← Chapters

ဖြစ်အံ့သော ကပ်ဘေး

Vol. 7 Ch. 97

ဖြစ်အံ့သော ကပ်ဘေး

Vol. 7 Ch. 97

ချန်လွေ့ အလွန်လေးနက်စွာ ပြောလိုက်သည်။

“ မနက်ဖြန်မနက်အစောကြီး ဝိုင်ဗန်စီးပြီး ရွက်စိမ်းတောအုပ်မှာ ခဏသွား‌နေလိုက်။ ”

ရွက်စိမ်းတောအုပ်သည် ရှီလန်တောင်တန်း၏ အစွန်အဖျား၌ရှိသော တောအုပ်တစ်ခု ဖြစ်သည်။ဝိုင်ဗန်စီးပြီး တည့်တည့် “အမြန်သွား”လျှင်တောင် ရောက်ရှိရန်အတွက် သုံးလေးနာရီ ကြာပေမည်။ထိုနေရာသည် အတော်လေး အန္တရာယ်ကင်းသော နေရာဟု သတ်မှတ်၍ရနိုင်ပေသည်။

အသီနာ မျက်မှောင်ကြုတ်လိုက်သည်။

“ ဘာဖြစ်လို့လဲ။ ”

လန်နွန်၏ အစွမ်းသည် အလွန် ကြောက်မက်ဖွယ်ရော ကောင်းလှသည်။ ချန်လွေ့နှင့်အသီနာတို့ အတူတူ ပူးပေါင်းလျှင်တောင် နိုင်ရန် အခွင့်အရေး မရှိပေ။ ထို့ကြောင့် ချန်လွေ့သည် အသီနာကို ဘေးကင်ရာသို့ ရွှေ့ပြောင်းပေးစေလိုခြင်း ဖြစ်သည်။သို့မှာသာ ချန်လွေ့သည် လန်နွန်နှင့် ကယ်လီရာကို စိုးရိမ်စရာမလိုဘဲ ရင်ဆိုင်နိုင်မည် ဖြစ်သည်။

ထွက်မသွားခင်၌ ပါ့ဂ်လီအိုသည် အဆိပ်ပုလင်း သေးသေးလေး တစ်ပုလင်းကို ချန်လွေ့ထံ ပေးခဲ့သည်။၎င်းသည် ဆန်ဒရိုကို သတ်ပစ်ခဲ့သည့် အဆိပ်ဖြစ်သည်။လက်ရှိအခြေအနေ၌ ၎င်းကိုအသုံးပြုရန် မသင့်တော်ပေ။အခြားနည်းလမ်း မရှိလျှင်တော့ ဤကြံမိကြံရာ နည်းလမ်းကိုသာ ချန်လွေ့ သုံးရတော့ပေမည်။

သို့သော်လည်း တကယ့်အကြောင်းရင်းကို ပြောပြလိုက်လျှင် အသီနာ သေချာပေါက် ထွက်သွားမည် မဟုတ်ပေ။ချန်လွေ့ စဉ်းစားလိုက်သည်။

“ ငါ့မှာ မဟာဆရာသခင်ရဲ့ အမွေအနှစ် ရှိတယ်ဆိုတာ မင်းသိပါတယ်။ငါ့အိပ်ချိန် မူမမှန် တာက အဲ့ဒါကြောင့်ပဲ။မနက်ဖြန်က စပြီးတော့ မဟာဆရာသခင်ရဲ့ အမွေအနှစ်က အရေးကြီးအခိုက်အတန့်ကို ရောက်တော့မှာ။အနှောင့်အယှက်ခံလို့ မဖြစ်ဘူး။အဲ့ဒါကြောင့် ငါ့ကို အဖော်ပြုပြီးတော့ ရွက်စိမ်း‌သစ်တောဆီ လိုက်သွားပေးဖို့ ပြောတာပါ။ဒီကိစ္စက ငါ့အသက်နဲ့ သက်ဆိုင်နေတယ်။အဲ့ဒါကြောင့် ဒါကို လျို့ဝှက်ထားဖို့လိုတယ်။ခဏလောက် ထွက်သွားဖို့လိုတယ်လို့ တခြားသူတွေကို ပြောလို့ရတယ်လေ။ဂါဒီနဲ့ အခြားသူတွေနဲ့ဆို မိုင်းတွင်းရုံးခန်းက အဆင်ပြေမှာပါ။ ”

