လက်ဦးမှု ရယူခြင်း။အစီအစဉ် အပြောင်းအလဲ
Vol. 7 Ch. 102
ပင်လယ်လှိုင်းကြမ်း၌ လေ့ကျင့်ပြီးနောက်တွင် ချန်လွေ့သည် စွမ်းအားတိုးတက် လာသည်ကို သိသိသာသာ ခံစားခဲ့ရသည်။ရံဖန်ရံခါ ပေါ်လာသည့် လှိုင်းလုံးကြီးလည်း ဖြစ်လာခဲ့သည့်အပြင် [ အရှိန်အဝါဓားသွား ]၏ ထိခိုက်မှုသည်လည်း တိုးတက်လာသည်။[ အရှိန်အဝါဓားသွား ]၏ စွမ်းအားသည် ပို၍ပြင်းထန်ပြီး “ပိုထက်မြက်” လာကာ ချွန်မြသည့် ဒဏ္ဍာရီလာလက်နက်ကဲ့သို့ ဖြစ်သွားခဲ့သည်။ခုနက ချန်လွေ့သည် အသီနာ၏ မဟာဓား မဖောက်ထွင်းနိုင်သည့် ကြံ့ခိုင်နတ်ဆိုးခန္ဓာကိုပင် “ဖောက်ထွင်း” နိုင်ခဲ့လေ၏။
ချန်လွေ့သည် ကယ်လီရာ “အသက်အပြည့်” ရှိနေစဉ်၌ သတ်နိုင်မည် မဟုတ်သည်ကို ငြင်း၍မရပေ။
ကယ်လီရာသည် အသီနာနှင့် အရင်ဦးစွာ တိုက်ခိုက်ခဲ့ရပြီး ရိုမန်ကြောင့် ဒဏ်ရာပြင်းပြင်း ထန်ထန် ရရှိသွားသည်။ထို့နောက်တွင် ရုပ်ဖျက်ထားသည့် “ရော်ဘင်”၏ လှည့်စားခြင်းကို ခံရပြီး စုတ်ဖြဲဆေးရည်ကို သောက်လိုက်မိသည်။ထို့ကြောင့် သူ၏စွမ်းအားသည် ကြီးကြီးမားမား လျော့ကျသွားခြင်း ဖြစ်သည်။ကယ်လီရာ ပုံမှန်အနေအထား၌ ရှိနေမည် ဆိုလျှင် ချန်လွေ့၏ [ အရှိန်အဝါဓားသွား ]သည် ထိုကဲ့သို့ သက်ရောက်မှုမျိုး ထုတ်ပေးနိုင်မည် မဟုတ်ပေ။
သို့သော်လည်း တိုက်ပွဲများသည် ထိုကဲ့သို့ပင် ဖြစ်သည်။အနိုင်ရသူကိုသာ အသိအမှတ် ပြုလေသည်။ပို၍အစွမ်းထက်သူသည် အနိုင်ရရှိရန် အခွင့်အရေး ပိုများသော်လည်း နောက်ဆုံးကျန်နေသူသာ စစ်မှန်သည့် အောင်နိုင်သူ ဖြစ်၏။
ကယ်လီရာ၏ သိုလှောင်လက်ပတ်ထဲတွင် သလင်းကျောက်နက်ဒင်္ဂါး နှစ်သောင်းကျော်နှင့် အခြားအရာအချို့ ရှိသည်။သို့သော်လည်း ၎င်းတို့သည် ချန်လွေ့အတွက်မူ အပိုဝင်ငွေသာ ဖြစ်သည်။အကြီးမားဆုံး အမြတ်အစွန်းမှာ ကယ်လီရာကို သတ်နိုင်ခြင်းနှင့် တန်ဖိုးကြီးသော သတင်းနှစ်ခုကို ရရှိခြင်းပင် ဖြစ်သည်။ပထမတစ်ခုမှာ အနောက်ဘက်၌ အမှောင်လနယ်မြေကို ကြားဝင်ရှုပ်သည့် မိစ္ဆာနီတို့ကို လိပ်ပြာနီအရှင်သခင်က စေခိုင်းခြင်း ဖြစ်သည်။မျှခြေဆိုသည်မှာ သူခိုးဓားပြအဖွဲ့၏ ကျောရိုးတွင် ခါနီတာ၏ အဖွဲ့နှင့် ဂျိုးဆက်ပ်၏အဖွဲ့တို့ ပါဝင်နေခြင်း ဖြစ်သည်။ကယ်လီရာနှင့် ခေါင်းဆောင် စနိုးဒင်တို့သည် ခါနီတာ၏လူများဖြစ်ကြပြီး ဘာနကယ်သည် ဂျိုးဆက်ပ်ဘက်မှ ဖြစ်သည်။အသတ်ခံခဲ့ရသည့် ရှယ်လီနှင့် ယာဂတ်စ်တို့သည်လည်း ဂျိုးဆက်ပ်ဘက်မှပင် ဖြစ်သည်။နှစ်ဖွဲ့စလုံးသည် အပြင်ရော အတွင်း၌ပါ တိုက်ခိုက်နေကြပြီး အချင်းချင်း အရှုံးမပေးကြပေ။
ဒုတိယတစ်ခုမှာ မိစ္ဆာနီတို့တွင် လိုင်ရာမြို့နှင့် အမှောင်လမြို့ကို ဆက်သွယ်ထားသည့် မှော်ဆက်သွယ်ရေး မျှော်စင်တစ်ခု ရှိနေခြင်း ဖြစ်သည်။
၎င်းကို ထို့လန်တောင်ရှိ ကျောက်ဆောင်ထူထပ်သောနေရာ၌ တည်ဆောက်ထားခြင်း ဖြစ်သည်။ရှီလန်တောင်ရှိ မိစ္ဆာနီတို့ကို အပြင်လောကနှင့် အဆက်အသွယ် ဖြတ်ရန်အတွက် ထိုမျှော်စင်ကို ချန်လွေ့ ဖျက်ဆီးပစ်ရလေမည်။
ထိုသတင်းနှစ်ခု၏ တန်ဖိုးသည် ထင်ရသလောက် မရိုးရှင်းပေ။ချန်လွေ့ အချိန်အကြာကြီး စဉ်းစားလိုက်သည်။ထို့နောက်တွင် ရဲတင်းသည့် အကြံအစည်အသစ်တစ်ခုသည် စိတ်ထဲ၌ ဖြည်းဖြည်းချင်း ဖြစ်လာသည်။ချန်လွေ့သည် မြေပေါ်မှ ကယ်လီရာ၏ အလောင်းကို ကြည့်လိုက်ပြီး အတွေးတစ်ချက်တည်းဖြင့် စူပါစနစ်၏ သိုလှောင်ခန်းထဲသို့ သိမ်းလိုက်တော့သည်။
သိုလှောင်ဂိုဒေါင်ထဲရှိ “ ထားသိုနိုင်သည့် သက်တမ်း ” သည် အတော်လေး ရှည်ကြာပုံရ၏။နောက်ပိုင်းတွင် ကယ်လီရာ၏ အလောင်းကို ကြီးကြီးမားမား အသုံးချ၍ရလေသည်။
ခဏအကြာတွင် “ ကယ်လီရာ ”၏ ပုံရိပ်သည် ထွက်ပြေးနေသည့် သူခိုးဓားပြ နှစ်ယောက်အရှေ့၌ ပေါ်ထွက်လာသည်။ထိုနှစ်ယောက်သည် စိတ်ဝိညာဉ်နဂါးထံမှ ထွက်ပြေးလာရ၍ ကြောက်လန့်နေဆဲပင် ဖြစ်သည်။“ကယ်လီရာ”ကို မြင်သည့်အခါ သူတို့နှစ်ခေါက် ခပ်မြန်မြန် အရိုအသေ ပေးလိုက်သည်။
“ ဆာ ”
“ မင်းတို့ဘာတွေ ကြောက်နေတာလဲ။အသုံးမကျတဲ့နှစ်ကောင်။ ”
ကယ်လီရာသည် ဒဏ်ရာ ပြန်မသက်သာသေးသည့်ပုံစံဖြင့် မောဟိုက်နေပြီး ကြိမ်းမောင်းလိုက်သည်။
“ မင်းတို့နှစ်ယောက် အခုချက်ချင်းပဲ လူစုကွဲသွားတဲ့ ညီအစ်ကိုတွကို သွားရှာပြီးတော့ ဒီမှာလာစုလိုက်။ ”
