နတ်ဆိုးခန္ဓာကို ပိုင်းဖြတ်လိုက်တဲ့ အရှိန်အဝါ ဓားသွား
Vol. 7 Ch. 101
အမှောင်နတ်သူငယ်သည် အလွန်လျင်မြန်လှပြီး ကယ်လီရာကို ကုန်းပိုးကာ အဝေးသို့ ပြေးသွားသည်။လူသူကင်းမဲ့သော နေရာတစ်ခုသို့ ရောက်သွားသည့်အခါ အမှောင် နတ်သူငယ်သည် ကယ်လီရာကို အောက်ချပြီး သစ်ပင်အောက်၌ ထိုင်လိုက်၏။
“ ဆာ။ဒီနေရာက အန္တရာယ်ကင်းလောက်တယ်။ဆာက ဒဏ်ရာ ဆိုးဆိုးဝါးဝါး ရထားတာပဲ။ဒီမှာ ကုသဆေးရည် တစ်ပုလင်း။ဒါကို အရင်သောက်လိုက်ပါဦး။ ”
အမှောင်နတ်သူငယ် ဆေးရည်တစ်ပုလင်း ထုတ်လိုက်ပြီး ကယ်လီရာကို ရိုရိုသေသေ ကမ်းပေးလိုက်သည်။
“ ကောင်းတယ်။မင်းတော်တယ်။မင်းနာမည် ဘယ်လိုခေါ်လဲ။ ”
ကယ်လီရာသည် အမှောင်နတ်သူငယ်ကို အလိုက်သိမှုအတွက် ချီးကျူးလိုက်သည်။ ထို့နောက် ဆေးရည်ကို ယူကာ သောက်လိုက်သည်။
အမှောင်နတ်သူငယ်သည် ရိုရိုသေသေ ဦးညွတ်ပြီး ပြန်ဖြေလိုက်သည်။
“ ကျွန်တော့်နာမည်က ရော်ဘင်လို့ ခေါ်ပါတယ်။ ”
“ မင်းတော်တယ်။ရော်ဘင်။ ”
ကယ်လီရာသည် အမှောင်နတ်သူငယ်ကို ကြည့်ရင်း ပါးနပ်လှသည်ဟု ပို၍ခံစားလာ ရသည်။ထို့နောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“ မင်းရဲ့အစွမ်းက နိမ့်ပေမဲ့ ဉာဏ်ကတော့ တော်တော်လေးပြေးတယ်။ အရေးကြီးဆုံးကတော့ မင်းက သစ္စာရှိတယ်။ဒီနေ့ကစပြီးတော့ မင်းကင့ါရဲ့ သက်တော်စောင့် ဖြစ်သွားပြီ။ ”
“ ကျေးဇူးပါပဲ။ဆာ။ ”
ရော်ဘင် ဝမ်းမြောက်သွားပြီးနောက် စိတ်ပူပန်သွားပုံရသည်။
“ ဒါပေမဲ့.....ဆာ။ကျွန်တော်တို့ လက်ရှိအခြေအနေက တော်တော်ဆေး ဆိုးနေတယ်။ မိုင်းတွင်းမှာလည်း ဟိုမိန်းမနဲ့ လန်နွန်ရှိနေတယ်။ရှီလန်တောင်မှာလည်း စိတ်ဝိညာဉ် နဂါးက အဓိကတွင်းထဲကနေ ထွက်လာပြန်ပြီ။ဆာ ဘာနကယ်ကို အမြန်ဆုံး အကြောင်းကြားသင့်တယ်။ ”
“ တိတ်စမ်း။ ”
ကယ်လီရာ၏လေသံ ချက်ချင်းပြောင်းသွားပြီး ရော်ဘင်ကို အေးစက်စက်နှင့် ကြည့်လိုက်သည်။
“ မင်းငါ့ကို သက်တော်စောင့်အဖြစ် နေချင်တယ်ဆိုရင် အဲ့ဒီကောင်အကြောင်းကို ငါ့ရှေ့မှာ ထပ်မပြောနဲ့။ငါတို့ရဲ့အရှင် ကသာ မျှခြေကို ထိန်းမထားချင်ဘူးဆိုရင် ငါတို့ ခေါင်းဆောင်က ဘာနကယ်ကို သတ်ပစ်လိုက်တာကြာပြီ။မင်းကငါ့ကို ဘာနကယ်ဆီ အကြောင်းကြားဖို့ ပြောတာလား။ဒါက နောက်ကျောကို ဓားထိုးခံရဖို့ ငါ့ကိုယ်ကာ ပေးဆပ်လိုက်တာနဲ့ တူတူပဲ မဟုတ်လား။ ”
“ ဆာ။ခွင့်လွှတ်ပေးပါ။ခုနက စိတ်ဝိညာဉ်နဂါးကြောင့် ထိတ်လန့်သွားပြီးတော့ ကျွန်တော်ရဲ့ ဦးနှောက် သိပ်ပြီး အလုပ်မလုပ်တော့လို့ပါ။ ”
ရော်ဘင် ခပ်မြန်မြန် တုံ့ပြန်လိုက်ပြီး ခေါင်းခေါက်ကာ တစ်ခုခုကို ရုတ်တရက် သတိရ သွားပုံရသည်။ထို့နောက် ရေတစ်ပုလင်း ကမ်းပေးလိုက်သည်။
“ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ခေါင်းဆောင်ကို အမြန်ဆုံး အကြောင်းကြား သင့်တယ်လို့ ပြောတာပါ။ ”
