မွေးနေ့ပွဲကြီး ၁
Vol. 120 Ch. 1671
သူမ လုပ်သည့်ကိစ္စတိုင်းသည် လျှို့ဝှက်သည်။ ရှီမာကျိယွင်နှင့် တခြားသူ တချို့သိသည်မှလွဲပြီး တခြားသော မျိုးနွယ်ဝင်များကို လျှို့ဝှက်ထားသည်။
ထိုသုံးရက်အတွင်းတွင် သူတို့မြို့သို့ လူများပိုရောက်လာကြသည်။ ရှီမန်ဖန်၏ မင်္ဂလာပွဲကဲ့သို့ပင် တချို့မှာ ဖိတ်စာရ၍လာခြင်းဖြစ်ကာ တချို့မှာ သူတို့ဘာသာ လာကြခြင်းဖြစ်သည်။ သူတို့သည် ရှီမာယူယူနှင့် ရင်းနှီးလို၍ လာ ခြင်းဖြစ်သည်။
ဝိညာဉ်စိမ်းဂိုဏ်းသည် ထိုရက်များတွင် တိတ်ဆိတ်နေသည်။ သူတို့သည် မည်သူ့ကိုမှ မသတ်ပေ။ သို့သော် ထိုအရာကပင် ရှီမာမျိုးနွယ်ကို ပို၍သတိကပ် ထားစေသည်။
မွေးနေ့ပွဲရက် မနက်ခင်းတွင် ရှီမာယူယူသည် ခြံဝန်းအရှေ့သို့ ထွက်လာ ခဲ့လိုက်သည်။ ယနေ့တွင် ဧည့်သည်များလှသောကြောင့် သူမသည် သူတို့ကို ဧည့်ခံရန် ထွက်လာလိုက်သည်။
သူမသည် အသက်ငယ်ပြီး ရာထူးလည်းမမြင့်လှသောကြောင့် သူမ ဧည့်ခံ သူများမှာ လူငယ်များသာဖြစ်သည်။ သို့သော် ရှီမာကျိယွင်သည် သူမကို ဘေးသို့ခေါ်ထားကာ စီနီယာကြီးများကိုပါ ဧည့်ခံခိုင်းလေသည်။
တကယ်တော့ သူမ ထိုအရာကိုသာ ကြိုသိထားလျှင်လာမည်မဟုတ်ပေ။ သူမသည် ထိုဧည့်သည်များကို ဧည့်ခံရင်းနှင့် ခေါင်းကိုက်လာပြီး စိတ်ထဲမှ ညည်းတွားမိသည်။
“ယူယူ” သူမသည် ထွက်ပြေးရန် ဆင်ခြေစဉ်းစားနေတုန်းမှာပင် စူးလျိုနျန်နှင့် တခြားသူများ လျှောက်လာကြသည်။
“အဒေါ်ဟော်” ရှီမာယူယူသည် ချက်ချင်းပင် အသက်ပြန်ဝင်သွားကာ ပြုံးပြီး သူမကို သွားနှုတ်ဆက်လေသည်။
ဟော်ကျန့်ကျန်းသည် ရှီမာကျိယွင်ရှေ့သို့လာကာ သယ်လာသော သေတ္တာထုတ်လိုက်သည်။
“မွေးနေ့ကို ဂုဏ်ပြုပါတယ် အစ်ကိုကြီးကျိယွင်”
“ဟားဟားဟား ကိုယ်တိုင်ရာက်လာတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကိုဟော် မသင့်တော်တာတစ်ခုခုရှိရင်လည်း တောင်းပန်ပါတယ်” ရှီမာကျိယွင် ရယ်မောလိုက်သည်။