ထိုနှစ်ယောက်သည် အလျင်အမြန် တုံ့ပြန်ပြီး အမိန့်အတိုင်း လုပ်လိုက်သည်။ ခဏအကြာတွင် မိစ္ဆာနီအဖွဲ့ဝင်များ ဖြည်းဖြည်းချင်း စုစည်းလာတော့သည်။ ကယ်လီရာသည် ရှက်နေသည့် သူခိုးဓားပြများကိုကြည့်ရင်း ဒိုဒို၏ စိတ်ဝိညာဉ်နဂါးပုံစံ ခြိမ်းခြောက်မှုကို စိတ်ထဲ၌ ရယ်လိုက်မိသည်။သို့သော်လည်း သူ၏မျက်နှာသည် အလွန်အမင်း တည်ငြိမ်နေပြီး စကားပြောလိုက်၏။
“ အဓိကတွင်းထဲကနေ စိတ်ဝိညာဉ်နဂါး ထွက်လာတာကို မင်းတွေ့တယ် မဟုတ်လား။အခုအချိန် အတောအတွင်းတော့ ငါတို့ပြန်မသွားသင့်ဘူး။ ဝါလန်တောင်နားမှာပဲ စခန်းချကြတာပေါ့။လိုင်ရာမြို့ဆီကို ငါအမြန်သွားပြီးတော့ ဒီအရေးကြီးကိစ္စတွေကို ငါတို့ခေါင်းဆောင်ဆီ သတင်းပို့လိုက်မယ်။ ”
“ သေချာမှတ်ထား။ငါပြန်မလာခင် မိုင်းလုပ်သားတွေကို မနှောင့်ယှက်နဲ့။ ”
“ ငါ့အမိန့်ကို တစ်ယောက်ယောက် မနာခံတာ တွေ့လို့ကတော့ ငါပြန်လာတဲ့အခါ သတ်ပစ်မယ်။ ”
သူခိုးဓားပြများ ချက်ချင်း သဘောတူလိုက်သည်။အမှန်တကယ်တွင် ဆာ ကယ်လီရာ၏ အမိန့်မှာ အကျိုးအကြောင်း သင့်ပေသည်။ကြောက်စရာ စိတ်ဝိညာဉ်နဂါးသည် အဓိက တွင်းထဲမှ ဆင်းလာခဲ့လေပြီ။ထို့ကြောင့် ရှီလန်တောင်၌ နေနေခြင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသာ ဖြစ်လေ၏။
မိုင်းတွင်းရုံးခန်းတွင်လည်း လန်နွန်နှင့် အသီနာကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်များ ရှိနေပြီး ကယ်လီရာပင် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။မည်သူ ပြဿနာရှာရဲမည်နည်း။
ထိုကယ်လီရာသည် ချန်လွေ့ ရုပ်ဖျက်ထားခြင်းသာ ဖြစ်သည်။သူခိုးဓားပြများကို “နေရာကျ”အောင် လုပ်ပြီးနောက်တွင် ချန်လွေ့သည် ရှီလန်တောင်သို့ ပြန်လာပြီး ဒိုဒို၊မန္ဂဒါတို့နှင့်အတူ တွေ့ဆုံခဲ့သည်။ထို့နောက် မှော်မြေပုံ၏ အကူအညီဖြင့် သူတို့သည် ထို့လန်တောင်ဆီ ပျံသန်းသွားသည်။ကယ်လီရာပြောသည့် ကျောက်ဆောင်ထူထပ်သော တောင်သည် ရှာရမခက်ပေ။သို့သော် မှော်ဆက်သွယ်ရေး မျှော်စင်ကို အတော်လေး ခက်ခက်ခဲခဲ ရှာလိုက်ရပြီး ၎င်းသည် ဒိုဒို၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။အပြင်ဘက်၌ ထင်ယောင်ထင်မှား ဖြစ်စေသည့် အသားစားပင်ကို စိုက်ပျိုးထား၍ ဖြစ်သည်။၎င်းသည် သက်ရှိများကို ထင်ယောင်ထင်မှား ဖြစ်စေပြီး ဖမ်းစားကြသည်။ထို့ကြောင့်ပင် ဖျက်ဆီး၍ မဖြစ်နိုင်ကြောင်း ကယ်လီရာပြောခဲ့ခြင်းဖြစ်သည်။
ထင်ယောင်ထင်မှား သစ်ပင်သည် အလွန်ရှားပါးသော သားစားအပင်ထဲတွင် ပါဝင်ပြီး ပြင်းထန်သည့် ထိခိုက်ပျက်စီးမှု စွမ်းရည်ရှိသည်။တန်ဖိုးအရှိဆုံးမှာ ၎င်း၏အသီး ဖြစ်သည်။အသီးကို ဖြတ်တောက်လိုက်သည့်အခါ မစားလျှင်တောက် အနံ့တစ်ခုတည်း နှင့်ပင် ပြင်းထန်သည့် ထင်ယောင်ထင်မှားများကို ဖြစ်စေနိုင်၏။များသောအားဖြင့် ၎င်းကို ထိပ်သီးအဆင့် ထင်ယောင်ထင်မှားဆေးရည် ပြုလုပ်ရန်နှင့် ပုံရိပ်ယောင်များ မန်းမှုတ်ခြင်း၌ ကူညီရန် အသုံးပြုကြသည်။
ထင်ယောင်ထင်မှား သစ်ပင်သည် အစွမ်းက်သော်လည်း အပင်၏သဘာဝရန်သူ အတွက် အတော်လေး စိတ်အနှောင့်အယှက်ပေးသည့် စားကောင်းသောက်ဖွယ် တစ်ခုသာ ဖြစ်သည်။အထူးသဖြင့် သန်မာမှုနှင့် စားချင်စိတ်၌ ကြီးကြီးမားမား သန္ဓေပြောင်းခဲ့သည့် ဒိုဒိုကဲ့သို့ ချွဲကျိကောင်အတွက် ဖြစ်သည်။
ဆက်သွယ်ရေးမျှော်စင်၏ အဓိကကိုယ်ထည်သည် အထူးမှော်ကျောက်တုံး တစ်တုံး ဖြစ်သည်။အရည်အသွေးပိုမြင့်လေ ပိုမိုအဆင့်မြင့်သော မှော်အခင်းအကျင်းများကို ထွင်းနိုင်ပြီး သက်ရောက်မှုအကွာအဝေးလည်း ပိုမိုကျယ်ပြန့်သွားမည် ဖြစ်သည်။ အဆက်အသွယ် “နှောင့်ယှက်မှု”ကို ရှောင်ရှားရန်အတွက် ဆက်သွယ်ရေး မျှော်စင်တစ်ခုစီ၏ မှော်အခင်းအကျင်းတို့သည် မတူညီကြပေ။
ချန်လွေ့ကို ပျော်ရွှင်သွားစေသည်မှာ ထိုမှော်ကျောက်တုံးသည် အမှန်တကယ်ပင် အရှိန်အဝါကူးပြောင်းနိုင်သည့် ပစ္စည်း ဖြစ်နေခြင်းပင်။ထိုမှော်ကျောက်တုံး၏ အရည်အသွေးသည် အတော်လေးမြင့်မားပြီး အရှိန်အဝါ ၄၀၀၀၀ ထောက်ပံ့ပေးသည်။ ထင်ယောင်ထင်မှားသစ်ပင်သည် ရှားပါးသည့်အတွက် ဒိုဒိုလည်း ပျော်ရွှင်နေသည်။ ဤကဲ့သို့ “စားစရာ”မျိုးကို မိုးသစ်တောမည်း၌ အနည်းငယ်သာ တွေ့နိုင်သည်။ရှီလန် တောင်တန်း ကဲ့သို့ တောင်ထူထပ်သောနေရာ၌ စားရမည်ဟု ဒိုဒို မထင်ထားခဲ့ပေ။