ချန်လွေ့၏ သေခြင်း ရှင်ခြင်းနှင့် ဆက်နွှယ်နေကြောင်း ကြားလိုက်သည့်အခါ အသီနာသည် ဘာမှမစဉ်းစားဘဲ ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီလေ။ငါနင်နဲ့ လိုက်သွားပေးမယ်။ ”

ချန်လွေ့သည် တစ်ဆက်တည်းမှာပင် ဆင်ခြေတစ်ခု ဖန်တီးလိုက်သည်။

“ မဟုတ်ဘူး။မင်း အဲ့ဒီကို အရင်သွားပြီးတော့ ငါ့အတွက် ကြိုပြီးပြင်ဆင်ထားပေး။ငါက မဟာဆရာသခင်ရဲ့ လိုအပ်ချက်အတိုင်း သုံးလေးနေရာလောက်ကို သွားရမှာ။ပြီးရင် ငါမင်းကို အဲ့ဒီနေရာမှာ အမြန်ဆုံး လာတွေ့မယ်။ငါမလာခင် ရွက်စိမ်းတောအုပ်ထဲကနေ မင်းမထွက်သွားရဘူး။ ”

“ ကြိုတင်ပြင်ဆင်ခြင်း ” အတွက် ‌အကြောင်းရင်းများသည် အနည်းငယ်လွန်သည်ဟု ခံစားရသော်လည်း ၎င်းသည် ချန်လွေ့၏အသက်နဲ့ ဆက်နွှယ်နေသည့်အတွက် အသီနာသည် ချက်ချင်းပင် သဘောတူလိုက်သည်။

“ ဒါပေမဲ့ ငါတို့ထွက်သွားရင် မိုင်းလုပ်သားတွေ စားဖို့သောက်ဖို့ ဘယ်လိုလုပ်မလဲ။ ” အသီနာသည် ရုတ်တရက် ပြဿနာတစ်ခုကို တွေးမိလိုက်သည်။

ချန်လွေ့သည် စိတ်ထဲ၌ ခေါင်းခါလိုက်သည်။ သူခိုးဓားပြတွေပြောတဲ့ စကားအရဆိုရင် အမှောင်လမြို့ကို ထိန်းချုပ်ပြီး လှုပ်မရဖြစ်စေဖို့အတွက် မိုင်းလုပ်သားတွေကို ထားထားဖို့ လိုအပ်တယ်။အဲ့ဒါကြောင့် သူတို့က အခုအချိန်အတောအတွင်း အန္တရာယ်ကျရောက်ဦးမှာ မဟုတ်ဘူး။ဒါပေမဲ့ မိုင်းတွင်းအရာရှိဖြစ်တဲ့ငါက သူခိုးဓားပြတွေရဲ့ အာရုံစိုက်ခံရပြီးတော့ မိုင်းလုပ်သားတွေကို အန္တရာယ် ကျရောက်စေနိုင်တယ်။

အခုတော့ “စိတ်ဝိညာဉ်နဂါး”ကြောင့် သူခိုးဓားပြတွေရဲ့ အာရုံက မိုင်းတွင်းအရာရှိဆီကို မရောက်လာသေးဘူး။အဓိကတွင်းက အဖြစ်အပျက် ဖြေရှင်းပြီးသွားရင် ဒါမှမဟုတ် ပျောက်ကွယ်သွားရင် တစ္တေနီတွေက မိုင်းတွင်းအရာရှိဖြစ်တဲ့ငါ့ကို တစ်ခုခုလုပ်ကြမှာပဲ။ တကယ်လို့ငါ တစ်နေရာရာကို ပျောက်ကွယ်သွားတာ ဒါမှမဟုတ် သေဟန်ဆောင်မယ် ဆိုရင် မိုင်းလုပ်သားတွေလည်း ယာယီ ဘေးကင်းနိုင်သလို အလစ်တိုက်ကွက်တစ်ခုနဲ့ လည်း အနိုင်ရနိုင်တယ်။

ချန်လွေ့ တိတ်ဆိတ်နေသည်ကို အသီနာမြင်သွားပြီး မကျေမနပ်ဖြစ်နေသည်ဟု ထင်လိုက်မိသည်။အသီနာ အလျင်အမြန် ပြောလိုက်သည်။

“ မနက်ဖြန် မနက်မှာ သူတို့အတွက် ငါ အမဲလိုက်ပေးမယ်လေ။ပြီးရင် ရွက်စိမ်း တောအုပ်ဆီကိုသွားပြီးတော့ နင့်အတွက် ပြင်ဆင်ထားပေးမယ်။ဟုတ်ပြီလား။ ”

အသီနာ၏ တောက်ပသော မျက်လုံးများသည် အမှောင်ထဲ၌ အရောင်တောက်နေ၏။ ချန်လွေ့လည်း ငြင်းနိုင်စွမ်း မရှိတော့ဘဲ ခေါင်းညိတ်လိုက်သည်။

“ အသီနာ....”