ကယ်လီရာ ဒေါသအနည်းငယ်ပြေသွားပြီး ရေတစ်ငုံသောက်ကာ ခေါင်းညိတ်လိုက်သည်။
“ငါတို့ရဲ့ခေါင်းဆောင်ကို အမြန်ဆုံး အကြောင်းကြားသင့်တယ်။ဒါပေမဲ့ မှော်ဆက်သွယ်မှုနဲ့ ဆိုရင်တော့ ငါတို့ရဲ့စာက လိုင်ရာမြို့အထိပဲ ရောက်မှာ။ငါတို့ခေါင်းဆောင်က မကြာသေး ခင်ကပဲ လိပ်ပြာနီနယ်မြေဆီ သွားလိုက်တာ။လိုင်ရာမြို့ဆီ ပြန်လာဖို့ အနည်းဆုံး ၂လလောက်တော့ ကြာမယ်။ ”
“ ဟုတ်တယ်။ဘာနကယ်ကိုလည်း ပြောလို့မဖြစ်ဘူး။ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ”
စနိုးဒင် အနီးအနား၌မရှိကြောင်းကို ရော်ဘင်ကြားလိုက်ပြီး မျက်လုံးများ အရောင်တောက်သွားသည်။သို့သော်လည်း စိုးရိမ်နေသည့် မျက်နှာထားသာ ပြလိုက်သည်။
“ အဲ့ဒါက ဟိုမသာကောင် ငါတို့ကို သစ္စာဖောက်သွားလို့ပဲ။အဲဒီကောင်သာ ရှိနေရင် ငါတို့တွေ လူသားကို ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး။ ”
ကယ်လီရာ ပြင်းပြင်းထန်ထန် ကြိမ်းမောင်းနေသော်လည်း သူ၏စိတ်ထဲ၌ ရှင်းရှင်း လင်းလင်း သိနေသည်။ “လန်နွန်”က ထိန်းထားခဲ့တာ။ငါ့ရဲ့ ကြံ့ခိုင်နတ်ဆိုးခန္ဓာက အဲဒီလိုစွမ်းအားရှေ့မှာ ကလေးကစားစရာတစ်ခုပဲ။သူသာငါ့ကို တကယ်သတ်ချင်ရင် တစ်ချက်တည်းနဲ့ ငါ့အရိုးတွေအကုန် ကျိုးကြေအောင် လုပ်လို့ရတယ်။
“ လန်နွန်က တော်တော်လေးကို စက်ဆုပ်စရာကာင်းတဲ့ကောင်။ပြီးတော့ သူ့အစွမ်း ကလည်း နတ်ဆိုးဘုရင်အဆင့်နားလောက်ကို ရောက်နေပြီ။ဘာနကယ်တောင် သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး။ငါတို့ခေါင်းဆောင်ပဲ သူ့ကိုယှဉ်နိုင်လိမ့်မယ်။ ”
ကယ်လီရာ မျက်မှောင်ကြုတ်ပြီး စဉ်းစားချင့်ချိန်လိုက်၏။ထို့နောက် ရုတ်တရက်ပင် အကြံတစ်ခု ရသွားသည်။
“ ဟုတ်သားပဲ။လန်နွန်က လိုင်ရာမြို့တော်ဝန် ခန်ဒါရဲ့ မယားငယ် နာလီနီနဲ့ ဖောက်ပြန်ခဲ့တာ။နောက်ဆုံး အဲ့ဒါကို ခန်ဒါသိသွားပြီးတော့ လန်နွန်ကို တစ်မြို့လုံးမှာ ဝရမ်းထုတ်ခဲ့တယ်။အဲ့ဒါကြောင့် လန်နွန်က ရွေးစရာမရှိတော့ဘဲ ငါနဲ့တူတူ မိုင်းတွင်းကို လိုက်ခဲ့ရတာ။လန်နွန်ကို ကိုင်တွယ်ဖို့ ခန်ဒါကိုငါ သတင်းပို့လို့ ရတာပဲ။ ”
“ ခန်ဒါက ဒီလောက်တောင် အစွမ်းထက်တာလား။ ”
ရော်ဘင် အံ့အားသင့်စွာ မေးလိုက်သည်။
“ ခန်ဒါက နတ်ဆိုးဘုရင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်လို့ ခေါင်းဆောင် စနိုးဒင် ပြောတာ ကြားဖူးတယ်။သူက အရိပ်နက်အင်ပါယာရဲ့ တော်ဝင်မိသားစုတစ်ခုမှာ မွေးဖွားခဲ့တာ။ လွန်ခဲ့တဲ့၁၀နှစ်တုန်းက လိုင်ရာမြို့မှာ မြို့စားအနေနဲ့ ပြောင်းရွှေ့လာခဲ့တယ်။လန်နွန်ကို သူ မသုတ်သင်နိုင်ရင်တောင် သူ့မိသားစုကနေ ပိုအစွမ်းထက်တဲ့ နတ်ဆိုးတွေကို လွှတ်လို့ရသေးတာပဲ။ ”
ကယ်လီရာ နှာမှုတ်ပြီး ပြောလိုက်သည်။