ချန်လွေ့သည် ဒိုဒိုကို အစေ့များ ချန်ထားခိုင်းသည်။ထို့နောက် စူပါစနစ်ထဲဝင်ပြီး ၎င်းတို့ကို မြေကြီးထဲ ထည့်စိုက်ကြည့်ခဲ့သည်။
“အသိပေးချက်”
[ အမည်မသိအပင် ]
- ရင့်မှည့်ချိန် = ယနေ့။
- ထပ်ကာထပ်ကာ ရင့်မှည့်နိုင်သည်။
- သုံးစွဲနှုန်း = တစ်ရက်လျှင် မှော်မှုန်၁၀။
- လက်ရှိအခြေအနေ = မရင့်မှည့်သေး။
အစေ့များသည် အပင်များနှင့် မတူပေ။ရွှေ့ပြောင်းစိုက်ပျိုးရန်အတွက် အရှိန်အဝါ မလိုအပ်သလို တိုက်ရိုက် စိုက်ပျိုး၍လည်း ရသည်။ကံမကောင်းစွာပင် မိစ္ဆာသစ်သီးများ၌ မည့်သည့်အမြုတေ၊မည်သည့်အစေ့မျှ မရှိပေ။သို့မဟုတ်ပါက ချန်လွေ့သည် ၎င်းကို အမြောက်အများ စိုက်ပျိုးပေလိမ့်မည်.....
အဆိပ်နဂါးသာ ချန်လွေ့၏အတွေးကိုသိလျှင် လူသား၏လောဘကို အပြစ်တင်မည်မှာ အသေအချာပင် ဖြစ်သည်။ နှစ်ရာနဲ့ချီကြာမှ ရင့်မည့်တဲ့ အဖိုးတန်သစ်သီးတွေကို မင်းက နှစ်လတည်းနဲ့ ရိပ်သိမ်းနိုင်ပြီလေ။ဒါတောင် မကျေနပ်သေးဘူးလား။
သို့သော်လည်း စူပါစနစ်၏ ကြယ်စင်စုဥယျာဉ်နှင့် အခရာနတ်မိမယ်တို့သည် အနိမ့်ဆုံးအဆင့် ဖြစ်သည်။တူညီသောအပင် ၅မျိုးကိုသာ တစ်ပြိုင်တည်း စိုက်ပျိုး၍ ရပုံပေါ်သည်။ထို့နောက်တွင် “သန့်စင်မှုန်”ကိုသုံးပြီး အဆင့်မြှင်၍ ရသည်။သာမန် အမှုန်ကို စနစ်ထဲ၌ စွမ်းအင်မှုန်ဟု ခေါ်သည်။“သန့်စင်”ရန်အတွက် တစ်ခုခုလုပ်ဆောင် ရမည် ထင်သည်။၎င်းသည် မိုင်ဇာအခြေအနေကို ဖောက်ထွက် နိုင်ပြီးမှာသာ ရရှိနိုင်မည့် လုပ်ဆောင်ချက် ဖြစ်သည်။ထို့ကြောင့် ယခုတွင် ၎င်းကို ချန်လွေ့ စဉ်းစားမနေတော့ပေ။
လက်ရှိတွင် လိုင်ရာမြို့နှင့် ရှီလန်တောင်ကြားရှိ ဆက်သွယ်ရေး ပြတ်တောက်သွားပြီ ဖြစ်သည်။ယုတ်စွအဆုံး ဆယ်သွယ်ရေး အမြန်နှုန်း အကြီးအကျယ် လျော့ကျသွားပြီ ဖြစ်သည်။တစ်စုံတစ်ယောက်ကသာ လိုင်ရာမြို့ဆီသွားပြီး သတင်းမပို့လျှင် မိုင်းတွင်း အခြေအနေကို ဘာနကယ် သိလိမ့်မည် မဟုတ်ပေ။ဆက်သွယ်ရေးမျှော်စင် မပျက်စီးခင်၌ ဘာနကယ်ကို သတင်းပို့သည့် သူခိုးဓားပြတစ်ယောက် ရှိနေလျှင်တောင် “ကယ်လီရာ” သည် လိုင်ရာမြို့သို့ အမှန်တကယ် သွားမည်ဖြစ်၍ အရေးမကြီးတော့ပေ။