“ အင်း..... ”

အသီနာ မသက်မသာခံစားနေရသည်ကို ချန်လွေ့ တွေ့သွားတော့သည်။ညသန်းခေါင်၌ မိန်းမတစ်ယောက်၏ တဲအိမ်ထဲသို့ ယောက်ျားတစ်ယောက် ဝင်သွားခြင်းသည် အမှန်တကယ်ပင် သံသယ ဖြစ်စေနိုင်သည်။ယခုတွင် ချန်လွေ့သည် ပြောချင်သည့်ကိစ္စကို ပြောပြီးပြီဖြစ်၍ ဤနေရာ၌ မပြောသင့်သည်ကိုပြောပြီး...... အရှက်မဲ့စွာ မနေ‌သင့်တော့ပေ။

အမှန်တကယ်၌ ချန်လွေ့ အရှက်မဲ့ချင်လျှင်.....မဖြစ်နိုင်သည် မဟုတ်ပေ။သို့သော်လည်း အချိန်မရှိပေ။အရတ်စ်နှင့် စစ်ပွဲစာချုပ်သည် နီးကပ်လာပြီ ဖြစ်သည်။ထို့ပြင် ပို၍ ကြောက်မက်ဖွယ်ရာကောင်းသည့် “ပျင်းရိခြင်း” တော်ဝင်မိသားစု လန်နွန် ပေါ်လာခဲ့သည်။အနည်းငယ်မှားသွားလျှင်ပင် အသက်ဆုံးရှုံးသွားနိုင်သည်။

အခြားကိစ္စများအတွက် တစ်လပြီးသည်အထိ စောင့်ရပေမည်။

ကိုယ့်ဟာဆိုရင် အမြဲတမ်း ကိုယ့်ဟာပင် ဖြစ်နေပေမည်။ထွက်ပြေးသွားမည် မဟုတ်ပေ။ ချန်လွေ့သည် ထာဝရဆေးရည်မည်း လေးပုလင်းကို လဲလှယ်ပြီး အသီနာဆီ ပေးလိုက်သည်။

“ ဒီဆေးရည်းလေးပုလင်းကို သောက်လိုက်။ဘာတွေပဲဖြစ်လာဖြစ်လာ၊ဘယ်သူ့ကိုမှ မပြောရဘူး။ ”

ဒါက ကောင်းတဲ့ ဆေးရည်တွေပဲ။ဒါပေမဲ့ သူ့ရဲ့စကားလုံးတွေက နည်းနည်း ထူးဆန်းနေတယ်။ဘာတွေပဲဖြစ်လာဖြစ်လာ၊ဘယ်သူ့ကိုမှ မပြောရဘူးတဲ့လား။ သို့သော်လည်း အသီနာ ခေါင်းညိတ်လိုက်သည်။

လိုလီလေးသာဆိုလျှင် “ထူးဆန်းသော” ဆေးရည်များဟု သံသယရှိမည်မှာ သေချာပေမည်။ အဲဒါကြောင့်ပဲ.....အဲလစ်က အဲလစ်၊အသီနာက အသီနာ ဖြစ်နေတာ ထင်ပါတယ်။

ချန်လွေ့လည်း ကြာကြာမနေရဲတော့ဘဲ တောင်ထွတ်ပေါ်ရှိ တဲအိမ်ဆီသို့ အမြန်ပြန် သွားလိုက်သည်။ ချန်လွေ့ အမြန်ပြေးသွားသည်ကိုမြင်ပြီး အသီနာသည် ဓားဖြင့် “ရိုက်”ထုတ်ရန် ဆုံးဖြတ်လိုက်သည်။ယခုတွင် စိတ်လှုပ်ရှားမှုနှင့် ထိတ်လန့်မှုများသည် ထူးဆန်းသာ မကျေနပ်မှုအဖြစ် ပြောင်းလဲသွားတော့သည်။ ဟွန့်။ငကြောက်။

