မွေးနေ့ပွဲကြီး ၂
Vol. 120 Ch. 1672
စူးလျိုနျန်သည် ပွဲအခမ်းအနား မစခင်အထိ ရှီမာယူယူ၏ ခြံဝန်းထဲတွင် နေလေသည်။ အန်းလေသည် အပြင်မှဝင်လာပြီး ဧည့်သည်များစုံလုနီးပါးဖြစ် ကြောင်းကို သတင်းပို့လေသည်။ ရှီမာကျိယွင်သည် ပွဲအခမ်းအနားစတင်ရန် အမိန့်ပေးလိုက်ပြီဖြစ်သည်။
ရှီမာယူယူသည် သူမကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမသည် စူးလျိုနျန်ကို ပြောလိုက်သည် “အဒေါ်ဟော ကျွန်မတို့ ပြင်ဆင်ပြီးပါပြီ အဲဒီကို သွားကြတာပေါ့”
“ဟုတ်ပြီ”
ရှီမာယူယူသည် သူတို့ကို ပွဲအခမ်းအနားဆီသို့ ခေါ်သွားလိုက်သည်။ ဧည့်သည်များသည် နေရာယူပြီးကြသည်ကို သူမ မြင်လိုက်ရသည်။
“သခင်မလေး သခင်မလေးနေရာက အရှေ့မှာပါ ကျွန်မနဲ့လိုက်ခဲ့ပါ” အစေခံမိန်းကလေးသည် ရှီမာယူယူကို မြင်သည်နှင့် အမြန်ပင် ရှေ့သို့ခေါ်သွား လေသည်။
သူတို့သည် သူမကို စောင့်နေကြမှန်း ရှီမာယူယူသိသဖြင့် ခေါင်းညိတ်ပြ လိုက်သည် “သွားကြတာပေါ့”
သူတို့သည် အစွန်နားထိ လျှောက်သွားလိုက်သည်။ သူတို့အတွက် စီစဉ် ပေးထားသော နေရာမှာ ရှီမာကျိယွင်၏ ပင်မနေရာနှင့် နီးကပ်သည်။
“ဦးလေးဟော် အဒေါ်ဟော် ဦးလေးယန် စူးယူ ဒီမှာပြထိုင်ပါ” ရှီမာယူယူ သည် သူတို့ကို နေရာချပေးလိုက်သည်။
“ဟုတ်ပြီ သမီးလည်း ကိုယ့်နေရာကိုယ်သွားထိုင်ပါ”
“ဘုန်း”
စူးလျိုနျန် စကားဆုံးသည်နှင့် အပြင်မှ တိုက်ခိုက်သံထွက်လာသည်။
“ဘာဖြစ်တာလဲ”
“အဲလူတွေ ဒီကိုရောက်လာကြတာလား”
ဧည့်သည်များသည် ဆူဆူညံညံဖြစ်သွားကြသည်။ သူတို့သည် တားဆီးခံ ရသည့် အဖြစ်ကို မှတ်မိသွားကြသည်။
“ခေါင်းဆောင် သွားကြည့်ရအောင်” ရှီမာလျူဖန်နှင့် တခြားသူများသည် မတ်တတ်ရပ်ကာ ရှီမာကျိယွင်ကို ပြောလိုက်သည်။
“သွား ဘယ်သူပဲဖြစ်ဖြစ် မညှာနဲ့” ရှီမာကျိယွင် သတိပေးလိုက်သည်။
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
ရှီမာလျူဖန်၊ ရှီမာလျူယွမ်နှင့် ရှီမာလျူယွင်တို့သည် နေရာမှထကာ လေထဲသို့ပျံသွားလိုက်သည်။ သူတို့ စောင့်ကြပ်နေရာ လူတစ်စုသည် ရှီမာ အိမ်တော်အထက်တွင် မတိုးသာမဆုတ်သာ အခြေအနေကြားရောက်နေသည် ကို တွေ့လိုက်ရသည်။
“မင်းက ဘယ်သူလဲ” ရှီမာလျူဖန် အော်လိုက်သည်။
“ရှီမာလျူဖန် ငါ့ကိုတောင် မေ့သွားပြီလား” လူတစ်ယောက်သည် ရှီမာလျူဖန်အား မှုန်ကုပ်စွာ ကြည့်လေသည်။