“ ဒါပေမဲ့ လန်နွန်ကို မောင်းထုတ်နိုင်ရင်တောင် အသီနာကို ကိုင်တွယ်ဖို့က မလွယ်ဘူး။ မိုင်းလုပ်သားတွေကို ဓားစာခံလုပ်ပြီးတော့ ခြိမ်းခြောက်လို့ရတယ်။မရရင်တော့လည်း သူတို့ တစ်အုပ်စုကို သတ်ပစ်လိုက်မယ်.... ”
ကယ်လီရာ စကားပြောနေရင်း ရော်ဘင်သည် မှော်ဆက်သွယ်ရေး အဆောင်နှင့်တူသည့် ပစ္စည်းတစ်မျိုးကို ထုတ်လိုက်ပြီး ထူးထူးဆန်းဆန်း မေးလိုက်သည်။
“ ဒီဆက်သွယ်ရေးအဆောင်က ဘာလို့ အလုပ်မလုပ်တာလဲ။ကျွန်တော်တို့ရဲ့ ဆက်သွယ်ရေးမျှော်စင် ဖျက်ဆီး ခံရလို့လား။ ”
“ ဆက်သွယ်ရေးမျှော်စင်က ထို့လန်တောင်ရဲ့ ကျောက်ဆောင်ထူထပ်တဲ့ တောင်တန်းမှာ တည်ဆောက်ထားတာ။ဖျက်ဆီးခံရဖို့ မဖြစ်နိုင်ဘူး။လိုင်ရာမြို့နဲ့ အမှောင်လမြို့ကို ဆယ်သွယ်ဖို့က အဲ့ဒီအပေါ်မှာပဲ အပြည့်အဝ မှီခိုနေရတာ.... ”
ကယ်လီရာ ခေါင်းခါလိုက်သည်။တစ်ဆက်တည်းမှာပင် တစ်ခုခုလွဲနေကြောင်း သတိထားမိလိုက်ပြီး သံသယဖြစ်သွားသည်။
“ မင်းမှာဘာလို့ လိုင်ရာမြို့ရဲ့ ဆက်သွယ်ရေးအဆောင် ရှိနေရတာလဲ။ဒါတွေက အထူးသီးသန့် လုပ်ထားတာ။ငါတို့လို ခေါင်းဆောင်တွေမှာပဲ ရှိတာ။ ”
ရော်ဘင်သည် ဤမျှလောက်မြန်မြန် သတိထားမိသွားမည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း လိုချင်တဲ့ အချက်အလက်များကို ရရှိခဲ့ပြီ ဖြစ်သည်။ရော်ဘင်သည် ချက်ချင်းပင် ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။
“ ဆာ-ကယ်လီရာ။ဘယ်လိုထင်လဲ။အချိန်ကိုကြည့်ရရင်တော့ အဆိပ်က အစွမ်းပြလောက်ပြီ..... ”
“ အား....မင်းက ဘယ်သူလဲ ”
ကယ်လီရာ ချက်ချင်း ထလိုက်သည်။ရုတ်တရက်ပင် တစ်ကိုယ်လုံး စူးရှသည့် နာကျင်သွားပြီး ဒဏ်ရာများလည်း အတင်းဆွဲဖြဲသလို ခံစားလိုက်ရသည်။ထို့နောက် လဲကျသွားပြီး နာကျင်စွာဖြင့် ကျယ်ကျယ်လောင်လောင် အော်ဟစ်နေတော့သည်။
“ မင်းခုနကသောက်လိုက်တာက ဆရာသခင်အဆင့် စုတ်ဖြဲဆေးရည်ပဲ။တကယ်တော့ အရောင်က ကုသရေးဆေးရည်နဲ့ တော်တော်လေး ကွာတယ်။ကံဆိုးတာက မင်းသတိ မထားခဲ့ဘူး။ဘာမှမစဉ်းစားဘဲနဲ့ သောက်လိုက်တာလေ။ ”
ရော်ဘင်သည် နောင်တရနေပုံပေါ်သော်လည်း အမှန်တကယ်တွင် ထေ့ငေါ့ ပြောနေခြင်းသာ ဖြစ်သည်။
“ မင်းက ဘာနကယ်ရဲ့လူပဲ ဖြစ်ရမယ်။ ”
ကယ်လီနာသည် နောက်ဆုံး၌ “သဘောပေါက်” သွားခဲ့သည်။
“ မျိုးမစစ်ကောင်။မင်းတကယ်ပဲ ငါ့ကို အကွက်ဆင်ရဲတယ်ပေါ့။ ”
ရော်ဘင်သည် “ [ ရုပ်ဖျက်ခြင်း ] ”ကို အသုံးပြုထားသည့် ချန်လွေ့သာဖြစ်သည်။ နောက်ဆုံးတွင် ကယ်လီရာ အထင်လွဲသွားမည်ဟု ချန်လွေ့ မထင်မှတ်ထားခဲ့ပေ။ ချန်လွေ့သည် တမင်တကာပင် ကြောချမ်းစရာကောင်းအောင် ပြောလိုက်သည်။
“ အပြစ်တင်ချင်ရင် လူမှားပြီး ဆရာတင်မိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်။ ”
ကယ်လီရာသည် လက်ကျန်အင်အားကို စတင်စုစည်းနေရင်း ဆေးရည်အစွမ်းကို ခုခံနေလိုက်သည်။ထို့နောက် အံကြိတ်ကာ ပြောလိုက်သည်။