မိုင်းတွင်းရုံးခန်း၌သာ ချန်လွေ့ ဆက်နေမည်ဆိုလျှင် ပုန်းကွယ်နေသည့် ရန်သူများကို လူပုံလယ် တိုက်ခိုက်နေရသလို ဖြစ်နေသည်။ကယ်လီရာ၊ရှယ်လီနှင့် အခြားသူများကို သတ်လိုက်နိုင်သော်လည်း ပို၍အစွမ်းထက်သူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပေမည်။၎င်းသည် အန္တရာယ်ရှိသည့်အပြင် ပြုသမျှနုရသည့် အခြေအနေသို့ ရောက်ရှိလာနိုင်ပေသည်။
မိစ္ဆာနီတပ်ဖွဲ့သည် မသေးလှပေ။သူတို့၏ အစွမ်းများသည်လည်း ကြီးမားလှသည်။ သို့သော်လည်း သူတို့တွင် ခေါင်းဆောင်မရှိ၍ မရပေ။ထို့ကြောင့် အကျိုးအရှိဆုံး နည်းလမ်းမှာ သူတို့၏ ခေါင်းဆောင်ကို သတ်ပစ်ရန်ပင် ဖြစ်သည်။ယခုတွင် ရှီလန်တောင်ရှိ မိစ္ဆာနီတို့၏ အဓိကအဖွဲ့ဝင်များ ဖြစ်သော ရှယ်လီ၊ကယ်လီရာနှင့် ယာဂတ်စ်တို့ အဆုံးသတ်သွားပြီ ဖြစ်သည်။ကျန်ရှိသည့် သူခိုးဓားပြရာကျော်လည်း ကယ်လီရာ ယောင်ဆောင်ထားသည့် ချန်လွေ့ကြောင့် ဝါလန်တောင်၌သာ ကန့်သတ် နေနေရသည်။ထို့ကြောင့် သူတို့သည်ပြဿနာမဟုတ်ပေ။လက်ရှိတွင် မိစ္ဆာနီတို့၏ အဓိတပ်ဖွဲ့ကို လိုင်ရာမြို့၌ စခန်းချထားသည်။သူတို့၏ခေါင်းဆောင် စနိုးဒင်သည် မကြာသေးခင်ကမှ လိပ်ပြာနီနယ်မြေဆီ ပြန်သွားလိုက်ပြီး ယခုအချိန်အတောအတွင်း ပြန်လာဦးမည် မဟုတ်ပေ။ယခုတွင် လက်ထောက်ခေါင်းဆောင် ဘာနကယ်သာ ကျန်တော့သည်။
ချန်လွေ့၏ ပထမဆုံးအကြံမှာ စနိုးဒင် မရှိနေချိန်၌ လက်ဦးမှုရယူပြီး ဘာနကယ်ကို တိုက်ခိုက်အဆုံးသတ်ရန် ဖြစ်သည်။
မိုင်းတွင်း၌သာ ဆက်ပြီးစောင့်နေရမည်ဆိုလျှင် မှော်ဆက်သွယ်ရေး မျှော်စင်ကို ဖျက်ဆီးပြီး သတင်းအချက် ပို့ဆောင်မှုကို ကြန့်ကြာစေနိုင်လျှင်တောင် အဓိက အရင်းအမြစ်ကိစ္စကို မဖြေရှင်းနိုင်သေးပေ။ပိုပြီးအစွမ်းထက်သည့် ရန်သူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာနိုင်သည်။ဘာနကယ် သို့မဟုတ် စနိုးဒင် အမြန်ပြန်လာခဲ့လျှင် အသီနာနှင့်ချန်လွေ့ အနိုင်ရရန် အခွင့်အရေး ရှိလိမ့်မည်ဟု မထင်ပေ။