သူနှင့် ရှီမာယူယူတို့၏ ဆက်ဆံရေးကြောင့် ဟော်မျိုးနွယ်နှင့် ရှီမာမျိုးနွယ်မှာလည်း ဆက်ဆံရေးကောင်းလှကြသည်။ သူတို့သည် တစ်ဦးနှင့် တစ်ဦး အစ်ကိုကြီးညီလေးဟု ခေါ်သည့်အဆင့်ပင်ရောက်နေပြီဖြစ်သည်။
ထိုအချိန်တွင် လူနှစ်ယောက်သည် ဘေးမှလျှောက်လာကြသည်။ သူတို့ သည် လက်ဆောင်တချို့ထုတ်ကာ အနီးတွင်ရပ်နေသော ရှီမာမျိုးနွယ်ဝင်များ ကို လက်ဆင့်ကမ်းပေးလိုက်သည် “ခေါင်းဆောင်ရှီမာ ဂုဏ်ပြုပါတယ်”
ရှီမာကျိယွင်သည် မှင်တက်နေသည်။ ဒီလူတွေက ဟော်မျိုးနွယ်နဲ့အတူ လာတာမဟုတ်ဘူးလား။
“ဘိုးဘိုးကြီး သူတို့က စူးမျိုးနွယ်ကပါ ဦးလေးစူးယန်နဲ့ မျိုးနွယ် သခင်လေးပါ ဦးလေးစူးယန်နဲ့ အဒေါ်ဟော်တို့က အမွှာတွေပါ” ရှီမာယူယူသည် သူတို့ကို သိသည်။ သူတို့နှစ်ယောက်ကို သူမပဲ ကယ်ခဲ့တာမလား
“အဲတော့ သူတို့ကလည်း ငါတို့ရဲ့ဧည့်သည်ပဲပေါ့ ဟားဟား ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ အကြီးအကဲ ၃ သူတို့ကိုခေါ်သွားပေးပါဦး” ရှီမာကျိယွင် ပြော လိုက်သည်။
“အစ်ကိုကြီးကျိယွင်လည်း အလုပ်များနေလောက်တယ် အကြီးအကဲ ၃ ကိုပဲအပ်ထားပြီး တခြားဧည့်သည်တွေကို သွားဧည့်ခံလိုက်ပါဦး ကျုပ်တို့ကို ဂရုစိုက်ဖို့မလိုပါဘူး ယူယူနဲ့တင်ကိုဖြစ်ပါပြီ”
“ဒါက…” ရှီမာကျိယွင်သည် တုံ့ဆိုင်းသွားသည်။ တစ်ယောက်မှာ ခေါင်းဆောင်ဟော်ဖြစ်နေပြီး တစ်ယောက်မှာ ဧည့်သည်စူးမျိုးနွယ်ဖြစ်သည်။ ရှီမာယူယူကဲ့သို့ လူငယ်မျိုးဆက်သည် သူတို့ကိုဧည့်ခံရန်အတွက် မသင့်တော် ပေ။
“အဆင်ပြေပါတယ် ကျွန်မတို့လည်း ယူယူနဲ့ ရင်းနှီးနေပါပြီ အဲဒါကြောင့် တခြားသူတွေ ဧည့်ခံတာလည်း စိမ်းနေမှာမို့လို့ပါ” စူးလျိုနျန် ပြောလေသည်။
ရှီမာကျိယွင်သည် စူးယန်နှင့် တခြားသူများ သဘောတူကြသည်ကို မြင် သောအခါ ရှီမာယူယူကို ပြောလိုက်သည် “ယူယူ ဒီလိုဆိုမှတော့ သူတို့ကို ဂရုစိုက်ပေးလိုက်ပါဦး”
“ဟုတ်ကဲ့ပါ ဘိုးဘိုးကြီး သမီးသေချာလေး ဂရုစိုက်ပေးလိုက်ပါမယ်” ရှီမာယူယူသည် ရှီမာကျိယွင်ကို ပျော်ရွှင်စွာ အရိုအသေပြုပြီးနောက် စူးလျိုနျန် အား ကျေးဇူးတင်စွာဖြင့် မျက်စိမှိတ်ပြလိုက်လေသည်။ သူမသည် ပြုံးလိုက် သည် “ဦးလေးဟော် အဒေါ်ဟော် ဦးလေယန် ဒီဘက်ကိုကြွပါ”