“ ဟမ့်။ဂျိုးဆက်ပ်က ဘာကောင်းလို့လဲ။ဆာ-ခါနီတာက အနာဂတ်အရှင်သခင်ပဲ။မင်း ပါးနပ်တယ်ဆိုရင် ငါ့ရဲ့အစေခံ လုပ်လိုက်။အနာဂတ်မှာ မင်းအကျိုးအမြတ်တွေ အများကြီး ရလိမ့်မယ်။မဟုတ်ရင်တော့ ဆာ ခါနီတာနဲ့ ငါတို့ခေါင်းဆောင် စနိုးဒင်တို့က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။ ”
ခါနီတာရဲ့ လူပါလား။ ကယ်လီရာကို အသက်ရှင်ခွင့်ပေးဖို့ ရိုမန်ကို ပြောလိုက်တာက တကယ်မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်သွားတာပဲ။ဒီသတင်းက တကယ့်ကို အရေးကြီးတယ်။
ကယ်လီရာ၏လက်တွင် မိုင်းလုပ်သား၏ သွေးများစွန်းထင်းနေပြီး ရိုမန်၏သတင်းကိုပင် ပေါက်ကြားစေချင်နေသည်။ဤကဲ့သို့ ရက်စက်သည့် စရိုက်နှင့်ဆိုလျှင် ချန်လွေ့နှင့် အသီနာတို့ လုကမ်းတောင်မှ ထွက်သွားလျှင်တောင် ကယ်လီရာသည် ဒေါသပြေရန် အတွက် အပြစ်မဲ့ မိုင်းလုပ်သားများကို သတ်ပစ်ပေလိမ့်မည်။ထို့ပြင် ချန်လွေ့၏ အစီအစဉ်ကအရ ကယ်လီရာကို သတ်လိုက်ခြင်းသည် ပို၍တန်ဖိုးရှိလေသည်။ ချန်လွေ့သည်လည်း လက်ရှိသတင်းအချက်အလက်များကို ရရှိခဲ့ပြီ ဖြစ်သည်။
“ အဲဒီစကားတွေကို နတ်ဆိုးဘုရားသခင်နဲ့ တွေ့တဲ့အခါမှပဲပြောလိုက်။ ”
“ မင်းတစ်ယောက်တည်းနဲ့လား။ ”
ကယ်လီရာ ရုတ်တရက် အော်ဟစ်ပြီး တစ်ဖက်လှည့်ကာ ချန်လွေ့ဆီ ခုန်ဝင်လိုက်သည်။ သူ့တစ်ကိုယ်လုံး ဖောင်းကားသွားပြီး အရေပြားတွင်လည်း အနီရောင် ဖျော့ဖျော့ တောက်ပနေသည်။၎င်းသည် ကြံ့ခိုင်နတ်ဆိုးခန္ဓာ အစွမ်းဆိုသည်မှာ အသေအချာပင် ဖြစ်သည်။
“ မိုက်မဲတဲ့ကောင်ပဲ။ငါ့ရဲ့ ကြံ့ခိုင်နတ်ဆိုးခန္ဓာက အဆိပ်တွေအားလုံးကို ယာယီ ဖိနှိပ်ထားနိုင်တယ်။သေပေတော့။ ”
ကယ်လီရာသည် လက်ကျန်အင်အား အနည်းငယ်ကိုစုစည်းပြီး အမှောင်နတ်သူငယ်ကို ပစ်ထိုးလိုက်သည်။အလယ်ဆင့်နတ်ဆိုးသို့ ရောက်ရှိသေးပုံ မပေါ်သည့် အမှောင် နတ်သူငယ်သည် လုံးဝရှောင်တိမ်းမည်မဟုတ်ဟု ကယ်လီရာ မထင်မှတ်ထားခဲ့ပေ။ အမှောင်နတ်သူငယ်သည် လက်ထုတ်ပြီး ထိုလက်သီးချက်ကို တည့်တည့် ဖမ်းလိုက်သည်။
ကယ်လီရာသည် စိတ်ထဲ၌ လှောင်လိုက်သည်။
“ မိုက်မဲတဲ့သတ္တဝါ။မင်းကိုယ်မင်း အမြင့်ဆင့်နတ်ဆိုးလို့ ထင်နေတာလား။ ”
“ ဖုန်း ”
ထိုလက်သီးချက်သည် အမှောင်နတ်သူငယ်၏ လက်ဝါးကို တည့်တည့်ထိသွားသည်။ သို့သော်လည်း ကယ်လီရာကို အံ့အားသင့်သွားစေသည်မှာ အမှောင်နတ်သူငယ်၏ ခန္ဓာကိုယ် အနည်းငယ်သာ တုန်လှုပ်သွားပြီး နောက်သုံးလှမ်း ဆုတ်သွားခြင်းသာ ဖြစ်သည်။မြေပေါ်တွင် ချိုင့်အနည်းငယ် ဖြစ်သွားသော်လည်း အမှောင်နတ်သူငယ်သည် ကယ်လီရာ၏ လက်သီးကို ဆုပ်ကိုင်ကာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်လိုက်သည်။