ရှီမာလျူဖန်သည် ထိုလူအားကြည့်လိုက်သည်။ “ကျွတ် ဘယ်သူပါလိမ့်လို့ ကြွက်ဖြစ်နေတာကိုး ကျန်းခွန် မင်းကယာကျီးရဲ့ လူဖြစ်နေပြီဆို ကိုယ့်ဘာသာ သိုသိုသိပ်သိပ်မနေဘဲ ဘာလို့ထွက်လာပြီး ကိုယ့်အရှက်ကိုယ်လာခွဲနေတာလဲ”
“ရှီမာလျူဖန် မင်းတို့ရှီမာမျိုးနွယ်က ငါတို့ကျန်းမိသားစုရဲ့ စီးပွားရေးကို လိုချင်ပြီး ကျန်းမိသားစုကို ဖျက်ဆီးမှတော့ ငါဒီနေ့လက်စားလာချေတာပဲ” ကျန်းခွန် အော်လိုက်သည်။ “ဒီနေ့က ရှီမာမိသားစုအဆုံးသတ်ဖြစ်ရမယ်”
“မင်းတစ်ယောက်တည်းနဲ့လား အဲလိုထင်လား” ရှီမာလျူယွမ်သည် ဒေါသမထွက်ဘဲ တည်ငြိမ်စွာ ပြောလေသည်။
“ဟားဟား ရှီမာလျူယွမ် အကုန်လုံးက ရှီမာမိသားစုကို ကြောက်နေ တယ်ထင်လား ဒီနေ့ ငါ စဉ်းစားရဲရုံတင်မဟုတ်ဘူး လုပ်တောင်လုပ်ရဲတယ်” ကျန်းခွန် အော်လိုက်သည်။
“ကျွတ် မင်းတို့လောက်နဲ့လား” ရှီမာလျူဖန်သည် အခမ်းအနားမှ လူတချို့ကို ညွှန်ပြလိုက်သည်။ “ဒီနေ့က ငါတို့မိသားစုခေါင်းဆောင်ရဲ့ မွေးနေ့ အခမ်းအနားပဲ မင်းအခု နောက်ဆုတ်ရင် နောက်ထပ်နှစ်ရက်လောက် အသက် ရှင်ခွင့်ပေးမယ် မဟုတ်ရင် ငါတို့ခေါင်းဆောင်မွေးနေ့မှာ မင်းရဲ့သွေးသုံးဖို့လည်း ဝန်မလေးဘူး”
“မောင်ကြီး” အမျိုးသမီးတစ်ယောက်သည် ကျန်းခွန်ဘေးသို့ ပျံလာ သည်။
“မင်းက ဝိညာဉ်စိမ်းဂိုဏ်းရဲ့ ဂိုဏ်းသခင်လား ကြားတောင်မကြားဖူးတဲ့ ဂိုဏ်းသေးသေးလေးတစ်ခုပဲ၊ အဲဒါကို ရှီမာမိသားစုကို လာတိုက်ခိုက်ရဲလောက် အောင် သတ္တိတွေရှိနေတယ်ပေါ့”
“ဟင်း ကျွန်မတို့က တိုင်းပြည်ကကိစ္စတွေကို ဝင်မပါရုံတင်၊ ကမ္ဘာပေါ်က လူတိုင်းကရော ရှီမာမျိုးနွယ်နာမည်ယူထားတာမို့လို့လား” ဝိညာဉ်စိမ်းဂိုဏ်း သခင်သည် အေးစက်စွာနှာမှုတ်လိုက်ပြီး ကျန်းခွန်အား ပြောလိုက်သည် “မောင်ကြီး သူတို့နဲ့ အပိုတွေပြောဖို့မလိုဘူး လုပ်သာလုပ်တော့”
ဝိညာဉ်စိမ်းသခင်သည် လက်ခုပ်တီးလိုက်ရာ အဝေးမှ လူများစွာ ပျံထွက် လာကြသည်။ သူတို့သည် ဝိညာဉ်စိမ်းဂိုဏ်း၏ တူညီဝတ်စုံကို ဝတ်ဆင်ထားကြ ကာ သန်မာသူများဖြစ်ကြသည်။
ရှီမာယူယူသည် အပေါ်မှနေ၍ အခြေအနေကို သုံးသပ်ကြည့်နေသည် သူမသည် ဘေးမှ ဟွမ်ရင်ရင်ကို ကြည့်လိုက်သည် “အဲလူတွေက ဝိညာဉ်စိမ်း ဂိုဏ်းက ဟုတ်ပုံမရဘူး”
“ဘယ်လိုသိတာလဲ”