မိန်းမများသည် အမှန်တကယ်ပင် ဆန့်ကျင်ဘက်အဖြစ်ဆုံးသူများ ဖြစ်ကြပေသည်။ အသီနာသည် ရှက်သွေးဖြာနေသည့် ပါးပြင်ကို အသာအယာ ကိုင်ကြည့်ပြီး မြေပြင်ပေါ်မှ ဆေးရည်တစ်ပုလင်းကို ကောက်ယူလိုက်သည်။ထို့နောက် အဆို့ကို ဖယ်ရှားပြီး သောက်လိုက်သည်။နောက်တစ်နေ့ မနက်အစောကြီးတွင် အသီနာသည် တောင်ထွတ်ပေါ်ရှိ တဲအိမ်ဆီကို အမြန်သွားပြီး အိပ်ပျော်အိတ်ထဲရှိ ချန်လွေ့ကို နှိုးလိုက်သည်။

“ မနေ့ညက နင်ငါ့ကိုပေးလိုက်တာ ဘာဆေးရည်လဲ။ ”

အသီနာ၏ အံ့အားသင့်နေပြီး စိတ်လှုပ်ရှားနေသည့် အမူအရာကိုကြည့်ရင်း ချန်လွေ့ အနည်းငယ် ပြုံးလိုက်သည်။နှစ်ယောက်လုံးပျော်နေသည့်အတွက် ပျော်ရွှင်မှုသည် အမှန်တကယ်ပင် ဆပွားတိုးသွားပြီး တစ်ယောက်တည်းပျော်ရသည်ထက် ပိုကောင်းပေသည်။ကံဆိုးစွာပင် ဤလျို့ဝှက်ချက်ကို အခြားလူများအား ထပ်ပြီး သိခွင့်မပေးနိုင်ပေ။

ချန်လွေ့သည် ခေါင်းကို လက်ညှိုးထိုးပြလိုက်သည်။

“ ဒီမှာရှိတဲ့ ငါရဲ့မဟာဆရာသခင်က ယန္တရားနဲ့ ဆေးရည်မှာပါ မဟာဆရာသခင် တစ်ယောက်လေ။သူ့ရဲ့ အမွေအနှစ်က ဘာရတနာ ဖြစ်မယ်လို့ မင်းထင်လဲ။ ”

စိတ်ထဲ၌ ပြင်ဆင်ထားသော်လည်း ချန်လွေ့၏ အတည်ပြုမှုကို ကြားလိုက်သည့်အခါ အသီနာသည် စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်ရန်အတွက် ခက်ခဲနေဆဲပင် ဖြစ်သည်။

“ ဧကန္တ...ဒါတွေက ထာဝရ..... ”

“ ဆေးရည်အာနိသင် တစ်စိတ်တစ်ပိုင်းကိုပဲ မင်းစုပ်ယူရသေးတာ။မင်းရဲ့အစွမ်း ကြီးထွားလာတာနဲ့အမျှ ဆေးရည်အာသိနင် တဖြည်းဖြည်း ပြလာမယ်။လုံးဝစုပ်ယူ ပြီးသွားရင် မင်းရဲ့အစွမ်းကို နောက်ထပ်ပိုပြီးတိုးစေမယ့် ပဲ့တင်ထပ်မှု တစ်မျိုး ထုတ်လုပ်ပေးလိမ့်မယ်။ ”

ချန်လွေ့သည် အတွေ့အကြုံအရ ပြောပြနေခြင်းဖြစ်သည်။သို့သော် ထို့နောက်တွင် ချန်လွေ့ လေးလေးနက်နက် သတိပေးလိုက်သည်။

“ ဒီကိစ္စက တကယ် အရေးကြီးတယ်။ဒါက င့ါသေရေးရှင်ရေးနဲ့ သက်ဆိုင်သလို အမှောင်လမြို့ ရှင်သန်ရေးအတွက်နဲ့လည်း သက်ဆိုင်တယ်။မင်း ဘယ်သူ့ကိုမှ ဒီကိစ္စကို မပြောရဘူး။မင်းသမီး အဲလစ်နဲ့ မင်းသမီး ရှီရာ အပါအဝင်ပေါ့။ ”

အမှောင်လမြို့၌ ဆေးရည်မည်း ပေါ်ထွက်လာခြင်းသည် ဆူပူအုံကြွမှု မည်မျှ ဖြစ်‌လာနိုင်ကြောင်းကို အသီနာ သေသေချာချာသိသည်။ဆေးရည်မည်းများ မည်မျှ တန်ဖိုးကြီးကြောင်းကိုလည်း အသီနာ သိသည်။ တစ်နည်းပြောရရင် ဒါတွေက မိစ္ဆာသစ်သီးထက် ပိုပြီးတန်ဖိုးရှိတယ်။ဒါပေမဲ့ ဒီလူသားက မတုံ့မဆိုင်းဘဲ ငါ့ကိုသောက်ဖို့ ပေးလိုက်သည်။ပေးလိုက်တာကလည်း လေးပုလင်းတောင်။