လန်နွန်ကဲ့သို့ နတ်ဆိုးဘုရင် တစ်ယောက်၏ အမြင်တွင် ကြံ့ခိုင်နတ်ဆိုးခန္ဓာသည် ကလေးကစားစရာသာ ဖြစ်သည်။သို့သော်လည်း ချန်လွေ့အတွက်မူ ကိစ္စသေးသေး မဟုတ်ပေ။ကြောက်မက်ဖွယ်ရာအားတစ်ခုသည် လက်ဝါးမှတစ်ဆင့် ခန္ဓာကိုယ်ထဲ တည့်တည့်ရောက်သွားပြီး ပြင်းထန်လှသော စီးကြောင်းတစ်ခုက အတွင်းအင်္ဂါ အစိတ်အပိုင်းများကို ကြွေမွသွားစေရန် ကြိုးစားနေသကဲ့သို့ ခံစားလိုက်ရသည်။အခြားသူ သာဆိုလျှင် သတိလက်လွတ်ဖြသွားပါက ဘာလုပ်ရမှန်းမသိ ဖြစ်နေပေလိမ့်မည်။ အသီနာလည်း ထိုကဲ့သို့ပင် တွန်းထုတ်ခံခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ချန်လွေ့သည် ပင်လယ်လှိုင်းကြမ်းထဲ၌ မြောက်များလှစွာသော လှိုင်းလုံးကြီးများကို ခုခံခဲ့ပြီးပြီ ဖြစ်သည်။ထို့ကြောင့် ဤကဲ့သို့ သက်ရောက်မှုအဟုန် အဆင့်မျိုးသည် ဘာမှ မဟုတ်တော့ပေ။ချန်လွေ့၏ ခန္ဓာကိုယ်အတွင်း၌ ကြယ် စွမ်းအားများ လည်ပတ်နေပြီး ချက်ချင်းပင် “ စီးကြောင်း ”ကို ဖြေရှင်းလိုက်သည်။
“ မင်းက ဘယ်သူလဲ။ ”
ကယ်လီရာ၏ အစွမ်းသည် ဒဏ်ရာများနှင့် ဆေးရည်ကြောင့် အကြီးအကျယ် လျော့ကျသွားခဲ့သည်။သို့ကြောင့် နတ်ဆိုးခန္ဓာကို အပြည့်အဝ မသုံးနိုင်ပေ။သို့သော်လည်း ထိုထိုက်ခိုက်မှုတွင် အထူးအဟုန်အင်အား တစ်ခုပါဝင်နေပြီး အသီနာပင် ခုခံနိုင်မည် မဟုတ်ပေ။သို့သော်လည်း ဤကဲ့သို့ အစွမ်းရှိပုံမပေါ်သည့် အမှောင်နတ်သူငယ်က အမှန်တကယ်ပင် ခုခံနိုင်ခဲ့သည်။
အမြင့်ဆင့်နတ်ဆိုး အမှောင်နတ်သူငယ်လား။သူက သာမန်တော့ လုံးဝ မဖြစ်နိုင်ဘူး။ ဒီလိုအစွမ်းထက်တဲ့သူက ဘာလို့ ရှီလန်တောင်မှာ သူခိုးဓားပြလာလုပ်ပြီး အချိန်ဖြုန်းနေရတာလဲ။
“ မင်းရဲ့ နတ်ဆိုးခန္ဓာက ဒီလောက်ပဲ အင်အားရှိတာလား။ ”
ချန်လွေ့သည် ဘာမှမဖြေဘဲ လှောင်ပြုံးပြုံးလိုက်သည်။ထို့နောက် သူ၏ကြယ်စွမ်စားများ ပေါက်ထွက်သွားပြီး လက်သီးဖြင့် ထိုးလိုက်သည်။ထိုအချိန်တွင် ပင်လယ်လှိုင်းကြမ်း၌ သင်ယူခဲ့ရသည့် ဆန်းကြယ်မှုတစ်ခုကို ဖျော့ဖျော့လေး ခံစားလိုက်ရသည်။
အချိန်ပြည့်သွားသည့်အတွက်ကြောင့် ချန်လွေ့သည် ထိုဆန်းကြယ်မှုကို လုံးဝ မကျွမ်းကျင်ခဲ့ပေ။လက်သီး ၁၂ချက်ထိုးလျှင် တစ်ချက်သာ ထိုကဲ့သို့ စွမ်းအားမျိုး ပါဝင်လေသည်။တိုက်ဆိုင်စွာပင် ယနေ့၏ ပထမဆုံးတိုက်ခိုက်မှုသည် “ပွပေါက်တိုး” သွားခဲ့လေသည်။
ကယ်လီရာသည် အဆက်အပြတ် အားသုံးသော်လည်း ပြိုင်ဘက်ဖြစ်သူကို မရွေ့နိုင်ပေ။ သူထိတ်လန့်မသွားခင်မှာပင် လက်ကို အမြန်ထုတ်ပြီး ခုခံလိုက်ရသည်။သူ၏ ခန္ဓာကိုယ် တုန်လှုပ်နေလေသည်။ပြိုက်ဘက်၏ အစွမ်းသည် သူ့ထက်နိမ့်ကျသည်။သို့သော်လည်း ထိုလက်သီးချက်အတွင်း၌ အထူးအင်အားတစ်ခု ပါရှိနေသည်။၎င်းသည် ကြီးမားသော ဒီရေကဲ့သို့ပင် သူ၏အတွင်းအင်္ဂါများထံသို့ ပြေးဝင်လာတော့သည်။သွေးများ ဆူပွက်လာသလို ခံစားရပြီး အမှန်တကယ်ပဲ ခုခံရသည်မှာ ခက်ခဲလှသည်။