ထို့ကြောင့် ချန်လွေ့သည် တိုက်ခိုက်ရန် ဦးဆောင်ချင်ခြင်း ဖြစ်သည်။ပထမဆုံး ဘာနကယ်ကို အဆုံးသတ်မည်။သူတို့ ခေါင်းဆောင်မဲ့ သွားသည့်အခါ ချန်လွေ့သည် မိစ္ဆာနီတို့၏ အဓိကအင်အားစုကို ပြိုကွဲစေရန် ကြိုးစားမည် ဖြစ်သည်။ထိုအခါ စနိုးဒင် ပြန်လာလျှင်ပင် တစ်ယောက်တည်း ဖြစ်နေပေလိမ့်မည်။ထို့နောက် အချိန်ကိုက်တွင် ချန်လွေ့သည် မင်းသမီးရှီရာ၏ စစ်တပ်အင်အားနှင့် ပူးပေါင်းမည် ဖြစ်သည်။ထိုသို့ဆိုလျှင် အနောက်ဘက်သို့သွားမည့်လမ်းကြောင်း ရှင်းလင်းသွားလောက်မည်။
အစီအစဉ်များ၏ သေးငယ်သော အသေးစိတ်များသည် လုံးဝမရိုးရှင်းလှပေ။ များသောအားဖြင့် အစီအစဉ်များကို အပြောင်းအလဲများ ပြုလုပ်ရသည်။သူ၏ မျက်လုံးရှေ့ရှိ “ကယ်လီရာ”သည် အခွင့်ကောင်းယူရန် အလွန်ကောင်းသည့် သရုပ်တစ်ခု ဖြစ်လေ၏။
ထိုမတိုင်ခင်တွင် ချန်လွေ့သည် ရွက်စိမ်းတောအုပ်သို့ ပြန်သွားရမည် ဖြစ်သည်။ အကြောင်းပြချက် တစ်ခုမှာ အသီနာကို စိတ်အေးစေရန်ဖြစ်ပြီး အခြားအကြောင်းရင်း တစ်ခုမှာ “ မဟာဆရာသခင်အမွေအနှစ် ”အတွက် အမှန်တကယ် “အိပ်စက်”ရန် ဖြစ်သည်။ယနေ့တွင် ချန်လွေ့ ကယ်လီရာကို အနိုင်ရသွားခြင်းမှာ ကံကောင်း၍ပင် ဖြစ်သည်။ထို့ကြောင့် ချန်လွေ့သည် ကွာဟမှုကို ပို၍ သဘောပေါက်သွားသည်။ ဘာနကယ်ကဲ့သို့ ထိပ်သီး အမြင့်ဆင့်နတ်ဆိုးများကို ရင်ဆိုင်ရန်အတွက် ချန်လွေ့၏ လက်ရှိ အစွမ်းသည် မလုံလောက်သည်မှာ သေချာနေသည်။ထို့ပြင် လိုင်ရာမြို့တွင်လည်း မသိထားသည့် ဘေးအန္တရာယ်များ ရှိလာနိုင်သည်။ထို့ကြောင့် အစီအစဉ် အကောင် အထည် မဖော်ခင် အဓိကဦးစားပေးလုပ်ရမည်မှာ အဖိုးတန် အားလပ်ချိန်များကို စွမ်းအားတိုးတက်ရန် အတွက် အာရုံစိုက် အသုံးချရန်ပင် ဖြစ်သည်။
ဘာနကယ် အတွက်သာ မဟုတ်။နီးကပ်လာပြီဖြစ်သည့် အရတ်စ်နှင့် တိုက်ပွဲ အတွက်လည်း ဖြစ်သည်။
စိတ်ပိုင်းဖြတ်ပြီးနောက်တွင် ချန်လွေ့သည် မန္ဂဒါစီးပြီး ရွက်စိမ်းတောအုပ်ဆီသို့ ကျေနပ်စွာ စားခဲ့ရသည့် ဒိုဒိုနှင့်အတူ ပျံသန်းသွားလိုက်သည်။