“သူတို့က အင်္ကျီဆင်တူဝတ်ပြီး အတူလှုပ်ရှားပေမဲ့ ရောင်ဝါကနည်းနည်း ကွာတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။
“အဲလူတွေက တုနန်မျိုးနွယ်ကလား” ဟွမ်ရင်ရင် မေးလိုက်သည်။
“မဟုတ်ဘူး သူတို့က တခြားနေရာကလာတာဖြစ်မယ်ထင်တယ် ဘွားဘွား သမီးလည်းသွားလိုက်ဦးမယ်”
“သတိထား”
“အင်း”
သူမ၏ အစွမ်းအစကိုသိသဖြင့် ဟွမ်ရင်ရင်သည် မငြင်းဆန်ပေ။ သူမကို သွားခွင့်ပြုလိုက်သည်။
ရှီမာယူယူလာနေသည်ကို မြင်သောအခါ ကျန်းခွန်နှင့် ဝိညာဉ်စိမ်းသခင် တို့ တစ်ယောက်နှင့်တစ်ယောက် တိတ်ဆိတ်စွာ ကြည့်မိလိုက်ကြသည်။
ရှီမာယူယူသည် ဖခင်ဖြစ်သူ၏ ဘေးသို့သွားလိုက်သည်။ ရှီမာလျူရွှမ် သည် သူမကို ကြည့်လေသည် “ဘာလို့လာတာလဲ”
“ဘယ်အင်အားစုကများ ရည်မှန်းချက်တွေကြီးပြီး ရှီမာမိသားစုကို တိုက်ခိုက်ဖို့ ဝိညာဉ်စိမ်းဂိုဏ်းကို ကူညီသလဲလို့ လာကြည့်တာ” ရှီမာယူယူ သည် တည့်တိုးပင် ပြောလိုက်သည်။
“သူတို့က အတူတူပဲမဟုတ်ဘူးလား” ရှီမာလျူဖန် မေးလိုက်သည်။
“သူတို့က တူသယောင်လုပ်နေပေမဲ့ အတုကအတုပဲ” ရှီမာယူယူသည် နေရာမှပျောက်သွားကာ ပြိုင်ဘက်၏ တပ်စွဲထားသည့်နောက်တွင် တိတ်တ ဆိတ်ပေါ်လာပြီး သတိလက်လွတ်ဖြစ်နေသော လူတစ်ယောက်ကို ဖမ်းလိုက် သည်။
သူသည် ရှီမာလျူရွှမ်၏ အနောက်တွင် ရပ်နေသည်။ သို့သော် သူမသည် တစ်ဖက်လူ တိုက်ခိုက်လာမည်ကို မကြောက်ပေ။ သူမသည် လင်းလုံထုတ်ကာ ဓားမြှောင်အသွင်ပြောင်းလိုက်သည်။ သူ၏ လည်ပင်းကို ရှင်းလင်းစွာပင် လှီးဖြတ်လိုက်ရာ သွေးများပန်းထွက်လာသည်။
သူမ ပျောက်သွားပြီး သူသေဆုံးသွားသည်မှာ အသက်တစ်ရှုရှိုက်စာပင် ကြာသည်။ ထိုအပြောင်းအလဲမှာ မြန်ဆန်လွန်းသဖြင့် ကျန်းခွန်၏ တစ်ဖွဲ့လုံး သည် ဖြူဖျော့သွားလေသည်။ သူတို့သည် လှုပ်ရှားမှုတစ်စုံတစ်ရာကို အာရုံမခံ လိုက်မိပေ။
ထိုလူသည်လည်း သေသွားသည်ကိုပင် သတိထားမိလိုက်မည်မဟုတ် ပေ။ သူ့မျက်လုံးများသည် ရောင်ပြန်ဟပ်နေတုန်းပင်။ ရှီမာယူယူသည် သူမ၏ အံ့ဖွယ်အာရုံကို သူ၏ အသိစိတ်ထဲသို့ ထည့်လိုက်သည်။ သူမ လိုချင်သည့် သတင်းစုံစမ်းပြီးနောက် ထိုလူကို ပစ်လိုက်သည်။
“ဒီလူက ပြည်နယ် ၁၆ ကယီမျိုးနွယ်ကပဲ” သူမသည် ရှီမာလျူရွှမ်အား ပြောလိုက်သည်။