ကယ်လီရာ နောက်တစ်လှမ်း ဆုတ်လိုက်သည်။ထို့နောက် နောက်တစ်လှမ်း ဆုတ်လိုက်သည်။အမှန်တကယ်ပင် ကယ်လီရာ နောက်ဆုတ်နေရလေသည်။ ခြေလှမ်းတိုင်းသည် မြေပြင်၌ နက်ရှိုင်းသည့် ခြေရာတစ်ခု ကျန်ရစ်စေခဲ့သည်။နတ်ဆိုး ခန္ဓာကို သုံးပြီးသော်လည်း အစွမ်းနိမ့်သည့် ပြိုင်ဘက်ကို တည့်တည့်ရင်ဆိုင်ရာတွင် ရှုံးနိမ့်ဦးမည်ဟု ကယ်လီရာ မထင်မှတ်ထားခဲ့ပေ။ကယ်လီရာ နှာမှုတ်ပြီး စွမ်းအားများကို အတင်းထုတ်လွှတ်လိုက်၏။ထို့နောက် နှစ်ယောက်စလုံးသည် နောက်ဆုံး ခြေသုံးလေးလှမ်း ဆုတ်ခွာသွားကြတော့သည်။
ချန်လွေ့သည် ကယ်လီရာကို အသပ်ရှူခွင့် မပေးခဲ့ဘဲ မြေကြီးကိုနင်းကာ အရှိန်ဖြင့် ရှေ့သို့ ခုန်သွားလိုက်သည်။၎င်းသည် ကယ်လီရာ၏ ရင်ဘတ်ကို တည့်တည့်ထိသွားသည့် နောက်ထပ် လက်သီးချက် ဖြစ်သည်။သို့သော်လည်း ကယ်လီရာ၏ ကြံ့ခိုင်နတ်ဆိုး ခန္ဓာကိုသည် တိုက်ခိုက်မှု၌ အစွမ်းထက်ဆုံးမဟုတ်ဘဲ အကာအကွယ်၌ အစွမ်းထက်ဆုံး ဖြစ်နေသည်။
ထိုလက်သီးသည် “ပွပေါက်မတိုး”တော့ပေ။၎င်းသည် ပင်လယ်လှိုင်းကြမ်း၏ ဆန်းကြယ်မှုအားကို မထွက်ပေါ်စေတော့ပေ။၎င်းသည် ကယ်လီရာ၏ရင်ဘတ်၌ အဖြူရောင်အမှတ်သာ ကျန်ရစ်စေခဲ့ပြီး ခဏအကြာ၌ ပျောက်ကွယ်သွားသည်။
ကယ်လီရာသည် ထူးဆန်းသော လှိုင်းလုံးကြီးကို ထပ်ပြီးမခံစားရတော့သည့်အတွက် ပို၍စိတ်အေးသွားကာ အော်ပြောလိုက်သည်။
“ ဟမ့်။အချိန်ဖြုန်း မနေနဲ့တော့။ကြံ့ခိုင်နတ်ဆိုးခန္ဓာရဲ့ အကာအကွယ်ကို လက်နက် နဲ့တောင် မဖောက်ထွင်းနိုင်ဘူး။ ”
ချန်လွေ့ အများကြီး မစဉ်းစားဘဲ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တော့သည်။ လေ့ကျင့်ရေးကွင်း၌ ကုန်ဆုံးခဲ့သည့်အချိန်ကို တွက်ကြည့်လျှင် အဓိကတွင်း တိုက်ပွဲမှလွဲပြီး တကယ့်တိုက်ပွဲ မတိုက်ရသည်မှာ သုံးလေလ ကြာပြီဖြစ်သည်။ ပင်လယ်လှိုင်းကြမ်းမှ ချန်လွေ့ သဘောပေါက်ခဲ့သည့် အားသည် ထူးခြားသည်ကို ပထမလက်သီးချက်အား လေ့လာကြည့်၍ သိနိုင်သည်။ယခုတွင် စေတနာ့ဝန်ထမ်း သဲအိတ်လည်း ရှိနေပြီဖြစ်သည်။ဤအခွင့်အရေးကို ချန်လွေ့ ကောင်းကောင်း အသုံးချရမည် ဖြစ်သည်။
တိုက်ပွဲပိုကြာလာသည်နှင့်အမျှ ကယ်လီရာ ပိုမို ကြောက်ရွံ့လာသည်။ထူးဆန်းသည့် လှိုင်းလုံးကြီးသည် ရံဖန်ရံခါ ပေါ်လာပြီး ကြိမ်နှုန်းသည်လည်း ပို၍လျော့လာသည်။ ကြောက်မက်ဖွယ်ရာ စွမ်းအားသည် မျက်နှာပြင် ခုခံမှုကို ဖောက်ထွင်းနိုင်ပြီး အတွင်းအထိ ရောက်ရှိနိုင်သည်။ ဒါက တကယ့်ကို ကြံ့ခိုင်နတ်ဆိုးခန္ဓာရဲ့ ဝိသေသလက္ခဏာပဲ။ အရည်အချင်းတူတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမယ်လို့ ငါတစ်ခါမှ မတွေးမိခဲ့ဘူး။ပြီးတော့ လည်း သူ့ရဲ့ “ပါရမီ”က ငါ့ထက်ပိုပြီးမြင့်တယ်။
ကယ်လီရာသည် ပြိုင်ဘက်ကို ယခုအတိုင်း ဆက်လုပ်စေလိုက်လျှင် သူ၏အပြင် အကာအကွယ် မပျက်စီးလျှင်တောင် အတွင်းအင်္ဂါများ ကြွေမွသွားပေလိမ့်မည်။အမှန် တကယ်တွင် ကယ်လီရာသည် ချန်လွေ့ကို အထင်ကြီးနေခြင်းသာ ဖြစ်သည်။လက်ရှိတွင် ချန်လွေ့သည် “ခံစားချက်”တစ်ခုကိုသာ ရှာတွေ့ထားပြီး ထူးထူးခြားခြား လုပ်ဆောင် နေခြင်း ဖြစ်သည်။ထိုအား၏ ဆန်းကြယ်မှုကို ချန်လွေ့အမှန်တကယ် မကျွမ်းကျင် သေးပေ။