အသီနာ၏ အနီရောင်မျက်လုံးများသည် ချန်လွေ့ကို စိတ်မခိုင်ဘဲ ကြည့်လိုက်သည်။ ထို့နောက် မဟာဓားကြီးကို ဆွဲထုတ်ကာ ပြောလိုက်သည်။

“ ဒီဆေးရည်တွေအကြောင်းကို ဘယ်သူ့ကိုမှ မပြောဖို့အတွက် အသီနာဝေးလ်စ် ဆိုတဲ့ငါက မိသားစုနာမည်နဲ့ ကျိန်ဆိုတယ်။ ”

အမှန်တကယ်တွင် ထိုကျိန်ဆိုမှုပြီးနောက်တွင် အခြားအပိုင်းတစ်ခု ရှိနေသေးသည်။ သို့သော်လည်း အသီနာသည် ၎င်းကို စိတ်ထဲ၌ သိမ်းထားလိုက်သည်။

မိန်းမများ လျို့ဝှက်ချက်ထိန်းရန် ခက်ခဲလှသော်လည်း အသီနာသည် ထိုကိစ္စ၌ ယုံကြည်ရသည်ကို “အဆိပ်မိသည့်” အဖြစ်အပျက်မှ သိနိုင်ပေသည်။

“ ငါအရင် အမဲလိုက်သွားဦးမယ်။ ”

အသီနာသည် မေးချင်သည့် မေးခွန်းများစွာ ရှိသော်လည်း တစ်လကတိကို စိတ်ထဲ၌ မှတ်ထားသည်။ထို့ကြောင့် အများကြီး မပြောဘဲ ဝိုင်ဗန်စီးကာ အဝေးသို့ ပျံသွားလိုက်သည်။

“အဆိပ်အစွမ်း” လေ့ကျင့်ရာ၌ ပြဿနာတစ်ခုခုရှိကြောင်း ဂါဒီကို ချန်လွေ့ ပြော လိုက်သည်။ထို့အတွက် အသီနာကိုခေါ်ပြီး အမှောင်လမြို့ဆီသို့ ပြန်ရနိုင်ကြောင်း၊သို့ မဟုတ် အနားယူရန်အတွက် နေရာတစ်နေရာကို ရှာရမည်ဖြစ်ကြောင်းနှင့် ထို့ကြောင့် မိုင်းတွင်းရုံးခန်းကို ဂါဒီထံ၌ အပ်နှံထားခဲ့ကြောင်း ပြောလိုက်သည်။

ဂါဒီသည် အစကတည်းက ချန်လွေ့ကို မကျေမနပ် ဖြစ်နေခဲ့သည်။မိုင်းတွင်းအရာရှိ အသစ်သည် ပထမနေ့၌ တစ်ခုခုပြောကာ အသားစွပ်ပြုတ်တစ်နပ် ပေါင်းထည့် ပေးခဲ့သည်။ထို့နောက်တွင် တဲအိမ်ထဲ၌ပုန်းနေကာ “ အဆိပ်အစွမ်း ” များကို ဆက်ပြီး လေ့ကျင့်နေတော့သည်။အလုပ်ရှုပ်နေရသည်မှာ မိန်းကလေး အသီနာသာ ဖြစ်သည်။ မိုင်းတွင်းအရာရှိ အမိန့်ပေး၍ဟု ပြောသော်လည်း တာဝန်မဲ့သည့် မိုင်းတွင်းအရာရှိအတွက် မိန်းကလေး အသီနာ ဖုံးကွယ်ပေးနေသည်ကို ဦးနှောက်ရှိသည့်လူတိုင်း ပြောနိုင်ကြလေသည်။