“ယီမျိုးနွယ်ဟုတ်လား” ရှီမာလျူဖန် မျက်မှောင်ကြုတ်လိုက်သည်။ သူတို့ သည် ယီမျိုးနွယ်နှင့် အပတ်အသက်မရှိပေ။ သူတို့က ဘာလို့ထွက်လာကြတာ လဲ။
“ယီမျိုးနွယ်နဲ့ ယန်းမျိုးနွယ်တို့ ဆက်ဆံရေးက အရမ်းကောင်းကြတယ် သူတို့က ထောင်စုနှစ်ကျော်ကြာအောင် ရင်းနှီးခဲ့ကြတယ်” ရှီမာယူယူ ပြော လိုက်သည် “အဲလူတွေက ဝိညာဉ်စိမ်းဂိုဏ်းမှမဟုတ်ကြဘူး”
“ယီမျိုးနွယ်… သူတို့မျိုးနွယ်က ဘာပဲဖြစ်ဖြစ် ငါတို့ကိုသတ်ချင်တယ်ဆိုမှ တော့ ရလဒ်ကတော့ အတူတူပဲ” ရှီမာလျူဖန်သည် သူ၏ဝိညာဉ်လက်နက်ကို ထုတ်ပြီး တိုက်ခိုက်လေသည်။
ရှီမာယူယူမှ လှည့်ကွက်လုပ်ပြီး မှတ်ဉာဏ်အတွင်းဝင်ကာ သရုပ်မှန်ကို ဖော်ထုတ်လိမ့်မည်ဟု ယီမျိုးနွယ်ဝင်များ မထင်ထားကြပေ။
အခု သူတို့သည် ပေါ်သွားသဖြင့် ယီမျိုးနွယ်ဝင်များသည် သရုပ်မှန်ကို ဖုံးကွယ်ထားရန်မလိုတော့ပေ။ ကျန်းခွန်၏ မထင်ထားသော ရောင်ဝါမှာ ပြောင်းလဲသွားသည်။ သူသည် ရှီမာယူယူကို စိုက်ကြည့်လိုက်သည် “ရှီမာယူယူ မင်းက တော်လှချည်လား အဲဒါကြောင့် ယန်းမျိုးနွယ်က မင်းကိုရှုံးသွားတာ”
“ယီမျိုးနွယ်က ဝိညာဉ်စိမ်းဂိုဏ်းကို ဘာလို့ကူညီတာလဲ သူတို့က ယန်းမျိုးနွယ်ကို လက်စားချေချင်လို့လား” ရှီမာယူယူသည် သူတို့ကို ပြန်ကြည့် လိုက်သည် “မဟုတ်ရင် သူတို့က ယန်းမျိုးနွယ်လိုမျိုး မသေလူကိစ္စမှာ ပတ်သက်နေတာလား”
“ငါတို့ကို လာပြီးမစွပ်စွဲနဲ့ ယီမျိုးနွယ်က မသေလူကိစ္စမှာပတ်သက်နေရင် မင်းကို ဒီလိုမျိုးလာရှာရဲမှာလား” ထိုလူသည် အရူးအလုပ်မခံပေ “ငါတို့ယီ မျိုးနွယ်နဲ့ ယန်းမျိုးနွယ်က အရင်ကကတိရှိခဲ့တယ် မျိုးနွယ်တစ်ခုခုက ဒုက္ခ ရောက်ရင် နောက်မျိုးနွယ်တစ်ခုက လက်စားချေပေးရမယ် ငါတို့က သဘောတူ ချက်ကို ဖြည့်စည်းလိုက်ရုံပဲ”
“အဲတော့ ငါတို့ဧည့်သည်တွေကို နှောင့်ယှက်နေတာ မင်းတို့ပဲကိုး” ရှီမာလျူရွှမ်သည် ရှီမာယူယူ၏ ရှေ့တွင်ရပ်ကာ ထိုလူကို အေးစက်စွာကြည့် လိုက်သည်။
“ငါတို့က ဦးနှောက်မရှိတဲ့ကိစ္စတွေမလုပ်ဘူး” ထိုလူ ပြန်ချေပလေသည် “ငါတို့က ဒီလူတွေကိုပဲ လုပ်ကြံမှာ”
“ဘာအဓိပ္ပာယ်လဲ”
“ဟားဟားဟား အမှန်အတိုင်းပြောလိုက်မယ် မင်းတို့ဧည့်သည်တွေ အခု အဆိပ်မိနေပြီ သူတို့ကို ဒုက္ခမရောက်စေချင်ရင် အညံ့ခံလိုက်ပါ နောက်မှ ငါတို့ အဆိပ်ဖြေဆေးပေးမယ်” ကျန်းခွန်သည် ဘေးမှရယ်မောလေသည်။
**