ချန်လွေ့၏အစွမ်းသည် အမှန်ကယ်ပင် နိမ့်ကျလှသည်။ကယ်လီရာ၏ ပုံမှန်အနေအထား၌ဆိုလျှင် ဤကဲ့သို့ သနားစရာကောင်းနေမည် မဟုတ်ပေ။ သို့သော်လည်း သူ၏အစွမ်းအကုန် သုံးလိုက်ပြီး ဒဏ်ရာလည်း အပြင်းအထန် ရနေသည့်အတွက် အားအနည်းဆုံး အခိုက်အတန့် ဖြစ်နေသည်။ထို့ပြင် ဆရာသခင် အဆင့် ဆုတ်ဖြဲဆေးရည်သည်လည်း အလွန်ပြင်းထန်လှသည်။သူ၏ နတ်ဆိုးခန္ဓာသည် ၎င်းကို မခုခံနိုင်လောက်အောင် ဖြစ်နေသည်။
ထိုအကြောင်းကိုတွေးရင်း ကယ်လီရာ ရုတ်တရက် ကြောက်လန့်သွားသည်။ ထို့နောက်တွင် ထွက်ပြေးရန်[ တယ်လီပို့] သုံးလိုက်သည်။ကယ်လီရာ ထိုသို့ပြုလုပ်မည်ကို ချန်လွေ့ မှန်းဆထားသည်။ထို့ကြောင့် ချန်လွေ့ခုန်လိုက်ပြီး ကယ်လီရာကို လက်ငါးချောင်းဖြင့် ချိန်ကာ အော်လိုက်သည်။
“ [ အရုဏ်ဦးပစ်ချက် ] ”
ကယ်လီရာသည် မသိစိတ်ထဲ၌ သေရေးရှင်ရေးအခြေအနေ ခံစားလာရသည်။နောက်သို့ လှည့်ကြည့်လိုက်ရာ အလင်းလုံးတစ်လုံးသည် အရှိန်မြန်စွာ ပြေးဝင်လာသည်ကို တွေ့လိုက်ပြီး ထိတ်လန့်သွားသည်။အလင်းလုံး၏ အမြန်နှုန်းသည် အလွန်လျင်မြန် လှသည့်အတွက် မရှောင်နိုင်တော့ပေ။[ တယ်လီပို့ ]ကိုလည်း အဆက်မပြတ် သုံး၍မရသည့်အတွက် တည့်တည့်သာ ခုခံရတော့သည်။
ကယ်လီရာ ရုတ်တရက် နောက်လှည့်လိုက်သည်။သူ၏တစ်ကိုယ်လုံးရှိ စွမ်းအားများကို အမြင့်ဆုံးအထိ စုစည်းကာ အလင်းလုံးကို တည့်တည့်ဖမ်းလိုက်သည်။ဖမ်းလိုက်သည့် အခါတွင် အလင်းလုံးဆီမှ ကြောက်မက်ဖွယ် ဖျက်ဆီးရေးစွမ်းအားကို ကယ်လီရာ ခံစားလိုက်ရသည်။သူ၏ကြွက်သားများ ဖောင်းကား သွားပြန်ကာ အရေပြားအောက်ရှိ အနီရောင်သည် ထူးထူးခြားခြား တောက်ပနေပြီး ပေါက်ကွဲထွက်လုမတတ် ဖြစ်နေသည်။
ကယ်လီရာ၏ ဖောင်ကားနေသည့် ခန္ဓာကိုယ်သည် အလင်းလုံးကြောင့် နောက်သို့ တဖြည်းဖြည်း ဆုတ်ခွာသွားသည်။မြေပြင်ပေါ်ရှိ တရွတ်တိုက်အမှတ်များသည်လည်း ပို၍ရှည်လာသည်။မဟာနတ်ဆိုး၏မျက်လုံးထဲရှိ မီးတောက်သည် ပို၍တောက်လောင် လာပြီး အကျယ်ကြီး အော်ဟစ်လိုက်သည်။ထို့နောက်တွင် သူ၏ နတ်ဆိုးခန္ဓာမှ သွေးပါသည့် မီးတောက်များ စီးထွက်လာတော့သည်။ကယ်လီရာသည် ရှိသမျှ အား အကုန်သုံးကာ အလင်းလုံးကို ဘေးဘက်သို့ တွန်းထုတ်လိုက်သည်။အလင်းလုံး လမ်းချော်သွားပြီးနောက်တွင် [ အရုဏ်ဦးပစ်ချက် ]၏ အလင်းရောင် မကွယ်ပျောက်မချင်း လမ်းတစ်လျှောက်လုံးကို ဖျက်ဆီးသွားခဲ့သည်။