ယခုတွင် ချန်လွေ့သည် အသီနာနှင့်အတူ ခဏတာ ထွက်သွားရန် ပြောလိုက်ပြီ ဖြစ်သည်။ ဂါဒီ လိုချင်သည့်အတိုင်း ကွက်တိပင်ဖြစ်သည်။ထို့ကြောင့် သူ သဘောတူလိုက်လေသည်။ ချန်လွေ့သည် ယမန်ညက ရရှိထားခဲ့သည့် သတ္တုရိုင်းအပြုန်းများကို ကူးပြောင်းနေရင်း အသီနာ ပြန်လာမည်ကို စောင့်ဆိုင်းနေသည်။ရရှိသည့် အရှိန်အဝါ ပမာဏသည် သတ္တုရိုင်း အပြုန်းများပေါ်ရှိ သလင်းကျောက်များ၏ အရည်အသွေးပေါ်၌ မူတည်သည်။ ယမန်ညက ရရှိခဲ့သည်များမှာ အနည်းငယ် နိမ့်ကျလှသည်။အချိန်နှင့် သက်ဆိုင်မှု ရှိပုံပေါ်သည်။ပို၍ “သစ်”လေလေ အရှိန်အဝါ ပိုများများ ထုတ်ပေးနိုင်လေလေပင် ဖြစ်သည်။အောက်ပိုရောက်သွားလျှင် ရရှိမည့် အရှိန်အဝါလည်း ပို၍နိမ့်ကျသွားနိုင်မည်ဟု ထင်ရသည်။

ဒါဆိုရင် ဒီသလင်းကျောက်တွေက ဘယ်ကနေ ရောက်လာတာလဲ။လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀‌တုန်းက သတ္တုရိုင်းအပြုန်းတွေဟာ မြေအောက်နတ်ဆိုးသားရဲတွေနဲ့အတူ ပေါ်ထွက်လာခဲ့တာပဲ။မဟုတ်မှလွဲရော...ဒါက အထူးနတ်ဆိုးသား‌ရဲတွေနဲ့ ဆက်နွှယ်နေတာများလား။

မနေ့ညက လဲလှယ်ခဲ့သည့် ဆေးရည်မည်း လေးပုလင်းသည် အရှိန်အဝါ လေးသိန်း ကုန်ကျသည်။သို့သော်လည်း အသီနာအတွက် သုံးလိုက်သည့်အခါ အလကား မဖြစ်ပေ။ထို့ပြင် ချန်လွေ့တွင်လည်း အရှိန်အဝါ ၃၂၀၀၀၀ ရှိနေသေးသည့်အပြင် သတ္တုရိုင်းအပြုန်း တစ်ဂိုဒေါင်လုံးလည်း ရှိနေသေးပေသည်။

ရုတ်တရက်ပင် တောင်ခြေမှ ဆူညံသံများ ထွက်ပေါ်လာသည်။ချန်လွေ့သည် ချက်ချင်းပင် စူပါစနစ်ထဲမှ ထွက်လိုက်သည်။လေ့ကျင့်ရေးကွင်းထဲသို့ မဝင်သရွေ့ ချန်လွေ့သည် အပြင်လောက၏ အာရုံကို ခံစားနိုင်သေးသည်။

မိုင်းလုပ်သားတစ်ဦးသည် ပျာယာခတ်ကာ သတင်းလာပို့သည်။

“ ဆာ။သတင်းဆိုးပဲ။တစ္ဆေနီတွေ ဒီကိုရောက်နေပြီ။ ”

ချန်လွေ့ ထိတ်လန့်သွားသည်။ လန်နွန်က ကတိမတည်ဘဲနဲ့ အဖြစ်အပျက်ကို ကောက်ချက်ချဖို့ မိစ္ဆာနီတွေကို ကူညီလိုက်တာလား။ဒါပေမဲ့ ဒါက နည်းနည်းတော့ မမြန်လွန်းဘူးလား။

ယခုတွင် အသီနာ ပြန်မရောက်လာသေးပေ။တစ်ယောက်တည်း ထွက်ပြေးရန်လည်း မဖြစ်နိုင်ပေ။အခြေအနေကို သွားကြည့်ရပေတော့မည်။

ချန်လွေ့သည် ချက်ချင်းပင် [ သရုပ်ခွဲမျက်လုံး ]ကို အသက်သွင်းလိုက်သည်။ အကူအညီတောင်းရန် အချက်ပြမှုအတွက် အသင့်ပြင်ထားရန် မန္ဂဒါကို ချန်လွေ့ အမိန့်ပေးလိုက်သည်။ထို့ပြင် မနက်အစောကြီး၌ ပြန်လာသည့် ဒိုဒိုကိုလည်း တောင်အောက်မဆင်းခင်တွင် တဲအိမ်ထဲ၌ ပုန်းနေရန် ပြောလိုက်သည်။

