကို တမင်တကာ မဖုံးကွယ်ထားခဲ့ပေ။
“ အသီနာ ”
ချန်လွေ့၏အသံကိုကြားလိုက်ရာ ဓားကိုင်ထားသည့် လက်သည် ရုတ်တရက် လျှော့သွားသည်။
“ ဘာကိစ္စရှိလို့လဲ။ ”
အသီနာ၏နှလုံးသား တဒိတ်ဒိတ် ခုန်နေသည်။ တော်တော်လေး နောက်ကျနေပြီ။ဒီကို ရုတ်တရက်ကြီး သူဘာလာလုပ်တာလဲ။
ရုတ်တရက်ကြီး အဲလစ်ပြောပြခဲ့သည့် ဇာတ်လမ်းတစ်ခုကို အသီနာတွေးမိလိုက်သည်။ ၎င်းသည် နာမည်ကြီးဝတ္တုတစ်ပုဒ်မှ အပိုင်းတစ်ပိုင်း ဖြစ်သည်။အသေးစိတ် ဇာတ်ကွက်ကိုတော့ အသီနာ သတိမရတော့ပေ။သူ အနည်းငယ်သာမှတ်မိသည်။ အထီးကျန်နေတဲ့ ယောက်ျားတစ်ယောက်ဟာ ညပိုင်းမှာ အထီးကျန်နေတဲ့ မိန်းမ တစ်ယောက်ဆီရုတ်တရက်ဝင်လာပြီး.....အဲဒီနောက်....နောက်မှာတော့....နောက်ဆုံးမှာ...သူတို့နှစ်ယောက် အတူတူ နေလိုက်ကြတယ်။
“ ငါ ဝင်လာလို့ ရမလား။ "
ထိုအကြောင်းကို စဉ်းစားရင်း အသီနာ၏ မျက်နှာ နီရဲလာပြီး နှလုံးခုန်နှုန်းလည်း ပိုမြန်လာသည်။ ဒီကောင်က ဘာလို့ ရုတ်တရက်ကြီး ဒီလိုခွင့်တောင်းရတာလဲ။ တကယ်လို့.....သူ ဒီလို လုပ်လို့မရဘူး။အသီနာဝေးလ်စ်ဆိုတဲ့ ငါ့ကို ဘယ်လိုမိန်းမမျိုး မှတ်နေတာလဲ။
“ စကားပြောဖို့ အထဲဝင်လာလို့ရလား။ ”
မသာကောင်။သူ့မှာ တကယ်ပဲ ဒီလိုရည်ရွယ်ချက် ရှိတာလား။ဒါဆို....ငါသူ့ကို တောင်အောက် ကန်ချလိုက်ရမလား။ဒါမှမဟုတ် ဓားနဲ့ထိုးလိုက်ရမလား။
အသီနာသည် ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် ထားလိုက်ပြန်သည်။
“ အသီနာ ”
ချန်လွေ့၏အသံ ထွက်လာပြန်သည်။အသီနာ စိတ်လှုပ်ရှားနေ၏။ဓားအိမ်မှ ဓားကိုထုတ်လိုက်သော်လည်း တဲအိမ်၏ လိုက်ကာကိုသာ မတင်လိုက်သည်။
“ ဝင်ခဲ့လေ။ ”
လိုက်ကာကို မတင်ပြီးနောက် အသီနာ နောင်တရသွားသည်။တန်ဖိုးရှိရှိ မနေသည့် အတွက် ကိုယ့်ကိုယ်ကိုယ် အသီနာ ဆူပူကြိမ်းမောင်းလိုက်သည်။ လိုက်ကာကိုချပြီး ချန်လွေ့ ထိုင်လိုက်သည်ကိုတွေ့ရာ အသီနာ အကူအညီမဲ့ သလိုခံစားလိုက်ရပြီး ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြန်သည်။အသီနာသည် စိတ်ထဲ၌ ဆုံးဖြတ်ချက်ချ လိုက်သည်။ တကယ်လို့ သူ မလုပ်သင့်တာကို လုပ်မယ်ဆိုရင် ငါသူ့ကို ဓားနဲ့ ရိုက်ထုတ်ပစ်မယ်။
နေပါဦး။ဘာလို့ ဓားနဲ့“ထိုး”တာ မဟုတ်ဘဲ “ရိုက်”တာ ဖြစ်နေတာလဲ။
အတော်လေးမှောင်နေပြီ ဖြစ်သည်။ထို့ကြောင့် ချန်လွေ့သည် အသီနာ၏ စိတ်လှုပ်ရှားနေသော အမူအရာကို သတိမထားမိပေ။
“ ညပိုင်းကြီး မင်းကို နှောင့်ယှက်ရတဲ့အတွက် တောင်းပန်ပါတယ်။ အရေးကြီးကိစ္စ ရှိလို့ပါ။ ”
ချန်လွေ့၏ လေးလေးနက်နက် အသံကိုနားထောင်ရင်း အသီနာ စိတ်ထဲ၌ ထိတ်လန့်သွားကာ မေးလိုက်သည်။
“ ဘာဖြစ်လို့လဲ။ ”