သူမသည် သူတို့ကို ရှီမာမျိုးနွယ်အတွင်းသို့ ဦးဆောင်သွားလိုက်သည်။ အစပိုင်းတွင် သူမသည် သူတို့ကို တခြားဧည့်သည်များရှိရာသို့ ခေါ်သွားမလို့ ပင်။ သို့သော် စူးလျိုနျန်သည် တိတ်ဆိတ်သော နေရာကိုခေါ်သွားရန် ပြော သဖြင့် သူမ၏ ခြံဝန်းဆီသို့ခေါ်သွားပြီး ပွဲစမှပင် ပွဲခန်းမသို့ခေါ်သွားရန် စီစဉ် ထားလိုက်တော့သည်။
လမ်းတွင် စူးလျိုနျန်သာ စကားပြောလာပြီး ကျန်သုံးယောက်မှာ နှုတ်ဆိတ်လာသည်။ သူတို့သည် ရှီမာယူယူ၏ ခြံဝန်းသို့ရောက်သည်နှင့် စူးလျိုနျန်သည် ရှီမာယူယူ၏ လက်ကိုဆုပ်ကိုင်ပြီး ပြောလေသည် “ကလေး ဦးလေးယန်ကို ဂရုစိုက်ပေးလို့ ဘယ်လိုတောင် ကျေးဇူးတင်ရမလဲမသိတော့ဘူး သမီးကြောင့်သာမဟုတ်ရင် သူအဲဒီမှာပိတ်မိနေတာကို သိမှာတောင်မဟုတ်ဘူး အရင်ဆုံး သမီးက အဒေါ့်ကိုကယ်ခဲ့တယ် ပြီးတော့ ယူအာနဲ့ အဒေါ့်မောင်လေး ကိုပါ ကယ်ခဲ့တယ် ဘယ်လိုကျေးဇူးတင်ရမလဲတောင်မသိတော့ဘူး”
“အဒေါ်ဟော် ယဉ်ကျေးလွန်းနေပါပြီ အကြိမ်တိုင်းက တိုက်ဆိုင်သွားလို့ ပဲမဟုတ်ဘူးလား ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မလည်း အားအရမ်းစိုက်ထုတ်ရတာ လည်းမဟုတ်ဘူး ဒီအတိုင်းပဲဖြစ်သွားတာပဲ အဒေါ်ဟော် ဒီလိုပြောနေရင် ကျွန်မကို အပြင်လူလိုဆက်ဆံနေတာပဲ” ရှီမာယူယူသည် ပြုံးပြီးပြောလိုက် သည်။
“သမီးအတွက်ကတော့ ဖြတ်သွားဖြတ်လာဆိုပေမဲ့ အဒေါ်တို့အတွက်က ထူးခြားတယ်လေ သမီးက ဒီလိုမျိုးတွေကြားရတာကို မကြိုက်ဘူးဆိုတာ သိပါ တယ် အဲဒါကြောင့် တစ်ခါပဲပြောမယ် သမီးအဒေါ်တို့ကို လုပ်ပေးခဲ့တာကို အမြဲ တမ်းအမှတ်ရနေပါမယ်” စူးလျိုနျန်သည် ပြောရင်းနှင့် သူမ၏ လက်ကိုပုတ် လေသည်။
ထို့နောက်တွင် သူမသည် ကယ်တင်သည့် အကြောင်းကို ထည့်မပြော တော့ပေ။
“ယူယူ ယန်းမျိုးနွယ်အကြောင်း ကြားသေးလား” ဟော်ကျန့်ကျန်း မေး လိုက်သည်။