မိုင်းတွင်းရုံးခန်းရှေ့၌ သူခိုးဓားပြ အများအပြားသည် အဝင်ဝကို ပိတ်ဆို့ထားသည်။ သူခိုးဓားပြများသည် သားရေချပ်ကာများ ဝတ်ဆင်ထားပြီး လက်နက်များ တပ်ဆင်ထားသည်။သတင်းအချက်အလက်များအရ သူတို့သည် သာမန်လူများ မဟုတ်ကြပေ။မိုင်းလုပ်သားများသည် ကြောက်လန့်တကြား တုန်လှုပ်နေပြီး အုပ်စုဖွဲ့လိုက်ကြသည်။သူတို့ ကိုင်ဆုပ်ထားနိုင်သည့် တစ်ခုတည်းသောအရာသည် လက်ထဲမှ ဒူးလေးသာ ဖြစ်သည်။မိုင်းတွင်းရုံးခန်း၏ အစောင့်များလည်း စိုးရိမ်နေ ကြလေသည်။

အရပ်မြင့်ပြီး သန်မာသည် မဟာနတ်ဆိုးတစ်ယောက် ထွက်လာပြီး မိုင်းလုပ်သားများကို စက်ဆုပ်စွာ ကြည့်လိုက်သည်။

“ ငါက မိစ္ဆာနီတွေထဲက ကယ်လီရာပဲ။မိုင်းတွင်းအရာရှိ အသစ်က ဘယ်သူလဲ။ ထွက်လာခဲ့စမ်း။ ”

မိုင်းလုပ်သားများသည် ချက်ချင်း မပြောရဲပေ။ထို့နောက် ကယ်လီရာ သရော်ပြုံးပြုံး လိုက်သည်။

“ ငါသူ့ကို တစ်မိနစ် အချိန်ပေးမယ်။သူမထွက်လာရန် လူ၁၀ယောက်ကို အရင်ဆုံး သတ်ပစ်မယ်။ပြီးရင် နောက်ထပ်၂၀ သတ်ပစ်မယ်။ဒီအသုံးမကျတဲ့သူတွေ အားလုံး ကုန်တဲ့အထိ သတ်ပစ်မယ်။ငါလူတွေဘယ်လောက် သတ်ခဲ့လဲဆိုတာ မင်းတို့သိမှာပဲ။ငါ့ကို စိတ်တိုအောင် မလုပ်မိစေနဲ့။ ”

ထိုခြိမ်းခြောက်မှုကြောင့် မိုင်းလုပ်သားများ လှုပ်ရှားသွားကြသည်။အားလုံးသည် ဂါဒီဘေးရှိ ချန်လွေ့ကို ကြည့်လိုက်ကြသည်။ချန်လွေ့သည် ဂါဒီကို တီးတိုးပြော လိုက်သည်။

“ ကတိပေးထားတဲ့နေရာမှာ စောင့်နေဖို့ မိန်းကလေး အသီနာကို ပြောလိုက်... ”

ချန်လွေ့ ပင့်သက်ရှိုက်ပြီး ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်သွားလိုက်သည်။

“ ငါပဲ။ ”

“ မင်းက လူသားလား။ ”

ကယ်လီရာသည် ကြောက်လန့်နေပုံပေါ်သည့် ချန်လွေ့ကိုကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

“ ကြည့်ရတာ အမှောင်လနယ်မြေမှာ လူတော်တွေ မရှိတော့ဘူးထင်တယ်။သူတို့က တကယ်ပဲ ဒီလိုအသုံးမကျတဲ့သူက မိုင်းတွင်းအရာရှိ အနေနဲ့ လွှတ်လိုက်တယ်။ ”

ထိုစကားကြောင့် မိုင်းလုပ်သားများသည် စိတ်မသိုးမသန့်ဖြင့် ခေါင်းငုံ့လိုက်ကြသည်။ နတ်ဆိုးအချို့သည် ဒေါသထွက်နေကြသော်လည်း ဘာမှ မပြောရဲပေ။ ဒီမိုင်းတွင်း အရာရှိက ဘာစွမ်းအားမှ မရှိဘူး။ဒါပေမဲ့ ဘယ်အလုပ်ကိုမှ သူအာဏာမပြခဲ့ဘူး။သူတို့ကို ဗိုက်ပြည့်အောင်လည်း လုပ်ပေးတယ်။သူ့ကို အတော်လေးကောင်းတဲ့ သူဌေးတစ်ယောက်လို့ သတ်မှတ်လို့ရတယ်။