ကယ်လီရာသည် [ အရုဏ်ဦးပစ်ချက် ]ကို လမ်းချော်စေရန် အားကုန်သုံးလိုက်ရပြီး နတ်ဆိုးခန္ဓာသည်လည်း အဆုံးစွန်ထိ သုံးလိုက်ရသည့်အတွက် ပြိုကွဲလုမတတ် ဖြစ် သွားသည်။အကြမ်းတမ်းဆုံး ခုခံမှုရှိသည့် လက်ဝါးတွင်လည်း ဒဏ်ရာ အမြောက်အမြား ရှိနေသည်။အလင်းလုံးကို လမ်းချော်အောင် လုပ်လိုက်၍ တော်သေးသည်။သို့မဟုတ်ပါက သူ၏ နတ်ဆိုးခန္ဓာပင် ထိုကဲ့သို့ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုကို ခုခံနိုင်မည် မဟုတ်ပေ။သို့သော်လည်း ထိုအတွက်ကြောင့် ကယ်လီရာသည် ဆေးရည်ကို မခုခံနိုင်တော့ဘဲ ခန္ဓာကိုယ်သည် စတင်ကိုက်ခဲလာတော့သည်။
ကယ်လီရာ အသက်မှန်မှန် မရှူနိုင်ခင်မှာပင် ရုတ်တရက်မော့ကြည့်လိုက်ရာ ပြိုင်ဘက်ဖြစ်သူသည် ကောင်းကင်သို့ ရောက်နေသည်ကို မြင်လိုက်ရသည်။ ပြိုင်ဘက်ဖြစ်သူ၏ အရောင်အဝါသည် ထင်ထင်ရှားရှား တိုးတက်သွားကာ မြင့်မြင့်မြှောက်ထားသည့် လက်ဝါးသည် ထက်မြက်သောလက်နက်ကဲ့သို့ပင် အရောင်ဖျော့ဖျော့ တောက်ပနေတော့သည်။
ထိုအချိန်၌ ကယ်လီရာ၏ အစွမ်းသည် တော်တော်လေး လျော့ကျသွားပြီး နတ်ဆိုးခန္ဓာ၏ အကာအကွယ်လည်း အနိမ့်ဆုံး ဖြစ်သွားသည်။ကယ်လီရာသည် နာကျင်မှုကို ခုခံပြီး ရှိသမျှအင်အားအကုန် စုစည်းကာ လက်ကိုမြင့်မြင့်မြှောက်ကာ ကြက်ခြေခတ်ပြီး ခုခံလိုက်သည်။
မျက်စိတစ်မှတ် အတွင်းမှာပင် သူတို့နှစ်ခေါက် အချင်းချင်း ဖြတ်သွားကြသည်။ ချန်လွေ့သည် မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက်တွင် ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်သည်။
ကယ်လီရာသည် ချန်လွေ့ကို ငေးကြောင်ကြောင် စိုက်ကြည့်နေပြီး ကြက်ခြေခတ်ထားသည့် လက်နှစ်ဖက် ရုတ်တရက် ပြုတ်ကျသွားသည်။ သူ၏လက်နောက်တွင် မျဉ်းနီဖျော့ဖျော့တစ်ကြောင်းသည် မျက်ခုံးအလယ်မှ နှာခေါင်းထိတ်အထိ ပေါ်လာသည်။သွေးများ ဖြည်းဖြည်းချင်း ထွက်လာပြီး ကယ်လီရာတစ်ကိုယ်လုံး တုန်ခါသွားကာ လဲကျသွားတော့သည်။သူ၏ပွင့်နေသော မျက်လုံးတွင် မယုံကြည်နိုင်မှုသည် ပြည့်နှက်နေပြီး ဖြည်းဖြည်းချင်း မှိန်ကျသွားတော့သည်။
သူဂုဏ်ယူနေခဲ့သည့် ကြံ့ခိုင်နတ်ဆိုးခန္ဓာကို အလယ်ဆင့်နတ်ဆိုးပင် မရောက်သေးသည့် တစ်စုံတစ်ယောက်က လက်ဗလာဖြင့် ဖောက်ထွင်းနိုင်လိမ့်မည်ဟု သေသွားသည့် အချိန်၌ပင် ကယ်လီရာ မယုံကြည်နိုင်ခဲ့ပေ။
ထိုခုတ်ချက်သည် ပေါင်ကြား၊ချိုင်းကြား ကဲ့သို့ အားနည်းချက်များကို ထိသွားသည် မဟုတ်ဘဲ အကာအကွယ်ကို တည့်တည့်ပင် ဖောက်ထွင်းသွားခြင်း ဖြစ်သည်။
ချန်လွေ့၏ [ အရှိန်အဝါဓားသွား ] သည် ကယ်လီရာ၏ အလွန်အမင်း အားနည်းနေသော ကြံ့ခိုင်နတ်ဆိုးခန္ဓာကို ဖောက်ထွင်းနိုင်ခဲ့ပြီး လက်များကို ခုတ်ဖြတ်နိုင်ခဲ့ပုံရသည်။သို့ သော်လည်း အမှန်တကယ် သေစေနိုင်သည်မှာ လက်မောင်းမှလာသည့် မမြင်နိုင်သော ဓားချီပင် ဖြစ်သည်။
အကယ်၍ ယခုတွင် ကယ်လီရာ၏ခေါင်းကို ပိုင်းဖြတ်ကြည့်လိုက်လျှင် မျက်ခုံးအလယ် နေရာ၌ ဦးနှောက်ထဲရှိ သျှစ်ရှူးများနှင့် နာ့ဗ်ကြောအများစု ပျက်စီးနေသည်ကို တွေ့မြင်ရပေမည်။