ရှီမာယူယူသည် မျက်တောင်ခတ်နေကာ ဟော်မျိုးနွယ်နှင့် ယန်းမျိုးနွယ် အကြားမှ ရန်ငြိုးရန်စကို တွေးနေမိသည်။ သူတို့သည် ယန်းမျိုးနွယ်ကို စောင့် ကြည့်နေသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သည်။ စူးလျိုနျန်တွင် ဖြစ်ခဲ့သော ကိစ္စကြောင့် ယန်းမျိုးနွယ်နှင့် ဟော်မျိုးနွယ်တို့မှာ တစ်သက်လုံး အဖုအထစ်ဖြစ် သွားမည်ဖြစ်သည်။ အစပိုင်းတွင် ယန်းမျိုးနွယ်သည် တိုက်ခိုက်ခဲ့ကာ ဟော် မျိုးနွယ်သည်လည်း အနည်းငယ် အားစိုက်ထုတ်ခဲ့ရသည်။ အခုယန်းမျိုးနွယ် ပုန်းနေသဖြင့် သူတို့သည် သေချာပေါက် အမြစ်နှုတ်ပစ်ရမည်ဖြစ်သည်။
သို့သော် သူမသည် မသေလူများနှင့် တုနန်မျိုးနွယ်တို့ ပတ်သက်ကြောင်း ကို မပြောခဲ့ပေ။ ထို့ကြောင့်ပင် သူတို့သည် ယန်းမျိုးနွယ် ပုန်းကွယ်နေသည့် နေရာကို မှန်းမရဖြစ်နေသည်။
“ကျွန်မမှန်းတာမမှားရင် အခု ယန်းမျိုးနွယ်ဝင်တွေက တုနန်မျိုးနွယ်မှာ ပုန်းနေတာဖြစ်လောက်တယ်”
“တုနန်မျိုးနွယ်ဟုတ်လား လျှို့ဝှက်မိသားစုလား” စူးယန် မျက်မှောင် ကြုတ်လိုက်သည်။ အကယ်၍ သူတို့သာ တကယ်ပဲ လျှို့ဝှက်မိသားစုနှင့် ပတ်သက်နေပါက ပြဿနာကြီးသည်။
“ယန်းမျိုးနွယ်မှာ နောက်ခံရှိလိမ့်မယ်လို့ အရင်ကသံသယဝင်ခဲ့တာ မဟုတ်ဘူးလား” ရှီမာယူယူသည် အသာအယာခေါင်းညိတ်ကာ ဟော်ကျန့်ကျန်းအားကြည့်လိုက်သည်။
“မင်းက စုံစမ်းပြီးသွားပြီလား” ဟော်ကျန့်ကျန်းသည် သူမအား တအံ့တဩ ကြည့်လေသည်။
ထိုနှစ်များတွင် သူတို့သည် အားစိုက်ထုတ်ပြီး ယန်းမျိုးနွယ်၏ နောက်ခံ ကိုစုံစမ်းခဲ့သည်မဟုတ်ပါလား။ သို့သော် သူတို့သည် အကြိမ်တိုင်းတွင် အရာ မထင်ခဲ့ပေ
“စုံစမ်းရင်းနဲ့ သိတာတော့မဟုတ်ဘူး မတော်တဆသိသွားခဲ့တာ” ရှီမာယူယူသည် တုနန်ဟော်အကြောင်းကို မပြောပြပေ။ သူမသည် သူတို့ကို မယုံသောကြောင့်မဟုတ်ဘဲ ဤအခြေအနေသည် လူသိနည်းလေ ကောင်းလေ ဖြစ်သောကြောင့်ပင်။
ထို့အပြင် သူတို့သည် နောက်ဆုံးရလဒ်ကိုသိရန်သာလိုသည်။ လုပ်ငန်းစဉ် သည်သူတို့အတွက် အရေးမကြီးပေ။
“သူတို့နောက်ကွယ်ကလူက တကယ်ပဲ တုနန်မျိုးနွယ်ပဲ ဒါဆိုရင် အခြေအနေကတော့ တကယ်ပဲ ပြဿနာကြီးပြီ” စူးလျိုနျန်သည် စိုးရိမ်တကြီး ပြောလေသည်။