ခဏအကြာတွင် ဝိုင်ဗန်သည် ရွက်စိမ်းတောအုပ်ဆီသို့ ရောက်ရှိသွားသည်။
ကြိုတင်သဘောတူထားသည့် ဆုံမှတ်နေရာ၌ အသီနာကို ချန်လွေ့ မတွေ့ခဲ့ပေ။ ခီဂူနှင့်.....ပြီးလုနီးပါးဖြစ်သော ရိုးရိုးရှင်းရှင်း အိမ်ငယ်လေး တစ်လုံးကိုသာ တွေ့ရသည်။
“ အရင်က ဖျားတာ လုံးလုံးပြန်မသက်သာသေးလို့ ဖြစ်မယ်။ပြီးတော့ နင်ကလည်း တဲအိမ်မှာ နေရတာ ကျင့်သားမရသေးလို့လည်းပါမယ်။ငါနင့်ကို အိမ်ငယ်လေးတစ်လုံး ဆောက်ပေးမယ်လေ။ ”
ယခင်ကစကားသံများ ချန်လွေ့နားထဲ၌ ပြန်ကြားယောင်လာသည်။
ချန်လွေ့ အနည်းငယ် တုန်လှုပ်သွားသည်။ခန္ဓာကိုယ် မောပန်းမှုများနှင့် စိတ်ထဲရှိ အကြံအစည်များ၊ပြင်ဆင်မှုများအားလုံးသည် ရုတ်တရက် ခံစားချက်တစ်ခုကြောင့် လွင့်စင်သွားကြပြီး နှလုံးသား၏ အစိတ်အပိုင်းတစ်ခုစီက အလျင်အမြန် နေရာယူ သွားခဲ့လေ၏။
“ရိုးရှင်းသည်”ဟူသော စကားလုံးဖြင့်သာ ဖော်ပြ၍ရသည့် အိမ်ငယ်လေးကိုကြည့်ရင်း စံအိမ်များ၊နန်းတော်များထက် ပို၍ခမ်းနားကြီးကျယ်သည်ဟု ချန်လွေ့ ခံစားလိုက်ရသည်။
တန်ဖိုးရှိလိုက်တာ။
ရုတ်တရက်ပင် နောက်ဘက်ရှိ တောအုပ်ထဲမှ ခြေသံများကို ချန်လွေ့ ကြားလိုက်သည်။ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ ရင်းနှီးသည့်ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
ပုခုံးပေါ်မှ ကြီးမားသည့် သစ်တုံးများနှင့်ယှဉ်လျှင် အသီနာ၏ ကျစ်လစ်သည့် ခန္ဓာကိုယ်သည် အနည်းငယ် “သေးငယ်”သယောင် ထင်ရသည်။
“ နင်ပြန်လာပြီပဲ။ ”
အသီနာ၏အသံသည် အနည်းငယ် အံ့အားသင့်နေပုံရပြီး အမြန်လမ်းလျှောက် လာတော့သည်။
သူ၏လှပသော မျက်နှာပေါ်ရှိ ဖုန်များနှင့် ချွေးကြောင့် စိုရွှဲနေသည့် နဖူးပေါ်မှ ခရမ်းရောင်ဆံပင်များကို သေသေချာချာ မြင်နေရသည်။
အမှတ်တမဲ့ကြည့်လိုက်လျှင် ရယ်စရာကောင်းသော်လည်း ချန်လွေ့ ထိုကဲ့သို့ မခံစားခဲ့ရပေ။အသီနာ၏ နောက်ဘက်ရှိ နတ်ဆိုးဘုံ၏ အေးစိမ့်စိမ့် နေရောင်သည် ချက်ချင်း နွေးသွားသကဲ့သို့ပင် နွေးထွေးမှုကိုသာ ချန်လွေ့ ခံစားခဲ့ရ၏။