ချန်လွေ့၏ မျက်လုံးများသည် ထက်မြက်လှသည်။သူခိုးဓားပြတို့၏ ရှေ့တန်းသည် လေးများထုတ်ပြီး သူ့ကို ချိန်ထားသည်ကို ချန်လွေ့ တွေ့လိုက်ရသည်။သူတို့သည် ချန်လွေ့၏ “ အဆိပ်အစွမ်း ”များကို ကြောက်ရွံ့ကြသည့်ပုံစံပေါက်နေသည်။ကယ်လီရာ အမိန့်ပေးသည်နှင့် သူတို့သည် မြှားများကိုလွှတ်ကာ ချန်လွေ့ကို တစ်ခါတည်း သတ်ပစ်မည် ဖြစ်သည်။

ချန်လွေ့သည် ဤလေးမြှားများကို မကြောက်ရွံ့ပေ။ကယ်လီရာ၏ စွမ်းအားသည် [ D ] ဖြစ်ကြောင်း [ သရုပ်ခွဲမျက်လုံး ] က ဖော်ပြထားသည်။ထို့ကြောင့် သူ၏စွမ်းအားသည် အမြင့်ဆင့်နတ်ဆိုး အလယ်ပိုင်း၌ ရှိနိုင်ပေသည်။သို့သော်လည်း ချန်လွေ့ အစိုးရိမ်ဆုံးမှာ ကယ်လီရာမဟုတ်ဘဲ လျို့ဝှက်ဆန်းကြယ်သည့် လန်နွန်ပင် ဖြစ်သည်။အဆိုးဆုံး အရာသည် “အမှောင်ဆန္ဒ”၏ [ တယ်လီပို့ ]အစွမ်းကို ထပ်ပြီးသုံးနိုင်ရန်အတွက် ၂၄နာရီ စောင့်နေရခြင်းပင် ဖြစ်သည်။

“ ကျုပ်တို့ မိစ္ဆာနီတွေက မိုင်းတွင်းအရာရှိကို ဧည့်သည်အနေနဲ့ ဖိတ်ကြားချင်ပါတယ်။ဆာ လိုက်နိုင်မလား မသိဘူး။ ”

ကယ်လီရာသည် ချန်လွေ့ကို “ဆာ” ဟု သုံးနှုန်းနေ သော်လည်း သူ၏လေသံ၌ ဖုံးကွယ်မထားသည့် အထင်သေးမှု ရှိနေလေသည်။

“ မလိုက်နိုင်ဘူး ” ဟု ချန်လွေ့ ပြောမည်ကို ကယ်လီရာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ထို့နောက်တွင် ကယ်လီရာသည် ချန်လွေ့ကို သတ်ပစ်ရန်အတွက် မြှားလွှတ်ရန် လက်အောက်ခံများကို ချက်ချင်း အမိန့်ပေးလိုက်မည် ဖြစ်သည်။

လူသား မိုင်းတွင်းအရာရှိသည် ခဏတုံ့ဆိုင်းသွားပြီး အမှန်တကယ်ပင် ခေါင်းညိတ် လိုက်သည်ကို သူမြင်လိုက်သည်။

“ ငါမင်းနဲ့ လိုက်သွားမယ်။ဒါပေမဲ့ ငါ့ရဲ့ လက်အောက်ငယ်သားတွေကိုတော့ ဘာမှမလုပ်နဲ့။ ”

ထိုစကားကိုကြားသည့်အခါ မိုင်းလုပ်သားများ အရှက်ရသွားသည်။ဂါဒီပင် ထိတ်လန့်သွားပုံရသည်။

“ အိုး ”

ကယ်လီရာ အံ့အားသင့်သွားသည်။ချန်လွေ့ကို အရှင်ဖမ်းရန် ခက်ခဲမည်ဟု သူထင်မှတ်ထားခဲ့သည်။ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒီလူသား ငါ့လက်ထဲမှာရှိနေရင် သူ့ရဲ့ သေခြင်းရှင်ခြင်းကို လွယ်လွယ်လေး ထိန်းချုပ်နိုင်မှာပဲ မဟုတ်လား။

ကယ်လီရာသည် ချန်လွေ့ကို ခေါ်သွားရန်အတွက် လက်အောက်ငယ်သားများအား အမိန့်ပြေးရန် ပြင်လိုက်စဉ် ပျင်းရိရိ အသံတစ်သံ ထွက်ပေါ်လာသည်။

“ နေဦး။ ”

All Chapters