“ဟုတ်တယ် တကယ်ပဲ လက်ပေါက်ကပ်သွားပြီ” ရှီမာယူယူ သက်ပြင်းချ လိုက်သည်။ သူမတွင် ခိုင်မာသော အားမရှိသောကြောင့် သူတို့ကို တစ်ခါတည်း သွားမချေမှုန်းနိုင်သည်မှာတော့ နှမြောဖွယ်ကောင်းလှသည်။
“ဧည့်သည်တွေလာတဲ့လမ်းမှာ တွေ့ရတဲ့ပြဿနာတွေက သူတို့နဲ့ ဘာမှ မဆိုင်ဘူးလား” စူးယူ မေးလိုက်သည်။
သူတို့သည် လာရာလမ်းတွင် ဧည့်သည်များ လုပ်ကြံသူများနှင့်တွေ့ခဲ့ကြ သည့် အကြောင်းကို ကြားခဲ့သည်။ အစပိုင်းတွင် ရှီမာမျိုးနွယ်နှင့် ရန်ငြိုးရန်စရှိ သည့် လူတစ်ယောက်ယောက်လုပ်ခြင်းဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် အခုကိစ္စများကို ကြည့်ရလျှင် သူတို့ထင်ထားသလို မရိုးရှင်းပေ။
“ကျွန်မတို့ကို တိုက်ခိုက်တဲ့သူက တစ်ခါမှ မကြားဖူးတဲ့ ဝိညာဉ်စိမ်းဂိုဏ်း ဖြစ်နေတယ် သူတို့က သူတို့သခင်မရဲ့ ကြင်ယာတော်ကိုယ်စား လက်စားချေ ပေးတယ်လို့ပြောကြတာပဲ အဲလူက လွတ်သွားတဲ့ ကျန်းမျိုးနွယ်က ကျန်းခွန်တဲ့ ဒါပေမဲ့ ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်တဲ့သူရှိဦးမလားဆိုတာ မသိသေး ဘူး” ရှီမာယူယူသည် သဲ့သဲ့ရယ်ကာ ပြောလိုက်သည်။
“သူတို့က မအောင်မြင်ဘူးဆိုတော့ ထပ်ကြိုးစားမှာစိုးရတယ်” စူးယန်၏ စိတ်သည် အမြန်ပင် တွက်ချက်ကာ အခြေအနေတစ်ခုလုံး၏ လှည့်ကွက်များ ကိုမြင်နေရသည်။
“အင်း ကျွန်မလည်း အဲလိုပဲထင်တယ် ဘိုးဘိုးကြီးကတော့ ဒီနေ့ကို မချော မွေ့မှာစိုးတယ်လို့ပြောတာပဲ ဒါပေမဲ့ ကျွန်မတို့လည်း ပြင်ဆင်ပြီးသားပါ သူတို့ အသက်ရှင်လျက် မပြန်နိုင်အောင် လုပ်ရမှာပေါ့”
“ဒါကိုကြိုးကိုင်နေတာ လျှို့ဝှက်မိသားစုဆိုရင် မလွယ်မှာပဲ စိုးရတယ်၊ တစ်ခုခုဆိုရင် အဒေါ်တို့လည်း ရပ်မနေပါဘူး အတူတူလုပ်ကြတာပေါ့” စူးလျိုနျန် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် သူတို့၏ စိတ်ထားကောင်းမှု အတွက် စူးလျိုနျန်ကို ဂါရဝပြုလိုက်သည်။ သူမ ကျေးဇူးတရားကို သိသည် မသိသည်က ကိစ္စတစ်ခုဖြစ်သည်။ ယခုကိစ္စမှာ ရည်ရွယ်ချက်တူနေသည်။
***